တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁

  • Home
  • Myanmar
  • Taungoo
  • တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁ Telegram Channel - https://t.me/PDF3501Tgo

၂၀၂၄ ဇွန်လ ထောက်ပို့မှတ်တမ်း။
28/07/2024

၂၀၂၄ ဇွန်လ ထောက်ပို့မှတ်တမ်း။

တောင်ငူခရိုင် ၊တပ်ရင်းအမှတ် (၃၅၀၁)၊တပ်ရင်းစစ်ကြောင်း ၏ သတင်းထုတ်ပြန်ချက်။⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺ရက်စွဲ။ မေလ. ၂၀.၂၀၂၄။ပဲခူး...
28/07/2024

တောင်ငူခရိုင် ၊တပ်ရင်းအမှတ် (၃၅၀၁)၊တပ်ရင်းစစ်ကြောင်း ၏ သတင်းထုတ်ပြန်ချက်။
⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺

ရက်စွဲ။ မေလ. ၂၀.၂၀၂၄။

ပဲခူးတိုင်း တောင်ငူမြို့နယ် ဝက်ခေါက်စိန် ကျေးရွာ စာသင်ကျောင်းတွင် အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ပါသည်။

မေလ ၁၉ ရက်နေ့ နံနက် ၃ နာရီအချိန် ဝက်ခေါက်စိန်ကျေးရွာ၏ စာသင် ကျောင်းတွင် ကတုတ်ကျင်းများတူး၍ အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးအကြမ်းဖက်စစ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ စခန်းအတွင်းမှ ၆၀ မမ ၁၀ လုံးနှင့် အခြားစစ်ဘက် ပတ်သက်သော ပစ္စည်းများကိုသိမ်းဆည်း ရမိခဲ့ပါသည်။
#တပ်ရင်းအမှတ် (၃၅၀၁)
#တပ်ရင်းစစ်ကြောင်း

2024 မေလ ထောက်ပို့မှတ်တမ်း။
09/05/2024

2024 မေလ ထောက်ပို့မှတ်တမ်း။

(၂၀၂၄)ဧပြီလ ထောက်ပို့မှတ်တမ်း နှင့်စစ်ဆင်ရေးသတင်း။***အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်းကြီးဋ္ဌာန၊အမှတ်(၂)စစ်ဒေသ(တောင...
17/04/2024

(၂၀၂၄)ဧပြီလ ထောက်ပို့မှတ်တမ်း နှင့်စစ်ဆင်ရေးသတင်း။
***အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်းကြီးဋ္ဌာန၊အမှတ်(၂)စစ်ဒေသ(တောင်ပိုင်း)၊တောင်ငူခရိုင်၊တပ်ရင်းအမှတ် (၃၅၀၁)၊တပ်ရင်းစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်***
✳❇✳❇✳❇✳❇✳❇✳❇✳❇✳❇✳❇✳

ရက်စွဲ ။ ၀၆.ဧပြီလ.၂၀၂၄ ။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်အုပ်စု တဲကြီးကျေး ရွာ အတွင်းသို့ ဝင် ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပါသည်။

မတ်လ ၃၀ ရက်နေ့က တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်အုပ်စု၊ တဲကြီးကျေးရွာသို့ အင်အား ၁၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်းနှင့်အနီးပတ်ဝန်းကျင်ကို ကင်းပတ်နေစဉ် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်အမှတ် ၃၅၀၁ တပ်ရင်း စစ်ကြောင်းမှ ပင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရှေ့ပွိုင့် စစ်သား ၂ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပေါင်ထိမှန်ဒဏ်ရာ တစ်ဦး၊ ဝမ်းဗိုက်ထိမှန် ဒဏ်ရာတစ်ဦးနှင့် လက်မောင်းထိမှန် ဒဏ်ရာ အသီးသီးရှိခဲ့​ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း လက်မထိပ် ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကို ဖမ်းဆီးကာ တစ်နေရာ ၌ စုပြုံထားပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ ရွှေ ၊ ငွေ ၊ လက်ဝတ်ရတနာများ အပြင် တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက် ခိုက်ပါက ဖမ်းဆီးထားသော ပြည်သူအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်မပြုပဲ အဝေးကနေ အခြေအနေ စောင့်ကြည့်နေခဲ့ရသည်။

ရွာထဲက လူတွေအကုန်လုံးကို စုခိုင်းပြီး အိမ်တွေကို တက်မွှေကာ၊ ရွှေ၊ ငွေ ပါသွားသော အိမ်များလဲရှိကာ (၄) ရက်နေ့က ဖမ်းဆီးသွားတဲ့သူတွေထဲက ကျေးရွာအုပ်ကြီးကို ပြန်လွှတ်ပြီး အိမ်နှစ် လုံးကို မီးရှို့ခိုင်း ပြီးနောက် ဓာတ်ပုံရိုက်ယူခဲ့မှ ဖမ်းထားတဲ့ပြည်သူတွေကို ပြန်လွှတ်မယ်ဆိုလို့ အိမ် ၂ လုံးကိုမီး ရှို့ပြီး ပြန်ပို့ပေးပြီးနောက်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ဖမ်းဆီးထားသူများထဲမှ ယောက်ျားလေး အားလုံးကို ဓားစာခံခေါ်ဆောင်ကာ ဝက်ခေါက်စိန်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားရာ၊ ထိုသို့ ဆုတ်ခွာစဉ် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၁ ရဲဘော်များက ကင်းပုန်းယူစောင့်ဆိုင်းပြီး ရှေ့ပွိုင့်ထွက်လာသော ကြမ်းဖက်စစ်သား ၂ ဦးကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးအပြင်းအထန် ဒဏ်ရာရရှိပြီး ဓားစာခံပြည်သူများ ကို ထမ်းစင်များဖြင့် ထမ်းသယ်ခိုင်းကာ ဝက်ခေါက်စိန်ကျေးရွာအထိ ဆုတ်ခွာသွားကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ပွားရာနေရာ အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ M 3 ကျည်ဘောက်တစ်ခု၊ G3 ကျည်ဘောက် တစ်ခု ၊ G3 ကျည် ၄၄ တောင့် ၊ ၅ ဒသမ ၅၆ ကျည် တောင့် ၁၀၀ ၊ လက်ပစ်ဗုံး တစ် လုံး ၊ သွေးများ ပေကျံ နေသော ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၁ လုံး၊ အမျိုးသမီးဝတ် ကိုယ်ပိုင် အမှတ် နှင့် မေခလာမျိုး နာမည် ပါ အင်္ကျီ တစ်ထည်၊ ရွှေဆွဲကြိုးအတု တစ်ကုံးနှင့် လက်ကောက် တစ်ရံတို့ သိမ်းဆည်းရရှိခဲ့သည်။
#တပ်ရင်းအမှတ် (၃၅၀၁)
#တပ်ရင်းစစ်ကြောင်း

17/03/2024
၂၀၂၄ ခုနှစ် မတ်လအတွင်း လက်ခံရရှိသော ထောက်ပို့ မှတ်တမ်း။
12/03/2024

၂၀၂၄ ခုနှစ် မတ်လအတွင်း လက်ခံရရှိသော
ထောက်ပို့ မှတ်တမ်း။

31/01/2024
18/01/2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်​ကြောင်း၏ စစ်ရေး သတင်း။         ပဲခူးတိုင်းဒေသကြီး တောင်ငူခရိ...
05/01/2024

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်​ကြောင်း၏ စစ်ရေး သတင်း။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း ပဲခူးရိုးမ အ​နောက်ခြမ်း(အုတ်တွင်း-​တောင်ငူ-​ရေတာရှည်၊ဆွာနှင့်ကိုးပင်၊သာဂရ) အမြန်လမ်းသစ်ပိုင်း နယ်​မြေအတွင်း ၌ လှုပ်ရှားတိုက်ခိုက်​နေ​သော (RV) စစ်​ကြောင်း သည် ​ရေတာရှည် စစ်မျက်နှာရှိမရိုးခုံ​ကျေးရွာအုပ်စု၊ မရိုးခုံ ကျေးရွာတွင် (25.12.2023) ရက်​နေ့ ၌ ရန်သူ စကစ နှင့် ထိ​တွေ့တိုက်ပွဲဖြစ်ပွားပြီး​နောက် (29.12.2023)ရက်​နေ့ နယ်​မြေရှင်းလင်း​ရေးလုပ်ငန်းလုပ်​ဆောင်ခဲ့ပါသည်။

နယ်​မြေရှင်းလင်း​​ရေး လုပ်​ဆောင်ရာတွင်ရန်သူ စကစ မှ မီးရှို့ ဖျတ်ဆီခဲ့​သော အိမ်​ခြေ​ပေါင်း ၄၂ အိမ် ၊ မီး​လောင်ကျွမ်းမှု မရှိ​သောအိမ်များတွင်လည်း ( စကစ) ရန်သူ့တပ်သားများမှ ​မွှေ​နှောက် ရှာ​ဖွေ ဖျတ်ဆီးထားမှုများနှင့် ရန်သူ (စကစ) တပ်အသုံးအ​ဆောင်များဖြစ်​သော ဆက်သွယ်​ရေးသုံးဘတ္ထီအိုး ၂ လုံး၊ကျည်အချို့၊ကျည်​ဘောက်တစ်​ခု၊​ခွေးစာ​ဖောက်ဝင်ထားသည့် ၃ရစ်ပါ အင်းချီ၊ ၂ရစ်ပါ အင်းချီတစ်ထည်၊စစ်သုံးပစ္စည်းထုတ်ယူသည့်
(စလစ်) စာရွတ်စာတမ်းနှင့်​ဆေးကုသထား​သော​သွေးစွန်းအဝတ်အထည်များကို ဓါတ်ပုံရိုက်ယူ၍ မှတ်တမ်းပြုစု သိမ်းဆီး နိုင်ခဲ့သည်။





#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်​ကြောင်း၏ စစ်ရေး သတင်း။         ပဲခူးတိုင်းဒေသကြီး တောင်ငူခရိ...
29/12/2023

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်​ကြောင်း၏ စစ်ရေး သတင်း။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း ပဲခူးရိုးမ အ​နောက်ခြမ်း(အုတ်တွင်း-​တောင်ငူ-​ရေတာရှည်နှင့်ဆွာ) အမြန်လမ်းသစ်ပိုင်း နယ်​မြေအတွင်း ၌ လှုပ်ရှားတိုက်ခိုက်​နေ​သော (RV) စစ်​ကြောင်း သည် ​ရေတာရှည် စစ်မျက်နှာရှိ သနပ်ခုံ​ကျေးရွာအနီးတွင် ရန်သူ၏ ပွိုင့်တပ်စိပ်နှင့် (27.12.2023) ရက်​နေ့ (07:55) နာရီ တွင် ထိ​တွေ့မှု ဖြစ်ပွားခဲ့ပါသည်။

ထိ​တွေ့မှုတွင် မိမိဘက်မှ ထိခိုက် ဒဏ်ရာ (လုံးဝ)မရရှိပဲ ရန်သူ စကစ အား ၅​ယောက် ပစ်သတ်နိုင်ပြီး အများအပြားလည်း ဒဏ်ရာ ရရှိနိုင်သည့်အပြင် လက်နက်မဟုတ်သည့် ရန်သူ့ပစ္စည်းအချို့လည်း နယ်​မြေရှင်းလင်း​ရေးလုပ်စဥ် သိမ်းဆီးရမိခဲ့ပါသည်။



#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column

29/12/2023

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်​ကြောင်း၏ စစ်ရေး သတင်း။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း အနောက်ရိုးမ အခြေစိုက် (RV)စစ်ကြာင်း(တပ်ခွဲ-၁+၅+၆)နှင့်​
နေပြည်​တော် စစ်​ကြောင်းတို့ သည်
၂၆.၁၂.၂၀၂၃ရက်​နေ့ ၁၆း၃၀ နာရီတွင် ရန်သူ စကစ မှ မရိုးခုံ​ကျေးရွာကို မီးရှို့​နေစဥ် မိမိဘက်မှ ၆၀မမ ​ရော့တိုက်ဖြင့် ပစ်ခက်ပီး စနိုက်ပါဖြင့် ပစ်ခက်ရာ ရန်သူ့စစ်​ခွေး ၂ဦး ရှင်းနိုင်ခဲ့။
ဆက်လက်၍လည်း ထိ​တွေ့တိုက်ပွဲများ ဖြစ်ပွားဖွယ်ရာရှိ​ကြောင်း။


#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column
#နပတ စစ်​ကြောင်း

"ပြည်သူများသို့ ပန်ကြားခြင်း"          စစ်အာဏာရှင်စနစ်အား အပြီးသတ် ချေမှုန်းနိုင်​ရေးနှင့် စစ်​ရှောင်ပြည်သူများအား ​ထောက...
28/12/2023

"ပြည်သူများသို့ ပန်ကြားခြင်း"

စစ်အာဏာရှင်စနစ်အား အပြီးသတ် ချေမှုန်းနိုင်​ရေးနှင့် စစ်​ရှောင်ပြည်သူများအား ​ထောက်ပံ့ကူညီ​ပေးနိုင်​ရေးတို့ အတွက် ပူး​ပေါင်းပါဝင်​ပေးနိုင်ပါရန်။

မှတ်ချက်။ ။return of Victory စစ်​ကြောင်းနှင့် စစ်​ရှောင်များသို့ ကူညီ​ထောက်ပို့မည်ဆိုပါက ယခု (၃၅၀၁)တပ်ရင်း(face book page) တစ်ခုထဲမှသာ လက်ခံသည်ဖြစ်ပါ​ကြောင်းနှင့် Massenger တိုက်ရိုက်ဆက်သွယ်​ထောက်ပို့ကြပါရန်ပြည်သူ/သားများအား အသိ​ပေးအ​ကြောင်းကြားအပ်ပါသည်။

နတ်​မောက်
ပြန်/ဆက်နှင့် တွဲ​ရေး
P23501


#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column

28/12/2023

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း ၏ စစ်ရေး သတင်း။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း မှ အနောက်ရိုးမ အခြေစိုက် (RV)စစ်ကြာင်း(တပ်ခွဲ-၁+၅+၆) သည် နယ်​မြေလုံခြုံ​ရေး​ဆောင်ရွတ်​နေစဥ်​ ရေတာရှည်စစ်မျက်နှာရှိ မရိုးခုံ ​ကျေးရွာသို့ ဝင်​ရောက်လာ​သော ရန်သူ စကစ စစ်​ကြောင်းအင်အား (၁၁၅) ဦးနှင့် မရိုးခုံ​ကျေးရွာတွင် ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ (၂၅.၁၂.၂၀၂၃) ရက်​နေ့ ည​နေ ၁၄း၀၅ နာရီတွင် မိမိဘက်မှ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ မှာ အချိန် ၂း၃၀ နာရီ ကြာမြင့်ခဲ့ပါသည်။ တိုက်ပွဲတွင် ရန်သူ စကစ ဘက်မှ အထိအခိုက်များစွာဖြင့် ဆုတ်ခွာ​ပြေးသွားပြီး မိမိတို့ဘက်မှ ​ကျေးရွာအတွင်း ရှင်းလင်း​ရေး လုပ်​ဆောင်ရန် စီစဥ်​နေချိန် ရန်သူ စကစ ဘက်မှ စစ်ကူများဖြင့် ထပ်မံဝင်​ရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်။

တိုက်ပွဲတွင် ရွာခံများ၏ ​ပြောပြချက်အရ စစ်​ခွေး ၁၅ ဦး​သေ ၍၂၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း သတင်းရခဲ့ပါသည်။
မိမိဘက်မှ ရဲ​ဘော် တစ်ဦး ဘယ်ပုခုံးထိပ် လက်နက်ငယ်ထိမှန် ​သော်လည်း အသက်အန္တရာယ် မဆိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပါသည်။


#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column

16/12/2023

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း ၏ စစ်ရေး သတင်း။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း မှ အနောက်ရိုးမ အခြေစိုက် (RV)စစ်ကြာင်းသည် နယ်မြေစိုးမိုးရေးအတွက် တိုက်ကင်းထွက်စဥ် (၁၃.၁၂.၂၀၂၃) ရက်နေ့ ည(17:00)နာရီ အချိန်တွင် ရန်ကုန်-မန်း လမ်းသစ် (၁၄၄) မိုင်၊ အမြန်လမ်းမပေါ်ရှိ ပိတောက်ခင်ကျေးရွာ နှင့် ကြက်တက်ညောင် ပင်ကျေးရွာအကြားအမြန်လမ်းသစ်ပေါ်တွင် ဆိုင်ကယ်များအားဖမ်းဆီးငွေတောင်းနေသော စကစ ရဲတပ်ဖွဲ့ဝင်များနှင့်ရုတ်တရက်ထိတွေ့မှု ဖြစ်ပွား။
ထိတွေ့မှုတွင် မိမိဘက်မှ လက်ဦးမှုရ၍ စတင်ပြစ်ခတ်ရှင်းလင်းရာ ရခ ၁ကောင် သေသွား ပြီး ၃ကောင်ပြင်းထန်ထိခိုက်ဒဏ်ရာ ရကြောင်း အတည်ပြုနိုင်ခဲ့။


#တောင်ငူခရိုင်အမှတ် ( ၁ )
of Victory Column

13/12/2023

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်းအမှတ် ၃၅၀၁-တိုက်ပွဲဖြစ်စဥ်။

၉.၁၂.၂၀၂၃ရက်နေ့တွင် ရန်သူ (စကစ) စစ်ကြောင်း သည်တောင်ငူမြို့နယ်၊ဝက်ခေါက်စိန်ကျေးရွာ မှ နတ်ရေတွင်းကျေးရွာသို့ပန်းပဲချောင်းအတိုင်းချီတက်လာစဥ်တပ်ခွဲ(၁) မှ ရဲဘော်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား။
တိုက်ပွဲမှာ ရန်သူ(စကစ)စစ်ကြောင်းအား၁၀း၅၀ နာရီအချိန်တွင် တပ်ခွဲ (၁)စနိုက်ပါသမားမှ စတင်ပြစ်ခတ်ပြီး အသင့်စောင့်ဆိုင်းလက်နက်ငယ်အဖွဲ့မှ ဆက်တိုက်ပစ်ခတ်ကြရာ ရန်သူ့စစ်ကြောင်း ပြန်လည်ခုခံနိုင်ခြင်းမရှိ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြ။တပ်ခွဲ (၁) ရဲဘော်များမှ၁၁း၂၀နာရီအထိ လိုက်လံပြစ်ခတ်ရှင်းလင်းရာ ရန်သူ (စကစ)ဘက်မှ ၃ဦး ရှင်းနိုင်ခဲ့ပါသည်။
တိုက်ပွဲ မှာ ၃၀ မိနှစ် ကြာခဲ့ပြီး(စကစ)၏ ဝက်ခေါက်စိန်အထိုင်စခန်းမှ တပ်ကူများရောက်လာသောကြောင့် မိမိ ဘက်မှ အထိအခိုက် လုံးဝမရှိ ပြန် လည်ဆုတ်ခွာခဲ့ပါကြောင်း ။


Of Victory Column
#

မြေလတ်ဗမာ့ကာကွယ်​ရေးတပ်မ​တော် သင်တန်းအမှတ်စဥ် (၂) ၊ သင်တန်းဆင်းပွဲ​ သို့ သ၀ဏ်လွှာ​ပေးပို့ခြင်း။ #တောင်ငူခရိုင်အမှတ်(၁)တပ...
28/11/2023

မြေလတ်ဗမာ့ကာကွယ်​ရေးတပ်မ​တော် သင်တန်းအမှတ်စဥ် (၂) ၊ သင်တန်းဆင်းပွဲ​ သို့ သ၀ဏ်လွှာ​ပေးပို့ခြင်း။

#တောင်ငူခရိုင်အမှတ်(၁)တပ်ရင်း
#တပ်ရင်း(၃၅၀၁)
Of Victory Column

14/11/2023

တောင်ငူခရိုင် အမှတ်(၁)တပ်ရင်း၏
ဂတိပြု သစ္စာဆို သစ္စာရေ သောက်ပြုလုပ်ခြင်း အခမ်းအနား။

ပဲခူးတိုင်ဒေသကြီး၊တောင်ငူခရိုင် အမှတ်(၁) တပ်ရင်း ၊တပ်ရင်ဌာနချုပ်မှ (၁၁.၁၁.၂၀၂၃) ရက်နေ့ ကျင်းပပြုလုပ်သော ဂတိသစ္စာခံယူပွဲ အခမ်းအနားတွင် တပ်ရင်းဌာနချုပ်ရှိ ရဲဘော်အားလုံး နှင့် ဒေသတွင်းမှ (ပကဖ)အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပါကြောင်း.....

အခမ်းအနားအစီအစဉ် (၄)ရပ်ဖြင့်ကျင်းပ
၁။ အောင်လံတော်အားပုံမှန်အလေးပြုသစ္စာဆိုခြင်း။

၂။ ပြည်သူအားတိုင်တည်၍အောင်လံတော်ကိုင်သစ္စာရေ သောက်ခြင်း။

၃။ တပ်ခွဲမှူးမှ ဆက်လုပ်ခွင့်တောင်းခြင်း။

၄။ ဒေသဘာသာရေး ဘုန်းတော်ကြီးမှ ဆုံးမဩဝါဒပေးပြီး
အခမ်းအနားပြီးဆုံး။

#တောင်ငူခရိုင်အမှတ် ၁တပ်ရင်း
#တပ်ရင်းဌာနချုပ်

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share