Wayne Sport Myanmar

  • Home
  • Wayne Sport Myanmar

Wayne Sport Myanmar ▪𝗜𝗕𝗲𝘁𝟳𝟴𝟵 ▪𝟱𝟱𝟱𝗺𝗶𝘅
▪𝗦𝗵𝗮𝗻𝟮𝟯𝟰 ▪𝗕𝗮𝘁𝗺𝗮𝗻𝟲𝟴𝟴
နှစ်သက်ရာ ကစားနိုင်ပါတယ်ဗျ 💯 Sport NEWS

အိုးလေဒီတို့ ခက်ခဲဦးမယ်ဂျူဗီတပ် Vs ဖရိုစီနိုနီလက်ရှိပေါက်ကြေး = ဂျူဗင်တပ် 1-50 ( 3+60 )ပွဲချိန် = 2:30AMဂျူဗီတပ်အိုးလေဒ...
11/01/2024

အိုးလေဒီတို့ ခက်ခဲဦးမယ်

ဂျူဗီတပ် Vs ဖရိုစီနိုနီ

လက်ရှိပေါက်ကြေး = ဂျူဗင်တပ် 1-50 ( 3+60 )
ပွဲချိန် = 2:30AM

ဂျူဗီတပ်

အိုးလေဒီတို့က ေနာက်ဆုံး ငါးပွဲမှာ လေးပွဲနိုင်တစ်ပွဲသရေနဲ့ ရလဒ်ကော ခြေစွမ်းကော ကောင်းနေတဲ့အသင်းပါ။အိမ်ကွင်းမှာဆို နာပိုလီ၊ ရိုးမားတို့ကို အနိုင်ကစားထားပါတယ်။အထူးသဖြင့် ကိုပါအီတလီယာ ပြိုင်ပွဲမှာပဲ ဆလာနီတာနာနဲ့ ကစားခဲ့ရပီး ဂိုးဒါဇင်ဝက်အထိ အိုးလေဒီတို့ သွင်းပြခဲ့တာပါ။ခြေစွမ်းပြန်တက်လာတဲ့ ဂျူဗီမှာ ဗလာဟိုဗစ်၊ချီယေဆာတို့ ခြေစွမ်းပြနေပီး တိုက်စစ်က ဂိုးရဖို့မပူရပါဘူး။

ဖရိုစီနိုနီ

ဒီအသင်းက အလယ်အလတ်အသင်းပီပီ တိုက်စစ်က ဂိုးရသလို ခံစစ်ကလည်း ဂိုးတွေဒလဟော ပေးတက်ပါတယ်။နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးပီး ကိုပါအီတလီယာ ဖလားမှာတော့ နာပိုလီကို 0-4နဲ့ အနိုင်ကစားခဲ့တာကတော့ သတိပြုရမှာပါ။တိုက်စစ်အားသန်တဲ့ အီတလီ အသင်းတစ်သင်းလည်းဖြစ်တာကြောင်​့ ဒီအသင်းက နောက်ဆုံးငါးပွဲဆက် နှစ်ဖက်သွင်းဂိုး သုံးဂိုးအထက်ရှိထားပါတယ်။

သုံးသပ်ချက်

အိမ်ကွင်းမှာ ဂျူဗီတို့ နောက်တစ်ဆင့်တက်ရေး ကြိုးစားကစားလာမှာပါ။လက်ရှိပေါက်ကြေးအရ 1-60ပေးထားပီး ဒါကမျှတတဲ့ စျေးအခေါ်အပြောပါ။ဂျူဗီလက်ရှိ ခြေစွမ်းအရ ဂိုးရဖိူ့သေချာနေပီး ဧည့်သည် ဖရိုစီနိုနီကလည်း အိတ်ပေါက်နဲ့ ဖားကောက်လေ့ရှိတာကြောင့် *ဂျူဗီ ဂိုးအပေါ်*ကိုသာ ရွေးချယ်ချင်ပါတယ်။

Tipster- သပြေ

Wayne Sport Myanmar

ညက စူပါဖလားပွဲမှာ မိုရာတာရဲ့ နို့ကို ရူဒီဂါက ဆွဲဆိတ်နေတာပါ။ သူက ပြုံးတောင်ပြုံးနေလိုက်သေးတယ်။ မိုရာတာကတော့ အီစိမ့်သွားပု...
11/01/2024

ညက စူပါဖလားပွဲမှာ မိုရာတာရဲ့ နို့ကို ရူဒီဂါက ဆွဲဆိတ်နေတာပါ။ သူက ပြုံးတောင်ပြုံးနေလိုက်သေးတယ်။ မိုရာတာကတော့ အီစိမ့်သွားပုံရပါတယ်။ အဆိတ်ခံရလို့ တင်းပြီး ဒိုင်ကို သွားပြောနေပါသေးတယ်။

ရူဒီဂါဆိုတဲ့ ဘဲက တကယ်မလွယ်ဘူး။ ကွင်းထဲ ပေါက်တတ်ကရအကုန်လုပ်တာ။ တခါတလေ စိတ်ကူးပေါက်ရင် ဒူးကြီးမြှောက်ပြီး ပြေးတာမျိုးတွေက လုပ်သေးတယ်။ ဖာလန်းမန်ဒီ ဂိုးသွင်းတော့လည်း နားရင်းသွားအုပ်နေတာ ဟိုကောင် မနည်းထွက်ပြေးရတယ်။

😁😁😁

တော်ဝင်မက်ဒရစ်ဆိုတာ ဒါမျိုး ⚪️• အက်သလက်တီကိုနဲ့ ဖလားပွဲတွေဆို Comeback အနိုင်ယူနေကျ ထုံးစံအတိုင်းဘဲ ဆော်ဒီမြေမှာလည်း နော...
11/01/2024

တော်ဝင်မက်ဒရစ်ဆိုတာ ဒါမျိုး ⚪️

• အက်သလက်တီကိုနဲ့ ဖလားပွဲတွေဆို Comeback အနိုင်ယူနေကျ ထုံးစံအတိုင်းဘဲ ဆော်ဒီမြေမှာလည်း နောက်ဆုံးမိနစ်တွေမှာ အနိုင်ဂိုးတွေသွင်းယူပြီး ရီးရဲလ်တို့ စပိန်စူပါဖလားဖိုင်နယ်ကို တက်သွားပါပြီ။

လာမဲ့ဖိုင်နယ်မှာ ဘာစီိလိုနာ/ အိုဆာစူနာ တစ်သင်းနဲဲ့တွေ့ပါမယ်။

ကြည့်ရတာ အယ်လ်ကလက်စီကို စပိန်စူပါဖလားလုပွဲ ဖြစ်လာမဲ့ပုံပါဘဲ။ ⚔️

နာမည်ကျော်မင်းသား Michael B.Jordan ဟာ သူ ရာခိုင်နှုန်း အနည်းငယ်ပိုင်ဆိုင်တဲ့ ဘုန်းမောက်အသင်းအတွက် Special ဂျာစီကို ကိုယ်...
10/01/2024

နာမည်ကျော်မင်းသား Michael B.Jordan ဟာ သူ ရာခိုင်နှုန်း အနည်းငယ်ပိုင်ဆိုင်တဲ့ ဘုန်းမောက်အသင်းအတွက် Special ဂျာစီကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲသွားမှာ ဖြစ်ပါတယ်။ 🍒🔥

*** ပွဲကြိုသုံးသပ်ချက် ***လာဇီယို Vs ရိုးမားပွဲချိန် ၁၁နာရီ ၃၀မိနစ်လက်ရှိပေါက်ကြေး   ဒဲ့ ( 2D ) လာဇီယိုက နောက်ဆုံးသုံးပွ...
10/01/2024

*** ပွဲကြိုသုံးသပ်ချက် ***

လာဇီယို Vs ရိုးမား

ပွဲချိန် ၁၁နာရီ ၃၀မိနစ်

လက်ရှိပေါက်ကြေး ဒဲ့ ( 2D )

လာဇီယိုက နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲဆက်နေပီးတိုက်စစ်ကလည်း သွင်းဂိုး7ဂိုးအထိရယူနိုင်ခဲ့ပါတယ်။ဒီညမှာတော့ ရှုံးထွက် ဖလားပြိုင်ပွဲဖြစ်တာကြောင့် ပိုပီးအာရုံစိုက်ကစားလာဖို့ရှိပါတယ်။လာဇီယိုခြေစွမ်းက မဆိုးဘူးဆိုပေမယ့် အီတလီအသင်းကြီးချင်းတွေ့ပီဆို လာဇီယိုတို့ တိုင်ပတ်လေ့ရှိပါတယ်။အထူးသဖြင့် အင်တာ၊အေစီ ၊ဂျူဗီ ၊ရိုးမားတို့ကို အနိုင်ရထားခြင်းမရှိသေးပါဘူး။တိုက်စစ်ပိုင်းက အီမိုဘီလီကလည်း ဒဏ်ရာရနေသေးတာကြောင့် လာဇီယိုတိုက်စစ်အပေါ်တော့ သံသယဖြစ်မိပါတယ်။အိမ်ကွင်းအားသာချက်အပြည့်ရှိထားတဲ့ လာဇီယို ဒီညမှာ နောက်တစ်ဆင့်တက်ရေး ရေကုန်ရေခန်းကြိုးစားလာမှာပါ။

ရိုးမား
ရိုးမားက ရာသီအစမှာ တိုင်ပတ်နေခဲ့ပေမယ့် တဖြည်းဖြည်းလမ်းမှန်ပေါ် ပြန်ရောက်လာပီလို့ဆိုရမှာပါ။ပီးခဲ့တဲ့ အပတ်ကလည်း အက်တလန်တာကို ဂိုးကံခေခဲ့လို့သာ အနိုင်မရရှိခဲ့တာပါ။ အထူးသဖြင့်နည်းပြမော်ရင်ဟိုရဲ့ ဖလားပွဲဆိုရင် တစ်ပွဲထိုးကစားပုံတွေက အတော်လေးအလုပ်ဖြစ်တာ အားလုံးအသိပါ။တိုက်စစ်မှာလည်း လူကာကူ နဲ့ ဒီဘာလာတို့လို အရည်အသွေးပြည့် ကစားသမားတွေရှိနေပီး ကွင်းလယ်မှာလည်း ပယ်လီဂရီနီ ဘော့တို့လို ကစားသမားကောင်းတွေရှိနေတာကြောင့် ရိုးမားသာခြေပြန်မှန်လာရင် အီတလီက ဘယ်အသင်းကိုမဆို ယှဥ်ကစားနိုင်စွမ်းရှိနေပါတယ်။

သုံးသပ်ချက်
အီတလီဖလားပွဲစဥ်အဖြစ် လာဇီယိုအိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ပေါက်ကြေးထုံးစံအရ ခြေရေတူအသင်းနှစ်သင်းတွေ့ပီဆို အိမ်ရှင်က =50ဝင်ရိုးပေးကိုပေးရမှာပါ။ဒါပေမယ့် လက်ရှိပေါက်ကြေးအရ ဒဲ့ ဖြစ်နေတာက ထူးဆန်းနေပါတယ်။ HTHအရလည်း လာဇီယိုက အိမ်ကွင်းမှာဆို ရိုးမားကို မရှူံးတာ 7နှစ်ကျော်ရှိလာပါပီ။ဒီလိုအခြေအနေမှာတောင် အားနာပါးနာ =30လောက်တောင် မပေးရဲပုံထောက်ရင် ဒီညလာဇီယို အိမ်ကွင်းမှာ သရေရလဒ်အပြင်ပိုမရနိုင်ဘူးလို့ ဘွတ်ပီတွေတွက်ထားပုံပါပဲ။ ဂိုးပေါင်းကြေးအရကလည်း2D သာရှိပီး နှစ်သင်းပေါင်းသွင်းဂိုး သုံးဂိုးဖြစ်တာနဲ့ အပြည့်ပျော်ရမှာပါ။ခြုံငုံသုံးသပ်ရရင် အိမ်ကွင်းမှာတောင် ကြေးမပေးရဲတဲ့ လာဇီယိုကို ကျွန်တော် အထင်မကြီးချင်ပါဘူး။သရေကျသွားနိုင်ပေမယ့် တစ်သင်းသင်းနိုင်မယ်ဆိုရင် ရိုးမားပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် *ရိုးမား ဘော်ဒီ*ကိုသာယူထားချင်ပါတယ်။

Tipster - သပြေ

Wayne Sport Myanmar

(ချယ်ဆီးဂိုးအောက်)100% Win ✅✅✅ Tipster သပြေတို့ကတော့ကြမ်းချက်ပဲဗျို့.Wayne Sport Myanmar
10/01/2024

(ချယ်ဆီးဂိုးအောက်)100% Win ✅✅✅
Tipster သပြေတို့ကတော့ကြမ်းချက်ပဲဗျို့.

Wayne Sport Myanmar

ရီးရဲလ်မက်ဒရစ်နဲ့ ကျနော်တို့ ရင်ဆိုင်ရတဲ့ ပွဲတပွဲမှာပီပီရဲ့ ခေါင်းကို ကျနော်ကန််မိသွားတယ်၊ ပီပီလည်း ဒဏ်ရာရပြီး ပတ်တီးပါစ...
10/01/2024

ရီးရဲလ်မက်ဒရစ်နဲ့ ကျနော်တို့ ရင်ဆိုင်ရတဲ့ ပွဲတပွဲမှာ
ပီပီရဲ့ ခေါင်းကို ကျနော်ကန််မိသွားတယ်၊ ပီပီလည်း ဒဏ်ရာရပြီး ပတ်တီးပါစည်းလိုက်ရတာပေါ့။ အဲဒီမှာ ရာမို့စ်ရောက်လာပြီးတော့ ကျနော့်ကို စကားပြောရော။

"မင်း ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်သွားချင်လား ဒါမှမဟုတ် အရေးပေါ်ကားနဲ့ သွားချင်လား၊ ကြိုက်တဲ့တခုကို ရွေး" တဲ့။

"မင်း ငါ့ကို ဘာလို့ ဒါတွေလာမေးနေတာလဲ" ဆိုပြီး ကျနော် ပြန်မေးတော့ သူက -

"င့ါကို ပီပီက မင်း အဲဒီလို သွားပြောသင့်တယ်ဆိုလို့ကွာ" လို့ ပြန်ပြောခဲ့ပါတယ်။

- အဒူရစ်ဇ် (ဘီဘာလ်အိုတိုက်စစ်မှူးဟောင်း)

ဘိုရိုကွင်းမှာ ဂိုးမိုးခေါင်မယ်မစ်ဒယ်ဘရော့ Vs ချလ်ဆီးမစ်ဒယ်ဘရော့ဘိုရို အမည်ပြောင်ရှိတဲ့ မစ်ဒယ်ဘရော့တို့ကအခုနောက်ပိုင်းရလ...
09/01/2024

ဘိုရိုကွင်းမှာ ဂိုးမိုးခေါင်မယ်
မစ်ဒယ်ဘရော့ Vs ချလ်ဆီး
မစ်ဒယ်ဘရော့
ဘိုရို အမည်ပြောင်ရှိတဲ့ မစ်ဒယ်ဘရော့တို့ကအခုနောက်ပိုင်းရလဒ်တွေ တောက်လျောက်ကျဆင်းလာနေပါတယ်။အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်နေပီး တိုက်စစ်ကလည်း အားနည်းမှုတွေကို မြင်တွေ့လာရပါတယ်။လူငယ်ကစားသမားတွေနဲ့အဓိက ဖွဲ့စည်းထားတာကြောင့် အတွေ့အကြုံပိုင်းအရ အရင်လို မစ်ဒယ်ဘရော့ရဲ့ မာကျောမှုမျိုးပျောက်ဆုံးနေတာကိုတွေ့ရမှာပါ။ချန်ပီယံရှစ်မှာလည်း အခြေအနေမကောင်းပဲ အဆင့်12အထိကို ရောက်ရှိနေတဲ့ ဘိုရိုတို့ EFLဖလားမှာတော့ ဆီမီးဖိုင်နယ်အထိ တက်လှန်းနိုင်လာတာပါ။သို့သော်လည်း ဘိုရိုဖြတ်သန်းအနိုင်ယူလာတဲ့ အသင်းက Port Vale ဆိုတဲ့ ချန်ပီယံရှစ် အဆင့်ထက်နိမ့်တဲ့ League oneမှာတောင် တိုင်ပတ်နေတဲ့အသင်းကို အနိုင်ယူပီး ဆီမီးကိုတက်လာတာပါ။ဆီမီး ဖိုင်နယ်ကို နှစ်ကျော့ကစားရမှာဖြစ်လို့ ဘိုရိုတို့အိမ်ကွင်းမှာ အားကုန်ထုတ်ကစားလာမှာတော့ အသေအချာပါပဲ။

ချလ်ဆီး

နည်းပြ ပိုချက်တီနိုလက်ထပ်မှာ ရွှေတစ်နေ့ ငွေတစ်နေ့ဖြစ်နေတဲ့ ချလ်ဆီးက အခုတလောမှာခြေပြန်တက်နေပီး သုံးပွဲဆက် အနိုင်ရရှိထားပါတယ်။အဆိုပါ သုံးပွဲမှာ သွင်းဂိုး 9ဂိုးအထိ ရှိထားပီး တိုက်စစ်ပိုင်းထက်မြတ်မှုရှိလာတာကို တွေ့ရမှာပါ။ကွင်းလယ်မှာ ကိုးလ်ပါမား ခြေစွမ်းပြနိုင်နေသလို မာဒူကီ ၊ မူဒရစ် နဲ့ စတာလင်တို့လို ကစားသမားတွေလည်း ရှိနေတာကြောင့် တိုက်စစ်က ဂိုးရဖို့မပူရပဲ တကယ်တန်းစိတ်ပူနေရတာက ခံစစ်ဖြစ်ပါတယ်။အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတဲ့နောက်တန်းကို ပိုချက်တီနိူ ဘလိုပြင်ဆင်ပီး မစ်ဒယ်ဘရော့ကို ဘလိုရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

သုံးသပ်ချက်

လက်ရှိပေါက်ကြေးအရ ချလ်ဆီးက 1-10ဆိုပီး ကြေးဖွင့်ပေးထားပါတယ်။HtH အရမှာလည်း ချလ်ဆီးက မစ်ဒယ်ဘရော့နဲ့ လေးကြိမ်တွေ့ရမှာ လေးကြိမ်လုံးကိုအနိုင်ရရှိထားပါတယ်။ အိမ်ကွင်းအဝေးကွင်းမရွေး အနိုင်ရရှိထားတဲ့ ချလ်ဆီးအသင်းရဲ့ ကြေးပေးက အနည်းငယ်ပျော့နေတယ်လို့သံသယဝင်မိပါတယ်။2022က FA ဖလားမှာ ဘိုရို အိမ်ကွင်းမှာပဲ ချလ်ဆီးနဲ့ တွေ့ဆိုခဲ့ပီး ချလ်ဆီးက 0-2ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။ တစ်ဂိုးနဲ့နိုင်ဖို့သေချာနေတဲ့ ချလ်ဆီးက 1-10ပေးထားတာရယ် Winကြေးမှာ1.53လောက်ဖွင့်ထားပုံအရ ချလ်ဆီးတို့ နိုင်ဖို့တောင်မသေချာဘူးလို့ ဘွတ်ကီတွေတွက်ထားပုံပါ။ဂိုးပေါင်းကြေးကိုတော့ စတည်ကြေး 3D ကနေ ယခု 3+20ဆိုပီး ကြေးပျော့ပေးထားတာကိုတွေ့ရပါတယ်။ လက်ရှိ ချလ်ဆီးတိုက်စစ် ဂိုးမြူးနေချိန်မှာတောင် 3+ကြေးမျိုးပေးထားတာက ဂိုးပေါ်သမားတွေကို မျှားထားတဲ့ကြေးလို့ ယူဆမိပါတယ်။အထူးသဖြင်​့ နှစ်ကျော့ကစားရတဲ့ပွဲဖြစ်တာကြောင့် ချလ်ဆီးကလည်း တိုက်စစ်အလွန်အကျွံဖွင့်ကစားမှာမဟုတ်ပဲ ဗိုလ်လုပွဲတက်နိုင်ရေးအတွက် အဝေးကွင်းမှာ ထိန်းကစားလာပီး အိမ်ကွင်းရောက်မှ အပိုင်တွယ်မယ်ဆိုပီး ရည်ရွယ်လာနိုင်ပါတယ်။ဒီအချက်ကပဲ ချလ်ဆီးအသင်းကြေးပျော့နေရတဲ့ အချက်လို့ပဲမြင်မိပါတယ်။ အကျဥ်းချုံးပြောရ ရင် အိမ်ကွင်းမှာ အားကုန်ရုန်းလာမယ့် ဘိုရိုရဲ့ ခံကန်အားရယ် ချလ်ဆီးရဲ့ ဗိုလ်လုပွဲရည်ရွယ်ချက်ကြောင့် တစ်ဂိုးရတာနဲ့ ထိန်းကစားလာမှာရယ်ကြောင့် ဒီည ဘိုရိုကွင်းမှာ ဂိုးတွေမိုးခေါင်နေပါလိမ့်မယ်လို့ ယူဆမိပါတယ်။ ။

ဆော်ဒီမြေကို ဘောလုံးသမားတွေ စွန့်ခွါချင်နေပြီ။ ❌• အဓိကကတော့ ပြင်းထန်တဲ့ရာသီဥတု၊ မတူညီတဲ့ ယဉ်ကျေးမှု၊ ပရိသတ်မရှိတဲ့ ကွင်း...
09/01/2024

ဆော်ဒီမြေကို ဘောလုံးသမားတွေ စွန့်ခွါချင်နေပြီ။ ❌

• အဓိကကတော့ ပြင်းထန်တဲ့ရာသီဥတု၊ မတူညီတဲ့ ယဉ်ကျေးမှု၊ ပရိသတ်မရှိတဲ့ ကွင်းတွေနဲ့ မိသားစုက အမျိုးသမီးတွေအတွက် အခွင့်အရေးပိတ်ပင်မှုတွေကြောင့် ဖြစ်ပါတယ်။

လာမဲ့ နွေရာသီအပြောင်းအရွေ့မှာ ကစားသမားတွေ ဆော်ဒီကနေ အပြုံလိုက်ထွက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ⏳

အသင်းလက်မဲ့ ဖြစ်နေတဲ့ သခင်ကြီးလင်ဂတ်ဟာ ဘာစီလိုနာ အသင်းအား သူ့ကို ခေါ်မလားလို့ ကိုယ်တိုင်သွားကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လိ...
09/01/2024

အသင်းလက်မဲ့ ဖြစ်နေတဲ့ သခင်ကြီးလင်ဂတ်ဟာ ဘာစီလိုနာ အသင်းအား သူ့ကို ခေါ်မလားလို့ ကိုယ်တိုင်သွားကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် (၃၁) နှစ်အရွယ်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကတည်းက လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဆော်ဒီကလပ်မှာ သွားရောက်လေ့ကျင့်ရေးဆင်းခဲ့ပေမယ့် လစာတောင်းတာ များလို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

မနက်ဖြန် မိုးလင်းတာနဲ့ မျက်နှာသစ် မနက်စာစားပီး တာနဲ့ နီးစပ်ရာ ဘောလုံးဒိုင်ဆီကိုသွား မသွားချင်ဘူးဆိုရင်လည်း Wayne Sport M...
08/01/2024

မနက်ဖြန် မိုးလင်းတာနဲ့ မျက်နှာသစ် မနက်စာစားပီး တာနဲ့ နီးစပ်ရာ ဘောလုံးဒိုင်ဆီကိုသွား

မသွားချင်ဘူးဆိုရင်လည်း Wayne Sport Myanmar Pageရဲ့ Cbကို Hi လိုက်ဗျာ ။ ပီးရင် 14ရက်နေ့ ကစားမယ့် အဲဗာတန် နဲ့ အက်စတွန်ဗီလာပွဲ ကြေးဘလိုပေါက်လဲမေးပီး ခင်ဗျားမှာ ရှိတဲ့အမောက်ရဲ့ သုံးပုံနှစ်ပုံကို *အဲဗာတန် ဘော်ဒီ*ထိုးလိုက်။ 15ရက်နေ့မနက်ဆို ငွေထုတ်ရုံပဲဗျာ။မြေကြီးလက်ခတ်တာမှလွဲဦးမယ်။ဒီ့ထက်သေချာတဲ့ပွဲတောင် ဒီလောက်မသေချာဘူး။

ပွဲစဥ် = အဲဗာတန် Vs အက်စတွန်ဗီလာ
ပွဲရက်= ၁၄ရက်နေ့ ၁လ ၂၀၂၄
ပွဲချိန်= ၈နာရီခွဲ
လက်ရှိပေါက်ကြေး= အဲဗာတန် L-40(3+45)

Tipster-သပြေ

Wayne Sport Myanmar

မန်ယူ ဘာလဲ ဘယ်လဲတစ်ချိန်က အိုးထရက်ဖို့ဒ်ဆိုတာ အလည်လာသူတွေ လက်ဗလာချည်းလှည့်ပြန်ကြရတယ်၊သွေးတိုးစမ်းချင်ပါတယ်ဆိုတဲ့ လီပါပူး...
08/01/2024

မန်ယူ ဘာလဲ ဘယ်လဲ

တစ်ချိန်က အိုးထရက်ဖို့ဒ်ဆိုတာ အလည်လာသူတွေ လက်ဗလာချည်းလှည့်ပြန်ကြရတယ်၊သွေးတိုးစမ်းချင်ပါတယ်ဆိုတဲ့ လီပါပူး၊အာဆင်နယ် တို့တောင် ဒူးထောက်ခဲ့ရတဲ့ အိပ်မက်ပြဇာတ်ရုံကြီးပါ။ ဒါကိုမှ မှော်ဆရာကြီး ဖာဂူဆန်က ဦးဆောင်ထားပီဆိုမှတော့ ဘယ်သူများယှဥ်ရဲဦးမလဲ။

ဘက်ခမ်း၊ ကန်တိုနာ၊ ရိုင်ယန်ဂစ်တို့ကအစ ရွန်းနေး ၊ရော်နယ်ဒို တို့အထိ ညမွှေးပန်းတွေက မန်ချက်စတာမြို့ထဲသာမက တစ်လောကလုံးအထိတိုင် မွှေးပျံ့ခဲ့တာပါ။Englandမှာ ပြိုင်စံရှား ဘယ်သူမှအံမတုနိုင်လောက်အောင် သူရဲနီတို့ မင်းမူစိုးစံခဲ့တာပါ။ ပွဲအတွင်းက နိုင်လိုစိတ်ပြင်းထန်သူတွေက သူရဲနီဂျာစီကိုဝတ်ထားပီး ရှုံးရင်ပဲ အသတ်သေတော့မလိုကို ကစားခဲ့ကြတဲ့ စီနီယာ ကစားသမားကြီးတွေ လွမ်းရပါ့ဗျာ။ အသက်အရွယ်အရ နည်းပြကြီး ဖာဂူဆန်နားပီဆိုတော့ သူ့အရိုက်အရာကို ဘယ်သူဆက်ခံမလဲ ကျွန်တော်တို့တွေ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။

ဒေးဗစ်မွိုက်က အရှိန်အဝါအကြီးဆုံး ဒီထိုင်ခုံကို ရရှိခဲ့ပါတယ်။ သူကထိုက်တန်သူတစ်ဦးအဖြစ် ရှိမနေခဲ့ပဲ အလယ်လတ်တန်းနည်းပြတစ်ဦးထက်အပိုဘူးဆိုတာ ကျွန်တော်တို့သိရှိခဲ့ရပါတယ်။ ဒီလိုနဲ့နည်းပြအပြောင်းအလဲတွေကြား ကစားသမားအပြောင်းအလဲတွေနဲ့ပါ ရှုပ်ထွေးပွေလီနေရင်း မန်ယူဟာ နွံထဲနစ်မှန်းမသိနစ်လာရပါတယ်။မန်ယူဟာ မန်ယူကိုပျောက်ဆုံးနေခဲ့တာ ဆယ်စုနှစ်တစ်ခုကြာ ရှိခဲ့ပါပီ။လက်ရှိ EPLမှာလည်း ပွဲနှစ်ဆယ်ကစား ဆယ်ပွဲနိုင် တစ်ပွဲသရေ ကိုးပွဲအထိရှုံးခဲ့ပီး ရဂိုး22ဂိုး ပေးဂိုး27ဂိုးအထိရှိထားပီး -5တောင်ပြနေတဲ့ သူတို့မှာ မန်ယူဝိညာဥ်ပျောက်ဆုံးနေတာ အသေအချာပါပဲ။ဒီ

ဂျာစီကို ပေါချောင်ချောင်ကောင်တွေ ဝတ်ပီးကစားနေပုံ ဖာဂူဆန်ကြည့်ပီး ဘယ်လောက်ရင်နာလိုက်မလဲဗျာ။ဆိုတော့ကာ မန်ယူကျရှုံးရခြင်းအကြောင်းအရာမှာ မည်သူတွင် အပြစ်ရှိသနည်း?။ ဒီလိုဆို ဂျာစီဝတ်ပီးကစားနေတဲ့သူတိုင်းမှာ အပြစ်ရှိပါတယ်။ဘာကြောင့်ရှုံးတာပါ ညာကြောင့်ရှုံးတာပါဆိုပီး မီဒီယာရှေ့ ပန်းနုသွေးလုပ်ပြတဲ့ ခေတ်မဟုတ်တော့ပါဘူး။ဘာကြောင့်ရှုံးလဲ ညံ့လို့ရှုံးတာပါ။လက်ရှိမန်ယူနိုက်တက်ရဲ့ အသင်းမှာEPL ဖလားကိုင်ဘူးတာဆိုလို့လက်စတာကနေအလွတ်နဲ့ပြန်ပြောင်းလာတဲ့ ဂျွန်နီအီဗန်တစ်ယောက်သာရှိတာပါ။ဒီလို ကစားသမားမျိုးဆက်ပြတ်သွားတာကလည်း မန်ယူအသင်းပြန်လည်ဦးမော့လာရေးမှာ အနှောင်အယှက်တစ်ခုဖြစ်စေတာပါ။

လက်ရှိမှာတော့ နည်းပြ တန်ဟက်ကလည်း EPLရဲ့အထှာကို မသိသေးသလို အသင်းနဲ့အသားကျဖို့ကို အတော်လေးကြိုးစားနေရတာကိုတွေ့ရပါတယ်။သေချာတာကတော့ မန်ယူအနေနဲ့ထပ်မံပီး အပြောင်းအလဲတွေကြီးကြီးမားမားတွေလုပ်ကာ ဆေးမီးတိုနဲ့ ဖြေရှင်းနေတာတွေထက် ရေရှည်planတစ်ခုစီစဥ်ထားပီး ကွင်းတွင်းကွင်းပြင်ပြဿနာတွေကို သေချာကိုင်တွယ်သွားမယ်ဆိုရင် တစ်ခေတ်တစ်ခါက မန်ချက်စတာယူနိုက်တက်ကို ကျွန်တော်တို့ ပြန်မြင်ရနိုင်မယ်ထင်ပါတယ်။

စာဖတ် ပရိတ်သတ်အမြင်လေးတွေကိုလည်း Commentsပေးခဲ့ကြပါဦးဗျ။

ဆောင်းပါးရှင်=သပြေ

Wayne Sport Myanmar မှတင်ဆက်သည်။

ထိုင်းဘတ် ( 𝟭𝟲𝟬𝟬𝟬) ထုတ် ✔𝟭𝟲𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟭𝟲,𝟬𝟬𝟬 𝗕𝗮𝗵𝘁 𝘄𝗶𝘁𝗵𝗱𝗿𝗮𝘄''ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးပါဗျ 💕''ပြည်ပရောက် ရွှေမြန်မ...
08/01/2024

ထိုင်းဘတ် ( 𝟭𝟲𝟬𝟬𝟬) ထုတ် ✔

𝟭𝟲𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟭𝟲,𝟬𝟬𝟬 𝗕𝗮𝗵𝘁 𝘄𝗶𝘁𝗵𝗱𝗿𝗮𝘄

''ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးပါဗျ 💕''

ပြည်ပရောက် ရွှေမြန်မာများ
ထိုင်းဘတ်ငွေနဲ့ ကစားလို့ရနေပါပြီ

သွေးရဲပါတယ်ဆိုတဲ့ ဖိုက်တာများအတွက်
မိနစ်ကိုးဆယ် တစ်ပွဲသိန်း၆၀၀အထိရပါတယ်ဗျ

𝗪𝗮𝘆𝗻𝗲 𝗦𝗽𝗼𝗿𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿


☎ 𝗣𝗵/𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟲𝟳𝟭𝟮𝟲𝟯𝟯𝟲

လီဗာပူးလ်တို့ အာဆင်နယ်ဘက်ကို အဖွင့်ဂိုးသွင်းချိန်မှာ လီဗာပူးလ်ပရိသတ်တဦးလည်း ကွင်းထဲဝင်လာပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခ...
08/01/2024

လီဗာပူးလ်တို့ အာဆင်နယ်ဘက်ကို အဖွင့်ဂိုးသွင်းချိန်မှာ လီဗာပူးလ်ပရိသတ်တဦးလည်း ကွင်းထဲဝင်လာပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံသွားခဲ့ပါတယ်။ အတူတူအောင်ပွဲခံနေချိန်မှာပဲ လီဗာပူးလ်ကစားသမားတွေဟာ ပရိသတ်ကို ဝိုင်းထုကြ၊ ရိုက်ကြနဲ့ အပျော်တွေလွန်နေခဲ့တာပါ။

ဒါဝင်နူနက်ဇ်ဆိုရင် အသားကုန်အားထည့်ပြီးတော့ကို ရိုက်လိုက်၊ ထုလိုက်လုပ်ခဲ့ပြီး ကိုနာတေးကတော့ ဦးထုပ်ပါချွတ်ပြီး လွှင့်ပစ်လိုက်ပါတယ်။ ပရိသတ်ကလည်း ကစားသမားတွေနဲ့အတူ အောင်ပွဲခံနေရတော့ ဘာမှမသိတော့ပါဘူး။ သူ့ ရိုက်လည်း နာမှန်းမသိလောက်တော့ပါဘူး။

မြင်ရတာ တကယ်ပျော်စရာကြီးပါ။ ဒါဝင်နူနက်ဇ်ကတော့ အားလုံးသတိထားမိလောက်အောင်ကို ဖြစ်ခဲ့ရပြီး အသားကုန်တီးနေတာ လီဗာပူးလ်ပရိသတ်ပါဟလို့တောင် ပရိသတ်တွေ နောက်ပြောင်နေကြပါတယ်။

ဒီညကို ဒီလိုလေးဖြတ်သန်းကြည့်ပါတိုရီနို Vs နာပိုလီနာပိုလီL-10(2-30)တိုရီနိုက အိမ်ကွင်းမာဂုဏ်ရှိတဲ့အသင်းပါ။နာပိုလီကတော့ ဒီ...
07/01/2024

ဒီညကို ဒီလိုလေးဖြတ်သန်းကြည့်ပါ

တိုရီနို Vs နာပိုလီ
နာပိုလီL-10(2-30)

တိုရီနိုက အိမ်ကွင်းမာဂုဏ်ရှိတဲ့အသင်းပါ။နာပိုလီကတော့ ဒီနှစ်မှာရလဒ်ကော ကစားပုံကပါ ကျဆင်းနေတာကို တွေ့ရမှာပါ။ဒီညမှာလည်း အိမ်ကွင်းမှာအတော်လေးကစားအားကောင်းတဲ့ တိုရီနိုကို ယှဥ်ပြိုင်ရဦးမှာပါ။ကြေးပေးတဲ့အနေအထားအရ L-20ဆိုတာက နာပိုလီအနေနဲ့ အားနာပါးနာပေးတယ်ဆိုရုံလေး ပေးထားတဲ့သဘောပါ။ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာကော အသာရထားတဲ့ နာပိုလီ ၊ နိုင်မှဖြစ်တော့မယ့် နာပိုလီ ရဲ့ကြေးပေးက သံသယဝင်စရာ ဖြစ်နေတာကြောင့် အိမ်ရှင် *တိုရီနို ဘော်ဒီ*ကို ရွေးချယ်လိုက်ရပါတယ်။

အာဆင်နယ် Vs လီပါပူး
အာဆင်နယ် L-100( 3+35)

မကြာသေးခင်ကပဲ လီပါပူး ကွင်းမှာ တွေ့ဆုံခဲ့ပီး တစ်ဖက်တစ်ဂိုးစီသရေကျထားပါ။အခုပြိုင်ပွဲကတော့ FA ဖလားမှာဖြစ်တာကြောင့် လူစာရင်းပိုင်းမှာ နှစ်ဖက်လုံး ချန်ပီးကစားလာနိုင်ပါတယ်။ဒါပေမယ့်လည်း လီပါပူးကွင်းမှာ ကစားချိန်တုန်းကတောင် လီပါပူးက L-35ပဲ ပေးခဲ့တာပါ။အခုအာဆင်နယ်က L-100ဖွင့်ပေးထားတော့ အာဆင်နယ်ကြေးပြင်းလွန်းနေတာကို တွေ့ရပါတယ်။ဘာကြောင့်အာဆင်နယ် ကြေးပြင်းနေရလဲဆိုတဲ့အချက်က လီပါပူးက ဆာလက်မပါနိုင်တဲ့အပြင် ဆာပေါ်ဆလိုင်းပါ ဒဏ်ရာရစာရင်းတိုးလာတာကြောင့်ပါ။ထို့အပြင် FA ဖလားရဲ့ အအောင်မြင်ဆုံးအသင်းက အာဆင်နယ်ဖြစ်နေလို့ပါ။ ကြေးပြင်းနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ အနိုင်ကစားပီးနောက်တစ်ဆင့်ကို တက်နိုင်မယ်လို့ ဘွတ်ကီတွေယူဆထားပုံရပါတယ်။ *အာဆင်နယ် ဘော်ဒီ*ကိုသာ ယူထားချင်ပါတယ်။

ရိုးမား Vs အက်တလန်တာ
ရိုးမား L-50(2-60)

ရိုးမားက ရာသီအစမှာခြေစွမ်းအ​တော်လေးဆိုးရွားခဲ့ပီးတန်းဆင်းဇုန်နားအထိ ရောက်ခဲ့ရတာပါ။လက်ရှိမှာတော့ ပုံစံကောင်းတွေတဖြည်းဖြည်းပြန်ရနေပီး ဇယားထိပ်ပိုင်းကို ပြန်လည် ချဥ်းကပ်လာတာကိုတွေ့ရမှာပါ။ဧည့်သည် အက်တလန်တာတို့ကတော့ ရလဒ်ပိုင်းပြန်လည်ကောင်းမွန်လာပေမယ့် အဝေးကွင်းဆို သိပ်စိတ်မချရတာကိုတွေ့ရပါတယ်။အိမ်ကွင်းမှာ အမှားခံမှာမဟုတ်တဲ့ ရိုးမားရဲ့ကြေးပေးက L-40ပေးထားပီ ဒါဟာ ဖြစ်သင့်တဲ့ကြေးမျိုးပါပဲ။ အိမ်ကွင်းအားသာချက်နဲ့ လက်ရှိ Formအရ ရိုးမား သရေကျနိုင်ပေမယ့် အနိုင်ရလဒ်ဆိုရင် ရိုးမားအတွက်ပဲဖြစ်ရမှာပါ။သရေတစ်ပေါက်ကျနိုင်ပေမယ့် မော်ရင်ဟိုရဲ့ ရိုးမားအနိုင်ကစားပီးအဆင့်ခြောက်နေရာကို တက်လှန်းလာမှာမလို့ *ရိုးမား ဘော်ဒီ*ကိုအားပေးရင်း နွားနို့သောက်ကြတာပေါ့ဗျာ။ ။

tipster - သပြေ

Wayne Sport Myanmar

ကိုပါဒယ်ရေးပွဲအဖြစ် ညကကစားခဲ့တဲ့ပွဲမှာ ကွင်းအတွင်း ရာသီဥတုက အရမ်းအေးနေခဲ့ပါတယ်။ ဘယ်လင်ဟမ်တို့ အရန်ကစားသမားတွေဟာ စောင်ခြု...
07/01/2024

ကိုပါဒယ်ရေးပွဲအဖြစ် ညကကစားခဲ့တဲ့ပွဲမှာ ကွင်းအတွင်း ရာသီဥတုက အရမ်းအေးနေခဲ့ပါတယ်။ ဘယ်လင်ဟမ်တို့ အရန်ကစားသမားတွေဟာ စောင်ခြုံပြီးတော့ကို နေခဲ့ရတာပါ။ ဒီအချိန်မှာ ဘောကောက်လေးလည်း အအေးဒဏ်ကြောင့် အခက်တွေ့နေတာကို ဘယ်လင်ဟမ်က မြင်ခဲ့ပြီး သူခြုံထားတဲ့ စောင်ကို သွားပေးခဲ့တာပါ။

သူ့နားကိုလာဖို့ခေါ်ခဲ့ပေမယ့် ဘောကောက်လေးက မလာရဲပဲဖြစ်နေလို့ ဘယ်လင်ဟမ်က သူကိုယ်တိုင်သွားပြီးခြုံပေးခဲ့တာပါ။ ပွဲအပြီးမှာလည်း သူက ဓာတ်ပုံအတူတွဲရိုက်ခဲ့ပြီး စောင်ကိုပါ အပိုင်ပေးလိုက်ပါသေးတယ်။ ဘောကောက်လေးအတွက်တော့ မထင်မှတ်ထားတဲ့ treatment ကို ရလိုက်တာပါပဲ။

ဘယ်လင်ဟမ်ရဲ့ စေတနာကောင်းကိုလည်း မြင်တွေ့ခဲ့ရပြီး အားလုံးက ချီးကျူးနေကြပါတယ်။ အရွယ်နဲ့မလိုက်ဖက်အောင် ရင့်ကျက်ပြီး စိတ်သဘောထားကောင်းလွန်းတဲ့ ဘယ်လင်ဟမ်ပါပဲ။

တောင်ပေါ်က လာတဲ့ပွဲ 🏔အမ်ပိုလီ Vs အေစီမီလန် ကြေးဖွင့်လှစ်မှု ~ အမ်ပိုလီ (3+60) 1+40 အေစီထိုးသားPersent ~ 16 % & 84 %◾အမ်ပ...
07/01/2024

တောင်ပေါ်က လာတဲ့ပွဲ 🏔
အမ်ပိုလီ Vs အေစီမီလန်

ကြေးဖွင့်လှစ်မှု ~ အမ်ပိုလီ (3+60) 1+40 အေစီ
ထိုးသားPersent ~ 16 % & 84 %
◾အမ်ပိုလီဟာ Seria A ၆ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အသင်းပါ ။
◾တန်းဆင်းဇုံ တိုက်ပွဲအတွက် ရုန်းကန်နေရတဲ့ အသင်းဆိုလည်း မမှားပါဘူး ။
◾AC ကတော့ ဇယားထိပ်နားမှာ ရပ်တည်နေပြီး
အမ်ပိုလီ နဲ့ဆန့်ကျင်ဘက်ပါပဲ ။
◾ဒါ့အပြင် အမ်ပိုလီဟာ အိမ်ကွင်းမှာ ဘယ်အသင်းကြီးနဲ့ တိုးတိုး အမြဲရှုံးနေတဲ့ အသင်းပါ ။
◾ဒီလောက်ထိ အနေထားတိုင်ပတ်နေတဲ့ အသင်းမျိုးကို AC လို အသင်းကြီးအတွက် နိုင်တာနဲ့ တဝက်နီးပါးရမယ့် ကြေးမျိုးကို ဖွင့်ထားပေးတာဟာ စဥ်းစားစရာပါ ။
◾နောက်တချက်က ထိုးသားရာခိုင်နှုန်းပါ ၊ Empoli ဘက်မှာ 16% ပဲ ရှိနေပြီး AC ဘက်မှာတော့ 84% ထိ တခြမ်းစောင်းရှိနေတာပါ ။
◾ထိုးသားအကြိုက် အသင်းကြီးကို နိုင်တာနဲ့ကြေးမရှုံးတဲ့ စျေးတန်းဖောက်ထားပုံအရ Bookie တွေ တခုခုတော့ ကြံစည်ထားပါပြီ / ဘောလုံးပွဲက အ့လောက်မရိုးရှင်းပါဘူး ။
◾ထိုးသား Persent 16% နဲ့ 84% မှာ ကိုယ်သာဒိုင်ဆိုရင် ဘယ်အသင်းကို ကြေးပေးအောင်မလဲ စဥ်းစားကြည့်ပါ ။
◾ထိုးသားမကြိုက် / Bookie အကြိုက် / ဒိုင်ဘက်မှာ
လိုက်နေကြည့်ရအောင်ဗျာ ။
◾ဒီညတော့ အသင်းကြီးဘက်ကန်ပြီး အိမ်ရှင် Empoli နဲ့ အရဲ့စွန့်ကြည့်ပါမယ် ။

ရွေးချယ်မှု ~ အမ်ပိုလီ (ဘော်ဒီ)
~အားလုံးအဆင်ပြေကြပါစေ~

ခွန်နောင် 🖋

( 𝟳 ) ထောင်ရင်း ( 𝟭𝟲 ) သိန်းကျော်မြတ် 🔥𝟭𝟱𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟭𝟱 သိန်းထုတ် 𝟭𝟬𝟰𝟱 𝘂𝗻𝗶𝘁𝘀 - 𝟭𝟬 သိန်းလေးသောင်းခွဲထုတ် ''ဝန်ဆောင်မှုပေးခ...
07/01/2024

( 𝟳 ) ထောင်ရင်း ( 𝟭𝟲 ) သိန်းကျော်မြတ် 🔥

𝟭𝟱𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟭𝟱 သိန်းထုတ်
𝟭𝟬𝟰𝟱 𝘂𝗻𝗶𝘁𝘀 - 𝟭𝟬 သိန်းလေးသောင်းခွဲထုတ်

''ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးပါဗျ 💕''

စိတ်ကြိုက်ကစား စိတ်ကြိုက်ထုတ်ပါ

ငွေထုတ်ချိန် ညစ်တာမရှိ ရစ်တာမရှိ
မြန်မြန်နဲ့ မှန်မှန်ပဲ အလုပ်လုပ်ပါတယ်

ဖိုက်တာထိုးပေါက်တွေနဲ့ ကြမ်းချင်သူများ
မိနစ်ကိုးဆယ် တစ်ပွဲသိန်း၆၀၀အထိရပါတယ်ဗျ

𝗪𝗮𝘆𝗻𝗲 𝗦𝗽𝗼𝗿𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿


☎ 𝗣𝗵/𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟲𝟳𝟭𝟮𝟲𝟯𝟯𝟲

❝ -ီးဖြစ်လားကွာ၊ ဘောလုံးသမားတစ်ယောက်ဖြစ်ကိုဖြစ်လာစေရမယ်"ဆိုပြီး ကျွန်တော်တွေးမိလိုက်တယ်။ ကျွန်တော့်ဦးလေးရဲ့အိမ်ကိုသွားပြ...
07/01/2024

❝ -ီးဖြစ်လားကွာ၊ ဘောလုံးသမားတစ်ယောက်ဖြစ်ကိုဖြစ်လာစေရမယ်"ဆိုပြီး ကျွန်တော်တွေးမိလိုက်တယ်။ ကျွန်တော့်ဦးလေးရဲ့အိမ်ကိုသွားပြီးတော့ "ဦးလေးရေ၊ ဦးလေးအိမ်မှာ ခဏလောက်ပေးနေလို့ရမလား? ကျွန်တော့်ကို ထမင်းတောင် ကျွေးစရာမလိုပါဘူး။ အိပ်ဖို့နေရာလေးရရင် အဆင်ပြေပါတယ်။"လို့ ခွင့်တောင်းခဲ့တယ်။

ဦးလေးက ကျွန်တော့်ကို ခေါ်ထားပေးပါတယ်။ သူကိုယ်တိုင်လည်း မပြေလည်တဲ့ကြားထဲက ကျွန်တော့်ကို တတ်နိုင်သလောက်လည်း ကျွေးမွေးထားတယ်ဗျ။ အဲ့တာကြောင့် ဘရားဇီးလ်ကိုပြန်လာတိုင်း အဲ့လိုအခြေအနေတွေကိုမြင်ရတဲ့အခါ ကျွန်တော် မချိတင်ကဲဖြစ်ရတယ်။ ကျွန်တော့်တို့နိုင်ငံကလူတွေက ဆင်းရဲမွဲတေလွန်းလို့ ထမင်း၊ ဟင်းတွေကို အမှိုက်ပုံးထဲကနေတောင် ကောက်စားနေရတဲ့အခြေအနေတွေပေါ့ဗျာ။

ဒေါသလည်းဖြစ်ရတယ်။ တချို့လူတွေက အဲ့လိုဖြစ်နေတာကို နာကြည်းတဲ့စိတ်မရှိတာကိုလည်း ကျွန်တော်ပိုပြီးဒေါသထွက်မိတယ်ဗျ။ သူတို့က "ဒါက ဘရားဇီးလ်ပဲလေ၊ ဒီလောက်တော့ ရှိမှာပေါ့"ဆိုပဲ။

ဦးလေးအိမ်မှာ ကျွန်တော်အိပ်ရတဲ့ မွှေ့ရာက လက်ချောင်းတစ်ချောင်းရဲ့အထူလောက်တောင် မရှိပါဘူး။ မနက်ဖြန်မှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုလည်း အမြဲတမ်း စဉ်းစားမိတယ်။ မနက်ဖြန်ထက်ကျော်ပြီး တွေးတောနိုင်စွမ်းလည်း ကျွန်တော့်မှာ မရှိခဲ့ဘူးလေ။

အသက်ကလည်း 16 နှစ်တောင် ရှိနေပြီဆိုတော့ ဘောလုံးအကယ်ဒမီကိုလည်း ဆက်တက်လို့ မရတော့ဘူး။ ပွဲတွေလည်း ကစားလို့ မရဘူးပေါ့ဗျာ။ ကလေးသာသာ ကောင်လေးတွေနဲ့ပဲ အမြဲလေ့ကျင့်ခဲ့ရတာပါ။ အဲ့တုန်းက ရိုက်ထားတဲ့ပုံတွေတောင် အခုချိန်ထိ ကျွန်တော့်ဖုန်းထဲမှာ ရှိသေးတယ်။

အဲ့ဒီဓာတ်ပုံတွေကို သွားလေရာကို သယ်သွားပြီး အချိန်ရတိုင်းလည်း ထုတ်ကြည့်ဖြစ်တယ်။ ကလေးတွေကြားထဲမှာ ကျွန်တော်တစ်ကောင်တည်းကွက်ပြီး လူကောင်အကြီးကြီးဖြစ်နေခဲ့တာပေါ့ဗျာ။

ကျွန်တော့်ဦးလေးဆီကိုရောက်လာပြီး တစ်လလောက်ရှိလာတော့ ကျွန်တော့်ဘဝကလည်း အပြောင်းအလဲတွေ စမြင်လာရတာပါပဲ။ တစ်နေ့ကျတော့ ဘောလုံးအကယ်ဒမီက နည်းပြက America Minerio ကလပ်အသင်းအတွက် အစမ်းကစားခွင့်ရမယ်လို့ ကျွန်တော့်ကိုလာပြောတယ်။ ကျွန်တော်သာ ကန်ချင်မယ်ဆိုရင် ကူညီပေးမယ်ပေါ့လေ။ ကျွန်တော်လည်း တခြားမြို့ကို ခရီးထွက်ခဲ့ရတာပေါ့။

အဲ့မှာ ကျွန်တော် ဘယ်လောက်တောင် အပြင်းအထန် လေ့ကျင့်လိုက်သလဲဆိုရင် ရွံ့တွေဆိုတာ ကျွန်တော့်တစ်ကိုယ်လုံးမှာ ခဲပြီးကပ်နေတဲ့အထိပါပဲ။

အဲ့လိုလုပ်ခဲ့တဲ့အတွက် အကျိုးကျေးဇူးတွေကိုလည်း ကျွန်တော် ပြန်ခံစားခဲ့ရပါတယ်။ အသင်းရဲ့ U-17 အသင်းမှာ ဝင်ကစားခွင့်ရခဲ့တယ်။ အက်သလက်တီကိုနဲ့ ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို ကျွန်တော်သွင်းခဲ့တာလေ။ ချန်ပီယံလည်းဖြစ်ခဲ့တာပေါ့။ အဲ့ဒီနောက် ကျွန်တော် ဖလူမင်းနန်စ့်အသင်းကို ပြောင်းရွေ့သွားပြီးနောက်ပိုင်းမှာ မျက်စိတမှိတ်အတွင်း တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။

ဝက်ဖို့ဒ်အသင်းအတွက် ကစားခွင့်ရခဲ့တယ်။ မန်စီးတီးနဲ့ ကန်ရမဲ့ပွဲမှာပေါ့ဗျာ။ အီတီဟတ်ကွင်းကြီးရဲ့ဥမင်လှိုဏ်ဂေါင်းထဲမှာ ဂိမ်းတွေနဲ့ တီဗီပေါ်မှာပဲမြင်ဖူးတဲ့ အဂွယ်ရို၊ ဒီဘရိုင်းနားတို့လိုကစားသမားတွေနဲ့ ဘေးချင်းယှဉ်ရပ်နေရတဲ့ ခံစားချက်က ပြောမပြတတ်အောင် ဖြစ်ရတယ်ဗျာ။ ❞

~ရစ်ချာလီဆန် (စပါးတိုက်စစ်မှုး)

လိုက်ပ်ဇစ်တိုက်စစ်မှူး ချဲလ်ကစားသမားဟောင်း တီမိုဝါနာ ဟာ စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိသွားပြီ...
06/01/2024

လိုက်ပ်ဇစ်တိုက်စစ်မှူး ချဲလ်ကစားသမားဟောင်း တီမိုဝါနာ ဟာ စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ အငှားကာလ ပြီးဆုံးသွားပါက အပြီးသတ်ဝယ်ယူခွင့်ကိုလည်း စပါးအသင်းက ထည့်သွင်းချုပ်ဆိုခဲ့ထားတာ ပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ အောင်မြင်မှု မရခဲ့တဲ့ ဂျာမန်တိုက်စစ်မှူး အနေနဲ့ လန်ဒန်မြေ တစ်ကျော့ပြန်မှာ ပြန်လည်ခြေစွမ်းပြနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ဆက်ဆူအိုလိုက ဒီညရဲ့လမင်းဖြစ်တယ်ပွဲချိန် ( ၂နာရီ၁၅)ပေါက်ကြေး =ဆက်ဆူအိုလို vs ( L-50)ဖီအိုရင်တီးနား( 3+60)ဆက်ဆူအိုလိုဆိုတာ...
06/01/2024

ဆက်ဆူအိုလိုက ဒီညရဲ့လမင်းဖြစ်တယ်

ပွဲချိန် ( ၂နာရီ၁၅)
ပေါက်ကြေး =ဆက်ဆူအိုလို vs ( L-50)ဖီအိုရင်တီးနား( 3+60)

ဆက်ဆူအိုလိုဆိုတာ ဒီရာသီမှာ ခြေမငြိမ်တဲ့အသင်းပါ။ရလဒ်ကလည်း ဆိုးရွားနေပီး ဒီရာသီ တန်းဆင်းဇုန်နားတောင် ရောက်နေတဲ့အထိခြေစွမ်းကျဆင်းလာတာပါ။

ပြိုင်ဘက် ဖီအိုရင်တီးနားကတော့ ခြေစွမ်းအတက်ဘက်ကို ရောက်နေပီး ပြိုင်ပွဲစုံ ရှစ်ပွဲဆက်မရှုံးထားပါဘူး။ဒါကြောင့်လည်း ဆက်ဆူအိုလို ကွင်းမှာ =50အထိ အကြောပြန်ပေးထားတာကိုတွေ့ရမှာပါ။

သို့သော်လည်း ဖီအိုရင်တီးနားနဲ့တွေ့တိုင်း ဘတစ်ပြန်ကျားတစ်ပြန် ကစားတက်တဲ့ ဆက်ဆူအိုလိုကြောင့် အိမ်ကွင်းမှာ ရလဒ်ကောင်းတစ်တစ်ခု မျှော်လင့်လို့ရတာဖြစ်လို့ *ဆက်ဆူအိုလို ဘော်ဒီ*ကို နှစ်ဆ ကစားသင့်ပါတယ် ။

ရွေးချယ်မှု = ဆက်ဆူအိုလိုbody (၂ဆ)

Tipster-သပြေ

Wayne Sport Myanmar

🌿 အင်တာမီလန် Vs ဗီရိုနာ 🌿ကြေးဖွင့်လှစ်မှု ~အင်တာ 2-20 (3–55) ဗီရိုနာထိုးသားPersent ~{ 54 % & 46 %}◾ဇယားထိပ်ဦးဆောင်နေတဲ့...
06/01/2024

🌿 အင်တာမီလန် Vs ဗီရိုနာ 🌿

ကြေးဖွင့်လှစ်မှု ~အင်တာ 2-20 (3–55) ဗီရိုနာ
ထိုးသားPersent ~{ 54 % & 46 %}

◾ဇယားထိပ်ဦးဆောင်နေတဲ့ အင်တာဟာ အဆင့် 17 က ဗီရိုနာ အပေါ် (2–20) ဆိုပြီး ကြေးကြောပေးထားပါတယ် ။
◾၁၆ဆင့်လောက်ကွာတဲ့ အသင်းကို 2-20 စျေးပေးထားပေမယ့် အလွန် ပြင်းရှတဲ့ စျေးလို့ ဆိုရပါမယ် ။
◾ဘာလို့ ပြင်းရှတာလည်း ဆိုတာ ကြည့်ရအောင်ပါ
◾Inter ဟာ Verona နဲ့ စျေးတန်းသိပ်မကွာဟတဲ့
Udinese နဲ့ Frosinone တို့အပေါ် 2D & 2+30 ဝန်းကျင်စျေးတန်းပဲ ပေးခဲ့တာပါ ။
◾Inter ဟာ 2D ဝန်းကျင်ပေးခဲ့တဲ့ စျေးတန်းတိုင်း ကြေးမကျတာကို တွေ့ရပါတယ်။
◾ထိုးသား Persent အနေနဲ့လည်း တအားကြီး စောင်းမနေပဲ 54% & 46% ပဲရှိနေပြီး Inter ကို ထိုးသားတွေ သိပ်အထင်ကြီးမနေတဲ့ ပုံပါပဲ ။
◾အ့လို အထင်မကြီးပဲ Inter ကို ​ရှောင်သွားအောင်
Bookie တွေ အနေနဲ့ ပုံမှန်ပေးရမယ့်စျေးထက် ပိုပြီးပြင်းရှတဲ့ 2-20 ဆိုပြီး ဖွင့်လှစ်ပေးလိုက်တာပါ ။
◾Inter ကို ထိုးသားတွေ သိပ်အထင်မကြီးတဲ့ အချိန်မှာ Bookie တွေကတော့ အင်တာ ဘက်မှာ ရှိနေပါတယ် ။
◾ဆိုတော့ Bookie တွေ ရှိတဲ့ဘက်မှာ ကျနော်နေကြည့်ချင်ပါတယ် ။

ရွေးချယ်မှု ~ အင်တာမီလန် (ဘော်ဒီ)
~အားလုံးအဆင်ပြေကြပါစေ~

ခွန်နောင် 🖋

"ကျနော်ကတော့ အာဖရိကဖလားပွဲမှာ အီဂျစ် အုပ်စုကနေ လှည့်ပြန်ရဖို့ မျှော်လင့်ပါတယ်"ဆာလာကို ၈ ပွဲလောက်အထိ လက်လွှတ်ရဖွယ်ရှိနေတဲ...
06/01/2024

"ကျနော်ကတော့ အာဖရိကဖလားပွဲမှာ အီဂျစ် အုပ်စုကနေ လှည့်ပြန်ရဖို့ မျှော်လင့်ပါတယ်"

ဆာလာကို ၈ ပွဲလောက်အထိ လက်လွှတ်ရဖွယ်ရှိနေတဲ့ အနေအထားဖြစ်နေလို့ လီဗာပူးလ်နည်းပြကလော့ပ်ကတော့ အီဂျစ်ကို အုပ်စုကနေ ပြုတ်ဖို့ ဆုတောင်းနေပါပြီ။

ဒါမှ သူ့ကစားသမားကို အသင်းအတွက် စောစောပြန်အသုံးပြုလို့မှာပါ။ အာဖရိကဖလားပွဲကြောင့် ဆာလာကို အီဂျစ်ဆီ ပြန်မလွှတ်ချင်ပေမယ့်လည်း လွှတ်လိုက်ရလို့ လီဗာပူးလ်တိုက်စစ်ပိုင်းဟာ အနည်းငယ်တော့ အားနည်းဖွယ်ရာရှိနေပါတယ်။

စွန့်ရဲမှ စားရမယ်ဘိုလော့နာအိမ်ကွင်းဆိုတာဘာလဲ ဆိုတာကျွန်တော်တို့ တီးမိခေါက်မိရှိပါပီ။ဆက်တိုက်ရလဒ်ကောင်းနေတဲ့ အိမ်ကွင်းမှာ...
05/01/2024

စွန့်ရဲမှ စားရမယ်

ဘိုလော့နာအိမ်ကွင်းဆိုတာဘာလဲ ဆိုတာကျွန်တော်တို့ တီးမိခေါက်မိရှိပါပီ။ဆက်တိုက်ရလဒ်ကောင်းနေတဲ့ အိမ်ကွင်းမှာ ဂျီနိုအာကို =80ကြေးပေးထားတာက ဖြစ်သင့်တဲ့ကြေးမျိုးပါပဲ။ ဒီနေရာမှာ ဧည့်သည် ဂျီနိုအာ အသင်းကရလဒ်ပြန်ကောင်းပီးလက်ရှိနောက်ဆုံး သုံးပွဲမှာ ဆက်ဆူအိုလိုကို နိုင်ပီး အင်တာနဲ့ဂျူဗီတို့ကို သရေကစားထားတာပါ။ ဘော်ဒီကြေးဖွင့်ထားပုံက သာမာန်ဖြစ်ပေမယ့် ဂိုးပေါင်းကြေး2+25ကြီးက ထိုးသားတွေကို အတော်လေး ခေါင်းစားစေတာပါ။ အိမ်ရှင် ဘိုလော့နာနိုင်မယ်ဆိုတာနဲ့ စုံပေါ်ဖို့များတဲ့ ကြေးမျိုးပေးထားတာပါ။ဘိုလော့နာဆီက တစ်ဂိုးမျှော်လင့်လို့ရတယ်ဆိုရင် နောက်ထပ် တစ်ဂိုးရတာနဲ့ ဂိုးပေါ်ဝင်မယ့် ကြေးမျိုး ဘွတ်ကီဖွင့်ပေးထားပုံအရ ဒီပွဲက အပေါ်စုံနဲ့ အောက်စုံကြား လွန်ဆွဲမယ့်ပွဲမျိုးလို့ မြင်မိပါတယ်။ထူးခြားချက်အနေနဲ့ ဒီပွဲမှာ ပထမပိုင်း 1-0 Correct Scoreကို 3.32 အထိပေးထားတာ တွေ့ရပီး 0-0 ကိုတော့ 1.87အထိပဲ ပေးထားပုံထောက်ရင် ဘွတ်ကီတွေ အနေနဲ့ဒီပွဲပထမပိုင်းကို 0-0သရေ မှန်းထားပုံပါပဲ။ကြေးအောင်တာများလွန်းနေပီဖြစ်တဲ့ ဘိုလော့နာတို့ အိမ်ကွင်းမှာ 0-0 သရေကျမယ့်ပွဲလို့ မြင်မိတာကြောင့် တစ်ဖက်ဖက်က တစ်ဂိုးရခဲ့ရင်တောင် အပြည့်ပျော်ရွှင်ရမယ့် *ဘိုလော့နာ ဂိုးအောက်*ကိုသာ စွန့်စားရွေးချယ်လိုက်ရပါတယ်။

Wayne Sport Myanmar

Tipster- သပြေ

တောင်ပေါ်က လာတဲ့ပွဲ 👨‍💼 စပါး Vs ဘန်လေ September EPL တွေ့ဆုံမှုဘန်လေ (3+50) = -100 စပါးလက်ရှိကြေးဖွင့်လှစ်မှု စပါး 1-60 (...
05/01/2024

တောင်ပေါ်က လာတဲ့ပွဲ 👨‍💼
စပါး Vs ဘန်လေ

September EPL တွေ့ဆုံမှု
ဘန်လေ (3+50) = -100 စပါး

လက်ရှိကြေးဖွင့်လှစ်မှု
စပါး 1-60 (3-65) ဘန်လေ

◾EPL က ၂သင်း FA Cup မှာ ထိပ်တိုက်လာတွေ့တဲ့ ပွဲပါ ။
◾စက်တင်ဘာလ ပရီးမိီးယားလိဂ်တွေ့ ဆုံမှုတုန်းက
စပါးဟာ = -100 နဲ့ ဂိုးပေါင်းစျေး (3+50) ဆိုပြီး စျေးတန်းဖောက်ခဲ့တာပါ ။
◾ဘန်လေ ( 2 ) - စပါး ( 5 ) ဆိုတဲ့ Result နဲ့ ဘော်ဒီရော ဂိုးပေါင်းပါ စုံပေါ်ဝင်ခဲ့တာပါ။
◾ယနေ့ည ကန်မယ့် FA Cup မှာတော့ စပါး 1-60 & (3-65) ဆိုပြီး ဂိုးပေါင်းစျေးကို ပျင်းပျင်းရှရှ ဖွင့်ထားတာ ကို တွေ့ရပါတယ် ။
◾ဘော်ဒီစျေး 1-60 ဝန်းကျင်မှာ ဂိုးပေါင်းစျေး (3-50) ကျော်ဖွင့်ထားရင် အောက်အသင်း ဂိုးရနိုင်ခြေများပါတယ်။
◾ဘန်လေ အသင်း ဂိုးပြန်ရမှာပါ ။
◾စပါးရဲ့ နောက်ဆုံး ၁၁ ပွဲ ကန်ထားတာကိုကြည့်ရင်လည်း ဂိုး ပြန်မပေးခဲ့ရတာက နော်တင်ဟမ်နဲ့ အဝေးကွင်းတွေ့ဆုံမှု ၁ပွဲ သာရှိပါတယ်။
◾စပါး အသင်းဟာ တိုက်စစ်အားပြုကန်တဲ့ အသင်းဖြစ်သလို နောက်တန်းကလည်း ဂိုးအမြဲပေးနေရတာပါ
◾ဘန်လေ ကလည်း တိုက်စစ်အားသန်တဲ့ အသင်းတွေနဲ့တွေ့ရင် ဂိုးပြန်ရတက်ပါတယ် ။
◾စပါး အသင်း အနေနဲ့ ပြည်တွင်းဖလား တစ်လုံး အတွက် အားပြု ကန်လာမှာ ဖြစ်သလို ဘန်လေ အသင်း ကလည်း မထင်ရင် မထင်သလို ထထကောင်းတက်ပါတယ် ။
◾ဆိုတော့ ယနေ့ညကန်မယ့် England FA Cup ပွဲစဥ်ထဲက တစ်ပွဲဖြစ်တဲ့ စပါး နဲ့ ဘန်လေ ဟာ ဘတပြန် ကျားတပြန်နဲ့ ဂိုးပေါင်းကို ထိုင်ပြီးရေတွက်နေရမှာပါ ။

🌿 ရွေးချယ်မှု ~ ဂိုးပေါ် 🌿
~အားလုံးအဆင်ပြေကြပါစေ ~
Tipster ~ခွန်နောင် 🖋

CIES ရဲ့ သတ်မှတ်ချက်အရ ဘယ်လင်ဟမ်ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ သူ့ကို ရီးရဲလ်တို့ ခေါ်ယူခဲ့တုန်းက ပေ...
05/01/2024

CIES ရဲ့ သတ်မှတ်ချက်အရ ဘယ်လင်ဟမ်ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ သူ့ကို ရီးရဲလ်တို့ ခေါ်ယူခဲ့တုန်းက ပေါင် ၁၁၃ သန်း ပေးချေခဲ့ရတာဖြစ်ပြီး လူငယ်ကစားသမားတဦးအနေနဲ့ဆိုရင် အင်မတန်များပြားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် သူက ရီးရဲလ်မှာ ခြေစွမ်းဆက်တိုက်ပြနေခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးအထိ ရရှိထားလို့ သူ့အတွက် ပေးချေရတဲ့ ပြောင်းရွှေ့ကြေးက တန်လွန်းတယ်လို့ ဆိုနေကြပါပြီ။ အခု သတ်မှတ်ခဲ့တဲ့ တန်ဖိုးအရဆိုရင် သူ့တန်ဖိုးက ၂ ဆအထိ မြင့်တက်လာပြီး ပေါင်သန်း ၂၃၀ အထိ ရှိနေပါပြီ။

ဒါဟာ ဟာလန်းထက်တောင်မှ ပိုမိုများပြားနေတာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးဟာ ပေါင်သန်း ၂၁၀ ကျော်နဲ့ ဒုတိယနေရာမှာသာ ရှိနေခဲ့ပါတယ်။ ရီးရဲလ်အတွက်တောာ့ ဘယ်လင်ဟမ်ဟာ ကွင်းတွင်းခြေစွမ်းအရ၊ ကစားသမားတန်ဖိုးအရ အရမ်းကို အကျိုးအမြတ်ဖြစ်လာခဲ့ပါတယ်။

 #အရှုံးဆိုတာဘာလဲ_မသိတော့တဲ့ယူဆာ𝟰𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟰𝟬𝟬,𝟬𝟬𝟬 ထပ်ထုတ် ✔''အကောင့်ထဲ ဆယ်သိန်းကျန်ပါသေးတယ်''-------------------------...
04/01/2024

#အရှုံးဆိုတာဘာလဲ_မသိတော့တဲ့ယူဆာ

𝟰𝟬𝟬 𝘂𝗻𝗶𝘁𝘀 - 𝟰𝟬𝟬,𝟬𝟬𝟬 ထပ်ထုတ် ✔

''အကောင့်ထဲ ဆယ်သိန်းကျန်ပါသေးတယ်''
----------------------------------------------------------

စိတ်ကြိုက်ကစား စိတ်ကြိုက်ထုတ်ပါ

အကောင့်သစ်ဖွင့်သူတိုင်း 𝟭𝟬% 𝗕𝗼𝗻𝘂𝘀

💻 Min 90 တစ်ပွဲ သိန်း 600 အထိရပါတယ်
💻 မောင်းအဆ ODD 500
💻 E-sport တစ်ပွဲ 3 သိန်း
🎰 စလော့ဂိမ်းတွေကစားချင်သူများလဲ
💵 ငါးထောင်ကျပ်မှ စတင်အကောင့်စဖွင့်နိုင်ပါတယ်

Wayne Sport Myanmar


☎ 𝗣𝗵/𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟲𝟳𝟭𝟮𝟲𝟯𝟯𝟲

အိမ်ကွင်းမှာ ရုန်းကစားလာမယ့် ဆီဗီးလားကြောင့် ဂိုးပေါ်ဆီဗီလာ vs ဘီလ်ဘာအို=30(2-60)ဒီရာသီမှာ ရလဒ်အတော်လေးဆိုးရွားနေတဲ့ ဆီဗ...
04/01/2024

အိမ်ကွင်းမှာ ရုန်းကစားလာမယ့် ဆီဗီးလားကြောင့် ဂိုးပေါ်

ဆီဗီလာ vs ဘီလ်ဘာအို
=30(2-60)

ဒီရာသီမှာ ရလဒ်အတော်လေးဆိုးရွားနေတဲ့ ဆီဗီလာဟာ ပုံမှန်အားဖြင့်တော့ ယုံချင်စရာသိပ်မရှိပါဘူး။ဒါပေမယ့် ဧည့်သည်ဘီဘာအို အသင်းကတော့ အိမ်ကွင်းအဝေးကွင်းမရွေးခြေစွာနေတာကို တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရ အိမ်ရှင်အားသာချက်ကလွဲပီး ခြေစွမ်းဆိုးရွားနေတဲ့ ဆီဗီလာကို ဘီဘာအိုတို့က =30ပြန်ပေးထားရတာပါ။ ဘီဘာအိုတို့ ကြေးအောင်တာများနေပီ ဖြစ်ပီး ဒီညမှာတော့ အိမ်ရှင် ဆီဗီလာကလည်း တစ်ခုခုလုပ်ပြမယ်လို့ မျှော်လင့်မိပါတယ်။ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိတာကြောင့် *ဆီဗီးလား ဂိုးပေါ်*လေးနဲ့ ဖြတ်သန်းကြည့်ကြတာပေါ့ဗျာ။ ။

ရွေးချယ်မှု - ဂိုးပေါ် ⬆

04/01/2024

၂၀၂၃ မှာ ရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းခဲ့တယ်လို့
ဆိုနိုင်တဲ့ အချက်များ

တောင်ပေါ်က လာတဲ့ပွဲ 👨‍💼ဆီဗီးလား Vs ဘီလ်ဘာအိုစျေးကွက်ဖွင့်လှစ်မှု ~ (2 –80) L-30 ထိုးသား Persent ~ 61% & 39%◾ဘီလ်ဘာအို အသ...
04/01/2024

တောင်ပေါ်က လာတဲ့ပွဲ 👨‍💼
ဆီဗီးလား Vs ဘီလ်ဘာအို

စျေးကွက်ဖွင့်လှစ်မှု ~ (2 –80) L-30
ထိုးသား Persent ~ 61% & 39%

◾ဘီလ်ဘာအို အသင်း ခြေအရမ်းမှန်နေပါတယ် ။
◾ဆီဗီးလား ကတော့ ဘီလ်ဘာအို နဲ့ ဆန့်ကျင်ဘက်ပါပဲ / ရလဒ်ပေါင်းစုံ နဲ့ တိုင်ပတ်နေခဲ့တာပါ ။
◾အဆင့် ၅ ကနေ အဆင့် ၁၆ က အသင်းကို L-30 စျေးပေးတာကတော့ နည်းလွန်းပါတယ် ။
◾ဘီလ်ဘာအို က အေတီကို ကို L(30) ပေးခဲ့ပါတယ်
◾အေတီကိုဟာ အိမ်ကွင်းမှာ ဆီဗီးလား ကို 1+20 စျေးတန်းဖောက်ခဲ့ပြီး အဝေးကွင်းမှာ ဆို L(-80) ပေးရမှာပါ ။
◾ဆိုတော့ တီကို ကို L(30) ပေးခဲ့တဲ့အတွက် ဘီလ်ဘာအို ဟာ ဆီဗီးလား ကို L(-70) ပေးရမှာပါ
◾အိမ်ကွင်း L50 စျေးပေးရပေမယ့် တီကို ကို L30 ပဲ ပေးခဲ့တဲ့အတွက် ဘီလ်ဘာအို အနေနဲ့ ပြား 20 လောက် လျော့ဖွင့်မယ် ဆိုရင်တောင် ဆီဗီးလားကို L(-50) တော့ ပေးသင့်ပါတယ် ။
◾ဒါကြောင့်လည်း ထိုးသား ရာခိုင်နှုန်းဟာ ဘီလ်ဘာအိုဘက် မစောင်းပဲ ဆီဗီးလား ဘက်တောင် အနည်းငယ် စောင်းနေပါသေးတယ် ။
◾ချန်ပီယံ လိဂ်က ထွက်ခဲ့ရတာရယ် ၊ ယူရိုပါလိဂ်ဝင်ခွင့် မရခဲ့တာတွေ အတွက် ပေါက်ကွဲမယ်ဆို အိမ်ကွင်းမှာဂုဏ်ရှိတဲ့ ဆိီဗီးလားဟာ ဒိီပွဲမှာ ပေါက်ကွဲပြပါလိမ့်မယ် ။
◾ရလဒ်အရမ်းကောင်းနေတဲ့ ဘီလ်ဘာအို အနေနဲ့ L-30 ဆိုပီး ကြေးမရဲတရဲ ဖွင့်ထားပုံထောက်ရင် Bookie တွေဟာ ဘီလ်ဘာအို ဘက်မှာ ရှိမနေတာလည်း သိသာပါတယ် ။
◾အိမ်ကွင်းပရိတ်တွေအတွက် ဖျော်ဖြေမှုရသကောင်းတွေ ပေးသွားမယ့် ဆိီဗီးလား နဲ့ လက်တွဲသွားချင်ပါတယ် ။

🌿 ရွေးချယ်မှု ~ဆီဗီးလား (ဘော်ဒီ) 🌿
~အားလုံးအဆင်ပြေကြပါစေ ~
Tipster ~ခွန်နောင် 🖋

Address


Telephone

+959967126336

Website

Alerts

Be the first to know and let us send you an email when Wayne Sport Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wayne Sport Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share