Myanmar Type Foundry

Myanmar Type Foundry Explore & Enjoy Our Myanmar Unicode Typefaces.

Legend တွေကို မေ့ထားလို့မရဘူး။ W Art House က Designer တိုင်း ကြိုက်တဲ့ Font တွေ... ဒါပေမယ့်... အခုပြောမှာတွေရော သိပြီးပြ...
26/03/2023

Legend တွေကို မေ့ထားလို့မရဘူး။

W Art House က Designer တိုင်း ကြိုက်တဲ့ Font တွေ...
ဒါပေမယ့်... အခုပြောမှာတွေရော သိပြီးပြီလား...

သိသူဖော်စားပဲ...

လေးစားလျှက်
MMTYPE

Human Anatomy တော့မသိဘူး Type Anatomy တော့သိတယ်... Biology is the study of living things ဆိုတဲ့ တစ်ကြောင်းတည်းမှတ်မိတဲ့ ...
23/03/2023

Human Anatomy တော့မသိဘူး Type Anatomy တော့သိတယ်...

Biology is the study of living things ဆိုတဲ့ တစ်ကြောင်းတည်းမှတ်မိတဲ့ စာအတိုင်းပဲ.😂😂😂 Typograhy is the study of living words ပါ။ ဘယ်သူ့မှ ပြောခဲ့တာမဟုတ်ပါဘူး ကိုယ့်ဘာကိုယ်လျှောက်ရေးထားတာပါ။

မနောက်ပါဘူး...စာလုံးတွေမှာ အသက်ရှိပါတယ်။ ဆရာဝန်နားကြပ်နဲ့တော့ ဆိုင်းဘုဒ်တေ လိုက်မစမ်းနဲ့နော်... စာလုံးတွေ အသက်ရှိတယ်ပဲပြောတာ အသက်မရှူဘူး. 😁😁😁

ကျန်တာတွေဆက်တင်ပေးမယ်..မလောနက်. အေးဆေးဖတ်...

လေးစားလျှက်
MMTYPE

AI ကို AI အကြောင်းရှင်းပြဖ်ု့ AI Interview ပါမေးပစ်တာ တကယ့်ကောင်တေ  😂😂😂Youtube မှာ Type Cooper ကလုပ်တဲ့ Lubalin Lecture ...
22/03/2023

AI ကို AI အကြောင်းရှင်းပြဖ်ု့ AI Interview ပါမေးပစ်တာ တကယ့်ကောင်တေ 😂😂😂

Youtube မှာ Type Cooper ကလုပ်တဲ့ Lubalin Lecture Series ဆိုတဲ့ Program မှာ Artificial Typography : Physical Manifestation of A Deeply Digital Processes ဆိုတဲ့ Webnair Live Record တစ်ခုပါလို့ သွားနားထောင်ကြည့်တာ...

AI ကိုသုံးပြီး An unexpected A-Z Typography and History of Art ဆိုတဲ့ Limited Edition စာအု​ပ်ကို AI ကိုအသုံးပြုပြီး ဖန်တီးခဲ့တဲ့ Creator ၂ ဦးက ဖန်တီးတဲ့ Processes တွေနဲ့ ကြုံရတဲ့ Challenges တွေနဲ့ အတွေ့အကြုံတွေအကြောင်းပြောပြထားတဲ့ Video ဖြစ်နေတယ်။

အကြိုက်ဆုံးက ဒီ ၂ ကောင်က AI ကို AI နဲ့ပါတ်သတ်တဲ့ AI အကြောင်းကို Interview ပါမေးပစ်တာ။ လူတွေက နင့်ကို ဘာလို့ကြောက်တာလဲတို့။ AI နင်က ဘယ်တုန်းက စဖြစ်တည်လာတာလဲတို့။ တကယ့် ​စစ်စစ်ပေါက်ပေါက်တေမေးတာ... ဗဟုသုတရသလို စိတ်ဝင်စားဖို့လည်းကောင်းတယ်။

တခြားအကြောင်းတွေလည်း ပါပါသေးတယ်။ နားထောင်ချင်ရင် အောက်က Link ကနေ သွားနားထောင်ကြည့်ကြည့်ပါ။ တစ်နာရီခွဲလောက်တော့ အချိန်ပေးရပါလိမ့်မယ်။

လေးစားလျှက်
MMTYPE

တကယ့် အစကိုပြောပါဆိုရင်... ကျောက်ခေတ်မတိုင်ခင်ထိကို ပြန်သွားရမှာပဲ... Typograhy, Type Design, Lettering, Writing ဘယ်လိုန...
22/03/2023

တကယ့် အစကိုပြောပါဆိုရင်... ကျောက်ခေတ်မတိုင်ခင်ထိကို ပြန်သွားရမှာပဲ...

Typograhy, Type Design, Lettering, Writing ဘယ်လိုနည်းစနစ်တွေ ကြဲကြဲ...ဖန်းတီးမှုပုံစံအမျိုးမျိုးဖြစ်နေပါစေဦးတော့...နည်းစနစ်တွေအားလုံးက ကျွန်တော်တို့ လူသားတွေအချင်းချင်း အပြန်အလှန် ဆက်သွယ်ဖို့အသုံးပြုတာကို မေ့ထားလို့မရပါဘူး။

ရှေးကာလတွေတုန်းက ဒီနေ့လို ကိုယ်ဆက်သွယ်ချင်တဲ့သူကို Digital Platform တွေ ဖုန်းတွေက အလြယ္တကူ ဆက်သွယ်လို့မရတဲ့အတွက် တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့ ဆိုရင် စာရေးဆက်သွယ်ခြင်း ၊ ရုပ်ပုံများဖြင့်ဖော်ပြခြင်း၊ အမှတ်အသားတွေနဲ့ ဖော်ပြခြင်း စတဲ့ Writing System လိုခေါ်တဲ့ နည်းလမ်းမျိုးမျိုး အသုံးပြုပြီးဆက်သွယ်ပါတယ်။

အဲ့လို Writing System တွေအသုံးပြုပြီး ဆက်သွယ်တဲ့ လူသားမျိုးစိတ်တွေထဲကမှ အစောဆုံး လူသားမျိုးစိတ်ကိုတော့ Homo Sapiens လို့ခေါ်ပါတယ်။

Typography ဘယ်ကစသလဲမေးရင်... များ​သောအားဖြင့် Typography အကြောင်းလ့လာဖူးတဲ့ လူအများစုက Modern Typography စနစ်ကိုစခဲ့တဲ့ Gutenberg ကစတယ်လို့ ဖြေကြပါလိမ့်မယ်။ တကယ်တော့ Gutenberg က Typograhy နည်းစနစ်ကို Evolve လုပ်ပေးခဲ့တဲ့သူတစ်ဦးပါ။

ကျွန်တော် အနေနဲ့ဆိုရင်တော့ တကယ့် Typography ဆိုတာ...လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက စတင်ခဲ့တာမဟုတ်ပဲ.. စာရေးဖို့ အသိစိတ်ပထမဆုံးရှိတယ်လို့ သတ်မှတ်ခံရတဲ့ ရှေးဦးလူသားမျိုးစိတ်​တစ်ခုဖြစ်တဲ့ Homo Sapiens တွေက စခဲ့တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။

ဒီနေ့ခေတ် တကမ္ဘာ လုံးမှာ နိုင်ငံအလိုက်၊ လူမျိုးအလိုက်၊ ဘာသာစကားအလိုက် Standard အ​နေနဲ့ အသုံးပြုနေတဲ့ Writing System က အမျိုးအစားအများကြီးရှိပါတယ်။ ဒါအပြင် ခေတ်ကာလတွေအလိုက်လည်း Evolve ဖြစ်လာတဲ့ စာရေးစနစ်အသစ်တွေလည်း ရှိပါသေးတယ်။

စာရေးစနစ်တွေအကြောင်းကိုတော့ အချိန်ရမှပဲ သေချာရေးပြီးတင်ပေးပါတော့မယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ...

လေးစားလျှက်
MMTYPE

Typeface လား Font လား??? ဒီအခေါ်အဝေါ် ၂ ခုရဲ့ အသုံးက အတူတူပဲလို့ ထင်ရပေမယ့် မတူပါဘူး။ ဗဟုသုတအနေနဲ့ သိထားသင့်လို့ ပြန် Sh...
21/03/2023

Typeface လား Font လား???

ဒီအခေါ်အဝေါ် ၂ ခုရဲ့ အသုံးက အတူတူပဲလို့ ထင်ရပေမယ့် မတူပါဘူး။ ဗဟုသုတအနေနဲ့ သိထားသင့်လို့ ပြန် Share ပေးတာပါ။

မဟုတ်ရင် မုန့်ဟင်းခါးကို တောချက် နဲ့ မြို့ချက် မခွဲတတ်သလိုဖြစ်နေမှာပေါ့... ကဲ တောချက်မြို့ချက် ခွဲနည်းကတော့ ပုံတစ်ပုံစီမှာ ရှင်းပြထားတယ်။

စာဖတ်တာကောင်းပါတယ် ကျွန်တော်ဆို
ရန်ကုန်လမ်းညွှန်ကြီးခွခွအိပ်တာ 😂😂😂😂

လေးစားလျှက်
MMTYPE

အရင် Page အဟောင်းပြန်မွှေရင်း လက်ဆော့ခဲ့တဲ့ ပုံလေးတွေ ပြန်မျှဝေပေးလိုက်ပါတယ်။ သန္ဓေက သိပ်မကောင်းတော့... Typography ဘာညာက...
20/03/2023

အရင် Page အဟောင်းပြန်မွှေရင်း လက်ဆော့ခဲ့တဲ့ ပုံလေးတွေ
ပြန်မျှဝေပေးလိုက်ပါတယ်။

သန္ဓေက သိပ်မကောင်းတော့... Typography ဘာညာကလိတဲ့
ပေါက်ကရ Poster က တစ်ဝက်လောက်ပါပါတယ်။ 😂😂😂

ရိုင်းစိုင်းတဲ့ အသုံးအနှုန်းများပါသွားခဲ့သော်... စိတ်မဆိုးပါနဲ့
စိတ်ဆိုးလည်း... ကျွန်တော် သိုင်းကားဆက်ကြည့်မှာပါ...
😂😂😂

လေးစားလျှက်
MMTYPE

စာရေးတဲ့ဖက်ကို မလှည့်အားသေးလို့... အရင် Page အဟောင်းက Article လေးတွေ ပြန်တင်ပေးပါမယ်။ Page အဟောင်းက တစ်ချို့ Content တွေ...
20/03/2023

စာရေးတဲ့ဖက်ကို မလှည့်အားသေးလို့... အရင် Page အဟောင်းက Article လေးတွေ ပြန်တင်ပေးပါမယ်။ Page အဟောင်းက တစ်ချို့ Content တွေလည်း ပြန်စီပြီး ဒီမှာ အစီစဉ်တကျ တင်ပေးသွားပါမယ်။

အေးဆေးဖတ်ပါ။ ပုံလေးတွေ Save ထားလည်း ဖြစ်တယ်။ 😍😍😍

လေးစားလျှက်
MMTYPE

မီးရောင်တွေအောက်မှာ (Lyrics Video)https://www.youtube.com/watch?v=crf4rt8hZxIWritten and Performed by Shyne MonMusic Pro...
19/03/2023

မီးရောင်တွေအောက်မှာ (Lyrics Video)

https://www.youtube.com/watch?v=crf4rt8hZxI

Written and Performed by Shyne Mon

Music Produced by YazarMyoThank
(ThePhopshorap) & KyawPauk

Poster Fans Art by MMTYPE

လာမယ့် စနေ၊ တနင်္ဂနွေ မှာရှိမယ့် Workshop လေး ကိူ မနက်ဖြန်ညနေထိ Register ပြုလုပ်လို့ရပါမယ်ဗျို့...
09/03/2023

လာမယ့် စနေ၊ တနင်္ဂနွေ မှာရှိမယ့် Workshop လေး ကိူ မနက်ဖြန်ညနေထိ Register ပြုလုပ်လို့ရပါမယ်ဗျို့...

လာမယ့်အပါတ် စနေ၊ တနင်္ဂနွေ ဆိုတော့... လူမပြည့်ခင် Page Inbox က ဟယ်လို လု​ပ်ထားလိုက်တော့ဗျို့... 😇😇😇
03/03/2023

လာမယ့်အပါတ် စနေ၊ တနင်္ဂနွေ ဆိုတော့...
လူမပြည့်ခင် Page Inbox က ဟယ်လို
လု​ပ်ထားလိုက်တော့ဗျို့...

😇😇😇

Typeface တွေမှာပါတဲ့  Italic & Bold ကို အတု အစစ်ခွဲကြစို့ အတွေ့အကြုံပြည့်ဝတဲ့ Type Designer တိုင်းရဲ့ Typeface တစ်ခုမှာ....
01/03/2023

Typeface တွေမှာပါတဲ့ Italic & Bold ကို အတု အစစ်ခွဲကြစို့

အတွေ့အကြုံပြည့်ဝတဲ့ Type Designer တိုင်းရဲ့ Typeface တစ်ခုမှာ... အနည်းဆုံး Regular, Italic & Bold ဆိုပြီး Master Font ၃ မျိုးက Standard အနေနဲ့ ပါကို ပါဝင်ပါတယ်။ ဒီနေရာမှာ Bold နဲ့ Italic ကို ဘာကြောင့် Master Font အနေနဲ့ သီးသန့် Font အဖြစ်ထည့်ပေးလဲဆိုတာ ရှင်းပြပါ့မယ်။

ကျွန်တော်တို့ ပုံမှန် Regular Font ကို Publishing သို့ Design Tools တွေမှာ လက်တွေ့ အသုံးချတဲ့အခါ... Regular ကိုပဲ Bold လုပ်လို့ရတဲ့ Faux Bold ဆိုတဲ့ Typographic Function က Font အသုံးချလို့ရတဲ့ Programs နဲ့ Tools တော်တော်များများမှာပါဝင်သလို Italic ကိုလည်း Faux Italic အနေနဲ့ စာလုံး အစောင်းဖြစ်အောင် ​ပြောင်းလို့ရတဲ့ Function တွေပါပါတယ်။

Faux ဆိုတဲ့စကားလုံးက F​ake သို့ Imitation လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်အသုံးပြုတဲ့ Tool တွေရဲ့ Operation System က မူလ ရှိပြီးသား Regular Font ကိုပဲ စာလုံးအစောင်းသုံးလို့ ရအောင် သို့ စာလုံးအထူအနေနဲ့ သုံးလို့ရအောင် စာလုံးအတုကို Auto ထုတ်ပေးတဲ့ သ​ဘောပါပဲ။

ကွန်ပျူတာစနစ်က မူလ Regular Font မှာရှိတဲ့ စာလုံးတွေကို လိုချင်တဲ့ပုံစံရအောင် တွက်ချက်ပြီး ထုတ်ပေးတာ ဖြစ်တဲ့ အတွက်. အချို့ Letterform ပုံစံမကောင်းတဲ့ Font တွေဆိုရင် စာလုံးတွေရဲ့ Readibility နဲ့ Legibility ကျသွားတာမျိုး စာဖတ်လို့ မကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် Italic နဲ့ Bold ကို Master အနေနဲ့ ထပ်ဖြည့်ထားတာပါ။ နောက်တစ်ချက် သိထားသင့်တာက Italic ပါ။ Italic မှာ Master Font အနေနဲ့ သီးသန့် ဖြည့်ထားတဲ့ အကြောင်းရင်းက Typeface ပေါ်မူတည်ပြီး italic စာလုံးပုံစံတွေက Letterform Structure အရ များသောအားဖြင့် Calligraphic Influence ပါနေတာမျိုး သတိထားမိပါလိမ့်မယ်။ Typeface တိုင်း စာလုံးတိုင်းရဲ့ Italic စာလုံးပုံစံက မူလ Regular ရဲ့ Letterform နဲ့ ကွဲထွက်နေတာမျိုးမဟုတ်ပါဘူး။

အောက်မှာပြထားတဲ့ ပုံတွေ သတိထားလေ့လာကြည့်ပါ။ True Italic နဲ့ Faux Itaic ၂ ခုမှာဆိုရင်. စာလုံးရဲ့ဖွဲ့စည်းပုံ သေသပ်မှုအပိုင်းနဲ့ သပ်ရပ်မှုအပိုင်း ၂ ခုကို ယှဉ်ကြည့်ရင်တောင် Faux Italic က စာလုံးရဲ့ Readibility ရော Legibility ရော ပျောက်သွားတာမျိုး သတိထားမိပါလိမ့်မယ်။ True Bold နဲ့ Faux Bold ၂ ခုရဲ့ ကွာခြားချက်ဟာလည်း Italic လိုပါပဲ။

ဒီလောက်ဆို... အတု အစစ်ကို အကြမ်းဖျင်းသဘောပေါက်နားလည်ပြီလို့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြောပြချင်ပေမယ့်. စာအရမ်းရှည်မှာစိုးတာရော... ကျွန်တော် စာရိုက်ပျင်းနေတာရောကြောင့်... ဇွတ်အတင်း ဒီလောက်နဲ့ ကျေနပ်ပေးဖို့ မျှော်လင့်ပါတယ်။

နောက်ထပ်ရှိသေးလားဆိုရင် အများကြီး ကျန်ပါသေးတယ်....
တကယ် သေချာသိချင်ရင် လာမယ့် ၁၂၊ ၁၃ မှာ ပြုလုပ်မယ့်
Typo & Type ၁၀၁ Workshop လေးကို လာရောက်စပ်စုဖို့ ဖိတ်ခေါ်ပါရစေ။

လေးစားလျှက်
MMTYPE

source images : google

Text & Display ၂ ခုကို တကယ်ရော ခွဲတတ်ပြီလား?????များသောအားဖြင့် ကျွန်တော်တို့ Display Typeface သို့ Font ဆိုပြီး ပြောလို...
28/02/2023

Text & Display ၂ ခုကို တကယ်ရော ခွဲတတ်ပြီလား?????

များသောအားဖြင့် ကျွန်တော်တို့ Display Typeface သို့ Font ဆိုပြီး ပြောလိုက်ရင် Headline လိုနေရာမျိုးမှာ သုံးတဲ့ Bold ဖြစ်တဲ့ Font တွေ... စာလုံးပုံစံထူထူကြီးတွေကိုပဲ မြင်တတ်ကြပါတယ်။ အဲ့လို ခွဲခြားတာက လုံးဝမှားနေတဲ့အချက်ပါ။

ဒီနေရာမှာ ကျွန်တော်တို့ မှန်တယ်လို့သိထားပြီးမှားနေတဲဲ့အချက်တစ်ခုပြောပြပါမယ်။ အထူးဖြင့် Display ဆိုတဲ့ စာလုံးပါ။ Display Typeface တွေကို အပေါ်မှာပြောခဲ့သလို ခွဲခြားလို့မရပါဘူး။

-----------

ဒါဆို Display နဲ့ Text ကို ဘယ်လို ခွဲကြမလဲ...

အရိုးရှင်းဆုံး ခွဲခြားနည်းက Display နဲ့ Text ၂ ခု ရဲ့ အသုံးပြုတဲ့ Platform သို့ Channel ပေါ်မူတည်ပြီး ခွဲတာပါ။

Text Typeface တွေကို Printing, Layout Design အထူးသဖြင့် Printing ပြုလုပ်မယ့် အချိန်မှာ သုံးဖို့ အသင့်တော်ဆုံး Typeface အမျိုးအစားပါ။

Display Typeface ကတော့ Digital Platform နဲ့ Devices တွေ ဖြစ်တဲ့ ဥပမာ TV, Mobile & PC Devices တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ Typeface အမျိုးအစားပါ။

-----------

တစ်ချို့ Premium Typeface တွေမှာ Font ကို Display နဲ့ Text ဆိုပြီး ၂ မျိုး
ခွဲထားပါတယ်။

Typeface ရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ မူလ စာလုံးဖွဲစည်းပုံ မပျောက်သွားပဲ...Display နဲ့ Text အသုံးပြုမယ့် နယ်ပယ်အလိုက် ခွဲခြားတာပါ။

ဒါဆို Display နဲ့ Text အသုံးတွေနဲ့ ခွဲခြားနည်းတွေ...ဆက်ပြောပြပေးပါမယ်။
နမူနာအနေနဲ့ တင်ထားတဲ့ပုံကို ကြည့်လို့ရပါတယ်။

01. Spacing & Kerning

Text - Print ထုတ်တဲ့ အချိန် Spacing အရမ်းကပ်ပြီး မှင်တွေပြန့်ပြီး စာလုံးတွေ ရောတာမျိုးမဖြစ်အောင် Spacing ကို Printed Proof ဖြစ်တဲ့ထိ ညှိထားတာကို သတိထားမိပါလိမ့်မယ်။

Display - Digital Platform တွေဖြစ်တဲ့ Electronic Device တွေရဲ့ Display ပေါ်မှာ အဓိက အသုံးပြုတာဖြစ်တဲ့ အတွက် Spacing ကို Tight ပိုဖြစ်အောင် ညှိထားတာမျိုးတွေ့ရပါတယ်။
..........

02. x-height

Text တွေရဲ့ x-height က များသောအားဖြင့် ပုံမှန်ရှိသင့်တဲ့ Standard x-height ကိူ သူံးသလိုမျိုး အချို့ Text Typeface တွေက x-height ပိုမြင့်လေ့ရှိပါတ်။

Display ရဲ့ x-height ကတော့ Text - x-height ထက် လျှော့ ပြီး ဆွဲထားလေ့ရှိတတ်ပါတယ်။
..........

03. Contrast aka Thickness of Stroke or Stem

စာလုံးတွေရဲ့ Stroke သို့ Stem အထူအပါးပေါ်မူတည်ပြီးလည်း Text နဲ့ Display ကို ခွဲလို့ရပါတယ် ပုံမှန် Regular Stroke Weight က Display အတွက်ဆို တကယ့်ကို မသိမသာသေး လျှော့ပြီး သုံးလေ့ရှိပါတယ်။

Text နဲ့ Display 2 ခု ရဲ့ Stroke အထူအပါး အအနည်းငယ်ကွာတာသေချာ သတိထားကြည့်ရင် မြင်ပါလိမ့်မယ်။
...........

04. Optical Size aka Aperture

Aperture လို့ခေါ်တဲ့ Counter Space တွေကို Display နဲ့ Text မှာ မတူအောင် ညှိထားတဲ့အချက်ကို ကြည့်ပြီး ခွဲခြားလို့ရပါတယ်။ Lowercase စာလုံးတွေ ဖြစ်တဲ့ e, r, a, c စတဲ့စာလုံးတွေကို ပုံထဲက Display နဲ့ Text ၂ မှာ ဘာတွေ ကွာခြားမှုရှိလဲ မြင်အောင်ကြည့်ကြည့်ပါ။

အခြေခံအားဖြင့်.... Display နဲ့ Text ကို အခု ကျွန်တော်ပြောပြတဲ့အချက်တွေကို ကြည့်ပြီးပဲ ခွဲခြားလို့ရပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ...

ေလးစားလျှက်
MMTYPE

😍😍😍😍
27/02/2023

😍😍😍😍

Artwork လေးတွေ မလုပ်ဖြစ်တာ ကြာပြီမို့
ဒီညတော့ တစ်ခု လုပ်ဖြစ်တယ်။
ဒီ Artwork လေးကို မတိုက်ဆိုင်ခြင်း အနုပညာ လို့
နာမည်ပေးထားပါတယ်။

TYPO & TYPE ၁၀၁ : Online Workshop Announcement သင်တန်း‌အသစ်ထပ်မဖွင့်ဖြစ်သေးခင်မှာ - အားလုံး စိတ်ဝင်စားလောက်မယ့်  - ၂ ရက်...
26/02/2023

TYPO & TYPE ၁၀၁ : Online Workshop Announcement

သင်တန်း‌အသစ်ထပ်မဖွင့်ဖြစ်သေးခင်မှာ - အားလုံး စိတ်ဝင်စားလောက်မယ့် - ၂ ရက်တာ Workshop လေးတစ်ခု စီစဉ်ထားပါတယ်။ ၂ ရက်တည်းဆိုပေမယ့် - ရှယ်ကို လေ့လာရမယ့် - Online Workshop ဖြစ်ဖို့ကိုတော့ - အာမခံပါတယ်။

လူဦးရေအကန့်သတ်ရှိတဲ့အတွက်တော့ - အချိန်မှီ Register လုပ်ထားဖိုလိုမယ်ဗျို့ -

Workshop နဲ့ပါတ်သတ်ပြီး - ပုံလေးတွေမှာ အသေးစိတ်ရေးပေးထားပါတယ်။ ပိုပြီး အသေးစိတ်သိဖို့ကတေ့ာ့ Page Inbox က ဟယ်လိုလိုက်ရုံပါပဲ - အမြန်ဆုံး အကြောင်းပြန်ပေးပါမယ်။

လေးစားလျှက်
MMTYPE

26/02/2023

အစကကောင်းရာကောင်းကြောင်း ပြောအုန်းမလို့ပဲ 🤒

25/02/2023

ရှုစားတော် မူကြဘာဇ ခင်ဗျာ ! ဒီနေ့မှာတော့ -
Latin စာလုံးတွေ ဖြစ်တဲ့ Lowercase to Lowercase Kerning ချိန်ပြီး -

ကမ္ဘာပျက်နေသော - Type Designer တစ်ဦးကို - သီချင်းနားထောင်ရင်း လေ့လာလို့ရပါတယ်။

တကယ်တော့ Live Stream လွင့်ဖို့ လုပ်နေတာပါ။ လက်ရှိသုံးနေတဲ့ စက်က Stream ဖို့ သိပ် အဆင်မပြေသေးလို့ - Live Stream မဟုတ်ပဲ - Record Video ပဲ တင်ပေးလိုက်ပါတယ်။

လေးစားလျှက်
MMTYPE

Address

Wai Lu Won Main Street
Sanchaung
11111

Alerts

Be the first to know and let us send you an email when Myanmar Type Foundry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Type Foundry:

Videos

Share