Pen Weapon Newsletter

Pen Weapon Newsletter We Will Continuously PresentReal News to News Consumers.

15/10/2023

'' သက်ဆိုင်သူအားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီးဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ နစက ဥက္ကဌ တိုက်တွန်း''

General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ကျရောက်တဲ့ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ MICC-2 မှာကျင်းပခဲ့ရာ နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

နစက ဥက္ကဌက ''နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ စားရေရိက္ခာပေါများရေး၊ သာယာဝပြောရေး၊ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာသင်ကြားနိုင်ကြရေး၊ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ရေးများရရှိခံစားနိုင်အောင် သက်ဆိုင်သူအားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီးဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ လည်းတိုက်တွန်းလိုပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက '' ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ NCA သမိုင်းကြောင်းဟာ ဒီနေ့မှာဆိုရင် ၈ နှစ်တာကာလ ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက် ''လွတ်လပ်ရေး''ဆိုတဲ့ ရှေးဘိုးဘွားများရဲ့ အမွေတစ်ခုကို ကျွန်တော်တို့အားလုံးဆက်ခံရယူပြီး ဖြစ်သလို မိမိတို့လက်ထက် ၊ မိမိတို့ကာလ မှာလည်း နောက်မျိုးဆက်သစ် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ အဲဒါကတော့ ''စစ်မှန်တည်တံ့ခိုင်မြဲတဲ့ထာဝရငြိမ်းချမ်းရေး''ဆိုတဲ့ အမွေအနှစ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေးအမွေအနှစ်ကောင်းကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းခဲ့ကြပါစို့လို့ လေးနက်စွာ ထပ်မံတိုက်တွန်းလိုပါတယ်။''လို့ ထပ်လောင်းပြော ကြားခဲ့ပါတယ်။

အခမ်းအနားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ် (NCA)လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး ၊ RCSS(SSA) အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်၊ NCAလက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတကာအသိသက်သေများရဲ့ ကိုယ်စားလှယ် တရုတ်နိုင်ငံ မှ မစ္စတာ တိန်ကျီကျွမ်း ၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် H.E.Mr. Vikram Misri ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E.Mr. Sihasak Phaung Ketkeow၊ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်တွင်း အသိသက်သေ များရဲ့ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်မင်း တို့က ဂုဏ်ပြု စကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။

ဒီကနေ့အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံး ညီညွတ်ရေး နဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ အတူ နစက ဒုဥက္ကဌ ၊နစက အဖွဲ့ဝင်များ ၊ NCA- S EAO များ ၊ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခံရတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ၊EAO အထောက်အကူပြုအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးများ ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံတမန်များ၊ (NCA)လက်မှတ်ရေးထိုးခဲ့စဉ်က ပါဝင်ခဲ့သူများ ဒုတိယဝန်ကြီး များနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

https://t.me/generallifenews/11679

15/10/2023

“လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများ''
“စစ်ရေး အရအဖြေရှာခြင်းဟာ အဖြေတကယ်မရပါဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား”
General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် မှာရှိတဲ့ MICC-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများကို သီးခြားမေးမြန်းကာ General Life ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “လက်ရှိနိုင်ငံရေး အခင်းအကျင်းက ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်ရနေတယ်ဆိုတာက ကောင်းတဲ့ အခင်းအကျင်း ပါပဲ ။ နိုင်ငံရေးဆွေးနွေးပွဲတွေမရှိတော့ဘူးဆိုရင်တော့ ဒီတိုင်းပြည်က မိုးမှောင်ကျပြီ။ဒါကြောင့် လက်နက်ကိုင် တိုက်နေတဲ့ ပဋိပက္ခထဲမှာပါတဲ့ လူတွေကပါတာပဲ။ ကျွန်တော်တို့ အခေါ်ကတော့ Conflict Partner ပေါ့ ။ Conflict (ပဋိပက္ခ) မှာ Partner ဖြစ်တဲ့ သူတွေကို ကျွန်တော်တို့ က Dialogue Partner အဖြစ်ပြောင်း စေချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ Partner ဖြစ်တာက လူမသေဘူးပေါ့ ။ စားပွဲပေါ်မှာ စကားများမယ် ငြင်းမယ် ခုန်မယ် ပြဿနာမရှိဘူး > အသေအပျောက်မရှိဘူး ။ ပစ္စည်းဥစ္စာ ဆုံးရှုံးတာမရှိဘူး ။ အသက်အိုး အိမ်စည်း စိမ်ထိန်းသိမ်းနိုင်တာပေါ့။ ဒါကြောင့် Conflict (ပဋိပက္ခ) မှာ ပါနေတဲ့ Conflict Partner တွေကို ကျွန်တော်အကြံပေးချင်တာက Political Dialogue Partner အဖြစ် ပြောင်းလဲကြပါ ။ Dialogue Partner ဖြစ်လာရင် ဥပမာအားဖြင့် AA လိုပေါ့ AA ဟာ Humanitarian Ceasefire လုပ်ထားတယ်။ ဒါပေမယ့် Dialogue Partner မဖြစ်သေးဘူး ။ Partner တော့မဖြစ်သေး တော့ သူ့ကိုလည်း ကြားကနေပြီးတော့ Humanitarian Ceasefire က ရခိုင်ပြည်သူပြည်သားတွေအေးအေးဆေးဆေးနေရတယ်။ လေဘေးဒုက္ခကို ကူညီကယ်ဆယ် ရေးကောင်းကောင်း လုပ်နိုင်တယ် ။ လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် မလုပ်နိုင် ဘူး ။ ဒါကြောင့် AA က ဘာပဲ ဖြစ်ဖြစ် Dialogue ထဲမှာပါလာတဲ့ Partner ဖြစ်ဖို့ တဆင့်ထပ်ခေါ်ရမယ်။ ထို့အတူပဲ တခြားအဖွဲ့ အစည်းတွေလည်း ဒီလိုပါပဲ ။လက်နက်ကိုင် ပဋိပက္ခထဲမှာ အဖြေတော့မရပါဘူး။ စစ်ရေး အရအဖြေရှာခြင်းဟာ အဖြေတကယ်မရပါဘူး။ ဆွေးနွေးခြင်းဖြင့်အဖြေရခြင်းဟာ တကယ်အဖြေရပါတယ်။” လို့ အကြံပြု ပြောကြား ခဲ့ပါတယ်။

https://t.me/generallifenews/11681

15/10/2023

“လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများ''
“ပြည်သူတွေကြား ထဲမှာလည်း နိုင်ငံရေး နည်းလမ်းပြန်ပြီးတော့ အားကောင်းလာအောင် ဆောင်ရွက်ဖို့လို တယ်လို့ ဦးကိုကိုကြီး ပြောကြား”
General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် မှာရှိတဲ့ MICC-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများကို သီးခြားမေးမြန်းကာ General Life ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဦးကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဌ )က “အဓိကကတော့ အခုဟာက ပြည်တွင်းနိုင်ငံရေးက သေနေသလိုဖြစ် နေ တယ် ။ ပြည်သူတွေကြား ထဲမှာလည်း နိုင်ငံရေး နည်းလမ်းအပေါ်မှာ ယုံကြည်မှု အနိမ့်ဆုံးအချိန်ဖြစ်နေတယ် ။ အဲ့ဒါကို ပြန်ပြီးတော့ အားကောင်းလာ အောင် ဆောင်ရွက်ဖို့လိုတယ်။”လို့ အကြံပြုပြောကြားခဲ့ပါတယ်။

https://t.me/generallifenews/11683

15/10/2023

“လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများ''
“လိုရင်းသည် သွေးမြေမကျနိုင်ဖို့ပဲ လို့ ဒေါက်တာအေးမောင် ပြောကြား”
General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် မှာရှိတဲ့ MICC-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများကို သီးခြားမေးမြန်းကာ General Life ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က “ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စု မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်တယ် ။ ဇစ်မြစ်ပြဿနာဘာလဲ ဆိုတာ ကျွန်တော်တို့ ခဏခဏမေးတယ် ။ အခြေခံဥပဒေအရ လက်နက်ကိုင်လာတယ်ဆိုတဲ့ ဇစ်မြစ်ပြဿနာသည် အခြေခံ ဥပဒေဆိုရင် အခြေခံဥပဒေ အရပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှုပန်းတိုင်ကို ဖွင့်ရမယ်။ ၂၀၀၈သည် ကာလတစ်ခုပဲ ။ ၂၀၀၈ ကိုကျော်ပြီး စဉ်းစားဖို့ သင့်ပြီလား ။ ၂၀၀၈မှာ လက်နက်ကိုင် ပဋိပက္ခကိုချုပ်ငြိမ်းနိုင် လောက်တဲ့ အပေးအယူကို ဖြည့်စွက်တာတို့ ပယ်ဖျက်တာတို့ နဲ့ ရနိုင်မလား ။မရနိုင်ရင် ဘယ်လိုလှမ်းကြမှာလဲ ။ အခြေခံဥပဒေအရ ခိုင်ခိုင်မာမာ တန်းတူရေးကို ပေးနိုင်ရင် လက် နက်ကိုင်ပဋိပက္ခနောက်ကို ဆုတ်မှာလား။ သွေး မြေမကျမှာလား ။ လိုရင်းသည် သွေးမြေမကျနိုင်ဖို့ပဲ။ သွေးမြေကျမှုရပ်ဖို့အတွက် လိုအပ်ချက် ဒါပဲ ။”လို့ အကြံပြု ပြောကြားခဲ့ပါတယ်။

https://t.me/generallifenews/11685

15/10/2023

“လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများ''
“ဘယ်လောက်ပဲ ပဋိပက္ခကြီးကြီး နောက်ဆုံးမှာတော့ ပြန်ဆွေးနွေးကြရလိမ့်မယ်လို့ ဦးလှမောင်ရွှေ ပြောကြား”
General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် မှာရှိတဲ့ MICC-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများကို သီးခြားမေးမြန်းကာ General Life ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက “ကျွန်တော်မြင်တာကတော့ ကျွန်တော်ဒီလုပ်ငန်းစဉ်မှာ ၁၂နှစ် ပါခဲ့ပါတယ်။ အဲ့တော့ State Holder တွေအားလုံးမှာလည်း အားသာချက်တွေအားနည်းချက်တွေရှိမှာပါပဲ ။ အခုအချိန်မှာတော့ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့အားလုံးနားလည်မှုပေါ်မှာပဲ မူတည်ပြီးတော့ဆောင်ရွက်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲ့ဒီဟာမျိုးကို ယူဆတာကတော့ တစ်နေ့မှာ ကျွန်တော်တို့အားလုံးဟာ စားပွဲဝိုင်းကလွဲရင် အခြားနည်းမရှိဘူးလို့ ထင်ပါတယ်။ ဥပမာအားဖြင့် ရုရှားနဲ့ ယူကရိန်း ဖြစ်တဲ့ကိစ္စ ၊ အခုဆိုရင် ဟားမတ်စ် နဲ့ အစ္စရေးဖြစ်တဲ့ ကိစ္စ ။ ဘယ်လောက်ပဲ ပဋိပက္ခကြီးကြီး နောက်ဆုံးမှာတော့ ကျွန်တော်တို့ ပြန်ဆွေးနွေးကြရလိမ့် မယ်လို့ ယူဆပါတယ်။”လို့ အကြံပြု ပြောကြားခဲ့ပါတယ်။

https://t.me/generallifenews/11687

15/10/2023

“လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများ''
“ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုထူထောင်နိုင်တယ်ဆိုရင် နိုင်ငံရေး ပြဿနာအားလုံးဟာ ပြေလည် သွားမယ်လို့ ဒေါက်တာဗညားအောင်မိုး ပြောကြား”
General Life

၂၀၂၃ အောက်တိုဘာ ၁၅

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် မှာရှိတဲ့ MICC-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အကြံပြုပြောစကားများကို သီးခြားမေးမြန်းကာ General Life ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက “အဓိကက ငြိမ်းချမ်းရေး ၊အပစ်အခတ်ရပ်စဲရေး အားလုံးရရှိပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တိုင်းရင်းသားအများစု လိုလားတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုထူထောင်နိုင်တယ်ဆိုရင် နိုင်ငံရေး ပြဿနာအားလုံးဟာ ပြေလည် သွားမယ် လို့ ကျွန်တော်အဲ့လိုမြင်တယ် ။ နောက်ပြီးတော့ တိုင်းပြည်လည်းတိုးတက်သွားမယ်လို့ မြင်ပါတယ်။”လို့ အကြံပြုပြောကြားခဲ့ပါတယ်။

https://t.me/generallifenews/11689

15/10/2023

“NCA မသေပါဘူး၊ ယနေ့လုပ်တဲ့ပွဲကသက်သေဖြစ်ပါတယ်လို့ ဦးအောင်မင်းပြောကြား”

General Life

၂၀၂၃ အောက်တိုဘာ ၁၅

NCA မသေပါဘူး၊ ယနေ့လုပ်တဲ့ပွဲကသက်သေဖြစ်ပါတယ်လို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်တွင်း အသိသက်သေ များရဲ့ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့အောက်တိုဘာ ၁၅ရက်နေ့မှာ ကျရောက်တဲ့ NCA(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော် ရှိ MICC-2 မှာကျင်းပခဲ့ရာမှာ ဦးအောင်မင်းက “NCA အလုပ်မဖြစ်ဘူးလို့ပြောနေကြပါတယ်။ ကျွန်တော့်အမြင်ကတော့ နိုင်ငံရေးအရ အဖြေရှာမှုကို ဆန့်ကျင်နေ သရွေ့တော့ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေမှာ အမှန်ဖြစ်ပါတယ်။ NCA သေဆုံးသွားပြီလို့ပြောနေ ကြပါတယ်၊ NCA မသေပါဘူး။ ယနေ့လုပ်တဲ့ပွဲကသက်သေဖြစ်ပါတယ်။”လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ၎င်းက “ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအကူးအပြောင်းအောင်မြင်ဖို့အတွက် NCA ကို အကောင်အ ထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်။ သို့မှသာ NCA လမ်းကြောင်းပေါ်မှာပဲ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နောင်အနာဂတ်မျိုးဆက်တွေ အတွက် NCA ရဲ့ဉီးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာနိုင်ရေး ဝိုင်းဝန်းကြိးစားကြဖို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အခုချိန်မှာမပြီးပြတ်သေးပါဘူး၊ကျွန်တော်တို့သဘော တူညီခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ကြသေးပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ ဖြစ်လေ့ ဖြစ်ထရှိ တဲ့အတိုင်း ငြိမ်းချမ်းရေးမှာ ဒီရေတက်ချိန်၊ ကျချိန်ဆိုတာရှိပါတယ်။ ငြိမ်းချမ်းရေးဒီရေကျတဲ့အချိန်ကို ငြိမ်းချမ်းရေး ပျက်တယ်လို့မြင်လို့မရပါဘူး။ ငြိမ်းချမ်းရေးကရှိနေဆဲဖြစ်ပါတယ်။ NCA စာချုပ်မှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုပါရှိပြီးဖြစ်ပါတယ်။ စာချုပ်ကိုလက်မှတ်ရေး ထိုးထားတဲ့ အစုအဖွဲ့တိုင်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အချက်ကို သဘောတူလက်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုစနစ်မျိုးနဲ့ ထူထောင်သွားမယ် ဆိုတာကို လက်ခံပြီးဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အင်မတန်အရေးပါတဲ့ နိုင်ငံရေးသဘောတူ ညီချက်ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့အားလုံးလက်ခံထားသ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်လက် ရှင်သန်နေဦးမှာဖြစ်ပါတယ်။” လို့လည်း အကျယ်တဝင့်ပြောကြားခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံး ညီညွတ်ရေး နဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ အတူ နစက ဒုဥက္ကဌ ၊နစက အဖွဲ့ဝင်များ ၊ NCA- S EAO များ ၊ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့် ခံရတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ၊EAO အထောက်အကူပြုအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးများ ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံတမန်များ၊ (NCA)လက်မှတ်ရေးထိုးခဲ့စဉ်က ပါဝင်ခဲ့သူများ ဒုတိယဝန်ကြီး များနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

https://t.me/generallifenews/11691

15/10/2023
07/10/2023

“မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ တာဝန်ရှိသူတွေ အားလုံး ညှိနှိုင်းဆွေးနွေး”

General Life

၂၀၂၃ အောက်တိုဘာ ၆

ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်များနဲ့ စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကိုအောက်တိုဘာ ၅ရက်နေ့ မွန်းလွဲပိုင်း က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနနဲ့ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံရေရှည်တည်တံ့တဲ့ သဘာဝ ရော်ဘာ အသင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ရန်ကုန်တာယာစက်ရုံတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနဲ့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး MSME Agency နာယကများဖြစ်ကြတဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ Agency ဥက္ကဋ္ဌများက Virtual စနစ်နဲ့ သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ နစက အဖွဲ့ဝင် မန်းငြိမ်းမောင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ MSME များ၊ သွင်းကုန်အစား ထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်။ မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာ ဈေးကွက်ရရှိရေးအတွက် မြန်မာ့ ရော်ဘာ အရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်၍ အာမခံချက်ရှိတဲ့ ရော်ဘာတင်ပို့နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာဟာ ကမ္ဘာ့ပေါက်ဈေးအတိုင်း ဈေးနှုန်းများ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မီရော်ဘာ စက်ရုံများရှိမှသာ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာလည်း မျက်နှာပန်းလှပြီး ရင်ပေါင်တန်း နိုင်မှာဖြစ်ပါတယ်။ အဆင့်မီရော် ဘာစက်ရုံများ ပေါ်ပေါက်လာရေးအတွက် ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပေါင်းစပ်ညှိနှိုင်းကူညီပံ့ပိုး ပေးသွားရမှာ ဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ ရော်ဘာစိုက်တောင်သူများ၊ ရော်ဘာအသင်းအဖွဲ့များ၊ ပညာရှင်များမှ မြန်မာ့ရော်ဘာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ကလည်း “ဝန်ကြီးဌာနအနေနဲ့ ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရော်ဘာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာရရှိရေး၊ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်များရရှိရေး၊ ရေရရှိရေးတို့ အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါတယ်။ ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များဖြင့် သွင်းအားစုများ အပြည့်အဝထည့်သွင်းပြီး စိုက်ပျိုး ရေးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရမှာဖြစ်ပါတယ်။ ထွက်ရှိတဲ့ ရော်ဘာများကို တန်ဖိုးမြှင့်ထုတ် ကုန်များအဖြစ်ပြောင်းလဲပြီး ပြည်တွင်းစက်မှု လုပ်ငန်းများမှာ ပြန်လည်အသုံးပြုသွားဖို့နဲ့ ပြည်ပသို့ တင်ပို့ရာမှာလည်း နိုင်ငံတော်မှထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ် ။ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဥပဒေနဲ့ အညီ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ထို့နောက် စက်မှုဝန်ကြီး က “နောင်လာမယ့် အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူဖြစ်စေမယ့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စျေးကွက်အတွင်း ဈေးကွက်ရှားပါးမှု၊ စျေးနှိမ်ခံရမှု စတဲ့ ပုံရိပ်များမှ လွတ်မြောက်ပြီး ကောင်းမွန်တဲ့ အရည် အသွေး၊ အာမခံချက်များနဲ့ ထိုက်သင့်တဲ့ စျေးနှုန်းများ ရရှိနိုင်ဖို့ အတွက် ရော်ဘာစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းလုပ်ငန်းများမှာ ပါဝင်တဲ့ MSME ရော်ဘာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ နိုင်ငံပိုင်ရော်ဘာ လုပ်ငန်း များမှ တာဝန်ရှိသူများ၊ ဆက်စပ်ဦးစီးဌာနများ၊ ပညာရှင်များက အတူတကွပူး ပေါင်းဆွေးနွေးအဖြေရှာပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယင်းနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယကများဖြစ်ကြတဲ့ ဝန်ကြီးချုပ်များက ပြည်နယ်/တိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ပျိုးထားရှိမှုနဲ့ ထွက်ရှိမှုအခြေအနေ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ထို့နောက် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့တဲ့ သဘာဝရော်ဘာအသင်း၊ ရန်ကုန်တာယာ စက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ National Enlightenment Institute နဲ့ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများက မြန်မာ့ရော်ဘာများကို စံချိန်စံညွှန်းသတ်မှတ်ရေး၊ ရော်ဘာဈေးကွက်အခြေအနေ၊ လက်ရှိရော်ဘာခြံများရဲ့ ရော်ဘာစိုက်ပျိုးမှု၊ ရော်ဘာထွက်ရှိမှုအခြေအနေ၊ ရော်ဘာစေးထုတ်ယူနိုင်မှုအခြေအနေ၊ မြန်မာ့ရော်ဘာဈေးကွက်ဒိုင်ကြီးတစ်ခု ပေါ်ပေါက်လာစေရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကများအနေနဲ့ ဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကို ဆွေးနွေး တင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး နစကအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ တယ်လို့ သိရပါတယ်။

https://t.me/generallifenews/11325

07/10/2023

“ “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အား ဖြည့်ဆည်း စို့”ဆောင်ပုဒ်နဲ့ ယခုနှစ် ကမ္ဘာ့ဆရာများနေ့ကို ကျင်းပ”
General Life
၂၀၂၃ အောက်တိုဘာ ၆
အောက်တိုဘာ ၅ ရက်နေ့က ကျရောက်ခဲ့တဲ့ ယခုနှစ် ကမ္ဘာ့ဆရာများနေ့ကို “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အား ဖြည့်ဆည်း စို့”ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားကို အောက်တိုဘာ ၅ရက်နေ့မနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နဲ့ ဒေါက်တာဘရွှေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနဲ့ တာဝန်ရှိသူများ၊ ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ကြီးများနဲ့ ထူးချွန်ဆရာ ဆရာမများ၊ ပြိုင်ပွဲများမှာ ဆုများရရှိခဲ့ကြသည့် ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
ထို့နောက် မြန်မာနိုင်ငံယူနက်စကိုအမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ကုလသမဂ္ဂ လက် အောက်ခံအဖွဲ့ ငါးဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်များက ပေးပို့တဲ့ စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ပညာရေး ဝန်ကြီးဌာန ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းသန်းမြင့် က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနဲ့ ထူးချွန်ဆရာများရဲ့ လုပ်ငန်း ဆောင်ရွက်ချက်များ အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နဲ့ ဒေါက်တာဘရွှေ၊ ပညာရေး ဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နဲ့ ဒေါက်တာသက်ခိုင်ဝင်းတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ထူးချွန်ဆရာ ဆရာမများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနဲ့ ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ခဲ့ကြပါတယ်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဇော်မြင့်နဲ့ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်း ဝန်နဲ့ ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ဆရာဆရာမ များ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီး နဲ့ အထက် အရာ ထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာဆရာမများအဆင့် ဆောင်းပါး ပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းဆင့်နဲ့ မူလတန်းဆင့်သင် ဆရာဆရာမများ ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်/ သိပ္ပံအဆင့် စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးနဲ့ ကဗျာ ပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတို့မှ ဆုရရှိခဲ့ကြ တဲ့ ဆရာ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများနဲ့ ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ခဲ့ ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ တေးသီချင်း၊ တေးသရုပ်ဖော်များနဲ့ ဖျော်ဖြေခဲ့ကြတဲ့ နေပြည်တော် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများနဲ့ မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်မှကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာကြီး ဆရာမကြီး ၁၂ ဦး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌဆရာကြီး ဒေါက်တာမြင့်ဆွေနဲ့ မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာကြီး ဒေါက်တာမောင်ကျော်တို့ကို ဂါရဝပြုကန်တော့ပြီး ဆရာကြီး ဆရာမကြီးများကိုယ်စား ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း)/ မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံပညာရှင်အဖွဲ့ဝင် ဒေါက်တာဦးဝင်းနဲ့ ပဲခူးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးခင်မောင်စိန်တို့က ဩဝါဒစကားများ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီး များဟာ အခမ်းအနားသို့ တက်ရောက်လာကြသူများနဲ့ အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြပါတယ်။
ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အား ဖြည့်ဆည်း စို့”ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

https://t.me/generallifenews/11328

07/10/2023

“မနက်ဖြန်အတွက် မိုးလေဝသ ခန့်မှန်းချက် အစီအစဉ်”
“မနက်ဖြန် မွန်းတည့်ချိန်အထိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ် ရွာရန်ရာနှုန်းပြည့်”
General Life
၂၀၂၃ အောက်တိုဘာ ၆
မနက်ဖြန် အောက်တိုဘာ ၇ ရက်နေ့ မွန်းတည့်ချိန်အထိ မိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း/ တောင်ပိုင်း)မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မွန်ပြည်နယ်မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင် ပါတယ် ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီး ဌာနက ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ ည(၇) နာရီမှာ ထုတ်ပြန် ကြေညာထား ပါတယ်။
နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမယ် ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ် ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမယ် ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။

https://t.me/generallifenews/11332

07/10/2023

“မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို နိုင်ငံတကာက လေ့လာနိုင်အောင် Digital Museum ကို ရာနှုန်းပြည့်ပြီးစီးအောင်လုပ်ဆောင်ဖို့ မှာကြား”
General Life
၂၀၂၃ အောက်တိုဘာ ၆
ပြည်တွင်းက ဧည့်သည်တွေအပြင် နိုင်ငံတကာက စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်း ကြောင်းနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကို လေ့လာသိရှိနိုင်အောင် Digital Museum ကို အမြန်ဆုံးနဲ့ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ကမှာကြားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ နေ့လည် ပိုင်း က နေပြည်တော် အမျိုးသား ပြတိုက်မှာ ကျင်းပပြုလုပ်တဲ့ WebDesign and Management for Digital Museum ရေးသားနည်း အလယ်အလတ်အဆင့် သင် တန်း ဖွင့်ပွဲအခမ်းအနားမှာ သာသနာရေးနဲ့ယဉ်ကျေးမှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြ ဇံ ကအခုလို မှာကြား ခဲ့တာဖြစ်ပါတယ်။
“ပြည်တွင်းက ဧည့်သည်တွေတင်မကပဲ နိုင်ငံတကာက စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့သ မိုင်းကြောင်းနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကို လေ့လာသိရှိနိုင်အောင် Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ် ပြီးရင်တော့ Online Server ဖြစ်တဲ့ ကိုယ့်ဌာနရဲ့ Website နဲ့ ချိတ်ဆက်ပြီး ကိုယ်ရောက်ရှိရာနေရာကနေ ပြတိုက်တွေကို ကြည့်ရှုနိုင်အောင် လုပ်ဆောင်ထားရမှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဒေါ် နုမြဇံ က သင်တန်းတက် ရောက်မယ့်သူတွေကို ပြောခဲ့တာပါ။
ဒါ့အပြင် ၎င်းက “အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ မန္တလေးမြနန်းစံ ကျော် ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ ပဲခူးဟံသာဝတီ ရှေးဟောင်း သုတေသနပြတိုက်၊ ဗိဿနိုးရှေးဟောင်းသုတေသန ပြတိုက်တွေအတွက် Website ရေးဆွဲတဲ့လုပ်ငန်း တွေကို ဆောင်ရွက်ပြီးစီးရင် ကျန်ရှိနေတဲ့ပြတိုက်တွေကိုလည်း တစ်ဆင့်ချင်းဆက်လက်ပြီးတော့ ဆောင် ရွက်သွားဖို့ လိုအပ်တဲ့အပြင် Website ရေးဆွဲပြီးတဲ့ အခါမှာတော့ သက်ဆိုင်တဲ့ ပြတိုက်တွေမှာ Online Server၊ Offline Server တွေ ထားရှိပြီးတော့ Touch Screen တွေနဲ့ ပြသထားပြီး QR Code တွေနဲ့ ပြည်သူတွေ လွယ်လွယ်ကူ ကူစွာလေ့လာနိုင်အောင် ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်” လို့လည်း ထပ်ပြီးပြောပါတယ်။
သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီး ဌာနမှာ အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသနပြတိုက်၊ အထိမ်းအမှတ်ပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြ တိုက်ဆိုပြီး ပြတိုက်အမျိုးအစား (၅) မျိုးရှိကာ ပြတိုက်ပေါင်း ၃၂ ခုရှိတယ်လို့ သိရ ပါတယ်။
ဒီကနေ့ အခမ်းအနားကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသန နဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တွေနဲ့ ညွှန်ကြားရေးမှူးတွေအပြင် သင်တန်း နည်းပြတွေနဲ့ သင်တန်းသားသင်တန်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

https://t.me/generallifenews/11334

07/10/2023

“မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းက ကာလတန်ဖိုးဂျပန်ယမ်း (၁၂၀) ကျော် တန်ဖိုးရှိပစ္စည်းများလှူဒါန်း”
GenearL Life
၂၀၂၃ အောက်တိုဘာ ၆
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းက ကာလတန်ဖိုးဂျပန်ယမ်း (၁၂၀) ကျော် တန်ဖိုးရှိပစ္စည်းများကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်နဲ့တာဝန်ရှိ သူများထံလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာလှူဒါန်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ASIA World ဆိပ်ကမ်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက “ယခုလှူဒါန်းတဲ့စားနပ်ရိက္ခာ ပစ္စည်းများကို ချစ်မေတ္တာဖောင်ဒေးရှင်းက ဂျပန်နိုင်ငံကမှာယူပြီး ရန်ကုန်မြို့ကို ကုန်တင်သင်္ဘောနဲ့ သယ်ယူ ရောက်ရှိလာမှုအတွက် ကျေးဇူးတင်ရှိပါတယ်၊ အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်က ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးနဲ့စစ်ကိုင်းတိုင်းဒေသ ကြီးတို့ရဲ့ နေရာအချို့မှာလည်းပြည်သူတို့ရဲ့အိုးအိမ်စည်းစိမ် များစွာပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရပြီး ယခုလှူဒါန်းမှု ဟာ ရခိုင်ပြည်နယ်အတွင်း စတုဒိသာကျွေးမွေးမှုအစီအစဉ် အထောက်အပံ့ကောင်းတစ်ခုဖြစ်တယ်”လို့ ပြောကြား ခဲ့ပါတယ်။
အလားတူ ချစ်မေတ္တာဖောင်ဒေးရှင်း၊ မန်နေဂျင်းဒါရိုတ်တာဦးစိုင်းထွန်းကျော်က လည်း “ ယနေ့လှူဒါန်း တဲ့ပစ္စည်းတွေဟာ ဂျပန်နိုင်ငံမှာသဘာဝဘေးကြုံတွေ့ရတဲ့အခါမှာ အသုံးပြုဖို့အသင့်ထားရှိတဲ့ ပစ္စည်းများဖြစ် ပါတယ်။ ဖောင်ဒေရှင်းအနေနဲ့လှူဒါန်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများပေး အပ်လှူဒါန်း ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများက လက်ခံခဲ့ကြတယ်လို့သိရပါတယ်။
ဒီကနေ့ လှူဒါန်း ခဲ့တဲ့ ပစ္စည်းတွေကတော့ သင့်စားထမင်း၊ ငါးသေတ္တာစည်သွပ်ဗူး၊ ငါးကွမ်းရှပ်စည်သွပ်ဗူး၊ ဟင်းသီးဟင်းရွက်ဖျော် ရည်၊ အချိုရည်မျိုးစုံ၊ စုစုပေါင်း ၅၆၄၉၂.၈ ကီလိုဂရမ် ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ အနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ တာဝန်ပေးလမ်းညွှန်မှုကို ခံယူကာ လေယာဉ်/သင်္ဘောတို့ဖြင့်ပြည်တွင်းနဲ့ နိုင်ငံတကာမှ လှူဒါန်းရောက်ရှိလာတဲ့ အလှူပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ပေးလျက်ရှိရာ လေယာဉ်ခရီးစဉ် စုစုပေါင်း(၉၆)ခေါက်၊ တန်ချိန်(၄၁၆)တန်ကျော်နဲ့သင်္ဘောခရီးစဉ်(၃၅)ခေါက်၊ တန်ချိန်(၅၀၀၀၀)ခန့်ကိုပို့ဆောင် ပေးခဲ့တယ်လို့သိရပါတယ်။

https://t.me/generallifenews/11336

07/10/2023

“မူဆယ်ခရိုင်ထဲက အသက်(၁၀၀)နှစ်နဲ့အထက် အဘိုးအဘွား(၁၀)ယောက်အတွက် တစ်ဦးကို ငါးသိန်း ကျပ် ထောက်ပံ့လှူဒါန်း”
General Life
၂၀၂၃ အောက်တိုဘာ ၆
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အသက်(၁၀၀)နှစ်နဲ့ အထက် သက်ကြီးအဘိုးအဘွား (၁၀) ယောက်ရှိပြီး ၎င်းတို့ တစ်ဦးချင်းကို ငါးသိန်းကျပ်နှုန်းဖြင့် မူဆယ် ခရိုင် တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက်သွားပြီး ထောက်ပံ့ခဲ့ကြ တယ်လို့သိရပါတယ်။
အဲ့ဒီလှူဒါန်းမှုကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနဲ့ တာဝန်ရှိကြသူတွေ က အောက်တိုဘာ (၁) ရက် နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အိမ်တိုင်ရာရောက် သွားပြီး ထောက်ပံ့ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။
လှူဒါန်းငွေလက်ခံခဲ့ကြတဲ့အဖိုးအဖွားတွေကတော့ မူဆယ်မြို့နယ်ထဲက အသက်(၁၀၀) နှစ် နဲ့အထက် သက်ကြီးအဘိုး အဘွား(၆)ဦး၊ မုံကိုးမြို့က (၂)ဦးနဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့ကအဖိုးအဖွား (၂)ဦး၊ အားလုံး အဘိုးအဘွား (၁၀)ဦး ဖြစ်ပြီး ငွေကြေးထောက်ပံ့လှူဒါန်းတာအပြင် အာဟာရဖြစ်အစားအစာတွေနဲ့ သစ်သီးတွေ ကိုပါ ထောက်ပံ့ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြတာကတော့ မူဆယ်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်မိုးနဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မူ ဆယ်ခရိုင်လူမှု ဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ မြို့နယ်လဝက ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစန်းလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တွေနဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအ ဖွဲ့ဝင်တွေပါဝင်ခဲ့ကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနဲ့တာဝန်ရှိကြသူတွေက အဘိုးအဘွား တစ်ဦးခြင်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ လိုအပ်ချက်တွေကို ရင်းရင်းနှီးနှီးမေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

https://t.me/generallifenews/11338

07/10/2023

“ပြည်နယ်နဲ့တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ပြိုင်မယ့် ပဲခူးတိုင်းကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းကို အောင်နိုင်ရေးအလံနဲ့ ငွေကျပ်(၂၂)သိန်း ထောက်ပံ့ပေးအပ်”
GenearL Life
၂၀၂၃ အောက်တိုဘာ ၆
၂၀၂၃ ခုနှစ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းကို အောင်နိုင်ရေးအလံနဲ့ ငွေကျပ်(၂၂)သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းမှ အားကစားသမားများ၊ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနဲ့နည်းပြများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်မှာ ပါရှိတဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသား ရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့နဲ့ ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်တိုးတက်မြင့်မားစေရေး အားကစားနည်းများအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါတယ်၊ အားကစားသမားများအနေနဲ့ အနိုင်/ အရှုံး တစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ထိုက်တန်ထူးချွန်တဲ့ အားကစားသမားများ ပေါ်ထွက်လာစေရေး၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစတဲ့ အခြေခံကောင်းများကို အရင်းပြုပြီး အစဉ်အလာကောင်းခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်ကာ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များအပြင် အသင်းလိုက်တံခွန်စိုက် ဆုဖလားရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုပါတယ်”လို့ ဩဝါဒစကားပြောကြားခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး အားကစားနဲ့ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်ကလည်း ပြိင်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် အခြေအနေနဲ့ စုစည်းလေ့ကျင့်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်တာများကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအနေနဲ့ ၂၀၁၈ ခုနှစ်က အမျိုးသမီးအသင်းလိုက် ဒုတိယဆု၊ အမျိုးသမီးတက်သစ်စဆု၊ ၂၀၂၂ ခုနှစ်က အမျိုးသား/အမျိုးသမီးအသင်းလိုက်တတိယဆု၊ အမျိုးသားအ တိုးတက် ဆုံးဆုနဲ့ ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပန်းတောင်းမြို့နယ်မှ မောင်အောင်မြင့်မြတ်က ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု၊ ပြည်မြို့နယ်မှ မောင်မင်းသစ္စာအောင်က ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု အသီးသီးဆွတ်ခူးရရှိခဲ့ကြတယ်လို့သိရပါတယ်။

https://t.me/generallifenews/11340

Address

No, 138 Taepaw Lane Thasaihla Ward Pyanmana
Naypyidaw

Telephone

+959661304476

Website

Alerts

Be the first to know and let us send you an email when Pen Weapon Newsletter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pen Weapon Newsletter:

Share