![ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “ UN Prove Your Existence for Justice” စာသား ချိတ်ဆွဲ၄ရက်၊စက်တင်ဘာလ၊ရန်ကုန်မြို့။ကမ္...](https://img5.medioq.com/407/531/382257384075310.jpg)
04/09/2022
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “ UN Prove Your Existence for Justice” စာသား ချိတ်ဆွဲ
၄ရက်၊စက်တင်ဘာလ၊ရန်ကုန်မြို့။
ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့တွင် “ UN Prove Your Exsitence for Justice “ စာသားကို ယနေ့မနက်တွင် ချိတ်ဆွဲ ခဲ့ပါသည်။
"ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် အလေးနက်ထား တိုက်တွန်းခြင်းဖြစ်သည်ဟု“စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု မှ ပြောကြားသည်။
ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု