𝐎𝐆𝐓-𝐎𝐫𝐢𝐧𝐠𝐢𝐧𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧𝐓𝐲𝐩𝐞

  • Home
  • Myanmar
  • Taikkyi
  • 𝐎𝐆𝐓-𝐎𝐫𝐢𝐧𝐠𝐢𝐧𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧𝐓𝐲𝐩𝐞

ပညာရေးဖြင့်ခေတ်မီတိုးတက်သောနိုင်ငံ တည်ဆောက်အံ့ ဟူသော ဆောင်ပုဒ်နှင့် လက်ကိုင်ထားလျှက်ရှိပြီး တိကျမှန်ကန်သော ပညာရေးသတင်းများ ဒီမိုကရေစီနည်းစနစ်ကျကျသတင်းမှန်တင်ခြင်း ပညာရေး၀န်ကြီးဌာန၏ထုတ်ပြန်သော သတင်းမှန်များ နှင့် ပညာရေးနှင့်ဆက်နွယ်သော သတင်းများ ကိုသာ တင်ပြရန်( နိုင်ငံရေးပို့စ်တင်ခြင်းpageမဟုတ်ပါ။)ပညာရေးသတင်းမီဒီယာတစ်ခုဖြစ်ပါသည်။
EducationPlus2021NewsChannel
Near Naypyidaw region;Yangon region

20/05/2022

အကြောင်းကြားစာ။
---------------------
မြို့နယ်ပညာရေးမှူးရုံး(မှ)

(သို့) သက်ဆိုင်ရာ မြို့နယ်အလိုက်
ကျောင်းများပြန်လည်ဖွင့်မည် ဖြစ်ရာ မိမိတို့နေထိုင်ရာ တိုင်း ပြည်နယ် မြို့နယ် အလိုက် ဆရာ ဆရာမများ
အားလုံး ကျောင်းဖွင့်ရက် မတိုင်မီပြန်လည် တာ၀န်ထမ်းဆောင်ကြပါရန် မြို့နယ်ပညာရေးမှူးရုံးများ အား အကြောင်းထားအပ်ပါသည်ခင်ဗျာ။

19/05/2022

၂၀၂၂ခုနှစ်တက္ကသိုလ်၀င်တန်းအောင်ချက်ရာခိုင်နူန်း (၈၅%)ခန့်ရှိပြီး စာစစ်အသီးသီးရှိကျောင်းများတွင် ယခင်လို မထုတ်ပြန်တော့ဘဲ
ဇွန်လ ၁၂ရက်နေ့တွင် Online မှတဆင့် အောင်စာရင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ။။
#ဆယ်တန်းအောင်စာရင်း #၂၀၂၂ခုနှစ်

၂၀၂၂ တက္ကသိုလ်၀င်တန်း အောင်စာရင်းများကို ဇွန်လ၁၂ရက်(sunday)နေ့တွင် online မှ တဆင့် ထုတ်ပြန်ပေးမည်။   အောက်ပါlinkမှကြည့်ရ...
17/05/2022

၂၀၂၂ တက္ကသိုလ်၀င်တန်း အောင်စာရင်းများကို ဇွန်လ၁၂ရက်(sunday)နေ့တွင် online မှ တဆင့် ထုတ်ပြန်ပေးမည်။
အောက်ပါlinkမှကြည့်ရှု့ရန်~~~~
https://t.me/ExamGuideMyanmar
#ပညာရေး၀န်ကြီးဌာန #စာစစ်ဦးစီးဌာန #စနစ်သစ်ပညာရေးအကြောင်း နေပြည်တော်

စနစ်သစ်ပညာရေးသိကောင်းစရာ #စနစ်သစ်ပညာရေးအကြောင်း ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ       ၂၀၂၀_၂၀၂၁ ပညာသင်နှစ်        Grade 10 (ဒသမတ...
17/05/2022

စနစ်သစ်ပညာရေးသိကောင်းစရာ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရ

အခြေခံပညာကျောင်းများ၌ တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်ကျောင်းအပ်လက်ခံမည်ပဘာရေးဝန်ကြီးဌာန၊အခြေခံပည...
15/05/2022

အခြေခံပညာကျောင်းများ၌ တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်ကျောင်းအပ်လက်ခံမည်

ပဘာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်သင် ကြားမည့် ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်၍ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန် ၁ ရက်မှစတင်ကာ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်ဆရာ၊ဆရာမများအားလုံးနှင့်အရာထမ်း၊အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက် ၁၅ ချက်ကိုလည်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

လိုက်နာရမည့်အချက်များတွင် မည်သည့်အခ ကြေးငွေမျှ ကောက်ခံခြင်း၊လက်ခံခြင်းမပြု၊ငွေ ကြေး၊လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြု၊အတန်းတံဆိပ်၊ကျောင်းတံဆိပ်နှင့်အ ခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုနှင့်အခြား အချက်အလက်များပါဝင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် စတင်ပြောင်းလဲသင်ကြားမည့် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်အတန်းများအတွက် ဆရာ၊ဆရာမများအား သင်ရိုးသစ်နှင့်ပတ်သက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

"ကျောင်းကတော့ မဖြစ်မနေအပ်မယ် တက်လည်းတက်ခိုင်းမယ် ကျွန်မတို့ကလေးတွေကိုပေးနိုင်တဲ့ ပညာအမွေကိုဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျောင်းတွေဖွင့်တယ်ဆိုရင်တော့ ဖြစ်အောင်ပေးသွားမှာပါ"ဟုကျောင်းသားမိဘတစ်ဦးကပြောသည်။

Website တွင် ဖတ်ရှုရန် >> https://www.myanmaredu.info/

#နေပြည်တော်သတင်းဌာန #ကိုသက်နောင်

ကဆုန်လပြည့်နေ့သည်မြတ်ဗုဒ္ဓ၏သက်တော် ၂၆၄၅ နှစ်ပြည့်မွေးနေ့ဖြစ်ပါသည်မြတ်ဗုဒ္ဓ၏မွေးနေ့မှာသတ္တဝါအားလုံးတို့သည်ဘေးရန်ကင်းကြပါစ...
14/05/2022

ကဆုန်လပြည့်နေ့သည်
မြတ်ဗုဒ္ဓ၏
သက်တော် ၂၆၄၅ နှစ်ပြည့်
မွေးနေ့ဖြစ်ပါသည်

မြတ်ဗုဒ္ဓ၏မွေးနေ့မှာ
သတ္တဝါအားလုံးတို့သည်
ဘေးရန်ကင်းကြပါစေ
လိုအင်ဆန္ဒဟူသမျှပြည့်စုံကြပါစေ
ကပ်ဘေးဟူသမျှကင်းဝေးကြပါစေ
အားလုံးသောသတ္တဝါတို့သည်
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ
ကျန်းမာကြပါစေ
ချမ်းသာကြပါစေသား။

ကဆုန်လပြည့် အခါတော်နေ့(OGTပညာရေးမိသားစု)နေပြည်တော်
14/05/2022

ကဆုန်လပြည့် အခါတော်နေ့
(OGTပညာရေးမိသားစု)
နေပြည်တော်

May 13 တစ်နေ့တာပြည်တွင်းသတင်းများတိုက်ရိုက်https://www.myanmaredu.info/myanmaredu42@gmail.com
13/05/2022

May 13 တစ်နေ့တာ
ပြည်တွင်းသတင်းများတိုက်ရိုက်
https://www.myanmaredu.info/
[email protected]

(Edu News )

အဝေးသင်(Distant)ကျောင်းသား/သူများခင်ဗျာ မိမိတို့ assignmentများကို လေ့လာသိရှိရန် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိ...
12/05/2022

အဝေးသင်(Distant)ကျောင်းသား/သူများခင်ဗျာ မိမိတို့ assignmentများကို လေ့လာသိရှိရန် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်အသီးသီးသို့ မပျက်မကွပ်(မကွပ်)တင်ရန် နမူနာ အဖြစ် ယခုpageမှ ပို့စ်တင်ပေးလိုက်ပါသည်။

 #ပြည်ထောင်စုမြန်မာနိုင်ငံတော် #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန  #မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်တက္ကသိုလ်၀င်ခွင့်...
12/05/2022

#ပြည်ထောင်စုမြန်မာနိုင်ငံတော်
#ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန
#မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်
တက္ကသိုလ်၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
#တက္ကသိုလ်၀င်ခွင့်စိစစ်ရေးအဖွဲ့

2022-2023ခုနှစ် #စနစ်သစ်ပညာရေး သတင်းအကြောင်းအရာစုံလင်စွာသိရှိရန် page ကို like လုပ်လိုက်ပါ။  -X   #မျိုးဆက်သစ်ပညာရေး
12/05/2022

2022-2023ခုနှစ်
#စနစ်သစ်ပညာရေး
သတင်းအကြောင်းအရာစုံလင်စွာသိရှိရန် page ကို like လုပ်လိုက်ပါ။

-X

#မျိုးဆက်သစ်ပညာရေး

Address

Taikkyi

Alerts

Be the first to know and let us send you an email when 𝐎𝐆𝐓-𝐎𝐫𝐢𝐧𝐠𝐢𝐧𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧𝐓𝐲𝐩𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐎𝐆𝐓-𝐎𝐫𝐢𝐧𝐠𝐢𝐧𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧𝐓𝐲𝐩𝐞:

Share