Linn Yaung Chi

  • Home
  • Linn Yaung Chi

Linn Yaung Chi ဖတ်ချင်တာတွေ၊ဖတ်သင့်တာတွေကို ဝေမျှ

သာသနာတော်နှစ် ၂၅၆၅ ခု တပို့တွဲလကွယ် (1.3.2022)တပည့်ဒကာအပေါင်းတို့ သိစေရန် မိုင်းကျက်ဂူမှပေးပို့သော မိုင်းဖုန်းဆရာတော်၏ မ...
01/03/2022

သာသနာတော်နှစ် ၂၅၆၅ ခု တပို့တွဲလကွယ် (1.3.2022)
တပည့်ဒကာအပေါင်းတို့ သိစေရန် မိုင်းကျက်ဂူမှပေးပို့သော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ

ဆရာတော်လည်း နေ့စဉ် အနာရောဂါကင်းလျက် ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါတယ်။ နေ့ညမပျက် တရားဘာဝနာကို ကြိုးစားပွားများအားထုတ်လျက်ပါ။ မမေ့မလျှော့ဘဲ လျောင်းထိုင်ရပ်သွား ဣရိယာပုတ် လေးပါးဖြင့် မဟာသတိပဋ္ဌာန်တရားတော်ကို ကျင့်ကြံပါတယ်။ ဘာပဲလုပ်လုပ် သတိကပ်စေပါတယ်။ အရာရာအားလုံးဟာ သံဝေဂရစရာတွေ သင်္ခါရတရားတွေပါ။

နှာ ၂
ဘယ်အရာမဆို မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ မိမိအလိုကို မလိုက် မိမိအကြိုက်ကို မဆောင်တဲ့ အနတ္တတွေပါ။ ရုပ်နာမ်သင်္ခါရတရားတွေဟာ အချည်းနှီးဖြစ်ပြီး သေနေ့ကို စောင့်နေတဲ့အရာပဲ။
ထမင်းစားပြီး သေနေ့စောင့်၊ နေရင်းထိုင်ရင်း ဆုံးတဲ့နေ့ကို စောင့်ရတာမို့ သံဝေဂရစရာပါ။
သင်္ခါရတရား ဘယ်ဟာမှမမြဲဘူး။ ဒို့တတွေ မွေးဖွားလာခဲ့တာဟာ လောကကြီးရဲ့ ဧည့်သည်တွေပါ။ မကြာခင်မှာ မရဏလမ်းကို သွားရောက်ရတော့မှာပါ။ သေပြီး မြေကြီးထဲရောက် ပိုးလောက်တွေရဲ့ အစာဖြစ်ကြမှာပဲ။ မွေးဖွားလာခဲ့တဲ့ သတ္တဝါမှန်သမျှ တန်းတူညီမှုကတော့ အိုခြင်း နာခြင်း သေခြင်းတရားတွေပါ။ ဒုက္ခတွေလည်း တူပါတယ်။ ဒါကြောင့် အချင်းချင်း ရန်မဖြစ်ကြနဲ့ ရန်မစောင်ပါနဲ့။ တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်းထားကြပါ။ မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ်တရား ထားရှိပါ။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာထားရှိပြီး ကောင်းမွန်မြင့်မြတ်တဲ့စိတ်နဲ့ ကူညီမစကြပါ။

နှာ ၃
အကောင်းမြင်ဖြင့် ကြည့်ရှုကြပါ။ ခွင့်လွှတ်စိတ်ထားကြပါ။
မကောင်းစိတ် မထားကြပါနဲ့။ သီးခံခြင်း ခန္တီတရား လက်ကိုင်ထားကြပါ။
အားလုံးကို ချစ်ခြင်းမေတ္တာ သနားကြင်နာခြင်း ကရုဏာထားကြပါ။
အဲဒီလို သဘောထားနိုင်မှ ဒို့တတွေနေထိုင်တဲ့ တောတောင်သဘာဝ လောကကြီးဟာ
ငြိမ်းချမ်းသာယာပါမယ်။ ချမ်းသာမှု ငြိမ်းအေးမှုကို ရပါမယ်။
ကောင်းတဲ့စိတ်ထား မရှိရင် မေတ္တာတရား ခေါင်းပါးရင် လောကအတွင်း နေထိုင်ကြတဲ့ သတ္တဝါတွေဟာ ဒုက္ခအပူမီးနဲ့ကြုံပြီး ပူဆွေးသောက မျက်ရည်တွေ ဒလစပ် ကြနေရပါမယ်။
စိတ်ကောင်းအပေါ် မေတ္တာထပ်လောင်းလိုက်ရင် လောကအတွင်း မှီတင်းနေထိုင်ကြတဲ့ သက်ရှိ သတ္တဝါတွေ ဒုက္ခမှ ကင်းကွာ ငြိမ်းချမ်းစွာ နေထိုင်ကြရမယ်။
သီလမရှိရင်လည်း ဘယ်တော့မှ ငြိမ်းချမ်းမှု မရှိနိုင်ဘူး။
မေတ္တာစိတ်ရှိရင် လောကကြီး ငြိမ်းချမ်းသာယာမယ်၊ ပါရမီမြှောက် ကောင်းမှုကုသိုလ်တွေ ဆည်းပူးနိုင်မယ်။

နှာ ၄
ပါရမီမြှောက်ကောင်းမှု ကုသိုလ်တွေ လုပ်နိုင်တော့ နိဗ္ဗာန်နဲ့ နီးစပ်၊ စိုးရိမ်ပူဆွေး ငိုကြွေးသောက ပရိဒေဝတွေ ဇာတိ ဇရာ ဗျာဓိ မရဏဒုက္ခတွေ ချုပ်ငြိမ်းကာ အမတနိဗ္ဗာန်၊ သန္တိသုခကို ရရှိပါမယ်။ လူလောက နတ်လောကသို့လည်း သံသရာမလည်တော့ဘဲ နောက်ထပ် ဘာဒုက္ခမှ မရှိတော့ဘူး။
ဒါကြောင့် တန်ဖိုးရှိလှတဲ့ အချိန်ကို လုယူပြီး ကောင်းမှုကုသိုလ် များများပြုလုပ်ပါ။
တွန့်ဆုတ်မနေပါနဲ့။ စိုးရိမ်မနေပါနဲ့။
နေ့စဉ်နဲ့အမျှ ဒါန သီလ ဘာဝနာကို မမေ့လျော့ပါနဲ့။
မိမိကိုယ်ကိုရော အမျိုးဘာသာ သာသနာကို မြင့်သထက်မြင့်အောင် မြှင့်တင်ကြပါလို့ တိုက်တွန်းရင်း
လူ့ပြည်မှာ တိုးတက်ပြီး အထက်နတ်ပြည်မှာ အဆင့်မြင့်ကာ နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြပါစေ။

မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) လွယ်တိန်ခမ်းကျောင်း မူဆယ်မှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးပါတယ်။
ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ။
ရောဂါအပေါင်း ဝေးခွာရှောင်း ခေတ်ကောင်းအမြန်ကြုံပါစေ။

Credit to ဆရာ​တော် sao sukham

Address


Telephone

+95660090577

Website

Alerts

Be the first to know and let us send you an email when Linn Yaung Chi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share