Pindaya People's Voice

Pindaya People's Voice 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

22/02/2024

သတ္တိအရာမှာ စံနမူထိုက်တဲ့ ကံထူးမ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ
**
ရဲအုပ် **** ရဲတပ်ဖွဲ့ဝင်အင်အားအနည်းငယ်သာရှိတဲ့ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာရှိ ရဲစခန်းကို အကြမ်းဖက် KIA+CDF+PDF ပူးပေါင်းအဖွဲ့များမှစနိုက်ပါများ၊ ဒရုန်းများအပါဝင် အင်အားအလုံးအရင်းနဲ့ ယနေ့ နံနက် ၁ နာရီခွဲခန့်မှာ အင်အား ၃၀၀ ရောက်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
-
ဒီလိုလာရောက်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေကို ရဲစခန်းမှူး ရဲအုပ်***နှင့် ရဲတပ်ဖွဲ့ဝင်များမှ သူရဲဘောမကြောင်ဘဲ ရဲရဲရင့်ရင့် တန်ပြန်ချေမှုန်းခဲ့ပါတယ်။
-
အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်သမားဟာ နံနက် ၁ နာရီခွဲမှ ၅ နာရီခန့်အချိန်အတွင်းမှာ ရဲစခန်းကို အကြိမ်ကြိမ်တက်လုံးခဲ့ပေမယ့် ရဲစခန်းအတွင်းမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်များရဲ့ ရွံ့ရွံချွန်ချွန်ခုခံမှုကြောင့် အကြမ်းဖက်သမားများရှေ့မတိုးနိုင်ပဲ ရှိနေခဲ့ပါတယ်။
-
ဒီလိုတိုက်ပွဲဖြစ်နေချိန် ရဲအုပ် *** ဟာ ရန်သူအင်အားများပြားတဲ့အတွက် နမခတိုင်းစစ်ဌာချုပ်သို့ ဆက်သွယ်ကာ လေကြောင်းပစ်ကူနဲ့ စစ်ကူစေလွတ်ပေးရန်တင်ပြတောင်းခံခဲ့ပါတယ်။ ဒီလိုစစ်ကူ/ပစ်ကူ တောင်းခံမှုကြောင့် တိုင်းစစ်ဌာနချုပ်မှလေကြောင်းပစ်ကူပေးရန် တိုက်လေယာဉ်များချက်ချင်းစေလွှတ်ကာ နံနက် ၅ နာရီကျော်လောက်မှာပစ်ကူပေးခဲ့သလို မြေပြင်မှလည်း စစ်ကူတပ်များစေလွှတ်ခဲ့ပါတယ်။
-
အကြမ်းဖက်သမားများဟာ ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာ မိမိဘက်မှ စစ်ကူလာနိုင်လမ်းကြောင်းကို ဖြတ်တောက်ထားတဲ့အတွက်စစ်ကူအဖွဲ့များဟာလည်းရှေ့မတိုးနိုင်ဖြစ်နေခဲ့ပါတယ်။
-
ရဲစခန်းအတွင်းမှာရှိတဲ့ ရဲအုပ်***နှင့် ရဲတပ်ဖွဲ့ဝင်များဟာ ရန်သူရဲ့ တိုက်စစ်ဆင်လာမှုကို ကြံ့ကြံ့ခိုင်တောင့်ခံပေမယ့်လည်း အဆမတန်များပြလှတဲ့ ရန်သူ့တိုက်စစ်ကို မထိန်းနိုင်တော့ဘဲ စခန်းအတွင်းကို ရန်သူများ ဝင်ရောက်လာပါတော့တယ်။
-
ရန်သူများဝင်ရောက်လာမှုကြောင့် စခန်းအတွင်းရှိ ဘန်ကာ ၆ ခုအနက်မှ ဘန်ကာ ၄ ခုဟာ ရန်သူ့လက်အောက်ကျရောက်သွားခဲ့ပါတယ်။ ရန်သူ့လက်အောက်ကျရောက်သွားတဲ့ ဘန်ကာများတွင ်နေရာယူထားသည့် ရဲတပ်ဖွဲ့ဝင်များဟာ ကျန်ရှိနေသည့် ဘန်ကာ ၂ ခုအတွင်း ပူးပေါင်းနေရာယူကာ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
-
လေကြောင်းပစ်ကူပေးနေပေမယ့် ရဲစခန်းအတွင်း ရန်သူနဲ့ မိမိတို့ရဲတပ်ဖွဲဝင်များ ရောထွေးသွားတဲ့အတွက် ပစ်ကူပေးရန် ကန့်သတ်ချက်များ ရှိလာပါတော့တယ်။ ဒါ့အပြင် ရန်သူများဟာလည်း ကျန်ရှိနေသည့် ဘန်ကာ ၂ ခုအတွင်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်နက်ချရန်နှင့် အလံဖြူထောင်ရန် ဆက်တိုက်ဖိအားပေး နေပါတော့တယ်။ ဒီလိုအခြေအနေတွေကြောင့် တပ်မတော်အကြီးအကဲများမှ ရဲအုပ်***နှင့်အဖွဲ့ကို စခန်းမှဆုတ်ခွာရန် အမိန့်ပေးခဲ့ပါတယ်။
-
ယခုလိုစခန်းမှ ဆုတ်ခွာရန် အမိန့်ပေးတာကို ရဲ***မှ “စခန်းကနေဆုတ်ခွာမှာ မဟုတ်သလိုရ န်သူကို အညံ့ခ ံမှာလည်း မဟုတ်ကြောင်း၊ ရန်သူကို ရသလောက် ဆွဲခေါ်သွားမှာဖြစ်ကြောင်း”ပြန်လည် တင်ပြခဲ့ပါတယ်။
-
နောက်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့အတွက် ရဲအုပ် *** ဟာ ၎င်း၏ဇနီးဖြစ်သူထံဖုန်းဆက်ပြီး
“မိန်းမရေ ငါတော့ နောက်ဆုတ်တောဘူး သူသေကိုယ်သေချရတော့မယ်၊ငါမရှိတော့ရင် ငါ့မိဘနဲ့ ကလေးတွေကို သေချာစောင့်ရှောက်ပါ”ဆိုပြီး နောက်ဆုံး နုတ်ဆက်စကားပြောချိန် ရဲအုပ်၏ ဇနီးဖြစ်သူကလည်း “ ယောက်ျားရေ အကြမ်းဖက်သမားတွေဆီမှာ ဘယ်တော့မှ လက်နက်ချဖို့ အလံဖြူမထောင်ပါနဲ့၊ ရှင့်မိဘတွေနဲ့ ကလေးတွေကို ကျွန်မ စောင့်ရှောက်မယ် မပူနဲ” ဆိုပြီး ယောက်ျားဖြစ်သူကို အားပေးခဲ့ပါတယ်။
-
ရဲအုပ်***နှင့်ရဲတပ်ဖွဲ့ဝင်များဟာ နုတ်ဆက်စရာရှိတာများ နုတ်ဆက်ပြီးချိန်မှာ ၎င်းတို့ကျန်ရှိနေတဲ့ ဘန်ကာအနီးသို့ ကပ်လာသော အကြမ်းဖက်သမားများကို ဘီလူးသူရဲစီးသူလို မဲမဲမြင်ရာ အကုန်ပစ်ခတ်ချေမှုန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ တရစပ်ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက်သမားများထိခိုက်သေဆုံးမှုများပြီး နောက်ပြန် ဆုတ်သွား ပါတယ်။
-
ဒီလိုနောက်ဆုတ်သွားတဲ့ အကြမ်းဖက်သမားများကို ရဲတပ်ဖွဲ့ဝင်များက အလွတ်မပေးဘဲ အသေခံကာ ထပ်ချပ်လိုက် ချေမှုန်းတဲ့အတွက် အကြမ်းဖက်သမားများဟာ ၎င်းတို့ရဲ့ အလောင်းများပင် မကောက်နိုင်တော့ဘဲ ကြောက်လန့်ကုန်တကြား စခန်းပေါ်မှ အကုန်ဆင်းပြေးကုန်ကြပါတော့တယ်။
-
အကြမ်းဖက်သမားများ စခန်းအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် ****နှင့််အဖွဲ့များဟာ မိမိတို့စခန်းအတွင်းအသင့်နေရာပြန်ယူကခဲ့ပါတယ်။ အထိနာသွားတဲ့ အကြမ်းဖက်သမားဟာ ရဲတပ်ဖွဲ့ဝင်များရဲ့ သတ္တိကိုမယှဉ်နိုင်ဘဲ စခန်းပေါ်မှ ပြန်ဆင်းပြေးခဲ့ရသလို စစ်ကူစစ်ကြောင်းများ နီးကပ်လာတဲ့အတွက် ကံထူးမ ရဲစခန်းကို ထပ်မံမတိုက်ခိုက်ရဲတော့ဘဲ ထိခိုက်မှုများစွာဖြင့် အကုန်ထွက်ပြေးသွားကြပါတော့တယ်။
-
လက်ရှိအချိန်မှာတော့ ကံထူးမရဲစခခန်းကို စစ်ကူစစ်ကြောင်းများရောက်ရှိသွားပြီဖြစ်ပြီး ဆုတ်ခွာသွားတဲ့ရန် သူကို လိုက်လံချေမှုန်းလျက်ရှိပါတယ်။ ဒီတိုက်ပွဲမှာ သူရဲဘောမကြောင်ဘဲ ခေါင်းဆောင်မှုကောင်းကောင်းနှင့် မိမိအသက်ကိုပဓဏမထားဘဲ တိုက်ပွဲဝင်ခဲ့တဲ့ကံထူးမ ရဲစခန်းမှ ရဲအုပ်ကို ဒုရဲမှူး အဆင့်သို့လည်းကောင်း၊ အခြားရဲတပ်ဖွဲ့ဝင်များအားလုံးကို စစ်မြေပြင် တစ်ဆင့်မြင့်ရာထူးတိုးပေးကာ တပ်မတော်အကြီးအကဲများမှ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

‌မိမိစခန်း။နယ်‌မြေဒေသကိုကာကွယ်ခြင်းသည်။
တိုင်းပြည်လွတ်လပ်ရေးနဲ့ပြည်သူလူထု၏ အသက်အိုးအိမ်
စည်းစိမ်ကို ကာကွယ်စောင့်လျှောက်ပေးခြင်းသာဖြစ်ပါသည်။

ပင်းတယပြည်သူ့အသံ
သတင်းမှန်

HomeArticlesဗမာလူမျိုးတိုင်းရော .. ကျေးဇူးကန်း ရခိုင်လူမျိုးတွေ ဖတ်ဖို့byKo Thet News-February 19, 20240ရခိုင်သမိုင်းအမှ...
19/02/2024

Home
Articles
ဗမာလူမျိုးတိုင်းရော .. ကျေးဇူးကန်း ရခိုင်လူမျိုးတွေ ဖတ်ဖို့
by
Ko Thet News
-
February 19, 2024
0

ရခိုင်သမိုင်းအမှန် (၁)

°°°°°°°°°°°°°°°°°

၁၅-၁-၂၀၁၈၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၂၃ နှစ်မြောက် အခမ်းအနားမှာပြောကြားခဲ့တဲ့ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့ စကားများဟာ သမိုင်းအထောက်အထားများအရ မှားယွင်းနေပါတယ်။

-

(၁) - ရခိုင်သားများဟာ အစဉ်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေလာကြပြီး ဘိုးတော် ဗဒုံမင်း လက်ထက်ရောက်မှ အချုပ်အခြာအာဏာကျဆုံးပြီး ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကား ဟာလည်း အလုံးစုံမှန်တဲ့ စကားမဟုတ်ပါဘူး။

(၂) - ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတာ ၂၂၃ နှစ်မြောက်ရှိပြီဆိုတဲ့စကားဟာလည်း သမိုင်း အထောက်အထားများအရ မှန်ကန်ခြင်း မရှိပါဘူး။

(၃) - ဗမာများအနေဖြင့် ရခိုင်သားများကို ဗမာ့ကျွန်အဖြစ်လောက်သာထားရှိပြီး တန်းတူအခွင့်အရေး မပေးကြောင်း ဆိုတာလဲ မှားယွင်းပါတယ်။

-

ဘာကြောင့်မှားယွင်းတယ်ဆိုတာ သမိုင်းအထောက်အထားများနဲ့ ဆက်လက်တင်ပြပါမယ် ။။။။။

(အထက်ပါ အချက် (၁) နဲ့ (၂) ဟာ သမိုင်းကြောင်းနဲ့ ဆိုင်တာမို့ သမိုင်းကြောင်း အမှန်ကို တင်ပြပါမယ်။)

-

ရခိုင်ရာဇဝင်များကို ကြည့်ရင် ... ရခိုင်မင်းတွေကို သာကီဝင်မင်းဆက်များအဖြစ် ဖေါ်ပြကြပြီး ရခိုင်သား ပြည်သူလူထု အများစုရဲ့ သမိုင်းကြောင်း မပါဝင်ပါဘူး။ ဒါလည်း မထူးဆန်းပါ။ ရာဇဝင်ဆိုတာ ရာဇဝံသဖြစ်လို့ မင်းတွေ အကြောင်းပဲ ရေးတဲ့ကျမ်းဖြစ်နေလို့ပါ။

-

ဒါဆို .. ရခိုင်သားများရဲ့ သမိုင်း၊ ရခိုင်ပြည်သူလူထုအများစုရဲ့ သမိုင်းကို ဘာနဲ့ ပြောမလဲ ?

ကိုလိုနီခေတ်က တင်သွင်းခဲ့တဲ့ တရုတ်ပြည်က ဆင်းလာတယ်ဆိုတဲ့ migration theory ဟာလည်း ဘာအထောက်အထားမှ မရှိသလို၊ ရခိုင်ရာဇဝင်များနဲ့ ကိုက်ညီခြင်းမရှိ၊ ဘယ်ရခိုင်သားမှလဲ လက်မခံ၊ ခေတ်သစ် သီအိုရီများအရ မှန်ကန်ခြင်းလဲ မရှိတော့ပါဘူး။

-

ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ ဖုံးကွယ်ထားတဲ့ကျမ်းများ

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ရခိုင်သားတွေ ဘယ်က လာတာလဲဆိုတာ ဇဗ္ဗူကွန်ချာ ကျမ်းမှာ ပါဝင်ပါတယ်။ အဲဒီကျမ်းဟာ ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ လုံးဝ ဖုံးကွယ်ထားတဲ့ကျမ်းပဲ ဖြစ်ပါတယ်။

-

ယင်းကျမ်းမှာ ဗုဒ္ဓမပွင့်မီခေတ် ဗြဟ္မာခေါ် ပျူတို့ရဲ့ ဟံသာနာဂရ ဟံလင်း၊ ရတနာပူရ သုနာပရန္တ ပြည်ကြီး ပျက်တဲ့အခါ သုံးစုကွဲပြီး ရခိုင်ဓညဝတီ ဖြစ်လာမယ့် တစ်စု၊ တနင်္သာရီ ဖြစ်လာမယ့် တစ်စု၊ ထားဝယ်သား ဖြစ်လာမယ့် တစ်စု စသဖြင့် ဟံလင်း၊ ရတနာပူရ၊ သုနာပရန္တမှ ရွှေ့ပြောင်းသွားကြသူများ ဖြစ်ပါတယ်။

-

ဇဗ္ဗူကွန်ချာ ကျမ်းနှင့် စေတိယကထာအရ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်တွင် ကျန်နေသူ ဗြဟ္မာတွေကို ပျူလို့ ခေါ်ပြီး နောင်အခါ မြန်မာ(ဗမာ)လို့ ခေါ်ကြကာ ကမ်းရိုးတန်းတစ်လျှောက်ရံပြီး နေသူတွေကို ကမ်းယံလို့ ခေါ်ကြပါတယ်။ အဲဒီ ကမ်းယံတွေကိုပဲ နေထိုင်ရာ ဒေသအလိုက်

* ရခိုင်ဒေသမှာ နေသူကို ရခိုင်သား၊

* ထားဝယ်မှာနေသူကို ထားဝယ်သား၊

* တနင်္သာရီမှာ နေသူကို တနင်္သာရီးသား၊

* မြိတ်မှာနေသူကိ မြိတ်သား

စသဖြင့် ခေါ်ကြတာ ဖြစ်ပါတယ်။

-

ရခိုင်ဟာ ဗမာနဲ့မတူတဲ့ သီးခြားလူမျိုး၊ သီးခြားနိုင်ငံဆိုတာ ခွဲထွက်လိုသူတွေရဲ့ လုပ်ဇာတ်သာ ဖြစ်ပြီး ရခိုင်ဟာ ဗမာ(မြန်မာ)လူမျိုးသာ ဖြစ်ပြီး ရခိုင်မြို့ပြနိုင်ငံ (city state) တွေဆိုတာလည်း ခေတ်အဆက်ဆက် ပြည်မရဲ့ လက်အောက်ခံ၊ ပြည်ထောင်စုအတွင်းက မြို့ပြများသာဖြစ်ပြီး ဗမာ (မြန်မာ) နဲ့ မတူညီတဲ့ သီးခြား လွပ်လပ်တဲ့နိုင်ငံ၊ သီးခြား လွတ်လပ်တဲ့ လူမျိုး တစ်မျိုး မဟုတ်ပါဘူး။

-

ပျူခေတ်နှင့်ရခိုင်ဒေသ

°°°°°°°°°°°°°°°°°°

ပျူခေတ်မှာ ရခိုင်ဒေသဟာ သရေခေတ္တရာရဲ့ လက်အောက်ခံဖြစ်ပါတယ်။ အထောက်အထားကတော့ သရေခေတ္တရာ ဘုရားထောင်တွေ့ အတိတျာမင်း ကျောက်အိုးစာဖြစ်ပါတယ်။ ယင်း ကျောက်အိုးစာမှာ သရေခေတ္တာ အင်ပါယာကြီးက ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံပေါင်း တစ်ရာကျော် ရေးထိုးထားပြီး တစ်ရာ့တစ်ပါးသော မင်းတို့ရဲ့ဘုရင်၊ ရာဇာဓိရာဇာဆိုတာ အဲဒါကို ပြောတာပါ။

-

ယင်းကျောက်အိုးစာမှာ သရေခေတ္တရာရဲ့ ပိုင်နက် ကမ်းယံတိုင်းလို့ ရေးထိုးထားပါတယ်။ ဒါကြောင့် ပျူခေတ်မှာ ရခိုင်ဒေသဟာ သရေခေတ္တရာရဲ့ လက်အောက်ခံဖြစ်ပါတယ်။ ဒါဟာ နှိမ်ပြီးပြောတာမဟုတ်သလို ကမ်းယံဒေသဟာ ပျူရဲ့ ကျွန်လို့ ပြောတာလဲ မဟုတ်ပါဘူး။

-

သာဓကဆိုရရင် ... ယနေ့ခေတ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မကွေး စတာတို့ဟာ နေပြည်တော်အစိုးရရဲ့ လက်အောက်မှာပေမယ့် နေပြည်တော်ရဲ့ ကျွန်မဟုတ်ပါဘူး။ ပြည်ထောင်စု တစ်ခုရဲ့ အစိတ်အပိုင်းတွေလို့ ပြောနေတာ ဖြစ်ပါတယ်။

-

ပုဂံခေတ်နှင့် ရခိုင်ဒေသ

°°°°°°°°°°°°°°°°°°°°

ပုဂံခေတ်မှာလဲ ကမ်းယံတိုင်းခေါ် ရခိုင်ဒေသဟာ ပုဂံအင်ပါယာ အတွင်းမှာ ပါဝင်ပါတယ်။ အနော်ရထာမင်း လက်ထက် နိုင်ငံအကျယ်အဝန်းကို ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းမှာ အနောက်သို့လားသော် ပဋိက္ကရား ခေါ်သော ကုလားပြည် နယ်စပ်အထိလို့ ဖေါ်ပြထားပါတယ်။ အဲဒီ ပဋိက္ကရားပြည်ဆိုတာ ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်ကိုတောင်ကျော်ပြီး စစ်တကောင်းမြို့ မြောက်ဘက်၊ ယခုခေတ် comilla မြို့ အရှေ့ဘက်၊ ရှေးခေတ် Tipperah ဒေသကို ပြောတာပါ။

-

အထောက်အထား ခေတ်ပြိုင်ကျောက်စာတော့ ဓမ္မရာဇိက ကျောက်စာဖြစ်ပါတယ်။ ဒီကျောက်စာမှာ ပုဂံနိုင်ငံရဲ့ အကျယ်အဝန်းကို ဖေါ်ပြတဲ့နေရာမှာ ရခိုင်အကြောင်းပဲ တင်ပြပါမယ်။ အဲဒီမှာ ပုဂံအင်ပါယာရဲ့ အကျယ် အနောက်ဘက်ကို “အနောက်ကား သစ္စကရိ၊ ဝရာတောင်၊ … ။ ပတိက္ကရား၊ တိက္ကစရ” လို့ ဖေါ်ပြထားလို့ အထက်က အနော်ရထာပိုင်နက်ကို သက်သေပြုတဲ့ ကျောက်စာပါ။

-

အဲဒီ ပတိက္ကရား၊ တိက္ကစရ ဆိုတာ ဂင်္ဂါမြစ်ဝမှာရှိပြီး ရခိုင်ကို ကျော်လွန်ကာ ယနေ့ခေတ် ဘင်္ဂလားနယ်ထဲ အထိ ပုဂံအင်ပါယာက ပိုင်ဆိုင်ကြောင်း ဖေါ်ပြထားတာပါ။ ဒီကျောက်စာဟာလည်း ရခိုင်သမိုင်းဆရာ အချို့၊ လုစ်ဂိုဏ်းသား ဗမာသမိုင်းဆရာများ ထိမ်ချန် ဖုံးကွယ်ခြင်း ခံရတဲ့ ကျောက်စာ တစ်ချပ်ပဲ ဖြစ်ပါတယ်။

-

ပုဂံအင်ပါယာကြီးဟာ မွန်ဂိုစစ်ကြောင့်ရယ်၊ ပုဂံမင်း နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း သတ္တိမရှိမှုကြောင့် ရယ်ကြောင့် ပြိုကွဲခဲ့ပြီး မြန်မာနိုင်ငံ အထက်အညာမှာ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတို့ အားကောင်းပြီး အောက်ပိုင်းမှာတော့ ပထမဆုံး မွန်မင်းဖြစ်လာမယ့် မဂဒူးက မုတ္တကနေ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံး မွန်မင်းဆက် ထူထောင်ဖို့ စတင်ကြိုးပမ်းလာပါတယ်။ ပုဂံခေတ် မက္ခရာ၊ မြင်စိုင်း၊ ပင်လယ်၊ ပင်းယ၊ စစ်ကိုင်း တို့ကို အကျဉ်းဆုံးချုံ့ပြီး အလွယ် ပင်းယခေတ် လို့ပဲ ပြောပါရစေ။

-

အဲဒီပင်းယခေတ်မှာ ပြည်ပကျူးကျော်စစ်တွေဖြစ်တဲ့ မွန်ဂို၊ ယူနန်မောရှမ်းတို့နဲ့ စစ်တွေ အကြီးအကျယ် ဖြစ်ခဲ့ပေမယ့် နိုင်ငံ လွတ်လပ်ရေး မဆုံးရှုံးပါ။ ဒီတော့ ပုဂံခေတ်အပြီးကို ပင်းယခေတ်လို့ အလွယ်ချုံ့ပြော ရရင် ပင်းယကိုတည်တဲ့ အေဒီ ၁၃၁၃ ကနေ စစ်ကိုင်းမင်းပြောက် နန်းကျတဲ့ အေဒီ ၁၃၆၄ အထိ ပင်းယခေတ်ခေတ်ဟာ နှစ်ပေါင်း ၅၁ နှစ်သာ ရှိပါတယ်။ ကျောရိုးကိုသာ အကျဉ်းဆုံး ချုံ့ပြောရတာမို့ အသေးစိတ် အချက်အလက်တွေ ချန်ခဲ့ပါတယ်။

-

ပုဂံ၊ ပင်းယ ခေတ်ပြီးနောက် အင်းဝအင်ပါယာ ခေတ်ပါ။ အေဒီ ၁၃၆၄ မှာပဲ သတိုးမင်းဖျားနန်းတက်ပြီး အေဒီ ၁၃၆၅ မှာ အင်းဝကိုတည်ကာ အင်ပါယာ ပြန်ထူထောင်ပါတယ်။ သတိုးမင်းဖျားရဲ့ အင်းဝကို ဘာလို့ အင်ပါယာလို့ ပြောလဲဆိုတော့ စစ်ကိုင်း သက်တော်ရှည်ဘုရား မူလထိုး ကျောက်စာအရပါ။

-

ယင်းကျောက်စာမှာ “ ပြည်ရှင်သတိုး၊ ကြံလတ်ကြိုး၍၊ …. ၊ …..၊ ….. ၊ သောင်းအသျင်ဟု၊ ရန်ပင်ခြိုင်၍၊ စိုးထမုတ္တမ၊ ဒဝယ်ရခိုင်၊ တန်လိုင်နှစ်တိုင်းတုတ်ခွန်၊ သျှမ်းကျွန်စိုးခုတ်၊ ပုဆက်တုပ် ၍၊ မယုတ်ကြိုးနှမ်၊ ဦးထက်ခံ၏” တဲ့

-

အဓိပ္ပါယ်ကို အကျဉ်းပြန်ဆိုရရင် အင်းဝဧကရာဇ်မင်းကြီး သတိုးမင်းဖျားဟာ ရန်အပေါင်းကို နှိမ်နင်းပြီး မုတ္တမ၊ ဒဝယ်၊ ရခိုင်၊ တန်လိုင်း၊ သျှမ်း စသူရဲ့ ပုဆစ်တုပ် ရိုကြိုး၊ ဦးနှိမ်ပြီး ဆက်သတဲ့ အခွန်တွေကို နှစ်တိုင်း ခံယူတော်မူပါသည်။ တဲ့။ လိုရင်းကတော့ ယင်းကျောက်စာအရ အင်းဝ သတိုးမင်းဖျားခေတ်မှာလဲ ရခိုင်ဟာ အင်းဝနိုင်ငံတော်ရဲ့ ပိုင်နက်ထဲမှာပါ။ ဒီကျောက်စာဟာလည်း သူတို့ သိသိကြီးနဲ့ ဖုံးကွယ်ထားတာခံရတဲ့ ကျောက်စာ တစ်ချပ်ဖြစ်ပါတယ်။

-

ရခိုင်ဒေသဟာ အင်းဝဧကရာဇ်နိုင်ငံတော်ကြီးခေတ်မှာ အင်းဝနိုင်ငံအတွင်း အပါအဝင်ဖြစ်ကြောင်း နောက်ထပ် အထောက်အထားကျောက်စာကတော့ သတိုးမင်းဖျားနောက် နန်းတက်တဲ့ မင်းကြီးစွာစော်ကဲ လက်ထက်၊ မိဖုရား စောဥမ္မာရဲ့ ကျောက်စာပဲ ဖြစ်ပါတယ်။

-

ယင်းကျောက်စာ ကြောင်းရေ ၆၊ ၇၊ ၈ မှာ ... “လက်ရုံးအားဖြင့် နှစ်ဖန် မမြုန်အံ့သော၊ အောင်ခြင်းကို အောင်လိုက်၍၊ မြံမာပြည်စသော သျှမ်းပြည်ကုန်အောင်၊ ဓနုပေါင်လောင် ကန်တူအမြီအယောက် စသော အရိုင်းပြည်ကုန်အောင်၊ ရခိုင်စသော ကုလားပြည်ကုန်အောင်၊ ပဲကူးစသော တန်လိုင်ပြည်ကုန်အောင် အစိုးရသည်ဖြစ်၍၊ ပြည်သူတကာ လူအများ အလုံးသောကို၊ သားကဲ့သို့၊ အုပ် (ချုပ်) လျက်။” စသဖြင့် ရေးထိုးထားတာကြောင့် ရခိုင်ဒေသဟာ အင်းဝနိုင်ငံတော်အတွင်းဆိုတာ ပိုခိုင်မာပါတယ်။

-

ပထမမြောက်ဦး

°°°°°°°°°°°°

ရခိုင်ဘက်ကို ပြန်ကြည့်ရင် ရခိုင်မင်း မင်းစောမွန် (အေဒီ ၁၄၃၀-၁၄၃၃) ဟာ လောင်းကြက်မြို့ ပျက်ပြီးနောက် အေဒီ ၁၄၃၀ မှာပဲ ပထမဆုံး မြောက်ဦးမြို့ကို တည်ထောင်တယ်။ အနာရောဂါ သည်းတာကြောင့် သုံးနှစ်သာ နန်းစံပြီး အေဒီ ၁၄၃၃ မှာ ညီတော် မင်းခရီ (ခ) နရနုမင်း (အေဒီ ၁၄၃၃-၁၄၅၈) နန်းတက်တယ်။ ယင်း မင်းခရီ(ခ) နရနု မင်းဟာ ရခိုင်မင်းတွေထဲမှာ ပထမဆုံး မွတ်စလင် ဘွဲ့အမည် ခံတဲ့မင်း ဖြစ်ပြီး သူ့ မွတ်စလင်ဘွဲဟာ အလီခင် ဖြစ်တယ်။ မင်းခရီ နဲ့ ခေတ်ပြိုင် အင်းဝမင်းကတော့ ရွှေနန်းကြော့ရှင် နရပတိ (အေဒီ ၁၄၄၂- ၁၄၆၈) ဖြစ်တယ်။

-

ရွှေနန်းကြော့ရှင်နရပတိ နန်းတက်တဲ့အခါ လက်အောက်ခံ မင်းငယ်တွေ လာရောက်ကန်တော့ သစ္စာခံကြတာကို မြန်မာသက္ကရာဇ် ၈၀၄ (အေဒီ ၁၄၄၂) ထိုး၊ စစ်ကိုင်းထူပါရုံဘုရား ကျောက်စာမှာ ရေးထိုးထားပြီး ရခိုင်မင်း နရနုလည်း လာရောက် သစ္စာခံကန်တော့ကြောင်း ယင်းကျောက်စာ ကြောင်းရေ ၂၀မှ ၂၃ အထိ ရေးထိုးထားပါတယ်။

-

ဒါကို ခေတ်အက္ခရာ အသံထွက် အဓိပ္ပါယ်အတိုင်း ဖေါ်ပြရရင် ...“မစ္ဇျိမဒေသအရပ်နှိုက် ရှေ့ကပုဂံမင်းကြီးတို့ စစ်ထိုးလေစေသည့် သက်မြုန်ချင်းကို အစိုးရသော ကစ္စပတိ အဿပတိမည်သော ပန်သေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆယ်ထပ်ကိုကျူး၍ (ကျော်၍) အဖိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို ဦးထက်တင်၍ ဆက်(သ)ပြီးသော် ကိုကစသည် များသာ ရွာပြည် ထီးဖြူ မြောက်စည် အလုံးစုံကို ဆောင်နှင်းလာသောကြောင့် ရွှေဖုန်းတော်စက်၏ အရိပ်နှိုက် ခိုစေ၍ နိုင်ငံအတိုင်း အုပ်ကွပ်စေ၏”

-

ရှေးမြန်မာမင်းများ အုပ်ချုပ်ပုံက ဧကရာဇ်မင်းနေပြည်ကြီးမှာ မင်းတစ်ပါး အသစ်တက်ရင် လက်အောက်ခံ နယ်စား မြို့စား မင်းတွေဟာ သူတို့ကို ပေးထားတဲ့ အဆောင်အယောင်တွေနဲ့ လက်ဆောင်ပဏ္ဍာ တွေယူလာပြီး သစ္စာပြု ကန်တော့ရပါတယ်။ အဲဒီလိုလာပြီး သစ္စာပြုတော့မှ မင်းဧကရာဇ်က စားမြဲတိုင်း စည်းစိမ်အတိုင်း ဆက်လက်ခံစား စေပါတယ်။

-

မြောက်စည် ဆိုတာ ဧကရာဇ်မင်းဖြစ်စေ၊ လက်အောက်ခံ မင်းငယ်တွေဖြစ်စေ နေ့စဉ် ညီလာခံတက် ဝင်တော့မယ်ဆိုရင် ဝင်စည် တီးပေးရပါတယ်။ ညီလာခံပြီးလို့ ပြန်ထွက်တော့မယ်ဆိုရင် ထွက်စည် တီးပေးရပါတယ်။ အဲဒီနေရာမှာ ဧကရာဇ်မင်းကြီး စည်တော်အများဆုံး ဖြစ်တယ်။

-

လက်အောက်ခံ နယ်စားမင်း၊ မြို့စားမင်းတွေကတော့ သူ့အဆင့်အလိုက် စည်တစ်လုံးရသူ၊ စည်နှစ်လုံး ရသူ စသဖြင့် ဧကရာဇ်နန်းတော်က သတ်မှတ်ထားတဲ့အတိုင်း စည်အရေအတွက် ထားရ တီးရပါတယ်။

-

ရခိုင်မင်းဟာ ယခင် အင်းဝမင်းများလက်ထက် သူ့ကိုခွင့်ပြုထားတဲ့ မြောက်စည်ကိုပါ အင်းဝမှာ ဧကရာဇ်မင်း အသစ် နန်းတက်တဲ့အခါ ပြန်အပ်ရတာ ဖြစ်ပါတယ်။ ဧကရာဇ်အသစ်က ဆက်လက်ခွင့်ပြုမှ သူဟာ ရခိုင်နယ်မှာ မင်းဆက်ဖြစ်ခွင့်ရပြီး မြောက်စည် ခေါ် စည်ကို ဆက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ရဖို့ ပဏ္ဏာဆက်ပြီး သစ္စာရေ ကျမ်းကျိန် လာသောက်ရတာ ဖြစ်ပါတယ်။ အခြားအခြားသော လက်အောက်ခံမင်းတွေလည်း ဒီလိုပါပဲ။ အင်းဝမင်း ရွှေနန်းကြော့ရှင် နရပတိဟာ ပထမမြောက်ဦး တည်စ ဒုတိယမင်းကို ဆက်လက်ပြီး စားမြဲစည်းစိမ်အတိုင်း ခွင့်ပြုခဲ့ပါတယ်။

-

ဒီကျောက်စာကို ရခိုင်ဆရာ (ဦး) ခိုင်မြဝါနဲ့ ဒေါက်တာအေးချမ်း တို့လည်း လက်ခံရေးသား ထားကြပါတယ်။ ဒီနေရာမှာ ကျောက်စာပါ ပန်သေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည်ဆိုတဲ့ ဝေါဟာရရယ်၊ ရခိုင်မင်း မင်းခရီခေါ် နရနု ဟာ ကုလားအမည် အလီခင် ဘာကြောင့်ယူတာရယ် ဆိုတာကို ရှင်းလင်းဖို့ လိုပါတယ်။

-

ဓညဝတီအရေးတော်ပုံနှင့် ရခိုင်ရာဇဝင်သစ်တို့အရ မင်းခရီရဲ့ အစ်ကို မင်းစောမွန်ဟာ သူထီးနန်း ပြန်ရဖို့ ကုလားပဆာမင်း (စူလတန်မင်း) ထံ စစ်ရေး အကူအညီတောင်းခဲ့တဲ့အခါ ကုလားပဆာမင်းထံ ကုလားအမည်ခံပြီး ဒင်္ဂါးသွန်းဖို့ ကတိခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မင်းစောမွန် လွန်တဲ့အခါ သူ့ညီ မင်းခရီက အစ်ကို ကတိခံခဲ့တာ မချိုးဖောက်ချင်လို့ အလီခင် ဘွဲ့ကိုပါ ခံယူခဲ့တယ်လို့ ဆိုပေမယ့် အဓိကကတော့ ဘင်္ဂလား ၁၂နယ်ကို အုပ်ချုပ်ရလွယ်ကူအောင်လို့ ကုလားအမည်ပါ ယူခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

-

ဒီနေရာမှာ အင်းဝရွှေနန်းကြော့ရှင် နရပတိရဲ့ ကျောက်စာပါ ပန်းသေးမင်းတို့ အနွယ်ဆိုတာလည်း မင်းခရီဟာ ကုလားလို့ ဆိုလိုတာ မဟုတ်ပဲ ကုလားနယ်တွေကိုပါ အုပ်ချုပ်ရတဲ့မင်း လို့သာ အဓိပ္ပါယ်ရှိပါတယ်။ မင်းခရီဟာ နိုင်ငံရေးအရ ကုလားအမည် ယူခဲ့သော်လည်း မွတ်ဆလင်ဘာသာဝင် မဟုတ်ဘဲ စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဇရပ် များစွာ ဆောက်လုပ်ခြင်း၊ အဟောင်းများကို ပြုပြင်ခြင်း အပြင် ဗုဒ္ဓသာသနာကို အားပေးတဲ့ ဗုဒ္ဓဘာသာ မင်းတစ်ပါးသာ ဖြစ်ပါတယ်။

(ဓညဝတီအရေးတော်ပုံ၊ ခိုင်မြဝါ)

-

ဒါကြောင့် ရခိုင်မင်းအချို့ဟာ သူတို့ခေတ်ရဲ့ နိုင်ငံရေးအရ ကုလားဘွဲ့ခံယူကြပေမယ့် မွတ်ဆလင်မဟုတ်ဘဲ ဗုဒ္ဓဘာသာ မင်းများသာ ဖြစ်ကြဆိုတာ သူတို့ကောင်းမှု စေတီ ပုထိုး များစွာက သက်သေခံနေကြပါတယ်။

-

အင်းဝခေတ် ပြီးတဲ့နောက် တပင်ရွှေထီး၊ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက်မှာလဲ ရခိုင်ဟာ တောင်ငူ၊ ဘုရင့်နောင်ရဲ့ ဟံသာဝတီနိုင်ငံတော်အတွင်းမှာ ပါဝင်ကြောင်း ဒေါက်တာကျော်ဝင်းက သူ့ရဲ့ တောင်ငူခေတ် အုပ်ချုပ်ရေး စာတမ်း (ဒေါက်တာကျော်ဝင်း တည်းဖြတ်၊ တွင်းသစ်ရာဇဝင်သစ်၊ တည်းဖြတ်သူ နိဒါန်း၊ တည်းဖြတ်ပုံမှာ) ဖေါ်ပြထားပါတယ်။

-

ဒေါက်တာကျော်ဝင်းက မင်းတရားရွှေထီးနှင့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက် မြန်မာနိုင်ငံ အကျယ်အဝန်းကို အေဒီ ၁၅၉၃ ခုထိုး ကျောက်စာအထောက်အထားနဲ့ ဖေါ်ပြထားပါတယ်။

-

ယင်းကျောက်စာမှာ ...ရခိုင်၊ ဘင်္ဂလားနယ် စစ်တကောင်းတို့သာမက တမလိတ္တတိုင်း အထိ မင်းတရား ရွှေထီးနဲ့ ဘုရင့်နောင်တို့ ပိုင်ဆိုင်ခဲ့ကြောင်း၊ တမလိတ္တဆိုတာ စစ်တစ်ကောင်းကို ကျော်လွန်ပြီး ဂင်္ဂါမြစ်ဝပေါ် တည်ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

-

ဒါကြောင့် မင်းတရားရွှေထီးနဲ့ ဘုရင့်နောင်တို့ခေတ်မှာလဲ ရခိုင်ဒေသဟာ သီးခြား မင်းနိုင်ငံမဟုတ်ဘဲ မြန်မာဧကရာဇ် နိုင်ငံတော်အတွင်း အပါအဝင်သာ ဖြစ်ပါတယ်။ ဘုရင့်နောင်လွန်ပြီးနောက် ဘုရင့်နောင်ရဲ့ အခြားသားတော်တစ်ပါးဖြစ်တဲ့ ညောင်းရမ်းမင်းတရားကြီးက တစ်နိုင်ငံလုံးကို ပြန်စုစည်းပြီး အင်းဝကနေ မြန်မာအင်ပါယာကို ပြန်ထူထောင်ပါတယ်။ ယင်း ဒုတိယ အင်းဝခေတ် (ဝါ) ညောင်ရမ်းခေတ်မှာလဲ ရခိုင်ဒေသဟာ ညောင်ရမ်းဆက် အင်းဝ ဧကရာဇ်နိုင်ငံအတွင်း ပါဝင်ပါတယ်။

-

ဒေါက်တာသန်းထွန်း တည်းဖြတ်တဲ့ စမ္ဗူ့ဒီပ ဥဆောင်ကျမ်း စာမျက်နှာ ၅၅၊ ၅၆ ညောင်ရမ်းမင်းတရားကြီး စစ်တမ်းမှာ ယခင်မင်းများအတိုင်း အစုအငန်း စစ်တမ်းဖြည့်တင်းရာမှာ ရက္ခိတမြို့များ ဆိုတာ ပါဝင်လို့ ညောင်ရမ်းခေတ်မှာလဲ ညောင်ရမ်းမင်းရဲ့ ပိုင်နက်အတွင်း ပါဝင်နေပါတယ်။

-

မြန်မာမင်းများ အစဉ်အဆက် ပိုင်နက်ကိုဖေါ်ပြတဲ့ ယင်း ဇမ္ဗူ့ဒီပဥဆောင်းကျမ်း စာမျက်နှာ ၁၀၄ မှာ ဓညဝတီနယ် ဆိုတာ ပါဝင်ပြီး အနောက်ကိုလားသော် ကုလားအက္ကပတ်မြေနှင့် ကျောခိုင်းလို့ ပါရှိတယ်။ ညောင်ရမ်းခေတ်ပြီးနောက် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ကုန်းဘောင်ခေတ်မှာလဲ ဘိုးတော် ဗဒုံမင်း ရခိုင်ကို စစ်တပ်လွှတ်ပြီး မသိမ်းမီကတည်းက ရခိုင်ဒေသဟာ ကုန်းဘောင်အင်ပါယာအတွင်း အပါအဝင်ဖြစ်ပါတယ်။

-

အထောက်အထားကျောက်စာကတော့ အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်ရေးထိုးတဲ့ ပုဂံရွှေစည်းခုံ ကျောက်စာပဲ ဖြစ်တယ်။ ယင်းကျောက်စာ ကြောင်းရေ ၅၆၊ ၅၇ မှာ အလောင်းမင်းတရားကြီးရဲ့ ကုန်းဘောင်ဧကရာဇ် အင်ပါယာကို ဖေါ်ပြရာမှာ ရခိုင်ကို ကျော်လွန်လို့ တာမလိတ္တိတိုင်းလို့ ဖေါ်ပြတာကြောင့် ရခိုင်ဟာ ကုန်းဘောင်အင်ပါယာအတွင်း ပါဝင်ပြီး ဖြစ်ပါတယ်။ အထက်ပါ မူလထိုး ခေတ်ပြိုင် ကျောက်စာအထောက်အထားများအရ ... ရခိုင်ဟာ ပျူခေတ်မှသည် ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် မြန်မာနိုင်ငံအတွင်းမှာ ပါရှိပြီး ရခိုင်သားများဟာ မြန်မာလူမျိုးသာဖြစ်ပြီး မြန်မာနဲ့မတူတဲ့ သီးခြားလူမျိုး မဟုတ်သလို သီးခြားနိုင်ငံ တစ်ခုမဟုတ်ကြောင်း ထင်ရှားပါတယ်။ ရခိုင်ဒေသဟာ အစဉ်အဆက် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု သာဖြစ်ပါတယ်။

-

ဒါကြောင့် ရခိုင်သားများဟာ အစဉ်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေလာကြပြီး ဘိုးတော် ဗဒုံမင်း လက်ထက်ရောက်မှ အချုပ်အခြာအာဏာ ကျဆုံးပြီး ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကားဟာ မမှန်သလို၊ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတာ ၂၂၃ နှစ်မြောက် ရှိပြီး ဆိုတဲ့စကားဟာလည်း သမိုင်း အထောက်အထားများအရ မှန်ကန်ခြင်းမရှိပါဘူး။

-

ဒါဆို ဘိုးတော်ဗဒုံမင်းဟာ ရခိုင်ဒေသကို ဘာကြောင့် စစ်တပ်လွှတ်ပြီး သိမ်းပိုက် ထိမ်းသိမ်းရသလဲ ဆိုတာကို ရခိုင်ဆရာများ၊ ရခိုင်ရာဇဝင်မ များက ရေးသားတဲ့အတိုင်း ဆက်လက်ဖေါ်ပြပါမယ်။ ဖေ့ဘုတ်မှာ ရေးရတာဖြစ်လို့ အလွန်ချုံ့ရေးတာတောင် စာရှည်လှပါပြီ။ ဒါကြောင့် ကျမ်းကိုးများ၊ ကျောက်စာအညွှန်းများ၊ ကျောက်စာများကို အလွယ်တကူ ကြည့်ရှုလို့ရစေရန် ဓာတ်ပုံများနှင့် ဖေါ်ပြထားပါတယ်။ ဓာတ်ပုံများကို ဖွင့်ကြည့်ကြပါ။

-

ဘိုးတော်ဗဒုံမင်း ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲဆိုတဲ့ သမိုင်းအမှန်ကို ဆက်လက်တင်ပြပါဦးမယ်။

ဆက်ရန်

ပင်းတယပြည်သူ့အသံ

#စျာန်သစ်အောင်

တိုင်းတစ်ပါးသားနယ်ချဲ့နောက်မှီးဆွဲ ခေတ်သစ်နဲ့DVB သတင်းလိမ်ညာမီဒီညာများပြောတာကိုတိုင်းတစ်ပါးနယ်ချဲ့လက်ကိုင်တုတ် ပညာမဲ့ အသ...
19/02/2024

တိုင်းတစ်ပါးသားနယ်ချဲ့
နောက်မှီးဆွဲ ခေတ်သစ်နဲ့
DVB သတင်းလိမ်ညာ
မီဒီညာများပြောတာကို
တိုင်းတစ်ပါးနယ်ချဲ့လက်ကိုင်တုတ် ပညာမဲ့ အသိမဲ့ PDF များကသာ
ယုံပြီး နယ်ချဲ့ရှူးတိုက်တိုင်း နိုင်ငံသားအချင်းချင်း လက်နက်မဲ့
ပြည်သူများကို ဒလန်စွပ်စွဲသတ်ဖြတ်နေတဲ့
အကြမ်းဖက်လူသတ်
ရာဇဝတ်သား PDF များ
ကသာ ယုံမိမှားနေကြတာပါ ။သတင်းအမှန်က
ဒီနေ့
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ
**********

• ဖေဇော်ဝါရီလ ၁၇ ရက်နေ့၌ ထားဝယ်- ထီးခီးလမ်းရှိ သင်္ကန်းတုံးကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားခြင်းဖြစ်ပါတယ်။

• တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ စကစတပ် ခမရ (၂၆၂)တွင် စကစတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ထိုင်းနိုင်ငံသို့ပို့ဆောင်ခြင်းမရှိခဲ့ဘဲ Khit Thit မှ အများပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် အခြေအမြစ်မရှိ ကောလာဟလသတင်းများရေးကာစကစတပ်ဖွဲ့ဝင်များကို လုပ်ဇာတ်ဆင်ကာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• မိုးမိတ်မြို့ရှိ KIA/ PDF အဖွဲ့များ၏ နေရာများအား စကစတပ်ဖွဲ့ဝင်များက အပြီးသတ်သိမ်းပိုက်ရရှိမှုအပေါ် မနာလိုသဖြင့် Khit Thit မှ ပြည်သူ ၁၀၂ ဦးသတ်ဖြတ်ခံရတယ်ဆိုပြီး စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး ရွံမုန်းလာစေရန် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းရှိ ခံကုန်ရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Mizzima မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ သရက်- ကံမလမ်းပိုင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် စကစတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ရွာလျှင် ၅ ဦးနှုန်းဖြင့် စစ်မှုထမ်းရန်အတွက် တောင်းခံခြင်းမရှိခဲ့သော်လည်း Ayeyarwaddy Times မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အများပြည်သူများ အားပေးထောက်ခံမှုနည်းပါးစေရန် ကောလာဟလသတင်းများရေးကာ စကစတပ်ဖွဲ့ဝင်များကို အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင် ကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကန်ကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များထိတွေ့မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့များဆုတ်ပြေးသွားသောကြောင့် လိုက်လံရှင်းလင်းရာ ပွိုင့် ၂၂ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ မှန်ပြောင်း ၁ လက်နှင့် BNRA တံဆပ်ပါ ယူနီဖောင်း ၁၂ စုံတို့သိမ်းဆည်းရရှိသွားကြောင်းကို Khit Thit မှ ထိတွေ့တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၈ ရက်နေ့ ကျောက်တော်လေဆိပ်တွင် ရန်ကုန်သို့သွားမည့်ခရီးသည်များအား လံခြုံရေးအဖွဲ့များက လုံခြုံရေးစစ်ဆေးခြင်းသာဖြစ်ပြီး စစ်တွေလေဆိပ်တွင်လည်း လုံခြုံရေးအရစစ်ဆေးခြင်းများသာ ပြုလုပ်ခြင်းဖြစ်ပြီး ခရီးသည်များကို ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ DVB မှ ဖြစ်စဉ်ကို ဗြောင်လိမ်ပြီး ခရီးသွားပြည်သူများကို စိုးရိမ်ကြောက်လန့်စေရန် ကောလာဟလသတင်းများရေး၍ စကစတပ်ဖွဲ့ဝင်များအား အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

(အရပ်ဖက်ဥပဒေရော
တပ်ဖက်ဥပဒေပါလိုက်နာကြရသည့်
စည်းကမ်းရှိသော
တိုင်းရင်းသားပေါင်းစုံ
ဖြင့်ဖွဲ့စည်းထားသော
မြန်မာ
တပ်မတော်သည်
နိုင်ငံတော်နှင့်နိုင်ငံသားများကိုကာကွယ်နေသူများသာဖြစ်ပါသည်)

တိုင်းတစ်ပါးနယ်ချဲ့ရှူးတိုက်တိုင်း လက်နက်ကိုင်သောင်းကျန် လူသတ်နေတဲ့
သူများဟာ ပညာမဲ့PDF
များသာဖြစ်ပါကြောင်း
မြန်မာ့သမိုင်းဝင်
မှတ်တမ်းတင်ထားသွားရမှာ
မုချအမှန်တရားသာဖြစ်ပါသည်။

ပင်းတယပြည်သူ့အသံ
သတင်းမှန်

-CHECK
https://t.me/factcheckmm

ပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာလို့ဆိုပြီးတောထဲရောက်နေတဲ့ အကြမ်းဖက် PDF တွေနဲ့ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေတဲ့အဖွဲ့တွေက စကစတပ...
14/02/2024

ပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာလို့ဆိုပြီး
တောထဲရောက်နေတဲ့ အကြမ်းဖက် PDF တွေနဲ့
ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေတဲ့အဖွဲ့တွေက
စကစတပ်ထဲ မဝင်ဖို့၊ စကစတပ်ထဲဝင်ရင်
ရှေ့တန်းပို့ခံရပြီး စစ်တိုက်ရမှာဖြစ်ကြောင်း
ဒါကြောင့် စကစ တပ်ထဲမဝင်ဘဲ PDF ထဲဝင်ဖို့
မဲဆွယ်နေကြလေရဲ့။

ကဲ မင်းတို့ပြောသလို အချို့သော လူငယ်တွေ
မင်းတို့ PDF ရောက်သွားပြီဆိုပေါ့
မင်းတိုက စစ်မတိုက်ခိုင်းဘဲ တစ်သက်လုံး
ထိုင်ကျွေးထားမယ်ထင်နေလား..?

နိုး ပါ...
တောထဲမှာ နေပြီး စားရမဲ့ သောက်ရမဲ့နဲ့
ငတ်နေကြမှာ။

ဒါ့အပြင် မင်းတို့လူငယ်တွေ ခုမှ တောထဲဝင်သွားပြီဆိုရင် မင်းတို့ကို အမြဲမသင်္ကာတဲ့မျက်လုံးတွေနဲ့စောင့်ကြည့်ခံရမှာ။

ပြီးရင် တပ်မတော်နဲ့မင်းတို့ကို စစ်တိုက်ခိုင်းမှာပဲ။
အခန့်မသင့်ရင် စကစ ဒလန်ဆိုပြီး အသတ်ခံရဦးမှာ။
အဆုံးစွန်ဆုံး မင်းတို့ မသေဘူးဆိုရင်တောင် မင်းတို့
မိဘတွေ ဇနီးသား သမီးတွေနဲ့ တစ်သက်လုံး ဘယ်တော့မှ ပြန်တွေ့ရမှာမဟုတ်တော့ဘူး။
အေးချမ်းမှုဆိုတာ မင်းတို့ဘဝမှာ ပျောက်ကွယ်သွားမယ်။

တပ်မတော်ထဲမှာ စစ်မှုထမ်းရင် ၂ နှစ်ပဲ တာဝန်ထမ်းဆောင်ရမှာ။၂ နှစ်ပြည့်ရင် ပြန်ထွက် အေးဆေး။
ဒါတောင် ပညာသည်အဖွဲ့တွေက ပညာရှင်လိုနေရမှာ။

စစ်မတိုက်ချင်လို့ တပ်မတော်မဝင်ဘဲ
PDF ဝင်လိုက်မယ်ဆိုရင်
တစ်သက်လုံး စစ်တိုက်နေရမှာ။

သူတို့တောင်စားစရာမရှိ၊ နေစရာမရှိလို့ အလှူခံစား
နေရတာကို ယုံကြည်ရင်တော့ မင်းတို့အမှားပဲနော်။

အဲဒီတော့ စဉ်းစားပေါ့။

သတင်းတွေဖတ်ရန်
ပင်းတယပြည်သူ့အသံ
သတင်းမှန်ကိုဖတ်ပါ

Crd Telegram မှိုင်းဝေ

နိုင်ငံသားများအချင်းချင်းအပြစ်မဲ့ပြည်သူများကို ဒလန်စွပ်စွဲ ရက်ရက်စက်စက်ဥပဒေမဲ့သတ်ဖြတ်နေကြသည့် တိုင်းတစ်ပါးသားနယ်ချဲ့လက်က...
12/02/2024

နိုင်ငံသားများအချင်းချင်းအပြစ်မဲ့ပြည်သူများကို ဒလန်
စွပ်စွဲ ရက်ရက်စက်စက်
ဥပဒေမဲ့သတ်ဖြတ်နေကြသည့် တိုင်းတစ်ပါးသား
နယ်ချဲ့လက်ကိုင်တုတ်အကြမ်းဖက်PDF
လူသတ်အဖွဲ့ကို နှိမ်နင်းဖို့
လွတ်လပ်ရေးကိုကာကွယ်ဖို့။သူ့ကျွန်ဘဝ
ထပ်မ‌ကျရောက်စေဖို့
ပြည်ထောင်စုမျိုးချစ်
တပ်မတော်ထဲသို့
ဝင်ကြစို့

ပင်းတယပြည်သူ့အသံ
သတင်းမှန်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်နေပြည်တော် ဖေဖော...
12/02/2024

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် M-4 အမျိုးအစား မောင်းပြန်ရိုင်ဖယ် (၁) လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၅၀)၊ G***k ပစ္စတို (၁) လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ Zoraki ပစ္စတို (၁) လက်အတွက် ကျပ်သိန်း(၂၀)၊ စုစုပေါင်းကျပ်သိန်း(၉၀)နှင့် ထောက်ပံ့ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအား လည်းကောင်း၊ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ ၎င်းတို့နှင့်အတူပါလာသည့် M-4 အမျိုးအစား မောင်းပြန်ရိုင်ဖယ် (၁) လက်၊ G***k ပစ္စတို (၁)လက်၊ Zoraki ပစ္စတို(၁) လက်အားအပ်နှံကြရာ တိုင်းမှူးက လက်ခံရယူသည်။

၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများ၏ မိသားစုဝင်များကိုယ်စား ဖခင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပင်းတယပြည်သူ့အသံ
သတင်းမှန်

"မိဘ ပြည်သူများသိစေရန်"အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်PDFလူသတ် သူပုန်အဖွဲ့ထဲသို့၀င်ရောက်သွားသည့်၀င်ရောက်နေသည့်၀င်ရေ...
08/02/2024

"မိဘ ပြည်သူများ
သိစေရန်"

အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်
PDFလူသတ် သူပုန်
အဖွဲ့ထဲသို့
၀င်ရောက်သွားသည့်
၀င်ရောက်နေသည့်
၀င်ရောက်ရန်ပြင်နေ
သည့် သားသမီးများ
ရှိပါက မိဘများ‌
ဆွေမျိုးသားချင်းများက
တားမြစ်ပေးပါရန်နှင့်
ဥပဒေဘောင်အတွင်း
ပြန်လည်အလင်းဝင်
ရောက်စေရေး ဆက်သွယ်ခေါ်ယူပေးရန်

အကြမ်းဖက်သူပုန် PDF
အဖွဲ့ထဲဝင်ရောက်ပြီး
မိမိဒေသကို စစ်မီးလောင်‌တိုက်သွင်းရန်
ပြုလုပ်မှုများကို လည်း
အားမပေးကြပါရန်နှင့်
မိမိသားသမီးများ
ရုတ်တရက်ပျောက်ဆုံးမှုရှိပါကသက်ဆိုင်ရာသို့
အချိန်မီ သတင်းပို့ပေးကြပါရန် ဓနုမိဘပြည်သူများကိုယ်စား ပင်းတယပြည်သူ့အသံ သတင်းမှန် မှ တင်ပြလိုက်ပါသည်။

အကြမ်းဖက် PDF ကို
အားမပေး
ရန်နှင့် အားပေးမိပါက
အကြမ်းဖက်ဥပဒေအရ
မိမိပိုင် အိုးအိမ် ခြံမြေပိုင်ဆိုင်မှုများအားလုံး နိုင်ငံတော်မှ
ချိပ်ပိတ်သိမ်းဆည်း
ခြင်းပြစ်ဒဏ်ပေးခြင်း
ခံရမည်ဖြစ်ပါသည်။

မိမိဒေသကို မိမိချစ်မြတ်နိုးစွာကာကွယ်ပါ။

ပင်းတယပြည်သူ့အသံ
သတင်းမှန်

အမြဲလိမ်ညာ VOP နဲ့ခမ်းသာငေါင် ပါမဟုတ်တမ်း လိမ်ညာနေတဲ့ သတင်း ပါ
03/02/2024

အမြဲလိမ်ညာ VOP နဲ့ခမ်းသာငေါင် ပါ

မဟုတ်တမ်း လိမ်ညာ
နေတဲ့ သတင်း ပါ

"မဲသူခိုး အဖြစ်မှလူသိများလာ၍နှုတ်ထွက်ခြင်း"၂၀၂၀ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင်မဲမသမာမှု မဲခိုးမှုကျူးလွန်မှုဖြင့်တိမ်းရှေ...
01/02/2024

"မဲသူခိုး အဖြစ်မှ
လူသိများလာ၍
နှုတ်ထွက်ခြင်း"

၂၀၂၀ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင်
မဲမသမာမှု မဲခိုးမှုကျူးလွန်မှုဖြင့်
တိမ်းရှောင်နေပြီး
မိမိဒေသရှိ လက်နက်မကိုင်ထားသော သာမန်ပြည်သူ အပြစ်မဲ့ပြည်သူများကို ဒလန်စွပ်စွဲ
သတ်ဖြတ်ခိုင်းခဲ့သော
အကြမ်းဖက်လူသတ်
သူပုန်အဖွဲ့DPLAကို
ဖွဲ့ပြီး ခေါင်းဆောင်
လုပ်နေသောသူပုန်
မဲသူခိုး ထွန်းထွန်းနိုင်
သည်။၎င်းမဲခိုးခဲ့ပြီး
အနိုင်ရသလိုလုပ်ခဲ့သည့်
ဖြစ်စဉ်ကို ဓနုလူမျိုး
ရဟန်းရှင်လူ ပြည်သူအများကသိနေကြပြီ
ဖြစ်၍ အရှက်ပြေ
အမတ် အဖြစ်မှ
နှုတ်ထွက်ကြောင်း
လိုင်းပေါ်တင်လာသည်
ကို သိရှိ‌ပြောဆို
နေကြပါကြောင်း
ဓနုပြည်သူအများက
ပင်းတယပြည်သူ့အသံ
သတင်းမှန်မှတဆင့်
တင်ပြလိုက်ပါသည်။

ပင်းတယပြည်သူ့အသံ
သတင်းမှန်
၁-၂-၂၀၂၄ နိုင်ငံတော်အာဏာကို NLD ပါတီမှ
မဲမသမာမှု
ဖြင့်မတရားရယူရန်ကြိုးစားသဖြင့် ခေတ္တအာဏာထိန်းခဲ့သော၃နှစ်မြောက်နေ့

၁-၂-၂၀၂၄ ရက်ဆိုင်ပိတ်ချင်ရင် ပိတ်ပါဆိုင်ပိတ်ခြင်းသည် !!!အကြမ်းဖက်ကို အားပေးခြင်းဖြစ်တယ်ဝန်းရံခြင်းဖြစ်တယ်ထောက်ခံခြင်းဖြစ...
31/01/2024

၁-၂-၂၀၂၄ ရက်
ဆိုင်ပိတ်ချင်ရင် ပိတ်ပါ

ဆိုင်ပိတ်ခြင်းသည် !!!
အကြမ်းဖက်ကို အားပေးခြင်းဖြစ်တယ်
ဝန်းရံခြင်းဖြစ်တယ်
ထောက်ခံခြင်းဖြစ်တယ်

တိုင်းပြည်
ဆူပူမှုဖြစ်အောင်လုပ်ခြင်းဖြစ်တယ်
အကြပ်ရောက်အောင်လုပ်ခြင်း ဖြစ်တယ်

ဒါကြောင့် သင်ဆိုင်ပိတ်မည်ဆိုပါက
စဥ်းစားပါ

ကျွန်ုပ်တို့မှာ နားမျက်စိများစွာရှိပါတယ်

ပင်းတယပြည်သူ့အသံ
သတင်းမှန်
Crd
ဓာတ်ပုံ တိုင်းတစ်ပါးနယ်ချဲ့လက်ကိုင်တုတ် အကြမ်းဖက် လူသတ်
အဖွဲ့၏ ဝါဒဖြန့် ပုံများ

တိုင်းတစ်ပါးနယ်ချဲ့လက်ပါးစေ မီဒီညာ"အရှက် မရှိအမြဲလိမ်ညာ VOP ပါ"တိုင်းပြည်ပြိုကွဲအောင်ဒေသပျက်ဆီးအောင်မုသာဝါဒ အလိမ်အညာသတင်...
24/01/2024

တိုင်းတစ်ပါးနယ်ချဲ့
လက်ပါးစေ မီဒီညာ
"အရှက် မရှိ
အမြဲလိမ်ညာ VOP ပါ"

တိုင်းပြည်ပြိုကွဲအောင်
ဒေသပျက်ဆီးအောင်
မုသာဝါဒ အလိမ်အညာ
သတင်းတွေ အမြဲရေးတင်နေတဲ့ Voice of Pindaya (VOP) ကို
ဖတ်ပြီး ဒေသနေ
ပညာတတ်
ပြည်သူအများက
သိနေကြပါပြီလို့
ဌာနေပြည်သူအများကိုယ်စား
ပင်းတယပြည်သူ့အသံ
သတင်းမှန်မှဖော်ပြပေး
လိုက်ပါသည်။ဖတ်
ကြည့်လိုက်တာနဲ့
မူးယစ်ဆေးဝါးသမားတွေကို ပြန်လွတ်ပေးလိုက်တယ်လို့
ရှေ့ နောက် မညီရေးတင်
တာ ကိုက သိသာနေ
တာပါ။တကယ်လုပ်သွားတာက ယာဉ်ကိုတားပြီး
ငွေတောင်းရမ်းသွားတယ်။သူတို့ဝါဒဖြန့်
Video ရိုက်ခံရတဲ့ကားတစ်စီးကို လွတ်ပေးသ‌
‌‌လို ရိုက်ပြ လိုက်တယ်။
နောက်ဆုံးတော့ နယ်ချဲ့
နောက်လိုက်ခွေးသူပုန်ဟာသူပုန်ပါဘဲ။

လိမ်ညာမှုကိုဖတ်မြင်သိရှိနိုင်ပါတယ်

မြို့ပေါ်တက်လာတာနဲ့
ပြည်သူတွေပစ်တဲ့ ခဲနဲ့
ပဲ အသေအချာ ပစ်ခံရမှာအမှန်ပါ။ ဓနုလူမျိုးအချင်းချင်း ဒလန်စွပ်စွဲသတ်ဖြတ်ခဲ့တဲ့မင်းတို့
လုပ်ရပ်ကြောင့် ဒေသခံပြည်သူတွေရွံမုန်းနေတာကြာပြီ

Address

Up Police Station
Pindaya
278278

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959689929902

Website

Alerts

Be the first to know and let us send you an email when Pindaya People's Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pindaya People's Voice:

Videos

Share