အ လီ ဘာ ဘာ

  • Home
  • အ လီ ဘာ ဘာ

အ လီ ဘာ ဘာ Open Sesame အလီဘာဘာစာကြည့်တိုက် အလီဘာဘာတက္ကသိုလ် အလီဘာဘာ ငွေကြေးပညာ အလီဘာဘာ AI

25/01/2025

ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံတခုကို ပြောပြမယ် အသိတယောက်ရှိတယ် သူတို့ကျ မိသားစုလိုက် ဆီဆိုင်ကြီးတွေပဲ ဖွင့်ကြတာများတယ် သူတို့ဆီကရတဲ့ အိုင်ဒီယာတခုက တကယ်ချီးကျူးဖို့ကောင်းတယ်

သူတို့မိသားစုတွေက မြေဝယ်မယ်ဆိုရင် အများအားဖြင့် မြို့ဝင် မြို့ထွက်တွေမှာပဲ ဦးစားပေးဝယ်ကြတယ် မျက်နှာစာ အနည်းဆုံး ပေ ၁၀၀ ပြည့်မှဝယ်တယ်

များသောအားဖြင့် နယ်တွေဆိုတာ မြို့ပြင်လောက်ဆို လူနေလည်းမများတော့ စျေးလည်းသက်သာတယ် ရာဂဏန်းလောက်မြေတွေပေါ့

ဘယ်​မြေပဲဝယ်ဝယ် သူတို့ ပထမဆုံးလုပ်တာ မြေဂရံကို အမည်ပေါက် လုပ်ထားတယ် အဆက်အပိုင်းရှိတော့ သူတို့အတွက် ဘယ်မြေဝယ်ဝယ် ဂရံကျဖို့ သိပ်မစောင့်ရဘူး ၆ လ ၁ နှစ်လောက်ဆို ရတာပဲ

သူတို့ဝယ်ထားတဲ့နေရာတွေဟာ တဖြည်းဖြည်းနဲ့ ကုန်သွယ်ရေး ခရီးသွားလမ်းပိုင်းဖြစ်လာတယ်ဆိုရင် သူတို့မိသားစုက အဲမြေနေရာမှာ သူများထက်စောအောင် ဆီဆိုင်ဖွင့်ဖို့ လုပ်ကြတာပဲ

တခါတခါကျ ဆီဆိုင်ပါမစ် ထရမ်စဖော်မာ ပါမစ် ကြိုပြီးလျှောက်ထားတယ် ပါမစ်စုံပြီ ဆောက်လုပ်ခွင့်ရပြီးဆိုရင် အဲဒီဂရံတွေ ပါမစ်တွေ တခြားလုပ်ငန်းတွေပြပြီး ဘဏ်မှာ ပိုက်ဆံချေးတယ်

ဘဏ်ကငွေနဲ့ပဲ အလုပ်လုပ်တယ် ၊ ဆက်ပြီး ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ
ဗီဒီယိုလေးကို ဆကိလက်ကြည့်ရှုလိုက်ကြရအောင်

ီ_ဘာ_ဘာ

Personal Finance ကို နားလည်လေ ငွေကြေးဆိုင်ရာစိတ်ချရမှုပိုရှိလေပဲ◾လူတစ်ယောက်ရဲ့ ဘ၀အခြေအနေဟာ မိဘမျိုးရိုးနဲ့ ပတ်ဝန်းကျင်ကလ...
25/01/2025

Personal Finance ကို နားလည်လေ ငွေကြေးဆိုင်ရာစိတ်ချရမှုပိုရှိလေပဲ

လူတစ်ယောက်ရဲ့ ဘ၀အခြေအနေဟာ မိဘမျိုးရိုးနဲ့ ပတ်ဝန်းကျင်ကလည်း သက်ရောက်မှုတော်တော်ကြီးပါတယ်။ တချို့ မျိုးရိုးအလိုက် ချမ်းသာတယ်။ တချို့ မျိုးရိုးအလိုက် ပညာတတ်တယ်။ တချို့ မျိုးရိုးအလိုက် အားကစားထူးချွန်တယ်ဆိုတာ ဒီသဘောပဲ။

လူတစ်ယောက် ချမ်းသာခြင်းဆင်းရဲခြင်းက မိဘမျိုးရိုးနဲ့လည်းဆိုင်တယ်ဆိုရာမှာ အရင်းအနှီးထောက်ပံ့နိုင်တာ၊ မထောက်ပံ့နိုင်တာဆိုတဲ့အကြောင်းရင်းကတော့ အထွေအထူးပြောစရာလိုမယ်မထင်ဘူး။ အဲဒီထက် ပိုစိတ်ဝင်စားစရာက Personal Finance လို ငွေကြေးပညာအခြေခံမှာလည်း မိဘမျိုးရိုးအလိုက် တော်တော်ကွာသွားတယ်။

ချမ်းသာတဲ့မိသားစု၊ တစ်နည်း ငွေအကြောင်းကောင်းကောင်းနောကျေတဲ့မိသားစုမှာ ကြီးပြင်းလာတဲ့သူဟာ ငွေဘယ်လိုရှာသလဲ၊ ငွေကိုဘယ်လိုစီမံခန့်ခွဲသလဲဆိုတာကို ငယ်ငယ်ကတည်းက မိဘတွေဆီကနေ အနီးကပ် သင်ယူရရှိတယ်။ တရုတ်လူမျိုးမိသားစုအများစုမှာ သတိပြုမိတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ သူတို့ဟာ မျိုးရိုးအလိုက်ကို စီးပွားရေးလုပ်တတ်တဲ့ဗီဇလေး ပါလာတယ်လို့ပြောရမယ်။ မွေးရာပါတော့မဟုတ်ပေမဲ့ တရုတ်အများစုက ငယ်ငယ်ကတည်းက မိဘစျေးရောင်းတဲ့အခါ ဝိုင်းကူရောင်းတယ်၊ အရွယ်လည်း ရောက်လာရော ကိုယ်တိုင်ဆိုင်တွေဘာတွေဖွင့်ပြီး စျေးရောင်းတယ်။ ကုန်စုံဆိုင်ကနေ ကုမ္ပဏီကြီးတွေအထိ ကိုယ်လုပ်လို့ရတဲ့ စီးပွားရေးလုပ်တယ်။ အချိန်တန် လူလူသူသူဖြစ်သွားကြတယ်။ ဒါက မိဘတွေထံက သင်ယူရရှိတဲ့ အလေ့အထဥပမာတစ်ခုကို ပြောခြင်းဖြစ်ပါတယ်။

သာမန်မိသားစုတွေမှာကျတော့ အများစုက ငွေကြေးအကြောင်းသင်ပေးဖို့ထက် အလုပ်တစ်ခုရှိမှရမယ်ဆိုတဲ့အသိကိုပဲ အဓိကပေးတယ်။ အဲဒီတော့ ကျောင်းပညာကောင်းကောင်းသင်၊ အလုပ်ကြိုးစား ဒီလိုပဲ အဓိကတိုက်တွန်းကြတယ်။ အလုပ်ကြိုးစားဆိုရာမှာတောင် ဝင်ငွေရလမ်းကောင်းတဲ့အလုပ်ကိုမှန်းကြတဲ့သူတွေရှိသလို တချို့ဆိုရင် အလုပ် မြဲဖို့စိတ်ချရတဲ့၊ ပင်စင်မျှော်လို့ရတာမျိုး အစိုးရဝန်ထမ်းလို အလုပ်မျိုးကို ပိုပြီးအားသန်လေ့ရှိကြတယ်။

ဆိုတော့ မျိုးရိုးက လူတစ်ယောက်ဘ၀အခြေအနေအတွက် သက်ရောက်မှုတော်တော်ကြီးပါတယ်။ ကိုယ်က ငွေကြေးပညာကောင်းကောင်းမရနိုင်တဲ့မိသားစုကနေဆင်းသက်လာသူဆိုရင်တော့ အဲဒီပညာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာမှပဲရနိုင်ပါတယ်။ စာဖတ်တာ၊ ဒီအသိပညာပေးနိုင်သူတွေထံချဉ်းကပ်တာ၊ သင်တန်းတွေတက်တာ၊ ကိုယ့်အတွ့အကြုံကနေသင်ခန်းစာယူတာ စသဖြင့်လုပ်လို့ရပါတယ်။

Warren Buffett ပြောသလိုပဲ ကိုယ်က Personal Finance လို ငွေကြေးပညာကို ပိုပြီးသိနားလည်လေ Risk အနည်းဆုံးနဲ့ ကိုယ့်ရဲ့ငွေကြေးကလုံခြုံစိတ်ချရမှုပိုရှိလေပါပဲ။

ဆရာ Hein Zaw

ီ_ဘာ_ဘာ

ကျနော် ရဲမင်းသူ ဆိုတဲ့ အညာသားလေး တစ်ယောက် ကိုရီးယား မှာ ၃နှစ် အလုပ်လုပ်ခဲ့တယ်။ ကိုရီးယားမှာနေတုန်းက ရခဲ့တဲ့ ပိုက်ဆံ တွေက...
24/01/2025

ကျနော် ရဲမင်းသူ ဆိုတဲ့ အညာသားလေး တစ်ယောက် ကိုရီးယား မှာ ၃နှစ် အလုပ်လုပ်ခဲ့တယ်။ ကိုရီးယားမှာနေတုန်းက ရခဲ့တဲ့ ပိုက်ဆံ တွေက်ို လကုန်ပြီ ဆိုလျှင် မိဘဆီ ပို့လိုက်တယ်။ အဖေနဲ့ အမေ စိတ်ချမ်းသာတယ်။မိသားစု စားဝတ်နေရေး ပြေလည် လာတယ်။ညီမလေးနဲ့ ညီငယ် တစ်ယောက်ကိုလည်း ကျောင်း ကောင်းကောင်း မှာထားနိုင်တယ်။

ကျနော်ကလည်း အသုံးစားရိတ်လောက် ချန်ထားတက်တာ အပို မသုံးဖြစ်အောင် နေတယ်။အဓိက ကတော့ အဖေ၊ အမေနဲ့ ညီငယ်၊ညီမငယ်လေးတွေ ဆီ ဖုန်ဆက်တဲ့ အချိန် လွင့်ပျံလာတဲ့ ရယ်ရွှင်မြူးး သံတွေက ကျနော့် အတွက် ပရိုဘီမင် ပါပဲ။

ကျနော် အဖေ့ဆီ ဖုန်းဆက်တယ်။ အဖေရေ အကြွေးတွေကြေပြီ လား။ လူ့လောကမှာ သူများဆီက အကြွေး ရှိနေလျှင် စိတ်ချမ်း သာ မှုတွေ ပျောက်ပျက်လွန်းလို့ ကြွေး ကင်းရှင်းခြင်းချမ်းသာကို တော့ ကျနော် ခံစားချင်တယ်။

ကျနော် အဖေနဲ့ အမေကို အမြဲပြောတယ် အဖေရေ သူများက ကိုယ့် ကို ယုံကြည်လို့ ချေးတဲ့ ငွေတွေကို အရင်ပြန်ဆပ်ပါ။ပြီးလျှင် ကျန် တာလုပ်ပေါ့။

အဖေကလည်း ကျနော့်ကိုပြန်ပြောတယ်။ ငါ့သားကြီးရ မင်းနိုင်ငံ ခြားသွားဖို့ ချေးတဲ့ ငွေတွေကို အလွယ်တစ်ကူချေးလို့ ရတာက အဖေတို့ မျိုးရိုးမှာ သူများကြွေးမြေကို သံသရာထိ မယူဘူး ဆိုတဲ့ ရိုးသားမှု ဂုဏ်နဲ့ အမြဲနေတယ်။

လက်ထဲ ရှိရင်ပြန်ဆပ်ခဲ့တဲ့ အတွက်ကြောင့် အဖေ တို့မှာ ငွေအခက် အခဲ မရှိပါဘူးကွာ။ အဲ့ဒီလိုနဲ့ အကြွေးတွေကြေအောင် ဆပ်ပြီးတော့ အဖေနဲ့ အမေက သားရေ အကြွေးကျေပြီကွာ ။ အဖေ့ သားတွေ သမီးငယ်တွေနဲ့ တူ၊ တူမတွေကို အလှူ လှူပေးချင်တယ်ကွာ။

အဖေ ကတော့ မီးခိုးတိတ်။ ဗျိုးထိုး အကူမခံဘူး။ထမင်းရည်ချောင်း စီး မောင်းတီး လှူချင်တာကွ။ပြီးတော့ ငါ့သားလည်း ကိုရီးယား ရှိနေ တာဆိုတော့ အကြီးအကျယ် လှူချင်တယ်သား။

အဖေ ဘယ်လောက်လောက်ဆိုရင် ရလည်းမေးတော့ သိပ်မကုန် ပါဘူးကွာတဲ့။ အလှူကိစ္စ ဆိုတော့ ကျနော်ကလည်း မပိတ်ပင်ပါဘူး။နောက်တစ်ခုက မိဘကို စိတ်ချမ်းသာစေချင်တယ်လေ။ အဲ့ဒီလိုနဲ့ အလှူကြီးကို ခြိမ့်ခြိမ့်သဲ လှူလိုက်တယ်။

အလှူပြီးတော့ ဖုန်းဆက်လာတယ် ။သားရေ သိန်းတရာ နား ကပ် သွား တယ်။ အဖေ့ရဲ့ ဂုဏ်ယူ ဝံ့ကြွားတဲ့ အသံက ကျနော့်ရင်ကို အေးမြစေပေမဲ့ သက်ပြင်းလေး တစ်ချက် ခိုးပြီး ချမိတာကိုတော့ အဖေ သိမှာ စ်ိုးရိမ်မိတာအမှန်ပင်။

အကြွေးတွေတော့ ကျတယ်။ ငါ့သား ဒီတစ်ခါ လစာ ဘယ်နေ့ ရမှာ လဲ။ အဖေရေ လစဉ် ပုံမှန် ၂၅ ရက်နေ့ပေါ့ အဖေရယ်ပြောလိုက် တယ်။အေးကွာ အကြွေးရှင်တွေက်ို ဖြေးဖြေးချင်းဆပ်သွားမယ်ကွာ။ဟုတ်ကဲ့ပါ အဖေ။

အဖေ၊ အမေနဲ့ မိသားစု အားလုံး အဆင်ပြေနေတယ် ဆိုရင် သား ပျော်ပါတယ် အဖေ။ အဲ့ဒီလိုနဲ့ အလှူကြွေးကို ၅ လခန့်ကိုရီးယား လာတုန်းက ချေးတဲ့ ငွေက အတိုးနဲ့ ဆိုတော့ ၇လ ခန့်။ တနှစ်ရှိ သွားပြီ။ လက်ထဲတော့ မပိုသေးဘူးပေါ့။

အဖေ နဲ့ အမေ ဘာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးထားလည်း သား တို့ စီးပွားရေး တစ်ခုတော့ လုပ်မလားလို့ဗျာ။ အဖေက ပြောတယ် ငါ့သားရာ လုပ်မှာပေါ့ကွ။ အဖေနဲ့ အမေက အသက်ကြီးပြီဆိုတော့ အိမ်ကောင်းကောင်းဆောက်ချင်တယ် ။ သားအနေနဲ့ ဘယ်လို သဘော ရလဲ ။

ကျနော် စဉ်းစားလ်ုက်တယ်။ အဖေနဲ့ အမေ လည်း အိမ်ကောင်း ကောင်းနဲ့ နေချင်မှာပဲလေ။ ငါ့သားရေ သစ်သားအိမ်နှစ်ထပ် ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုပ်ခုံခံ၊ သွပ်မိုး ဆို ၁၅၀သိန်း ဝန်းကျင် လောက် ကျမှာ။ နံကပ် ဆိုရင်လည်း ၂၀၀ သိန်းကျော်ပဲ မထူး တော့ဘူး။ နံရံကပ် လုပ်လိုက်ရအောင် ဟုတ်ကဲ့ အဖေ။

သား အလုပ် လုပ်နေတယ် ဆိုတာကလည်း အဖေ၊အမေနဲ့ မိသားစု အတွက်ပါ။ အဖေ အမေ စိတ်ချမ်းသာတယ် ဆိုရင် သား ပျော်တယ် အဖေနဲ့ အမေ။ ညီလေး ညီမလေးတွေ ကိုလည်း လိုအပ်တာ လေး တွေ လုပ်ပေးလိုက်ပါ။

အဖေရေ သားကလည်း လခစား အလုပ်သမား ဆိုတော့ လကုန်မှ သာ ငွေက ရနိုင်တာ ဆိုတော့ အဖေအဆင်ပြေသလို ဆောက်သွား ပါ။

ငါ့သား လစဉ်ပုံမှန် လွှဲပေးနေရင် အကြွေး အကုန်ယူလို့ရတယ်ကွ။အဲ့ဒီလိုနဲ့ ကျနော်လည်း လစဉ် ပုံမှန်ငွေလွှဲ အဖေကလည်း နှစ်ထပ် တိုက်က်ို အကျအန ဆာက်လိုက်တော့ သိန်း ၃၀၀ နားကပ် သွား တယ် ။ အချိန်ကလည်း နှစ်နှစ်ခန့်ကြာ သွားတယ်။

ကျနော့့် စက်ရုံ ကလည်း ၃နှစ်ပြည့်တော့ နောက်တနှစ် အတွက် က အလုပ် မကောင်း စက်ရုံ ကလည်း ဒေဝါလီ ခံမယ့် အဆင့်နီးပါး ဆိုတော့ တိုးဖို့ အဆင်မပြေတော့ဘူး။

ကျနော် အိမ်ကို ဖုန်းဆက်လိုက်တယ်။ အဖေ သားသက်တမ်း တိုး မရဘူး။ အခြားလည်းထွက်ပြီး အလုပ်မရှာတော့ဘူး။ပြန်လာခဲ့မယ် ဆို အဆင်ပြေလား ဆိုတော့။ အိမ်လည်းပြီးပြီကွာ ပြန်လာပေါ့ကွာ ဒိုးတူဘောင်ဘက် လုပ်စားတာပေါ့။

အဲ့ဒီလိုနဲ့ သုံးနှစ်ပြည့်တော့ပြန်လာခဲ့တယ်။ လက်ထဲမှာ ထွဲဂျီးဂွန်း လေးတော့ အနည်းငယ် ပါသေးတယ်။ အဲ့ဒီလိုနဲ့ နေလာလိုက်တာ ၆ လခန့်ကြာသော်ပေါ့ဗျာ ။

လုပ်ငန်းကလည်း မယ်မယ်ရရမရှိ လက်ထဲက ငွေကလည်း ကုန် သွားပြီ။ အဖေ့ ငွေ ၂သောင်းလောက် ပေးပါဦး ။ သား သူငယ်ချင်း တွေနဲ့ အပြင် ခဏသွားမလို့။ ငါ့သားရ ရော့ ၅၀၀၀ ကျပ် ၅၀၀၀ ဆိုတာ တစ်ရက် လုပ်အားခ ရှိတယ်။ချွေချွေတာတာ သုံးကွ။ဟုတ်ကဲ့ပါ အဖေ။

ကျနော် ခေါင်းကလေး ငိုက်စိုက်ကျ ဆိုင်ကယ်လေးနဲ့ အသာ ကလေး ထွက်လာတယ်။ ငါကိုရီးယားမှာနေတုန်းက ငွေတွေ အများကြီး ဝင်ခဲ့ပေမဲ့ လုပ်ငန်းတစ်ခု စီးပွားရေး တစ်ခုကို မထူ ထောင်နိုင်ခဲ့ဘူးကွာ။

ကျနော်လေ ရေကန်ပဲ တူးခဲ့မိတာ။ ရေတွင်း မတူးခဲ့ရဘူး။ရေကန် ဆ်ိုတဲ့ စီးပွားရေးက ခပ်လို့ကုန်ရင် ထပ်မဖြည့်တဲ့ တစ်နေ့ ခုဆို ရေ မရှိတော့ဘူး။ ရေတွင်း ဆိုတဲ့ စီးပွားရေး အမာခံတစ်ခုကို လုပ်ခဲ့ ရမှာ ။

ကျနော်လေ နောင်တတွေနဲ့ အတူ သူငယ်ချင်းတွေကို ရင်ဖွင့်မိ တယ်။ သူငယ်ချင်းတွေ ကလည်း ငါတို C BT ပြန်ဖြေပြီး လစ်ရ အောင်ကွာတဲ့။ ကျနော့့် သူငယ်ချင်း ဘဝတူတွေကလည်း ငါတို့ တစ်ခေါက် ထပ်ထွက်ကျရအောင်ကွာ။

မင်းလည်း ဆေးခင်းကို တစ်ရက် ၅၀၀၀ ကျပ်နဲ့ ပေါက်တူး မပေါက်နိုင်ဘူး။ ပဲရိတ်လည်း မလိုက်နိုင်မယ့် အတူတူ ငါတို့ တစ်တွေ ပြန်ကြိုးစားမယ်ကွာ။

ဒါတွေက ဘဝသင်ခန်းစာတွေပဲလေ။ ငါတို့ ဟိုရောက်ရင် မိဘကို လုပ်ကျွေးရင်း ဘဝ အနာဂါတ်အတွက် စီပွားရေး အလုပ်တစ်ခုကို လုပ်ဖို့ ငါတော့ စဉ်းစားထားပြီးပြီ။

ကျားကြီးခြေရာကြီး သုံးစွဲနေရင် ပြန်လာလည်း ငါတို့ ရပ်တည် လို့မှ မရတာ ။

ငါတို့ ဆုံးဖြတ်ချက် ချလိုက်ရအောင်ကွာ ဒုကကြီး တစ်ယောက် အနေ နဲ့ကိုရီးယား ကိုပြန်ရောက်ခဲ့ရင် စီးပွားရေး တစ်ခု အချေ ကျအောင် လုပ်သင့်တယ်လို့ အတွေးတွေကို ရင်မှာပ်ိုက်ပြီး ဒုကကြီး ဘဝနဲ့ နောင်တမဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ ကျနော်ဆုံးဖြတ်ချက် ချမိပါတော့သည်။

ကာရန်မင်း (ခေတ္တကိုရီးယား)

ီ_ဘာ_ဘာ

ချမ်းသာချင်တဲ့သူဟာ ပိုက်ဆံအကြောင်း  သေသေချာချာ နားလည်ထားဖို့လိုတယ် ဒီနေ့မှာ အမျိုးတွေသိထားရမယ့် ငွေကြေးဗဟုသုတများကို ပြန...
24/01/2025

ချမ်းသာချင်တဲ့သူဟာ ပိုက်ဆံအကြောင်း

သေသေချာချာ နားလည်ထားဖို့လိုတယ်

ဒီနေ့မှာ အမျိုးတွေသိထားရမယ့် ငွေကြေးဗဟုသုတများကို ပြန်လည်မျှဝေပေးသွားမှာပါ


( တပုံချင်းစီထောက်ပြီး ဖတ်ရှုပေးပါခင်ဗျာ)

ီ_ဘာ_ဘာ

လုံ့လလည်းထူ မိုးလည်းကူ "လုံ့လလည်းထူ မိုးလည်းကူ၊ နွားချေးလည်းချ ​ကံလည်းမ" ဆို​တဲ့ ​မြန်မာစကားပုံရှိပါတယ်။ ဆိုလိုတာက​​တော့...
24/01/2025

လုံ့လလည်းထူ မိုးလည်းကူ

"လုံ့လလည်းထူ မိုးလည်းကူ၊ နွားချေးလည်းချ ​ကံလည်းမ" ဆို​တဲ့ ​မြန်မာစကားပုံရှိပါတယ်။

ဆိုလိုတာက​​တော့ လယ်သမားတစ်ယောက်​အတွက် လယ်ယာလုပ်ငန်း အောင်မြင်ဖြစ်ထွန်းဖို့ ကံ၊ ဉာဏ်​နဲ့ ဝီရိယ သုံးပါး​ပြည့်စုံရပါမယ်။ ​မိုးပုံ​မှန်ရွာတာက ​ကံ​​ကောင်းလို့ပါ။ ​ကံဆိုးရင် မိုး​​ခေါင်မယ်။ ဉာဏ်ကိုသုံးပြီး ​​ကောင်းမွန်သင့်လျော်​တဲ့ မျိုး​​စေ့​တွေသုံးရမယ်။ ​​နွားချေး မြေဩဇာချပေးရမယ်။ ​ကံဆိုးလို့ မိုး​​ခေါင်ရင်​​တောင် ပျိုးပင်​တွေ​အတွက် ​ရေရနိုင်အောင် ဉာဏ်ကို လွှာသုံးပြီး ထိုးထွင်း​ကြံစည်တတ်ရမယ်။ လုံ့လဝီရိယ စိုက်ပြီး ထွန်ယက်စိုက်ပျိုးရမယ်။ ​​​လယ်ထွန်ဖို့ ပျင်း​နေရင်​​တောင် လယ်ထွန်စက်ထွင်ပြီး ဉာဏ်ရှိရှိ ပျင်းတတ်ရမယ်။ အတိတ်ကံ၊ ဉာဏ်​နဲ့ ဝီရိယ သုံးပါးစလုံး ​အ​ရေးကြီးပါတယ်။

​အတိတ်​ကံ​ရဲ့​အရေးပါပုံကို​​တော့ ငြင်းလို့မရပါဘူး။ ဒါ​ပေ​မဲ့ ​အတိတ်​ကံ တစ်ခုတည်းကိုပဲ ​အားကိုး​နေရင်​​တော့ မှားသွားမှာပါ။

ဒီပုံပြင်လေးတစ်ပုဒ် ​ပြောပြပါရ​စေ (မူရင်းပုံပြင်ကို ​အနည်းငယ် ပြောင်းထားပါတယ်)။

​ရေ​တွေ မတရားကြီး​နေလို့ လူတစ်ယောက် ​​ခေါင်မိုး​​ပေါ်တက်​နေရပြီ။ ​ရေ​တွေကလည်း ဆက်တက်​နေတုန်း။ မကြာခင် ​​ခေါင်မိုးပါ မြုပ်​​တော့မှာ။ ​အသက်ဘေးကလွတ်ဖို့ ​ကောင်းကင်ဘုံက ဘုရားသခင်ကို လာကယ်ဖို့ ဆု​​တောင်း​နေပါတယ်။ ဘုရားသခင်က လာကယ်လိမ့်မယ်လို့လည်း ​အကြွင်း​မဲ့ ယုံကြည်တယ်။

ဒီလို​နဲ့ ​​ခေါင်မိုးနားကို ​သစ်တုံးကြီး​​တစ်တုံး မျောလာတယ်။ ​သစ်တုံးကြီးကို ဖက်ပြီး ဘေးလွတ်ရာကို ကူးခတ်သွား​​ဖို့ စဥ်းစားသေးတယ်။ ​"ဟာ အလုပ်ရှုပ်ပါတယ်။ သစ်တုံးကြီးဖက်ပြီး ကူးသွားရမှာ ပင်ပန်းတယ်။ ဘုရားသခင် လာကယ်တာကိုပဲ ​​စောင့်​​တော့မယ်။"

ဒီလို​နဲ့ ​ရေက​​ တော်​​တော် တက်လာပြီ။ ​အနီး​အနားကို ​ဘောကွင်းကြီး တစ်ကွင်း ​မျောလာ​ပြန်ပါတယ်။ ​ဘောကွင်း​နဲ့ ကူးသွားရင် ​အသက်ဘေးက လွတ်ချင်လွတ်မှာ​​ပေါ့။ "ဟင့်အင်း ပင်ပန်းတယ်။ ဘုရားသခင် လာကယ်တာကိုပဲ ​​စောင့်​​တော့မယ်။"

နောက်ဆုံး ​ရေက လည်ပင်းထိ နစ်လာပြီ။ ဘုရားသခင်က ​​​လာမကယ်သေးပါလား။ ​လှေတစ်စီး ​မျောလာတယ်။ ​လှေ​​လှော်ပြီး ဘေးလွတ်ရာကို ပြေးရင် ​​ကောင်းမလား စဥ်းစားပါသေးတယ်။ ပင်ပန်းလွန်းပါတယ်၊ ​​လှေ​​​လှော်သွားရင်​​တောင် အသက်ဘေးက​​နေ လွတ်မလွတ် မ​သေချာလှပါဘူး၊ ​သေ​​နေ့မ​​စေ့သေးရင် ဘုရားသခင်လာကယ်မှာ​​ပေါ့လို့ ​​တွေးပါတယ်။ "ပင်ပန်းလွန်းပါတယ်။ ဘုရားသခင် လာကယ်တာကိုပဲ ​​စောင့်​​တော့မယ်။"

နောက်ဆုံး​​တော့ ​အားလုံးသိ​တဲ့​အတိုင်း ကြိုးစားချင်စိတ်မရှိ​တဲ့ ဒီလူ ​ရေနစ်ပြီး ​သေသွားပါ​​တော့တယ်။ ​သေသွား​​တော့ ဘုရားသခင်​နဲ့ ​​တွေ့တယ်​​ပေါ့။ ဒီလူက ဘုရားသခင်ကို ​အပြစ်တင်ပါတယ်။ ​"အရှင်ဘုရား ဘာလို့ လာမကယ်တာ​လဲ" ​​ပေါ့။

ဘုရားသခင်ကလည်း ​"ချစ်သားဆီကို သစ်တုံးကြီး​​တစ်တုံး၊ ဘောကွင်းကြီး တစ်ကွင်း​နဲ့ လှေတစ်စီး လွှတ်​ပေးလိုက်တယ်​လေ" လို့ စိတ်ပျက်လက်ပျက်​နဲ့ ​ပြောရှာပါသ​တဲ့။

ဘုရားသခင်ကို ယုံကြည်​တဲ့ ဘာသာခြားပုံပြင်လေး ဆို​ပေ​မဲ့ ​မြန်မာနိုင်​ငံက ဗုဒ္ဓဘာသာဝင်​တွေမှာလည်း ​အတိတ်​ကံကို ဘုရားသခင်လို ကိုးကွယ်​နေ​တဲ့သူ​တွေကို တွေ့ရပါတယ်။ ​​

ခေါင်မိုး​​ပေါ် ရောက်​နေ​တဲ့​အချိန် ​အားစိုက်​​ထုတ်ပြီး သစ်တုံး​တွေ၊ ​​ဘောကွင်း​တွေ၊ ​လှေ​တွေ​နဲ့ လွတ်ရာမပြေးပဲ "​ကံသာ​ အမိ၊ ​ကံသာ ​​အဖ၊ သေ​​နေ့ ​​စေ့ရင် ​သေမှာပဲ၊ ​သေ​​နေ့မ​​စေ့သေးရင် ​အားစိုက်ထုတ်စရာမလိုပဲ ကယ်သူ​​ပေါ်လာလိမ့်မယ်" ဆိုပြီး ဉာဏ်တိမ်တိမ်​နဲ့ လုံ့လဝီရိယ မစိုက်ထုတ်ချင်​တဲ့သူ​တွေ ရှိပါတယ်။

ဟုတ်ပါတယ်။ ကြိုးစားပြီး ​လှေ​​လှော်ပြေးရင်​​တောင် ​ကံဆိုးလွန်းရင် ​လှေမှောက်​သေနိုင်ပါတယ်။ ဒါ​ပေ​မဲ့ မကြိုးစားလိုက်ရင်​​တော့ ချက်ချင်းလက်ငင်းကို ​ရေနစ်ပြီး ​သေ​​တော့မှာ။

​​​​​ဒီလိုပဲ အလုပ်ကို ကြိုးကြိုးစားစားမလုပ်ချင်ပဲ ​​အတိတ်​ကံကိုပဲ ပုံချလိုက်ချင်​တဲ့ သူ​တွေရှိပါတယ်။ ​

ကံဆိုတာ ကမ္မ ဆို​တဲ့ ​ပါဠိဘာသာက ဆင်းသက်လာပြီး ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုကိစ္စ၊ ​အလုပ် ဆိုပြီး ​အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။

​အတိတ်က ပြု​ခဲ့ဖူး​တဲ့ ​အ​​​​လုပ်​တွေ​​ကြောင့် ပစ္စုပ္ပန်မှာ ​အကျိုး​အပြစ်​တွေ​ခံစားရပါတယ်။ ဒါ​ပေ​မဲ့ ကိုယ့်​ရဲ့ ​အနာဂတ်ကို ​အဆုံး​အဖြတ်ပေးမှာက ​အတိတ်​ကံတစ်ခုတည်းမဟုတ်ပဲ ပစ္စုပ္ပန်မှာ လုပ်​တဲ့​အလုပ် (ပစ္စုပ္ပန်​ကံ)လည်း ပါတယ်ဆိုတာကို နားလည်ထားရပါမယ်။

ပစ္စုပ္ပန်မှာ ​အ​​လုပ်ကြိုးစားရင် ​အနာဂတ်မှာ ​အကျိုး​ခံစားရမယ်။ ပစ္စုပ္ပန်မှာ ​ပျင်း​နေရင် ​အနာဂတ်မှာ ​​အပြစ်​ခံစားရမယ်။ ဒီ​​တော့ ​အနာဂတ်မှာ အောင်မြင်တာ မအောင်မြင်တာ၊ ချမ်းသာတာ မချမ်းသာတာဟာ ​အတိတ်​ကံကိုပဲ ပုံချ​နေလို့ မရပါဘူး။ ပစ္စုပ္ပန်မှာ ​​လုပ်​နေ​တဲ့ ​အလုပ်​တွေ​အ​​ပေါ်လည်း ​အများကြီး မူတည်​နေပါတယ်။

အတိတ်ကုသိုလ်​ကံမ​​ကောင်း​ခဲ့လို့ ဆင်းဆင်းရဲရဲ ​နေ​နေရတာ၊ ဒီ​​တော့ ကြိုးစား​နေလဲ ဘာမှ မထူးဘူးလို့လည်း မထင်လိုက်ကြပါ​နဲ့ဦး။ ကံကိုပဲ ​အားထား​နေမိရင်း ဉာဏ်​နဲ့ ဝီရိယ နည်း​နေပြီလား စဥ်းစားပေးပါ။ ​ကံကိုယုံပြီး ပျင်း​နေမိကြပြီလား။ ဖျင်းသွားကြပြီလား။

အရာရာမှာ ကံကိုပဲ ​အပြစ်ပုံချတတ်​တဲ့ ​အတွေး​အ​​ခေါ်​တွေ ရိုက်သွင်း​​ခံထားရတာကိုက ​ကံဆိုးမှုတစ်ခု​ပေပဲလား။

"​ကံ" ဆို​တဲ့ စကားကို ပါးစပ်ကမချ၊ ​အပျင်းထူ၊ ​အလုပ်မကြိုးစားပဲ ဉာဏ်​​နဲ့ ဝီရိယကို ထုတ်သုံးရမှန်းမသိရလောက်အောင် ဉာဏ်တိမ်၊ ဝီရိယတိမ်​နေတာကိုက ​အတိတ်​ကံ မ​​ကောင်း​ခဲ့လို့များလား။ စဥ်းစားစရာပါ။

ဟုတ်​ကဲ့ "လုံ့လလည်းထူ မိုးလည်းကူ" ရမှာပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

​လေးစားစွာဖြင့်
ပိုးစုန်းကြူး


ီ_ဘာ_ဘာ

23/01/2025

ခင်ဗျား လူရာဝင်ပြီလား?

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။
ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊
ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။
အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။

လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

ဘာတွေလဲဆိုတာ ကြည့်ကြရအောင်

ီ_ဘာ_ဘာ

လူတိုင်းက One Person Business လုပ်နေကြပါပြီ။မိတ်ဆွေသိပါသလား။ Facebook မှာ ကိုယ့်ရဲ့ personal brand တည်ဆောက်နေတာလည်း One ...
23/01/2025

လူတိုင်းက One Person Business လုပ်နေကြပါပြီ။

မိတ်ဆွေသိပါသလား။ Facebook မှာ ကိုယ့်ရဲ့ personal brand တည်ဆောက်နေတာလည်း One Person Business ပါပဲ။ သင့်ရဲ့ ကျွမ်းကျင်မှုတွေကို လူတွေသိအောင် ပြသနေတာလည်း One Person Business ပါပဲ။

ဒါပေမယ့် တကယ်တမ်း One Person Business ကို အကျိုးအမြတ်ရအောင် မလုပ်နိုင်ကြသေးပါဘူး။

လောလောဆယ် ကမ္ဘာပေါ်မှာ အကျိုးအမြတ်အများဆုံးရနေတဲ့ One Person Business တွေက ဘာတွေလဲသိလား။

Digital Product ရောင်းတဲ့သူတွေ
Knowledge Product ရောင်းတဲ့သူတွေ
Personal Brand ကနေတဆင့် Consulting လုပ်တဲ့သူတွေ
Content Creator တွေ

ဒီလိုလုပ်ငန်းတွေရဲ့ အားသာချက်က ဘာလဲ။
၁။ နေရာယူစရာမလို - လက်ထဲက ဖုန်းတလုံးနဲ့ စလို့ရ
၂။ ရင်းနှီးမြှုပ်နှံမှု နည်း - အရင်းအနှီးများများ မလို
၃။ အချိန်ပြည့် မလုပ်ရ - Part Time နဲ့ စနိုင်
၄။ နည်းပညာကို leverage လုပ်နိုင် - automation လုပ်လို့ရပါတယ်။

တကယ်တော့ One Person Business ဆိုတာ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ အတွေ့အကြုံတွေကို စီးပွားရေးအဖြစ် ပြောင်းလဲတာပါ။

ဥပမာ -
သင်က စာရင်းကိုင်တယ်ဆိုပါစို့။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရင်း ညဘက်မှာ YouTube channel လေးတစ်ခု ဖွင့်ပြီး စာရင်းကိုင်ပညာ သင်ပေးနိုင်တယ်။ နောက်ပိုင်း course တွေ ရောင်းနိုင်တယ်။ consulting လုပ်နိုင်တယ်။

သင်က ဆရာဝန်ဆိုပါစို့။ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ digital product တွေ ရောင်းနိုင်တယ်။ telemedicine platform လေး တည်ဆောက်နိုင်တယ်။

One Person Business ရဲ့ နောက်ထပ် အားသာချက်က တော့ နောက်ပိုင်း team တစ်ခုအဖြစ် တိုးချဲ့လို့ရတာပါ။ တယောက်တည်းကနေ စတင်ပြီး နောက်ပိုင်း လိုအပ်လာရင် တခြားသူတွေကို outsource လုပ်လို့ရပါတယ်။

ကဲ - သင့်မှာရှိတဲ့ skill တွေကို One Person Business အဖြစ် ဘယ်လို ပြောင်းမလဲ။ စဉ်းစားကြည့်ပါ။
အဓိကက သင့်မှာရှိပြီးသား skill တွေနဲ့ စပါ။ လူတွေ တကယ်လိုအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါ။ နောက်ဆုံး အဲ့ဒီ solution ကို monetize လုပ်ပါ။

One Person Business မှာ အရေးကြီးဆုံးက consistency ပါ။ နေ့တိုင်း ကိုယ့်ရဲ့ personal brand ကို တည်ဆောက်ပါ။ လူတွေက သင့်ကို expert အဖြစ် မြင်လာအောင် လုပ်ပါ။

နိဂုံးချုပ်အနေနဲ့ - One Person Business ဆိုတာ သင့်ရဲ့ ကျွမ်းကျင်မှုတွေကို leverage လုပ်ပြီး ဝင်ငွေရှာတာပါ။ စလုပ်ဖို့ အရမ်းမခက်ပါဘူး။ ကိုယ့်မှာရှိပြီးသား skill တွေနဲ့ စနိုင်ပါတယ်။ အဓိကက စတင်ဖို့ပါ။
"ဒီနေ့ မစရင် ဘယ်တော့မှ မစနိုင်ဘူး"

Akyanpay

ဒီနေ့မှာ အိမ်မှာနေရင်း ကိုယ့်ရဲ့ဖုန်း (သို့) laptop ကနေ လစဉ် ဆယ်သိန်းနဲ့အထက် ဝင်ငွေရှာလို့ရတဲ့ အင်တာနက် စီးပွါးရေးလုပ်ကွက်တွေကို ပြောပြပေးသွားမှာပါ
ဘာတွေလဲဆိုတာကို ကြည့်ကြရအောင်

( တပုံချင်းစီထောက်ပြီး ဖတ်ရှုပေးပါ)

ီ_ဘာ_ဘာ

လုပ်စရာရှိတာကို ချက်ချင်းလုပ်ဖို့လိုတယ်  ဘယ်ချိန်ကျမှ ဘယ်အသက်အရွယ်ကျမှ ဆိုတာတွေ သိပ်မစဉ်းစားနဲ့တော့အချိန်တွေကုန်တာမြန်တယ...
22/01/2025

လုပ်စရာရှိတာကို ချက်ချင်းလုပ်ဖို့လိုတယ်

ဘယ်ချိန်ကျမှ ဘယ်အသက်အရွယ်ကျမှ ဆိုတာတွေ သိပ်မစဉ်းစားနဲ့တော့

အချိန်တွေကုန်တာမြန်တယ်၊ တနှစ်ဆိုတာ ခနလေးနဲ့ရောက်လာတာ

ခုကတည်းက လုပ်ထားမှ တော်ကာကျမယ်

ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

လူတိုင်းက ၂၄ နာရီတူတူရထားတာပဲ။ဒါပေမယ့် အချိန်ကို အသုံးချတဲ့ပုံမတူကြဘူး။ နောက် အာရုံကို အသုံးချတဲ့ပုံ မတူကြဘူး။ နောက် အင်...
22/01/2025

လူတိုင်းက ၂၄ နာရီတူတူရထားတာပဲ။
ဒါပေမယ့် အချိန်ကို
အသုံးချတဲ့ပုံမတူကြဘူး။
နောက် အာရုံကို အသုံးချတဲ့ပုံ မတူကြဘူး။
နောက် အင်နာဂျီကို အသုံးချတဲ့ပုံမတူကြဘူး။
နောက် အလုပ်လုပ်ပုံတွေ မတူကြဘူး။
အဲ့မှာ ဘဝတွေကွာသွားတယ်။

Phyo Paing @ Derek

ဒီနေ့အတွက် ခင်ဗျားမဖြစ်မနေ ဖတ်သင့်တဲ့ တန်ဖိုးကြီးအကြောင်းအရာတွေကို စုစည်းမျှဝေထားပါတယ်
ဘာတွေလဲဆိုတာ ကြည့်ကြရအောင်

( တပုံချင်းစီထောက်ပြီး ဖတ်ရှုပေးပါခင်ဗျာ)

ီ_ဘာ_ဘာ

အသုံးနဲ့ အဖြုန်းအသုံးနဲ့ အဖြုန်းကို ခွဲပြပါဆို နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဒါတွေက အသုံးတွေပါ၊ ဒါတွေကတော့ အဖြုန်းတွေပါဆို...
22/01/2025

အသုံးနဲ့ အဖြုန်း

အသုံးနဲ့ အဖြုန်းကို ခွဲပြပါဆို နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဒါတွေက အသုံးတွေပါ၊ ဒါတွေကတော့ အဖြုန်းတွေပါဆိုပြီး အဖြူနဲ့ အမည်း ကန့်သတ် ခွဲခြားလို့မရတာတွေ များပါတယ်။ ပစ္စည်းတစ်ခုတည်းကို ဝယ်သုံးတာချင်းတူပေမဲ့ တစ်ယောက်အတွက်က အသုံးဖြစ်ချင်ဖြစ်ပြီး နောက်တစ်ယောက်အတွက်ကတော့ အဖြုန်းဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။

ဥပမာ ပေးရရင် ဈေးကြီးပေးရတဲ့ အကောင်းစား မိတ်ကပ်တွေ ကို အမျိုးသမီးနှစ်ယောက် ဝယ်သုံးပါတယ်။ တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးပါ။ နောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးမဟုတ်တဲ့ သာမန် ဝန်ထမ်းပါ။ ရုပ်ရှင်မင်းသမီး ဝယ်သုံးတယ်ဆိုတာက သူ့အတွက် လိုအပ်လို့ပါ။ အလုပ်အတွက် သုံးတဲ့ ငွေပါ။ မင်းသမီးဆိုတော့ သူ့မျက်နှာလေးလှနေဖို့ လိုတယ်မဟုတ်လား။ သူ့ဝင်ငွေ ကောင်းမကောင်းက သူ့သရုပ်ဆောင်ကောင်းတာ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတာအပြင် သူ့မျက်နှာလေးလှနေတာပေါ်လည်း မူတည်နေတာကိုး။ မင်းသမီးကို အားကျပြီး သာမန် ဝန်ထမ်းမလေးက အဲဒီ မိတ်ကပ် ဝယ်လူးနေရင်တော့ (ဝယ်လူးတဲ့ အတွက် လှချင်ရုံကလွဲပြီး မြင်သာတဲ့ အကျိုးအမြတ် ရေရေရာရာ မရှိရင်တော့) ဒါ အဖြုန်းဖြစ်သွားပါပြီ။ ဈေးသင့်ပြီး ​အရည်​အသွေး​​ကောင်းတာမျိုး ရွေးဝယ်သင့်ပါတယ်။ သနပ်ခါး​ရေကျဲလေး လိမ်းထားလည်း ရပါတယ်။

ဒီတော့ အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲမလဲ။

*********************************
(၁) လိုအပ်တာလား၊ လိုချင်တာလား။
*********************************

ငွေမသုံးခင် မဝယ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်မေးရမှာက တကယ် လိုအပ်လို့ သုံးတာလား၊ လိုချင်ရုံ သက်သက် သုံးတာလား ဆိုတာပါပဲ။ လိုချင်ရုံသက်သက် ဆိုရင် ဒါအဖြုန်း ပါပဲ။

အပေါ်က ဥပမာမှာ အကောင်းစား မိတ်ကပ်ကို မင်းသမီးက လိုအပ်ပါတယ်။ ဝန်ထမ်း အမျိုးသမီးအတွက်ကတော့ လိုချင်ရုံ သက်သက်ပါ။

ငွေမသုံးခင် မေးရမှာက ဒါဟာ သေရေးရှင်ရေး အတွက် အရေးကြီးလား၊ ဒါမှ မဟုတ် ဝင်ငွေရပေါက်ရလမ်း အတွက် လိုအပ်လား ဆိုတာပါပဲ။ သေရေးရှင်ရေးမဟုတ်ရင်၊ ကိုယ့် အတွက် အကျိုးအမြတ် အလားအလာ မရှိရင် အဖြုန်းပါ။ ငွေမထုတ်ပါနဲ့။

**********************************
(၂) ဈေးသက်သာလား၊ ဈေးကြီးလား။
**********************************

လိုအပ်တာတော့ ဟုတ်ပါပြီ။ ဒီလောက် ဈေးကြီးပေးစရာ လိုလို့လား။ အခြား ဈေးတော်တဲ့နေရာတွေ ရှိဦးမလား။ အခုဝယ်ဖို့လိုလို့လား။ လျှော့ဈေးချနေတဲ့ အချိန်ကျမှ ဝယ်ရင်ကောင်းမလား။ ဒါမှမဟုတ် ဈေးပိုသက်သာတဲ့ အလားတူ ပစ္စည်းကိုပဲ ဝယ်ရင်ကောင်းမလား။ ဈေးသက်သာပြီး အရည်အသွေးမကောင်းလို့ အဆင်မပြေ ဖြစ်မလား။ စတဲ့ အချက်တွေ စဉ်းစားရပါမယ်။ တွက်ချက်ရပါမယ်။ ကိုယ့်အတွက် လိုအပ်ချက်ကို ပြည့်မီမယ့် ဈေးအသက်သာဆုံး ရွေးချယ်မှုကို လုပ်ရပါမယ်။ အလကားရရင်တော့ အကောင်းဆုံးပေါ့။

ဥပမာ အလုပ်အတွက် အချိန်မရွေး ဆက်သွယ် စကားပြောနိုင်ဖို့ လက်ကိုင်ဖုန်း လိုတာတော့ ဟုတ်ပါပြီ။ ဈေးအကြီးဆုံး ဖုန်းတွေကို ဝယ်ဖို့ လိုအပ်လို့လား။

ဝမ်းရေး အတွက် ထမင်းစားတာတော့ ဟုတ်ပါပြီ။ ဈေးကြီးတဲ့ဆိုင်မှာ စားဖို့ လိုအပ်လို့လား။ ကျန်းမာရေး​နဲ့ ညီညွတ်​တဲ့ ​အစား​အစာ​တွေကို အိမ်မှာ ဈေးသက်သက်သာသာ​နဲ့ ချက်စားလို့ရပါတယ်။

**********************************
(၃) ပြင်သုံးမလား၊ အသစ်ဝယ် မလား။
**********************************

ဈေးသက်သက်သာသာနဲ့ ပြင်သုံးလို့ ရနေရဲ့သားနဲ့ အသစ်လိုချင်လို့ ဝယ်တာဟာလည်း အဖြုန်းပါပဲ။

ဥပမာ လက်ရှိသုံးနေတဲ့ ဖုန်းလေးပျက်သွားရင် ပြင်ကြည့်ပါဦး။ တကယ် လိုအပ်မှ အသစ်ဝယ်ပါ။ အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင် အားလုံး အကျုံးဝင်ပါတယ်။

************************************
(၄) ချွေတာရဲ့လား၊ အသုံးကြမ်းနေလား။
************************************

လိုအပ်လို့ သုံးတာတော့ ဟုတ်ပါပြီ။ ချွေတာသုံးနေလား။ စည်းမရှိ ကမ်းမရှိ သုံးနေလား။

ဥပမာ အခန်းထဲကထွက်ရင် မီတာခ ချွေတာဖို့ လေအေးပေးစက်နဲ့ မီးကို ပိတ်မသွားရင် ဖြုန်းတာပါ။ အိမ်မှာချက်စားတာတွေ ပိုလျှံပြီး အမြဲ သွန်ပစ်နေရရင် ဒါလည်း ဖြုန်းတာပါ။ ဝယ်ထားတာတွေ မသုံးဖြစ် မစားဖြစ်လို့ လွှင့်ပစ် နေရတာလည်း အဖြုန်းပါပဲ။

*******************************************
(၅) ကိုယ်တိုင် လုပ်မလား၊ သူများကို ခိုင်းမလား။
*******************************************

လိုအပ်တာတော့ ဟုတ်ပါပြီ။ သူများကို ပိုက်ဆံပေးခိုင်းမလား။ ကိုယ်တိုင် လုပ်မလား။ ကိုယ်က အခြား ပိုက်ဆံပိုရတဲ့ အလုပ်တွေ လုပ်နေလို့ သူများကို ခိုင်းတယ်ဆိုရင်တော့ အသုံးပါ။ ဒါမှမဟုတ် ပျင်းနေလို့ သူများကို ခိုင်းတာဆိုရင်တော့ အဖြုန်းပေါ့။

ဒါကတော့ ကျွန်တော် ကျင့်သုံးတဲ့ အသုံးနဲ့ အဖြုန်းခွဲနည်းပါ။

ဒါပေမဲ့ ဖြုန်းနိုင်သူတွေ ဖြုန်းလို့ရပါတယ်။ ဖြုန်းနိုင်သူတွေ ဖြုန်းတာကို အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ဖြုန်းနိုင်တဲ့ အဆင့်ရောက်မှ ဖြုန်းပါ။

************************************
(၆) ဖြုန်းနိုင်တဲ့ အဆင့်ရောက်ရင် ဖြုန်းပါ။
************************************

ဒါဆိုဘယ်သူတွေ ဖြုန်းနိုင်လည်း ကြည့်ရအောင်။

ဝင်ငွေကောင်းတိုင်း ဖြုန်းနိုင်တာ ဖြုန်းသင့်တာ မဟုတ်ဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။

ချွေးနဲ့ ပညာနဲ့ ရင်းပြီး ရှာထားရတဲ့ ငွေတွေကို မဖြုန်းပါနဲ့။ ကိုယ့်ကိုယ်ကို ခိုင်းပြီး ရလာတဲ့ ငွေကို မဖြုန်းပါနဲ့။ အဲဒီငွေတွေကို စုပြီး ရင်းနှီးမြှုပ်နှံပါ။ ရင်းနှီးမြှုပ်နှံလို့ ရလာတဲ့ငွေ၊ တစ်နည်းအားဖြင့် ငွေကိုခိုင်းထားပြီး ငွေကရှာပေးတဲ့ ငွေကို ဖြုန်းချင်ဖြုန်းပါ။

ဘာမှ လုပ်စရာ မလိုပဲ ရင်းနှီးမြှုပ်နှံမှုတွေကနေရနေတဲ့ငွေ ဥပမာ ဆိုင်ခန်း၊ အိမ်ခန်း ငှားရာက ရတဲ့ငွေ၊ ဘဏ်တိုးရဲ့ တစ်ချို့တစ်ဝက်၊ ကုမ္ပဏီအစုရှယ်ယာကရတဲ့ အမြတ်ငွေ၊ ကိုယ်ဝင်ပါစရာ မလိုပဲ လည်ပတ်နေတဲ့ လုပ်ငန်းက ရတဲ့ အမြတ်ငွေ စတာတွေကနေ မပင်မပန်းရနေတဲ့ ငွေဆိုရင်တော့ ဖြုန်းချင်ဖြုန်းနိုင်ပါတယ်။

တကယ်လို့ ကိုယ့်မှာ အကြွေးမရှိရင်တော့ နည်းနည်းဖြုန်းချင်ဖြုန်းလို့ရပါတယ်။ စုမိတဲ့ ရာခိုင်နှုန်း ၃၀% ချန်ထားပြီးလို့ ပိုရင်တော့ အဖြုန်းကို ဝင်ငွေရဲ့ ၅% ကနေ ၁၀% ကြား လျာထားလို့ရပါတယ်။ စုမိငွေ မကျန်တော့အောင် ဖြုန်းတာမျိုးနဲ့ ချေးပြီး ဖြုန်းတာမျိုးကိုတော့ လုံးဝ (လုံးဝ) မလုပ်သင့်ပါ ခင်ဗျာ။

ဥပမာ ကိုယ့်ရဲ့ဝင်ငွေက တစ်လ ၁၀ သိန်းဖြစ်ပြီး အကြွေးလည်းမရှိဘူး ဆိုရင်တော့ တစ်လ ၅ သောင်းကနေ တစ်သိန်းကြားကို အပျော်သုံးငွေ (အဖြုန်း) အဖြစ် ထားနိုင်ပါတယ်။ ဒါပေမယ့် ၃၀% ဖြစ်တဲ့ ၃ သိန်းကို အရင်စုပြီးမှ ပိုတဲ့ငွေထဲက ဖြုန်းပါ။

ဒီလောက်ဆိုရင် အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲရမယ်၊ ဖြုန်းချင်ရင်တောင် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာမှ ဘယ်ကရတဲ့ငွေကို ဖြုန်းလို့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

​လေးစားစွာဖြင့်
ပိုးစုန်းကြူး

ီ_ဘာ_ဘာ_ငွေ_ကြေး_ပညာ
ီ_ဘာ_ဘာ

21/01/2025

ပိုက်ဆံမရှိဘဲအသက် ငယ်လို့ရတယ် ဒါပေမယ့်
ပိုက်ဆံမရှိဘဲ အသက်ကြီးလို့ မရဘူး
ဒါကြောင့် လူငယ်တွေအနေနဲ့ ငယ်ရွယ်စဥ်ကတည်းက
ငွေရှာနိုင်အောင် ကြိုးစားပါ

ရပ်မနေနဲ့ ကြိုးစား
ကိုယ်ရပ်လိုက်တာနဲ့ သွားနေတဲ့သူတွေက
ကိုယ့်ကိုကျော်တက်သွားလိမ့်မယ်။

ကိုယ်အိပ်နေတဲ့ အချိန်မှာ
မအိပ်ပဲ အလုပ်လုပ်နေတဲ့သူတွေရှိတယ်ဆိုတာ မမေ့နဲ့

အောင်မြင်မှုဆိုတာ ဦးမြင့်မောင် မဟုတ်သလို
ဦးမောင်မြင့်နဲ့လဲ ဘာမှမဆိုင်ဘူး။

ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနိုင်ဖို့ကြိုးစား
ကိုယ်မရေးနိုင်ရင် သူများဝင်ရေးသွားတာ ခံရမယ်။

ဒီနေ့မှာ အောင်မြင်တဲ့လူတယောက်၊ ချမ်းသာကြွယ်ဝတဲ့လူတယောက်ဖြစ်ဖို့ဆိုရင် မဖြစ်မနေ သိထားရမယ့် တန်ဖိုးကြီး အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးသွားမှာပါ ကြည့်ကြရအောင်

ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

တရက်မှာ အလီဘာဘာကို အချိန်(၁၅)မိနစ်ဘဲပေးပြီး  အလီဘာဘာကနေ မျှဝေပေးတဲ့ တန်ဖိုးကြီးအကြောင်းအရာတွေကို နေ့စဉ် ဖတ်ရှုပါ      ီ_...
21/01/2025

တရက်မှာ အလီဘာဘာကို အချိန်(၁၅)မိနစ်ဘဲပေးပြီး

အလီဘာဘာကနေ မျှဝေပေးတဲ့ တန်ဖိုးကြီးအကြောင်းအရာတွေကို

နေ့စဉ် ဖတ်ရှုပါ

ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တယ် အောင်မြင်မှု ရဖို့ ကြိုးစားနေတာဟာ သုံးထပ်တိုက် တစ်လုံးရဲ့ အပေါ်ဆ...
21/01/2025

အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တယ်

အောင်မြင်မှု ရဖို့ ကြိုးစားနေတာဟာ
သုံးထပ်တိုက် တစ်လုံးရဲ့ အပေါ်ဆုံးထပ်ကို တက်ရတဲ့ ဥပမာနဲ့ တူတယ်။

သုံးထပ်တိုက် တစ်လုံးရဲ့ အပေါ်ဆုံးထပ်ကို ရောက်ဖို့ ဓာတ်လှေကားလည်း မရှိဘူး ဆိုပါစို့။

ခင်ဗျား ဘယ်လိုတက်မလဲ ?
ပထမထပ်ကို အရင်ရောက်အောင်သွားမယ်။
ပြီးရင် နောက်တစ်ထပ်။
ပြီးရင် အပေါ်ဆုံးထပ်။

သေချာတာပေါ့.. ဓာတ်လှေကားမရှိဘူးဆိုရင်
ရိုးရိုးလှေကားကနေပဲ တက်မယ်။

ဒီမှာလည်း လှေကား ၄ ဆင့် / ၅ ဆင့် လောက်ကို တစ်ခါတည်း လှမ်းတက်လို့ မရဘူး။
တက်လို့ ရတယ် ထားအုံးတော့..။
ပင်ပန်းမယ် ၊ ဟန်ချက်မညီဘဲ ပြုတ်ကျနိုင်တယ်။
ဒီတော့ ၁ ဆင့်ချင်းတက်မယ်။

ဒီမှာလည်း ပြေးတက်မလား ?
ဖြည်းဖြည်းချင်း ပုံမှန် တစ်ဆင့်ချင်းတက်မလား ? ဆိုတာ လိုသေးတယ်..
​အပြေးအလွှားတက်ရင် မောပြီး ရပ်ရနိုင်တယ်။
ဒီတော့ တစ်ဆင့်ချင်း ပုံမှန်တက်သွားမယ်။

တက်နေတုန်းတော့ မသိသာပေမဲ့
အပေါ်ဆုံးထပ်ကိုရောက်လို့ ဝရန်တာ ကနေ
ငုံကြည့်တဲ့ အခါ အတော်မြင့်တဲ့ နေရာရောက်နေတာ တွေ့ရလိမ့်မယ်။


အောင်မြင်မှု ရဖို့ ကြိုးစားနေတာဟာ ဒီဥပမာနဲ့ တူတယ်။

ခင်ဗျား ရည်ရွယ်ကို အရင်ချထားရမယ်။

ပြီးရင် လုပ်ဆောင်မှု အတိုင်းအတာ သတ်မှတ်ရတယ်။
လုပ်ဆောင်နေမှု နည်းတာ / များတာ / သေးတာ / ကြီးတာ ကိစ္စမဟုတ်ဘူး။

" ပုံမှန်နဲ့ ရေရှည်ကြိုးစားသွားနိုင်မှုက အဓိက "

ဘယ်လောက်နှေးတဲ့အရွေ့နဲ့သွားသွား
မရပ်ဘဲ ရပ်သွားနေဖို့တော့လိုတယ်။

ခင်ဗျား လုပ်ဆောင်မှုက သေးပေမဲ့
စိတ်ဓာတ်ကျနေစရာမလိုဘူး။
သွားနေရမယ်။

ကြိုးစားနေတုန်းမှာ
လျှောက်လှမ်းနေတုန်းမှာ မသိပေမဲ့
တကယ် ရောက်သွားတဲ့အခါ
အံ့အားသင့်စရာကောင်းလောက်အောင်ကို
အောင်မြင်မှုရဲ့ အရသာကို သိရလိမ့်မယ်။

အဲ့ဒါ လုံးဝ မှန်တဲ့ နိယာမပဲ 💪

ခင်ဗျားလုပ်ဖို့လိုတာက..

" ခင်ဗျား လုပ်ဆောင်မှု ဘယ်လောက်သေးသေး
လုံးဝရပ်မနေဘဲ ကြိုးစားလျှောက်နေဖို့ပဲ "

လူငယ်တွေအနေနဲ့ ခင်ဗျားတို့ဘဝမှာ
ကိုယ့်လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး အားမရသလို ၊ စိတ်ဓာတ်ကျသလို ဖြစ်နေတဲ့အခါတိုင်း ဒီဥပမာကို အမြဲသတိရပါ..🤍

U Myo Nyunt Naing
(Motivational Speaker & Business Consultant)

ီ_ဘာ_ဘာ

ပျော်ရွှင်မှုဆိုတာ ပင်ပန်းပြီးမှ အနားယူတဲ့ အရသာမျိုးပါခါးသက်ပြီးမှ၊ ချိုမြိန်ခြင်းရဲ့ အရသာမျိုးပါ။   ီ_ဘာ_ဘာ_AI   ီ_ဘာ_ဘ...
20/01/2025

ပျော်ရွှင်မှုဆိုတာ ပင်ပန်းပြီးမှ အနားယူတဲ့ အရသာမျိုးပါ

ခါးသက်ပြီးမှ၊ ချိုမြိန်ခြင်းရဲ့ အရသာမျိုးပါ။

ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

YouTube ကနေ တကယ်ဘဲ ဝင်ငွေရှာလို့ ရနေတာလား?   ကျွန်တော်တို့လူငယ်အများစုဟာ အချိန်တော်တော်များများ အင်တာနက်ပေါ်မှာ အချိန်ကု...
20/01/2025

YouTube ကနေ တကယ်ဘဲ ဝင်ငွေရှာလို့ ရနေတာလား?

ကျွန်တော်တို့လူငယ်အများစုဟာ အချိန်တော်တော်များများ အင်တာနက်ပေါ်မှာ အချိန်ကုန်ကြတယ်

YouTubeမှာ ဗီဒီယိုတွေကြည့်ကြတယ် ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားမိတာရှိလား?
အချိန်တွေ ငွေတွေအကုန်ခံပြီး ဒီလူတွေက YouTube မှာ ဗီဒီယိုတွေ ဖန်တီးပြီး တင်နေကြလဲဆိုတာကိုပေါ့

အဖြေက YouTube ကနေ ပိုက်ဆံတွေပေးနေလို့ပါ
ဝင်ငွေမရဘဲနဲ့တော့ ဘယ်သူမှ အချိန်ကုန်ခံ ဗီဒီယိုတွေ မလုပ်ပါဘူး

ဒီတော့ ခင်ဗျားအနေနဲ့ YouTubeကနေ သူများဗီဒီယိုတွေကို ဘေကုန်ခံကြည့်မလား?
ကိုယ်တိုင် ဗီဒီယိုတွေ ဖန်တီးပြီး YouTube ကနေ ဝင်ငွေရှာမလား?

အိမ်မှာနေရင်း ဗီဒီယိုတွေဖန်တီးရင်း YouTubeကနေ ဝင်ငွေရှာလို့ရနေတယ်
ဒါဟာ လူငယ်တွေအတွက် အသင့်တော်ဆုံးဘဲ

ဒီတော့ YouTube ကနေ ဝင်ငွေဘယ်လိုရသလဲ? ဘယ်လိုနည်းလမ်းတွေရှိသလဲ? ဘာတွေသိထားရမလဲ?ဆိုတာကို အသေးစိတ်ပြောပြပေးသွားမှာပါ
ကြည့်ကြရအောင်




ီ_ဘာ_ဘာ

19/01/2025

တရုတ်တို့ရဲ့ အောင်မြင်တဲ့ ဈေးရောင်းနည်း

တရုတ်တွေဟာ ကမ္ဘာပေါ်မှာ စီးပွားအရှာ အတော်ဆုံးလို့ ဆိုစမှတ်ပြု ကြပါတယ်။
- ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို မီးခိုးရှိရင် ခေါက်ဆွဲဆိုင်ရှိတယ်။ ခေါက်ဆွဲရှိရင်တရုတ်ရှိတယ်။
- တရုတ်လိုရှာ ဗမာလို မဖြုန်းနဲ့။
ဆိုတဲ့ စကားတွေကလည်း တရုတ်တွေရဲ့ ရောက်တဲ့နေရာမှာ စီးပွားရေးကို ရှာကြံလုပ်တတ်တယ်ဆိုတာကို ထင်ဟပ်နေပါတယ်။

တရုတ်တွေရဲ့ စီးပွားရေးလုပ်ဟန်ကို နားလည်ပြီး အောင်မြင်ဖို့အတွက် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် {၁၇} ချက်ကို လေ့လာကြည့်ရအောင်ပါ။

ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

ချမ်းသာတဲ့မိသားစုက မွေးလာတာမဟုတ်လည်း လူချမ်းသာဖြစ်စေမယ့် နည်းလမ်း(၇)ခုလူချမ်းသာတစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်တော့ ချမ်းသာ...
19/01/2025

ချမ်းသာတဲ့မိသားစုက မွေးလာတာမဟုတ်လည်း လူချမ်းသာဖြစ်စေမယ့် နည်းလမ်း(၇)ခု

လူချမ်းသာတစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်တော့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာဖို့မလိုပါဘူး။
ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လူချမ်းသာမိသားစုက ဆင်းသက်လာကြတာ မဟုတ်သလို ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ကြရတဲ့လူတွေပါ။
ဒီတော့ သူတို့အနေနဲ့ ဒီလိုချမ်းသာအောင် ဘယ်လိုမျိုးတွေ စွမ်းဆောင်ခဲ့ကြသလဲ။ သူတို့ရဲ့ လျို့ဝှက်ချက်တွေက ဘာတွေလဲ စသဖြင့် သိချင်ကြမှာပါပဲ။ သင့်အနေနဲ့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတာမဟုတ်ပဲ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ဖို့ ဘယ်လိုအချက်တွေကို သိထားရမလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်…

(၁)။ သင် ဘာဖြစ်ချင်လဲဆိုတာ သင်သေချာသိရမယ်

သင် ဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လုပ် ဒီအလုပ်ကို ဘာအတွက် လုပ်နေရသလဲဆိုတဲ့ ကိစ္စက သင့်ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။
ဒီလိုမှပဲ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် သင် အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိစေမှာပါ။ အလုပ်ကရတဲ့ ပိုက်ဆံတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လိုနည်းနဲ့ တခြားနေရာတွေမှာ မြှုပ်နှံမလဲ စတဲ့အချက်တွေကလည်း သင်အမြဲတမ်း တွေးနေရမယ့် အချက်တွေဖြစ်ပြီး သင့်ရဲ့အလုပ်အကိုင်နဲ့ဝင်ငွေကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ခြင်းက သင့်ကို ချမ်းသာတဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားစေမှာပါ။

(၂)ဖြတ်လမ်းနည်းမသုံးပါနဲ့

သင့်ရဲ့ဝင်ငွေဟာ ဘယ်လောက်ပဲ နည်းနေတယ်ဆိုဦး သင့်အနေနဲ့ ဝင်ငွေတွေပိုများလာဖို့ ဖြတ်လမ်းနည်းမသုံးသင့်ပါဘူး။ အဲဒါက အန္တရာယ်များပြီး အချိန်မရွေး သင့်ကို ချောက်ထဲ ကျသွားနိုင်တာမျိုးပါ။ သင့်ရဲ့လက်ရှိအလုပ်ကို ကြိုးစားလုပ်ရင်း ဝင်ငွေတိုးအောင် လုပ်သင့်သလို၊ ကိုယ်ကျွမ်းကျင်တဲ့ တချို့အလုပ်လေးတွေကို အစပျိုးပြီး လုပ်ကြည့်တာမျိုးက ပိုပြီး ကောင်းပါတယ်။

(၃)။ စွန့်စားရမယ့် အခြေအနေတွေကို သတိထားပါ

သင့်အနေနဲ့ ဘဝတစ်ခုလုံးပြောင်းလဲဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုလာပြီဆိုပါတော့။
သင့်အနေနဲ့ အောင်မြင်ရင် ချမ်းသာသွားနိုင်ပြီး မအောင်မြင်ခဲ့ရင်တော့ သင်စုဆောင်းထားသမျှ အားလုံး ကုန်သွားနိုင်တဲ့ အနေအထားပါ။ ဒီလိုအခြေအနေက စွန့်စားရမယ့် အခြေအနေဖြစ်ပြီး သင့်အနေနဲ့ သတိထားဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလိုအခြေအနေမျိုးကို ရွေးချယ်မယ့်အစား ကိုယ့်အတွက် အန္တရာယ်ကင်းပြီး ဝင်ငွေတိုးနိုင်မယ့် တခြားနည်းလမ်းတစ်ခုကို ရှာဖွေကြည့်တာက ပိုလို့တောင်ကောင်းပါသေးတယ်။

(၄)။ မတူညီတဲ့အမြင်တွေကနေ စဉ်းစားပါ

သင့်အနေနဲ့ သူများတွေထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုရင် သူများတွေနဲ့ မတူတဲ့အမြင်မျိုးရှိရမှာပါ။ တခြားလူတွေနဲ့မတူတဲ့ အမြင်မျိုး၊ အတွေးအခေါ်မျိုး တွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့စိတ်ကို နားလည်နိုင်ဖို့လည်း လိုပါတယ်။ဒါမှသာ တခြားသူတွေနဲ့ ကွဲပြားတဲ့အလုပ်အကိုင်တွေကို တီထွင်လုပ်ကိုင်နိုင်မှာဖြစ်ပြီး သင့်ဘဝတက်လမ်းအတွက် အကျိုးရှိပါလိမ့်မယ်။

(၅)။ ပိုက်ဆံတန်ဖိုးကိုနားလည်ပါ

သင့်အနေနဲ့ ပိုက်ဆံများများ ရှာနိုင်တဲ့အချိန်မှာ ပိုက်ဆံတန်ဖိုးကို နားလည်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ရနေတဲ့ဝင်ငွေတွေ အားလုံးက ကိုယ်ပြန်သုံးပစ်တာနဲ့ ကုန်သွားမယ်ဆိုရင် သင့်အတွက် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်တော့ပါဘူး။ ဒီတော့ သင့်ရဲ့ဝင်ငွေထဲက ပမာဏတစ်ချို့ကို စုဆောင်းထားသင့်ပြီး ဒါက သင့်ရဲ့အရေးပေါ်အခြေအနေ၊
ဒါမှမဟုတ် အနာဂတ်ရင်းနှီးမြှပ်နှံမှုတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၆)။ သင့်ကိုယ်သင်ဆင်ခြေမပေးပါနဲ့

သင့်အနေနဲ့ ပုံမှန်ဝင်ငွေတွေကို စုဆောင်းနေတာကနေ အကြောင်းပြချက်တစ်ခုနဲ့ အဲဒါကို ရပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။
“ဒီလတော့ ပင်ပန်းလို့ ပိုသုံးလိုက်မယ်” “ဒီလတော့ အဝတ်အစားနည်းနည်းပိုဝယ်လိုက်မယ်” စတာမျိုးက သင့်ကို အကျင့်ဖြစ်သွားစေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ စုဆောင်းလိုစိတ်ကို ပျောက်သွားစေပါလိမ့်မယ်။
အလားတူပဲ သင့်အနေနဲ့ အလုပ်ကြိုးစား လုပ်နေရာကနေ သင့်ကိုယ်သင် ဆင်ခြေတွေပေးပြီး အလုပ်ကို ပုံမှန်ထက်လျော့လုပ်တာမျိုး မလုပ်မိပါစေနဲ့။ အဲဒါက သင့်ရဲ့ ရည်မှန်းချက်တွေကို ပျောက်သွားစေပါလိမ့်မယ်။

(၇) အမှားလုပ်မိမှာ မကြောက်ပါနဲ့

သင့်အနေနဲ့ အပြောင်းအလဲတစ်ခုခု လုပ်ဖို့ ကြိုးစားတိုင်း မှားသွားမလားဆိုတဲ့ ခံစားမှုမျိုး ခံစားနေရတယ်ဆိုရင် အဲဒါကို ပြောင်းလဲပစ်ဖို့ အမြန်ဆုံးကြိုးစားပါ။ သင့်အနေနဲ့ အလုပ်လုပ်နေသရွေ့ အမှားအယွင်းတွေကို ရင်ဆိုင်ရမှာဖြစ်ပြီးအဲဒါတွေကနေ သင်ခန်းစာယူဖို့ ကြိုးစားတာအကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့အမှားတွေကနေတစ်ဆင့် ပြန်ပြီး သင်ခန်းစာယူနိုင်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကြုံတွေ့နေရတဲ့ အမှားတွေကနေတစ်ဆင့်လည်း သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။

ီ_ဘာ_ဘာ

Address


Alerts

Be the first to know and let us send you an email when အ လီ ဘာ ဘာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share