Into the FOLK Hello welcome to ‘Into the FOLK’ ❤️

ဆံပင်ညှပ်ဆိုင် မသွားခင် vs သွားပြီးဖော်ကင်ယော်ကားပြီး တိုတိုလေးညှပ်ပေးဖို့ပြောမိသွား #ထိုင်းရောက်ရွှေမြန်မာ
06/01/2025

ဆံပင်ညှပ်ဆိုင် မသွားခင် vs သွားပြီး

ဖော်ကင်ယော်ကားပြီး တိုတိုလေးညှပ်ပေးဖို့ပြောမိသွား

#ထိုင်းရောက်ရွှေမြန်မာ

အောင်မည်းညို ရေနွေကြမ်း မွှေးမွှေးလေး free တိုက်တဲ့“Laos Textile Museum’Hello everyone ကျွန်တော် တို့ တွေ Bangkok ကနေ La...
01/01/2025

အောင်မည်းညို ရေနွေကြမ်း မွှေးမွှေးလေး free တိုက်တဲ့
“Laos Textile Museum’

Hello everyone
ကျွန်တော် တို့ တွေ Bangkok ကနေ Laos (Vientiane) မြို့ကို ဗီဇာ တို့ဖို့သွားတဲ့အခါ ဗီဇာ approved ဖြစ်ဖို့စောင့်နေတဲ့ရက်လေးတွေမှာ ဒီ museum လေးကို သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်ဗျ။

ဝင်ကြေးအနေနဲ့ တစ်ယောက်ကိုလာအိုငွေ 30.000 kipပေးရပြီး Laos ရိုးရာအထည်ပြုလုပ်ပုံတွေ လေ့လာဖို့ guide တစ်ဦးက လိုက်ပြီးရှင်းပြပေးပါတယ်။

လေ့လာစရာအနေနဲ့ ရိုးရာ အထည်တွေအတွက် ချည်မျှင် ထုတ်လုပ်ပုံတွေ ၊ အထည် ယက်ကန်းခပ် ပုံတွေနဲ့ သဘာဝအတိုင်းအရောင်ဆိုး တာတွေကို ကိုယ်တိုင်ဝင်လုပ်ပြီးလေ့လာ နိုင်ပါတယ်။

လေ့လာလို့ပြီးသွားရင်တော့ ရိုးရာအထည်တွေ အိမ်ပြန်လက်ဆောင်တွေရောင်းပြီး အောင်မည်းညို ရေနွးကြမ်းမွှေးမွှေးလေးကို အလကား တိုက်ပါတယ်ဗျ

အောက်ကပုံလေးတွေမှာ ကျွန်တော်လုပ်ခဲ့တာလေးတွေ ရေးပေးထားပါတယ်ဗျ။

Location

https://maps.app.goo.gl/v4WgfTnykL49dAtAA?g_st=com.google.maps.preview.copy

#ထိုင်းရောက်ရွှေမြန်မာ

တန်တန်တန် အဖွဲ့ဝင်တွေအတွက်Vintage ထည်တွေကိုတန်ဖိုးထားကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆု...
29/12/2024

တန်တန်တန် အဖွဲ့ဝင်တွေအတွက်

Vintage ထည်တွေကိုတန်ဖိုးထားကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆုံး ဘေထုပ်ဈေးကြီး “Pattavikorn Market”

ဒီဈေးကြီးမှာက Zone A/B/C/D 4မျိုးခွဲထားပါတယ်။

Zone A မှာတော့ Vintage အဝတ်အထည်တွေကိုအများဆုံးရှာဖွေ​လို့ရပါတယ်။

Zone B မှာကတော့ Second Hand အိတ်တော်တော်များများတွေ့ရပါတယ်။

Zone C မှာကတော့ electronic ပစ္စည်းတွေလူ့သုံးကုန်ပစ္စည်း Second Hand တွေ‌ဈေးနှုန်းသင့်တင့်စွာရောင်းချနေတာတွေ့ရပါတယ် ။

Zone D မှာက အစားတစ်လိုင်းတွေအတွက်စားသောက်ဆိုင်တွေ အအေးဆိုင်တွေအများကြီးရှိလို့ အနားယူပြီး ဝင်စားလို့ရပါတယ်။

စျေးထဲမှာ ဘယ်လို Vintage တွေ Thrift တွေရှိလဲဆိုတာကို သိရဖို့အတွက် အောက်ကပုံတစ်ပုံချင်းစီအောက်မှာ ရေးထားပါတယ်။ ဈေးကြီးကတော့ မနက် (၈)ခွဲကနေ ည (၉)နာရီအထိဖွင့်ပါတယ်။

ဘေထုပ်မွှေချင်ချင်သူတွေအတွက်လည်း လိပ်စာထည့်ပေးထားပါတယ်ဗျ။

📍Location - Pattavikorn Market New Project
https://maps.app.goo.gl/mQTJ6VfhZDBkAe598


#ထိုင်းရောက်ရွှေမြန်မာ


#ဘေထုပ်

Happy birthday ပါ မေမေသားကိုအများကြီး ပိုချစ်ပေးပါ❤️❤️
26/12/2024

Happy birthday ပါ မေမေ
သားကိုအများကြီး ပိုချစ်ပေးပါ❤️❤️

နင် December 25 (Christmas) နေ့ ဘာအစီစဉ်ရှိလဲ။me :😴
21/12/2024

နင် December 25 (Christmas) နေ့ ဘာအစီစဉ်ရှိလဲ။

me :😴

တောင်ကိုရီးယား president Yoon Suk Yeol ကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေး စနစ်ကို liveလွှင့်ပြီးကြေငြာသွားပါတယ်။
03/12/2024

တောင်ကိုရီးယား president Yoon Suk Yeol ကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေး စနစ်ကို liveလွှင့်ပြီးကြေငြာသွားပါတယ်။

အတွေးထဲမှာတော့ ပုဝါလေးခြုံပြီး မျက်မှန်လေးတပ်မယ်ပေါ့ soft boy ပုံစံလေးနဲ့ နူးနူးညံ့ညံ့လေး ထင်နေတာတစ်ကယ်ဖြစ်သွားတာက order...
23/11/2024

အတွေးထဲမှာတော့ ပုဝါလေးခြုံပြီး မျက်မှန်လေးတပ်မယ်ပေါ့ soft boy ပုံစံလေးနဲ့ နူးနူးညံ့ညံ့လေး ထင်နေတာ

တစ်ကယ်ဖြစ်သွားတာက order မရလို့ဘူနေတဲ့ ကောင်ကြီးဖြစ်သွားတယ်။

#ထိုင်းရောက်ရွှေမြန်မာ

10/11/2024

၁၀ဘတ်တန်စျေး (Sampheng Market)

ကျွန်တော် မထင်မှတ်ဘဲ ၁၀ဘတ်တန်စျေး ရောက်ခဲ့ပါတယ်။
စျေးတန်တန်လေးတွေဖြစ်လို့
မိန်ကလေးတွေ အရမ်းကြိုက်မယ့်စျေးလေးဖြစ်ပါတယ်။

Location 📍

ถนน จักรวรรดิ Chakkrawat, Khet Samphanthawong, Bangkok 10100


#ထိုင်းရောက်ရွှေမြန်မာ

#10ဘတ်တန်စျေး

သူတို့လည်း ငါတို့နားလည်အောင် ကြိုးစားရေးနေကြတာဘဲခက်တာက သူတို့မြန်မာလိုရေးရင် ပိုပြီးနားကိုမလည်တော့တာ🥹 #ထိုင်းရောက်ရွှေမြ...
08/11/2024

သူတို့လည်း ငါတို့နားလည်အောင် ကြိုးစားရေးနေကြတာဘဲ
ခက်တာက သူတို့မြန်မာလိုရေးရင် ပိုပြီးနားကိုမလည်တော့တာ🥹

#ထိုင်းရောက်ရွှေမြန်မာ

ငါဘာလို့ရည်းစားမရတာလဲလို့ သေချာပြန်တွေးကြည့်ရင်လေငါက ငါ့ကိုအရမ်းချစ်ရင်လည်းမကြိုက်ဘူးငါ့ကိုမချစ်တော့ရင်လည်းမကြိုက်ပြန်ဘူ...
04/11/2024

ငါဘာလို့ရည်းစားမရတာလဲလို့ သေချာပြန်တွေးကြည့်ရင်လေ
ငါက
ငါ့ကိုအရမ်းချစ်ရင်လည်းမကြိုက်ဘူး
ငါ့ကိုမချစ်တော့ရင်လည်းမကြိုက်ပြန်ဘူး
ငါကအရမ်းချစ်ပေးနေရတာလည်းမကြိုက်ဘူး
ငါချစ်ပေးစရာမလိုဘဲ ဖြစ်နေတာကိုလည်းမကြိုက်ဘူး

ဟုတ်တော့ဟုတ်နေပြန်ပါပြီအေ

#ထိုင်းရောက်ရွှေမြန်မာ #အချစ်

လ အစ 🤤 vs  လ ကုန်ကာနီး🥹 #ထိုင်းရောက်ရွှေမြန်မာ
03/11/2024

လ အစ 🤤 vs လ ကုန်ကာနီး🥹

#ထိုင်းရောက်ရွှေမြန်မာ

02/11/2024

မုန့်စားမယ် ….🐙🦑



#ထိုင်းရောက်ရွှေမြန်မာ


#หมึกกรุบ

တစ်ချို့ကပြောကြတယ်"အချစ်များရင်ခါးသွားတယ်"တဲ့ဒီစကားကိုလက်ခံမိတယ်.....တစ်ခါတလေမှာကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ဟာကိုယ့်ကိုရှိ...
02/11/2024

တစ်ချို့ကပြောကြတယ်"အချစ်များရင်ခါးသွားတယ်"တဲ့

ဒီစကားကိုလက်ခံမိတယ်.....
တစ်ခါတလေမှာကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ဟာကိုယ့်ကိုရှိတယ်လို့တောင်မသတ်မှတ်တော့တဲ့အချိန်မှာ နာကျင်ရတဲ့ခံစားမှုကို အတော်လေးဖော်ပြရခက်ပါတယ်...မအိပ်နိုင်မစားနိုင်ဖြစ်တာထက်အတော်လေးလဲဘာလုပ်ရမှန်းမသိသလိုဖြစ်တယ်.....တကယ်ဆိုရင် ချစ်သလောက်ထုတ်မပြသင့်ဘူးလေ......ကိုယ်ကအချစ်လွန်သွားတဲ့အခါဘာကိုမှမမြင်နိုင်တော့ဘူး..... သူ့ကိုပဲပိုင်ဆိုင်ဖို့တွေးကြတယ်(အဝေးကနေကြည့်လဲရတယ်ဆိုတဲ့ဖြေသိမ့်စကားတွေလဲနားထဲမဝင်ပါဘူး)အချစ်ဆိုတာချိုကောင်းချိုပါလိမ့်မယ် .... ဒါဟာအတိုင်းအတာတစ်ခုအထိမှန်နိုင်ပါတယ်.......အချစ်များသွားရင်တော့အချစ်ဟာခါးသက်သက်ကော်ဖီတစ်ခွက်လောက်တောင်စွဲမက်ချင်စရာမရှိတော့ပါဘူး💔...

#ထိုင်းရောက်ရွှေမြန်မာ

ကျွန်တော့်pageလေးကို like and follow ထားတဲ့သူထဲမှာ လူပျိုကြီး၊အပျိုကြီးတွေ ပါလားဗျအသက် ၂၅ နှစ် နဲ့အထက်ဆို ရင်တော့ အပျိုက...
30/10/2024

ကျွန်တော့်pageလေးကို like and follow ထားတဲ့သူထဲမှာ လူပျိုကြီး၊အပျိုကြီးတွေ ပါလားဗျ

အသက် ၂၅ နှစ် နဲ့အထက်ဆို ရင်တော့ အပျိုကြီး လူပျိုကြီးစာရင်းထဲဝင်သွားပါပြီနော် ဟဲဟဲ
အခုတစ်ခါမှာ ကျွန်တော်က အပျိုကြီး၊လူပျိုကြီးတွေ ရဲ့ အားသာချက်တွေကို စုပြီးဖော်ပြလိုက်ပါတယ်ဗျ
အပျိုကြီး၊ လူပျိုကြီးတွေဟာဆိုရင်တော့

✔️ အပေါင်းအသင်းပိုများပြီး social ကောင်းကြပါတယ်

✔️မိမိအတွက် အချိန်ပိုပေးနိုင်ကြပါတယ်

✔️အားလပ်ချိန်တွေမှာ ကောင်းကောင်းအသုံးချနိုင်ကြပါတယ်

✔️တရားရင်ဆိုင်ရတာတွေ တော်တော်နည်းကြပါတယ် (လင်ငယ် ၊မယားငယ်၊စနိုက်ကြော်၊ဘာညာသာဒကာ🤣)

✔️အကြွေးတင်တာတွေ အိမ်ထောင်သည်တွေထက် နည်းပါတယ်

✔️အိမ်ထောင်သည်တွေထက် အလုပ်အပေါ် စိတ်ဖိစီးမှုနည်းကြပါတယ်

✔️လေ့ကျင့်ခန်း ၊ အလှအပရေးရာ ကိစ္စတွေ အပေါ် အချိန်ပေးနိုင်ကြပါတယ်

✔️အိပ် ချိန်ပိုရ ပြီး အိပ်ရေးဝကြပါတယ် (ဒါတော့ရှင်းမပြတတ်ဘူး🤣)

✔️သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးကြပါတယ်

✔️အခုအချိန်အထိ အငယ်တွေနဲ့ သူငယ်ချင်းပေါင်းပေါင်းလို့ရကြပါတယ်

ကဲ အပျိုကြီး၊လူပျိုကြီး ဖြစ်ရတာ ဂုဏ်ယူ လိုက်ပါဗျာ

#ထိုင်းရောက်ရွှေမြန်မာ

နွေးထွေးမှုတွေ ခံစားစေတဲ့လူမျိုး ။ စိတ်အကြည်ဓာတ် ပေးတဲ့လူမျိုး ။ ပျော်ရွှင်မှု ခံစားစေတဲ့လူမျိုး ။ စိတ်လုံခြုံမှု ခံစားစ...
27/10/2024

နွေးထွေးမှုတွေ ခံစားစေတဲ့လူမျိုး ။
စိတ်အကြည်ဓာတ် ပေးတဲ့လူမျိုး ။
ပျော်ရွှင်မှု ခံစားစေတဲ့လူမျိုး ။
စိတ်လုံခြုံမှု ခံစားစေတဲ့လူမျိုး ။
Positive Vibe ပေးတဲ့လူမျိုး။

ဒီလိုလူမျိုးတွေနဲ့ နီးကပ်စွာ နေပါ ။
ဘဝက ရိုးရှင်းလေ ကောင်းလေ ။
နေ့ရက်တိုင်းကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းကြည့်ပါ ။

ရိုးရှင်းခြင်း၏နောက်ကွယ်မှာ
ပျော်ရွှင်ခြင်းလေး ကပ်ပါနေတယ် ။

#ထိုင်းရောက်ရွှေမြန်မာ
#အတွေး

ဖျာတွေရမယ် ဖျာတွေ 🤣🤣
26/10/2024

ဖျာတွေရမယ် ဖျာတွေ 🤣🤣

ကျွန်တော်တို့ရဲ့ဘဝမှာ တွေ့ကြုံလာသမျှ အရာရာဟာ ခဏတာဘဲဖြစ်ပါတယ်။ ပျော်စရာတွေရှိရင်ပျော်လိုက်ပါ။ ချစ်ခြင်းမေတ္တာနဲ့ကြုံတွေ့တ...
24/10/2024

ကျွန်တော်တို့ရဲ့ဘဝမှာ တွေ့ကြုံလာသမျှ အရာရာဟာ ခဏတာဘဲဖြစ်ပါတယ်။
ပျော်စရာတွေရှိရင်ပျော်လိုက်ပါ။ ချစ်ခြင်းမေတ္တာနဲ့ကြုံတွေ့တဲ့အခါ မေတ္တာတရားရဲ့ရသာကိုအပြည့်အဝခံစားလိုက်ပါ။ ထို့အတူ အခက်ခဲတွေ ၊ ဒုက္ခတွေ နဲ့ကြုံတဲ့အခါမှာလည်း ဒါဟာယာယီခဏတာ ဖြစ်ကြောင်း သတိရဖို့လည်းလိုပါတယ်။
ဟုတ်ပါတယ် အရာရာဟာ expire date ရှိပါတယ်။ Expire Date ရှိကြောင်းကိုလည်းလက်ခံနိုင်အောင်ကြိုးစားရမှာပေါ့နော်။
ဘဝကလဲ ယာယီပါပဲ နေလုံးကြီးလိုပေါ့ဗျာ
နေလုံးကြီးဟာ အရှေ့အရပ်ကထွက်ပြီးရင်တော့အချိန်တန်ရင်တောင်တွေအနောက်ကိုပြန်ဝင်သွားဦးမှာပါ။

#ထိုင်းရောက်ရွှေမြန်မာ #အတွေး

ကျွန်တော်တို့ဟာ ပြိုလဲချင်တဲ့အချိန်မှာ ပြိုလဲခွင့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ အားနည်းဖို့ လိုအပ်တဲ့အချိန်တွေ ရှိတ...
22/10/2024

ကျွန်တော်တို့ဟာ ပြိုလဲချင်တဲ့အချိန်မှာ ပြိုလဲခွင့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ အားနည်းဖို့ လိုအပ်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ အမြဲတမ်း သန်မာနေဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တော့ အပြင်မှာ သန်မာနေသလို ပြထားရပေမဲ့ စိတ်ထဲမှာတော့ တအားမြိုသိပ်ထားရတဲ့ စိတ်ခံစားချက်တွေ ရှိတတ်ကြတယ်။

”ပင်ပန်းတယ်မလား" ဆိုတဲ့ ရင်ဖွင့်နိုင်တဲ့ စကားတစ်ခွန်းကဘဲ ကိုယ့်ရဲ့စိတ်ဝေဒနာတွေကို ပွင့်ထွက်လာအောင်ကူညီပေးနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ ကိုယ်အားကိုး ယုံကြည်ရသူတွေရှေ့မှာဘဲ ရင်ဖွင့်ပြိုလဲ ကြစမြဲပါဘဲ။

အဲ့တာကြောင့် ကိုယ့်မိဘ၊ ကိုယ်ခင်မင်ရတဲ့၊ ချစ်ရတဲ့ သူတွေကို ‘ပင်ပန်းနေတယ်မလား’ ဆိုတဲ့စကားလေးတစ်ခွန်းလောက်တော့ မေးပေးဖို့ တစ်ကယ်လိုအပ်ပါတယ်။ သူတို့ရင်ထဲမှာရှိသမျှ နားထောင်ပေးဖို့ သူတို့ယုံကြည်ရတဲ့ ကျွန်တော်တို့ကို တကယ်လိုအပ်နေပါတယ်။

#ထိုင်းရောက်ရွှေမြန်မာ #အတွေး

ที่อยู่

Rangsit
12000

เบอร์โทรศัพท์

+959773206502

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Into the FOLKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Into the FOLK:

วิดีโอทั้งหมด

แชร์