Gnian Jedrick

Gnian Jedrick မကွေးမြို့လေးရယ် နှုတ်ဆက်ပါတယ်

12/01/2025

မေမေခေါ်ခွင့်လေးတစ်ခေါက်ရချင်တယ်
(Written by Gnian)

လောကကြီးမှာ အမေတစ်ယောက်ကိုဆုံးရှုံးရတဲ့
ခံစားချက်က ကိုယ်တိုင်မကြုံဖူးရင်တောင်
ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းပြီး
ရင်ကွဲမတတ်ဖြစ်ရမလဲဆိုတာကို
တွေးကြည့်ရင်တောင်သိနိုင်ပါတယ်‌ဗျာ 💔
ဆိုတော့ အနိစ္စတရားတို့ကြီးစိုးတဲ့ ဒီလောကကြီးမှာ
ကိုယ့်ကိုသိပ်တန်ဖိုးထားတဲ့ မိဘတွေရှိနေတုန်းမှာ
တန်ဖိုးထားပေးကြပြီး
ဆုံးရှုံးသွားခဲ့ရတဲ့သူများကလည်း
ကိုယ့်မိဘတွေ ဂုဏ်ယူရတဲ့ သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ကြပါစေလို့ မျှော်လင့်ဆုတောင်းရင်း....💪

This is the song I wrote about my friend who lost his beloved mother a few years ago.
အမှားလေးတွေပါသွားခဲ့ရင် ခွင့်လွှတ်ပေးဖို့တောင်းဆိုရင်း....

You Tube
https://youtu.be/27FNVp7XHzg?si=zNccaN0dEpmq4aSU

#မေမေခေါ်ခွင့်လေးတစ်ခေါက်ရချင်တယ်



#ကိုယ်ပိုင်သံစဉ်

゚viral

06/01/2025

Love you to the moon
(Written by Gnian)

LDRS တွေကစိန်ခေါ်မှုတွေများတယ်မလား
ဒါပေမယ့် တစ်ယောက်တည်းကိုဘဲ သစ္စာရှိရှိနဲ့ချစ်ရင်း
အရာရာ အတူတူကျော်ဖြတ်ရင်း
ရှေ့ဆက်မယ်ဆိုရင် ရေရှည်လက်တွဲနိုင်မှာပေါ့
အချစ်တွေထပ်တူကျရင်ပေါ့ဗျာ

"Please don't ever fall in love with someone else"

You Tube
https://youtu.be/MJsP4XbP3L0?si=9kSi6Ld-U8d3t9ZU



#ကိုယ်ပိုင်သံစဉ်



゚viral

31/12/2024

"2024 မှာ ရေးခဲ့ တီးခဲ့ ဆိုခဲ့ တင်ခဲ့သမျှသော
ကျွန်တော့်၏ရင်တွင်းဖြစ် သီချင်းများ"


#ကိုယ်ပိုင်သံစဉ်

゚viral

30/12/2024

"အလွမ်းသက်သေ"
Written by Gnian

ဒီသီချင်းလေးကတော့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ပေါ့နော်
အတူတူအားလုံးဖြတ်ကျော်ခဲ့ပြီးမှ
တစ်ဖက်ကရက်စက်သွားတဲ့အခါ
ဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေထဲမှာဘဲပိတ်မိနေဆဲဖြစ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်တွေကို
အခြေပြုပြီးဖြစ်တည်လာတဲ့ သီချင်းလေးဖြစ်ပါတယ်ဗျ

"ခေါင်းအုံးထက်ကမျက်ရည်ဟာ အလွမ်းသက်သေ💔"

You Tube
https://youtu.be/4jh7NW0KFNM?si=DKOa5a5YlB1KNQDI

#အလွမ်းသက်သေ

#ကိုယ်ပိုင်သံစဉ်



゚viral

20/12/2024

အိပ်မက်တိမ်တိုက်
(Written by Gnian)

ဒီသီချင်းလေးကတော့
ကိုယ်တစ်ဖက်သတ်ကြိတ်သဘောကျနေရတဲ့သူတစ်ယောက်က
ကိုယ့်ကို မျှော်လင့်ချက်တွေတစ်ပုံကြီးပေးပြီးမှ
ဖြစ်ပျက်ခဲ့သမျှအားလုံးဘာမှအရာမထင်ခဲ့တဲ့အခြေအနေတွေ
ကိုယ့်ကိုလိုသုံးအနေနဲ့သာဆက်ဆံခံရတာမျိုးတွေ
စသဖြင့်ရှိပေမယ့်လည်း ကိုယ်ကတော့
သူနဲ့ အမြဲအတူတူရှိနေမယ့် အိပ်မက်ကလေးထဲမှာဘဲ
မျှောလွှင့်နေချင်မိတဲ့ ခံစားချက်တွေအပေါ်အခြေတည်ပြီး
ဖြစ်တည်လာတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဗျ

နားထောင်ပေးပါဦးဗျာ....

"ဆက်ပြီးတော့မျှောလွင့်နေချင်တယ်
တို့နှစ်ယောက်အတူရှိမယ့် အိပ်မက်တိမ်တိုက်ထဲ...."

You Tube
https://youtu.be/KuI2foeaPRU?si=1DeKvNjoDcjYEP5v

#အိပ်မက်တိမ်တိုက်

#ကိုယ်ပိုင်သံစဉ်



゚viral

15/12/2024

"အသစ်တစ်ဖန်"
(Written by Gnian)

ဒီသီချင်းလေးကတော့ ကိုယ့်အပေါ်မကောင်းခဲ့တဲ့
ချစ်သူတစ်ယောက်အတွက် ပူဆွေးနေမယ့်အစား
အားလုံးကိုလွှတ်ချပြီး အရာရာ အသစ်ကတစ်ဖန်ပြန်စဖို့
တွန်းအားပေးထားတဲ့ပုံစံမျိုးနဲ့ရေးထားတာပါဗျ
အပန်းမကြီးရင် နားထောင်ပေးပါဦးဗျာ....

"တစ်ခါတစ်လေမှာ အချစ်ကမှားနေမှန်းသိရင်
လက်လွှတ်တတ်ရတယ်"

You Tube
https://youtu.be/fkqqx8PEcxU?si=97y3C5GMj3SKhPHI

#အသစ်တစ်ဖန်

#ကိုယ်ပိုင်သံစဉ်



゚viral

10/12/2024

"အလွမ်းဒဏ်"
(Written by Gnian)

ဒီ‌သီချင်းလေးကတော့
ဘဝမျှော်လင့်ချက်ပန်းတိုင်တွေအတွက်
ခံစားချက်တွေကိုချောင်ပိတ်ထားရပြီး
တစ်ယောက်နဲ့‌တစ်ယောက် ဝေးကွာနေကြရချိန်မှာ
လွမ်းဆွတ်တမ်းတမိတဲ့ အကြောင်းတွေကို
ရင်ဖွင့်ရေးသားထားခြင်းဖြစ်ပါတယ်

"ချမ်းအေးလွန်းတဲ့လရာသီရောက်လို့
အနွေးဓာတ်ပေးမယ့်နင် မရှိတဲ့အခိုက်မှာ
ဝမ်းနည်းလိုက်တာ
ငါလေဟန်မဆောင်နိုင်ဘဲ ကျခဲ့မျက်ရည်များ...."

You Tube
https://youtu.be/ulVKwm8RVFc?si=EGDnmxT294TO-CEN

#အလွမ်းဒဏ်

#ကိုယ်ပိုင်သံစဉ်



゚viral

27/11/2024

တောင်းပန်တယ်
(Written by Gnian)

ဒီသီချင်းလေးကတော့
စိတ်အလိုကိုလိုက်မိပြီး ကိုယ့်ကိုအသက်ထက်မကချစ်မြတ်နိုးပါသော
တစ်စုံတစ်ယောက်အပေါ် သစ္စာဖောက်မိသွားတဲ့သူတစ်ယောက်ရဲ့
တောင်းပန်စကားတွေကိုဖော်ကြူးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ
နားဆင်ပေးပါဦးဗျ

You Tube
https://youtu.be/HxzvinEXrEw?si=NIUbLfzaFPkWxeG_

#တောင်းပန်တယ်

#ကိုယ်ပိုင်သံစဉ်


゚viral

21/11/2024

🌻နေကြာပန်းလေး🌻
(Written by Gnian)

"ကိုယ်သာနေမင်းကြီးဆို ကိုယ်လေမင်းကို
ကိုယ့်ရဲ့ဘက်ဘဲမျက်နှာမူမယ့်
နေကြာပန်းလေး‌ဖြစ်စေချင်တယ်ကွယ်...."

ကိုယ်သိပ်သဘောကျမိနေတဲ့လူတစ်ယောက်အတွက်
ရေးဖြစ်တဲ့သီချင်းလေးပေါ့
နားထောင်ပေးပါဦးဗျာ

You Tube
https://youtu.be/3ooNo_VC1Lc?si=eEs2nJx0IYKAaRXO

#နေကြာပန်းလေး

#ကိုယ်ပိုင်သံစဉ်

゚viral

15/11/2024

ဒီထက်ပိုပြီး
(Written by Gnian)

ဒီသီချင်းလေးကတော့ လောကကြီးထဲကထွက်ခွာသွားတော့မယ့် လူတစ်ယောက်ရဲ့ ခံစားချက်များကိုအခြေပြုပြီး
ဖြစ်တည်လာတဲ့သီချင်းလေးပါ
သူ့အတွက်လဲသူစိတ်မကောင်းဘူး
သူချစ်ရတဲ့သူအတွက်လည်းသူသိပ်ဝမ်းနည်းနေတယ်
နောက်ဆုံးတော့ သူ့ကိုမုန်းသွားပြီးမေ့သွားအောင်ဆိုပြီး
အထင်လွဲစရာကိစ္စတွေကိုသူလုပ်တော့တာပေါ့ဗျာ
အားလုံးအမြင်မှာတော့ သူကသစ္စာဖောက်နေတဲ့သူပါပေါ့
ဒါပေမယ့်လည်း အားလုံးမမြင်တဲ့
တစ်ဖက်မှာတော့ ချစ်တဲ့စိတ်တွေနဲ့
ပြည့်နှက်နေပြီး လောကကြီးထဲမှာ ဒီထက်ပိုပြီးနေချင်နေခဲ့တာပါ

You Tube
https://youtu.be/jwpO-YXeqPQ?si=sYfcQDX3GCTourQx

#ဒီထက်ပိုပြီး

#ကိုယ်ပိုင်သံစဉ်

゚viral

07/11/2024

"အတူရင်ဆိုင်မယ်"
Written by Gnian

တစ်ခါတုန်းကပေါ့ဗျာ
အရမ်းချစ်ကြတဲ့ချစ်သူစုံတွဲ တစ်တွဲရှိတယ်တဲ့
အများသူငါ အားကျ‌ရလောက်တဲ့အထိ ချစ်ကြတာပေါ့ဗျာ
ဒါပေမယ့် နောက်ပိုင်းမှာ တစ်ဖက်ကဘယ်လိုခံစားရလဲဆိုရင်
"သူအရင်လိုမဟုတ်တော့ဘူး
ငါ့အပေါ်အချစ်တွေလျော့နေတယ်
ငါ့ကိုများ သစ္စာဖောက်နေပြီလား" ဘာညာပေါ့
ဒါပေမယ့် နောက်မှသိလိုက်တာက
သူ့ရဲ့ချစ်သူက လောကကြီးထဲကထွက်ခွာသွားရတော့မယ်ပေါ့
သူအရမ်းဝမ်းနည်းသွားတယ်
သူ့ရဲ့ချစ်သူလေးကို သူနှစ်သိမ့်တယ် အားပေးတယ်
"အတူတူရင်ဆိုင်ကြပါမယ်" ဆိုပြီး ဘေးနားကနေ မားမားမတ်မတ်ရပ်တည်ပေးပါတယ်တဲ့

ဒီအကြောင်းတွေအားလုံးကို ခံစားမိလိုက်တဲ့အခါ
"အတူရင်ဆိုင်မယ်" ဆိုတဲ့ သီချင်းလေးဖြစ်တည်လာပါတယ်
နားထောင်ပေးပါဦးဗျ

You Tube
https://youtu.be/P8lpDqbhCIA?si=_6qX7-fRUgHcxU6k

#အတူရင်ဆိုင်မယ်

#ကိုယ်ပိုင်သံစဉ်

゚viral

04/11/2024

ပြန်လာပါ (Written by Gnian)

ဒီသီချင်းလေးကတော့
ကိုယ့်အပေါ်ရက်စက်နိုင်ခဲ့သူတစ်ယောက်ဖြစ်သော်ငြားလည်း
သူ့ကို ချစ်နေဆဲဘဲမို့
သူ့ကိုကိုယ့်ဘဝထဲ ပြန်လာစေချင်တဲ့အကြောင်းကို ရေးထားတာပါဗျ
နားထောင်ပေးပါဦးဗျ

လိုအပ်ချက်တွေရှိကောင်းရှိနေနိုင်တာမို့ နားလည်ပေးပါဦးဗျ

You Tube
https://youtu.be/NDz8vrMJP00?si=FCmZW_NtvejbB-np

#ပြန်လာပါ

#ကိုယ်ပိုင်သံစဉ်

゚viral

01/11/2024

နိုဝင်ဘာမိုး
Written by Gnian

ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့
လူတစ်ယောက်ကို သိပ်ချစ်မိသွားတဲ့အခါ
ကိုယ်ကသူ့အတွက်ဘာဘဲလုပ်နေနေ
သူ့ဘဝစာမျက်နှာမှာ ကိုယ်ကဆူးငြှောင့်ခလုတ်တစ်ခုလိုဖြစ်နေမှာပေါ့
ဒါကြောင့် ကိုယ်လက်လျှော့လိုက်တယ်
မြတ်နိုးယုံ မေတ္တာထားရုံလောက်နဲ့ဘဲကျေနပ်လိုက်ရတာပေါ့
ဘာလို့ဆိုကိုယ်က သူ့အတွက် နိုဝင်ဘာမိုးမဖြစ်ချင်တာမို့ပေါ့ဗျာ

You Tube
https://youtu.be/8uPqqnlBQ3U?si=Wan3rvMwCdE0xzU2

#နိုဝင်ဘာမိုး

#ကိုယ်ပိုင်သံစဉ်


゚viral

25/10/2024

လက်တွဲမဖြုတ်ချင်ဘူး
Written by Gnian

ဒီသီချင်းလေးကတော့ အရမ်းကို‌လှပတဲ့ ချစ်သူလေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေပေါ့ဗျာ
အရမ်းချစ်တော့ ဆုံးရှုံးရမှာလည်း သူကြောက်နေတယ်
စိုးရိမ်ချစ်လေးဖြစ်နေ‌တာပေါ့ဗျာ
ဘယ်လိုအခြေအနေမျိုးဘဲဖြစ်‌နေပါစေ
လက်တွဲမဖြုတ်ချင်ပါဘူးတဲ့

"မင်းနဲ့တို့ခွဲရမယ်ဆိုရင် နှလုံးသားက ရပ်တန့်သွားလောက်တယ်
ပျော်ရွှင်မှုတို့လည်း အဆုံးသတ်သွားနိုင်တယ်
စိတ်ဓာတ်ကျဝမ်းနည်းတဲ့အချိန်တွေ
ငါ့အနားမှာ မင်းမရှိမှာကြောက်တယ်
ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ပါစေ
လက်တွဲမဖြုတ်ချင်ဘူး"

You Tube
https://youtu.be/cDrktlXburk?si=yCcDlKpVkdbI2zSZ

#လက်တွဲမဖြုတ်ချင်ဘူး


#ကိုယ်ပိုင်သံစဉ်

゚viral

22/10/2024

အလင်းရောင်
Written by Gnian

ဒီသီချင်းလေးကတော့ အချစ်ရေး
ကံမကောင်းတတ်တဲ့သူတစ်ယောက်ရဲ့ ခံစားချက်တွေပေါ့
လက်ရှိမှာတော့ သူက သူ့ဘဝကို ပြည့်စုံစေတယ်လို့ ပြောလို့ရတဲ့ သူတစ်ယောက်နဲ့ မေတ္တာမျှနေပါတယ်ပေါ့
အဲ့တစ်ယောက်ကိုဘဲ သူဖက်တွယ်ထားချင်မိနေတယ်
ဘာလို့ဆို သူ့ဘဝကို အလင်းရောင်တွေ ဆောင်ကျဉ်းပေးလာတဲ့
လူတစ်ယောက်ဖြစ်နေလို့ပေါ့ဗျာ
နားဆင်ပေးပါဦးဗျ

You Tube
https://youtu.be/4-3PMUdlipc?si=q0E6gKYegFS3sR1a


#အလင်းရောင်
#ကိုယ်ပိုင်သံစဉ်


゚viral

17/10/2024

ခဏတာအမှောင်
Written by Gnian

ဒီသီချင်းလေးက ကိုယ့်ရဲ့မျှော်လင့်ချက်ပန်းတိုင်ကိုရောက်ဖို့
သွားရတဲ့လမ်းမှာ ဘေးနားကလူတွေလိုမျိုး
ရေခံမြေခံမကောင်းခဲ့တဲ့နောက်မှာ သူများတွေထက်ပိုပြီး
အများကြီးကြိုးစားနေရတဲ့ လူငယ်တစ်ယောက်အကြောင်းရေးထားတာဖြစ်ပါတယ်ဗျ

ကြာလာတော့ သူတစ်ဖြေးဖြေးနဲ့ ပင်ပန်းလာတယ်
သူဆက်မသွားချင်တော့ဘူး
ဘဝကြီးက ဘာလို့များ အဲ့လောက်တောင်ခက်ခဲနေရတာလဲ
ဆိုပြီးတွေးမိလာတယ်
ကိုယ့်ဘဝကိုယ်အပြစ်တင်ရင်းပေါ့
ဒါပေမယ့်လည်း ပြိုလဲလိုက်လို့မရတာမို့
ကိုယ့်ကိုယ်ကို ပြန်အားတင်းရတာမျိုးတွေရှိလာတာပေါ့

"ဒီအမှောင်ထုကြီးကို ငါကျော်ဖြတ်သွားနိုင်မှာပါ
သည်းခံပြီး ငါဆက်လုပ်နေရမယ်" စသဖြင့်ပေါ့
ဒါဟာ ခဏတာအမှောင် ပါဘဲပေါ့ဗျာ....

You Tube
https://youtu.be/eq7HZCzjXj8?si=WfpHTKqUD54iLH5Q
#ခဏတာအမှောင်


#ကိုယ်ပိုင်သံစဉ်

゚viral

14/10/2024

ကံမကုန်ရင်
Written by Gnian

ကျွန်တော်တို့ ကျွန်တော်တို့တွေရဲ့ ဘဝမှာပေါ့လေ
တော်တော်များများက အချစ်ဦးကိုမေ့နိုင်မယ်မထင်ဘူးဗျ
အခွင့်အရေးလေးများရှိရင်တော့ ပြန်ဆုံချင်ကြမှာပေါ့
ဒီသီချင်းလေးကတော့
ကိုယ်စီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း
ဝေးကွာခဲ့ရတဲ့ သိပ်ချစ်မြတ်နိုးခဲ့ရတဲ့ သူတစ်ယောက်ကို
ပြန်ဆုံချင်တဲ့အကြောင်း ပြန်ဆုံတဲ့အခါ ချစ်တဲ့အကြောင်းတွေ
အများကြီးပြောချင်တဲ့ အကြောင်းတွေကိုရေးထားတာပါ
ကံမကုန်ရင်ပေါ့ဗျာ

You Tube
https://youtu.be/MxacYEiNOQA?si=yEXAUi64phCmyDXx

#ကံမကုန်ရင်


#ကိုယ်ပိုင်သံစဉ်

゚viral

11/10/2024

တွဲဖြစ်မယ်ဆိုရင်
Written by Gnian

"Send this song to your crush 💗"
ဟဲဟဲ ဒီသီချင်းလေးကတော့
ကိုယ်သိပ်ကို မြတ်နိုးတန်ဖိုးထားပြီး နှစ်သက်သဘောကျနေရတဲ့
လူတစ်ယောက်အတွက် ရေးဖြစ်တဲ့ သီချင်းလေးပေါ့
နားထောင်ပေးပါဦးဗျာ

"တို့နှစ်ယောက်တွဲဖြစ်မယ်ဆိုရင်
မင်းငါ့ကြောင့် ပျော်စေရမယ်
အတားအဆီးများ တွေ့ကြုံလာလည်း
ဖြတ်ကျော် အတူတူ ရင်ဆိုင်မှာပေါ့"

You Tube
https://youtu.be/W9cpmmCViIY?si=ej4ZHfDFnYDE30T4

#တွဲဖြစ်မယ်ဆိုရင်

#ကိုယ်ပိုင်သံစဉ်


゚viral

Address

Taunggyi

Alerts

Be the first to know and let us send you an email when Gnian Jedrick posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gnian Jedrick:

Videos

Share