Thar Hthin

Thar Hthin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thar Hthin, Media, Pathein.

03/10/2023

မျှော်လင့်ချက်တွေ ၊ အားကိုးချင်စိတ်တွေ နည်းပါးအောင် နေထိုင်ပါ ။

တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုး မဖြစ်ပါစေနဲ့ ။
" ဘယ်သူမှ မရှိလည်း ဖြစ်တယ် ၊ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် "
ဆိုတဲ့ လူမျိုးဖြစ်အောင်သာကြိုးစားပါ ။

ကျွန်တော်တို့ဟာ တစ်ယောက်တည်း မွေးဖွားပြီး ၊
တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေ … ။
တည်မြဲခြင်းဆိုတဲ့ အရာ ဘာတစ်ခုမှ ရှိမနေပါဘူး ။

ကျွန်တော်တို့ဟာ ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ မလွန်ကဲသွားစေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ် ။ ဘယ်သူကမှ ကျွန်တော်တို့အနား ကြာကြာမနေနိုင်ကြပါဘူး ။

မနှစ်က ဘေးနားကလူတွေဟာ အခုချိန် မရှိတော့ဘူး ။ နောက်နှစ်တွေမှာလည်း ဒီအဖြစ်က ထပ်ကြုံရပါဦးမယ် ။ အခုရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါဦးမယ် ။
ပိုင်ဆိုင်မှုတွေတိုင်းဟာ အဆုံးသ-တ်မှာ စွန့်လွှတ်ရဖို့ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတတ်ပါစေ။

မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့ ။
ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ ၊ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင် ပိုနာကျ င်ရတတ်ပါတယ် ။

အရာရာတိုင်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
အဆုံးမတတ်နိုင်တာမို့ တစ်ချို့အရာတွေအပေါ် တွယ်ငြိမှုမထားတာကပဲ ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

အားကိုးချင်တဲ့ စိတ်တွေကိုလျော့ ၊ တွယ်ငြိမှုတွေကို လျော့ ၊ ကိုယ်ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လျော့လိုက်ပါ။

အဆိုးဆုံးတွေကို ကြိုတင်တွေးထားတဲ့အခါ ၊
ဖြစ်လာတဲ့ အခက်ခဲတွေဟာ ကျွန်တော်တို့ ထင်သလောက် မဆိုးရွာနိုင်တော့ဘူး မဟုတ်လား ။

ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင်သင်ယူပါ ။ ဘယ်သူ့ကိုမှ မှီခိုအားကိုဖို့ မလိုအောင် ကြိုးစားပါ ။

ဘယ်လောက်လေးပဲ လင်းလင်း ကိုယ်ပိုင်အလင်း အစစ် ဖြစ်ဖို့သာလျှင်အရေးကြီးပါတယ် ။

ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပလာနိုင်တဲ့အခါ ကျနော်တို့အားလုံးဟာ အေးစက် မှောင်မိုက်ခြင်းကို မကြောက်တဲ့ ပိုးစုန်းကြူးငယ် လေးတွေလိုပေါ့ … ။

- Thar Htwe -

" Live Alone , Be Strong " from Live Life Satisfied .

#ကျေနပ်စွာနေထိုင်ခြင်း


Crd
----------

စာအုပ်ကိုသဘောကျဖတ်ရှုလို၍ မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🌿

16/09/2023

Address

Pathein

Telephone

+959693773816

Website

Alerts

Be the first to know and let us send you an email when Thar Hthin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Media in Pathein

Show All