JH ⚡️မုသားတွေသေဆုံးပြီး⚡️
⚡️အမှန်တရားတွေရှင်သန်ရမယ်⚡️
⚡️Ji Had =တရားသောစစ်ပွဲ⚡️
(1)

04/03/2024

PDF များ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲ့မှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဟု AA ပြောဆို

■ ရခိုင်တစ်ပြည်လုံးနှင့်အတူ မြန်မာပြည်သူများ လွတ်မြောက်ရေး လုပ် ဆောင် မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် ကွန်ဖယ်ဒရိတ်ထက် မနိမ့်သော အဆင့် ရယူမည်

ရန်ကုန်၊ မတ် ၄

PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဖြစ်ကာ မတူညီမှုများကို ခွဲလုပ်ကာ တူညီမှုများကို ပူးတွဲလုပ်ဆောင်မည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ရက္ခိုင်တပ်တော်-AA ၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို အထက်ပါအတိုင်း ခိုင်သုခက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကတည်းက စစ်အာဏာရှင် ဆန့်ကျင်နေသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီး မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော အဖွဲ့များအားလုံးနှင့် ပူးပေါင်းရွက်ရာတွင် တူညီမှုများကို ပူးတွဲ လုပ်ဆောင်မည်ဖြစ်ပြီး မတူညီမှုများကို ခွဲခြား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ခိုင်သုခက ဆိုသည်။

ထို့ပြင် ရက္ခိုင်တပ်တော်အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် အစီအစဉ် မရှိသော်လည်း တွဲ၍ နေမရပါက စဉ်းစားရမည်ဖြစ်ကြောင်း၊ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ရခိုင် တစ်ပြည်လုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာပြည်သူများအားလုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခိုင်သုခက ပြောဆိုသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်မည်ဆိုခြင်းထက် ပြည်ထောင်စုထဲမှာပဲ ဆက်လက်နေမည်ဖြစ်ကာ ရခိုင်လူမျိုးတို့၏ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးရေးကို ကိုယ့်လက်နှင့်ကိုယ် ဖန်တီးဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

" ကျနော်တို့က ခွဲထွက်မှာ မဟုတ်ဘူး။ ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်ကိုတော့ ရကိုရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာမဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်သာ အာမခံချက်ရှိရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ " ဟု ပြောသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ခြင်း၊ မထူထောင်ခြင်းသည် တစ်အိမ်ထဲတွင် အတူတူနေထိုင်၍ ရခြင်း၊ မရခြင်းနှင့် တိုက်ရိုက်သက်ဆိုင် အချိုးကျသည်ဟု ဦးခိုင်သုခက ဆိုသည်။

သို့သော်လည်း အတူတူနေထိုင်၍ ပြည်သူများ စိတ်မချမ်းသာဖြစ်နေရခြင်း၊ ရခိုင်ပြည်သူများ နေ့စဉ် သတ်ဖြတ်၊ ဖမ်းဆီးခံနေရခြင်း ရှိနေဦးမည်ဆိုပါက တစ်အိမ်ထဲ ဆက်လက် အတူတူနေထိုင်ရေးကို စဉ်းစားရမည်ဟု AA က ပြောသည်။

04/03/2024

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မုံရွာတွင် စစ် တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံး မှုရှိနိုင်

ရန်ကုန်၊ မတ် ၄

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ ကျောက်တံခါးအုပ်စု၊ အလယ်ရွာနှင့်ရုပ်ဆိုင်ရွာအကြားတွင် သိမ်ကုန်းရွာ စစ်တပ်အထိုင်စခန်းမှ ထွက်လာသော အင်အား ၂၃ ဦးပါ စစ်ကြောင်းကို
မိုင်း ၃ လုံးဆွဲတိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့ပြင် ဘန်းဘွေးကန်ရွာမှ အင်အားဖြည့်တင်းပြီး ထွက်လာသော အင်အား ၄၇ ဦးပါစစ်ကြောင်းသည် PDF စ ခန်း ငယ်တစ်ခုကို ဝင်ရောက်စီးနင်းကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းကြိုတင်ရရှိပြီးလက် နက် အင်အားလူအင်အားမမျှတ၍ စခန်းငယ်ကို စွန့်ခွာကာ ထိုစခန်းအတွင်း ပဒေသာမိုင်း ၄ လုံးထောင်ထားခဲ့ကြောင်း၊ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စစ်တပ်က PDF စခန်းငယ်ထဲသို့ ဝင်ရောက်စီးနင်းစဉ် ထောင် ထားသော မိုင်းများကို ဖောက်ခွဲလိုက်ကြောင်း၊ မိုင်းဖောက်ခွဲမှုကြောင့် စစ်သား ၃ ဦး နေရာတွင်ပင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အထိနာသွားသော စစ်တပ်က PDF စခန်းငယ်ကို မီးရှို့ဖျက်ဆီးပြီး ရုပ်ဆိုင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မတစ်ထောင်တစ် ကောင်ဘွား ဒီပဲယင်းတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် အရာတော်မြို့မှ အင်အား ၆၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မုံရွာမြို့နယ်အတွင်းတနေရာ အရောက် Fixed Wings နည်းပညာ တိုက်ခိုက်ရေး Drone များဖြင့် ဗုံးသီး ၄ လုံး၊ ညနေ ၃ နာရီ ၅၅ မိနစ်တွင် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်သားများ အဓိက နေရာယူထားရာ နေရာများကို ကျဲချ တိုက် ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြောင် လက် သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်)၊ Drop for Justice အဖွဲ့နှင့် Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

04/03/2024

စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ကို မွန်ပြည်သစ်ပါတီက ဖွဲ့စည်းလိုက်ပြီး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် တာ ဝန်ယူ

ရန်ကုန်၊ မတ် ၄

အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရန်အတွက် မွန်ပြည်သစ်ပါတီက နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ ဖွဲ့ စည်းလိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ဇေယျက တာဝန်ယူကာ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံနှင့် ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။

မွန်ပြည်သစ်ပါတီအနေနှင့် စစ်အာဏာရှင်ကို တိုက်ဖျက်ရာတွင် မဟာမိတ်အဖွဲ့များနှင့်ပါ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ဗညားမွန်က ပြောကြားသည်။

"စစ်ရေးလှုပ်ရှားမှုက ကျွန်တော်တို့က မွန်ပြည်သစ် ပါတီအနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့လုပ်ဆောင်မှုရှိမယ်။ တခြားသော မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မှု ရှိပါမယ်"ဟု နိုင်ဗညားမွန်က ရှင်းပြသည်။

ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်သည့် စစ်ရေးသာမက နိုင်ငံရေးနှင့်တခြားသော ကဏ္ဍများတွင် NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊တပ်မှူး၊ အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် ရည်ရွယ်ချက် ဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုသို့ နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံ ရေးပြဿနာကို မဖြေရှင်းသည့် အပြင် မိမိတို့တပ်စခန်းများကို သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်က နည်းမျိုးစုံ ဖိအားပေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။

04/03/2024

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းကို အနီးပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံစည်ကြီး ရဲစခန်းကို အနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Delta Force TTA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းရှေ့ရှိ ဂိတ် တည့်တည့် Slow Down နှစ်အကြားမှ ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများ စုဝေးနေစဉ် အနီး ကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ နာရေးကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“တစ်ယောက်သေတာ မြင်တယ်၊ နောက်မှ နာရေးကားဝင်ပြီးမှ လေးယောက်ဆိုတာ သိရတာ၊ ဂိတ် ရှေ့တည့်တည့် ပေ ၁၀၀ အကွာလောက် Slow Down နှစ်ခုကြားကနေ ဝင်ပစ်ခဲ့တာ၊ အုပ်စုဖွဲ့နေတဲ့အချိန်ဆိုတော့ ၄ ကောင်ရတာ၊ သွားတုန်း ကတော့ ၄၀ မမနဲ့ပစ်ဖို့ပဲ၊ ၄၀ မမ မထွက်တာကို ခွေးတွေမြင်တော့ ပစ်မလို့လုပ်နေတုန်း နောက်က ရဲဘော်က ဝင်ပစ်လိုက်တာ” ဟု Delta Force TTA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Delta Force TTA အဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်ရေး ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရုံးစည်ကြီး ရဲ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦးခန့်ဖြင့် တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်၌လည်း အင်အား ၇၀ ခန့်ဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခု လှုပ်ရှားနေကြောင်း သိရှိရသည်။

04/03/2024
03/03/2024
ကျေးဇူးအများကြီးတင်ရှိပါတယ်🥰
03/03/2024

ကျေးဇူးအများကြီးတင်ရှိပါတယ်🥰

03/03/2024

🏴🔴ရွှေဘို🔴🏴

ရွှေဘိုမြို့အတွင်း
နေရာအသီးသီးမှာ အထိုင်ချတပ်ဖြန့်ထားသော
ခွေးတသိုက်သည်
မြို့ပက်လည် ရွာများဘက်ကို လက်နက်ကြီးများဖြင့်
ထပ်မံ ပစ်ခတ်အုံးမည်ဟု အတွင်းသတင်းများ
ထွက်ပေါ်နေသည့် အတွက် ကျေးရွာပြည်သူများအနေဖြင့် ဂရုပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
March.3.⌚10:44am
အညာမြေပြည်သူများဘေးကင်းပါစေ။

🦚ဒေါင်းမျိုးဆက်🦚

🤣🤣
03/03/2024

🤣🤣

စစ်ခေါင်းဆောင်၏ သား အောင်ပြည့်စုံ တစ်နေ့တည်း ဝန်ကြီးဌာနတင်ဒါ ၁၃ ခုရယူမှု နှင့် ရခိုင်မှ သေဆုံး (သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုများကို လစာတစ်ဝက်သာပေးတော့မှု မင်းအောင်လှိုင်ကို တပ် အတွင်း အပြင်းအထန်ဝေဖန်နေ

ရန်ကုန်၊ မတ် ၁

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများက တစ်နေ့တည်းတွင် ဝန်ကြီးဌာန တင်ဒါ ၁၃ ခုအောင်မြင်သွားသော သတင်းမှာ စစ်ကောင်စီတပ်များအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်နေပြီး တိုင်းပြည်စစ်မီးတောက်၍ စစ်သားများ သေဆုံးမှုများပြားချိန် တင်ဒါများ အုပ်စီးခွယူနေသည့် လုပ်ရပ်အဖြစ် တပ်အတွင်း ဝေဖန်မှုများမြင့်တက်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေချိန် အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဝန်ကြီးဌာနတင်ဒါ ၁၃ ခုကို တစ်ရက်တည်းတွင် ရရှိသွားသော သတင်းမှာ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များတွင် အရာရှိ၊စစ်သည်များအကြား ပွင့်ပွင့်လင်း လင်း ပြောဆိုဝေဖန်သည်အထိ ဂယက်ရိုက်နေကြောင်း သိရှိရသည်။

"အခု တပ်တွေထဲမှာ အဲဒီတင်ဒါ သတင်းကတော့ အတော်ကို ဟိုးလေးတကြော်ကြော်ဖြစ်ပါတယ်။ တပ်ချုပ်သားက တစ်ရက်တည်း တင်ဒါ ၁၃ ခုအောင်မြင်သွားတဲ့ကိစ္စကို အတော်ကို ဝေဖန်ကြတာ။ တပ်ရေးဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ ၊ ဒုတပ်ရင်းမှူးတွေကအစ ဒါဘာတွေမှာ ဒါတော့ မဖြစ်သင့်ဘူးဆိုတာမျိုးအထိ ဝေဖန်ကြတယ်။ အောက် ခြေ မှာသာ သေနေတာ "ဘုရားဒကာကြီးက ပွဲတက် မပျက်၊ သူ့သားက တင်ဒါတွေ ရ၊ ဘယ်ဘက်လက်က တစ်ဆုပ်လှူ၊ ညာဘက်လက်က တင်ဒါတွေ တစ်ပြုတ်ကြီးယူ ဆိုတာမျိုးတွေ ဝေဖန်ကြတယ်" ဟု နေပြည်တော် ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)မှ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်လော်ဘီအသိုင်းအ၀ိုင်းများတွင်လည်း လူမှုကွန်ရက်များ၊ တယ်လီဂရမ်များပေါ်တွင် မင်းအောင် လှိုင် ၏ သားဖြစ်သူ အောင်ပြည့်စုံက တစ်ရက်တည်းတွင် တင်ဒါ ၁၃ ခုကို ပြိုင်ဘက်မရှိ ရယူ အောင်နိုင်သွားသည်ဆိုသော သတင်းများကို ဖြန့်ဝေနေကြပြီး အရှက်မရှိသော လုပ်ရပ်အဖြစ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။

"သူ့သား တော် လေးအဖို တော့တ နေ့ ထဲကိုတင်ဒါ ၁၃ ခုနိုင် အောင်ဆွဲခဲ့တယ်တဲ့ ။ တော်လိုက်တာ အဖေ့ခြေရာနင်းပြီးစီးပွားရေးလာဘ်မြင်လိုက်ပုံများ" ဟု စစ်တပ်ထောက်ခံထောက်ခံသော တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြန့်ဝေ သတင်းရေးသားထားသည်။

စစ်တပ်ထောက်ခံသော အမျိုးသားရေးအစွန်းရောက် အသိုင်းအ၀ိုင်းတွင်လည်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ တင်ဒါ ၁၃ ခု ရယူနေခြင်းမှာ မင်းအောင် လှိုင်၏ သိက္ခာမဲ့သော လုပ်ရပ်အဖြစ် ဝေဖန်ကြပြီး တိုင်းပြည်ကို အမှန်တကယ် ထူထောင်လိုသော ဒုစစ်ခေါင်း စိုးဝင်း အပါအဝင် စစ်ခေါင်းဆောင်တချို့က မင်းအောင်လှိုင်နှင့်မိသားစုကို ဖယ်ရှားကာ အာဏာရယူမှ နိုင်ငံတော်ကို ထိန်းသိမ်းနိုင်မည်၊ ပြည်ထောင်စု မပြိုကွဲရေး ကာကွယ်နိုင်မည်ဟု လူမှုကွန်ရက်များတွင် ရေးသား ဝေဖန်ပြောဆိုနေကြသည်။

ထို့ပြင် အခြားသော တစ်ဖက်တွင်လည်း ရခိုင်တွင် AA နှင့်တိုက်ပွဲများတွင် သေဆုံးခဲ့သော တပ်မ ၁၁ လက် အောက်ခံ တပ်များတွင် သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ မိသားစုများကို ယခု ဖေဖော် ဝါရီလမှစတင်၍ လစာ တစ်ဝက်သာ ပေးတော့ကြောင်း၊ လစာတစ်ဝက်သာရရှိသော ကျန်ရစ်သူ မိသားစုများမှာ တပ်မ ၁၁ လက်အောက်မှ ခမရ ၂၁၁၊ ခမရ ၂၁၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၄ ၊ ခမရ ၂၁၅ ၊ ခမရ ၂၁၆ ၊ ခမရ ၂၁၇ ၊ ခမရ ၂၁၈ ၊ ခမရ ၂၁၉ ၊ ခမရ ၂၂၀ စုစုပေါင်း တပ်ရင်း ၁၀ တို့မှ ကျန်ရစ်သူမိသားစုများဖြစ် ကြောင်း သိရှိရသည်။

"တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေက ရခိုင်၊ မီး၀၊ ပလက်၀၊ ရသေ့တောင်မှာ ခံတိုက်လို့ သေသူတွေ၊ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဒီလကစပြီး လစာတစ်ဝက်ပဲ ပေးပါတော့တယ်။ ခံတိုက်လို့ သေသူကသေ၊ ကျဆုံးသူက ကျဆုံး။ အဲဒါကို ကျဆုံး (သို့မဟုတ်) ပျောက်ဆုံး အရာရှိစစ်သည်တွေရဲ့ လစာတစ်ဝက်သာ ပေးတာကို ကျန်ရစ်သူ တပ်မိသားစုတွေအားလုံးက စိတ်အရမ်းနာနေကြတယ်။ စောက်ရမ်းပဲ့သော တပ်ချုပ်ပါပဲ" ဟု ခမရ ၂၂၀ မှ ကျန် ရစ်သူ မိသားစုဝင်တစ်ဦးက ဆိုသည်။

ထို့ပြင် ရခိုင်မှ လွတ်မြောက်လာသော သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ် သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးမှာလည်း ရန်ကုန်ရှိ ဘုရင့်နောင်စစ်ကြောရေးရိပ်သာတွင် အလှူရှင်များကိုသာ အားကိုး၍ နေထိုင်စားသောက်နေရကြောင်း သိရှိရသည်။

"ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရိပ်သာမှာ ရောက်ရှိနေတဲ့ ကျဆုံးစစ် သည်တွေရဲ့ မိသားစုတွေလည်း စား စရာမရှိဘူး။ တပ်ကလည်း သူတို့ရှိတဲ့ အထဲက မျှတ ကျွေးရတယ်။ အလှူရှင်တွေလာရင်တော့ အဆင်ပြေတယ်။ အဲဒါတွေကို ဘာလုပ်ပေးမှာလဲလည်း မသိဘူး။ ဒီအတိုင်းပဲ ထားထားတယ်။သူတို့လင်တွေ သားတွေက အသက်စွန့်သွားပြီ။ ကျန်ရစ်သူတွေကို တပ်က ဘာမှ လုပ် မပေးဘူး" ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးတပ်(ဘုရင့်နောင်)တွင် ရခိုင်ပြည်နယ်၊ စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ စစ်သည်၊အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးတိုရောက်ရှိနေထိုင်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူနှင့် သားဖြစ်သူ အောင်ပြည့်စုံ။

မှတ်ပုံတင်လာလုပ်ပေးမှာလား🤣🤣🤣
03/03/2024

မှတ်ပုံတင်လာလုပ်ပေးမှာလား🤣🤣🤣

အကြမ်းဖက် စစ်ကောင်စီက မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာက ကြို တင်ဟန့်တားပေးရန် လိုအပ်နေဟု AA က သတိပေး

ရန်ကုန်| မတ် ၃

ရခိုင်ပြည်အတွင်းတွင် ငြိမ်းချမ်းစွာနေထိုင်နေသော မွတ်စလင်လူမျိုးများကို အာဏာသိမ်းစစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူနေခြင်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီအနေဖြင့် အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာများ ပိုမိုကြီးထွားစေရန် မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းနှင့်ပတ်သက်၍ AA မှ ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်ပြည်အတွင်းရှိ ရခိုင်လူမျိုးများနှင့် မွတ်စလင်အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားစေရန် ဖန်တီးကြိုးပမ်းလေ့ရှိသည်ဟု AA က ပြောသည်။

AA အနေဖြင့် အုပ်ချုပ်ရေးယန္တရားများ ထူထောင်စဉ်ကတည်းက မတူညီသော အသိုင်းအဝိုင်း အသီးသီးကြား လူမှုသဟဇာတနှင့် အတူယှဉ်တွဲနေထိုင်ရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် လက်ရှိတွင် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနေသော အချိန်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ကောင်စီသည် AA ၏ လက်နှင့်ရေးသမျှကို ခြေနှင့်ဖျက်ရန် ကြိုးပမ်းနေပြီး စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မွတ်စလင်များအား စစ်မှုထမ်းခိုင်းနေခြင်းသည် သာမန်ပြည်သူလူထုကို စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေရုံသာမက ရခိုင်ပြည်အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်ရှိ မွတ်စလင်များကို မြန်မာစစ်တပ် (စစ်ကောင်စီ) သည် အစုလိုက်အပြုံသတ်ဖြတ်ခဲ့သည့်အပြင် သန်းချီသော မွတ်စလင်များကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကြောင်း၊ စစ်မှု ထမ်းရန် မွတ်စလင်များအား ခေါ်ယူနေခြင်းမှာလည်း စစ်ရာဇဝတ်မှု မြောက်သည့်အပြင် အစုံလိုက်အပြုံလိုက် သေဆုံးစေရန် တမင်ရည်ရွယ်ချက်ရှိရှိ စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်သည် ရခိုင်နှင့်မွတ်စလင်တို့ကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုဖြစ်စေရုံသာမက မွတ်စလင်ဒုက္ခသည်များ၏ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာ ပို၍ဝေးကွားစေမည်ဟု AA က ဆိုသည်။

ထိုကြောင့် အာဆီယံနိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်ကို အထူးစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားပေးကြရန် ရက္ခိုင့်တပ်တော် AA က တိုက်တွန်းတောင်းဆိုလိုက်သည်။

ဓာတ်ပုံ- မွတ်စလင်ဒုက္ခသည်စခန်းမှ ပြည်သူတချို့ကို စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့စဉ်။

02/03/2024

ကိုယ်နားတဲ့ကိုင်း မထိသရွေ့
ကိုယ့်သစ်သီး မကြွေတော့ဘူးထင်တဲ့
ငှက်ရိုင်းတွေလို

မီးကြိုးနဲ့ လွတ်တာပဲ
ငါ‌ကတော့ အခုတ်မခံရပါဘူးလို့
ထင်တဲ့သစ်ကိုင်း
ထင်းဖြစ်သွားတဲ့အထိ
နားထိုင်းတုန်း

အရင်လိုပါပဲ
မီးနဲ့ ဝေးတဲ့သူ
မပူတတ်သေးဘူး

27/02/2024

ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေးချက်တစ်ရပ်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်လိုက်ကြသည်။

လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး များကို ဦးစားပေးသည့်အနေဖြင့် လက်နက်အမျိုးအစားအလိုက် ကျပ်သိန်း ၃၀ မှ ၁၄၀ အထိချီးမြှင့် ပေးမည်ဖြစ်ကြောင်း မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုမှ တပ်ခွဲမှူး ဒေဝက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အခြေစိုက် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) အဖွဲ့အနေဖြင့် လက် နက်၊ ရိက္ခာလိုအပ်ချက် ဖြတည့်တင်းရန် လိုအပ်ချက်ရှိသည်မှာ မှန်ကန်သော်လည်း အလင်း ဝင်ရောက်မည့် သူများကို ဦးစွာ ပထမ ထည့်သွင်းစဉ်းသောအားဖြင့် ဆုကြေးငွေသတ်မှတ်ချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေချီးမြှင့်မည့်အပြင် မိသားစုကိုလည်း ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရန် မဟာဗျူဟာမြောက်ကြိုတင်အစီအမံများ ချမှတ် ထားကြောင်း သိရသည်။

“စစ်ကောင်စီက လူအင်အားနည်းတဲ့အပေါ် ကုထုံးအနေနဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ပျူတွေနဲ့ တွေ့ရာလူ တွေကို လက်နက်တပ်ဆင်ပေးနေမှုက လက်နက်ဖောင်းပွမှုတွေရှိနေပါတယ်၊ ကျနော်တို့မှာလည်း လိုအပ်ချက်ကို လက်နက်မဖြစ်မနေဝယ်ရမှာက လက်နက်ဖြစ်နေတော့ ဆုကြေးကိစ္စမဖြစ်ဖြစ် အောင်လုပ်မယ်ဆိုပြီး အကောင်အထည်ဖော်ခဲ့တာပါ၊ အုပ်ကြီး၊ ပျူ၊ စစ်သားတွေအနေနဲ့ သေချာ ပေါက် ချိတ်ဆက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု မြေအောက် ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖို မှ တပ်ခွဲမှူး ဒေဝက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဆုချီးမြှင့်ခြင်းနှင့် မိသားစုများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရေး မဟာဗျူဟာကို အဖွဲ့၏ ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပစ္စတို သေနတ် ၁ လက်လျှင် ကျပ် သိန်း ၃၀ ၊ MA 1 သေနတ် ၁ လျှင် ကျပ်သိန်း ၈၀ ၊ MA 3 သေနတ် ၁ လက်လျှင် ကျပ်သိန်း ၁၀၀၊ G3 သေနတ် ၁ လက် လျှင် ကျပ်သိန်း ၁၀၀ ၊ AK 47 သေနတ် ၁ လက်လျှင် ကျပ်သိန်း ၁၁၀ နှင့် စက်လက် တစ်လက်လျှင် ကျပ်သိန်း ၁၄၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း၌ ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို စစ် ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး လွှဲမှားနေသော စစ်ကောင်စီနောက်မလိုက်ပဲ ပြည် သူ့ဘက်ပူးပေါင်းကြရန် ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို အကြမ်း ဖက်စစ် တပ်က လက်နက်ထုတ်ပေးထားကြောင်း အုပ်ချုပ်ရေးမှူများ၊ ပျူစောထီးများ အနေဖြင့် အကြမ်း ဖက်စစ်တပ်၏ လွှဲမှားသော ဦးဆောင်မှု အယူဝါဒသို့ နောက်မလိုက်တော့ပဲ ပြည်သူနှင့်အတူ ပူး ပေါင်းကြရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံဝင်ရောက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအပြင် မိသားစုများကိုပါ အရေးခံရမည်ဖြစ်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အသိပေးထားသည်။

27/02/2024

မန်းလေးမှ ခွေးအင်အားအပြည့်နဲ့ ခွေးကား ၁၂ စီးနှာပေါက်ကျော်လာပါပီ တလရ မ်ား အထူးဂရုစိုက်ကြရန်။

27/02/2024

မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်တပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရခိုင့်တပ်တော် AA သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကနဦး သိရှိရ။
Feb.26.2.2024

အေမ့သားေလး🇲🇲🇲🇲

27/02/2024

feb27နေ့ မှာ
ကန့်ဘလူမြို့နယ်
နတ်ပေးကျေးရွာ(46Q GL 56878 64770)(စကစ+ပျူ)အထိုင်(46Q GL 57044 64052)စခန်းဆောက်လုပ်ပြီးမြောက်အောင်မြင် ဖွင့်ပွဲပြုလုပ်ဖြစ်ကြောင်းတိရ ကန့်ဘလူမြို့နယ်ရှိ(စကစပျူ)များစခန်းဖွင့်ပွဲကိုတတ်ရောက်ဖို့ဖိတ်ကြားထားကြောင်းလည်းသတင်းရရှိထား📬

26/02/2024

🏴🔴ရခိုင်ပြည်နယ်🔴🏴

♦️AA♦️Feb26
ရခိုင်ပြည်နယ် ရမ်းဗြဲတွင် ရဟတ်ယာဉ်
၄စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား
၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်မှု စစ်သား ၆၀ ကျော်​သေဆုံးပြီး
လက်နက်ခဲယမ်းများနဲ့သိမ်းဆည်းရရှိသည့် စစ်အသုံးအဆောင်များတွင်ဒုတိယဗိုလ်မှူးကြီးရာထူးအဆောင်အယောင် အပွင့်အခက်များ
ပါဝင်တယ်လို့သိရ။
♦️AA♦️ကသတင်းထုတ်ပြန်ခဲ့ပါတယ်

26/02/2024

တို့နိုင်ငံ အမှောင်ကျနေတယ်
အနေသာဖို့အတွက် အသာနေရင်
အသေနာကြလိမ့်မယ်

26/02/2024

၂၆၀၅၃၇
ကန့်ဘလူ
၆၀၀၆တပ်ရင်းမှသံပြားကာ ကား(၁)စီးနတ်အင်းကျေးရွာသို့ရောက်ရှိ
#

25/02/2024

0945pm//250224
ခင်ဦးမြို့ပေါ် စခ များနစ်ဖွဲ့ခွဲပီးကင်ပတ်နေတယ်လို့သိရ ဂမ်းငယ်များလဲပစ်ဖောက်နေတယ်လို့သိရ စက်လက်စုံစမ်းနေဆဲ
#

25/02/2024

1715pm//250224
ကံထူးမ ထွက်ခွေးကြောင်း ငနုချောင်းမှ ကိုးတောင်ပို့ရောက် တန့်ဆည်ထွက်ခွေးကြောင်းမှန်ရင်းအနောက်ဘက်ရောက်
#

25/02/2024

1111am/250224
လေကြောင်းအရေးကြီးနေပါတယ်ခင်များအထူးဂရုစိုက်ပီပို့ပေးကြပါထီးချိုင့်မှာပွဲများကနေကြပါတယ်တော်တော်လေးဂရုစိုက်ပီးလေကြောင်းကိုအထိုင်စက်ရှိသူမှအမြန်ဆုံးလေကြောင်းကိုရရချင်းပို့ပေးကြပါခင်များ
#

25/02/2024

🔔ပြည်သူ့အသံ🔔
25/2/24 6:58AM
နမခမှ စခ (ခွေး)များ
ကွမ်းခြံရွာကို လက်နက်ငယ်များ
ပစ်ခက် ဝင်ရောက်နေကြောင်း သတင်းရရှိထားပါတယ်
#

🔺စဉ့်ကူး/ဝက်လက်🔺စဉ့်ကူးမြို့နယ် စာကျက်ကြီးရွာတွင် ရောက်ရှိနေသော ခွေးများသည်  81mm လက်နက်ကြီး တပ်ဆင်၍ အနောက်ဘက်သို့ လက်နက...
25/02/2024

🔺စဉ့်ကူး/ဝက်လက်🔺

စဉ့်ကူးမြို့နယ် စာကျက်ကြီးရွာတွင် ရောက်ရှိနေသော ခွေးများသည် 81mm လက်နက်ကြီး တပ်ဆင်၍ အနောက်ဘက်သို့ လက်နက်ကြီး ၅ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ရာ ကျွန်းပေါ်ရွာများပေါ်တွင် လက်နက်ကြီးများကျ၍ ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာဘက်တွက်လည်း လက်နက်ကြီးကျကာ ပြည်သူ ၁ဦး ထိခိုက်ခဲ့ကြောင်း သတင်းရရှိထား။
#
Feb .25, 7:15AM

25/02/2024

ရေဦး♦️Feb25♦️8:15
ရေဦးခွေးခြံမှခွေး အင်အား၃၀ခန့်ဟာ အထုပ်အပိုးများပါရှိပြီး ရေဦးအနောက်စိုက်ကွင်းဘက်သို့ဦးတည်တက်နေကြောင်းသိရပါတယ်
#

Address

Shwebo

Telephone

+959983957171

Website

Alerts

Be the first to know and let us send you an email when JH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Shwebo

Show All