YGA News

YGA News i will give u update real news

ရွှေစည်းခုံ
04/11/2022

ရွှေစည်းခုံ

🧑‍💻 ဖုန်း ပြုပြင်ခြင်း ပညာဖြင့် ၀င်ငွေရှာဖွေချင်သူများ ၊    ဘ၀ အာမခံချက် သေချာခိုင်မာအောင် သင်ကြားပေး  နိုင်တဲ့ သင်တန်းက...
11/08/2022

🧑‍💻 ဖုန်း ပြုပြင်ခြင်း ပညာဖြင့် ၀င်ငွေရှာဖွေချင်သူများ ၊

ဘ၀ အာမခံချက် သေချာခိုင်မာအောင် သင်ကြားပေး

နိုင်တဲ့ သင်တန်းကျောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ...

မေး - ကွန်ပျူတာ မသုံးတက်ဘူး သင်တန်းတက်လို့
အဆင်ပြေပါ့မလား

ဖြေ - အခြေခံ ကွန်ပျူတာ အသုံးပြုနည်းမှစပြီး
ဖုန်းပြုပြင်ခြင်းနယ်ပယ် မှာ Pro Level အထိ
တက်လှမ်းနိုင်အောင် လေ့ကျင့်သင်ကြားပေးပါမည်

✅ ဖုန်းပြုပြင်ခြင်း နယ်ပယ်တွင် အတွေ့အကြုံ (10)နှစ်
ကျော် ရှိတဲ့ Mobile Phone Service Technician မှ
စာတွေ့ လက်တွေ့ ကျွမ်းကျင်သည်အထိ
သင်ကြားပေးပါမည်

📱 Mobile Phone Software Course

📱 Mobile Phone Hardware Course

💻 Computer A+ Course

🧑‍🏫 Mobile Phone Shop Management

* သင်ကြားပြီးသော အပိုင်းအား ကျွမ်းကျင်ခြင်း ရှိမရှိ
စာတွေ့ လက်တွေ့ စာမေးပွဲ ဖြေဆိုရမည်

* စာတွေ့ လက်တွေ့ ကျွမ်းကျင်မှသာ Certificate
လက်မှတ်ထုတ်ပေးပါမည်

* သင်တန်းပြီးဆုံးပါက လိုအပ်သော Data , Firmware များပံ့ပိုးပေးမည်

* သင်တန်း Facebook Group မှာ Update ဖုန်းပြုပြင်
ခြင်းများကိုလဲ Sharing ပြုလုပ်ပေးမည်

* ဆိုင်ဖွင့်ချင်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါမည်

ဆားကြမ်းလေးနင်းတာပါပဲ...ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြုလို့ရပါတယ်....နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီ...
08/01/2022

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....
နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။
Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။
(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။
(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။
(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။
(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။
(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
-
Sharing by MKK Business Group

📱 Xiaomi Mi Max 2 Replacement                           ( မှန် လဲခြင်း )📱 Xiaomi ဖုန်းများ ပြုပြင်ခြင်း video များကို   ...
15/12/2021

📱 Xiaomi Mi Max 2 Replacement

( မှန် လဲခြင်း )

📱 Xiaomi ဖုန်းများ ပြုပြင်ခြင်း video များကို

( YG Bagan Tech ) YouTube channel မှာ

အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

👉 Update တင်တိုင်း အမြဲသိရှိနိုင်ရန်

( subscribe ) ခလုတ်လေးကိုနှိပ်ထားပေးပါခင်ဗျာ

https://youtu.be/uoszLZtoCHo

* I would like to share mobile phone , computer hardware , software tutorials and reviews.*** Mobile Hardware Tutorials **- Mi 8 Lite Battery and Back Cover...

📱 Realme C11 မှန်လဲခြင်း📱မိုဘိုင်းဖုန်း ပြုပြင်ခြင်း video များ      လေ့လာလိုပါက ( YG Bagan Tech )         YouTube chann...
11/12/2021

📱 Realme C11 မှန်လဲခြင်း

📱မိုဘိုင်းဖုန်း ပြုပြင်ခြင်း video များ

လေ့လာလိုပါက ( YG Bagan Tech )

YouTube channel မှာ အခမဲ့ လေ့လာနိုင်ပါသည်

https://youtu.be/Ds7xC5YCrkg

* I would like to share mobile phone , computer hardware , software tutorials and reviews.*** Mobile Hardware Tutorials **- Mi 8 Lite Battery and Back Cover...

📱 Redmi Note 4 / 4x Battery Replacement                           ( ဘက်ထရီ လဲခြင်း )📱 Xiaomi ဖုန်းများ ပြုပြင်ခြင်း vide...
10/12/2021

📱 Redmi Note 4 / 4x Battery Replacement

( ဘက်ထရီ လဲခြင်း )

📱 Xiaomi ဖုန်းများ ပြုပြင်ခြင်း video များကို

( YG Bagan Tech ) YouTube channel မှာ

အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

👉 Update တင်တိုင်း အမြဲသိရှိနိုင်ရန်

( subscribe ) ခလုတ်လေးကိုနှိပ်ထားပေးပါခင်ဗျာ

https://youtu.be/ebCxT43hhWQ

* I would like to share mobile phone, computer hardware , software tutorials and reviews.*** Mobile Hardware Tutorials ** - Redmi Note 7 Pro Battery and Back...

30/11/2021

* I would like to share mobile phone, computer hardware, software tutorials, and reviews.*** Mobile Hardware Tutorials **- Mi 8 Lite Battery and Back Cover ...

24/11/2021
📲 Realme C 11 မှန်လဲခြင်း 📲 မိုဘိုင်းဖုန်း ပြုပြင်လဲလှယ်ခြင်း သင်ခန်းစာများကို     YG Bagan YouTube channelမှာ အခမဲ့    ...
18/09/2021

📲 Realme C 11 မှန်လဲခြင်း

📲 မိုဘိုင်းဖုန်း ပြုပြင်လဲလှယ်ခြင်း သင်ခန်းစာများကို

YG Bagan YouTube channelမှာ အခမဲ့

လေ့လာနိုင်ပါပြီ။

ှန်လဲနည်း

https://youtu.be/4ipURIgpz5k

# # # Mobile Hardware Tutorials # # Mi 9 Battery Replacementhttps://youtu.be/5ZtylZq6ZTYRedmi Note4x Battery Replacementhttps://youtu.be/bfHi5JWbl0URed...

📲 Xiaomi Mi 9 SE မှန်လဲခြင်း လေ့လာနိုင်ပါသည်
04/09/2021

📲 Xiaomi Mi 9 SE မှန်လဲခြင်း လေ့လာနိုင်ပါသည်

-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

📲 Redmi K30 နောက်ကာဗာ လဲနည်း       လေ့လာ နိုင်ပါသည်📲 ဖုန်းပြုပြင်နည်း သင်ခန်းစာများကို     ( YG BAGAN ) YouTube channel ...
31/08/2021

📲 Redmi K30 နောက်ကာဗာ လဲနည်း

လေ့လာ နိုင်ပါသည်

📲 ဖုန်းပြုပြင်နည်း သင်ခန်းစာများကို

( YG BAGAN ) YouTube channel မှာလေ့လာ

နိုင်ပါသည်

📲 သင်ခန်းစာအသစ်တင်တိုင်း ချက်ချင်းသိရှိနိုင်

ရန် subscribe လုပ်ပြီး noti bell လေးကို

နှိပ်ထားပေးပါ

#ကာဗာ

https://youtu.be/HOTyaX3v1ys

-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

 ုန်းမှန်လဲနည်း လေ့လာနိုင်ပါသည်📲YG BAGAN youtube channel လေးကို subscribe လုပ်ထားပြီး အသစ်သစ်သော မိုဘိုင်းဖုန်း နည်းပညာ ...
16/07/2021

ုန်းမှန်လဲနည်း လေ့လာနိုင်ပါသည်

📲YG BAGAN youtube channel လေးကို subscribe လုပ်ထားပြီး အသစ်သစ်သော မိုဘိုင်းဖုန်း နည်းပညာ များလေ့လာလိုက်ပါ

#ဖုန်း ုန်းမှန်လဲနည်း #မှန်လဲနည်း


https://youtu.be/Ti101a_PrcQ

-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

  ဖုန်းများ factory erase ချပြီး Google Account မမှတ်မိပါက ကျော်နည်းလေး လေ့လာနိုင်ပါသည်                      https://you...
06/07/2021

ဖုန်းများ factory erase ချပြီး Google Account မမှတ်မိပါက ကျော်နည်းလေး လေ့လာနိုင်ပါသည်



https://youtu.be/axwU1DbV93U

-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

Mi ဖုန်းများ မှန်လဲခြင်းလေ့လာနိုင်ပါသည်📲 Mi Max 2 screen replacement ( မှန်လဲနည်း )
30/06/2021

Mi ဖုန်းများ မှန်လဲခြင်းလေ့လာနိုင်ပါသည်

📲 Mi Max 2 screen replacement ( မှန်လဲနည်း )


-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

📱 iPhone မှန်လဲခြင်း လေ့လာနိုင်ပါသည်📱📲 iPhone8 Touch / Lcd Replacement 📲( YG BAGAN ) youtube channel ကို     ( subscribe...
24/06/2021

📱 iPhone မှန်လဲခြင်း လေ့လာနိုင်ပါသည်📱

📲 iPhone8 Touch / Lcd Replacement

📲( YG BAGAN ) youtube channel ကို

( subscribe ) လေးလုပ်ထားပေးပါ

📲 ဖုန်း review များ ဖုန်းပြုပြင်ခြင်း သင်ခန်းစာ

များကို တင်ပေးသွားပါမည်





https://youtu.be/IO4xhHdh7uc

-- Hello friends, i would like to share mobile phone hardware and software tutorials video ** Please subscribe and click the notification bell icon not to mi...

26/05/2021

Class dismissed (2)
=================
NLD အစိုးရဟာ အခြေခံပညာမူလတန်းအဆင့်စာမေးပွဲအချို့ကိုဖယ်ရှားခဲ့တာကို တွေးကြည့်ပါ။

သူတို့ရည်ရွယ်ခဲ့တာက #စက်ရုံထုတ်ပညာရေးဖြစ်တဲ့ ဒါသင်-ဒါကျက်-ဒါမေး-ဒါဖြေစနစ်ကို ပြောင်းလဲပစ်ချင်လို့ဖြစ်ပါတယ်။

အရင်ပညာရေးစနစ်က #တိုးတက်တဲ့အတွေးအခေါ်ကိုဦးစားမပေးပဲ ခေါင်းထဲရိုက်ထည့်ပေးလိုက်တဲ့ ကော်ပီပွားထားတဲ့အိုင်ဒီယာအတိုင်းလိုက်လုပ်တဲ့သူကို လိုချင်တဲ့ပညာရေးဖြစ်ပါတယ်။

စက်ရုံထုတ်ပညာရေးမှာ သိသာထင်ရှားတဲ့နမူနာကျောင်းမျိုးကိုကြည့်ချင်ရင် မေမြို့ကိုသွားပါ။

တစ်ခုတည်းသောအတွေးအခေါ်ကိုတစ်ခါတည်း ပရိုဂရမ်ရေးပြီး မန်မိုရီသွင်းပေးလိုက်တဲ့ အခိုင်းခံကျွန်ပညာရေးစနစ်ဖြစ်သွားတော့တာပါပဲ။

အဲ့ဒီမှာနိုင်ငံနဲ့ချီပြီး မဟာဒုက္ခတွင်းဆုံးကျရတော့တာပါပဲ။

ကမ္ဘာ့နိုင်ငံများဟာ ပညာရေးကဏ္ဍမှာအကြီးအကျယ်အပြောင်းအလဲတွေလုပ်နေပါပြီ။

#စာသင်ခန်းထဲမှာပဲပညာသင်တဲ့ခေတ်ကုန်ဆုံးသွားပါပြီ။ ပညာကို နေရာတိုင်းမှာသင်ယူနိုင်အောင် အစိုးရအစစ်အမှန်တွေကစီမံနေကြပါပြီ။

ဒီနေရာမှာ ပညာရေးကဏ္ဍရဲ့အပြောင်းအလဲတွေကို Education 1.0 နဲ့ Education 4.0 အဖြစ်အမည်တပ်ပြီး ကျနော်ရှင်းပြပါမယ်။

(1) Learning Objectives
--------------------
Education 1.0 ခေတ် ဟိုးယခင်ဘိုးဘွားတွေခေတ်တုန်းက မိဘတွေသားသမီးကိုကျောင်းပို့တာဟာ သေစာရှင်စာဖတ်တတ်ဖို့နဲ့ အတွက်အချက်ရဖို့အဓိကဖြစ်ပါတယ်။

ကျနော်တို့ခေတ်မှာ #ဘွဲ့ရပြီးလူရိုသေရှင်ရိုသေအလုပ်အကိုင်တစ်ခုရဖို့ ရည်ရွယ်ပါတယ်။

Education 4.0 ယခုကမ္ဘာ့နိုင်ငံကြီးတွေသွားနေတဲ့ပညာရေးစနစ်သစ်မှာ #ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့သားသမီးဖြစ်ဖို့ ရည်ရွယ်ပါတယ်။

Emotional စိတ်ပိုင်းဆိုင်ရာ၊ intellectual အသိဉာဏ်ပညာနဲ့ social လူမှုဆက်ဆံရေး အားလုံးကိုပါပြည့်စုံအောင်သင်ပေးဖို့ အဓိကရည်ရွယ်ပါတယ်။

အဲ့ဒါတွေပြည့်စုံရင် အတွေးအခေါ်မှန်ကန်မယ်။ မိဘတွေကိုမှန်မှန်ကန်ကန်မြင်မယ်။ သိနားလည်တတ်မယ်။ လူ့အသိုင်းအဝိုင်းမှာဝင်ဆံ့မယ်။

အဲ့ဒီလိုမဟုတ်ပဲ စက်ရုံထုတ်ပညာရေးစနစ်အောက်မှာ ခိုင်းတဲ့အတိုင်းပဲလုပ်တတ်ကာ အထက်ဖားအောက်ဖိကြောင်ချီးဖြစ်သွားပြီး အရပ်ကပေမမီ၊ အသိပညာကနုံနဲ့၊ စိတ်ပိုင်းဆိုင်ရာကမဖွံ့ဖြိုးတဲ့အပြင် လူမှုဆက်ဆံရေးမှာပါနားမလည်တဲ့အကောင်ဖြစ်သွားရင် နိုင်ငံနဲ့ချီပြီး ဒုက္ခရောက်တတ်လို့ဖြစ်ပါတယ်။

(ဘာကျန်သေးလဲဟေ)

(2) Role of Educator
--------------------
အရင်က သင်မယ့်ဘာသာကျွမ်းကျင်သူလို့ယူဆရင် ဆရာဖြစ်ပါတယ်။

Education 4.0 မှာ အသိပညာတတ်မြောက်အောင်ပံ့ပိုးပေးသူမှန်သမျှဆီက ပညာသင်ယူလို့ရကြောင်း ကလေးတွေကိုပညာသင်ယူနည်းသင်ပေးတာဖြစ်ပါတယ်။

သဘောကအရင်ကကျောင်းကအတန်းပညာမှပညာလို့သဘောထားကြပါတယ်။ ယခုခေတ်ကြီးမှာအဲ့သည်လို မယူဆတော့ပါ။

ကိုယ့်အလုပ်နဲ့ဂွင်ဝင်အောင်လုပ်နိုင်ရင် အလုပ်ခန့်တဲ့ခေတ်၊ နေရာပေးတဲ့ခေတ်ကိုရောက်လာပါလိမ့်မယ်။

ကျနော်တပည့်မလေးဟာ အတန်းပညာ ၈ တန်းပဲရှိလို့ အရင်ကအလုပ်လျှောက်ရခက်ပါတယ်။

ဒါပေမယ့်သူ့ဘာသာသူသင်တန်းတွေတက်ထားပြီး သာမန်ဘွဲ့ရတစ်ယောက်ထက်အလုပ်မှာပိုတော်ပါတယ်။ သူဟာကုမ္ပဏီတစ်ခုမှာ လက်မလွတ်နိုင်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။

ပညာကိုဘယ်ကရရသင်ယူမယ်ဆိုတဲ့စိတ်ကိုကလေးတွေကို သွင်းပေးဖို့လိုပါတယ်။

#အစိုးရကျောင်းတက်မှပညာတတ်တာမဟုတ်ကြောင်းသိရမယ့်ခေတ်ရောက်လာပါပြီ။

(3) Learner Experience
-----------------------
ပညာသင်ကြားတဲ့အတွေ့အကြုံမှာ အရင်က Factory Model စက်ရုံထုတ်ပညာရေးဖြစ်ခဲ့ပေမယ့် Education 4.0 မှာ Custom model လို့ခေါ်တဲ့ Active သင်ယူဖို့တက်ကြွတဲ့၊ self-directed သူများကကြိမ်တို့စရာမလိုတဲ့၊ Exploratory စူးစမ်းရှာဖွေသင်ယူတတ်သူဖြစ်အောင် လေ့ကျင့်ပေးဖို့လိုလာပါပြီ။

ကိုယ်လိုချင်တာကို ကိုယ်ရွေးချယ်ပြီးသင်ယူကာ ဆရာတစ်ဆူဖြစ်ခွင့်ရှိလာပြီဖြစ်ပါတယ်။

(4) Target Age
---------------
အရင်က K12 စနစ် (၁၂ တန်း) အခြေခံပညာစနစ်ကိုကျင့်သုံးခဲ့ပေမယ့် အခုခေတ်ဟာ Life long learning တသက်လုံးတိုးတက်အောင်သင်ယူတဲ့ခေတ်ကိုပြောင်းသွားပါပြီ။

(5) Expertise
--------------
အရင်က "Teacher knows the best" ဘာသာရပ်ဆရာကပဲသိ ဆရာကပဲတတ်တယ်လို့ယူဆကြတဲ့ခေတ်ကနေ "Anyone can teach" ဘယ်သူမဆိုသင်ပေးနိုင်တဲ့ခေတ်ကိုရောက်ပါပြီ။

ဘယ်သူမဆိုသင်ယူနိုင်တဲ့ခေတ်ကိုရောက်ပါပြီ။

ဒါကြောင့် #ကျောင်းကဆရာချည်းပဲအားမကိုးကြဖို့ပြောတာပါ။

မိဘများ မိမိတို့ကိုယ်ကိုလျော့မတွက်ကြပါနဲ့။ အခုခေတ်မှာအခြေခံပညာမူလတန်းကို မိဘတိုင်းသင်နိုင်ကြပါတယ်။

သားသမီးနဲ့အတူတူခရီးတစ်ခုအတူထွက်သလို new place , new experience လို့သဘောထားကြစမ်းပါ။

(6) Access
------------
အရင်က ပညာကို access သင်ယူနိုင်တဲ့နေရာဟာ Physical classroom ကျောင်းစာသင်ခန်းတွေဖြစ်ခဲ့ပေမယ့် အခု Education 4.0 ခေတ်မှာ Anytime, anywhere, any device (ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်သင်ထောက်ကူပစ္စည်းနဲ့ဖြစ်ဖြစ်) ပညာကိုသင်ယူနိုင်ကြပါပြီ။

ဒါ့ကြောင့် ငါ့သားသမီးတော့ နောက်ကျကျန်ခဲ့လေမလားလို့ ဘယ်တော့မှမတွေးပါနဲ့။

ငါသားသမီးဟာ #ဘယ်နေရာကဖြစ်ဖြစ်ပညာစစ်ပညာမှန်ကိုသင်ယူတတ်မြောက်နိုင်တယ်။

နည်းမှန်လမ်းမှန်နဲ့သာသွားရင် ငါ့သားသမီးဟာ #ကျွန်ပညာရေးစနစ်ထက်သာတယ်လို့တွေးကြပါ။

အဓိကကအချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့ဖြစ်ပါတယ်။ နည်းစနစ်မမှန်ပါက ဘယ်လောက်ရုန်းရုန်းခရီးမရောက်ဖြစ်တတ်ပါတယ်။

မိမိကိုယ်တိုင်ကအတွေးတွေပြောင်းကြပါဗျာ။

ဒီနေ့တော့ ဒီလောက်နဲ့ကျေနပ်ပါ။

ကျနော့်ကိုယ်တွေ့တွေနဲ့ နိုင်ငံတကာပညာရေးစနစ်တွေအကြောင်းဆက်ရေးပေးပါမယ်။

Classr dismissed (3) မှာ Class Dismissed movie ထဲက မိဘတွေရဲ့အတွေ့အကြုံကိုမျှဝေပါမယ်။

Good Night ပါဗျာ။

ကြိုက်သလိုကူးယူနိုင်ပါတယ်။

"ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာ ဘာလဲ?"ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆို ဘာလဲ ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ အစိုးရကဘယ်လိုအလုပ်လုပ်သလဲ။...
02/04/2021

"ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာ ဘာလဲ?"

ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆို ဘာလဲ ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ အစိုးရကဘယ်လိုအလုပ်လုပ်သလဲ။

တိုင်းပြည်ရဲ့ အခွန် ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကကော ဘယ်လိုလည်ပတ်မလဲဆိုတာကိုနားလည်နိုင်အောင် အကြမ်းဖျင်းရေးပြထားပါတယ်။

Photos credit to google.

Credit Burma Bliss

01/04/2021

ကြေညာချက် အမှတ် ( ၂၀/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။
================
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ ခိုင်မာသော လိုလားတောင့်တချက်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်သည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်စေရန် ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။

၄။ အာဏာရှင်စနစ် ပပျောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမို ကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

၅။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။

ပြည်သူ့ကျိန်စာဂျုံးဂျုံး ကျ နေပြီ... ဂျုံးဂျုံး ကျ နေပြီ..."ဟစ်တလာ၏နောက်ဆုံးနေ့ရက်များ" ထဲကလို⚰️ဆံပင်က ဘိုသီဘတ်သီ၊ ⚰️မျက...
26/03/2021

ပြည်သူ့ကျိန်စာ

ဂျုံးဂျုံး ကျ နေပြီ... ဂျုံးဂျုံး ကျ နေပြီ...

"ဟစ်တလာ၏နောက်ဆုံးနေ့ရက်များ" ထဲကလို
⚰️ဆံပင်က ဘိုသီဘတ်သီ၊
⚰️မျက်ခုံးမွှေးကလဲ make-up ဆရာမရှိလို့ မဆွဲခဲ့ရတာလားမသိ
⚰️မျက်တွင်းတွေကလဲ ကျ၊ ပါးချောင်နားချောင် ကျ...
⚰️အံမယ်... အောင်လအန်ဆန်းလို ခုမှ နားရွက်ကားလေးနဲ့ 👂
⚰️နှဖူးကျောရှုံ့ရလွန်းလို့ နဖူးရည် တွန့်၊
⚰️မျက်လုံးက confidence ယုံကြည်မှုကင်းမဲ့။

သေချာတယ်။
သူလဲ ရုပ်သေးကြိုးပျက် ရုပ်နဲ့
နောက်ဆုံးနေ့ရက် ရောက်နေပြီ...🪦🪦🪦

24/03/2021

As organizations of current and former lawmakers from across the world, we stand in solidarity with the elected representatives of Myanmar’s Parliament, and call on the military to respect democracy, allow parliament to resume, and for MPs to be allowed to fulfil their mandate without impediment. ...

အကြမ်းဖက်မှု များအား ပြန်လည် ခုခံခွင့် ရရှိပါပြီ
14/03/2021

အကြမ်းဖက်မှု များအား ပြန်လည် ခုခံခွင့် ရရှိပါပြီ

တောင်ကိုရီးယားက ဘာလို့ အင်တိုက်အားတိုက် ကူညီနေလဲ သိလား သူတို့ကြုံဖူးခဲ့တယ် ကြုံဖူးတော့ ကိုယ်ချင်းစာတယ်2017လောက်ကဆရာတစ်ယေ...
14/03/2021

တောင်ကိုရီးယားက ဘာလို့ အင်တိုက်အားတိုက် ကူညီနေလဲ သိလား သူတို့ကြုံဖူးခဲ့တယ် ကြုံဖူးတော့ ကိုယ်ချင်းစာတယ်

2017လောက်ကဆရာတစ်ယောက်ညွှန်းလို့ကြည့်ဖူးတဲ့ ကိုရီးယားကားရှိတယ်။နာမည်က A Taxi driver။

ဇာတ်ကားကရိုးရှင်းတယ်။
ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းတဲ့လူတစ်ယောက်
သမီးလေးကသူ့ဘဝပဲ။
အိမ်လခ၊ သမီးကျောင်းစရိတ်အတွက် ပိုက်ဆံရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ ခံစားချက်ရှိတယ်။

ငွေပဲပေါ့။ ဘဝမှာ ငွေပဲလိုနေတယ်။ သူ့အတွက် သူ့သမီးလေးအဓိကလေ။
သူ့သမီးလေး သူ့သူငယ်ချင်းတွေကြားထဲမှာမျက်နှာမငယ်ဖို့ကလေးချင်းချင်း ဆော့တဲ့အချိန်မှာတောင် အနှိမ်မခံရဖို့ ငွေကအဓိကလေ။

✅လက်ရှိအချိန်မှာ CDMဘာလို့မလုပ်သေးလဲလို့မေးရင် ငါတို့က " မိသားစုရှိလို့၊ ငါတို့က ကိုယ်အကြောင်းနဲ့ကိုယ်ဆိုတဲ့သူတွေနဲ့ တိုက်ဆိုင်မယ်ထင်ပါတယ်။

တစ်ရက်ကျတော့ နိုင်ငံခြားသားတစ်ယောက်က စစ်တပ်အာဏာသိမ်းတဲ့မြို့ကိုသတင်းသွားယူရမယ်။ငွေအများကြီးပေးတယ်။
သူ့ဘဝမှာ ပိုက်ဆံအဲ့လောက်အများကြီးကို ကားမောင်းပေးတာနဲ့ ရမယ်ဆိုတာ ဘယ်တော့မှမတွေးခဲ့ဖူးဘူး။
ပြီးတော့ အဲ့ အာဏာသိမ်းခံရတဲ့မြို့ကဘယ်လောက်ထိအန္တာရာယ်တွေများနေတာ၊သေနတ်နဲ့ပစ်ခံရမှာတွေ သူဘာတစ်ခုမှမသိဘူး။

အဲ့မြို့ကိုရောက်သွားတော့ ကျောင်းသားတွေ ဆန္ဒပြနေတာတွေ၊ ပြည်သူတွေ လူ့အခွင့်အရေးကိုတောင်းဆိုနေတာမြင်တော့ သူအံ့သြတယ်။
ပြီးတော့ သူအပြစ်တင်တယ်၊ စာမသင်ပဲ ဆန္ဒထွက်ပြနေတယ်၊မိဘကို မသနားဖူးလား၊ အစိုးရဆိုတာ ပုန်ကန်စရာမဟုတ်ဘူးဘာညာပေါ့။

✅လက်ရှိ Acc တုတွေနဲ့ လိုက်တိုက်ခိုက်နေတဲ့သူတွေ ဒီနေရာလေးမှာ တိုက်ဆိုင်မယ်ထင်ပါတယ်

နောက်ပိုင်းမှာ အဲ့မြို့ထဲမှာ သူ့မိတ်ဆွေနိုင်ငံခြားသားနဲ့ ပြေးလွှားရ၊ စစ်သားတွေက သေနတ်နဲ့လိုက်ပစ်၊ သူ့နဲ့အဲ့မှာမှခင်တဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးသွားတဲ့အခါမှာ အပြစ်မရှိတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်ပစ်သတ်တာတွေ မြင်ရတဲ့အခါမှာ သူဖြစ်သွားတဲ့ခံစားချက်တွေ၊ သူတစ်သက်လုံးထင်ခဲ့တဲ့ အမြင်တွေမှားခဲ့တာတွေ ကို သူနောင်တရမိတဲ့အခန်းတွေက ဒီဇာတ်လမ်းရဲ့အသက်ပါပဲ။

နောက်ဆုံး မြို့ထဲမှာပိတ်မိနေတဲ့ သူရယ်၊သူ့မိတ်ဆွေနိုင်ငံခြားသာရယ်ကို စစ်တပ်ကလိုက်ပစ်တဲ့အချိန် သူတစ်ယောက်တည်းပြေးဖို့အခွင့်အရေးရရဲ့သားနဲ့ သူ့မိတ်ဆွေကိုချစ်တဲ့စိတ်၊ ဒီမိုကရေစီကိုလိုချင်နေတဲ့ ကျောင်းသားဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တဲ့စိတ်၊ နဲ့ နိုင်ငံရေးကိုဘာမှနားမလည်တဲ့ ကားမောင်းတဲ့ ဦးလေးကြီးက ဝင်အနစ်နာခံပေးသွားတာက ရင်ထဲမှာတစ်ခုခုကျန်သွားတာပါပဲ။
သမီးလေးကိုသိပ်ချစ်တဲ့ဖခင်တစ်ယောက်က ဘာမှနားမလည်တဲ့ ဒီမိုကရေစီကို ရအောင်လုပ်ပေးမယ်ဆိုပြီး စစ်တပ်လက်ကလွတ်မှာကိုမပြေးပဲ နောက်ပြန်လှည့်ပြီး ကူညီပေးသွားတာက ရင်ထဲရောက်သွားပါတယ်။

ဒီဇာတ်ကားက (၂)နာရီလောက်ပဲကြာပါတယ်။
ကြည့်ကြည့်ပါ။ မင်းအတွက် တစ်ခုခုတွေးမိသွားပါလိမ့်မယ်။

✅အထူးသဖြင့် ငါတို့ကမိသားစုရှိလို့၊ငါတို့ကဘယ်လိုကြောင့်မို့ မပါတာ၊ ကိုယ့်ဘဝနဲ့ကိုယ်ဆိုတဲ့သူတွေကို ဒီဇာတ်ကားထဲကလူကကော သူနဲ့မဆိုင်ဘူးဆိုပြီး နေလို့မရဘူးလားဆိုတာ တွေးကြည့်ပါ။

ကိုရီးယားနိင်ငံရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရေရှည်တိုက်ရမယ့်ပွဲမှာ
အားတဲ့အချိန်လေး ဒီဇာတ်ကားလေးကြည့်ပြီး ကျွန်တော်တို့ ပြန်အားမွေးကြရအောင်။✅

https://channelmyanmar.org/a-taxi-driver-2017/

https://www.facebook.com/watch/?v=261131215673630

Choi Gwi-hwa, Daniel Joey Albright, Jeon Hye-Jin, Ko Chang-seok, Park Hyuk-kwon, Ryu Jun-yeol, Song Kang-ho, Thomas Kretschmann, Um Tae-goo, Yoo Hae-jin

10/03/2021
10/03/2021

ဝါးလုံးခေါင်းက
ထွက်လာချိန်မှာတော့ တကမ္ဘာလုံးဟာ လင်းထိန်ပြီး
ကိုယ်တွေကမှ အမှောင်ထဲ ရောက်နေတာကို သိခဲ့ရပါတယ်။

ဂျပန်နိုင်ငံက ကလေးတွေကို သင်ကြားတဲ့အထဲမှာ
တစ်ချိန်က သူတို့လူမျိုး ကမ္ဘာလှည့် နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ အကြောင်းတွေ ပါသတဲ့။

ဒါပေမဲ့ ကလေးတွေကို သင်တာက
သူတို့ နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ အကြောင်းကို ဂုဏ်ယူအားကျအောင် သင်တာ မဟုတ်ဘူး။

သူတို့ မှားခဲ့တဲ့ အကြောင်းကို သင်တာ
သူတို့ရဲ့ ဖက်ဆစ်ဝါဒ အမှားကြောင့် တစ်ကမ္ဘာလုံးက သူတို့ကို စိတ်နာနေတယ် ဆိုပြီးသင်တာ
ဒါကြောင့် သူများ အပြစ်တင်လာတဲ့ အခါတောင်
ကိုယ့်နိုင်ငံက မှားခဲ့တာ အမှန်ဖြစ်တာကြောင့်
သည်းခံနိုင်ဖို့ ၊ ခွင့်လွတ်နိုင်ဖို့ ၊ အဲ့ဒီ အမှားတွေအတွက် တတ်နိုင်သလောက် သူတို့နိုင်ငံကို ပြန်လည်အကောင်းမြင်လာဖို့ အတွက် ကလေးတွေကို ပြန်လည်ပေးဆပ်ကြဖို့ကို သင်ကြားတယ်။

ကိုယ်ပိုင် ဦးနှောက်တွေကို အသုံးပြုပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ကလေးတွေကို
စဉ်းစား ခိုင်းပါ သတဲ့ ။

ဒါကြောင့် ကလေးတွေဟာ သူတို့ သမိုင်း ကို ဂုဏ်ယူသင့်တာကိုသာ ဂုဏ်ယူပြီး အမှားတွေကိုတော့ နောက်မမှားရအောင် သင်ခန်းစာယူပါတယ်။

ဂျာမနီမှာ ဘယ်ကလေးမှ ဟစ်တလာရဲ့ လူမျိုးသုဉ်း သတ်ဖြတ်ပွဲ အကြောင်းကို သင်ကြားမခံရပဲ အထက်တန်း မပြီးပါဘူးတဲ့။

အချက်လက်တင် သင်တာမဟုတ်ပဲ ဘာကြောင့်ဖြစ်တယ်၊ဘယ်လို ဖြစ်တယ်၊ ဘာအဓိပ္ပါယ်ဆိုတဲ့ အကြောင်းရင်း ကို သေသေချာချာ သင်ပြပေးပါသတဲ့။

ဂျာမန်တွေ အားလုံး
ဒီကိစ္စ အပြစ်ရှိတယ်ဆိုတာသိရင်း ကြီးပြင်းလာကြသတဲ့။
ဒါကြောင့် တောင်းပန်ဖို့လည်း ဘယ်တော့မှ ဝန်မလေးကြပါဘူးတဲ့။

ဗြီတိန်ကျောင်းတွေမှာလည်း သူတို့ရဲ့ ကိုလိုနီ နယ်ချဲ့ဝါဒနေမဝင် အင်ပါယာ အကြောင်းကို အဲသလို ပုံစံနဲ့ပဲ သင်ပါသတဲ့။

အဲ့ဒါဟာ ဂုဏ်ယူစရာ မဟုတ်ပဲ မှားယွင်းတဲ့အကြောင်း ၊
ရှက်စရာ ဖြစ်တဲ့အကြောင်း၊ သူတို့ ဘိုးဘေ တွေ ရှက်စရာကောင်းတဲ့ ကိစ္စကို ကျူးလွန်ခဲ့ကြတယ် လို့
သင်ခန်းစာယူဖို့ သင်ပါ သတဲ့။

သူများ နိုင်ငံက ကလေးတွေကတော့ အမှားအမှန် ခွဲခြားသိပြီး
ဂုဏ်ယူစရာ နဲ့ ရှက်စရာကို တွေးတောတတ်ဖို့
ဥာဏ်ပညာ နဲ့ ယဉ်ပြီး တဖြေးဖြေး ကြီးပြင်းလာကြတယ်။

ကျနော်တို့ကတော့ သင်ခန်းစာယူစရာ လား ၊
ဂုဏ်ယူ စရာ လား တောင် ခွဲခြား မသိနိုင်ပဲ
တဖက်သတ် ကိုယ့်ငါးချဉ် ကိုယ့်ဟာကိုယ် ချဉ်ရင်း
ချီးမွှမ်း သင်ပြခံ ရရင်းနဲ့ပဲ ကြီးပြင်းခဲ့ပါတယ်။

အဲ့ဒီလို သင်ပြမူတွေကြောင့် တကယ်လည်း ကိုယ့်ဘိုးဘေ တွေကို အားကျ ဂုဏ်ယူရင်း ဘဝင်ရူး ပြီး ကြီးပြင်းလာခဲ့တယ်။
ဝါလုံးခေါင်းမှာ လသာ နေခဲ့တယ်။

ဝါးလုံးခေါင်းက
ထွက်လာချိန်မှာတော့ တကမ္ဘာလုံးဟာ လင်းထိန်းပြီး
ကိုယ်တွေကမှ အမှောင်ထဲ ရောက်နေတာကို သိခဲ့ရပါတယ်။

08/03/2021

ဝန်ထမ်းချေးငွေ (၂)လစာကို ပြန်လည်ပေးဆပ်ရန်မလိုသည့်ချီးမြှင့်ငွေအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုလွှတ်တော်-------------------------------------------မြန်မာနိုင်ငံရဲတပ်ဖွဲ့ စ...
08/03/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
-------------------------------------------
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပ‌ဒေကို ရုပ်သိမ်းသည့်ဥပဒေ

(၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃)
၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်)

နိဒါန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီခေတ်မှစ၍ ၁၈၉၉ ခုနှစ်၊ ရန်ကုန် ရဲအက်ဥပ‌‌ဒေ၊ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံရဲအက်ဥပဒေတို့ပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ရဲလက်စွဲများ ပါ ညွှန်ကြားချက်များအရ နိုင်ငံတကာ ရဲလုပ်ငန်း စံချိန် စံညွှန်းများနှင့်အညီ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါ သည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပ‌ဒေပြဌာန်းချက်များသည် အဆိုပါ ရဲအက်ဥပ‌ဒေပြဌာန်းချက်များတွင် ‌‌ယေဘုယျအားဖြင့် အကျုံး၀င်ပြီး ဖြစ်သဖြင့် ထိုဥပဒေကို ဆက်လက် ကျင့်သုံးရန် မလိုအပ်သည့်အတွက်ကြောင့်လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များ ၏ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ပါ၀င်နေ၍လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များအနေဖြင့် ပြည်သူလူထုကို မျက်နှာမူ နိုင်ရန် အတားအဆီး ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ ယခုအချိန်အခါတွင် ရဲတပ်ဖွဲ့၀င်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို‌ စောင့်သိရိုသေပါမည် ဟူသော အဓိကကျင့်၀တ်ကို စောင့်ထိန်းလိုက်နာရန် လိုအပ်သည့် အတွက်ကြောင့်လည်းကောင်း ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ရုပ်သိမ်းသည့် ဥပ‌ဒေ ဟုခေါ် တွင် စေရမည်။

၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေ (နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၄/၁၉၉၅) ကို ဤ ဥပ‌ဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ၀င်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

05/03/2021

👉 စစ်တပ်က တစ်ယောက် တင်ထားတဲ့ ပိုစ် ဖြစ်ပါတယ်။
ကျည်ကွယ်မျက်ကွယ်အကြောင်း ရေးထားတာ ဖြစ်တဲ့အတွက် ဖတ်သင့်တဲ့ ယူဆမိတဲ့အတွက် ပြန်တင်လိုက်တာ ဖြစ်ပါတယ်။

××××××××××××××××××××××××××××××××××××××××

👷တား မရလို့ အန္တရာယ် ကင်းဖို့ ❤️❤️❤️

👷👷‍♀️ ဆန္ဒပြနေတဲ့လူတွေ အန္တရာယ်ကင်းအောင် ဖတ်ကြည့်ပါ

မျက်ရည်ယိုဗုံးတွေ အသံဗုံးတွေက ဆန္ဒပြသူတွေနဲ့

ရင်းနှီးနေပါဘီ အထူးတလည် မပြောတော့ပါဘူး

👉ရာဘာကျည်ပစ်တဲ့ slide gun တွေပစ်ရင် ဒိန်းဆိုပြီး မြည်ပါတယ်

😳ကျည်စစ်ကျည်မှန်နဲ့ ပစ်တဲ့ rifle တွေက ပြောင်းရစ်ပါတဲ့အတွက် ကျည်ဖူးက လည်ပြီးလာပါတယ်

😳ဒိန်းဆိုတဲ့အသံနောက်မှာ ရွှီး ဆိုတဲ့ လေခွင်းသံပါပါတယ်
😳ခေါင်းပေါ်မှာ တရွှီးရွှီးကြားနေရင် အဲ့တာ ရာဘာကျည်မဟုတ်တော့ပါဘူး

👉 ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်နေတာပါ 👈

အဲ့လို ပစ်လာရင်

👌အဓိက သိထားရမှာ ၂ ပိုင်းရှိပါတယ်

✅ ကျည်ကွယ် နဲ့ မျက်ကွယ်ပါ ✅

ဥပမာ သစ်သားပြား သွပ်ပြား Smoke တွေ ဆိုရင် မျက်ကွယ်ပါ

❌ ဒါပေမယ့် ကျည်မကွယ်ပါဘူး

ကိုယ့်ကို မမြင်ရပေမယ့် ရမ်းပစ်ရင် ဖောက်ပြီး လာမှန်နိုင်ပါတယ်

တချို့ Live တွေမှာ အကာကွယ်မရှိပဲ Smoke တွေကြားမှာ ဝမ်းလျားထိုးမှောက်နေတာတွေ တွေ့နေရပါတယ် အရမ်းအန္တရာယ်များပါတယ်

တကယ်လို့ ကိုယ်က လမ်းလယ်ခေါင်မှာ ဝမ်းလျားထိုးအနေအထားဖြစ်နေတယ်

တဖက်ကလဲ ကျည်စစ်ကျည်မှန်နဲ့ ပစ်နေတယ်ဆို

( 1 ) ထမပြေးပါနဲ့

( 2 ) ခြေဆန့်ပြီး ကိုယ်ကို အဖြောင့်ထား ပြီးရင် ပေါင်

ကြားထဲလက်ထည့်ပြီး ဘေးက အိမ်တွေဘက်ကို

rolling လှိမ့်သွားပါ ( နည်းနည်းတော့ မူးပါမယ် )

အကာကွယ်ရနိုင်တဲ့နေရာကို ကြိုကြည့်ပြီးမှ

အဲ့ဘက်ကိုလှိမ့်ပါ

ပစ်မှတ်က ခေါင်းတလုံးစာပဲ သေးသေးလေးပဲ

ရှိပါတယ် ချိန်ပစ်ရင်တောင် တော်တော်ခက်ပါတယ်

crawl သွားတာထက်လဲ အများကြီး ပိုအဆင်ပြေ

သက်သာပါတယ်

❌( မနေ့က မန်းတလေးဖြစ်စဉ်မှာ ခေါင်းမှန်သွားတဲ့

ကောင်မလေးက နောက်လှည့်ပြီး ခန္ဓာကိုယ်မတ်မတ်ကြီး

ပြေးတာ movie ထဲမှာ တွေ့မိပါတယ် အရမ်းမှားပါတယ်

တကယ်လို့ ပြေးရင်တောင် ကိုယ်နှိမ့်ခါးချိုးပုံစံနဲ့ ပြေး

သင့်တာပါ )❌

👉နောက် လက်ရှိသုံးနေတဲ့ သံ /သစ်သား / ဖိုင်ဘာ Shield တွေလဲ အလားတူပါပဲ safe မဖြစ်ပါဘူး

👉ထီးထီးကြီးနဲ့ Target ပေးသလိုတောင် ဖြစ်နေပါတယ်

👉တချက်ထဲနဲ့ မပေါက်ခဲ့ရင်တောင် ထပ်ပြီး pressure ပေးတဲ့ ဒဏ်ခံရမှာပါ

👉ဓာတ်တိုင် / ကွန်ကရစ်တုံး / ပလက်ဖောင်း လိုဟာမျိုးကျတော့ ကျည်ကွယ် မျက်ကွယ်ပါ

ကိုယ့်ကိုလဲ မမြင်နိုင်ပါဘူး ပစ်ရင်လဲ ကျည်ကွယ်ပါတယ်

ဒါပေမယ့် ဓာတ်တိုက်နောက်မှာ လူတကိုယ်စာပဲ လုံပါတယ်
ကွန်ကရစ်တုံးတွေကလဲ ၂ချက် ၃ချက်ဆို ပွင့်ထွက်ပါတယ်
ပလက်ဖောင်းအုတ်ခုံ ဆိုရင်လဲ ဝပ်ထားရလို့ နေရာရွှေ့ဖို့ခက်ပါတယ်

✅အဓိက ပြောချင်တာက နေရာတခုမှာ အချိန်ကြာကြာ

တင်းခံထားချင်ရင် safe အဖြစ်ဆုံး အတားအဆီးက

👌သဲထည့်ထားတဲ့ ပီနံအိတ်ပါ👌

သဲ နဲ့ ပီနံအိတ်ပဲ လိုပါတယ် ကျည်ကွယ် မျက်ကွယ်

ဖြစ်ပါတယ် သဲကို ကျစ်နေအောင်ထည့်ထားရင်

တော်ရုံကျည်မတိုးပါဘူး တကယ့်စစ်ပွဲတွေမှာလဲ

ဘန်ကာတွေ overhead တွေ ပစ်ကျင်းတွေမှာ

ပတ်ပတ်လည်သဲအိတ်ပဲ ဆင့်တာပါ

ပစ်ခတ်မှုအောက်မှာ အခြေအနေကြည့်တာပဲဖြစ်ဖြစ်

မှတ်တမ်းယူတာပဲ ဖြစ်ဖြစ် လုံခြုံတဲ့ အကာကွယ်

နောက်ကနေပြီး selfie stick သုံးသင့်ပါတယ်👌

✅ ကျည်စစ်ကျည်မှန်နဲ့ ပစ်နေရင် ဆိုင်ကယ်

ဓာတ်ဆီပုံး ဂက်စ်အိုးစတဲ့ ပေါက်ကွဲလွယ်တဲ့ ပစ္စည်း

တွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေပါ

❌ မီးသတ်ဆေးဗူးကြီး တကိုင်ကိုင်မလုပ်ပါနဲ့

ပစ်ချထားလိုက်ပါ

✅ ကျောပိုးအိတ်လေးတွေ အများစုလွယ်တာတွေ့ရပါ

တယ် အကျိုးရှိအောင် ဂျင်းဘောင်းဘီ

အင်္ကျီ(အထူ)တွေခေါက်ထည့် ပြီး အလယ်မှာ

steel plate ညှပ်ထားပါ

👉 ၉သောင်း ပေးရတယ်ဆိုတဲ့ ကျည်ကာတွေထက်

ပို safe ဖြစ်ပါတယ်

👌 မျက်နှာချင်းဆိုင်ဆို ရှေ့မှာလွယ်ပါ

👌 နောက်လှည့်ပြေးရင် နောက်မှာလွယ်ပါ

Defense Line မှာ တရုတ်ကထုတ်တဲ့ bullet proof vest

ဝတ်ပြီး ခုခံနေတာ တွေ့မိပါတယ်

❌ လုံးဝ safe မဖြစ်ပါ ❌

👉 စစ်သားတွေလဲ တရုတ် vest တွေဝယ်သုံးပါတယ်

ဒါပေမယ့် တပ်က lssue vest ထဲက ကျည်ကာပြားတွေ

ကို အဲ့ vest ထဲ ပြောင်းထည့်ပြီးမှ သုံးတာပါ

ဘေးကင်းကြပါစေ 🙏🙏🙏

✅ အရေးတော်ပုံ အောင်မြင်ရမည် ✅

28/02/2021

ပဲခူး ဂျိုးသိန်း အိမ်သုံးပစ္စည်းဆိုင်အား ဝင်ရောက်ဖျက်ဆီးနေသူများမှာ ပဲခူးသူ /သား များမဟုတ်ပါ။

တစ်စုံတစ်ဦးမှ မပါဝင်ပါ။

ဖျက်ဆီးသူ များမှာ သူပုန်အဖွဲ့မှ လွှတ်ထားသော
၅၀၀၀ စားများ ဖြစ်ကြောင်း......

ပြည်သူများ အုံကြွလာအောင် တမင် အကွက်ဆင်
ပြီး ဂျိုးသိန်း အိမ်သုံးပစ္စည်းဆိုင် တစ်ဆိုင်အား ထိုးကျွေးလိုက်တာဖြစ်ကြောင်း သတင်းရရှိ.....

Source. ... 100%

သတင်းမှားများ ပြည်သူတွေ ယုံနေကြမှာစိုးလို့
အချင်းချင်းမျှဝေပေးကြပါ။

Credit

13/02/2021

ဖမ်းလို့ ရသမျှ ထောင်သားတွေကို မလွှတ်ဘဲနဲ့ သံရုံးရှေ့ကို မနက်ဖြန် ခေါ်သွားမှာ ဖြစ်လို့ ရပ်ကွက် တိုင်း ကူညီပေးပါ

ထောင်သားတွေ စုပေးပါ

စုပြီး မနက်ဖြန် သံရုံးတွေ ရှေ့မှာ media နဲ့ မေးမြန်းနေပုံကို projector နဲ့ လုပ်ဆောင် သွားပါမည်


12/02/2021

သမ္မတကို ဖမ်းတယ်။
နိုင်ငံတော် အတိုင်ပင်ခံကို ဖမ်းတယ်။
ဝန်ကြီးချုပ်တွေကို ဖမ်းတယ်။
လွှတ်တော်အမတ်တွေကို ဖမ်းတယ်။
နိုင်ငံရေးသမားတွေကို ဖမ်းတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကို ဖမ်းတယ်။
ဆရာဝန်တွေကို ဖမ်းတယ်။
ရှေ့နေတွေကို ဖမ်းတယ်။
ကျောင်းဆရာတွေကို ဖမ်းတယ်။
ဝန်ထမ်းတွေ ဖမ်းတယ်။
ကျောင်းသားတွေ ဖမ်းတယ်။
အခု ...
ဗေဒင်ဆရာကိုပါ ဖမ်းတယ်။

လူတန်းစား မရွေး ဖမ်းတယ်။

ဖမ်းတာမှ ဝရမ်းမပါ ဘာမပါနဲ့ ညဉ့်နက် သန်းခေါင် လူဆိုး၊ ဓားပြတွေက အိမ်ထဲ ဝင်စီးသလို ဖမ်းတာနော်။

မနက်ဖြန် ဖမ်းခံရမယ့်သူက ခင်ဗျားလည်း ဖြစ်နိုင်တယ်။ ကျွန်တော်လည်း ဖြစ်နိုင်တယ်။

ဒါမှမဟုတ် ခင်ဗျား မိဘ၊ မောင်ဘွား၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ မိသားစု ဝင်တွေလည်း ဖြစ်နိုင်တယ်။

စစ်အာဏာရှင် ဆိုတာ အဲ့ဒါပဲ။

စစ်အာဏာရှင်တွေ အုပ်ချုပ်နေသမျှ ခင်ဗျားတို့ရဲ့ ညတွေဟာ ဘယ်တော့မှ လုံခြုံမှာ မဟုတ်ဘူး။

အခုချိန်ထိ အဲဒီလူတွေကို ခင်ဗျားတို့ အမှုထမ်းချင် နေတုန်းလား။

နိုင်ငံ့ဝန်ထမ်းတွေ တွေဝေနေဖို့ အချိန် သိပ်မကျန် တော့ဘူးနော်။
Crd

01/02/2021

၂၄ ကြိမ်မြောက် ထိီပေါက်စဥ်

31/10/2020

OMG...😮😮😮

23/10/2020

skill..မိုက်တယ်

Address

Lanmataw
Nyaung-U
05231

Website

Alerts

Be the first to know and let us send you an email when YGA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other News & Media Websites in Nyaung-U

Show All