30/05/2023
သာယာဝတီက ဖဲဝိုင်းကို ဆက်ကြေးမပေးလို့ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်၍ ပြည်သူ၁ဦး သေဆုံး
သာယာဝတီ မေ ၃၀ ၂၀၂၃ Tharyarwaddy 8 City
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်တွင် ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်ကြေးမပေးတဲ့ဖဲဝိုင်းကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်၍ ပြည်သူ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အပိုင် ပဲခူးရိုးမထဲက သုံးဆယ်ရေလှောင်တမံတွင် လာရောက်အလုပ်ကိုင်နေကြသည့် သုံးဆယ်မြို့ အသရော်ကျေးရွာမှ ကိုဇော်သက်ဦးဆောင်သည့်အဖွဲ့မှ အဆိုပါ ရေလှောင်တမံအနီးရှိ ကျောက်အိုင်ကျေးရွာက ဖဲဝိုင်းကို မေလ၂၅ရက်နေ့က လာရောက်ဆော့ကစားနေစဉ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းဝင်းဆိုသူနှင့် တပည့်များမှ ကိုဇော်သက်၏ သမီးဖြစ်သူကို ဓားဖြင့်ထောက်၍ ဆက်ကြေးပေးရန်တောင်းရာ မပေးနိုင်ကြောင်း ပြောဆိုသောကြောင့် အဆိုပါဖဲဝိုင်းအတွင်းရှိ ကိုဇော်သက်နှင့် ကိုငယ်လေးဆိုသူတို့ကို အုပ်ချုပ်ရေးမှူးသန်းဝင်းမှ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ကိုဇော်သက်မှာ ပွဲခြင်းပြီး သေဆုံးကာ ကိုငယ်လေးဆိုသူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ၂၅ရက်နေ့က သုံးဆယ်ရေလှောင်တမံမှာ အလုပ်သွားလုပ်နေတဲ့ အသရော်ရွာက ကိုဇော်သက်ကို အဲ့ရေလှောင်တမံနားက ကျောက်အိုင်ရွာအုပ်ကြီး ဦးသန်းဝင်းဆိုတဲ့လူက သူတို့ရွာဖဲဝိုင်းမှာ ဆက်ကြေးမပေးဘဲ ဖဲဆော့တယ်ဆိုပြီး
ဖဲဝိုင်းထဲတင် ပစ်သတ်လိုက်တယ် အဲ့ဖြစ်စဉ်ဖြစ်တဲ့နေ့က အဲ့ဖဲဝိုင်းမှာ အခုအသတ်ခံရတဲ့ ကိုဇော်သက်ရဲ့သမီးကို အုပ်ကြီးနဲ့အဖွဲ့က ဓားနဲ့ထောက်ပြီး ဆက်ကြေးတောင်းတာ ဆက်ကြေးမပေးနိုင်ဘူးပြောရော အုပ်ကြီးဦးသန်းဝင်းက သေနတ်နဲ့ ဖဲဝိုင်းထဲက ကိုဇော်သက်နဲ့ ကိုငယ်လေးကို ပစ်တာ ကိုဇော်သက်ကတော့ နေရာတင်ပွဲချင်းပြီးသေတယ် ကိုငယ်လေးက ကျည်ရှက်မှန်သွားလို့ ဒဏ်ရာအနည်းငယ်ရသွားတယ်"ဟု အမည်မဖော်လိုသူ ဒေသခံတဦးမှ Tharyarwaddy 8 Cityကိုပြောပါတယ်။
ထိုကဲ့သို့ အသရော်ရွာသား ကိုဇော်သက်အား သေနတ်နဲ့ ပစ်သတ်လိုက်သည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူး သန်းဝင်းဆိုသူအား သာယာဝတီမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ (၁၀၁၀)လေကြောင်းရန်ကာကွယ်ရေးတပ်ကို ခေါ်ယူစစ်ဆေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း အသတ်ခံရသူ၏ မိသားစုဝင်များကို သိန်း(၇၀)ပေး၍ အမှုပိတ်သိမ်းရန်ပြောဆိုပြီး အမှုကို မပိတ်သိမ်းပါက သေဆုံးသူကို PDFတပ်ဖွဲ့ဝင် ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူးမှ ပစ်သတ်ရခြင်းဖြစ်၍ အမှုကို ပိတ်သိမ်းမည်ဟု ပြောဆိုကြောင်း သိရသည်။
Crd- Tharyarwaddy 8 City