Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး

  • Home
  • Myanmar
  • Pyapon
  • Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး

Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး, Digital creator, Pyapon.

02/06/2024

💙Atom🧡Mytel
✓1000MB= *1000ks*

ဆက်သွယ်ရန်👇👇
Viber📲 +959760830830(or) cb
📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်📞09 760 830 830 ,
09 66 70 3333 2
☺️

Atom💙အင်တာနက် 35gbဖုန်းပြောမိနစ် 3100 ပါကဒ် ***10000ks***✅ဖျာပုံမြို့တွင်း Delivery Free 🚴ဆက်သွယ်ရန်👇👇Viber📲 +9597608308...
27/05/2024

Atom💙
အင်တာနက် 35gb
ဖုန်းပြောမိနစ် 3100 ပါကဒ်

***10000ks***

✅ဖျာပုံမြို့တွင်း Delivery Free 🚴

ဆက်သွယ်ရန်👇👇
Viber📲 +959760830830(or) cb
📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်📞09 760 830 830 ,
09 66 70 3333 2
☺️





20/05/2024

Mytel 🧡
✅2000mb=1200ks

Atom 💙 (ကဒ်တိုင်းမရ)
✅2000mb=1100ks

ဆက်သွယ်ရန်👇👇
Viber📲 +959760830830(or) cb
📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်📞09 760 830 830 ,
09 66 70 3333 2






20/05/2024

Atom💙, Mytel🧡

✅1000mb=1000ks

ဆက်သွယ်ရန်👇👇
Viber📲 +959760830830(or) cb
📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်📞09760830830






20/05/2024

Mytel🧡 40gb ကဒ်

***12000ks***

ဖျာပုံမြို့တွင်း အိမ်အရောက်ပို့🚵🚴

📱Wave/ KPay/CBpay တို့နဲ့လည်း ဝယ်ယူအားပေးနိုင်ပါတယ်…☎️09760830830, 09667033332

😊Ever Smile 😊 စာရွက်တစ်မျက်နှာလေးနဲ့စခဲ့တာ ခုတော့ နှစ်မျက်နှာ😜…ဆိုင်ပိတ်ချိန်စာရင်းချုပ်လို့ (-) မပြရင်ကျေနပ်နေသူပါ🤗
12/05/2024

😊Ever Smile 😊
စာရွက်တစ်မျက်နှာလေးနဲ့စခဲ့တာ
ခုတော့ နှစ်မျက်နှာ😜…
ဆိုင်ပိတ်ချိန်စာရင်းချုပ်လို့ (-) မပြရင်ကျေနပ်နေသူပါ🤗

ဘာလိုလဲ ဘာရှာလဲ အကုန်ရပါတယ်ရှင့်....🗣📢📢MPT🩶, Atom💙, Mytel🧡, Ooredoo♥️Mb, ဖုန်းပြောမိနစ် အစုံ…💙Atom🧡Mytel✓1000MB= *1000ks...
11/05/2024

ဘာလိုလဲ ဘာရှာလဲ အကုန်ရပါတယ်ရှင့်....🗣📢📢
MPT🩶, Atom💙, Mytel🧡, Ooredoo♥️
Mb, ဖုန်းပြောမိနစ် အစုံ…

💙Atom🧡Mytel
✓1000MB= *1000ks*

💙Atom Voice(60Days)
Any 150mins - 1500Ks
Any 100mins - 1000Ks
Onnet 150mins - 1000Ks
Onnet 100mins - 700Ks
SMS (2Months)
∆Onnet 200= 1000ks
ကြာချိန် 2hr

🧡Mytel Voice
Onnet 600mins=1000ks

💙Atom Plan Card
✓Sim+30000mb+mins= 15000ks
✓Sim+850000mb+mins=25000ks
✓Sim+35000mb+mins=13500ks(3day Order)
✅သက်တမ်းတိုး👇👇👇
✓15k=14000ks
✓25k=24000ks

🧡Mytel Plan Card
✓Sim+30000mb+mins=17500ks
✅သက်တမ်းတိုး👇👇👇
✓15k=14000ks
✓20k=19000ks
✓25k=24000ks

♥️Ooredoo
Data (30Days)
◾480MB - 1000ks
◾960MB - 1900Ks
◾1440MB - 2800ks
◾1920MB - 3600ks

Any Call(15Days)
◾79Mins - 900Ks
◾158Mins - 1800Ks

Onnet(30Days)
◾158Min - 1000Ks

✅ဘေလ်ချေး/B2B ရ
ကြာချိန် 30mins

🤍MPT Data
◾470MB - 950Ks

Onnet (1Month) MPT အချင်းချင်း
∆234mins= 1450ks(Plan အပြောင်းအလဲ ရှိ)

Anynet ကြိုက်ရာခေါ်
∆77mins =950Ks(15Days)
∆155mins=1900ks(1Month)

Onnet SMS(1Month)
∆Unlimited=900ks
ကြာချိန် 1hr

ဆက်သွယ်ရန်👇👇
Viber📲 +959760830830(or) cb
📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်📞09760830830






💙Atom နံပါတ်လှလေးများ…Sim card ခဏခဏ‌ပြောင်းမသုံးချင်သူလေးတွေအတွက် Personal သုံးမလား…လုပ်ငန်းသုံးမလားကြိုက်ရာရွေးချယ်ပြီး...
06/09/2023

💙Atom နံပါတ်လှလေးများ…
Sim card ခဏခဏ‌ပြောင်းမသုံးချင်သူလေးတွေအတွက် Personal သုံးမလား…လုပ်ငန်းသုံးမလားကြိုက်ရာရွေးချယ်ပြီး… ဝယ်ယူအားပေးနိုင်ပါပြီ ရှင့်…

*20000ks*
❌9766 966 557 (sold out)
❌9766 966 558 (sold out)
❌9777 361 361 (sold out)

*15000ks*
✅9776 749 776
✅9768768307
✅9787 359 359

*12000ks*
✅9770 644 633
✅97777 05 743
✅97777 37 0 39

*7000ks*
✅9777 31 71 41

*5000ks*
✅9777 824 637
✅9777 125 315
✅9777 95 11 90

✔️ဝင်/ထွက် call စစ်ပြီး…

✔️Plan သုံးမယ်ဆိုလဲ သုံးလို့ရ…

✔️ဈေးအများဆုံးမှ 20000ks...

ဆက်သွယ်ရန်👇👇
📲Viber +959422559565 (or) cb💬



နံပါတ်လှလေး

📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်…☎️09422559565

♦️ဒါအရေးကြီးဆုံးပဲ♦️💁လူတစ်ယောက် ကျန်းမာရေးအတွက်ကိုယ့်ရဲ့ကိုယ်အလေးချိန်ကိုသိထားဖို့အရမ်းအရေးကြီးပါတယ်💯💯💯💁လူတစ်ယောက်ကျန်းမ...
22/07/2022

♦️ဒါအရေးကြီးဆုံးပဲ♦️

💁လူတစ်ယောက် ကျန်းမာရေးအတွက်
ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို
သိထားဖို့အရမ်းအရေးကြီးပါတယ်💯💯💯

💁လူတစ်ယောက်
ကျန်းမာတဲ့ကိုယ်အလေးချိန်
ရှိ/မရှိ ကို

💁လူတစ်ယောက်ရဲ့
👉အရပ်အမြင့်ရယ်
👉ကိုယ်အလေးချိန်ရယ်

👉ဒီ2️⃣ချက်ကိုသုံးပီးတွက်ချက်ရပါတယ်ရှင့်

💁ဒီလိုတွက်ချက်တာကို
ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း
(Body Mass Index)
BMI တွက်တယ်လို့ခေါ်ပါတယ်ရှင့်

⁉️⁉️⁉️BMIတွက်ပီးဘာလုပ်ရမှာလဲ
မေးလာရင်ဖြင့်

💁ကိုယ့်ရဲ့BMIဟာရှိသင့်တာထက်ပိုနေရင်
ကျန်းမာရေးဆိုးကျိုး/ပြဿနာတွေရှိလာနိုင်တာမို့

💁အဆီချတာ/ကိုယ်အလေးချိန်လျှော့ချတာတွေ
ပြုလုပ်ပီး ကျန်းမာရေးအတွက်
ကြိုတင်ဂရုစိုက်တာတွေပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်ရှင့်(ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများရင်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ပို့စ်သီးသန့်တင်ပီး ဝေမျှပေးပါ့မယ်ရှင့်)

💁တွက်ရမယ့်ပုံသေနည်းက ‌ေအာက်ကပုံလေးမှာရှိပါမယ်နော်💥💥💥💥💥

💁BMIအဖြေက

👉၁၈.၅ အောက် နည်းနေရင်
ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်နည်းပါတယ်

👉၁၈.၅ နဲ့ ၂၄.၉ ကြားမှာရှိနေရင်
ရှိသင့်တဲ့ကိုယ်အလေးချိန်ပါရှင့်(မင်မင်က၂၂မှာရှိပါတယ်😊)

👉၂၅ နဲ့ ၂၉.၉ ကြားရှိနေရင်
ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် များနေပါပီ
(အဆီချဖို့လိုအပ်ပါပီ)

👉၃၀နှင့်အထက်ဆိုပါက
အဝလွန်တဲ့အဆင့်ကိုရောက်သွားပါပီ
(မဖြစ်မနေအဆီချဖို့လိုအပ်ပါတယ်ရှင့်)

💁BMIတွက်ဖို့အခက်အခဲရှိနေရင်
Messenger မှာ
အရပ်နဲ့ကိုယ်အလေးချိန်လာပို့ပေးနိုင်ပါတယ်ရှင့်
မင်မင်စေတနာနဲ့တွက်ပေးပါမယ်နော်😊

💁ကျွန်မရဲ့👸🤵တွေအားလုံး
ကျန်းမာတဲ့ကိုယ်အလေးချိန်တွေ ပိုင်ဆိုင်ကြပါစေရှင့်

💁ကိုယ်အလေးချိန်နဲ့ပက်သက်တဲ့ဗဟုသုတလေးတွေဆက်ပီး မျှဝေပေးဖို့ကျန်ပါသေးတယ်ရှင့်


ှကျန်းမာရေးအလှအပနှင့်ပက်သက်သောဗဟုသုတများကိုအချိန်ပေးမျှဝေပေးနေပါတယ်ရှင့်
#ကျန်းမာပီးအရွယ်တင်နုပျိုသူများဖြစ်စေဖို့မင်မင်ရဲ့pageလေးကိုlike_follow_shareလုပ်ထားဖို့မမေ့နဲ့နော်

BMI Table

📢📢📢📢💙Atom✅Data 70000mb & ဖုန်းပြောမိနစ်ပါ Paln ကဒ် 1ကဒ်=*16000ks*2ကဒ်= *30000ks*✓Share Data **မပါ**ဆက်သွယ်ရန်👇👇📲Viber +9...
11/07/2022

📢📢📢📢

💙Atom

✅Data 70000mb & ဖုန်းပြောမိနစ်ပါ Paln ကဒ်

1ကဒ်=*16000ks*
2ကဒ်= *30000ks*

✓Share Data **မပါ**

ဆက်သွယ်ရန်👇👇
📲Viber +959422559565 (or) cb💬




📱Wave/ KPay/CBpay တို့နဲ့လည်း ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်…☎️09422559565

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ...
09/07/2022

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
လိုက်လုပ်ကြည့်ရအောင်နော်

Love you all ❤️

Photo and knowledge
Credit

Photo credit

 #အသည်းအဆီဖုံးနေတယ် ုပ်လိုက်တာ_Ultrasoundမှာ_အသည်းအဆီဖုံးနေတာတွေ့တယ် #အသည်းလည်းနည်းနည်းရောင်နေတယ် ( NASH - Non Alcoholic...
12/06/2022

#အသည်းအဆီဖုံးနေတယ်
ုပ်လိုက်တာ_Ultrasoundမှာ_အသည်းအဆီဖုံးနေတာတွေ့တယ်
#အသည်းလည်းနည်းနည်းရောင်နေတယ်


( NASH - Non Alcoholic Steatohepatitis )

အသည်းအဆီဖုံး တာသိဖို့ အသည်းအကြောင်း နည်းနည်းသိဖို့ လိုပါတယ်။

=> အသည်းဟာ ကိုယ်တွင်းကလီစာ တွေထဲမှာ #အကြီးဆုံးဖြစ်ပါတယ်။
ညာဘက်ဝမ်းဗိုက်ရဲ့ အပေါ်ဆုံးမှာရှိပြီး နံရိုးတွေအောက်မှာရှိပါတယ်
(အသည်းကို ညာဘက်နံရိုးအောက်ကနေစမ်းလို့ မိတာနဲ့ ***အသည်းကြီးနေပါပြီ)

#အသည်းက_ဘာတွေလုပ်လဲ ⁉️
အကြမ်းအားဖြင့်

1. အစာခြေ တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်တယ်
2. ခန္ဓာကိုယ်အတွက် (ခန္ဓာကိုယ်တည်ဆောက်ဖို့) လိုအပ်တဲ့ အသားဓာတ် (Protein) တွေထုတ်ပေးတယ်
3. သံဓာတ်တွေကို သိုလှောင်ထားပေးတယ်
4. အာဟာရဓာတ်တွေကနေ လိုအပ်ရင် စွမ်းအင်အဖြစ်ပြောင်းပေးတယ်
5. သွေးခဲစေတဲ့ ဓာတ်ပစ္စည်းတွေ ထုတ်ပေးပြီး (ဒဏ်ရာရတဲ့အခါ သွေးတွေမဆုံးရှုံးရအောင် ကာကွယ်ပေးတယ်)
6. ကိုယ်ခံအားစနစ်ကို ထောက်ပို့ပေးတယ်
7. အရေးကြီးဆုံးက စားလိုက်/သောက်လိုက်တဲ့အထဲပါတဲ့ အဆိပ်တွေ၊ သောက်လိုက်တဲ့ဆေးတွေ၊ အရက်တွေကို ဖျက်ပေးတယ်

(ဒီထက် ပိုသိချင်ရင်တော့ ဒီ Post လေးမှာ အကျယ်ရေးထားပါတယ် 👉 https://www.facebook.com/104993831383029/posts/124584012757344/ )

___________
ကျွန်တော်တို့ ခန္ဓာကိုယ်က Cells တွေမှာ (အသည်း cells တွေအပါအဝင်) အာဟာရတွေ ကို အဆီအနေနဲ့ သိမ်းထားပါတယ်။ ရည်ရွယ်ချက်က အစာမစားရတဲ့ အချိန်မှာ အဲ့ဒီအဆီကို ပြန်လည်ဖြိုခွဲပြီး စွမ်းအင်အဖြစ် သုံးဖို့ပါ။

လက်တွေ့မှာတော့ စားပဲစားနေပြီး စွမ်းအင်အသုံးပြုမှု (လှုပ်ရှားမှု) မရှိတဲ့အတွက်
သိမ်းထားတဲ့ အဆီတွေများများလာပြီး သာမန် Cells ဘဝကနေ အဆီCells တွေဖြစ်သွားတာပါ။

တရားလွန်စားသောက်နေတဲ့အတွက် အသည်းမှာလည်း အသည်းCells အဖြစ်ကနေ အဆီတွေချည်းရှိတဲ့ Cells တွေဖြစ်ကုန်ပါပြီ။ သာမန်လူတွေရဲ့အသည်းမှာလည်း အဆီတွေရှိပါတယ်။
ဒါပေမယ့် အသည်းစုစုပေါင်းရဲ့ 5-10 % အဆီတွေဝင်နေပြီဆိုရင်တော့ #အသည်းအဆီဖုံးရောဂါ စနေပြီလို့ သတ်မှတ်ပါတယ်။

#အသည်းအဆီဖုံးရောဂါ_မှာ_ဘာတွေခံစားရလဲ ⁉️

#ဘာမှမခံစားရပါဘူး
#ဘာမှမဖြစ်ပါဘူး

Medical Check up လုပ်လို့ဖြစ်စေ
တခြားရောဂါ တခုခုကို စစ်ဆေးရင်း မမျှော်လင့်ပဲ တွေ့ရတာများပါတယ်။

___________
#အသည်းအဆီဖုံးရောဂါ_က_ဘာမှမဖြစ်ဘူးဆိုတော့_စိတ်ပူစရာမရှိဘူးပေါ့ ⁉️

US မှာ အရွယ်ရောက်ပြီးတဲ့သူ (၃) ယောက်မှာ (၁) ယောက်က အသည်းအဆီဖုံး နေပါတယ်။ (ကျွန်တော်တို့ဆီလဲ တူတူလောက်ပဲနေမှာပါ)

#အသည်းအဆီဖုံးရောဂါ က ဘာမှ မခံစားရဘူးဆိုပေမယ့်

အသည်း Cells တွေထဲ အဆီတွေ ထပ်ထပ် ဝင်လာတဲ့အခါ အသည်း Cells တွေကြီးကြီးလာတဲ့ အတွက် #အသည်းကြီးလာပါတယ်။
အပေါ်မှာပြောထားသလို အသည်းက ညာဘက်နံရိုးအောက်မှာပဲရှိရမှာဖြစ်ပေမယ့် ညာဘက်နံရိုးကိုကျော်ပြီး ဗိုက်ဘက်ကိုဆင်းလာတာက အသည်းကြီးလာတာပါ။ ဗိုက်ထောက်ထောက်ကြီးဖြစ်နေတတ်ပါတယ်။

အဆီတွေဝင်ပြီးအသည်း Cells တွေကြီးကြီးလာတဲ့ အတွက် ဘေးနားက အသည်း Cells တွေကို ဖိမိသလို အသည်းကိုအုပ်ထားတဲ့အလွှာလည်းတင်းလာတဲ့အခါ #အသည်းရောင်ပါပြီ ဗိုက်ညာဘက်ကနာတတ်ပါတယ်။
#အသည်းရောင်တာ ဆိုးလာရင် အသားဝါလာတတ်ပါတယ်။

အသည်းရောင်တာလည်း ဂရုမစိုက်ပဲ ဒီတိုင်း ပေပေတေတေဆက်နေတဲ့အခါ ရောင်တဲ့အသည်း Cells တွေ သေသွားပါတယ်။ သေသွားတဲ့ အသည်း Cells တွေ နေရာမှာ Scar tissue (အမာရွတ်တွေဖြစ်လာပါတယ်)
သေသွားတဲ့ အသည်း Cells တွေအစား အသည်း Cells အသစ်တွေထပ်ဖြစ်ပါတယ်၊ အဲ့လို အသစ်ဖြစ်လိုက် ရောင်လိုက် သေလိုက် အမာရွတ်ဖြစ်လိုက် နဲ့ ကြာလာတဲ့အခါ #အသည်းခြောက် တယ်လို့ခေါ်ကြတဲ့ အသည်းကျွတ်ခြင်း (Cirrhosis of Liver) ဖြစ်ပါပြီ။
(Cirrhosis of Liver) ပြီးရင်တော့ အသည်းကင်ဆာကို အချိန်မရွေးပြောင်းနိုင်ပါတယ်။
(Cirrhosis of Liver) မဖြစ်ပဲလည်း အသည်းရောင်ရာကနေ အသည်းကင်ဆာ ဖြစ်သွားနိုင်ပါတယ်။
____________
အဲ့ဒါကြောင့် ပြန်ပြောရရင်

1. အသည်းအဆီဖုံးရောဂါက ဘာလက္ခဏာ မှမခံစားရပါဘူး
2. အရွယ်ရောက်တဲ့သူ (၃) ယောက်မှာ (၁) ယောက်က အသည်းအဆီဖုံး နေပါပြီ
3. ✳️ အသည်းအဆီဖုံးရောဂါက ဆက်မဆိုးသွားအောင် ကာကွယ်နိုင်သလို ပုံမှန်ပြန်ဖြစ်အောင်လည်း လုပ်လို့ရပါတယ်။
4. အဲ့ဒါကိုမှ 🚨 ဂရုမစိုက်ပဲ ပစ်ထားလိုက်ရင် အသည်းရောင်ရောဂါရမယ်
5. အသည်းကျွတ် (အသည်းခြောက်မယ်)
6. အသည်းကင်ဆာဖြစ်မယ်
7. ရေဖျင်းဆွဲ၊ ပိန်လှီ၊ ခြေလက်ဖောရောင်ရာကနေ အသက်ဆုံးရှုံး တဲ့အထိဖြစ်သွားနိုင်ပါတယ်။
___________
အဲ့တော့ အသည်းအဆီဖုံး နေပြီဆိုရင်
- ဆက်ပြီးရောဂါမဆိုးသွားရအောင်
- မူလ ပုံမှန် အသည်းလေး ပြန်ရ ရအောင် လုပ်ဖို့က အရေးကြီးပါတယ်။

(( ထုံးစံအတိုင်းပေါ့ အသည်းအဆီဖုံးနေပါတယ် ဆရာ #ဘာဆေးသောက်ရပါမလဲ ⁉️ )

❌ အသည်းအဆီဖုံးရောဂါ အတွက်*** #ပျောက်တဲ့ဆေး_မရှိပါဘူး ***

Life Style Change ရတာပါ။
နေထိုင်စားသောက်မှုပုံစံကို လုံးဝ ပြောင်းလဲပစ်ရမှာပါ။

- အဝ လွန်နေရင် ကိုယ်အလေးချိန်ကို ကျန်းမာသော နည်းလမ်းတွေသုံးပြီး လျှော့ပါ
(https://www.facebook.com/104993831383029/posts/108040834411662/)
- အရက်မသောက်ပါနှင့် (အသည်းအဆီဖုံးရုံမက အသည်းပါရောင်နေရင် လုံးဝ ရှောင်ရပါမယ်)
- ဆေးလိပ်သောက်တာဟာ ကင်ဆာတိုင်းကိုဖြစ်စေလို့ ရှောင်ရပါမယ်။
- ဆီးချိုရောဂါ၊ Metabolic syndrome ၊ အဝလွန်ခြင်း ၊ Obstructive sleep apnoea ၊ သွေးတွင်းအဆီများခြင်း (Dyslipidaemia) စတဲ့ရောဂါတွေကိုလည်း သေသေချာချာ ကြပ်ကြပ်မတ်မတ် ကုသမှုခံယူရပါမယ်
- ဆေးသောက်လိုသူများအတွက်ကတော့ #ပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး Vitamin E သောက်လို့ရပါတယ်။

အဓိက ကတော့ #အစားအသောက်ပေါ့
- ကဆီဓာတ် (Carbohydrate) လျှော့စားရမှာပါ (ထမင်းအဓိက စားတတ်တဲ့/ကြိုက်တဲ့ ကျွန်တော်တို့အတွက် မလွယ်ဘူးဆိုပေမယ့် လျှော့စားရပါမယ်)
- သွေးတွင်း Glucose ရုတ်တရက်တက်ပြီး Insulin ကမောက်ကမ ဖြစ်စေနိုင်တဲ့ အချိုမုန့်တွေနဲ့ အချိုရည်ကတော့ လုံးဝကို ရှောင်ရမှာပါ
- အချိုကြိုက်တာကို ဘယ်လိုလုပ်ရမလဲ အချိုမုန့်တွေနဲ့ အချိုရည် ကော ရှောင်ရရင် 😀 အသီးတွေစားပါ (အသားအရေလည်းကောင်း အဆိပ်အတောက်တွေလည်းစင်တာပေါ့)
- ဟင်းသီးဟင်းရွက် အများကြီးစားပါ (ကျွန်တော်တို့ နိုင်ငံအတွက်ကတော့ သေသေချာချာဆေးပြီးမှ စားကြပါ) ကျန်းမာချင်လို့ ဟင်းသီးဟင်းရွက် စားကာမှ ပိုသတ်ဆေးမိပြီး ကြွသွားမှာစိုးလို့ပါ (လူယုတ်မာ is everywhere 😅)
- အသားက ကဆီဓာတ်လောက်မဆိုးပေမယ့် ဝက်သားစားတဲ့လူထက် ငါးစားတဲ့ သူက အများကြီးပိုပြီး ကျန်းမာတာပေါ့ (ပင်လယ်စာ စားပေးပါ) ပင်လယ်စာဆိုလို့ ငါးပိ၊ငါးခြောက်တွေ အများကြီးစားရင်တော့ သွေးတိုးရောဂါရပါလိမ့်မယ်
- အဆီကတော့ ပဲဆီ သုံးတာအကောင်းဆုံးပေါ့ (သံလွင်ဆီက ပိုကောင်းတယ် ဆိုပေမယ့် သူ့စျေးကဝယ်မှ မစားနိုင်တာ 😅) ကိုယ့်ဝင်ငွေအရ စားအုံးဆီပဲစားနိုင်တယ် ဆိုလဲ နည်းနည်းပဲသုံးပေါ့ (တစ်ခါသုံးပြီးသားဆီတော့ လုံးဝ ပြန်မသုံးကြပါနဲ့ Trans fat တွေက တော်တော်ကြောက်ဖို့ကောင်းလို့ပါ)
- Intermittent fasting ဆိုတဲ့ နည်းလမ်းကတော့ လုပ်နိုင်ရင် ကောင်းတယ် ဆိုတဲ့ သုတေသနတွေ အများကြီးရှိပါတယ် ၊ တကယ်လည်း ကိုယ်အလေးချိန်ကျသလို (Insulin resistance ကျသွား တဲ့အတွက်)ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်
(ဒါပေမယ့် ရေရှည်လုပ်နိုင်မလုပ်နိုင်ဆိုတာရယ်၊ လုပ်ငန်းခွင်မှာ ဗိုက်ဆာနေပြီး အဆင်မပြေဖြစ်နေမှာရယ်ကို ချိန်ကြပါ )
- Keto diet ကတော့ ကျွန်တော် (ကျွန်တော့ Opinion ပါ) အားမပေးပါဘူး ( ခေတ်အရမ်းစားနေပေမယ့် Diet တစ်ခုမှာ Carbohydrate လျှော့တာမှန်ပေမယ့် အဆီ Potion များများစားခိုင်းတာ မဖြစ်သင့်ပါဘူး)
- အကောင်းဆုံးကတော့ ကောက်ရိုးမီး မဟုတ်ပဲ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ (ဒူးနာလို့ ဟိုနားနာလို့ဒီနားနာလို့ ဘာမှမလုပ်ဖြစ်ဘူးဆိုတဲ့ သူတွေလည်း မနာတဲ့နေရာတွေကို လေ့ကျင့်ခန်းလုပ်ပေါ့)
- Workout ထဲမှာ မလုပ်ရမယ့် Workout ကတော့ ပါးစပ် Workout ပါပဲ 😁 (တခြားဘယ်နေရာမှ မလှုပ်ရှားပဲ မိုးလင်းမိုးချုပ် ပါးစပ်ပဲလှုပ်နေတာလေ တကျွတ်ကျွတ်နဲ့စားနေတာပေါ့)
- အတင်းပြောရင်တောင် Mood ဝင်လာလို့ မျက်နှာမဲ့ရွဲ့ပြီး ကိုယ်ဟန်လက်ဟန်တွေပါလာရင် လေ့ကျင့်ခန်းလုပ်သလိုဖြစ်သေးတယ်လေ (စတာနော်)
- စိတ်ဖိစီးမှုလျှော့ (သူများကို အကောင်းမြင်ရမှာ 😀၊ သံသယစိတ် လျှော့၊ ဣဿာမစ္ဆရိယ လျှော့ရမှာပေါ့)

နေထိုင်စားသောက်မှုပုံစံကို လုံးဝ ပြောင်းလဲပစ်လိုက်နိုင်ရင်တော့ ဖုံးနေတဲ့အဆီတွေထွက်သွားပြီး ကျန်းမာတဲ့အသည်းလေး ပိုင်ဆိုင်နိုင်သလို ခန္ဓာကိုယ်ကလည်းသွယ်လျလှပနုပျိုသွားမှာ အသေအချာပါပဲဗျာ။

ရေးတာအများကြီးဖြစ်သွားပြန်ပါပြီ
ဒီအထိ သေသေချာချာဖတ်လိုက်နိုင်ရင်တော့ အကျိုးတစုံတရာ ရကြမယ်မျှော်လင့်ပါတယ်။

(Ref; myclevelandclinic)
(Photocredit; healthharvardedu)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
01:40 pm/04.12.2021

ယွန်းကြည်ဖြူ မိတ်ဆွေများအားလုံးကျန်းမာရေးဂရုစိုက်ကြပါရှင်။☀️☀️☀️အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြ...
09/06/2022

ယွန်းကြည်ဖြူ မိတ်ဆွေများအားလုံးကျန်းမာရေးဂရုစိုက်ကြပါရှင်။
☀️☀️☀️

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥


#အပူလျှပ်ခြင်း

Credit ;
အထက်ပါအကြောင်းအရာရေးသားသူကို ကျေးဇူးတင်ပါတယ်🙏
ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်ရှင်

ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ (၉) မျိုး=============================ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရ...
18/05/2022

ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး
=============================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။

ပြန်လည်မျှဝေလိုက်ရပါတယ်...
အားလုံးပဲ ကျန်းမာခြင်းအပေါင်းပြည့်စုံကြပါစေ။


Address

Pyapon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 17:00
Sunday 08:00 - 20:00

Telephone

+959776006002

Website

Alerts

Be the first to know and let us send you an email when Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su နံပါတ်အလှ၊ Data, ဖုန်းပြောမိနစ်မျိုးစုံရောင်းဝယ်ရေး:

Share