Than Aung

Than Aung င်္Facebookကိုကောင်းစွာအသုံးပြုတတ်စေရန်။

08/08/2023

ဒီပိုစ့်မြင်သူများ ပိုက်ဆံ သိန်း ၁၀၀၀ ဝင်ကြပါစေနော်

08/08/2023
16/06/2023

ဦးသန်းထွတ်(လက်ထောက်ကထိက) ရေးသားထားတဲ့ မြန်မာနိုင်ငံဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း စာအုပ်ကို LH စာအုပ်စင်မှာ ငှားလို့ ရပါပြီ။

မြန်မာနိုင်ငံဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း
စာရေးသူ - ဦးသန်းထွတ် (လက်ထောက်ကထိက)
ငှားခ - ကျပ်၄၀၀

အမှာ
မျက်မှောက် မြန်မာစာအုပ်လောကတွင် ပညာရေးစာအုပ်များ အလွန်နည်း၏။ ထွက်ခဲ့သော ပညာရေးစာအုပ် ဦးရေကို လက်ချိုးရေတွက်က ရနိုင်သည်။ အကြောင်းကား ပညာရေး စာအုပ်များသည် ဈေးကွက်တွင် ရောင်းမသွက်သော ကုန်ထိုင်းပစ္စည်းများ ဖြစ်နေသောကြောင့်တည်း။
အရောင်းမသွက်သော၊ ထုတ်လျှင်ရှုံးသော ပညာရေးစာအုပ်များကို မည်သူသည်ထုတ်ဝေရဲအံ့နည်း။ ရေးသူကလည်း အချိန်ကုန်ခံ၍ မည်သူရေးရဲအံ့နည်း။ ထို့ကြောင့် ထုတ်ဝေခဲ့သော ပညာရေးစာအုပ် ဦးရေကို လက်ချိုး၍ ရေတွက်နိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။
ဤလိုအခြေအနေမျိုး၊ ဤလိုအခါသမယမျိုးတွင် ဦးသန်းထွတ်သည် ပညာရေးစာအုပ်တအုပ်ကို အုန်းပင်ပုံနှိပ်တိုက်၏ အကူအညီဖြင့် ထုတ်ဝေရန်စီစဉ်ခဲ့သည်။ ဦးသန်းထွတ်၏ စီစဉ်မှုသည် ရဲဝံ့သည်ဟု ဆိုရမည်လော။ ခေတ်အကြောင်း နားမလည်ဟုဆိုရမည်လော မစဉ်းစားတတ်ချေ။ ပို၍မစဉ်းစားတတ်သည်မှာ ယခုစာအုပ်သည် သာမန်စာအုပ်မျိုး မဟုတ်၊ ကျမ်းစာအုပ်တအုပ် ဖြစ်နေသည်။ ကျမ်းစာအုပ်ဆိုရာတွင်လည်း မျက်မှောက်ခေတ် ပညာရေးအကြောင်းအရာများကို ရေးသားဖော်ပြထားသောကျမ်းစာအုပ် မဟုတ်ချေ။ လွန်လေပြီးသော ခေတ်ဟောင်းတွင် မြန်မာနိုင်ငံ၌ ထွန်းကားခဲ့သည့် ဘုန်းတော်ကြီးကျောင်းပညာရေး၏ အကြောင်းကို သုတေသနပြုလုပ်ထားသည့် ကျမ်းကြီးတစောင် ဖြစ်နေသည်။ တိတိကျကျပြောဆိုရပါမူ မဟာပညာရေးဘွဲ့အတွက် ဦးသန်းထွတ် သုတေသနပြု၍ တင်ပြခဲ့သော ကျမ်းတစောင် ဖြစ်နေသည်။
ဘွဲ့အတွက် သုတေသနပြု၍ တင်ပြခဲ့သော ကျမ်းတစောင်ကို ဦးသန်းထွတ်သည် အဘယ့်ကြောင့် ထုတ်ဝေရန် စီစဉ်ခဲ့ပါသနည်း။
ဤကျမ်းပြုစုသည့် ရည်ရွယ်ချက်များအကြောင်း ဖတ်ရှုလေ့လာပြီးသောအခါ ဦးသန်းထွတ်၏ စေတနာအရင်းခံကို ပိုမိုနားလည်လာသည်။ သဘောပေါက်လာသည်။ ဦးသန်းထွတ်၏စေတနာကို အသပြာနှင့် မရောနိုင်ကြောင်း၊ မတိုင်းဆနိုင်ကြောင်း တွေ့မြင်လာရသည်။ ယင်းသို့ ဦးသန်းထွတ်၏စေတနာကို သိမြင်လာသောအခါ၊ ဦးသန်းထွတ်အား “ ခေတ်အကြောင်း နားမလည်သူ ” ဟု မဆိုသာတော့ချေ။ ဤလိုကျမ်းမျိုးကို ပညာရေးတက္ကသိုလ် ပရဝုဏ်အတွင်းမှ ဖောက်ထွက်၍ ပြည်သူလူထုလက်တွင်းသို့ အရောက်ပို့ဆောင်ပေးရန် စီစဉ်ခြင်းသည် ရဲဝံ့စွာဆောင်ရွက်ခြင်းဟု ဆိုရမည်သာဖြစ်သည်။
ပညာရေးသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တည်းဟူသော ကာလသုံးပါးနှင့် ဆက်စပ်နေသည်။ ပညာရေးသည် အနာဂတ်ကာလအတွက် မျက်မှောက်ကာလတွင် ဆောင်ရွက်နေသော လုပ်ငန်းစဉ်တရပ် ဖြစ်သည်။ မျက်မှောက်ကာလ၏ ပညာရေးလုပ်ငန်းစဉ်သည် အတိတ်ကာလ၏ ပညာရေးနှင့် ကင်းကွာ၍မရချေ။ ထို့ကြောင့် မျက်မှောက်ပညာရေး၏ ဖြစ်ရပ်များကို စနစ်တကျ လေ့လာသုံးသပ် အကဲဖြတ်လိုပါက အတိတ်ပညာရေးကို သိရှိကြေညက်ရန် လိုအပ်ပေသည်။ တနည်းဆိုရသော် ပညာရေးသမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ် အကဲဖြတ်ရပေမည်။
ဦးသန်းထွတ်၏ကျမ်းသည် မြန်မာနိုင်ငံ ပညာရေးသမိုင်းစဉ်တွင် အဓိကကဏ္ဍ၌ ပါဝင်သော ဘုန်းတော်ကြီးကျောင်းပညာရေး၏ အကြောင်းကို ပြုစုတင်ပြထားခြင်း ဖြစ်သည်။
ပညာရေးသဘောတရားများ၊ အယူအဆများ၊ ဆောင်ရွက်မှုများ၊ ကျင့်သုံးမှုများသည် ရပ်တန့်နေသည် မဟုတ်ချေ။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ပေါ်တွင် မှီ၍ အစဉ်ပြောင်းလဲနေပေသည်။ မြန်မာနိုင်ငံ ပညာရေး၏ ဖြစ်ရပ်များသည် ဤဖြစ်စဉ်အတိုင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပေမည်။
မြန်မာနိုင်ငံသမိုင်းတလျှောက်တွင် ပေါ်ထွန်းခဲ့သော ခေတ်ကြီးများအလိုက် ပညာရေးကျင့်သုံးမှုများ၊ပညာသင်ကြားရေးလုပ်ငန်းများ ပြောင်းလဲခဲ့သည်ကို တွေ့ရပေမည်။ မြန်မာပဒေသရာဇ်များ ထွန်းကားခဲ့သောခေတ်၊ တိုင်းတပါး သူ့ကျွန်ဖြစ်ခဲ့ရသော အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ စစ်ပြီးလွတ်လပ်ရေး အကြိုခေတ်၊ လွတ်လပ်ရေးရခါစခေတ်၊ ဖ-ဆ-ပ-လ ပြည်တော်သာခေတ်၊အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ တော်လှန်ရေးကောင်စီခေတ် စသည်ဖြင့် နိုင်ငံရေး ခေတ်အဆက်ဆက်တွင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် ခေတ်ရေစီးကြောင်းနှင့်အတူ စီးဆင်းလာခဲ့သည်ကို တွေ့ရပေသည်။ ဘုန်းတော်ကြီးကျောင်းပညာရေးသည် မည်သည့်ခေတ်တွင် မည်သို့ဖြစ်၍ မည်သည့်အခြေအနေမျိုးရှိကာ ပြည်သူလူထုအပေါ် မည်သို့ဩဇာသက်ရောက်ခဲ့သည်ကို လေ့လာတင်ပြထားကြောင်း တွေ့ရပေသည်။
ဘုန်းတော်ကြီးကျောင်းပညာရေး၏ အရှိန်အဝါနှင့် အကျိုးသက်ရောက်မှုများသည် မြန်မာ့ပညာရေး၊ မြန်မာ့လူ့ဘောင်တခုလုံးအပေါ် ကျရောက်လွှမ်းမိုးခဲ့သည်ကို ယနေ့မျက်မှောက်တွင် တွေ့မြင်နိုင်ပေသေးသည်။ သာဝကတခုကိုတင်ပြရသော် မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေး အခြေအနေ ကောင်းမွန်ခဲ့ခြင်း၊ဗုဒ္ဓဘာသာတရားတော်ပါ အဆုံးအမများ ထွန်းကား နေသေးခြင်းတို့သည် ဘုန်းတော်ကြီးကျောင်း ပညာရေး၏ အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ချေ။ ယင်းအချက်ထက် ပိုမိုအရေးကြီးသောအချက်ကား ဦးသန်းထွတ် တင်ပြထားသည့်အတိုင်း “ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းများသည် ရှေးအစဉ်အလာကိုထိန်းသိမ်းခြင်း၊ မြန်မာလူငယ်တို့၏ အကျင့်စာရိတ္တမြင့်မားရေး အတွက် သွန်သင်ခြင်း စာရေးခြင်း ဗဟုသုတရစေဖို့သင်ကြားပို့ချပေးခြင်း ” တို့ကြောင့် မြန်မာ့လူ့ဘောင်တွင် အရေးပါခဲ့ပေသည်။ မြန်မာ့လူ့ဘောင်ကို နှစ်ပေါင်းမြောက်မြားစွာ အကျိုးပြုခဲ့သော ဘုန်းတော်ကြီးကျောင်းပညာရေးကို ကျမ်းတစောင်ပေါ်ထွန်း လာသည်အထိ သုတေသနပြုခဲ့သော ဦးသန်းထွတ်အား ကျေးဇူးတင်ထိုက်ပေသည်။ ဤကျမ်းသည် မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်းအကြောင်းကို ပြောပြသော ကျမ်းသာမဟုတ်ချေ။ မြန်မာနိုင်ငံပညာရေးသမိုင်း၏ တစိတ်တဒေသလည်းဖြစ်ကြောင်း တွေ့ရပေမည်။ ထို့ပြင်ဗုဒ္ဓဘာသာတရား‌တော်နှင့် ရောထွေးလိမ်ယှက်နေသော မြန်မာ့အတွေး၊ မြန်မာ့အယူအဆ၊ မြန်မာ့စိတ်နေသဘောထား စသည့် အခြေအနေများကိုလည်း သတိပြုမိပေလိမ့်မည်။
ထို့ကြောင့် ဤကျမ်းစာအုပ်သည် မြန်မာနိုင်ငံ ပညာရေး သမိုင်းသုတေသီများအတွက်သာမက လူမှုရေးသုတေသီများ၊ ပညာရေးနှင့် ဆက်နွယ်နေသူများ၊ မြန်မာစာပေလေ့လာသူများ စသည့် ပုဂ္ဂိုလ်များအတွက် အကျိုးရှိသည့်စာအုပ်၊ လက်ကိုင်ထားသင့်သည့်စာအုပ်ဟု ထင်မြင်ယူဆမိပေသည်။
ဦးသန်းထွတ်
လက်ထောက်ကထိက
ပညာရေးတက္ကသိုလ်။
၁၉၈ဝ ပြည့်နှစ်၊ ဇူလိုင်လ(၁၆)ရက်။

စာအုပ်ငှားလိုသူများ Viber public group or facebook messenger မှတဆင့် စာပို့ထားပေးပါ။
✅ link
http://m.me/listenersheaven
(သို့) viberlink
https://invite.viber.com/?g2=AQBCxP95BqOri1CRHfFthYjjlfdL2k6eetP0dYvvTTkRg8tX2ShVRNCdot8jeibN&lang=en


#မြန်မာစာအုပ်များ
#မြန်မာဝတ္ထုတိုများ
#မြန်မာအသံစာအုပ်များ
#အသံထွက်စာအုပ်များ

🇲🇲



#မြန်မာ
#မြန်မာစာအုပ်
#မြန်မာအသံစာအုပ်
#မြန်မာစာအုပ်အငှား
'sHeaven

16/06/2023
16/06/2023

✨ စီးတိုင်းတင့်တယ် ဂုဏ်ရှိန်ကြွယ် ခမ်းနားသပ်ရပ် မန္တလေး ရွှေနဂါးဖိနပ် 💫

အနယ်နယ် အရပ်ရပ်မှချစ်ရတဲ့ မန္တလေး ရွှေနဂါးဖိနပ်ချစ်သူများအတွက် ဝယ်ယူအားပေးမှု့အဆင်ပြေစေရန် အိမ်အရောက်ပို့ နှင့် ကားဂိတ်ပို့ ဝန်ဆောင်မှု့တို့ဖြင့်လဲ ရွှေနဂါးချစ်သူတွေဆီ အရောက်ပို့ဆောင်ပေးပါတယ်နော် 🥰❤️

ဆက်သွယ်မှာယူလိုပါက Shwe Nagar Sandals & Slippers Page Cb နဲ့ ဖုန်း 09-980800812 (viber)ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🥰❤️

ဆိုင်လိပ်စာ- အမှတ်(၂၃၃) လမ်း၈၀၊ ၃၁လမ်း×၃၂လမ်း ကြား မန္တလေးမြို့။

ဝယ်ယူအားပေးမှု့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 🙏🏼❤️

16/06/2023
16/06/2023

တိုင်တား ကင်းဝန် နှင့် လန်ဒန်

ကင်းဝန်မင်းကြီးစာတခုကို နှစ်ပတ်လည်စာအဖြစ်တင်ပြီးနောက် ဦးကောင်းပါရီသွားစဉ်က တည်းခိုခဲ့တဲ့ ဟော်တယ်အကြောင်းစာကိုလည်း တွေ့လို့ ကူးတင်ပါသည်။ ကြားထဲမှာ ဆရာမောင်သာနိုင်းအကြောင်း ဆရာမောင်စွမ်းရည်ရေးတဲ့ ဆောင်းပါးတွေ့ပြန်တော့ ဘလော့မှာ ကူးတင်ထားပါသည်။ စာကရှည်လို့ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။
တိုက်ဆိုင်လို့ ထပ်ဖြည့်ပါဦးမည်။
ဆရာမောင်သာနိုးက တိုင်တားမင်းကြီးမျိုးဆက်ထဲကဖြစ်ပြီး (မောင်သာနိုးလို အထင်ကရ စာရေးဆရာတဦးနဲ့ တိုင်းပြောရတာ အလွန်အားနာစရာဖြစ်ပေမဲ့ ပြောပါရစေ) ကျွန်တော်က ဦးကောင်းမျိုးရိုးထဲက ဖြစ်ပါသည်။
တိုင်တားနဲ့ ဦးကောင်းတို့ဟာ ကုန်းဘောင်းမင်းဆက်အဆုံး ရတနာပုံနန်းတွင်းမှာ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြပါတယ်။ အုပ်စုအရပြောရရင် မတူတဲ့အစုတွေကို ဦးဆောင်ကြသူတွေလည်း ဖြစ်ပါတယ်။
ပါတော်မူပြီး (၂၀၂၃ - ၁၈၈၅) ၁၄၈ နှစ်အကြာမှာ တိုင်တား မှန်တယ်၊ ဦးကောင်း မှားတယ်၊ နှစ်ယောက်လုံး မှားတယ်လို့ အမျိုးမျိုးပြောကြပါလိမ့်မယ်။
ကျွန်တော်က ကင်းဝန်မင်းကြီးဘက်နေ မှန်တယ်လို့ပြောရမှာအတွက် ၂ ခါ ၃ ခါပြန်စဉ်းစားရပါတယ်။ ဦးကောင်းသာမှန်တယ်လို့ မရေးဘူးပါ။ ဘယ်သူမဆို ကောင်းမွေးရော ဆိုးမွေးပါ ခံကြရစမြဲသာ ဖြစ်ပါတယ်။
အင်္ဂလိပ်ကို ခံတိုက်ရေး၊ မတိုက်ရေး လိုသလို ဘက်လိုက်နိုင်ကြပါတယ်။ သမိုင်းကိုတော့ ပြင်မရနိုင်ပါ။
ယောအတွင်းဝန် ဦးဘိုးလှိုင်နဲ့ ဦးကောင်းတို့ ရေးသားခဲ့တဲ့စာတွေ ကျန်ရစ်ပါတယ်။ အခုထိ အကျိုးပြုတယ်။
ကျွန်တော့ စိတ်ဝင်စားမှုတခုလည်း ရှိပါတယ်။ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ဦးကောင်းတို့တတွေ စာတွေ ပညာတွေ အတော်ကိုတတ်ကြသူတွေဖြစ်တော့ သူတို့နှစ်ဦး ဘယ်လိုစာတွေ ဖတ်ပြီး တတ်မြောက်ကြသနည်း။
သမိုင်းကို ပြင်မရနိုင်ပေမဲ့ သမိုင်းတွေကို ပြင်ရေးကြတာကို သဘောမတူပါ။
လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း၊ ဒုတိယတွဲ၊
‘လန်ဒန်’၊ ‘ဂလာစကို’၊ ‘ပြင်သစ်’၊ ‘ပါရီ’၊ ‘တရုပ်’ စာလုံးတွေ တွင်ပါတယ်။
စာမျက်နှာ ၃၅၇ - အစီအစဉ်မှာ၊ ‘ပဌမဟူဇာမြင်းတပ်’၊ ‘နောက်ပြာတာခေါင်းနှင့် ပြာတာတစု’၊
‘ပဌမ’ ကို ‘ပထမ’ လို့ ပြင်မရေးရပါ။ ‘တစု’ ကိုလည်း စသတ်နဲ့ပြင်မရေးအပ်ပါ။ ‘တရုပ်’ ကို ‘တရုတ်’ လို့ ပြင်တာကိုလည်း သဘောမတူချင်ပါ။
‘အီတာလျံ’ ကို ‘အီတလီ’ လို့ ရေးလာကြအတွက် အပြစ်ဆိုရန် မရှိပါ။
‘အိန္ဒြိယ’ ကို ‘အိန္ဒိယ’ လို့ရေးလာကိုလည်း သဘောမတူစရာ မရှိပါ။
ဒါပေမဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းကို ပြန်ထုတ်ရင် မူရင်းစာအုပ်ပါ စာလုံးပေါင်း၊ သတ်ပုံနဲ့ အချက်အလက်တွေကို မပြင်ရပါ။
အခုခေတ်မှာ ဘယ်စာအုပ်ထုတ်ထုတ် မူရင်းစာအုပ်ပါ စာလုံးပေါင်း၊ သတ်ပုံနဲ့ အချက်အလက်တွေကို ပြင်နေကြတယ်။ သဘောမတူပါ။ ဆန့်ကျင် ကန့်ကွက်ပါတယ်။

ဒေါက်တာတင့်ဆွေ

16/06/2023
17/04/2023

#သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ #မေတ္တာပို့ #မနက်တိုင်းဖွင့် #ပရိတ် #ပဋ္ဌာန်း #ပဋ္ဌာန်း၂၄ပစ္စည်း #ပဋ္ဌာန်း၂၄ပစ္....

17/04/2023

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှစပြီး မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်ရော၊ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး၊ဘေးအန္တရယ်တွေလည်းကင်းရှင်းကြပါစေ၊မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း ကျွန်တော်တို့ "O.TWO.O Myanmar" မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။


#မြန်မာ့နှစ်ကူး
#နှစ်ဆန်းတစ်ရက်နေ့

17/04/2023

𝙃𝙖𝙥𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙚𝙬 𝙔𝙚𝙖𝙧!!

ယနေ့ ကျရောက်သော မြန်မာ့နှစ်သစ်ကူး အချိန်ခါသမယမှစ .. 𝙋𝙎 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙎𝙘𝙝𝙤𝙤𝙡 ရဲ့ ဆရာဆရာမများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဆွေများအားလုံး ကောင်းမှုမဂ်လာအဖြာဖြာပြည့်စုံပြီး စိတ်ရောကိုယ်ပါ ပေါ့ပန်းလန်းဆန်း ကျန်းမာ အေးချမ်းပြီး အလိုရှိရာ ပန်းတိုင်များကို အခက်အခဲမရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်...𝙃𝙖𝙥𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙚𝙬 𝙔𝙚𝙖𝙧 1385!!


the World Education with PS
[email protected]
www.ps-businessschool.com

17/04/2023
17/04/2023

ရွှေညီအကိုများလူမှုကူညီရေးအသင်း(ဖျာပုံ)၏အရေးပေါ်အသက်ကယ်ယာဥ◌်လုပ်ငန်းမှ၂၀၂၃ခုနှစ်မတ်လအတွက်ဆီဖိုးအလှုရငွေနှင့်သုံးစွဲငွေစာရင်းရှင်းတမ်း

17/04/2023

ရွှေညီအကိုများလူမှုကူညီးရေးအသင်း(ဖျာပုံ)၏၂၀၂၃ခုနှစ်ဖေဖော်ဝါရီလအတွက်အရေးပေါ်အသက်ကယ်ယာဉ်လုပ်ငန်းမှရ/သုံးငွေစာရင်းရှင်းတမ်း

Address

Pyapon

Website

Alerts

Be the first to know and let us send you an email when Than Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category