Branded Myanmar News Agency

Branded Myanmar News Agency တာဝန်ယူမှုမှသည် ယုံကြည်စိတ်ချရမှုဆီသို့

11/12/2023



visit to
to
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

11/12/2023


for


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

10/12/2023

လွိုင်ကော် သီရိမင်္ဂလာဈေးကို လက်နက်ကြီးဖြင့်
ပစ်ခတ်မှုမရှိကြောင်း နစက အသိပေးရှင်းလင်း


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

10/12/2023

ကောလဟာလ စီရင်ခန်း
စက်သုံးဆီပြဿနာ
မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး နစက အသိပေးရှင်းလင်း

for

#နစက
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

10/12/2023

နစက၏ စက်သုံးဆီ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်နှင့် အင်တာဗျူး

ဒီဇင်ဘာလတွင် စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်း များကြောင့် အများပြည်သူစိုးရိမ်ပူပန်မှုမြင့်တက်ကာ စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားခဲ့ပြီး အခြေခံစက်သုံးဆီဈေးကွက်အတွင်း အကြပ်အတည်းများဖြစ်ပေါ်ခဲ့ခြင်းနှင့် လက်ရှိဆောင်ရွက်နေသည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော်နှင့် အင်တာဗျူးတစ်ခုကို ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဒီဇင်ဘာ၁၀ရက်တွင် အောက်ပါအတိုင်းထုတ်ပြန်ခဲ့ပါသည်။

မေး။ ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပါတယ်။ ဒီလိုအခြေအနေ တွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို သိရှိလိုပါတယ်။
ဖြေ။ ။ အခုလတ္တေလာမွာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး/ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေတာတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ မကြာမီစက်သုံးဆီပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ လတ်တလောလူမှုကွန်ရက်က မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှုပမာဏထက် ကျော်လွန်ဝယ်ယူနေတာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။
သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ အခေါက်ခေါက်ထုတ်ယူသိုလှောင်ပြီး တစ်ဆင့်ပြန်လည် အမြတ်တင်ရောင်းချနေတာမျိုး တွေလည်းရှိတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် CNG Taxi တွေကလည်း စက်သုံးဆီကိုမလိုအပ်ဘဲ အခြားနည်းအသုံးပြုဖို့ ဝယ်ယူနေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi တွေကို စက်သုံးဆီလုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဓိကမြို့ကြီးတွေရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တွေ တန်းစီဝယ်ယူမှုများပြားနေရတဲ့ နောက်ထပ်အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့သွားလာရာလမ်းကြောင်းအရလည်းကောင်း၊ လိုအပ်တဲ့အချိန်နဲ့ ပမာဏအရလည်းကောင်း နီးစပ်ရာလမ်းကြောင်း သင့်တဲ့ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ ဆိုင်တွေမှာပဲ အဓိကတန်းစီ ဝယ်ယူလိုကြတာကြောင့်လည်းဖြစ်ပါတယ်။ ဒီအပြင် ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေများပြားလာတာကြောင့် ဝယ်ယူမှုမြင့်တက်လာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ ရှစ်ရက်တာကာလအတွင်း 92 Ron ဂါလန် ၆သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD ဂါလန် ၆ သန်းကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂သိန်း၁သောင်းကျော်၊ HSD ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း၉သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ လိုင်စင်ရအရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူးပေးနေတဲ့ ပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်း ကျော်၊ HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေး ခဲ့ရတာဖြစ်ပါတယ်။
စက်သုံးဆီ ပုံမှန်ဝယ်ယူသုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခုရက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေအများကြီး တန်းစီဝယ်ယူနေကြတာကြောင့် ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်ကျော်လွန်တဲ့ အရောင်းဆိုင်အချို့မှာ ဆီဖြည့်တင်းဖို့ထွက်ခွာလာတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရတဲ့ အခြေအနေမျိုးတွေရှိပေမယ့် အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။
ကျွန်တော့်အနေနဲ့ ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက်ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာ၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုး မပြုကြဖို့နဲ့ မိမိတို့လိုအပ်သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလိုပါတယ်။
ဒီလိုတရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန်စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

09/12/2023

ဂါဇာဒေသ စစ်ပွဲရပ်ဆိုင်းရေးအဆို
အမရေိကန် ဗီတိုအာဏာသုံး၍ပယ်ချ


break


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency
Everyone

09/12/2023

အလှူငွေအခက်အခဲကြောင့် ပြည်တွင်းရှိ
ပရဟိတအဖွဲ့များ ရပ်တည်ရန်ခက်ခဲလာ

to

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

09/12/2023

မဲခေါင်-လန်ချန်းဖိုရမ်အကြောင်း
နစက အသိပေးရှင်းလင်း


#နစက
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

09/12/2023

နေရာအနှံ့အပြား သိသိသာသာ အအေးပိုမည်
in

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

09/12/2023

ထိပ်တန်းရောက်နောက်ဆုံးရ သတင်းများ

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

08/12/2023

တပ်မမှူးတဦးကိုသတ်ဖြတ်နိုင်ခဲ့ကြောင်း
MNDAA၏ပြောဆိုမှု သတင်းမှားဟုဆို
from
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

08/12/2023

နစကဘက်ကထွက်ပေါ်လာသည့်အသံများ
from #နစက

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

08/12/2023

ဆီဘောက်ဆာယာဉ်အချို့ တိမ်းမှောက်မီးလောင်မှုဖြစ်ပွား

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

07/12/2023

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

(၇-၁၂-၂၀၂၃ ရက်၊ပေကျင်းမြို့)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗြူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ ကျောက်ယွိထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက် ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဆုပ်ချန်ဒါ ဆိုဖီအာ (Mr. Sok Chenda Sophea)၊ လာအိုနိုင်ငံ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီဝင်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မစ္စတာ သောန်ဆာ ဗန် ဖုန်ဗီဟန် (Mr. Thongsavanh Phomvihane)၊ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာ (Mr. Parnpree Bahiddha Nukara)နှင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်း (Mr. Bui Thanh Son) တို့ပါဝင် တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေး၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထို့ပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးရလဒ်များအပေါ် ရှင်းလင်းပြောကြားခဲ့သည်။

(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗြူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း (၁၀၆) ခု အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁.၆ သန်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။


Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attends the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting in Beijing, China

(7-12-2023, Beijing)

At the official invitation of Mr. Wang Yi, Member of the Political Bureau of the CPC Central Committee and Minister of Foreign Affairs of the People’s Republic of China, the Co-Chair of the Mekong-Lancang Cooperation (MLC), Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attended the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting (8th MLC FMM) held on 7 December 2023 at the Diaoyutai State Guest House in Beijing, China.

The meeting was co-chaired by Mr. Wang Yi, Minister of Foreign Affairs of China, and U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of Myanmar and attended by Cambodian Deputy Prime Minister and Minister of Foreign Affairs and International Cooperation Mr. Sok Chenda Sophea, Member of the Central Committee of the Lao People’s Revolutionary Party (LPRP) and Chairman of the Committee for External Relations of the LPRP Mr. Thongsavanh Phomvihane, Thai Deputy Prime Minister and Minister of Foreign Affairs Mr. Parnpree Bahiddha Nukara, and Vietnamese Minister of Foreign Affairs Mr. Bui Thanh Son.

The Ministers reviewed the progress of Mekong-Lancang Cooperation and discussed on the way forward. Moreover, they also exchanged views on future direction of Mekong-Lancang Cooperation.

After the 8th MLC Foreign Ministers’ Meeting, Mr. Wang Yi, Minister of Foreign Affairs of China, and U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of Myanmar held the Joint Press Briefing on the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting and its outcomes.

The Co-Chair of the Mekong-Lancang Cooperation, Mr. Wang Yi, Member of the Political Bureau of the CPC Central Committee and Minister of Foreign Affairs of China hosted a Dinner in honor of the Heads of Delegation of the MLC member countries and delegations to the 8th MLC FMM.

The Mekong–Lancang Cooperation (MLC) is the regional cooperation mechanism established in 2016 to further strengthen the socio-economic development of the region. Cambodia, China, Lao PDR, Myanmar, Thailand and Viet Nam are members of the MLC. The MLC Special Fund has provided funds for the implementation of (106) projects in Myanmar to date, in support of the National Sustainable Development Strategy of Myanmar with a total value of 31.6 million USD.

မလေးရှားနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ တွေ...
07/12/2023

မလေးရှားနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်



မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ် ဦးစိုးကိုကိုသည်(၁-၁၂-၂၀၂၃) ရက်နေ့ တွင် Selangor ပြည်နယ်ရှိ Sungai Bulohအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား(၃) ဦးအား လည်းကောင်း၊ (၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်း တွင် Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသား(၁)ဦးအားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး၊ အမှုအယူခံဝင်နိုင်မှု အခြေအနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံ၍မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။
ထို့အပြင် သံအမတ်ဦးစိုးကိုကိုသည် (၄-၁၂-၂၀၂၃) ရက်နေ့၊မွန်းလွဲနေ့ပိုင်း တွင် Penang ပြည်နယ်ရှိ Joru ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၅၁) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တွေ့ဆုံ၍ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
source: Ministry of Foreign Affairs Myanmar

#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

ပြည်တွင်းသုံးစွဲရန်လိုအပ်သောစက်သုံးဆီပမာဏ အလုံအလောက်ရှိကြောင်းနှင့် ကောလဟာလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်...
07/12/2023

ပြည်တွင်းသုံးစွဲရန်လိုအပ်သောစက်သုံးဆီပမာဏ
အလုံအလောက်ရှိကြောင်းနှင့် ကောလဟာလ
သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုကြောင်း
သတင်းရရှိ



#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

06/12/2023

နစကဘက်မှ ထုတ်ပြန်သည့်သတင်းများ


#ပြန်ကြားရေးဝန်ကြီးဌာန
#နစက
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

06/12/2023

နစက ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့ကို သမ္မတပူတင်က
ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်
from
and #နစက
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

06/12/2023

နိုင်ငံခြားငွေဈေးနှုန်းကို ဗဟိုဘဏ်က
သတ်မှတ်ကန့်သတ်တော့မည်မဟုတ်ဟုဆို
of
for
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

05/12/2023

နိုင်ငံတော်ကိုပြည်ပအလိုကျ
ဖျက်ဆီးနေသူများ ရှုတ်ချခံနေရ


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

05/12/2023

ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းကြောင့်
နေရာအများအပြား မိုးရွာနိုင်ခြေရှိ
@မြန်မာ့ဟန်မိုးလေဝသ (15-12-2023)



#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

05/12/2023

စစ်ပွဲလိုလားသူများကြောင့် မုန်း မြို့ရှိဒေသခံ
ပြည်သူအများ ဒုက္ခ​ရောက်နေ




#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

04/12/2023

NUG ဘက်တော်သားများ၏သတင်းမှားများကို
နစက အနေဖြင့်ဆက်တိုက်ပြန်လည်ရှင်းလင်းနေရ
by #နစက
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

04/12/2023

ယူနက်စ်ကိုပိုင်ယာဉ်များနှင့် ပြည်သူပိုင်ယာဉ်များကို
ရခိုင့်တပ်မတော် AA ဓားပြတိုက်သွားဟုဆို


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

04/12/2023

ထိပ်တန်းရောက် နောက်ဆုံးရသတင်းများ

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

04/12/2023

MNDAA အဖွဲ့ ပေါ်တာဆွဲနေဟုဆို

#ပေါ်တာ
#ချွေးတပ်

#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

03/12/2023

မြောက်ပိုင်းအဖွဲ့တွင် ဒရုန်းပညာရှင်
၆၅၀၀ ပါသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

03/12/2023

ဆယ်လီတွေရဲ့ ဘဝအကြောင်း
ရုပ်ရှင်စီးရီးတခုမိတ်ဆက်


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

02/12/2023

ပြည်သူပိုင် တံတားတစင်း ထပ်မံဖျက်ဆီးခံရ

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

01/12/2023

ပလက်ဝ မောင်တော လွိုင်ကော်ဒေသ ပတ်ဝန်းကျင်
တပ်မတော်ထိန်းချုပ်



by
#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

01/12/2023

NUG ဘက်တော်သားများ၏ သတင်းတု
သတင်းမှားများကို နစက ပြန်လည်ချေပ

#နစက

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

01/12/2023


မြဝတီလမ်း ကော့ကရိတ် အနီးတွင်တိုက်ပွဲဖြစ်နေ
#မြဝတီ
in
#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

အမျိုးသားဒီမိုကရေစီပါတီသစ်NNDP(ခမောက်၃လုံး)ပါတီဥက္ကဋ္ဌဦးသန်းထွန်းဟာ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ...
01/12/2023

အမျိုးသားဒီမိုကရေစီပါတီသစ်NNDP(ခမောက်၃လုံး)ပါတီဥက္ကဋ္ဌဦးသန်းထွန်းဟာ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။အသက် ၅၄နှစ်အရွယ် ဦးသန်းထွန်းဟာ မနေ့က နေပြည်တော်ကနေ ရန်ကုန် ကို ပြန်သွားခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာ လုပ်ကြံခံလိုက်ရတာဖြစ်တယ်လို့ NNDPပါတီက BrandedMyanmarကိုအတည်ပြုပါတယ်။ဒီအကြမ်းဖက်မှုကို ဘယ်အဖွဲ့စည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဦးသန်းထွန်းဟာ ၈၈မျိုးဆက် ဒီမိုကရေစီဘက်တော်သားတစ်ဦးဖြစ်ပြီး၂၀၁၀ရွေးကောက်ပွဲအပြီးမှာဦးသိန်းညွန့်နဲ့ အတူအမျိုးသားဒီမိုကရေစီပါတီသစ်ကိုတည်ထောင်ပြီးဒုဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါတယ်။

၂၀၂၁မှာဦးသိန်းညွန့်နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှာဦးသန်းထွန်းဟာNNDPပါတီရဲ့ဥက္ကဌတာဝန်ကိုလွှဲပြေင်းထမ်းဆောင်ခဲ့ပါတယ်။

ဒီအရေးခင်းကာလအတွင်း နိုင်ငံရေးခံယူချက်မတူညီသူ CDMမလုပ်သူ ရပ်ကျေး အုပ်ချုပ်ရေးဝန်ထမ်းတွေ ရဟန်းသံဃာတွေနဲ့ NLDပါတီဝင်မဟုတ်တဲ့ တခြားပါတီဝင်အရပ်သားတွေ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့အရေတွက်ဟာ ၇၁၀၀ ကျော်လာခဲ့ပြီဖြစ်ပြီး အဲ
ဒီအေရအတွက်ကို ကုလသမဂ္ဂ က ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။




#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

29/11/2023

RCSS နှင့် SSPP တို့ အပစ်အခတ်ရပ်စဲကြောင်းကြေငြာ


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

29/11/2023

ဆိုင်ကလုန်းမုန်တိုင်းနှင့် ရင်ဆိုင်ရဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ


#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

29/11/2023

အထက်တန်းပြဆရာမကို ရက်စက်စွာ လည်ပင်းလှီးဖြတ်
by

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

29/11/2023

ထောင်ဒါဏ် ၁၀ နှစ်ကျသွားတဲ့ ဦးရဲထွဋ်
-minister U Ye Htut to Jail

#မြန်မာ့ဟန်သတင်းအေဂျင်စီ

Branded Myanmar News Agency

29/11/2023

တရုတ်ရေတပ် သင်္ဘောများ ရန်ကုန်ရောက်ရှိ


#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

28/11/2023

စစ်ပွဲလိုလားသည့် ပြည်ဖျက်အဖွဲ့များနှင့်
အမေရိကန်ပတ်သက်နေဟု နစက ဆို



#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

27/11/2023

အရေးအခင်းကာလအတွင်း လျှပ်စစ်တာဝါတိုင်
၈၁ တိုင်ကို တော်လှန်ရေးအင်အားစုများကဖျက်ဆီးခဲ့



#မြန်မာ့ဟန်သတင်းအေဂျင်စီ
Branded Myanmar News Agency

Address

No, 4736, Tabinshwehtee, Pobbathiri Tsp, Nay Pyi Taw
Naypyidaw
15014

Telephone

+959960673832

Website

Alerts

Be the first to know and let us send you an email when Branded Myanmar News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Branded Myanmar News Agency:

Videos

Share


Other Media/News Companies in Naypyidaw

Show All