PTKCE

PTKCE A media outlet that reflects news and reviews of consumer electronics, everything about web dev and my works.

Damn! Microsoft....
03/02/2023

Damn! Microsoft....

16/09/2022

Figma ကို Adobe ကဝယ်လိုက်ပြီ။ Free tool လေးကနေ Paid version တွေ ၊ limitations တွေနဲ့ဖြစ်လာတော့မလား။

22/07/2022

GitHub မှာဒီလိုအရင်နှစ်က ကိုယ်လုပ်ခဲ့တဲ့ contribution တွေကို 3D နဲ့ပြပေးတာ ခုမှသိတယ် 🤣

ကိုယ်လုပ်ခဲ့တာပြန်ကြည့်ရတော့ ကြည့်လို့ကောင်းသားပဲ

နှစ်ကုန်ခါနီးမှ commit တွေစရှိတာက အဲ့အချိန်မှ computer ရလို့ပါ 😆

06/07/2022

PTKCE website လေး အရင်ပတ်လောက်ကကျသွားတယ်။ အကြောင်းရင်းက ကိုယ်နဲ့အတူသုံးတဲ့ shared hosting က တခြား website က community standards နဲ့မညီတာတွေတင်မိလို့ ကိုယ့် website ပါလာထိတာ။

အဲ့တော့ ပိုအဆင်ပြေပေမဲ့ နည်းနည်းပိုအလုပ်ရှုပ်နိုင်တဲ့ VPS Hosting ပြောင်းသုံးတယ်။ ကိုယ့် website ကို လူများတကာကြည့်နိုင်သုံးနိုင်ဖို့ အင်တာနက်ပေါ်တင်ရတာ မလွယ်ဘူးဆိုတာ သိလာရတယ်။

Hosting နဲ့ Web Server တွေအကြောင်း Domain Name System (DNS) နဲ့ SSL တွေအကြောင်း၊ Server Os ( များသောအားဖြင့် Linux os) တွေရဲ့ command တွေ file structure တွေအကြောင်း ဗဟုသုတရှိထားဖို့ လေ့လာထားဖို့ ကိုယ့်လို web developer ‌သင်ခါစတွေကို သတိပေးချင်တာပါ။

Facebook ကပါ ptkce dot. com ကို ဘန်းသွားလို့ ptkce.net ဆိုပီး domain အသစ်ပြောင်းထားလိုက်ပါတယ်ဗျ။
အဲ့တော့ PTKCE ရဲ့ အဓိက website က ptkce.net ဖြစ်သွားပါပီ။
Browser မှာ ptkce dot. com ကိုသွားရင်လည်း ptkce.net ကိုပဲ redirect လုပ်ပေးနေပါတော့မယ် 🕊️🕊️

Microsoft ရဲ့ ဈေးသက်သာပါတယ်ဆိုတဲ့ Surface Laptop ရဲ့အခြေအနေ
07/06/2022

Microsoft ရဲ့ ဈေးသက်သာပါတယ်ဆိုတဲ့ Surface Laptop ရဲ့အခြေအနေ

Microsoft ရဲ့ laptop တွေကပြည်တွင်းမှာ ရောင်းချတာမတွေ့ရသလောက် နည်းပါတယ်။ ဒါပေမဲ့ computer ပမာဏအများဆုံးအသုံးပြုနေတဲ့ Windows OS ရ.....

Razer ရဲ့Linux OS နဲ့ လပ်တော့က ဘယ်လိုလဲ
27/05/2022

Razer ရဲ့Linux OS နဲ့ လပ်တော့က ဘယ်လိုလဲ

Razer ကို gaming laptop brand တစ်ခုအဖြစ်လူအများသိကြပါတယ်။ သူ့ရဲ့ laptop တွေအားလုံးကလည်း Windows OS ကိုသုံးထားပါတယ်။

ကိုယ့်မှာ page ရှိပီးသားဆိုရင် Website လိုအပ်သေးလို့လား
10/05/2022

ကိုယ့်မှာ page ရှိပီးသားဆိုရင် Website လိုအပ်သေးလို့လား

page နဲ့ website ဘာကွာလဲ။ page နဲ့တင် မလုံလောက်ဘူးလား။ page နဲ့ website မှာ websiteက ကိုယ်နဲ့ကိုယ့်လုပ်ငန်းအတွက် ပိုပြီးလ.....

ကမ္ဘာက အလွန်ပူနွေးလာတာကြောင့် နောက်ဆယ်စုနှစ်အတွင်း ဒီအခြေအနေကိုမပြင်ဆင်နိုင်ရင် အန္တရာယ်ရှိနိုင်တယ်ဟုဆိုကာ NASAမှအပါဝင် ...
15/04/2022

ကမ္ဘာက အလွန်ပူနွေးလာတာကြောင့် နောက်ဆယ်စုနှစ်အတွင်း ဒီအခြေအနေကိုမပြင်ဆင်နိုင်ရင် အန္တရာယ်ရှိနိုင်တယ်ဟုဆိုကာ NASAမှအပါဝင် သိပ္ပံပညာရှင်များ ဆန္ဒပြကြတဲ့သတင်းက လူပြောများလာပါတယ်။

ဒီသတင်းနဲ့အတူ ကမ္ဘာပူနွေးမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်(Co2) တွေလျော့ချဖို့ မလိုတော့တဲ့ e-mails တွေဖျက်ပစ်ဖို့တိုက်တွန်းလာကြတာတွေလည်းတွေ့ရပါတယ်။

Emails တွေကိုအကျိုးအရှိဆုံးနည်းနဲ့ဘလိုဖျက်မလဲမပြောခင် email တွေဖျက်ပစ်တာတဲ့ Co2 လျော့ချတာဘလိုဆက်စပ်လဲရှင်းပြချင်ပါတယ်။ မဖျက်ပဲကိုယ်သိမ်းထားတဲ့ emails တွေကို Data center တွေ
ထဲမှာသိမ်းရပြီးဒီကနေ Co2 တွေထွက်ပါတယ်။ နည်းပညာနယ်ပယ် ICT ( Information & Communication Technology ) ကနေထွက်တဲ့ Co2 ပမာဏရဲ့ 45% က ဒီလို Data Center တွေအသုံးပြုမှုများခြင်းကြောင့် ထွက်တာပဲဖြစ်ပါတယ်။ ( edited : data center တွေကနေ အခိုးအငွေ့ပျံပြီး Co2 ထွက်တာမဟုတ်ပါဘူး၊ data center တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးရတဲ့ energy သုံးစွဲမှုကြောင့်ထွက်တာပါ၊ ဘာပဲဖြစ်ဖြစ် ဒီလို Co2 ထွက်တယ်ဆိုတာ ‌data center တွေမှာတာဝန်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်၊ စာရှည်လို့ဖတ်တဲ့သူပျင်းမသွားအောင် အလွယ်ရှင်းပြခဲ့တာပါ)

ကျနော်တို့ email တွေတအားများနေတယ်ဆိုတာ နေ့စဉ် အချိန်နဲ့အမျှပေးပို့နေတဲ့ newsletters တွေကြောင့်ပါ။ တစ်ခါဖျက်လိုက်လည်း‌နောက်ရက်ပိုင်းလောက်နေရင်အရင်လိုပြန်များလာမှာပါပဲ။

Cleanfox ဆိုတဲ့ app က ဒီလို newsletters တွေကို အချိန်တိုအတွင်းဖျက်နိုင်သလို ကိုယ်နောက်ထပ်မလိုချင်တဲ့ ပေးပို့သူဆီကလာတဲ့ mail ဆိုရင် အလိုအလျောက်ဖျက်ပေးတဲ့ လုပ်ဆောင်ချက်လည်းပါပါတယ်။ app က UI လည်းလှသလို သုံးရတာလည်းလွယ်ပါတယ်။ Tinder dating app မှာလို ဘေးအပေါ်အောက်တွန်းရွှေ့ရုံနဲ့ mail တွေဖျက်နိုင်မှာပါ။ ကိုယ်ဖျက်ခဲ့တဲ့ mail အရေအတွက်နဲ့ လျော့ချခဲ့တဲ့ Co2 ပမာဏကိုလည်းပြပေးပါတယ်။ ကျနော်ကတော့ 15.04kg per year ပမာဏလျော့ချခဲ့ပီးပါပီ။

Play store link : https://play.google.com/store/apps/details?id=io.cleanfox.android

App store link : https://apps.apple.com/us/app/cleanfox-mail-spam-cleaner/id1136298377

Accountဖွင့်လို့ Referral Code တောင်းတဲ့အခါ ဒီကုဒ် 5068184B1D ကိုသုံးပီးဝင်တဲ့သူတိုင်းအတွက် Cleanfox က WeForest ဆိုတဲ့ Organization နဲ့ပူးပေါင်းပီး Base area 1 m² ရှိတဲ့အပင်တွေ စိုက်ပေးသွားမှာလည်းဖြစ်ပါတယ် 🕊️

အမှန်တော့ နည်းပညာနယ်ပယ်ကနေ Co2 တွေလျော့ချဖို့ဆိုတာ emails တွေဖျက်တာအပြင် video or သီချင်းတွေကို တိုက်ရိုက် streaming လုပ်တာတွေ၊ online ပေါ်ကဈေးဝယ်တာတွေ၊ cloud storage တွေအလွန်ကျွံသုံးတာတွေ၊ wifi မဟုတ်ပဲ mobile network သုံးတာတွေ၊ မလိုအပ်ပဲ browser tab တွေဖွင့်ထားတာတွေပါ လျော့ချသင့်ပါတယ်🕊️🕊️🕊️

ဒီလထဲမှာထွက်မဲ့ Ubuntu 22.04 LTS ကဘာတွေထူးခြားပြောင်းလဲသွားမလဲ။ပထမဆုံးအနေနဲ့ ဒီ Ubuntu 22.04 ရဲ့ code name က Jammy Jelly...
13/04/2022

ဒီလထဲမှာထွက်မဲ့ Ubuntu 22.04 LTS ကဘာတွေထူးခြားပြောင်းလဲသွားမလဲ။

ပထမဆုံးအနေနဲ့ ဒီ Ubuntu 22.04 ရဲ့ code name က Jammy Jellyfish ဖြစ်ပြီး Long Term Support version ဖြစ်ပါတယ်။ Jammy ဆိုတာ 'ကံကောင်းသော'လို့ ဆိုလိုတာဖြစ်ပါတယ်။ Default wallpaper ကတော့ပုံမှာမြင်ရတဲ့အတိုင်း Jellyfish ပုံလေးပါ။ ဒီ version က 5နှစ်ကြာ update ရမှာဖြစ်ပါတယ်။

Ubuntu ရဲ့ Logo အသစ်ကိုလည်း Login screen နဲ့ boot တက်တဲ့အချိန်တွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Android ဖုန်းတွေမှာလို accent color ရွေးလို့ရတဲ့ feature တစ်ခုလည်းပါလာပါတယ်။ ရွေးလိုက်တဲ့ color ကို icon တွေ၊ app တွေအပါဝင် system အနှံ့တွေ့ရမှာပါ။ Dark Mode က default ဖြစ်ပြီး အရောင်တွေပိုတောက်လာလို့ UI ကသုံးရတာ မတူတဲ့၊ fresh ဖြစ်တဲ့ခံစားချက်မျိုးရပါတယ်။

Screenshot နဲ့ Recorder အတွက် UI အသစ်ကိုလည်းတွေ့ရပါတယ်။ Light/dark modes တွေကအရင်ထက် powerful ဖြစ်လာပါတယ်။ Dark Mode ထားလိုက်ရင် Shell theme ကိုပါ dark mode ပြောင်းပေးတာမျိုးပါ။ Display Server အနေနဲ့ Wayland ကို default အနေနဲ့ဖြစ်လာပါပြီ။

Multitasking အတွက် အလျားလိုက်ရွှေ့ရအသုံးပြုရမဲ့ Workspace နဲ့ App Launcher တွေ အသစ်တွေ့ရပါတယ်။ ဒါက Ubuntu 21.10 user တွေအတွက်တော့အသစ်မဟုတ်ပါဘူး။ ဒီအပြောင်းအလဲတွေက Gnome 42 ကိုသုံးထားလို့ဖြစ်ပါတယ်။ အသေးစိတ်ဘာတေပြောင်းလဲသွားလဲဆိုတာကို ကိုယ်တိုင်သုံးတဲ့အခါမှ ထပ်မံရှာဖွေကြည့်စေချင်ပါတယ်။

Linux kernel version ကတော့ 5.15 ဖြစ်သွားပါပြီ။ အခုချိန်မှာတော့ Ubuntu 22.04 ကို Beta version ကိုပဲသုံးလို့ရအုန်းမှာဖြစ်ပြီး official version ကို ဒီလ April 21 ရက်နေ့မှာ သုံးလို့ရသွားမယ်လို့ဆိုပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ ဒီ Ubuntu 22.04 က Resberry Pi နဲ့ အလိုက်ဖက်ဆုံးသုံးလို့ရဖို့ သေချာ ဒီဇိုင်းဆွဲထားတယ်လို့လည်းသိရပါတယ်။
Resberry Pi အကြောင်းကို ကျနော်ထပ်ရေး‌ပါအုန်းမယ်။တင်တဲ့အခါသိရအောင် follow လုပ်ထားပေးခဲ့ပါ 🕊️🕊️🕊️

Workspace
11/04/2022

Workspace

Zuck Bucks 💵Meta က "Zuck Bucks" လို့ခေါ်တဲ့ digital currency  တစ်မျိုးကို ပြုလုပ်နေတယ်လို့သိရပါတယ်။ cryptocurrency မဟုတ်...
07/04/2022

Zuck Bucks 💵

Meta က "Zuck Bucks" လို့ခေါ်တဲ့ digital currency တစ်မျိုးကို ပြုလုပ်နေတယ်လို့သိရပါတယ်။ cryptocurrency မဟုတ်ပါဘူး။
Game တွေထဲမှာပါတဲ့ Currency တွေလိုမျိုး Meta platforms တွေပေါ်မှာလည်း Zuck Bucks တွေကို ရောင်းချအသုံးပြုခွင့်ပေးမယ့်သဘောပါ။

Cryptocurrencyတွေအနေနဲ့ကတော့ NFT နဲ့ပတ်သတ်နဲ့လုပ်ဆောင်ချက်တွေကို Facebook နဲ့ Instagram မှာထည့်သွင်းဖို့ စမ်းသပ်နေတယ်လို့လည်း Zuckerberg ကပြောပါတယ်။

Zuck Bucks အပြင် Social Tokens or Reputation Tokens လို့ခေါ်တဲ့အရာတွေကို Facebook group တွေမှာ Contribution လုပ်တဲ့သူတွေကို ဆု အနေနဲ့ပေးဖို့ စီစဉ်နေတယ်လို့ Finance Times သတင်းစာကဖော်ပြထားပါတယ်။

ဒီပုံတွေက Anime-Girls-Holding-Programming-Books ဆိုတဲ့ GitHub repository ထဲကပါ။နာမည်အတိုင်း ဒီ repo ထဲမှာ programming စာ...
02/04/2022

ဒီပုံတွေက Anime-Girls-Holding-Programming-Books ဆိုတဲ့ GitHub repository ထဲကပါ။
နာမည်အတိုင်း ဒီ repo ထဲမှာ programming စာအုပ်တွေကိုင်ထားတဲ့ anime girls ဓာတ်ပုံတွေတွေ့ရမှာပါ။

အသုံးဝင်လားမသိပေမဲ့ stars 12.4k နဲ့ contributor 200ကျော်ရှ်ိပါတယ်။ ကိုယ်တိုင်လည်းသွား contribute သွားလုပ်လို့ရပါတယ်။

ကိုယ် contribute လုပ်မဲ့ပုံထဲက Character က မိန်းကလေး ( or ) မိန်းကလေးနဲ့တူရမယ်လို့
Contribution guidelines ထဲမှာ ရေးထားပါသေးတယ်။

https://github.com/cat-milk/Anime-Girls-Holding-Programming-Books

FOLDING Laptop !!Laptop အားလုံးကခေါက်လို့ရတာဟုတ်ပါတယ်။ဒါပေမဲ့ Asus ZenBook Fold က ပုံမှာမြင်ရတဲ့အတိုင်း အမိုက်စား ခေါက်လ...
29/03/2022

FOLDING Laptop !!
Laptop အားလုံးကခေါက်လို့ရတာဟုတ်ပါတယ်။
ဒါပေမဲ့ Asus ZenBook Fold က ပုံမှာမြင်ရတဲ့အတိုင်း အမိုက်စား ခေါက်လို့ရတဲ့ display နဲ့ Laptop ပါ။

Keyboard ကို Wireless Bluetooth keyboard အနေနဲ့ ခွဲထုတ်ထားပီး ပုံစံ 6မျိုးထိသုံးလို့ရပါတယ်။ Keyboard တပ်မထားဘဲ Screen ကိုလည်းခေါက်မထားဘဲ Tablet လိုသုံးလို့ရပါတယ်။ Tablet လိုသုံးလို့ရတယ်ဆိုပေမဲ့ tablet မဟုတ်ပါဘူး ၊ intel i7 12th gen CPU, Iris Xe Graphics နဲ့ တကယ့် Computer တစ်လုံးပါ။

Screen ကို ခေါက်ထားမယ်ဆိုရင် 12.5" သာရှိလို့ သွားလေရာသယ်သွားဖို့တော့လွယ်ကူမှာပါ။ ဖြန့်ထားမယ်ဆိုရင် 17.5" ထိရှိလို့ တော်တော်အသုံးဝင်မှာသေချာပါတယ်။ Screenကို အကုန်မဖြန့်ပဲ တစ်ဝက်လေးပဲ ဖြန့်ပီး တစ်ခြမ်းကို Display အဖြစ်ထား၊ နောက်တစ်ခြမ်းကို on screen keyboard အဖြစ်သုံးမယ်ဆိုလည်းအဆင်ပြေပါတယ်။ တကယ့် keyboard နဲ့သုံးချင်တယ်ဆိုရင်လည်း screen ပေါ်ကို keyboard လေးတင်တိုက်တာနဲ့ တကယ့်သာမာန် Laptop တစ်လုံးလို သုံးလို့ရသွားပြန်ပါတယ်။

Folding laptop ဖြစ်တဲ့ ရေရှည်သုံးမဲ့ User တွေအတွက် အကြမ်းခံနိုင်မှုရှိမလားတော့ မသိရသေးပါဘူး။
Asus website ရဲ့ ဖော်ပြချက်အရ 16GB DDR5 RAM, 75Whrs battery နဲ့ 4:3 OLED panel screen နဲ့မို့ Premium ဆန်တဲ့ Laptop တစ်လုံးပါ။
ဒီတော့ ဒီ Asus ZenBook Fold ကဈေးကွက်ထဲမရောက်သေးပေမဲ့ အတော်မိုက်တဲ့ Laptop တစ်လုံးပါပဲ။

Client တစ်ယောက်အတွက် လုပ်ပေးဖြစ်တဲ့ အထည်နဲ့ပတ်သက်တာတေရောင်းဖို့ E-commerce site လေးပါ။ Clientက budgetလည်းအများကြီးမတတ်နိ...
25/03/2022

Client တစ်ယောက်အတွက် လုပ်ပေးဖြစ်တဲ့ အထည်နဲ့ပတ်သက်တာတေရောင်းဖို့ E-commerce site လေးပါ။

Clientက budgetလည်းအများကြီးမတတ်နိုင်လို့ ရိုးရိုးရှင်းရှင်းလေးပဲလုပ်ပေးထားပါတယ်။
User registration နဲ့ login တွေ၊ Ordering system တွေ ပါဝင်ပါတယ်။ Dynamic ဖြစ်လို့ admin အနေနဲ့ product တွေ order တွေ စီမံဖို့ Admin panel တစ်ခုလည်းပါဝင်ပါတယ်။

Complete case-study : https://www.behance.net/gallery/140229749/MsTailor-E-commerce

Let me help fixing bugs, hooman
24/03/2022

Let me help fixing bugs, hooman

LG ကဖုန်းထုတ်လုပ်မှုတွေရပ်တန့်လိုက်တာကြာပီဖြစ်ပေမဲ့ LG Velvet  ဖုန်းအတွက် Android 12 upgradeကို မနေ့ကပဲပေးခဲ့ပါတယ်။ ဒီလိ...
19/03/2022

LG ကဖုန်းထုတ်လုပ်မှုတွေရပ်တန့်လိုက်တာကြာပီဖြစ်ပေမဲ့ LG Velvet ဖုန်းအတွက် Android 12 upgradeကို မနေ့ကပဲပေးခဲ့ပါတယ်။ ဒီလို Company မျိုးကိုဖုန်းလောကမှာမမြင်ရတော့တာတော့ နှမြောစရာပါ။

Ukraine က Android ဖုန်းတွေမှာ လေကြောင်းတိုက်ခိုက်မှုသတိပေးစနစ် အသုံးပြုလို့ရပြီ။Google က အရင်က ဖုန်းထဲမှာ ငလျင်သတိပေး၊ က...
17/03/2022

Ukraine က Android ဖုန်းတွေမှာ လေကြောင်းတိုက်ခိုက်မှုသတိပေးစနစ် အသုံးပြုလို့ရပြီ။

Google က အရင်က ဖုန်းထဲမှာ ငလျင်သတိပေး၊ ကားaccidentသတိပေးစနစ်တွေ ဖန်တီးခဲ့ပြီး အခုအခါမှာတော့ Ukraine အစိုးရနဲ့ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုသတိပေးစနစ်ကို Ukraineအတွက် ဖန်တီးခဲ့ဝာာဖြစ်ပါတယ်

Photo - comment 👇

ယူကရိန်းက Apple ကို ရုရှားမှာ ကုန်ပစ္စည်းရောင်းချတာကို ရပ်တန့်ဖို့၊ App Store အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ တောင်းဆိုလိုက...
27/02/2022

ယူကရိန်းက Apple ကို ရုရှားမှာ ကုန်ပစ္စည်းရောင်းချတာကို ရပ်တန့်ဖို့၊ App Store အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းဒုဝန်ကြီးချုပ် Mykhailo Fedorov က Apple CEO Tim Cook ကိုစာပေးပို့တောင်းဆိုခဲ့တာပါ။

ဒုဝန်ကြီးက Apple သာဒီလို Hardware Software ရောင်းချမှုတွေကို ဖြတ်တောက်လိုက်ရင် ရုရှားနိုင်ငံရဲ့ လူထုနဲ့ လူငယ်တွေကိုယ်တိုင်က စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ ကြိုးစားကြမယ်လို့ ယုံကြည်နေပါတယ်။

ဘာလို့လဲဆိုတော့ Apple က ရုရှား ဗားရှင်းနဲ့ app store တစ်ခုထားရှိထားပီး၊ iPhone အသစ် setup လုပ်ရင် local app တွေကို direct လုပ်ပေးထားတာကြောင့်ပါ။

Tim Cook အနေနဲ့ Twitter မှာ ယူကရိန်းမှာရှိတဲ့ apple team အတွက်ရော ယူကရိန်းနိုင်ငံသားတွေရဲ့ လူသားချင်စာနာမှုအပြည့်ဝရရှိဖို့အတွက်ရော စွမ်းနိုင်သမျှကြိုးစားမယ်လို့ ရေးထားပါသေးတယ်...

ယူကရိန်းအတွက် starlink service ( ဂြိုတ်တုကနေရတဲ့အင်တာနက် ) ရပြီ။မြန်မာအတွက်လည်းလုပ်ပါအုန်း ။
27/02/2022

ယူကရိန်းအတွက် starlink service ( ဂြိုတ်တုကနေရတဲ့အင်တာနက် ) ရပြီ။
မြန်မာအတွက်လည်းလုပ်ပါအုန်း ။

𝗖𝗿𝘆𝗽𝘁𝗼𝗰𝘂𝗿𝗿𝗲𝗻𝗰𝘆 𝗮𝗻𝗱 𝗠𝘆𝗮𝗻𝗺𝗮𝗿ပထမဆုံး 𝗖𝗿𝘆𝗽𝘁𝗼𝗰𝘂𝗿𝗿𝗲𝗻𝗰𝘆 ကဘာလဲဆိုရင် digital assets လို့ခေါ်တဲ့ digital ပိုင်ဆိုင်မှု‌ငွေကြေးတစ်...
17/02/2022

𝗖𝗿𝘆𝗽𝘁𝗼𝗰𝘂𝗿𝗿𝗲𝗻𝗰𝘆 𝗮𝗻𝗱 𝗠𝘆𝗮𝗻𝗺𝗮𝗿

ပထမဆုံး 𝗖𝗿𝘆𝗽𝘁𝗼𝗰𝘂𝗿𝗿𝗲𝗻𝗰𝘆 ကဘာလဲဆိုရင် digital assets လို့ခေါ်တဲ့ digital ပိုင်ဆိုင်မှု‌ငွေကြေးတစ်ခုပါပဲ။ ခုခေတ်မှာ လူတွေက digital ပိုင်ဆိုင်မှုတွေကို သူ့ထက်ငါပိုင်ဆိုင်ချင်လာကြပါပြီ။ game skin တွေ၊ website‌တွေ၊ ebooks တွေ၊ logoတွေ စတာတွေကလည်း digital assets တွေပဲဖြစ်ပါတယ်။

Cryptocurrency တွေကို security ကောင်းပီး ownership သေချာစေတဲ့ networking software တစ်မျိုးသုံးပြီး ဖန်တီးရပါတယ်။ အဲ့ဒီ software က cryptocurrency တွေ တစ်ဦးနဲ့တစ်ဦးဖလှယ်တဲ့ စာရင်းတွေနဲ့ cryptocurrency တွေရဲ့ပိုင်ဆိုင်သူ ကို သေချာသိမ်းထားပေးပါတယ်။ အဲ့ဒီ software ကို 𝗕𝗹𝗼𝗰𝗸𝗰𝗵𝗮𝗶𝗻 လို့ခေါ်ကြပါတယ်။

ဒီလို Blockchain နည်းပညာသုံးပီး Cryptocurrency တွေ ဖန်တီးတာက သာမန်ငွေကြေးတွေလို ဘဏ်တွေနဲ့အစိုးရတွေပေါ်မှာ အခြေမပြုပါဘူး။ ဒါကို 𝗗𝗲𝗰𝗲𝗻𝘁𝗿𝗮𝗹𝗶𝘇𝗲𝗱 ဖြစ်တယ်လို့ခေါ်ကြပါတယ်။

နောက်ပီး Crypto‌တွေဖန်တီးတဲ့ လုပ်ငန်းစဉ်ကို 𝗠𝗶𝗻𝗶𝗻𝗴 လုပ်တယ်လို့ခေါ်ကြပါတယ်။ mining လုပ်ဖို့အတွက်က စွမ်းအင်‌တွေအများကြီးလိုပါတယ်။ ဆိုလိုတာက computer ‌တွေအများကြီးလိုပါတယ်။ အခုလူပြောများနေတဲ့ mining လုပ်တဲ့ app တွေ website တွေဆိုတာ ကျနော်တို့ဖုန်းတွေနဲ့ စွမ်းအင်မျှဝေပေးရတဲ့သဘောပါ။ ဒီလိုလုပ်ပေးတဲ့အနေနဲ့ကျွန်တော်တို့ အလွန်ပမာဏနည်းတဲ့ crypto တစ်ချို့ရရှိပါတယ်။

ဒီတော့𝗠𝘆𝗮𝗻𝗺𝗮𝗿နိုင်ငံမှာ Cryptocurrency တွေက တရားဝင်လား။ 𝗡𝗨𝗚 အနေနဲ့ 𝗧𝗲𝘁𝗵𝗲𝗿 လို့ခေါ်တဲ့ Dollarနဲ့ဈေးတူတဲ့ exchange rate တည်ငြိမ်တဲ့ cryptocurrency တစ်ခုကို တရားဝင်သုံးခွင့်ပေးထားပါတယ်။ ဒီလိုသုံးခွင့်ပေးတာက ငွေလွှဲရာမှာခြေရာလိုက်ခံရတာတွေကနေကာကွယ်နိုင်ပီး၊ ဘယ်နေရာကမဆို ငွေကြေးပေးပို့ဖို့လွယ်ကူစေပါတယ်။ ဗဟိုဘဏ်ကတော့ ဘယ်cryptocurrency ကိုမှခွင့်မပြုဘူးလို့ ပြောထားပေမယ့် တရားဝင် ဥပဒေထုတ်ပြန်ထားတာမျိုးတော့မရှိပါဘူး။

Cryptoငွေကြေးတွေကို နိုင်ငံတစ်နိုင်ငံအတွက် အဓိကငွေကြေးအဖြစ်ထားလို့ရမလားဆိုရင်တော့ "အဓိကငွေကြေးဆိုတာ တန်ဖိုးတည်ငြိမ်နေဖို့လိုပြီး cryptocurrency တွေက တန်ဖိုးအတက်အကျ အရမ်းမြန်တဲ့အတွက် မရဘူး"လို့ စီးပွားရေးပညာရှင်တွေကသုံးသပ်ပါတယ်။

ဒီတော့ Cryptocurrency တွေဘလိုဝယ်ရမလဲ၊ cryptocurrency တွေကနေ ဘယ်လိုအကျိုးမြတ်ရနိုင်မလဲ၊ ရေပန်းစားနေတဲ့ NFT ဆိုတဲ့ cryptocurrency ဆိုတာဘာလဲ စသဖြင့် သိချင်ရင်တော့ comment မှာမန့်ခဲ့ပါ။ နောက်ထပ် contents တွေမှာကြိုးစားဖော်ပြပါမယ်။ 🕊️🕊️🕊️

အခုလာမဲ့ Feb 17 မှာမြင်တွေ့ရမဲ့ OnePlusရဲ့ affordable ဖုန်းတစ်လုံး OnePlus Nord CE 2ဒီဖုန်းက Nord 2 ရဲ့ဈေးသက်သာတဲ့ Versi...
12/02/2022

အခုလာမဲ့ Feb 17 မှာမြင်တွေ့ရမဲ့ OnePlusရဲ့ affordable ဖုန်းတစ်လုံး OnePlus Nord CE 2

ဒီဖုန်းက Nord 2 ရဲ့ဈေးသက်သာတဲ့ Version ဖြစ်နိုင်ပါတယ်။ MediaTek dimensity 900 processorသုံးလာနိုင်လို့လည်းခန့်မှန်းရပါတယ်။
Teaser Videoအရ 65Watt fast charging , 3.5mm headphone jack နဲ့ 1TB external SD card support စတဲ့ Features တွေပါဝင်ပါတယ်။

Samsung Galaxy Tab S8 ultra..Samsung က Android tablet တွေဖက်မှာအားမ‌လျှော့သေးပါဘူး။ Galaxy Tab S8 ultra က 14.6 လက်မရှိတဲ...
11/02/2022

Samsung Galaxy Tab S8 ultra..

Samsung က Android tablet တွေဖက်မှာအားမ‌လျှော့သေးပါဘူး။ Galaxy Tab S8 ultra က 14.6 လက်မရှိတဲ့ iPad Pro နဲ့ယှဉ်လို့ရမဲ့ $1099 တန် Premium tablet ဖြစ်ပါတယ်။
Work from home သမားတွေကိုရည်ရွယ်ပီးထုတ်ထားသလိုပါပဲ။ 14.6" 120Hz AMOLED Display, Video call တွေအတွက် အရှေ့ကင်မရာနှစ်လုံး, speaker လေးလုံးပါဝင်ပါတယ်။

အရှေ့အနောက်ကင်မရာနှစ်ခုလုံး 4k ရိုက်လို့ရပီး ကိုယ့်မျက်နှာကိုပဲ focus လိုက်ဖြတ်ပေးမဲ့ auto-framing နည်းပညာလည်းပါပါတယ်။ Aluminum body ဖြစ်ပီး 12.9" iPad Pro ထက်ပိုပါးသလိုပိုလည်းပေါ့ပါတယ်။

Processor ကတော့ 4nm Snapdragon 8 gen 1 ဖြစ်ပီး S-pen နဲ့သုံးလို့ရမှာလည်းဖြစ်ပါတယ်။ appတွေကို တစ်ပြိုင်တည်းသုံးဖို့ multi-window featureလည်းပါလို့ multi tasking လုပ်ရလွယ်ကူမှာပါ။

Book Cover တပ်ပီး Laptopလိုလည်းသုံးနိုင်ပါတယ်။ Softwareပိုင်းမှာတော့ Google ကလည်း screen ကြီးတဲ့ android device တွေအတွက် Android 12L ကိုအားစိုက်နေတာမို့ စိတ်ချရပါတယ်။ ဒီတော့ Android tablet ကောင်းတစ်လုံးကို ကျနော်တို့ပြန်လိုအပ်လာပီလား...

Appleရဲ့ iMessageပေါ်မှာ 'ရွယ်တူချင်းဖိအားတွေပေးပီး ရောင်းအားမြှင့်တင်သည့် ဗျူဟာ'ကို Google ဝေဖန်...𝗜𝗻𝘁𝗿𝗼 - 𝗦𝗠𝗦 𝗠𝗲𝘀𝘀𝗮𝗴𝗶𝗻...
04/02/2022

Appleရဲ့ iMessageပေါ်မှာ 'ရွယ်တူချင်းဖိအားတွေပေးပီး ရောင်းအားမြှင့်တင်သည့် ဗျူဟာ'ကို Google ဝေဖန်...

𝗜𝗻𝘁𝗿𝗼 - 𝗦𝗠𝗦 𝗠𝗲𝘀𝘀𝗮𝗴𝗶𝗻𝗴

Phone တွေစပေါ်ကတည်းက‌နေခုထိ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဖုန်းပြောဖို့နဲ့ စာ SMS ပို့ဖို့ဖြစ်ပါတယ်။ တကယ်တော့ SMS(Short Message Service)ဆိုတာ ခေတ်ဟောင်းနည်းပညာဖြစ်နေပါပြီ။ SMSမှာ စာတွေပဲပို့လို့ရပါတယ်။

iPhoneရော Androidဖုန်းတွေရော MMS လို့ခေါ်တဲ့ 'စာတွေတင်မကပဲ ပုံတွေ ဖိုင်တွေပါပို့လို့ရတဲ့ Multimedia Messaging Service' ကိုသုံးခဲ့တာအချိန်တစ်ခုရှိပါပြီ။ ဒါပေမဲ့
2019 Dec မှာ Google က RCS လို့ခေါ်တဲ့ Rich Communication Services ကိုစတင်အသုံးပြုခဲ့ပါတယ်။ Apple ကတော့ MMSပဲဆက်သုံးနေတုန်းဖြစ်ပါတယ်။
(Telegram, Whatsapp စတဲ့appတွေဟာ RCS သုံးတဲ့ appတွေဖြစ်ပြီး၊ RCSမှာ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ တစ်ဖက်သူက ပို့လိုက်တဲ့စာကို ဖတ်ပီးရင် 'seen'လို့အခြားတစ်ဖက်မှာပြတာ‌တွေ ၊ တစ်ဖက်သူကစာရိုက်နေရင် 'typing' လို့‌အခြားတစ်ဖက်မှာပြတာ‌တွေ ၊ wifi or mobile-data သုံးပီး အရည်အသွေးကောင်းတဲ့ ပုံ၊ Gifs ၊ Location ပို့လို့ရတာ‌ စတဲ့ features တွေရပါတယ်။ MMSမှာ ပုံတွေ ဖိုင်တွေကို ဖိုင်ဆိုဒ်သေးအောင်လျော့ချပါတယ်)

𝗪𝗵𝗮𝘁 𝗶𝘀 𝘁𝗵𝗲 𝗽𝗿𝗼𝗯𝗹𝗲𝗺?

iPhone‌တွေရဲ့ iMessageမှာ iPhoneအချင်းချင်းပို့တဲ့စာဆိုရင် အပြာရောင်နဲ့ပြပြီး ၊ Android ဖုန်းနဲ့ပို့တဲ့စာဆိုရင် အစိမ်းရောင်ပြပေးပါတယ်။ ဒီတော့ iPhone အသုံးပြုသူတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေက ဒီလိုအစိမ်းရောင်နဲ့ပြခံရတဲ့ Android user တွေကိုလှောင်ပြောင်တာတွေရှိလာခဲ့ပါတယ်။ ဒီလိုခွဲခြားပြတာကို iPhoneသုံးရတာ ဂုဏ်ယူစရာဖြစ်တယ်လို့ user အချို့ကယူဆကြပုံပေါ်ပါတယ်။

ဒါကို Googleရဲ့ ဒုတိယဥက္ကဠ Hiroshi Lockheimerက " Appleရဲ့ iMessageက documented strategy တစ်ခုဖြစ်တယ်။ လူတွေရဲ့အချင်းချင်းပြိုင်ဆိုင်လိုစိတ်ဖိအား(peer pressure) ကို ပစ္စည်းတွေရောင်းအားတက်အောင်လုပ်တဲ့ marketing ဗျူဟာအဖြစ်သုံးတာဟာ မသမာတာဖြစ်တယ်။ ဒါကိုဖြေရှင်းဖို့ စံနှုန်းအသစ်တွေရှိတယ်" လို့ Twitterမှာရေးသားခဲ့ပါတယ်။
စံနှုန်းအသစ်ဆိုတာက ကျနော်ခုနပြောခဲ့တဲ့ RCS ဖြစ်ပါတယ်။ Wall Street journal ရဲ့ article တစ်ခုမှာ androidဖုန်းအသုံးပြုသူလူငယ်တွေနဲ့ ကျောင်းသားတွေဟာ iMessageမှာ သူတို့ရဲ့စာတွေကို အစိမ်းရောင်နဲ့ခွဲခြားပြပေးတဲ့အတွက် socialဒဏ်တွေကိုခံနေရတယ်လို့ဖော်ပြထားပါတယ်။

𝗪𝗵𝗮𝘁 𝗮𝗿𝗲 𝘁𝗵𝗲 𝘀𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀?

Googleကတော့ Apple ကိုနှစ်ဦးနှစ်ဖက်နဲ့ userတွေအတွက်ပါ experience ပိုကောင်းတဲ့ RCSသုံးစေချင်‌နေပါတယ်။
နောက်ထပ်နည်းတစ်ခုကတော့ iMessageကို android အတွက်ထုတ်ပေးတဲ့နည်းပါ။ ဒါပေမဲ့ ဒါက iPhone sales တွေလျော့ကျနိုင်တယ်လို့ Apple ကယူဆပုံရပါတယ်။ နောက်တစ်နည်းကတော့ iMessage ကို Facetimeလို web ပေါ်မှာသုံးလို့ရစေတဲ့နည်းပဲဖြစ်ပါတယ်။

စာဖတ်သူတွေရောဘလိုဖြစ်စေချင်ပါသလဲ။

Telegramမှာဖတ်ရန် t.me/ptk7858

References : Android Authority & internet

24/01/2022

"The future is electric. This is our vision for the future of mobility"
Crd - Lexus

Software support ရပ်တန့်သွားပီဖြစ်တဲ့ OnePlus ရဲ့ Flagship ဖုန်း OnePlus 6 & 6T3နှစ်ကြာ Major software update 3 ခါ‌ရခဲ့အ...
23/01/2022

Software support ရပ်တန့်သွားပီဖြစ်တဲ့ OnePlus ရဲ့ Flagship ဖုန်း OnePlus 6 & 6T

3နှစ်ကြာ Major software update 3 ခါ‌ရခဲ့အပြီးမှာတော့ OnePlus 6 နဲ့ 6T က software updateတွေဆက်ရတော့မှာ မဟုတ်ဘူးလို့ တရားဝင်ကြေငြာလိုက်ပါတယ်။ Android 11 , Oxygen OS 11.1.2.2 ကနောက်ဆုံး update ပဲဖြစ်ပီး Android 12 ကိုရတော့မှာမဟုတ်ပါဘူး။

Read also - Android 12, Oxygen Os 12 အကြောင်း
https://www.facebook.com/100138969138647/posts/102475585571652/

MIUI 13 Global ကိုနောက်တစ်ပတ်အတွင်းမြင်တွေ့ရနိုင်ပါတယ်။ Note 11 Series ကတော့ Jan 26 ရက်နေ့ရမယ်လို့တရားဝင်ကြေငြာပီးသားပါ။...
20/01/2022

MIUI 13 Global ကိုနောက်တစ်ပတ်အတွင်းမြင်တွေ့ရနိုင်ပါတယ်။ Note 11 Series ကတော့ Jan 26 ရက်နေ့ရမယ်လို့တရားဝင်ကြေငြာပီးသားပါ။

MIUI13 ရရှိမဲ့ devices များ

Xiaomi Mi 11
Mi 11 Ultra
Mi 11i
Mi 11X Pro
Mi 11X
Xiaomi Pad 5
Redmi 10
Redmi 10 Prime
Xiaomi 11 Lite 5G NE
Xiaomi 11 Lite NE
Redmi Note 8 (2021)
Xiaomi 11T Pro
Xiaomi 11T
Redmi Note 10 Pro
Redmi Note 10 Pro Max
Redmi Note 10
Mi 11 Lite 5G
Mi 11 Lite
Redmi Note 10 JE

MIUI13အကြောင်းအသေးစိတ် - https://www.facebook.com/100138969138647/posts/132257725926771/

2022မှာ Laptop ဝယ်မယ်ဆိုရင် ဘာတွေကြည့်ဝယ်ရမလဲ။ပထမဆုံး ဘာပဲဝယ်ဝယ် ကိုယ်သုံးမဲ့ငွေပမာဏကိုအရင်ဆုံးဖြတ်လိုက်ပါ၊ နောက်မှ ဒီဈေ...
09/01/2022

2022မှာ Laptop ဝယ်မယ်ဆိုရင် ဘာတွေကြည့်ဝယ်ရမလဲ။

ပထမဆုံး ဘာပဲဝယ်ဝယ် ကိုယ်သုံးမဲ့ငွေပမာဏကိုအရင်ဆုံးဖြတ်လိုက်ပါ၊ နောက်မှ ဒီဈေးတန်းမှာ အကောင်းဆုံးရမဲ့ဟာကိုရှာဝယ်ပါ။ ဒီတော့ အဲ့ဒီအကောင်းဆုံးဟာကိုဘလိုရှာဝယ်ရမလဲပေါ့ နော်။

Windows, Mac , Chrome os စသဖြင့် operating system နှစ်သက်ရာအရင်ရွေးပါ (Read about windows 11 - https://www.facebook.com/100138969138647/posts/104715418681002/ ) ( chrome os - https://fb.watch/aqAqPKlBiN/ )။ Chromebook တွေကတော့ ပြည်တွင်းမှာ Acer Chromebook တစ်မျိူးပဲ‌တွေ့မိပါတယ်။

Os‌ရွေးပီးရင် အချက်အလက်ကျကျ ကိုယ်အမြဲတမ်းကြည့်နေရမဲ့ Display ကို‌ရွေးပါ ။ Laptop တွေမှာ TN နဲ့ IPS ဆိုပီး display type နှစ်မျိုးရှိတယ်၊ TN ကတော့ ခေတ်ဟောင်းနည်းပညာဖြစ်ပါတယ်၊ TN display ကို ဘေးကနေစောင်းကြည့်ရင် ရေခိုးရိုက်နေသလိုပြာထွက်နေတတ်ပါတယ်။
ဒီတော့ IPS display ကိုမေးမြန်းရွေးချယ်ပါ။ဒါ့အပြင် Fullhd (1080p resolution) ကိုရွေးပါ။
နောက်ပီး 14လက်မ 15လက်မ laptop တွေပးက လူတော်တော်များများနဲ့ကိုက်ပါတယ်

ဒီနှစ်က Intel ရဲ့ 12th gen CPU , AMD ရဲ့ Ryzen 6000 series CPU , Apple ရဲ့ M1 pro ,M1 Max CPU တွေထွက်ထားတဲ့နှစ်ပါ။ ဒီ CPU တွေက Architecture အသစ်တွေနဲ့မို့ CPU,GPU performance အရင် Generation တွေထက် အဆမတန် ထက်ဝက်နီးပါးသာသွားပါပြီ။ ပြောချင်တာက သာမန် ရုံးသုံး၊ ကျောင်းသုံး laptop တွေမှာတောင် Intel ဆိုရင် 10th gen ၊ AMD ဆိုရင် Ryzen 3000 series ဒီလို CPU တွေကို ဈေးကြီးပေးမဝယ်ပါနဲ့တော့ ၊ ဈေးကျသင့်တဲ့အချိန်ရောက်နေပါပီ။ Apple ကတော့ ရိုးရိုး M1 ဆိုရင်ကိုလုံလောက်နေပါပြီ။

Laptopမှာ GPU ကတော့အထူးပြောစရာမလိုပါဘူး။ CPU အကောင်းရွေးရင် GPU အကောင်းတစ်ခါတည်းတွဲပေးထားပီးသားဖြစ်မှာပါ။ အကြမ်းစားလိုချင်တယ်ဆို Nividia 3080 ti ဝယ်ပါ။

RAM က ဒီခေတ်မှာ 8GB တောင်မလောက်ချင်ဖြစ်နေတာပါ။ အနည်းဆုံး 8GB ကနေစဉ်းစားပါ။ Storage ပိုင်းမှာလည်း HDD ထက် SSD ပဲရွေးသင့်တယ်ဆိုတာသိပီးသားဖြစ်မှာပါ။

Battery ကိုတော့ ရောင်းတဲ့သူဘာပဲပြောပြော review တစ်ခုရှာကြည့်ပါ၊ အနည်းဆုံး 8နာရီလောက်ခံရင် အဆင်ပြေပါတယ်။

ခုနောက်ပိုင်းခေတ်စားလာတဲ့ 2-in-1 laptop တွေ ၊ touch screen ပါတဲ့ laptop တွေကတော့ ကိုယ်တကယ်အသုံးမလိုရင် မရွေးစေချင်ပါဘူး။ ဥပမာ - ကိုယ်က ပုံတွေ ဆွဲရင် editရင် ပိုတိကျအောင်ဆိုပီး Pen လေးနဲ့ touch screen ပါတဲ့ laptop ကိုရွေးလို့ရပါတယ်။

Read more // computer ဝယ်ပီး Cracked Softwareတွေမသုံးချင်ရင် အစားထိုးသုံးလို့ရမဲ့ Free software များ - https://www.facebook.com/100138969138647/posts/112025931283284/

ဈေးပိုသက်သာတဲ့ ' 6.4" 120Hz display နဲ့ Samsung Galaxy S21 fan edition 'S21 က Flagship မားကတ်မှာအတော်အောင်မြင်ခဲ့တဲ့ဖုန်...
06/01/2022

ဈေးပိုသက်သာတဲ့ ' 6.4" 120Hz display နဲ့ Samsung Galaxy S21 fan edition '

S21 က Flagship မားကတ်မှာအတော်အောင်မြင်ခဲ့တဲ့ဖုန်းတစ်လုံးပါ။ Samsung ကတော့ ခါတိုင်းလိုပဲ User တွေရဲ့ လိုအပ်ချက်တွေကိုကိုက်ပီး Fan edition ဆိုပီး ဈေးသက်သာတဲ့ midrange S21FE ကိုထုတ်ခဲ့ပြန်ပါပြီ..

ဈေးက $699။ ဒီဈေးနဲ့ရတာတွေက falgship ဖုန်းတစ်လုံးလို Snapdragon 888 , OLED 120Hz display , 4500mAh battery ကို wireless charging ဘာညာရမယ်၊ S21 နဲ့တင်တူတဲ့ ဒီဇိုင်းရှိမယ် ၊သိပ်မထူးဆန်းပါဘူး။

ဈေးပိုသက်သာသွားတယ်ဆိုတော့ ဘယ်နေရာတွေ Quality လျော့သွားလဲဆိုရင် Ram 6Gb ဖြစ်သွားမယ်၊ Camera က S21 တုန်းကလို metal မဟုတ်တော့ဘူး Plastic ဖြစ်သွားတယ်၊ camera bump ကလည်း ဘေးဘောင်ကနေထွက်လာသလိုလုပ်ထားပေမဲ့ တကယ်တော့မဟုတ်ပါဘူး၊ကွေးရုံလေးကွေးထားတာပါ။ နောက်ပီး Telephoto lens ကအရည်သွေးလျော့ထားပါတယ်။

Samsung ဖုန်းကိုမှ ဆယ်သိန်းဝန်းကျင်နဲ့အထက်သုံးမယ်ဆိုရင် ထည့်စဉ်းစားသင့်တဲ့ဖုန်းပါပဲ။ ပိုဈေးသက်သာချင်ရင် A52 5G စဉ်းစားသင့်ပါတယ်။ ဒီလောက်ပါပဲ။

ဒီလို Consumer Electronics သတင်းတွေအတွက် Follow ထားခဲ့ပါအုန်း.....🕊️🕊️

Oneplus 10 pro official images. ဘယ်ဖုန်းနဲ့တူနေသလဲ😛
04/01/2022

Oneplus 10 pro official images. ဘယ်ဖုန်းနဲ့တူနေသလဲ😛

Address


Telephone

+959785854399

Alerts

Be the first to know and let us send you an email when PTKCE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share