DigitSpot Myanmar - Web Development & Digital Marketing Agency

DigitSpot Myanmar - Web Development & Digital Marketing Agency Welcome to DigitSpot Myanmar. We are here to help you with Digital Marketing & Web Development servi

Web Development ကိုလေ့လာဖို့ ဘာတွေလိုအပ်သလဲ?ဒီနေ့ကျွန်တော် တင်ပြချင်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ ခေါင်းစဉ်လေးပဲဖြစ်ပါတယ်...
13/09/2019

Web Development ကိုလေ့လာဖို့ ဘာတွေလိုအပ်သလဲ?

ဒီနေ့ကျွန်တော် တင်ပြချင်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ Web Development ကိုလေ့လာတဲ့အခါ ကျွန်တော်တို့မှာ ဘာတွေလိုအပ်သလဲ?

ပထမဦးဆုံးပြောချင်တဲ့ အချက်ကတော့ Web Development ကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ စတင်လေလ့လာတော့မယ်ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ရအောင်ကြိုးစားပြီးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလည်း ဒီမှာအရေးပါပါတယ်။ ကိုယ်သာတကယ် စိတ်ဝင်တစားနဲ့ လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ပံ့ပိုးမှုတွေ၊ လမ်းညွှန်မှုတွေကလည်း မရှိမဖြစ်ပါ။ 'ဆရာမပြ၊ နည်းမကျ' ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲ။ ဒါကတော့ စိတ်ဓာတ်ပိုင်းလိုအပ်ချက်ကို နည်းနည်းလေးပြောပေးတာပါ။ တခြားလိုအပ်ချက်တွေကိုတော့ အောက်မှာဖော်ပြထားပါတယ်။

Browser(Chrome, FireFox, Safari, etc..)

ကျွန်တော် Browser တွေကို Web Development ရဲ့ အသက်သွေးကြောလို့ တင်စားပြီးပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရေးထားတဲ့ code တွေ အလုပ်ကောလုပ်ရဲ့လား၊ error တွေများတက်နေသလား? အလုပ်လုပ်တယ်၊ error လည်းကင်းတယ်ဆိုရင်တောင် design ကဘယ်လိုအနေအထားဖြစ်နေလဲ၊ စသည်ဖြင့် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကိုပြန်လည် စစ်ဆေးဖို့ browser တွေကိုသုံးရပါတယ်။ ကိုယ့် project တစ်ခုလုံးပြီးသွားပြီဆိုရင်တောင် ပြန်ကြည့်ရင် browser ကပဲပြန်ကြည့်ရတာဆိုတော့ သေချာပါတယ် browser က Web Development ရဲ့အသက်သွေးကြောပါ။

ဘယ် Browser တွေကိုသုံးကြမလဲ?

Mac(Apple) သမားတွေက Safari ကိုအများစုအသုံးပြုလေ့ရှိပြီး Chrome, FireFox နဲ့ Internet Explorer ကိုတော့ Windows နဲ့ Ubuntu သမားတွေက အသုံးများပါတယ်။ Web Development နဲ့ပတ်သတ်ပြီး code တွေကို run တဲ့အခါ တစ်ခုမကျန်အကုန်အဆင်ပြေတဲ့ Browser ကိုတော့ကျွန်တော် မသုံးဖူးသေးပါဘူး။ ဒါပေမယ့် အကုန်လုံးနီးပါးအဆင်ပြေတဲ့ browser တွေတော့ရှိတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ Mac သမားတွေအတွက် Safari နဲ့ Chrome၊ Windows နဲ့ Ubuntu သမားတွေအတွက် Chrome နဲ့ FireFox တို့ကို စတင်သုံးကြည့်ဖို့ပါပဲ။ Apple နဲ့ Code မရေးဖူးတော့ သူ့ ကိုသုံးရတဲ့ feeling ကိုတော့ ကျွန်တော်အတိအကျမသိပါဘူး😁။ ကျွန်တော်အကြိုက်ဆုံးနှင့် လက်ရှိလဲသုံးနေတဲ့ browser ကတော့ Chrome ပဲဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သုံးရတာကတယ်ကို လွယ်ကူ၊ အဆင်ပြေပါတယ်။ (Chrome - highly recommended)

Text Editor (or) Code Editor ဆိုတာဘာလဲ?

Text Editor ဆိုတာ ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ computer ရဲ့ browser မှာ run မယ့် code တွေကိုရေးရတဲ့ နေရာပဲဖြစ်ပါတယ်။ Text Editor မှာ code တွေရေးမယ်၊ ရေးထားတဲ့ code တွေကို file တစ်ခုအနေနဲ့သိမ်းမယ်(eg. index.html, style.css, dynamic.js)၊ ပြီးတော့ အဲ့ဒီ file ကို browser မှာ run မယ်၊ နောက်ဆုံးတော့ file ထဲက browser မှာ run လိုက်တဲ့ code တွေကို browser ပေါ်မှာ web page အနေနဲ့ မြင်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Text Editor ဟာလဲ Web Development အတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုအနေနဲ့ရှိနေပါတယ်။

Text Editor အကြောင်း တစေ့တစောင်း..

Operating System တိုင်းမှာ Default Text Editor တွေပါလေ့ရှိပါတယ် (ဥပမာ - Mac မှာဆိုရင် TextEdit, Windows မှာဆိုရင် NotePad, Ubuntu မှာဆိုရင် NanoEditor)။ ဒါပေမယ့် programmer အများစုက default ပါလာတဲ့ text editor တွေကိုသုံးလေ့မရှိပါဘူး။ ကျွန်တော်လည်း ထိုနည်း၎င်းပါပဲ။ သူ့ကိုအသုံးနည်းတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ code တွေရေးတဲ့အခါ နေရာတိုင်းမှာ စာလုံးတစ်လုံးချင်းစီ ရိုက်နေရလို့ပဲဖြစ်ပါတယ်။ Install လုပ်ပြီးသုံးရတဲ့ Text Editor တွေကတော့ပိုအဆင်ပြေပါတယ်။ သူတို့မှာ feature တွေ၊ plugin တွေ ပါပြီးသားမို့ programmer တွေအတွက် ပိုအဆင်ပြေပါတယ်။ အချိန်နည်းနည်းနဲ့ အလုပ်များများပြီးအောင်ကူညီပေးနိုင်ပါတယ်။ code တွေကို သူ့ language အလိုက် အရောင်လေးတွေလဲ ခြယ်ပေးထားတာဖြစ်တဲ့အတွက် အမြင်လည်းလှပါတယ်။ တချို့ Text Editor တွေကို ပိုက်ဆံပေးဝယ်ရသလို၊ free ရပြီး သုံးလို့တော်တော်အဆင်ပြေတဲ့ Text Editor တွေလဲရှိပါတယ်။ Google မှာ online text editor လို့ရိုက်ရှာပြီး browser ပေါ်မှာတင် တစ်ခါတည်း code ရေးလို့ရတဲ့ Online Text Editor တွေလည်းရှိပါတယ်။ သုံးရတာလွယ်ကူပြီးလူကြိုက်များတဲ့ Text Editor တွေကတော့ Sublime Text 3, Visual Studio Code, Atom နဲ့ Dream Weaver တို့ပဲဖြစ်ပါတယ်။ ကျွန်တော် လက်ရှိအသုံးပြုနေတာက Sublime Text 3 ဖြစ်ပေမယ့် Computer Hardware အမြင့်ပိုင်းကိုင်တဲ့သူတွေကိုတော့ Visual Studio Code ကို သုံးဖို့ အကြံပြုချင်ပါတယ်။ သူ့ကို Microsoft Company ကတီထွင်ထားတာဖြစ်ပြီး feature တွေ၊ plugin တွေအများကြီးပါတာကြောင့် Mac, Windows နဲ့ Ubuntu အကုန်လုံးမှာ သုံးရတာ အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။

Computer

နောက်ဆုံးရေးထားပေမယ့် အရေးအကြီးဆုံးကတော့ Computer ပဲဖြစ်ပါတယ်။ Computer ရှိမှ အပေါ်မှာဖော်ပြခဲ့တဲ့ အရာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေနဲ့ code ရေးလာနိုင်ပြီဆိုပေမယ့် ထိရောက်မှုသိပ်မရှိပါဘူး။ ကျွန်တော့အနေနဲ့လည်း အားမပေးပါဘူး။ Computer ကို လုံးဝမရနိုင်တော့တဲ့အခြေနေမျိုးမှာသာ ဖုန်းကိုအသုံးပြုသင့်ပါတယ်။ Web Development နဲ့ ပတ်သတ်တဲ့ စာအုပ်တွေ၊ ဆောင်းပါတွေကိုတော့ ဖုန်းထဲကဖတ်လဲ ကိစ္စတော့မရှိပါဘူး😁။

အပေါ်မှာဖော်ပြပေးခဲ့တာတွေက သင့်အတွက်များစွာအသုံးဝင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီဆောင်းပါးကိုရေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ အခုမှစတင်လေ့လာနေသူတွေ ဘာလုပ်ရမှန်းမသိ၊ ဘယ်ကစလုပ်ရမှန်းမသိ၊ ဘယ်အရာတွေကိုအသုံးပြုရမှန်းမသိ မဖြစ်ရလေအောင်ပဲဖြစ်ပါတယ်။ မေးစရာများ၊ အကြံပေးစရာများရှိရင် comment (သို့) chat box မှလာရောက်ဆက်သွယ်နိုင်သလို ကျွန်တော့ကို နောက်ထပ် ဒီလိုဆောင်းပါတွေထပ်ရေးဖို့ အားပေးချင်ရင်တော့ post ကို share ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အကြောင်းတစေ့တစောင်း 😁😎😎𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတာ ရှင်းရှင်းပြောရရင်​ 𝐰𝐞𝐛𝐬𝐢𝐭𝐞 တွေကိုတည်​ဆောက်​တဲ့ပညာ(လုပ်...
01/09/2019

𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အကြောင်းတစေ့တစောင်း 😁😎😎

𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတာ ရှင်းရှင်းပြောရရင်​ 𝐰𝐞𝐛𝐬𝐢𝐭𝐞 တွေကိုတည်​ဆောက်​တဲ့ပညာ(လုပ်​ငန်း)ပဲ ဖြစ်​ပါတယ်​။ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကိုတည်​ဆောက်​တော့မယ့်​ဆိုရင်​ အဓိကသိထားရမှာက 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 နဲ့ 𝐁𝐚𝐜𝐤𝐞𝐧𝐝 ဆိုပြီး အပိုင်းနှစ်​ပိုင်းရှိတာကိုပါပဲ။ 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 ဟာ website ရဲ့ user တွေမြင်​နိုင်​တဲ့ ဒီဇိုင်း(design)ပိုင်းကိုအဓိကဖန်​တီးရတာဖြစ်​ပြီး 𝐁𝐚𝐜𝐤𝐞𝐧𝐝 ကတော့ website ရဲ့နောက်​ကွယ်​က user တွေမမြင်​နိုင်​တဲ့ data ယူခြင်း၊ ပို့ခြင်းအစရှိတဲ့ လုပ်​ဆောင်​ချက်​တွေကို အဓိက ကိုင်​တွယ်​ရတာဖြစ်​ပါတယ်​။ ဒါ့ကြောင့်​ လုပ်​ငန်းကြီးအများစုဟာ 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 နဲ့ 𝐁𝐚𝐜𝐤𝐞𝐧𝐝 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 ဆိုပြီး 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 position တွေကိုခွဲထားပါတယ်​။ ဒီလိုဆိုရင်​ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တွေအတွက်​ အာရုံစူးစိုက်​စရာ ကဏ္ဍနည်းသွားသလို အလုပ်​ပြီးတာလည်းပိုမြန်​ပါတယ်​။ လုပ်​ငန်းငယ်​တွေအများစုကတော့ ဒီလိုခွဲခေါ်တာမရှိသလောက်​ပါပဲ။ လုပ်​ငန်းငယ်​တွေမှာ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်​ယောက်​ထဲကပဲ 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 ရော 𝐁𝐚𝐜𝐤𝐞𝐧𝐝 ပါတွဲလုပ်​ရတာကြောင့်​ နှစ်​ခုစလုံးပါဝင်​တဲ့ 𝐟𝐮𝐥𝐥 𝐬𝐭𝐚𝐜𝐤 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 ဆိုပြီး ခေါ်လေ့ရှိကြပါတယ်​။ 𝐏𝐇𝐏, 𝐏𝐲𝐭𝐡𝐨𝐧, 𝐉𝐚𝐯𝐚, 𝐀𝐒𝐏.𝐍𝐞𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 အစရှိတဲ့ နာမယ်​တွေနဲ့လည်း အလုပ်​ခေါ်လေ့ရှိပါတယ်​။ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 ကိုလေ့လာတော့မယ်​ဆိုရင်​ အောက်​မှာဖော်​ပြထားတဲ့ 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 တွေကို လေ့လာရမှာပဲဖြစ်​ပါတယ်​။ ဖော်​ပြထားတဲ့ 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 တွေအကုန်​လုံးကိုလေ့လာမှ/ရင်​ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်​ယောက်​ဖြစ်​မယ်​လို့မဆိုလိုပါဘူး။ 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 မှာဆိုရင်​ photoshop လို software ကိုသုံးပြီး design ပိုင်းကိုပြုပြင်​ရနိုင်​သလို 𝐁𝐚𝐜𝐤𝐞𝐧𝐝 မှာကျတော့ SQL လို 𝐝𝐚𝐭𝐚𝐛𝐚𝐬𝐞 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 တစ်​ခုနဲ့ PHP လို scripting language တစ်​ခုကိုကျွမ်းကျွမ်းကျင်​ကျင်​ တတ်​မြောက်​ရင်​ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်​ဦးဖြစ်​နိုင်​ပါတယ်​။ Software တွေ application တွေနဲ့ website ကို ချိတ်​ဆက်​ချင်​ရင်​တော့ 𝐀𝐏𝐈 ကိုအသုံးပြုရပါတယ်​။ 𝐀𝐏𝐈 ကိုလည်း 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တွေကပဲ ကိုင်​တွယ်​ရတာပါ။ အောက်​ဖော်​ပြပါ language တွေမှာ 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တွေလည်းရှိပါတယ်​။ 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တွေအကြောင်းကိုတော့ လာမယ့်​ post တွေမှာ ဖော်​ပြပေးသွားမှာဖြစ်​ပါတယ်​။

𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝
- 𝐇𝐓𝐌𝐋
- 𝐂𝐒𝐒
- 𝐉𝐚𝐯𝐚𝐒𝐜𝐫𝐢𝐩𝐭

𝐁𝐚𝐜𝐤𝐞𝐧𝐝
- 𝐒𝐐𝐋
- 𝐏𝐇𝐏
- 𝐏𝐲𝐭𝐡𝐨𝐧
- 𝐀𝐒𝐏
- 𝐉𝐚𝐯𝐚

*𝐖𝐨𝐫𝐝𝐏𝐫𝐞𝐬𝐬 တို့ 𝐃𝐫𝐮𝐩𝐚𝐥 တို့လို 𝐂𝐨𝐝𝐞 ရေးစရာမလိုပဲ 𝐰𝐞𝐛𝐬𝐢𝐭𝐞 တွေတည်​ဆောက်​လုပ်​လို့ရတဲ့ 𝐂𝐌𝐒(𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦) တွေလည်းရှိပါတယ်​။

*𝐉𝐚𝐯𝐚𝐒𝐜𝐫𝐢𝐩𝐭 ကို 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 ရော 𝐁𝐚𝐜𝐤𝐞𝐧𝐝 မှာပါ သုံးလို့ရပါတယ်​။

ဒါကတော့ ကျွန်​တော်ကြိုးစားပြီးရှင်းပြထားတဲ့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အကျဉ်းချုပ်​ပဲဖြစ်​ပါတယ်​။ သိချင်​တာလေးတွေရှိရင်​ မေးမြန်းနိုင်​သလို၊ လိုအပ်​တာလေးတွေရှိရင်​လည်း ဖြည့်​စွက်​ပေးနိုင်​ပါတယ်​။ 𝐖𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကိုလေ့လာနေတဲ့ အသိမိတ်​ဆွေတွေရှိရင်​လည်း post လေးကို share ပေးဖို့တိုက်​တွန်းချင်​ပါတယ်​။ ကျေးဇူးတင်​ပါတယ်​။

Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံးစီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တဲ့အခါမှာ Marketing(ဈေးကွက်ဖော်ဆောင်ရေး)ဟာ အလ...
17/08/2019

Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံး

စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တဲ့အခါမှာ Marketing(ဈေးကွက်ဖော်ဆောင်ရေး)ဟာ အလွန်ကိုအရေးပါပါတယ်။ Marketing မရှိတဲ့ (သို့) အားနည်းတဲ့ လုပ်ငန်းတွေဟာ ရေရှည်တည်တန့်နိုင်ဖို့လည်း တော်တော်ကိုခက်ခဲပါတယ်။ ဒ့ါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့နဲ့ ရေရှည်တည်တန့်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Marketing နည်းစနစ်ကောင်းကောင်းတစ်ခုရှိဖို့လိုအပ်တယ်ဆိုတာ ကိုတော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံသား စာရေးဆရာနဲ့ ပါမောက္ခ တစ်ဦးဖြစ်တဲ့ မက်ခ် ခါးသေ (McCarthy) ဟာ ၁၉၆၀ ခုနှစ်မှာ marketing အတွက်အလွန်အရေးပါတဲ့ p လေးလုံးကို မိတ်ဆက်ခဲ့ပါတယ်။ ထို p လေးလုံးမှာ Product(ထုတ်ကုန်)၊ Price(ကုန်ဈေးနှုန်း)၊ Place(တည်နေရာ) နဲ့ Promotion(အရောင်းမြှင့်တင်ရေး) တို့ပဲဖြစ်ပါတယ်။ ထိုအချိန်က marketing မှာ p လေးလုံးနဲ့ အဆင်ပြေခဲ့ပေမယ့် နောင် နှစ်ပေါင်း ၂၀ ကျော်ကြာလာတဲ့အခါ(၁၉၈၁)မှာ Booms(ဘုဏ်မ်း) နဲ့ Bitner(ဘစ်တ်နာ) တို့က marketing အတွက် အလွန်အရေးပါတဲ့ p (၇) လုံးကို ဖော်ပြခဲ့ပါတယ်။ ထို p (၇) လုံးနဲ့ သူတို့ရဲ့အသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်။

Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံး
၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (Product)
၂။ ကုန်ဈေးနှုန်း (Price)
၃။ တည်နေရာ (Place)
၎။ အရောင်းမြှင့်တင်ရေး (Promotion)
၅။ ဝန်ထမ်းများ (People)
၆။ လုပ်ငန်းစဉ် (Process)
၇။ အခင်းအကျင်း (Physical Evidence)

၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (Product)

မိမိလုပ်ငန်းမှ ထုတ်လုပ်ပြီး ဝယ်ယူ၊ သုံးစွဲသူ(customer)များထံ ပေးတဲ့ဝန်ဆောင်မှု (သို့) ရောင်းချတဲ့ပစ္စည်းကို product လို့ခေါ်ပါတယ်။ Life ရေသန့်စက်ရုံကနေ ရောင်းချနေတဲ့ သောက်ရေသန့်ဗူးတွေဟာ product ဖြစ်သလို၊ TV channel တွေကနေ ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေ၊ ဝန်ဆောင်မှုတွေဟာလည်း product တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့ သင့်လုပ်ငန်းရဲ့ product တွေကို အရည်အသွေးပြည့်မှီပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၂။ ကုန်ဈေးနှုန်း (Price)

ကုန်ဈေးနှုန်းဆိုတာကတော့ သင့် product တွေကိုဝယ်ယူဖို့ customer တွေကပေးရတဲ့ ငွေကြေးပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် product တွေကို ကုန်ဈေးနှုန်းသတ်မှတ်ခြင်းဟာလည်း အရေးအကြီးဆုံးအချက်တွေထဲက တစ်ချက်ပါပဲ။ သင့် product တွေကို price အတိအကျသတ်မှတ်တော့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက် (၄) ချက်ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

(က) သင့် ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ အောင်မြင်မှု
( ခ ) Product ကို ဈေးနှိမ့်ပြီး ရောင်းချနေတဲ့ လုပ်းငန်းတွေ
( ဂ ) Product ကို ဈေးမြှင့်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေ
(ဃ) ဈေးကွက်မှာရှိတဲ့ လုပ်ငန်းအရေအတွက်

ဒီအချက်တွေကို သင့် product အတွက် ဈေးမသတ်မှတ်ခင် ကြိုတင်သိထားသင့်ပါတယ်။

၃။ တည်နေရာ (Place)

တည်နေရာဆိုတာကတော့ သင့် လုပ်ငန်းတည်ရှိတဲ့ နေရာကိုဆိုလိုတာပါ။ သင့်လုပ်ငန်းအတွက် တည်နေရာရွေးချယ်ခြင်းဟာလည်း များစွာအရေးပါပါတယ်။ ဥပမာ – သင့်လုပ်ငန်းဟာ အင်္ဂလိပ်စာသင်တဲ့သင်တန်းတစ်ခု ဆိုပါစို့။ ထိုသင်တန်းကို လေ့လာသူတွေနဲ့နီးတဲ့၊ သွားလာရ လွယ်ကူတဲ့ နေရာမှာမဟုတ်ပဲ အလှမ်းဝေးပြီး၊ သွားလာရ ခက်ခဲတဲ့နေရာတွေမှာ သွားဖွင့်မယ်ဆိုရင် သင့်လုပ်ငန်းအောင်မြင်နိုင်ခြေ တော်တော်လေးကို နည်းပါတယ်။

၎။ အရောင်းမြှင့်တင်ရေး (Promotion)

အရောင်းမြှင့်တင်ရေးဟာလည်း စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ အခရာကျပါတယ်။ ဒါကြောင့်ပဲ လက်ရှိအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အောက်မှာဖော်ပြထားတဲ့ အရောင်းမြှင့်တင်ရေးနည်းလမ်းတွေထဲက အနည်းဆုံးတစ်ခုကို ကျင့်သုံးလုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။

(က) ကုန်ဈေးနှုန်းများကို အချိန်ကာလအလိုက် လျော့ချပေးခြင်း
( ခ ) လက်ကမ်းစာစောင်ပေးဝေခြင်း
( ဂ ) Social Media Marketing (Facebook, Instagram, etc..)
(ဃ) Search Engine Optimisation (Google, Yahoo, etc..)
( င ) Billboard တွေမှာ ကြော်ငြာခြင်း
( စ ) TV channel တွေမှာ ကြော်ငြာခြင်း

၅။ ဝန်ထမ်းများ (People)

Customer များထံ ဝန်ဆောင်မှုပေးခြင်းနဲ့သက်ဆိုင်တဲ့ ဝန်ထမ်းတွေကိုဆိုလိုတာပါ။ အရောင်းဝန်ထမ်း၊ freelancer နဲ့ အကြံပေးတို့ ပါဝင်ပါတယ်။ လစ်လပ်နေတဲ့ အလုပ်နေရာအတွက် ဝန်ထမ်းတွေခေါ်တဲ့အခါ လူမှန်၊ နေရာမှန်ကျအောင် ခေါ်ယူတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ပညာရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပါ။ အရည်အချင်းပြည့်မှီပြီး၊ တာဝန်သိတတ်တဲ့ ဝန်ထမ်းတွေရှိမှသာ လုပ်ငန်းတိုးတက်မှု မြန်ဆန်စေမှာပါ၊ ပြိုင်ဘက် လုပ်ငန်းတွေကိုလည်း ကျော်တက်နိုင်မှာဖြစ်ပါတယ်။

၆။ လုပ်ငန်းစဉ် (Process)

လုပ်ငန်းမှ ထုတ်လုပ်တဲ့ product တွေ customer များထံ ရောက်အောင် ဆောင်ရွက်ရန် လိုအပ်တဲ့ အဆင့်တွေကို process လို့ မှတ်သားနိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်ဟာတွေကိုလုပ်ရမလဲ၊ ဘယ်သူက ဘာတွေကိုတာဝန်ယူရမှာလဲ၊ ကုန်ပစ္စည်းတွေကို ဘယ်လိုပို့ကြမှာလဲ စသည်ဖြင့် လုပ်ရမယ့် အဆင့် တစ်ခုချင်းစီကို ဆိုလိုပါတယ်။ လုပ်ငန်းတစ်ခုချင်းစီကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် နေရာမှန်၊ လူမှန်နဲ့အလုပ်လုပ်ပြီး သတ်မှတ်ထားတဲ့ အချိန်မှာ တာဝန်ပြီးစီးရမှာလည်းဖြစ်ပါတယ်။

၇။ အခင်းအကျင်း (Physical Evidence)

သင့်လုပ်ငန်းရဲ့ ကုန်အမှတ်တံဆိပ်နဲ့ product တွေကို လှလှပပ ခင်းကျင်းပြထားဖို့လည်း လိုပါတယ်။ ဥပမာ – သင့်မှာစားသောက်ဆိုင်ဖွင့်ထားရင် ထိုစားသောက်ဆိုင်ရဲ့အခင်းအကျင်းဟာ သန့်ရှင်းသတ်ရပ်ပြီး၊ စားသုံးသူတွေကို ဆွဲဆောင်နိုင်စွမ်းရှိရမယ်။ သင့်စားသောက်ဆိုင်အတွက် social media တစ်ခုခုမှာ ကြော်ငြာထည့်ရင်လည်း ထိုကြော်ငြာရဲ့ design က ဆွဲဆောင်မှုရှိရမယ်၊ သင့်ပြိုင်ဘက်တွေထက် ကောင်းမွန်နေရမယ်။ website ရှိရင် website ကိုပါ အလှပဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်။

အပေါ်မှာ ဖော်ပြထားတာကတော့ ‘Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံး’ ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။



Social Media Marketing ကို စီးပွားရေးမှာ ဘာ့ကြောင့် တွင်တွင်ကျယ်ကျယ် သုံးလာကြတာလဲ ? Digital Marketing ရဲ့ ကဏ္ဍခွဲ တစ်ခုဖြစ...
09/08/2019

Social Media Marketing ကို စီးပွားရေးမှာ ဘာ့ကြောင့် တွင်တွင်ကျယ်ကျယ် သုံးလာကြတာလဲ ?

Digital Marketing ရဲ့ ကဏ္ဍခွဲ တစ်ခုဖြစ်တဲ့ Social Media Marketing ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒီလို ကျယ်ပြန့်လာတာဟာ Social Media Marketing ရဲ့ တိုးပွားဖြန့်ကျက်နိုင်မှု အားကောင်းတဲ့ အတွက်ကြောင့်ဆိုရင်လည်း မမှားနိုင်ပါဘူး။ Social Media Marketing က Digital Marketer တွေအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကဲ ဒါဆိုရင် Social Media Marketing ကို စီးပွားရေးမှာ ဘာကြောင့် တွင်တွင်ကျယ်ကျယ် သုံးလာကြတာလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ မိမိ Brand ကို ပိုပြီး မြှင့်တင်နိုင်ပါတယ်။

Social Media ဟာ ကိုယ့်ရဲ့ Brand နဲ့ ကိုယ့်စီးပွားရေးကို သိသာမြင်သာအောင် မြှင့်တင်ပေးရာမှာ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ marketing platform ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Brand ကို Social Media မှာ တည်ဆောက်ပါ။ ပြီးရင်တော့ Marketing Strategy တွေ သုံးပြီး ကိုယ့် Brand ကို လူအများသိအောင် ကြေညာခြင်းက Social Media Marketing ကို အလွန်ထိရောက်စေပါတယ်။ Social Media Page က တစ်ဆင့် Customer တွေအတွက် အကျိုးရှိတဲ့ Content တွေ ပုံမှန်တင်ပေးခြင်းဖြင့် Audience တောတော်များများကို ဖြန့်ကျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

၂။ ကုန်ကျသက်သာပြီး ထိရောက်တယ်။

Advertising Strategy ထဲမှာဆိုရင် Social Media Marketing က ကုန်ကျသက်သာပြီး အထိရောက်ဆုံး နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာထိရောက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု နဲ့ တခြား Marketing ပိုင်းအတွက် ငွေပိုထွက်စေပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ Social Media Marketing ကို ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးလာတယ်လို့ ဆိုနိုင်ပါတယ်။

၃။ Customer တွေနဲ့ Engage ပိုဖြစ်စေပါတယ်။

Social Media Marketing ရဲ့ အားသာချက်ကတော့ Customer တွေနဲ့ ပိုပြီး Engage ဖြစ်အောင်လုပ်နိုင်တာပါ။ Customer တွေရဲ့ မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို သိနိုင်အောင် Customer တွေနဲ့ ဆက်သွယ်နိုင်ဖို့ Social Media Marketing က တစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ Customer နဲ့ များများ ဆက်သွယ်လေ ကိုယ့် Brand (သို့) စီးပွားရေးကို လူပိုသိလေပါပဲ။ Social Media Marketing က Customer တွေနဲ့ Engage ပိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့် စီးပွားရေးမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာပဲ ဖြစ်ပါတယ်။

၎။ Customer တွေရဲ့ ယုံကြည်မှု၊ အားရကျေနပ်မှုကိုလည်း ရစေနိုင်ပါတယ်။

Social Media Platform ကို အသုံးပြုခြင်းကြောင့် Customer တွေနဲ့ Engage လုပ်ရတာပိုလွယ်ကူပါတယ်။ ထို့အတူ Customer တွေနဲ့ ဆက်သွယ်ရ ပိုမိုလွယ်ကူပြီး ရင်းနှီးမှု၊ ယုံကြည်မှုပိုရပါတယ်။ Customer တွေက ပိုစ့်အောက်မှာ Comment ရေးရင် ဂရုတစိုက်နဲ့ Reply ပြန်ခြင်းကလည်း Customer တွေအပေါ်အလေးထားမှုကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Customer အပေါ် အလေးထားမှုကြောင့် အလားအလာရှိတဲ့ Customer တွေက ကိုယ့်ရဲ့ Customer အရင်းတွေ ဖြစ်လာနိုင်ပါတယ်။ Social Media Marketing က Customer တွေရဲ့ အားရကျေနပ်မှု၊ ယုံကြည်မှု တို့ကို ပိုပြီး ထင်ရှားစေတာကြောင့်လည်း စီးပွားရေးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်ပါတယ်။

၅။ Website traffic လည်းတိုးလာနိုင်စေပါတယ်။

ကိုယ့်ရဲ့ Website လင့်ခ်ကို Social Media ပေါ်မှာ ပြန် မျှဝေ ခြင်းအားဖြင့် Website ရဲ့ traffic ကို ပိုတိုးစေနိုင်တာကြောင့်လည်း Social Media Marketing ကို စီးပွားရေးအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။

ဒီအချက် (၅) ချက်ကတော့ Social Media Marketing ကို စီးပွားရေးမှာ ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ မိတ်ဆွေအတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ 𝐃𝐢𝐠𝐢𝐭𝐒𝐩𝐨𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ကို 𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 လုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်။

မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းအတွက် Online မှာ ဈေးကွက်ဖော်ဆောင်ဖို့ page တစ်ခုလိုနေပြီလား? Website တစ်ခုလိုနေပြီလား? ဒါမှမဟုတ် လိုနေပြီလို့ထင်ပါသလား? စီးပွားရေးလုပ်ငန်းတစ်ခုကို အချိန်တိုတိုအတွင်း အောင်မြင်မှုရအောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အရာတွေထဲမှာ Digital Marketing လည်း အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။

သင့်လုပ်ငန်းအတွက် Online Marketing လိုနေပြီဆိုရင် အရည်အသွေးကောင်း၊ ဈေးနှုန်းချိုသာပြီး ရလဒ်ကိုဦးစားပေးတဲ့ 𝐃𝐢𝐠𝐢𝐭𝐒𝐩𝐨𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ ဆက်သွယ်လိုက်ပါ။ သိလိုတာရှိရင် ဒီ post ရဲ့ အောက်မှာ comment ရေးထားခဲ့နိုင်သလို၊ Messenger မှလည်းလာရောက်ဆက်သွယ်နိုင်ပါတယ်။ ဖုန်းဆက်မေးမြန်းလိုတယ်ဆိုရင်တော့ 𝟎𝟗𝟔𝟗𝟑𝟑𝟑𝟒𝟖𝟒𝟒 ကို ဆက်သွယ်နိုင်ပါတယ်။




ɢᴜɪᴅᴇ ᴛᴏ sᴇᴏ ᴍᴇᴛᴀ ᴛᴀɢsအားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ Search Engine Optimization လေ့လာနေသူတွေ သိထားသင့်တဲ့ SEO tag တွေ အ...
02/08/2019

ɢᴜɪᴅᴇ ᴛᴏ sᴇᴏ ᴍᴇᴛᴀ ᴛᴀɢs

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ Search Engine Optimization လေ့လာနေသူတွေ သိထားသင့်တဲ့ SEO tag တွေ အကြောင်း ပြောပြသွားမှာပဲ ဖြစ်ပါတယ်။ SEO tag တွေက Search Engine Optimization ရဲ့ အခြေခံ ဖြစ်သလို ကိုယ့်ရဲ့ Website အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Website အတွက် SEO tag တွေကို ထိထိရောက်ရောက် အကျိုးရှိရှိရေးနိုင်ဖို့က အရေးကြီးပါတယ်။ ကဲ ဒါဆိုရင် ကျွန်တော်တို့နဲ့ အတူ ဆက်ဖတ်ကြည့်ရအောင်လားဗျာ။

Meta Tags တွေက Website တွေ အတွက် တော်တော့်ကို အရေးပါပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့အနေနဲ့ မလိုအပ်တဲ့ Meta Tag တွေ၊ ကိုယ့် Website အတွက် အသုံးမဝင်တဲ့ Meta Tag တွေကို သုံးမိတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ ဒီလို မလိုတဲ့ Meta Tag တွေ သုံးမိရင် ဘာဖြစ်နိုင်သွားမှာလဲ ❓😕❔ Meta Tag အပိုတွေ ရေးမိရင် Website မှာ ရေးမိတဲ့ Code အတွက် နေရာပိုပေးရပါတယ်။ မဆိုင်တဲ့ Meta Tags တွေက ကိုယ့် Website Page Direction ကို ပိုပြီး ရှုပ်စေပါတယ်။ Website ရဲ့ Loading Speed ကိုလည်း နှေးစေပါတယ်။ Code နည်းလေ ကောင်းလေပါပဲ။ ဒါ့ကြောင့် အဓိကကျတဲ့ SEO tag နည်းနည်းနဲ့ အကျိုးရှိရှိ ရေးနိုင်ရင် အကောင်းဆုံးပါပဲလို့ ကျွန်တော် အကြံပြုလိုပါတယ်။ 👇 အောက်မှာကတော့ ရှိကိုရှိရမယ့် Meta Tag တွေ၊ အရေးမကြီးတဲ့ Meta Tag တွေနဲ့ မထည့်သင့်တဲ့ Meta Tag တွေကို အစဉ်လိုက် ပြောပြသွားပါတယ် ခင်ဗျာ။

ရှိကိုရှိရမယ့် 𝗠𝗲𝘁𝗮 𝗧𝗮𝗴 တွေ

- Meta Content Type

ဒီ tag တွေက ကိုယ့်ရဲ့ Website Page တိုင်းမှာ ထည့်သင့်တဲ့ Tags တွေ ဖြစ်ပါတယ်။ ဒီ Tag တွေ ကျန်ခဲ့ရင်တော့ Browser မှာ ဖော်ပြတဲ့ Website ပုံစံကို အနည်းနဲ့ အများသက်ရောက်စေမှာပဲ ဖြစ်ပါတယ်။ အောက်မှာကတော့ Meta Content Type ရဲ့ ဥပမာ နှစ်ခုကို ဖော်ပြထားပါတယ်။





- Title

Title ကတော့ ကိုယ့် page ရဲ့ Header ပဲ ဖြစ်ပါတယ်။ "Meta" ဆိုတဲ့ စကားလုံးနဲ့ မစပေမယ့်လည်း သူ့မှာ SEO အတွက် အရေးပါတဲ့ အကြောင်းအရာ အများကြီးရှိတာ ဖြစ်တဲ့အတွက်ကြောင့် Page တိုင်းမှာ ကိုယ့်ရဲ့ Page အကြောင်းကို ကောင်းကောင်း ဖော်ပြနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ header ရှိဖို့လိုပါတယ်။

- Meta Description

Meta Description Tag က Website ရဲ့ Ranking ကို ဘာမှမသက်ရောက်စေပေမယ့်လည်း User တွေရဲ့ အာရုံစူးစိုက်မှုရနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Website ပိုစ့်ကို မြင်မြင်ချင်း လူတွေ စိတ်ဝင်စားအောင် Meta Description ကနေ တစ်ဆင့် လုပ်ဆောင်နိုင်တာမို့ Meta Description ကလည်း အရေးကြီးတဲ့ SEO tag ထဲမှာ ပါဝင်ပါတယ်။

- Viewport

အခုခေတ်လို Mobile ဖုန်း အသုံးများလာတဲ့အချိန်မှာ ကိုယ့်ရဲ့ Website ကို ဖုန်းနဲ့ ကြည့်တဲ့အခါကျရင် အဆင်ပြေပြေ သပ်သပ်ရပ်ရပ်နဲ့ အကျည်းတန်မနေစေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Website အတွက် Viewport သတ်မှတ်ပေးဖို့ကလည်း အရေးကြီးပါတယ်။



- Keywords

Keywords Tag တွေက SEO မှာ အရေးအကြီးဆုံး tag တွေထဲက တစ်ခုဖြစ်ပြီး Website ကို အထောက်အကူအများကြီးပြုတာကြောင့် Keywords tag တွေကို မမေ့မလျော့ဘဲ ထည့်ကိုထည့်သင့်ပါတယ်။

အရေးမကြီးတဲ့ 𝗠𝗲𝘁𝗮 𝗧𝗮𝗴 တွေ

ဒီ 𝗠𝗲𝘁𝗮 𝗧𝗮𝗴 တွေကိုတော့ အခြေအနေပေါ်လိုက်ပြီး အသုံးပြုကြပါတယ်။ ဒါပေမယ့် ကိုယ်က မထည့်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။

- Social Media Tags

Social Media Tag တွေ ထည့်ထားရင်တော့ Social Media မှာ Sharing လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် မထည့်ရင်လည်း ကိစ္စမရှိပါဘူး။

- Language Tags

ကိုယ့်ရဲ့ Business ကို နိုင်ငံတကာအဆင့်ထိရောက်အောင် လုပ်မယ်ဆိုရင်တော့ Langauge Tag ကို လိုအပ်ပါတယ်။ Website မှာ အဓိသုံးထားတဲ့ Language ကို ဖော်ပြချင်တဲ့အခါမှာလည်း Langauge Tag ကို သုံးကြပါတယ်။

မထည့်သင့်တဲ့ 𝗠𝗲𝘁𝗮 𝗧𝗮𝗴 တွေ

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီ Tag တွေထည့်လိုက်ရင် ဆိုးကျိုးမဖြစ်သွားစေပါဘူး။ ဒါပေမယ့် မလိုအပ်တာတွေထည့်လိုက်ရင် နေရာပိုပေးရပြီး Page direction နည်းနည်း ရှုပ်သွားနိုင်တာကြောင့် ဒီ Tag တွေကို မထည့်ရင် ကောင်းပါတယ်လို့ အကြံပြုပါရစေ ခင်ဗျ။

- Author/ Web Author
- Revisit After
- Rating
- Expiration/ Date
- Copyright
- Abstract
- Distribution
- Generator
- Cache-control
- Resource Type

ဒီ Tag တွေကတော့ မထည့်ရင်ပိုကောင်းတဲ့ Tag တွေပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတို့လည်း ဒီပိုစ့်ကနေတစ်ဆင့် SEO Tag တွေနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ပိုပြီးသိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်တွေမှာလည်း Digital Marketing နဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာ ဆောင်းပါးတွေကို တင်ပေးဦးမှာ ဖြစ်တဲ့အတွက်ကြောင့် Page ကို Like & See First လုပ်ဖို့ တိုက်တွန်းပါရစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

23/07/2019
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကို အတူတူလို့ သင်ထင်ပါသလား???DM နဲ့ SMM အကြောင်းကို သေသေချာချာမသိတဲ့လူအများ...
23/07/2019

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကို အတူတူလို့ သင်ထင်ပါသလား???

DM နဲ့ SMM အကြောင်းကို သေသေချာချာမသိတဲ့လူအများစုက သူတို့ကို အတူတူလို့ထင်ကြပါတယ်။ တကယ်တော့ အတူတူမဟုတ်ပါဘူး။ Social Media Marketing ဟာ Digital Marketing ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာရှိတာပါ။

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှာ ဘာတွေပါဝင်သလဲ?

Digital Marketing ကို Online ရယ်၊ Offline ရယ် နှစ်မျိုးခွဲထားပါတယ်။

𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠...

- SEO (Search Engine Optimization)
- SEM (Search Engine Marketing)
- Mobile Marketing (Google Play, Apple Store, etc)
- Email Marketing

𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠...

- Television
- Radio
- SMS Messages

Social Media Marketing ဟာလည်း Digital Marketing ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာဘာလဲ?

ဦးစွာ Social Media အကြောင်းကို ရှင်းပြလိုပါတယ်။ Social Media ဆိုတာ ကျွန်တော်တို့အများစု နေ့စဉ်နဲ့အမျှအသုံးပြုနေတဲ့ Facebook, Instagram, Twitter, LinkedIn နဲ့ YouTube တို့လို့ Social Media Website တွေ (သို့မဟုတ်) Social Media Aplication တွေကို ဆိုလိုပါတယ်။ ဒီလို Social Media တွေကို အသုံးပြုပြီး ဈေးကွက်ဖော်ဆောင်ခြင်းကို Social Media Marketing လို့ခေါ်ပါတယ်။ Social Media Marketing ဆိုတာ အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း Digital Marketing ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာရှိတာပါ။

ကဲ အပေါ်ကစာတွေကို ဖတ်ပြီးပြီဆိုတော့ မိတ်ဆွေ Digital Marketing နဲ့ Social Media Marketing ရဲ့ ကွဲပြားခြားနားချက်ကိုသိပြီလို့ ကျွန်တော်တို့ယူဆပါတယ်။ ဒီဆောင်းပါးဟာ မိတ်ဆွေအတွက်အသုံးဝင်မယ်ဆိုရင်၊ ဒီလိုဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ 𝐃𝐢𝐠𝐢𝐭𝐒𝐩𝐨𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ကို 𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 လုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်။

မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းအတွက် Online မှာ ဈေးကွက်ဖော်ဆောင်ဖို့ page တစ်ခုလိုနေပြီလား? Website တစ်ခုလိုနေပြီလား? ဒါမှမဟုတ် လိုနေပြီလို့ထင်ပါသလား? စီးပွားရေးလုပ်ငန်းတစ်ခုကို အချိန်တိုတိုအတွင်း အောင်မြင်မှုရအောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အရာတွေထဲမှာ Digital Marketing လည်း အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။

သင့်လုပ်ငန်းအတွက် Online Marketing လိုနေပြီဆိုရင် အရည်အသွေးကောင်း၊ ဈေးနှုန်းချိုသာပြီး ရလဒ်ကိုဦးစားပေးတဲ့ 𝐃𝐢𝐠𝐢𝐭𝐒𝐩𝐨𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ ဆက်သွယ်လိုက်ပါ။ သိလိုတာရှိရင် ဒီ post ရဲ့ အောက်မှာ comment ရေးထားခဲ့နိုင်သလို၊ Messenger မှလည်းလာရောက်ဆက်သွယ်နိုင်ပါတယ်။ ဖုန်းဆက်မေးမြန်းလိုတယ်ဆိုရင်တော့ 𝟎𝟗𝟔𝟗𝟑𝟑𝟑𝟒𝟖𝟒𝟒 ကို ဆက်သွယ်နိုင်ပါတယ်။





Address

No. 27, Kyant Khaing Yay Street, Myo Thit West Quarter
Thanlyin
11291

Alerts

Be the first to know and let us send you an email when DigitSpot Myanmar - Web Development & Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DigitSpot Myanmar - Web Development & Digital Marketing Agency:

Share