27/10/2023
"ရောသမမွှေ" ရုပ်ရှင် OFFICIAL TRAILER 🎥🎥🎥
ဟိုးရှေးရှေးတုန်းက ပုဂံပြည်မှာ
"ငကျောက်ပျဉ်,ငအင်တုံ,ငသံတုတ်" ဆိုတဲ့မင်းမှုထမ်း ၃ဦးနဲ့ အရမ်းလှပတဲ့ ကလန်ကြီး(ထန်းတောပိုင်ရှင်)သမီး "အိုပါးစံ"ဆိုပြီး ရှိသတဲ့ကွယ်... 🌅🌅🌅
တစ်နေ့ သူတို့ ယုံကြည်ကိုးကွယ်တဲ့ အရည်းကြီးရှင်ကြီးအုန်းခွံထံကနေ မှော်အစွမ်းရှိတဲ့ မှော်ဥကြီးတစ်ခုကို ရရှိလာခဲ့ပါတယ် 🪄🪄🪄
ထိုမှော်ဥကြီးက နက္ခတ်စုံချိန်ပေါ်မူတည်ပြီး ရွှေမိုးငွေမိုးများရွာခိုင်းစေခြင်း၊ လိုအင်ဆန္ဒတွေဆုတောင်းလိုက်ရင် ပြည့်သွားနိုင်ခြင်းတွေ ရရှိနိုင်တယ်ဆိုတာ သူတို့သိခဲ့ပြီးတဲ့နောက် ဒီဥကြီးရဲ့အစွမ်းကိုအသုံးချဖို့ ကြံစည်ခဲ့ကြတာပေါ့ 😁😁
သူတို့မှော်ဂါထာကို ရွတ်လိုက်တဲ့အချိန်မှာအချိန်ကာလပြောင်း၍ ရောက်စေတဲ့ နက္ခတ်နှင့် ကြုံကြိုက်ပြီးတော့ ယနေ့ခေတ် ရန်ကုန်မြို့လည်ခေါင်ရှေ့သို့ ဝုန်းကနဲရောက်ရှိလို့ လာခဲ့ပါတယ်...😱😱😱
ပုဂံခေတ်က လူ၄ယောက်နဲ့ လက်ရှိIT ခေတ်က မြို့သူမြို့သားတွေ ဘယ်လိုတွေ ကမောက်ကမဖြစ်ကြပြီး ရောသမမွှေမလဲဆိုတာ စောင့်ကြည့်ရယ်မောပျော်ရွှင်ရမဲ့ မြန်မာဟာသ ရုပ်ရှင်ဇာတ်ကားကြီး 🎭🎭🎭
———————————————————-
"ရောသမမွှေ "
- The Comedy’s Film
🌟ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်တာဖြစ်ပြီး 3.11.2023 ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်
ရယ်မောပျော်ရွှင်စရာများနှင့်အတူ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ မြန်မာဟာသရုပ်ရှင်ကားကောင်း တစ်ကားကို မကြာခင်မှာ ကြည့်ရှုရတော့မှာမို့ ယခုပဲ Official Page လေးကို Like & See First လုပ်ထားဖို့ မမေ့နဲ့နော် ...
#ရောသမမွှေ