HOBBY Channel Myanmar

  • Home
  • HOBBY Channel Myanmar

HOBBY Channel Myanmar မြန်မာနိုင်ငံက စိတ်ဝင်စားဖွယ် ဝါသနာများကို ကြည့်ရူနိုင်မဲ့ချန်နယ်ဖြစ်ပါတယ်

03/02/2024
ဒါပုရွတ်ဆိတ်ရဲ့ မျက်နှာပါတဲ့ အဲ့ပုံမြင်တော့ ဘာတွေးမိလဲသိလား ဘယ်လောက်ပဲ ကြောက်စရာကောင်းနေကောင်းနေ အစွယ်ကြီးပဲပါပါမမြင်နို...
03/02/2024

ဒါပုရွတ်ဆိတ်ရဲ့ မျက်နှာပါတဲ့
အဲ့ပုံမြင်တော့ ဘာတွေးမိလဲသိလား
ဘယ်လောက်ပဲ ကြောက်စရာကောင်းနေကောင်းနေ အစွယ်ကြီးပဲပါပါ
မမြင်နိုင်လောက်အောင် သေးနေရင် ဘယ်သူ့မှ မကြောက်ဘူး

တချို့သောအရာတွေက မြင်အောင်ချပြမှရတယ် 👍

ဆိုလိုရင်းကို Hobby ချစ်သူတို့ သဘောပေါက်ကြလား

New York မှာရှိတဲ့ ကုန်တိုက်တစ်ခုမှာ တွေ့လာတာ ❤️ မြန်မာက ထပ်တစ်ရာ ပလာတာပါ 👍 ဂျုံနဲ့လုပ်ထားတဲ့ မုန့်တွေဖော်ပြတာပါမြေပုံမှ...
02/02/2024

New York မှာရှိတဲ့ ကုန်တိုက်တစ်ခုမှာ တွေ့လာတာ ❤️ မြန်မာက ထပ်တစ်ရာ ပလာတာပါ 👍 ဂျုံနဲ့လုပ်ထားတဲ့ မုန့်တွေဖော်ပြတာပါ

မြေပုံမှာကြည့်ကြည့်ဗျာ ကျနော်တို့က အကြီးကြီး ယူထားတာလဲ တကယ့်နေရာကောင်းကြီး
ခုတော့ 😔 တိုးတက်မူအောက်ဆုံးပဲ အိမ်နီးချင်းတွေနဲ့ယှဥ်ရင်တောင်

01/02/2024

ဒီနေ့ကြောင့်
Hobby
အိမ်မက်တွေ ပျက်ဆီးခဲ့ရတယ်

25/01/2024

တကယ်ကောင်းတဲ့ Hobby အနုပညာလက်ရာဆိုတာ နံမည်မထိုးထားပဲနဲ့ကို ဘယ်သူ့လက်ရာပါလို့ တန်းသိနိုင်တာမျိုး 👍

ကိုဇေယာရဲ့ အနုစိတ် လက်ရာအသစ်လေး ❤️ Landrover old model လေးပါ အတွင်းခန်းတွေ ကားအောက်ပိုင်းတွေ အင်ဂျင်တွေ အထိပါ အသေးစိတ်ကိ...
25/01/2024

ကိုဇေယာရဲ့ အနုစိတ် လက်ရာအသစ်လေး ❤️ Landrover old model လေးပါ
အတွင်းခန်းတွေ ကားအောက်ပိုင်းတွေ အင်ဂျင်တွေ အထိပါ အသေးစိတ်ကို ဖန်တီးထားတာပါ
ကိုဇေယျာရဲ့ ထူးခြားချက်က ကားတစ်စီးဖန်တီးရင် ကားရဲ့ဘယ်အစိတ်အပိုင်းကိုမှ ပြီးစလွယ်မလုပ်ဘူး တကယ့်ကားရဲ့ အင်္ဂါရပ်အတိုင်း တူအောင် ကြိုးစားဖန်တီးတယ်
နောက်ကြည့်မှန်လေးကို လုပ်ထားတာ သေချာကြည့်ကြည့်ပါ အရမ်းကို အနုစိတ်လွန်းတယ်

အရုပ်ကားနဲ့ အနုပညာလက်ရာရဲ့ ကွာဟမူတွေကို ကိုဇေယျာရဲ့ ကားပုံစံငယ်တွေမှာ တွေ့မြင်နိုင်ပါတယ်

ပညာရှင်ရဲ့ မြန်မာ့လက်ရာကို ဂုဏ်ပြုပေးကြစေချင်ပါတယ် Like & Share လေး များများလုပ်ပေးနော် 👍

Hobby Channel Myanmar Page တွင် မြန်မာ့ Hobby လက်ရာကောင်းများကို ကြည့်ရူခံစားနိုင်ပါတယ်

New York ရဲ့ မြို့လည်ခေါင်မှာရှိတဲ့ Central park ပန်းခြံကြီးကို ရာသီ ၃ မျိုးမှာ ရိုက်ထားတဲ့ပုံလေးပါ Hobby ပရိတ်သတ်ကြီးရေ...
24/01/2024

New York ရဲ့ မြို့လည်ခေါင်မှာရှိတဲ့ Central park ပန်းခြံကြီးကို ရာသီ ၃ မျိုးမှာ ရိုက်ထားတဲ့ပုံလေးပါ
Hobby ပရိတ်သတ်ကြီးရော New York ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေအကြောင်း စိတ်ဝင်စားလားဗျ ကြည့်ချင်ကြလား
ခရီးသွား hobby အစီအစဥ်လေးတစ်ခုအနေနဲ့ တင်ဆက်ပေးရမလား

မနက်ဖြန် ကျင်းပမဲ့ Diotama show ကို မပျက်မကွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်တကယ့်ကို ရှားရှားပါးပါးပွဲလေးပါ Dior...
18/01/2024

မနက်ဖြန် ကျင်းပမဲ့ Diotama show ကို မပျက်မကွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်

တကယ့်ကို ရှားရှားပါးပါးပွဲလေးပါ
Diorama artist - Ko soe san , Ko aung myo oo , Ko zin lin

Location- The moment art gallery

18/01/2024

မြန်မာပြည်ရဲ့ အကေင်းဆုံး diorama လက်ရာတွေကို ကြည့်ရူခံစားနိုင်မဲ့ diorama show

19.1.2024 to 21.1.2024
The Moment Art Gallery

ဒီပုံက ဟာသ လို့ထင်ရပေမဲ့ တကယ်တော့ ဟာသမဟုတ်ပါဘူးတိုက်တန်းနစ်သင်္ဘောကြီးသာ ခုခေတ်မှာ မြုပ်ခဲ့ရင် ခုပုံထဲကအတိုင်း တကယ်ဖြစ်မ...
10/01/2024

ဒီပုံက ဟာသ လို့ထင်ရပေမဲ့ တကယ်တော့ ဟာသမဟုတ်ပါဘူး

တိုက်တန်းနစ်သင်္ဘောကြီးသာ ခုခေတ်မှာ မြုပ်ခဲ့ရင် ခုပုံထဲကအတိုင်း တကယ်ဖြစ်မှာပါ ခုခေတ်ကာလက လူတစ်ယောက် ရထားသံလမ်းပေါ် ပြုတ်ကျသွားရင် ဆင်းကယ်မဲ့လူထက် အဲ့လူကို ရထားတိုက်သွားတာ Video ရိုက်ပြီး လိုင်းပေါ်တင်ချင်တဲ့ လူက ပိုများနေမှာပါ

ဒါတွေကလဲ တိုးတက်လာတဲ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ လူနေမူပုံစံအဖြစ် တည်ရှိလာတာပါ Social media တွေရဲ့ လွမ်းမိုးမူက လူသားတွေအပေါ် အရမ်းကိုကြီးစိုးနေပါပြီ

ဒါကြောင့် ဒါလေးကို မိမိကိုယ်ကို သတိထားမိစေဖို့လိုပါတယ်
အပြင်လောက တကယ့်လက်တွေ့ဘဝကို ပိုမိုချစ်ခင်ခုန်မင်ဖို့ အပြင်လက်တွေ့ဘဝမှာ လူတွေကို ကယ်တင်ဖို့ ဒါတွေကို သတိထားမိကြစေလိုပါတယ်

အွန်လိုင်းပေါ်က ပရဟိတ အယောင်အဆောင် လုပ်စား Cele တွေကိုလဲ အရမ်းကြီးမယုံလိုက်ကြပါနဲ့ ဘာလို့လဲဆိုတော့ တချို့သော သူတွေက မရှိဆင်းရဲသားတွေရဲ့ ဘဝတွေကို နောက်ကွယ်မှာအသုံးချနေလို့ပါ

အတတ်နိုင်ဆုံး အပြင်လောကနဲ့ ထိတွေ့ပါ အကောင်းဆုံး ဥပမာကတော့ ဖုန်းထဲမှာ တောအုပ်တစ်ခုကို ကြည့်ရူခံစားလို့ရပေမဲ့ လေကောင်းလေသန့်ကိုတော့ တကယ့်တောအုပ်ထဲကို အပြင်မှာ လူကိုယ်တိုင်သွားရောက်မှပဲ ရမှာပါ

အားလုံးပဲ အပြင်လောကရဲ့ လေကောင်းလေသန့်ကို ခံစားနိုင်ကြပါစေ

Hobby channel myanmar ချစ်သူအားလုံး ဝါသနာတွေကို ဒီထက်မက ဖန်တီးနိုင်ကြပါစေ 🙏



ကိုအောင်မျိုးဦးရဲ့ ဆောက်လက်စ တစ်ပိုင်းတစလေးတဲ့ ဒီပုံကို သေချာကြည့်ကြည့်ပါ ပုံစံငယ်လေး ဆောက်လုပ်တဲ့အခါ တကယ့်အိမ်ကြီးတွေလ...
08/01/2024

ကိုအောင်မျိုးဦးရဲ့ ဆောက်လက်စ တစ်ပိုင်းတစလေးတဲ့
ဒီပုံကို သေချာကြည့်ကြည့်ပါ ပုံစံငယ်လေး ဆောက်လုပ်တဲ့အခါ တကယ့်အိမ်ကြီးတွေလိုပဲ သေချာဖန်တီးရတယ် ဆိုတာ မြင်တွေ့ရမှာပါ

ဒါကြောင့်လဲ ကိုအောင်မျိုးဦးရဲ့ သစ်သားအိမ်ပုံစံငယ်တွေဟာ အရမ်းကိုလှပပြီး သဘာဝကျကျလေးတွေနဲ့ လုံးဝအစစ်အတိုင်းဖြစ်နေတာပါ

မကြာခင်မှာ Hobby channel myanmar မှာ အမြဲဖော်ပြပေးနေတဲ့ တကယ် Diorama pro ကြီး ၃ ယောက်ရဲ့ Diorama ပြပွဲ တစ်ပွဲ ပြသဖို့ရှိပါတယ်နော်

အချက်အလက်အပြည့်အစုံကို မကြာမှီ ကြေငြာသွားပေးပါ့မယ်

Hobby channel myanmar ချစ်သူတို့ အားပေးဖို့အသင့်ပဲလား

Japanese beech bonsai  ❤️
08/01/2024

Japanese beech bonsai ❤️

Thai က ဘွန်ဇိုင်းခြံလေး  ❤️
05/01/2024

Thai က ဘွန်ဇိုင်းခြံလေး ❤️

ပျောက်နေတာကြာပြီဖြစ်တဲ့ ကိုဇေယျာကတော့ 2024 နှစ်သစ်မှာ လက်ရာအသစ် ပုံစံအသစ်နဲ့ ပြန်ပေါ်လာပါပြီအရင်လုပ်နေကျပုံစံမျိုးမဟုတ်ပ...
03/01/2024

ပျောက်နေတာကြာပြီဖြစ်တဲ့ ကိုဇေယျာကတော့ 2024 နှစ်သစ်မှာ လက်ရာအသစ် ပုံစံအသစ်နဲ့ ပြန်ပေါ်လာပါပြီ

အရင်လုပ်နေကျပုံစံမျိုးမဟုတ်ပဲ အဆန်းလေးပါ
သစ်သားကား ပုံစံငယ်တွေလုပ်တဲ့ ကိုဇေယျာကိုတော့ အားလုံးက သိပြီးသားပါ

ဒီကားမှာ သတိထားမိတာက သစ်သားအကွေးတွေပါတယ် အကွေးတွေကို တော်တော်ပုံစံလှအောင် ဖန်တီးထားတယ်

မြန်မာမှာ သစ်သားနဲ့ကားပုံစံငယ်ဖန်တီးပြုလုပ်သူတွေထဲမှာတော့ ကိုဇေယျာကို လုံးဝ No.1 🏆 အဖြစ် အသိအမှတ်ပြုထားပါတယ် 👍

မမြင်ရတဲ့ ကားအောက်ပိုင်းတွေကိုပါ အသေးစိတ်ဖန်တီးတတ်သူပါ
စိတ်မပါရင်လဲ လုံးဝမလုပ်သူကြီးပါ

ကဲ ကိုဇေယျာလက်ရာလေးကို Like and share လေးနဲ့ ဂုဏ်ပြုသွားပေးပါအုံး Hobby channel myanmar ချစ်သူတို့ရေ

02/01/2024
2024 နှစ်သစ်မှာ တောင်ကြီးသား သူရိန်ကတော့ လက်ရာအသစ် အလန်းစားကြီးကို ချပြလိုက်ပါပြီ Hobby Channel Myanmar ရဲ့ နှစ်သစ်အဖွင်...
02/01/2024

2024 နှစ်သစ်မှာ တောင်ကြီးသား သူရိန်ကတော့ လက်ရာအသစ် အလန်းစားကြီးကို ချပြလိုက်ပါပြီ
Hobby Channel Myanmar ရဲ့ နှစ်သစ်အဖွင့်ကတော့ လုံးဝလှသွားပြီ 👍

တောင်ကြီးသားလေး သူရိန်ရဲ့ လက်ရာအရည်အသွေးက တဟုန်ထိုးကို တိုးတက်လာတာ လူငယ်ဆိုတော့ အရမ်းမြန်တယ် တက်အားက ဒါကြောင့်လဲ လူငယ်တွေကို တက်လူ လို့ခေါ်ကြတာကိုး

ခုလက်ရာမှာဆို အရမ်းသေသပ်တယ် အသေးစိတ်တွေကအစ သေချာဖန်တီးထားတယ် ဆေးပိုင်းလဲ မိုက်တယ် အိနေတာပဲ

မြန်မာတွေ ဒီလိုလုပ်နိုင်တာဟာ အရမ်းကိုချီးကျူးစရာပါ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက အစစအရာရာ မပြည့်စုံပါဘူး ကုန်ကြမ်းတွေ Tools တွေကအစ အရမ်းရှားတဲ့ နိုင်ငံပါ

အခုလိုဖော်ပြခွင့်ပေးတဲ့ ညီလေး သူရိန်လဲ ကျေးဇူးအထူးပါ

ကဲ Hobby Channel Myanmar ပရိတ်သတ်ကြီးရေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လက်ရာအသစ်တွေ ဖန်တီးနိုင်ပါစေဗျာ

ကျနော်တို့လဲ အစီအစဥ်အသစ်တွေ အရင်လို ပြန်တင်ဆက်နိုင်အောင် ကြိုးစားသွားပါ့မယ်

2024 💪

နိုင်ငံခြားမှာ နေတဲ့သားက ရွာက သူ့အမေ ဒူးမကောင်းတဲ့ အသက် ၇၀ ကျော်ကို အတက်အဆင်းပင်ပမ်းမှာဆိုးလို့ အခုလို စက်လှေကားနဲ့ အိမ်...
30/12/2023

နိုင်ငံခြားမှာ နေတဲ့သားက ရွာက သူ့အမေ ဒူးမကောင်းတဲ့ အသက် ၇၀ ကျော်ကို အတက်အဆင်းပင်ပမ်းမှာဆိုးလို့ အခုလို စက်လှေကားနဲ့ အိမ်လေးလုပ်ပေးလိုက်တာ ခုဆို အဖွားကြီးက အိမ်အောက်ဆင်းနေတုန်း မီးပျက်ပျက်သွားလို့ ခြံထဲမှာပဲ မီးပြန်လာတဲ့အထိ အိပ်အိပ်နေရလို့ ခုဆို အဖွားကြီး အိမ်အောက်တောင် မဆင်းရဲတော့ဘူး 😂

New York ကငါးကန်ထဲထည့်တဲ့ အရုပ်တွေရောင်းတဲ့ဆိုင်မှာ ရောင်းနေတာအနောက်နိုင်ငံတွေမပြောနဲ့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ ဂျပန်လို...
29/12/2023

New York ကငါးကန်ထဲထည့်တဲ့ အရုပ်တွေရောင်းတဲ့ဆိုင်မှာ ရောင်းနေတာ
အနောက်နိုင်ငံတွေမပြောနဲ့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ ဂျပန်လို နိုင်ငံတောင် ဘုရားပုံပါတဲ့ ခြေအိတ်တွေရောင်းတယ် ဘုရားပုံ ချော့ကလက်တွေရောင်းတယ် အစုံပဲ

ဂျပန်မှာ ဘုန်းကြီးတွေ စုဖွင့်ထားတဲ့ အရက်ဘားတောင် ရှိသေးတယ် အရက်လာသောက်တဲ့ လူငယ်တွေကို တရားဟောချင်လို့တဲ့ ရည်ရွယ်ချက်က 😝

နိုင်ငံတစ်ခုနဲ့တစ်ခု ယဥ်ကျေးမူတွေမတူကြဘူး လူနေမူပုံစံတွေမတူကြဘူး ဘာသာရေးကို ကိုးကွယ်ပုံတွေမတူကြပါဘူး

New York Subway Music Show 🎸 လမ်းဘေးမှာ ဆိုပေမဲ့ ဆိုသွားတာ လန်ပျံနေတာပဲတစ်ဖက်က ငါ့ရဲ့ဝါသနာ တစ်ဖက်က ငါ့ရဲ့ဝမ်းစာ ဆိုတာမျိ...
27/12/2023

New York Subway Music Show 🎸
လမ်းဘေးမှာ ဆိုပေမဲ့ ဆိုသွားတာ လန်ပျံနေတာပဲ
တစ်ဖက်က ငါ့ရဲ့ဝါသနာ တစ်ဖက်က ငါ့ရဲ့ဝမ်းစာ ဆိုတာမျိုးပေါ့

လူ့သက်တမ်းထဲကနေ အိပ်ချိန်တွေ အလုပ်လုပ်နေတဲ့အချိန်တွေ စာသင်နေတဲ့အချိန်တွေ ထမင်းစားတဲ့အချိန်တွေ  ကားစီးနေရတဲ့အချိနိတွေ စသဖ...
27/12/2023

လူ့သက်တမ်းထဲကနေ အိပ်ချိန်တွေ အလုပ်လုပ်နေတဲ့အချိန်တွေ စာသင်နေတဲ့အချိန်တွေ ထမင်းစားတဲ့အချိန်တွေ ကားစီးနေရတဲ့အချိနိတွေ စသဖြင့် ကိုယ်မပိုင်တဲ့အချိန်တွေ နုတ်လိုက်ရင်

" ကိုယ်ပိုင်အချိန် " ဆိုတာ နည်းနည်းလေးပဲကျန်တယ်
မယုံရင် ဂဏန်းပေါင်းစက်နဲ့ ချတွက်ကြည့်ပါ
မယုံနိုင်လောက်အောင်ကိုနဲတယ်

ကိုယ်ပိုင်အချိန်ဆိုတာ ကျနော်တို့ လုပ်ချင်တာကိုပဲ လုပ်နေပြီ အရမ်းပျော်နေတဲ့အချိန်လေးကို ခေါ်တာပါ
အဲ့လိုအချိန်က ဘဝအတွက် အရမ်းကိုနည်းတယ်

ဒါတောင် အသက် ၇၀ လောက်ထိနေရမှနော် အသက် ၅၀ သို့ ၆၀ လောက်နဲ့သာ သေသွားရင် ဒီထက်တောင် နဲသေးတယ်

နောက်တစ်ခုက လူဆိုတာ လမ်းလျှောက်ရင်းတောင် ချော်လဲပြီး ခေါင်းထိပြီး သေသွားနိုင်တယ်
မနက်ဖြန်တောင် ရောက်မယ်လို့ သေချာမပြောနိုင်ဘူး

ဒါကြောင့် လူ့ဘဝတိုတိုလေးမှာ 50/50 ရအောင် တည်ဆောက်ပါ
ရှင်သန်နေထိုင်ဖို့အတွက် 50 အချိန်ပေးပါ ကျန်တဲ့ 50 ကိုတော့ ကိုယ့်အတွက် လူဖြစ်တုန်း လူ့ဘဝအဓိပ္ပာယ်ရှိအောင် နေဖို့ အချိန်ပေးပါ

ဘဝမှာအေးချမ်းဖို့ဆိုတာ လိုချင်စိတ်တွေလျော့မှကိုရမယ် လိုချင်တာများလေ မအေးချမ်းလေပဲ
လိုချင်စိတ်နဲ့ အမြဲပြေးလိုက်နေရင် အမြဲမောနေပြီးတော့ ဘယ်တော့မှ မအေးချမ်းတော့ဘူး

သူဌေးကြီးတစ်ယောက်တော့ဖြစ်ပါရဲ့ မနက်မိုးလင်းတာနဲ့ အလုပ်တွေရူပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး တနေ့ကို ၃ နာရီလောက်တောင် မရှိရင် ချမ်းသာနေလဲ အလကားပဲ

မကြိုးစားနဲ့လို့ ဆိုလိုတာမဟုတ်ဘူးနော် ညီမျှအောင်လုပ်နိုင်ဖို့နဲ့လောဘကို ကန့်သတ်ထားနိုင်မှ အေးချမ်းတဲ့ဘဝ လူစစ်စစ်ဘဝကို ရမယ်ဆိုတဲ့သဘောပဲ

ဝါသနာဆိုတာကလဲ လူ့ဘဝရဲ့ အေးချမ်းခြင်းရဲ့ ထွက်ပေါက်လို့တောင် ပြောလို့ရတယ်

ဒီ Post လေးကို နားလည်သဘောပေါက်ပြီး အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ကြပါစေ

LEGO store in NEW YORK ခုဒေါ်လာစျေးနဲ့ မလွယ်ဘူး LEGO ရေ 😖အရင်က ဒေါ်လာစျေးနဲ့ ဝယ်ထားတဲ့ မိမိရဲ့ Lego HOBBY ပုံလေးတွေ မန့်...
23/12/2023

LEGO store in NEW YORK
ခုဒေါ်လာစျေးနဲ့ မလွယ်ဘူး LEGO ရေ 😖
အရင်က ဒေါ်လာစျေးနဲ့ ဝယ်ထားတဲ့ မိမိရဲ့ Lego HOBBY ပုံလေးတွေ မန့်ခဲ့ပေးနော် Hobby ချစ်သူတို့

23/12/2023

ကမ္ဘာကျော် Rock ဂီတပညာရှင်ကြီး တစ်ယောက်ကို ဝါသနာက ဘာလဲလို့ မေးကြည့်တဲ့အခါ သူ့ဝါသနာက ရထားလမ်း အရုပ်ကလေးတွေစုတာတဲ့ Train scale model လိုမျိုးပေါ့

အဲ့ဒါက မထူးဆန်းဘူးလား စဥ်းစားကြည့်လေ သူက အဆိုတော်လေ ဒါကိုတစိုက်မတ်မတ်လုပ်လာတာလေ သူ့ကို ဘာဝါသနာပါလဲမေးရင် ကျနော် အဆိုဝါသနာပါတယ်လို့ ဖြေရမှာ မဟုတ်ဘူးလား

အဲ့ကိစ္စက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် သေချာလေးရှင်းပြချင်တယ်
ဥပမာ ဘောလုံးသမားတစ်ယောက်ကို သူ့ဝါသနာက ဘောလုံးကန်တာလို့ ၁၀၀% သတ်မှတ်လိုက်လို့မရဘူး

ရှင်းပြရတာတော့ နဲနဲခက်တယ် သူဘောလုံးကန်ရတာကို ကြိုက်တယ် သူကြိုးစားတယ် အချိန်တော်တော်များများလဲ ဘောလုံးကန်နေတယ် ဒါပေမဲ့ သူလုံးဝ အားတဲ့အချိန်မျိုးမှာ သူတစ်ယောက်ထဲ လုံးဝအေးချမ်းစွာ ပန်းပင်လေးတွေ စိုက်ချင်စိုက်နေမယိ အဲ့လိုပန်းပင်လေးတွေစိုက်နေတဲ့အချိန်မှာ သူအေးချမ်းတယ် အဲ့ပန်းပင်စိုက်တာနဲ့ပတ်သတ်ပြီး အောင်မြင်ချင်စိတ်လဲမရှိဘူး သူများကိုထုတ်ပြချင်စိတ်လဲမရှိဘူး ဒေါသလဲမရှိဘူး အဲ့ပန်းပင်လေးစိုက်နေရတာ အရမ်းကိုစိတ်ချမ်းသာပြီး ကြိုက်နှစ်သက်လို့
အဲ့ဒါဆို အဲ့ဘောလုံးသမားရဲ့ ဝါသနာက ပန်းပင်လေးတွေစိုက်တာပဲ

အဲ့သဘောတရားကို ကိုယ်တိုင်ခံစားနေရသူတွေဆို ကောင်းကောင်းနားလည်ပါတယ် အပြင်လူကတော့ နားလည်ရခက်လိမ့်မယ်

ကိုယ့်ခံစားချက်လေးတွေ အမြင်လေးတွေ မန့်ခဲ့ပေးနော် ဖလှယ်ကြတာပေါ့

Hobby ချစ်သူတို့ရေ ❤️

22/12/2023

မြန်မာပြည်ကြီး အေးချမ်းသွားရင် ပြန်ဆုံကြမယ်နော်

19/12/2023
၁၀ နှစ်ကျော် အတူတူဖြတ်သန်းခဲ့ကြတဲ့ ဘွန်ဇိုင်းပင် နဲ့ သူ၏ဖန်တီးသူ မြန်မာ့ဘွန်ဇိုင်းပညာရှင် ကိုမြင့်လွင်ညောင်ဖြူဘွန်ဇိုင်း...
19/12/2023

၁၀ နှစ်ကျော် အတူတူဖြတ်သန်းခဲ့ကြတဲ့ ဘွန်ဇိုင်းပင် နဲ့ သူ၏ဖန်တီးသူ

မြန်မာ့ဘွန်ဇိုင်းပညာရှင် ကိုမြင့်လွင်
ညောင်ဖြူဘွန်ဇိုင်း

15/12/2023
မြန်မာနိုင်ငံကို ကူညီရန်ရောက်ရှိလာသော UN ကားဆီပျက်၍ ဒုက္ခရောက်နေရာ မြန်မာပြည်သူများမှ ဝိုင်းဝန်းကူညီပြီး တွန်းပေးခဲ့ကြကြ...
07/12/2023

မြန်မာနိုင်ငံကို ကူညီရန်ရောက်ရှိလာသော UN ကား
ဆီပျက်၍ ဒုက္ခရောက်နေရာ မြန်မာပြည်သူများမှ ဝိုင်းဝန်းကူညီပြီး တွန်းပေးခဲ့ကြကြောင်း သတင်းရရှိပါတယ် 😝

AI ကို Golden land myanmar လို့ရေးပြီး ပုံဆွဲခိုင်းတာ အဲ့လိုကြီးထွက်လာတယ်ဗျာ 😮Photo from internet
07/12/2023

AI ကို Golden land myanmar လို့ရေးပြီး ပုံဆွဲခိုင်းတာ အဲ့လိုကြီးထွက်လာတယ်ဗျာ 😮

Photo from internet

မီးသတ်ကား Crazy တွေအတွက် ❤️ လိုချင်စရာလေးတွေ
04/12/2023

မီးသတ်ကား Crazy တွေအတွက် ❤️ လိုချင်စရာလေးတွေ

04/12/2023

NEW YORK ကအရုပ်ဆိုင်မှာ ဝင်ငေးထားတာလေး နောက်မှ အဲ့ဆိုင်လေး သေချာထပ်ရိုက်ပြမယ်

Address


Telephone

+959402265256

Website

Alerts

Be the first to know and let us send you an email when HOBBY Channel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOBBY Channel Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share