Hnin Set Eain-နှင်းစက်အိမ်

Hnin Set Eain-နှင်းစက်အိမ် Follow your dreams! You are main character of your life 👑!

09/09/2024

မိုးရာသီမှာ ရုပ်ဆိုးဆိုးနေကြာတွေ ပွင့်နေကြတယ်💛🌻
မနည်း‌ကြည့်ယူလိုက်ရတယ် အမောပြေသွားတာပဲ 😁
တကယ်က အမောဆို့သွားတာ😂🫣🤭

အဝါရောင်တွေဟာ ပျော်ရွှင်ခြင်းမလား
ဆွဲနေတဲ့ခဏတုန်းတော့ စိတ်အမောပြေခဲ့ရပါတယ်💛

07/09/2024

အိမ်မှာကြော်စားဖြစ်သော ပုစွန်ကြော်ပူပူလေး 🦐😋

Don't try to perfect 💌Be real who you are ❤️.....အရာရာ ပြီးပြည့်စုံတဲ့သူတယောက်ဖြစ်ဖို့မကြိုးစားပါနဲ့ စစ်မှန်တဲ့နှလုံးသား...
20/08/2024

Don't try to perfect 💌
Be real who you are ❤️.....
အရာရာ ပြီးပြည့်စုံတဲ့သူတယောက်ဖြစ်ဖို့မကြိုးစားပါနဲ့
စစ်မှန်တဲ့နှလုံးသားနဲ့ ရှေ့ဆက်ပါ တနေ့မှာ ပြီးပြည့်စုံလာပါလိမ့်မယ်။
စိတ်ညစ်ရင် မှန်ကြည့်ပါ
ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်ပါ
တခြားသူတွေအမြင်ထက် ကိုယ့်နှလုံးသားထဲကကိုယ့်အမြင်က
ကိုယ့်ဘဝအတွက် အရေးပါတာမလို့ ကိုယ့်စိတ်ကိုအမြဲဂရုစိုက်ပါ။


20082024🖤
Photo..Pinterest

လွန်ခဲ့တဲ့လက မေးထားသော ပစ္စည်းကို Online shop မှာဈေးပြန်မေးနေချိန်နှင့် ဈေးပြောပြီးနှစ်ဖက်အခြေအနေ😁😁ရောင်းရတော့မလိုလို ဝယ...
14/08/2024

လွန်ခဲ့တဲ့လက မေးထားသော ပစ္စည်းကို Online shop မှာဈေးပြန်မေးနေချိန်နှင့်
ဈေးပြောပြီးနှစ်ဖက်အခြေအနေ😁😁
ရောင်းရတော့မလိုလို ဝယ်ရတော့မလိုလို 😵‍💫😂

စိတ်‌ရော လူရော မကျန်းမာတဲ့အခါ အိမ်ကိုလွမ်းကြောင်းအိမ်နဲ့တူတဲ့သူကိုပြောပြလို့ရသေးရင် မင်းကကံကောင်းတဲ့သူပေါ့ဒါဆို အိမ်နဲ့တ...
11/08/2024

စိတ်‌ရော လူရော မကျန်းမာတဲ့အခါ အိမ်ကိုလွမ်းကြောင်း
အိမ်နဲ့တူတဲ့သူကိုပြောပြလို့ရသေးရင် မင်းကကံကောင်းတဲ့သူပေါ့
ဒါဆို အိမ်နဲ့တူတဲ့သူက မရှိတော့ရင်ရော
အဲ့ဒီအဖြေကို လက်မခံချင်ပဲရှာတွေ့ခဲ့တယ်
မှန်ထဲကလူတယောက်ပါ

ကျတော်တို့ပြိုလဲကျသွားတိုင်း ဆွဲထူမတဲ့သူဟာ
တခြားတယောက်လို့အမြင်မှာရှိပေမယ့်
တကယ်တမ်းကတော့ ကိုယ်တိုင်ရဲ့စိတ်က အရေးကြီးဆုံးပါပဲ
ကျန်းမာတဲ့စိတ်နဲ့ကိုယ်အတွက်
တရက်လောက်ငိုပြီးရင်
မှန်ထဲကအဲ့လူကိုချစ်ပေးဖို့မမေ့ပါနဲ့❤️


11.08.2024

ခုရက်ထဲနေရောင်မမြင်ရတာကြာတော့ တခုခုလိုနေသလိုလိုမိုးရာသီမလို့ မိုးရွာတာပေမယ့်လဲ ရက်ရှည်ကြာလာဝောာ့ လွမ်းရပြန်တယ်😁You are m...
07/08/2024

ခုရက်ထဲနေရောင်မမြင်ရတာကြာတော့ တခုခုလိုနေသလိုလို
မိုးရာသီမလို့ မိုးရွာတာပေမယ့်လဲ ရက်ရှည်ကြာလာဝောာ့ လွမ်းရပြန်တယ်😁
You are my sunshine ဆိုတဲ့သီချင်းက ပေါ့ပေါ့လေးမဟုတ်ဘူး
အရမ်းအဓိပ္ပာယ်လေးနက်မှန်း ခုမှတွေးမိလာပါပြီ 💌

Photo-Pinterest

VPN မရတာနဲ့မတင်ဖြစ်တာကြာ မနှိပ်စက်ရတာကြာပေါ့🤣🤭အကောင်းဆုံးမဟုတ်ပေမယ့် လက်ရာ နည်းနည်းတိုးတက်လာလို့ပျော်မိ🫣😁Water color မှာ...
04/08/2024

VPN မရတာနဲ့မတင်ဖြစ်တာကြာ မနှိပ်စက်ရတာကြာပေါ့🤣🤭
အကောင်းဆုံးမဟုတ်ပေမယ့် လက်ရာ နည်းနည်းတိုးတက်လာလို့ပျော်မိ🫣😁
Water color မှာ သူများတွေဆွဲသလို အသက်ဝင်တဲ့ပုံတွေရဖို့ အဓိကဘာကို သတိထားရမလဲ မသိလို့ သိတဲ့သူများက ပြောပြပေးလိုရပါတယ်နော်
ရောင်းဖို့စီးပွားဖြစ်မဟုတ် ဝါသနာအရဆွဲတာမလို့ သင်တန်းလဲမတက်ချင်ပြန်ပါ😁




07/06/2024

🌧️🌧️🌧️🌧️



02/06/2024

To...
ဒီကမ္ဘာပေါ်မှာကောင်းတဲ့အရာတိုင်းက အိပ်မက်တခုကစလာတာပါပဲ💖



ပျော်စရာတွေနည်းလာတော့စကားတွေအများကြီးမပြောဖြစ်ဘူးဖုန်းတွေလဲမဆက်ဖြစ်ဘူးပြောပြစရာမလိုပဲကိုယ့်ကိုချစ်တဲ့သူတွေကျ အမြဲရင်ဘတ်ခ...
31/05/2024

ပျော်စရာတွေနည်းလာတော့
စကားတွေအများကြီးမပြောဖြစ်ဘူး
ဖုန်းတွေလဲမဆက်ဖြစ်ဘူး
ပြောပြစရာမလိုပဲ
ကိုယ့်ကိုချစ်တဲ့သူတွေကျ အမြဲရင်ဘတ်ချင်နီးနေတာပဲ

အရင်လို သူများကိုမနှစ်သိမ့်ပေးတတ်‌ဘူး
လူတိုင်းကကိုယ့်အပူနဲ့ကိုယ်ဆိုတော့
ဒုက္ခချင်းဘယ်သူမှ မလဲနိုင်
အသက်ရှင်ကျန်းမာတယ်ဆိုရင်ပဲ
ဝမ်းသာရပြန်တယ်

ကိုယ်လဲတတ်နိုင်သလောက် ငြိမ်းချမ်းအောင်နေတယ်
စိတ်ပင်ပန်း စိတ်ပူလာရင် မိနစ်ပိုင်း တရားထိုင်တယ်
အရှိကိုအရှိအတိုင်း လက်ခံပြီး
အနီးဆုံးလုပ်နိုင်တာကို ဆက်လုပ်ရင်းရှေ့ဆက်ရတယ်

ဒီလိုပါပဲ မိုးရာသီဟာ အမြဲရွာနေတာမှမဟုတ်တာ
ကော်ဖီလေးသောက်ရင်းသီချင်းနားထောင်ရရင်လဲကံကောင်းတာပဲမလား
မိုးရပ်သွားရင် သူ့ဆီကအလှတရားကို မိနစ်ပိုင်းလောက်ခံစားရင်း
အေးချမ်းသွားတဲ့ခဏကလဲ ပျော်ရွှင်မှုသေးသေးလေးပဲမဟုတ်ပါလား💙

31May2024

ဘွန်ဇိုင်းပင်လေးမဟုတ်ပေမယ့် ‌ပွင့်လာရင်မွှေးကြိုင်ဖြူဖွေးနေရော🤍🤍ပန်းတွေမြင်ရင် စိတ်တော့ခဏလန်းဆန်းသွားတာပဲမလား❤️စိတ်ထဲဝမ်...
29/05/2024

ဘွန်ဇိုင်းပင်လေးမဟုတ်ပေမယ့် ‌ပွင့်လာရင်မွှေးကြိုင်ဖြူဖွေးနေရော🤍🤍
ပန်းတွေမြင်ရင် စိတ်တော့ခဏလန်းဆန်းသွားတာပဲမလား❤️
စိတ်ထဲဝမ်းနည်းသလိုလို ပင်ပန်းသလိုရှိရင် ပန်းပွင့်တွေ ပန်းဆိုင်တွေရှိရာ သွားလေ့ရှိတယ် ရောက်သွားရင်စိတ်ထဲခဏအေးချမ်းသွားတယ်💙

#ယုဇနပန်း🤍💚
💙

27/05/2024

ဆွဲချင်တာကတော့လာဗန်ဒါပန်းခင်းပါ😁
Water color မသုံးဖူးတော့ tutorials ဆွဲပုံနည်းကြည့်ထားပေမယ့် တကယ်လုပ်တော့ရုပ်ထွက်ကspotsတွေဖြစ် kgကလေးဆွဲတာထက်ဆိုးနေပြီ😂
ဘာဖြစ်ဖြစ်စိတ်ကလေး နာရီဝက်လောက်ငြိမ်းချမ်း အာရုံစိုက်လို့ရတဲ့hobbyလေးကို အသစ်ပြန်အသက်သွင်းရင်း အမောပြေရုပ်ထွက်ချပြလိုက်ပြီ😁😂
လူပုံဆိုရင်တော့ တွေးသာကြည့်တော့😁😆🤣

21/05/2024

မိုးရွာနေပေမယ့် တစုံတယောက်နဲ့အတူရှိလို့ နွေးထွေးတယ်ခံစားရရင်လဲ သာယာတဲ့နေ့ဖြစ်သွားတာပါပဲ😍
Rainy days are perfect when I'm with you 🌧️💙💙🌧️.
ချစ်တဲ့သူတိုင်းအတူတူရှိနိုင်တဲ့မိုးရာသီလေးဖြစ်ပါစေ💌

ပိတောက်ပန်းလေး💛💚April လမှာမဖူးပွင့်ရပေမယ့်Mayလမှာတော့ ဖူးပွင့်ခဲ့ပါပြီ💛😍💦13May2024
13/05/2024

ပိတောက်ပန်းလေး💛💚
April လမှာမဖူးပွင့်ရပေမယ့်
Mayလမှာတော့ ဖူးပွင့်ခဲ့ပါပြီ💛😍💦

13May2024

Let the rain wash away yesterday's worries 🩵🌧️🤍💙💚💦10May2024 Photo.Pinterest
10/05/2024

Let the rain wash away yesterday's worries 🩵🌧️🤍💙💚💦

10May2024


Photo.Pinterest

လူက လိုချင်တာ လုပ်ချင်တာ ဘယ်တော့မှအလွယ်တကူမရတာများတော့ စိတ်တိုတယ် စိတ်ဓာတ်ကျတယ် ပျော်မနေဘူး 🖤ခုနောက်ပိုင်း ကိုယ်တိုင်ကမပ...
09/05/2024

လူက လိုချင်တာ လုပ်ချင်တာ ဘယ်တော့မှအလွယ်တကူမရတာများတော့
စိတ်တိုတယ် စိတ်ဓာတ်ကျတယ် ပျော်မနေဘူး 🖤
ခုနောက်ပိုင်း ကိုယ်တိုင်ကမပျော်တော့ သူများကိုလဲအားပေးစကားမပြောတတ်သလို
ပျော်စရာလဲရှာမတွေးပြတတ်ဘူး🩵
ဒါပေမယ့် ကျတော်စကားပြောရင် သူများစိတ်ချမ်းသာအောင်တော့ အတတ်နိုင်ဆုံးပြောလိုက်တယ် အဲ့တာက တချိန်ပြန်ဆုံဖြစ်တိုင်း သူငယ်ချင်း မိတ်ဆွေတွေကပြန်ပြောပြလို့သိရတာ ကိုယ်ကတော့ပြောပြီးမေ့နေ‌ပါရော 😁
အဲ့တော့ ကိုယ့်ဘဝကိုစိတ်ညစ်ရင် ဝါးပင်လေးတွေကြည့်ဖြစ်တယ်
ဝါးပင်ဥပမာအတိုင်း ငါအခုမှမြေကြီးထဲကထွက်နေရတာမလို့ အလင်းရောင်တွေမမြင်ရသေးတာလို့ပဲ ခံယူရင်း စိတ်ဖြေလိုက်ရတယ်💚
နေရောင်ခြည်ကအမြဲရှိနေပါတယ် ကျ‌တော်တို့ရောက်နေတာညဖြစ်နေတဲ့အခိုက်တွေဖြစ်နိုင်ပါတယ် တနေ့မှာနေသာတဲ့နေ့ခင်း အလင်းရောင်လေးရှိတာနဲ့ ဆုံနိုင်ပါလိမ့်မယ် 💛

09May2024

အတူရှိတုန်းလေး ချစ်ပါအတူရှိတုန်းလေး ခင်ပါအတူရှိတုန်းလေး မေတ္တာထားပါအရာရာက ဘယ်ချိန်ပျောက်ကွယ်သွားမလဲမသိရလို့ အနားမှာ အတူရ...
06/05/2024

အတူရှိတုန်းလေး ချစ်ပါ
အတူရှိတုန်းလေး ခင်ပါ
အတူရှိတုန်းလေး မေတ္တာထားပါ
အရာရာက ဘယ်ချိန်ပျောက်ကွယ်သွားမလဲမသိရလို့
အနားမှာ အတူရှိတာလေးတွေကို တန်ဖိုးထားပါ
အခုအတူရှိတဲ့ ပစ္စုပ္ပန်ကာလလေးက တန်ဖိုးအရှိဆုံးအချိန်ပါပဲ❤️

🩶🖤ပုံလေးထဲကကြောင်ကလေးကအတူမရှိတော့ပါဘူး
ဓာတ်ပုံလေးကတော့ အတူရှိmemoryလေးတခု🖤🩶

ခုနောက်ပိုင်း စိတ်ချမ်းသာဖို့ လုပ်ချင်တာရှိရင် ချက်ချင်းထလုပ်ပါတယ်Perfect ဖြစ်ဖို့ ပိုကောင်းတဲ့အချိန်ရောက်ဖို့လဲ မစောင့်...
05/05/2024

ခုနောက်ပိုင်း စိတ်ချမ်းသာဖို့ လုပ်ချင်တာရှိရင် ချက်ချင်းထလုပ်ပါတယ်
Perfect ဖြစ်ဖို့ ပိုကောင်းတဲ့အချိန်ရောက်ဖို့လဲ မစောင့်နိုင်ပါဘူး
ကောင်းတာမကောင်းတာထက် ပိုက်ဆံအရမ်းမကုန် 😁
သူများမထိခိုက်ဖူးဆို အကုန်လုပ်ပါတယ်😆
ပြောချင်တာက တရက်ချင်းရှင်သန်ရတာ မလွယ်ကူပေမယ့်
မနက်ဖြန်တွေဟာလဲ မသေချာနေလို့ လုပ်ချင်တာ လုပ်ပြီး
ဘဝကို နောင်တနည်းသမျှနည်းအောင်နေထိုင်ရင်း
အချိန်တွေ ဖြတ်သန်းရအောင်💙

05May2024


ပုံကတော့စိတ်ထွက်ပေါက်အနေနဲ့ဆွဲထားပြီး ဝါသနာရှင်အဆင့်မလို့ လိုအပ်တာများပါတယ် ထည့်ချင်လို့ထည့်တာပါ😂

ဘဝမှာရေရေရာရာမရှိတဲ့ နေ့တွေထဲရှင်သန်ရတာ ပင်ပန်းလာတဲ့အခါတိုင်းကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ဘဝကထင်သလိုမဖြစ်တိုင်းကျတော်အမြ...
04/05/2024

ဘဝမှာရေရေရာရာမရှိတဲ့ နေ့တွေထဲ
ရှင်သန်ရတာ ပင်ပန်းလာတဲ့အခါတိုင်း
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

ဘဝကထင်သလိုမဖြစ်တိုင်း
ကျတော်အမြဲ ကိုယ့်ဘာသာပြောတတ်တဲ့စကား
3 idiots ကားကြည့်ပြီးထဲက စွဲသုံးမိတာ
All is well ပါပဲပေါ့။

ပြီးတော့လဲ ပြီးသွားမှာပါပဲ
အရာရာအဆင်မပြေတိုင်း ကိုယ့်ကိုယ်ကိုတော့
ဂရုစိုက်ဖို့မမေ့ကြပါနဲ့။
Love yourself 🩶

04May2024

Hello May 🩶You can feel the beauty of nature 💙🩵🩶🖤အပြာရောင်ကောင်းကင်ကို စမြင်ပါသလား💙သစ်ပင်တွေကိုစမြင်ပါသလား💚ငှက်တစ်ကောင်က...
04/05/2024

Hello May 🩶
You can feel the beauty of nature 💙🩵🩶🖤

အပြာရောင်ကောင်းကင်ကို စမြင်ပါသလား💙
သစ်ပင်တွေကိုစမြင်ပါသလား💚
ငှက်တစ်ကောင်ကို စမြင်ပါသလား🖤

ငှက်ကိုစမြင်ရင်တော့ မျက်လုံးအရမ်းအာရုံစိုက် ကောင်းတဲ့သူပါပဲ😁

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Hnin Set Eain-နှင်းစက်အိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Set Eain-နှင်းစက်အိမ်:

Videos

Share