AungSan's Blood Civilians Defense Force-ABCDF
AungSan's Blood Civilians Defense Force-ABCDF အရေးတော်ပုံ မုချအောင်ရမည်
08/08/2024
* တိုက်ပွဲသတင်းထုတ်ပြန်ချက် *
ကြေငြာချက်အမှတ်။ ။၃/၂၀၂၂
၂၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်
=========================
၂၇ရက်၊ ၁၂ လ၊ ၂၀၂၂ ခုနှစ် နံနက် ၁ နာရီ ၅၄ မိနစ် အချိန် မန္တလေးတိုင်း မြင်းခြံမြို့နယ် စစ်ကောင်စီ တပ်သားများ၏ ကြည်းတပ် ရေတပ် တည်ရှိရာ ဆီမီးခုံမြို့၏ အရှေ့ဘက်ရှိ လက်နက်ကိုင် ပျူရွာတစ်ရွာဖြစ်သော ဆုံရွာ ကျေးရွာကို အလစ်အငိုက် ဝင်ရောက်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ကောင်ေ-သဆုံး ခဲ့ပြီး ဒဏ်ရာ ရရှိမှုအရေအတွက် အများအပြားရှိခဲ့ကြောင်း အတွင်းသတင်း အတည်ပြုနိုင်ခဲ့သည်။
တိုက်ပွဲအတွင်း မိမိတို့ ရဲဘော်များထဲမှ ဒဏ်ရာရရှိသူ တစ်ယောက်(မစိုးရိမ်ရ)ရှိခဲ့ပီး ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။
အထက်ပါ စစ်ဆင်ရေးတွင်နယ်မြေခံတပ်ဖွဲ့ဖြစ်သော
မိမိတို့ Aungsan's Blood Civillian Defense Force - ABCDF နှင့်အတူ
မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) တပ်ခွဲ(၁)
နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF
မြင်းခြံခရိုင် တပ်ရင်း (၂) MGN Tiger
MGN Tiger II
MyinGyan Twenty One Guerrilla Force
MyinGyan MP.9
The Value of Young Men
Yso. ISA (ရေလယ်ကျွန်း ပြောက်ကျားတပ်ဖွဲ့ )
Wolf Brother PDF
Liberation Army of Central Region (LACR)စသည့်
ညီနောင် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
#မြင်းခြံ
#ဆီမီးခုံ
's Blood
20/06/2024
*မစ်ရှင်သတင်းထုတ်ပြန်ချက်*
၂၀.၆.၂၀၂၄
မေလ၂၄ရက်နေ့က မရိုးကုန်းရွာတွင် တပ်စွဲထားသော စခများနှင့်ပျူများကို ဒုန်း ဗုံးသီး (၆)လုံးချခဲ့ရာ အတွင်းသတင်းအရ စခ(၃)ကောင် ဗုံးသီးစထိမှန်သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ဟု သိရှိရ။
၎င်းမစ်ရှင်ကို ကျွန်ုပ်တို့ အောင်ဆန်းသွေး_ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ABCDF)နှင့်ဧရာဝတီမင်း_ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
*အရေးတော်ပုံ မုချအောင်နေပြီ*👊👊👊
*AungSan's Blood Civilians Defense Force(ABCDF)*
18/06/2024
*မစ်ရှင်သတင်းထုတ်ပြန်ခြင်း*
၁၇ . ၆ . ၂၀၂၄
ဇွန်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ခန့်က
ဆီမီးခုံမြို့အရှေ့ဘက်ရှိ ပျုစောထီးများကြီးစိုးသော ဆုံရွာရှိ ပျုများကင်းစောင့်နေသော ဇရပ်ပေါ်သို့ ဒ*ရု-န်းဖြင့်ဗုံ:းသီ^း နှစ်လုံး ချ တို=က်ခို\က်ခဲ့ရာ ပျုစောထီး ၂ ကောင် ဗုံ"းသီ×းစ ထိ_မှန်*ဒ-ဏ်:ရာရဟု သိရှိရ။
ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ခန့်မှာလည်း ကတော‌ရွာ ရှိ စခ များ တပ်စွဲထားရာ ရွာထဲရှိ တိုက်အိမ်တစ်လုံးပေါ် နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း နေရာနှစ်ခုသို့ ဒ*ရုန်-းဖြင့် ဗုံ^းသီ\း နှစ်လုံးချ တို=က်ခို\က်ခဲ့ပြီး စခ ၃ ကောင် ဗုံ*°းသီ"းစ ထိမှန် ဒ*ဏ်?ရာ^ရခဲ့ဟု စုံစမ်းသိရှိရ။
၄င်းမစ်ရှင်များကို ကျွန်ုပ်တို့
Aung San's Blood Civilian Defense Force
(ABCDF)နှင့် ရွှေဂျိုးဖြူ_ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့(မြင်းခြံ) မဟာမိတ်ညီနောင်နှစ်ဖွဲ့
မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
#အရေးတော်ပုံအောင်တော့မည်✊
AungSan's Blood Civilians Defense Force-ABCDF
3.12.2023           စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျွန်ုပ်တို့အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ...
03/12/2023
3.12.2023
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျွန်ုပ်တို့အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား Ma Ma Aprilရဲ့ညီမခိုင်နွယ်နှင့် ကိုဗလတို့မှ တော်လှန်ရေးရန်ပုံငွေအဖြစ် ကူညီထောက်ပံ့ပေးခဲ့ပါသည်။
# #စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ။
# (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
၁၄ရက်နေ့သတင်းထုတ်ပြန်ချက်ဧရာဝတီမြစ်ကြောင်းတစ်လျှောက်စုန်ဆင်းလာသော စစ်သင်္ဘောနှစ်စီးသည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်...
15/10/2023
၁၄ရက်နေ့သတင်းထုတ်ပြန်ချက်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်စုန်ဆင်းလာသော စစ်သင်္ဘောနှစ်စီးသည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ပြည်သူပိုင်နေအိမ်များပျက်စီးသည့်အပြင်၊သက်ရှိနွားများသေဆုံးသည်(၃ကောင်သေဆုံး၊၇ကောင်ဒဏ်ရာရ)ဟုသိရပါတယ်။
#ပြည်သူများသတိရှိကြဖို့ အသိပေးအပ်ပါသည်။
#အောင်ဆန်းသွေးပြည့်သူ့ကာကွယ်ရေးအဖွဲ့
01/10/2023
Sep.20/မရိုးကုန်းကျေးရွာမှာ ညအိပ်တပ်စွဲထားသောမြင်းခြံစခများအား အပြန်လမ်းခရီးတစ်နေရာမှ မိုင်း(3)လုံးတွဲတစ်ပွိုင့်ဖြင့် ကျွန်တော်တို့အောင်ဆန်းသွေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။
# #ထိခိုက်မှုရှိ
# #အောင်ဆန်းသွေးပြည့်သူ့ကာကွယ်ရေးအဖွဲ့
ပြည်သူနှင့်တစ်သားတည်းအမြဲရှိမည်။
# #
ယနေ့ညနေ၂:၂၀မိနစ်အချိန်တွင် ကျောက်ဖူးကုန်းကျေးရွာမှစတင်ထွက်ခွာသွားပါသည်။ခန့်မှန်းအင်အား၁၀၀ကျော် လှည်းတစ်စီးပါ ဆွဲသွားပါသည...
18/09/2023
ယနေ့ညနေ၂:၂၀မိနစ်အချိန်တွင် ကျောက်ဖူးကုန်းကျေးရွာမှစတင်ထွက်ခွာသွားပါသည်။ခန့်မှန်းအင်အား၁၀၀ကျော် လှည်းတစ်စီးပါ ဆွဲသွားပါသည်။
ပြည်သူများအထူးဂရုစိုက်ကြပါ။
# #အောင်ဆန်းသွေး(ABCDF)
ယနေ့ 9.9.2023 12:45မိနစ်အချိန်တွင် ဧရာဝတီမြစ်ကြောင်းတိုင်း အောက်ဘက်သို့ စုန်သွားသော စစ်သင်္ဘောများပါမြစ်ကမ်းတစ်လျှောက်မှ...
09/09/2023
ယနေ့ 9.9.2023 12:45မိနစ်အချိန်တွင် ဧရာဝတီမြစ်ကြောင်းတိုင်း အောက်ဘက်သို့ စုန်သွားသော စစ်သင်္ဘောများပါ
မြစ်ကမ်းတစ်လျှောက်မှ ကျေးရွာများအထူးဂရုစိုက်ကြပါဗျ
# #အောင်ဆန်းသွေး
ယနေ့ ၆:၁၉အချိန်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘော(၃)စီိး အထက်သို့ဆန်တက်သွားပါသည်။ #အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ...
31/07/2023
ယနေ့ ၆:၁၉အချိန်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘော(၃)စီိး အထက်သို့ဆန်တက်သွားပါသည်။
#အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကျွန်တော်တို့ အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၂၇၊၂၈၊၂၉ရက်(၃ရက်တာ)စစ်ဘေးရှောင်ပြည်သူများအား နေထိုင်စရာနေရာများအပြ...
28/07/2023
ကျွန်တော်တို့ အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၂၇၊၂၈၊၂၉ရက်(၃ရက်တာ)စစ်ဘေးရှောင်ပြည်သူများအား နေထိုင်စရာနေရာများအပြင် စားသောက်စရာ ထမင်း၊ဟင်းများဖြင့် ကျွေးမွေးကူညီပေးခဲ့ပါသည်။
#အောင်ဆန်းသွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီအား ပြီးဆုံးတိုင် တိုက်ထုတ်တော်လှန်သွားမည် ဖြစ်ပါသည်။
# # #အရေးတော်ပုံ အောင်ကို အောင်ရမည်။
's Blood Civilians Defense Force(ABCDF)
⭕ (၇၆) နှစ်မြောက် အာဇာနည်နေ့ (၁၉ ဇူလိုင် မမေ့နိုင် ) ⭕.....................................................................
18/07/2023
⭕ (၇၆) နှစ်မြောက် အာဇာနည်နေ့ (၁၉ ဇူလိုင် မမေ့နိုင် ) ⭕..........................................................................................
ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများတွင် အသက်စွန့်သွားခဲ့ကြသည့် အာဇာနည်များအား အောက်မေ့သတိရစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည် ။
အမေ ကျန်းမာပါစေ❤️❤️❤️❤️❤️❤️❤️🎂🎂🎂🎂🎂
19/06/2023
အမေ ကျန်းမာပါစေ❤️❤️❤️❤️❤️❤️❤️
🎂🎂🎂🎂🎂
ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၆၀၀ ကျော် ပစ်ခတ်ရှင်းလင်းခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်~~~■ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တ...
03/06/2023
ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၆၀၀ ကျော် ပစ်ခတ်ရှင်းလင်းခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်
~~~
■ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်း စစ်ဒေသခွဲအနေနဲ့ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“ဗိုလ်မှူးကြီးအဆင့်အပါ ရန်သူ့စကစဘက်က လူ ၆၀၀ ကျော် သေဆုံးတာကို ဆိုလိုတာပါ၊ ဥပမာ သင်္ကြန်တွင်းက လှိုင်သာယာဖြစ်စဉ်လိုဟာမျိုးတွေ၊ ဂွစျေးဘက်မှာ DC ပေါ်လက်ပစ်ဗုံးပစ်တဲ့ဟာမျိုးတွေ၊ ပြီးတော့ လေတပ်က လေကြောင်းလက်နက်ပြင်ဆင်ရေးဌာနက ဒုတိယဗိုလ်မှူးကြီးမြင့်ဝေ အဲလိုမျိုးတွေကို ဆိုလိုတာပါ”
ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ တာဝန်ခံတစ်ဦး ပြောသွားတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး မြို့ပြစစ်ဆင်ရေးပေါင်း ၂ ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးအတွင်း တော်လှန်ရေးအဖွဲ့ဘက်က ၈၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ လောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်ရေးပစ်မှတ်အနေနဲ့ ၁၀၀၀ ကျော်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နဲ့ စီးပွားရေးပစ်မှတ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း အထူးစစ်ဆင်ရေး လှုပ်ရှားမှုအကြိမ်ရေ ၅၀၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၅၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းခွဲမှာ အထူးစစ်ဆင်ရေးအဖွဲ့ S.O.F၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြောင်း ပါဝင်ပါတယ်။
စစ်ကောင်စီ သေဆုံးစာရင်းတွေကိုတော့ စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သလို RFA အနနဲ့လည်း စာရင်းအတိအကျ မသိရပါဘူး။
ရန်ကုန်တိုင်းအတွင်း စစ်ဒေသခွဲဖွဲ့စည်းလိုက်တဲ့ အခြေအနေတွေနဲ့ စစ်ကောင်စီ ရန်ကုန်တိုင်းပြောရေးဆိုခွင့်ရှိသူကို RFA အနေနဲ့ ဆက်သွယ်လို့ မရခဲ့သလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေသာ ရှိခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း စစ်ဒေသခွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
_________
၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။ (Photo : RFA)
31/05/2023
အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေဆုံး
ရန်ကုန်၊ မေ ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ၏ အမှတ် ၁ စစ်ဒေသအတွင်း မတ်လ၌ ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်သား ၆၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမှတ် ၁ စစ်ဒေသ လက်အောက်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်ပြီး မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၆၁၂ ဦး သေဆုံးပြီး ၇၀၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၉၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၂၇ လက် နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့ များ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားသည်။
21/05/2023
ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ချုပ်ကို သတ်ဖြတ်မှုနဲ့ YRF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ
~~~
■ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ For the Yangon မြို့ပြတော်လှန်ရေး အဖွဲ့ဝင် တစ်ချို့ကို ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီကြေညာတဲ့ အထဲမှာ အဲဒီကိစ္စနဲ့ မသက်ဆိုင်တဲ့သူတွေ ပါဝင်နေတယ်လို့ အဖွဲ့တာဝန်ရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ For the Yangon တာဝန်ရှိသူတစ်ဦးက ရဲဘော်တစ်ချို့ ဖမ်းဆီးခံရတာ မှန်ကန်ပေမဲ့ စစ်ကောင်စီက ကြေညာသလို ဆယ်ဦးမဟုတ်ဘူးလို့ ပြောပါတယ်။
“ရဲဘော် သုံးဦးပါ။ ရဲဘော်တချို့ ဖမ်းခံရတာကတော့မှန်ပါတယ်။ သူတို့ကြေညာတဲ့ သူတွေမှာ အဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့သူ အများအပြားလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ သူတို့ ပြောသွားတာတွေကတော့ စီစဉ်ပြီး ဇာတ်လမ်းဆင်ထားတာပိုများပါတယ်။ ရဲဘော်အချို့ ဖမ်းဆီးခံရပေမဲ့ ကျွန်တော်တို့ ရန်ကုန်နဲ့အတူ အမြဲဆက်ရှိနေပါတယ်။”
စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေက မေလ ၂၀ ရက်နေ့မှာ လက်နက်တချို့နဲ့ အတူ Yangon Revolution Force YRF အဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးမိခဲ့တယ်လို့ ကြေညာထားပါတယ်။
For the Yangon မြို့ပြတော်လှန်ရေးအဖွဲ့က ဧပြီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဦးစိုင်းကျော်သူကို ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဦးစိုင်းကျော်သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုပုဒ်မ ၁၃ဝ (က) နဲ့ လိမ်လည်တရားစွဲဆိုတဲ့နေရာမှာ တရားလိုပြ သက်သေ အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ အဲဒီအဖွဲ့က RFA ကို ဧပြီလ ၂၂ ရက်နေ့က ပြောထားပါတယ်။
ဒါ့အပြင် ဦးစိုင်းကျော်သူဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သလို ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးမြှင့်ဖို့အထိ လျာထားခြင်း ခံရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
___________
စစ်ကောင်စီထုတ်ပြန်တဲ့ YRF အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိမှုမှတ်တမ်းကို တွေ့ရစဉ်။ (Myanmar Military)Crd.rfa
ငြိမ်းချမ်းစေလို။
22/04/2023
ငြိမ်းချမ်းစေလို။
Address
Myaung
Sagaing
Telephone
+959972870270
Website
Alerts
Be the first to know and let us send you an email when AungSan's Blood Civilians Defense Force-ABCDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to AungSan's Blood Civilians Defense Force-ABCDF:
Videos
Share