Seven News MM

Seven News MM Daily News

14/03/2023

သံဃာတော်များနှင့် လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်သည့် လုပ်ရပ်မှာ လုံးဝလက်ခံနိုင်ဖွယ်မရှိသော အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးခွန်မင်းသိမ်း ပြောကြား

သံဃာ(၃)ပါး နှင့် လက်နက်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်...
14/03/2023

သံဃာ(၃)ပါး နှင့် လက်နက်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်းချက်မရှိ တာဝန်ယူရမည်ဟု (PNLO) ထုတ်ပြန်၊ KNDF/PDF များ၏ ယုတ်မာရက်စက်တဲ့ လုပ်ရပ်အပေါ် ဘယ်လိုမှ မကျေနပ်နိုင်ဘူး ဟု လွတ်မြောက်လာသော ရွာသားတစ်ဦး ပြော

MNP ၊ မတ် ၁၄
ပင်လောင်းမြို့နယ်၊ နမ်းနိမ်းရွာတွင် သံဃာ(၃)ပါးနှင့် လက်နက်မဲ့ပြည်သူ (၁၉)ဦးအား မတရားသဖြင့် သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်းချက်မရှိ တာဝန်ယူရမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) က ယမန်နေ့ (၁၃-၃-၂၀၂၃) ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာအုပ်စုက တပ်မတော်က ကျူးလွန်ခဲ့သယောင် ဒေသခံ ပအိုဝ်းပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖော်ပြနေမှုများအပေါ် ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့တဲ့ KNPP/KNDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။" ဟု ရှင်းလင်းပြောဆိုထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ PA-O PAY မီဒီယာမှ KNDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားရာမှ ပြန်လည်လွတ်မြောက်လာသည့် ရွာသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားရာ " KNDF/PDF အဖွဲ့တွေက ဖေဖော်ဝါရီလ (၂၅) ရက်နေ့လောက်ကတည်းက နန်းနှိမ်ရွာအပြင်ဘက်မှာ နေရာယူထားပါတယ်ခင်ဗျ။ ၂၇ ရက်နေ့မှာ နန်းနှိမ်ရွာထဲကို ဝင်ပြီးတော့ ဘုန်းကြီးကျောင်း၊ ရွာရဲ့တောင်ဘက် ဘုရားကုန်း၊ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် စာသင်ကျောင်းတွေမှာ အင်အား ၁၈၀ လောက်နဲ့ ဖြန့်ခွဲ နေရာယူထားပြီးတော့ ကျွန်တော်တို့ ရွာသူရွာသားတွေကို အတင်းအဓမ္မမောင်းထုတ် ကျွန်တော်တို့ကလည်း ရွာထဲက မထွက်ချင်တာနဲ့ ကျောင်းထိုင်ဆရာတော်နဲ့အတူ ရွာသား ၂၀ လောက် ပုန်းအောင်း ခိုလှုံပြီး နေထိုင်ခဲ့ပါတယ်။ PDF တွေက ကျွန်တော်တို့ ရွာသားတွေအပေါ်မှာ အချုပ်သားသဖွယ် ဆက်ဆံပါတယ်။ အပြင်မထွက်ရ၊ ရွာထဲမသွားရ အချုပ်သားသဖွယ် ဝက်စားကျွေးချိန်၊ နွားစာကျွေးချိန် ခဏပဲ လွှတ်ပြီးတော့ ကျွန်တော်တို့ကို ချက်ချင်း ကျောင်းထဲ ပြန်သွင်းပြီးတော့ အချုပ်သားတွေလို ချုပ်နှောင်ထားရှိပါတယ်။ ကျွန်တော်တို့ ဖုန်းတွေ အကုန်လုံးကို ထိန်းသိမ်းထားပါတယ်။ ယူဆောင်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်မိဘဆွေမျိုးညီအစ်ကို မောင်နှမကိုမှ ဆက်သွယ်လို့ မရပါဘူး။ ကျွန်တော်တို့ ရွာထဲက အိမ်ကြီးအိမ်ကောင်းမှန်သမျှကို PDF က ဖောက်ဖွင့် အဖိုးတန်ပစ္စည်းမှန်သမျှ၊ စားသောက်ဖွယ်ရာပစ္စည်းမှန်သမျှ အိမ်ကြီးအိမ်ကောင်းမှန်သမျှကို ဖောက်ဖျက်ပြီးတော့ အကုန်လုံး ကားနဲ့တင်ပြီးတော့ အနောက်ကယမ်းခေါ်တဲ့ဘက်ကို တင်ဆောင်ယူသွားပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို မကျေနပ်သော်လည်း သူတို့မှာ လက်နက်ကိုင်ထားတဲ့အတွက် အောင့်အီးပြီးတော့ သည်းခံနေရပါတယ်။ သုံးလပိုင်း (၁၁)ရက်နေ့မှာ ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲမှာ ချုပ်နှောင်ထားတဲ့ အခန်းထဲမှာ ဦးအေးဆိုတဲ့သူက သူတို့တားမြစ်ထားတဲ့အချိန် ရွာထဲကို ထွက်တဲ့အတွက် PDF အဖွဲ့ဝင်ကနေ လှမ်းပြီး ပစ်သတ်ခဲ့ပါတယ်။ အဲဒါကို မြင်တွေ့ပြီးတော့ ကျွန်တော်တို့ ရွာသား (၄)ယောက် အဲဒီထဲကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်မှာ ဖြစ်တဲ့ အခြေအနေကတော့ ရွာသား (၁၈)ယောက်နဲ့ ကျောင်းထိုင်ဆရာတော်အပါအဝင် ဦးဇင်းနှစ်ပါးကိုပါ သတ်ဖြတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်မှုဖြစ်တဲ့အချိန်မှာ တပ်မတော်သားတွေ၊ PNO တပ်ဖွဲ့ဝင်တွေ မရှိပါဘူး။ ရွာ့အပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ရွာထဲကို ရောက်ရှိလာခြင်းမရှိသေးပါဘူး။ ဘုန်းကြီးနဲ့ ရွာသားတွေကို PDF အဖွဲ့ဝင်တွေကပဲ သတ်ခြင်းဖြစ်ပါတယ်။ ရွာထဲမှာ မီးလောင်တာက တပ်မတော်တွေ၊ PNO တပ်ဖွဲ့ဝင်တွေ မရောက်သေးပါဘူး။ PDF တွေ၊ KNDF အဖွဲ့ဝင်တွေက လိုက်လံ မီးရှို့တာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လက်နက်မရှိလို့ သည်းခံနေရခြင်း ဖြစ်တယ်။ လူလူချင်းဆိုရင်တော့ တစ်ယောက်ချင်း ဓားနဲ့ထိုးရမလား၊ ဖက်ကိုက်ရမလား၊ သတ်မလား သတ်တယ်။ ဒီလိုယုတ်မာရက်စက်တဲ့အပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့က ဘယ်လိုမှ ပြောမပြတတ်အောင် ကျေနပ်မှုမရှိဘူး။" ဟု ပြောဆိုထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၏ ထုတ်ပြန်ချက်တွင် "စစ်ရာဇဝတ်မှုမြောက်သည့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းအပါအဝင် မတူကွဲပြားသောဘာသာနှင့် လူမျိုးစုများအကြား ရည်ရွယ်ချက်ရှိရှိ အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးခြင်း စသည့် မည်သည့်လုပ်ရပ်မျိုးမဆို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း" ထုတ်ပြန်ထားသည်။

14/03/2023

နမ့်နှိမ်ရွာအတွင်း ရွာသားများကို ဝင်ရောက် သတ်ဖြတ်သွားသူများမှာ KNDF အဖွဲ့များဖြစ်ကြောင်း ရွာခံတစ်ဦး ပြောကြား

နမ့်နှိမ်ရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, Myanmar Now အစရှိသည့် သတင်းဌာနများက တပ်မတော်အပေါ် ဒေသခံ ပအိုဝ်းပြည်သူများက ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန်မှာ တပ်မတော်နှင့် PNLO အဖွဲ့များ မရှိကြောင်း ရွာခံက ပြောပါတယ်။

PA-O PAY မီဒီယာမှ ဖော်ပြချက်အား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် KNPP/KNDF အကြမ်းဖက်သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ခ...
14/03/2023

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် KNPP/KNDF အကြမ်းဖက်သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

MNP ၊ မတ် ၁၄
မီဒီယာအချို့မှာ ပင်လောင်းမြို့နယ်၊ နမ့်နှိမ်ရွာ ဘုန်းကြီးကျောင်းမှာ ကယားPDF လို့ စွပ်စွဲပြီးတော့ တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။" ဟု ယမန်နေ့က ရှင်းလင်းပြောဆိုထားသည်။
ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီကျွန်တော်တို့ ပင်လောင်းဒေသဆိုတာက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တယ်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ယခင် တပ်မတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော ပအိုဝ်းဒေသမှာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတာ ရှိတယ်။ သူနဲ့ နီးစပ်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ မငြိမ်မသက်ဖြစ်နေပေမယ့် ပင်လောင်းဒေသမှာ တည်ငြိမ်အေးချမ်းပြီးတော့ ပအိုဝ်းဒေသပေါ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှုရှိနေတာ အမှန်ပါပဲ။ ဒါကတော့ ပအိုဝ်းဒေသမှာ နယ်မြေခံ ပြည်သူ့စစ်တွေ၊ PNO အဖွဲ့အစည်းတွေနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ ဒီ မတ်လဆန်းလောက်မှာ ကျွန်တော်တို့ တောင်ဘက်မှာ ရှိတဲ့ KNDF/ KNPP အကြမ်းဖက်အဖွဲ့တွေက ပအိုဝ်းဒေသဘက်ကို နှောက်ယှက်ဖျက်ဆီး တိုက်ခိုက်လာတာတွေ့ရပါတယ်။" ဟု ပြောသည်။
KNDP/KNPP အကြမ်းဖက်သောင်းကျန်းသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့မှုအပေါ် "ဒီဖြစ်စဉ်မှာလည်း မတ်လ (၁၁) ရက်နေ့က ဖြစ်ခဲ့တယ်။ ဒါ ပင်လောင်းမြို့နယ် နမ့်နှိမ်ရွာပေါ့။ အဲဒီနေရာမှာ KNPP/ KNDF အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီးတော့ ရွာကိုခြိမ်းခြောက်တာတွေ၊ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေ ရှိလာတယ်။ တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ မတ်လ ၁၁ရက်နေ့ ၉ နာရီမှာ ရွာနားလေး ရောက်တဲ့အခါမှာ KNDF/PDF/KNPP အကြမ်းဖက်အဖွဲ့တွေက တပ်မတော်စစ်ကြောင်း၊ နယ်မြေခံ ပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့က တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းရွာဖြစ်တဲ့ နမ်နိမ်ကျေးရွာထဲကို ဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာမျိုး ရှိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ အလောင်း၊ လက်နက်တချို့ ရရှိခဲ့တာ ရှိတယ်။ ဒါ KNDF/ KNPP အကြမ်းဖက်သောင်းကျန်းသူ ဘက်ကနေ ရရှိခဲ့တာ ရှိတယ်။ ပြီးရင်ကျွန်တော်တို့ညနေပိုင်းပေါ့ (၃ ၀၀)နာရီလောက်မှာလည်း ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။" ဟု ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဖြစ်စဉ်တစ်ခုလုံးကို ပြောရမယ်ဆိုရင်တော့ ပအိုဝ်းဒေသရဲ့ ငြိမ်းချမ်းနေမှု၊ ဖွံ့ဖြိုးနေမှုကို ဖျက်ဆီးလိုတဲ့အတွက်ကြောင့် လာရောက်ဆောင်ရွက်တာ ဖြစ်တယ်။ ဒီ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ ပြီရင်လည်း တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းဒေသခံတွေ၊ ပြည်သူစစ်တွေနဲ့ တပ်မတော်ကြားထဲကို ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာမျိုးဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNPP/KNDF/PDF အဖွဲ့တွေကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်တယ်။ ဒီနေရာမှာ ရွာသူ/ရွာသားတွေ သေတယ်ဆိုပြီးတော့ သတင်းအမှား ဖြန့်တယ်။ ပြီးရင် သူတို့ရွာထဲဝင်သွားပြီးတော့ဗျာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသူ/ရွာသားတချို့လည်း သေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ဟာမျိုးလည်း တွေ့ရတယ်။ ထွက်ပြေးရတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ ကျွန်တော် ပြောလိုတာကတော့ ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့တဲ့ KNPP/KNDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။" ဟု ပြည်ဖျက်မီဒီယာများ၏ ရေးသားဖော်ပြမှုများအပေါ် ရှင်းလင်းပြောဆိုထားသည်။
ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရအပေါ် ဒေသခံ ပအိုဝ်းပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖော်ပြမှုများကို BBC, VOA, RFA, Myanmar Now အစရှိသော တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစဉ်သဖြင့် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများ ပြုလုပ်နေသည့် သတင်းဌာနများမှ ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်MN...
13/03/2023

ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

MNP ၊ မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါမြို့နယ်ရှိ ဒက္ခိဏရာမ ဘုရားကြီးတိုက်၌ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၄၃ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေးMNP ၊ မတ် ၁၃မွန်ပြည်နယ်၊ မော်လမြိုင်...
13/03/2023

မော်လမြိုင်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး

MNP ၊ မတ် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေး၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှ...
13/03/2023

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

MNP ၊ မတ် ၁၃
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအား ပေး၍ မျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါ လူနာများအား စနဲမြို့ ဆိပ်ခံတံတားသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။

ထို့အတူ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၃၅ ဦးအား စနဲမြို့တိုက်နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၀၇ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၄၃ ဦး၊ အရိုးရောဂါ ၂၅၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၈ ဦး၊ မျက်စိရောဂါ ၁၆၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေ ခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၈၀ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၇၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

၎င်းအပြင် ဆေးရုံရေယာဉ်ပေါ်၌ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး မိုးကျော်ထွန်း ဦးဆောင်ပြီး ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာနေ မီးဖွားလူနာ ဒေါ်ခင်လဲ့လဲ့ ကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ နံနက် ၆ နာရီ ၃၄ မိနစ်ခန့်တွင် သားဦးရတနာတစ်ဦး (၆ ပေါင် ၆ အောင်စ)ကို ခွဲစိတ်မွေးဖွားပေး နိုင်ခဲ့ပြီး သားငယ် မောင်ဟိန်းသံလွင်အောင် ဟု အမည်ပေးခဲ့ကာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံးမွေးဖွားပေးခဲ့သည့် ကလေးငယ် ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှု သမိုင်းမှတ်တမ်းတွင် ၁၈ ဦး မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံMNP ၊ မတ် ၁၃တနင်္သာရီတိုင်းဒေသကြီး၊ မြ...
13/03/2023

မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

MNP ၊ မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် က နယ်မြေခံလေတပ်စခန်း ဌာနချုပ် ရွာဟေ့လူခန်းမ၌ တွေ့ဆုံ အမှာ စကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက် ဆန်၊ ဆီ၊ ဆား၊ ကာဘော်လစ်ဆပ်ပြာနှင့် စားသောက်ဖွယ်ရာ များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်                       MNP ၊ မတ် ၁၃ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေ...
13/03/2023

ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်

MNP ၊ မတ် ၁၃
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မိမိတို့အတွက် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့် စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိုင်း လက်ကိုင် ထားကျင့်သုံးရမည့် မင်္ဂလသုတ်တော် အပါအဝင် အခြားသိသင့် သိထိုက်သည့် ဘာသာ ရေးဗဟုသုတများကို ထဲထဲဝင်ဝင် သိရှိစေရန်၊ ယဉ်ကျေးလိမ္မာသည့် သားကောင်း၊ သမီး ကောင်းများအဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့ တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေး လိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ တပ်နယ်အပါအဝင် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ သတ်မှတ်နေရာများ၌ လည်း ကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့များရှိ သတ်မှတ်နေရာများ၌ လည်းကောင်း အသီးသီးပြုလုပ်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများက သင်တန်းဖွင့် အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများက သင်တန်းအထောက်အကူပြု ပစ္စည်းများ ပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

အဆိုပါ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ် အပါအဝင် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၆၁၅ ဦးဖြင့် မတ် ၂၄ ရက်အထိလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့ များရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၁၄၀ ဦးဖြင့် ဧပြီ ၇ ရက်အထိလည်း ကောင်း အသီးသီး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

13/03/2023

ကျေးရွာမီးလင်းရေးကော်မတီဝင်တွေကို သတ်ဖြတ်သွားတဲ့ PDF ၊
KIA ကို အမြစ်ပြတ်ခြေမှုန်းပေးပါ၊
ဘုန်းကြီးတွေ ဘုန်းကြီးအလုပ် ဘုန်းကြီး လုပ်တယ်၊

13/03/2023

ပြည်သူ့စစ်အဖွဲ့တွေကို လာထိရင်တော့ PDF တွေ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်ဟု ဆရာတော်ဦးဝါသဝ မိန့်ကြား

ယနေ့ ကန့်ဘလူမြို့နယ် ခါးတောက်ရင်းကျေးရွာအုပ်စု ခါးတောက်ရင်းကျေးရွာ ယင်းသာကျေးရွာ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ဆရာတော်ဦးဝါသဝ က မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
နစကအစိုးရ၊ တပ်မတော် အနေဖြင့်လည်း KIA ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသတွေမှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်လို့ KIA ကို အမြစ်ပြတ်ခြေမှုန်းပေးဖို့ တောင်းဆိုထားပါတယ်။

13/03/2023

ပင်လောင်းမြို့နယ် ၊ နမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သံဃာ(၃)ပါးနှင့် ပြည်သူများအား ကယား PDF လို့စွပ်စွဲပြီး တပ်မတော်က အစုလိုက် ၊ အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယခုရက်ပိုင်းအတွင်း မီဒီယာများမှာ စွပ်စွဲဖော်ပြမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားချက်

အသက်(၇၀)အရွယ် အဘိုးအိုအား နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားMNP ၊ မတ် ၁၃ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အသက်(၇၀)အရ...
13/03/2023

အသက်(၇၀)အရွယ် အဘိုးအိုအား နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွား

MNP ၊ မတ် ၁၃
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အသက်(၇၀)အရွယ် အဘိုးအိုအား နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်သွားမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့၊ အောင်သစ္စာရပ်ကွက်နေ ကိုအားဝူ သည် မတ် ၁၂ ရက် ညနေ ၅ နာရီခန့်က ၎င်း၏ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ မြို့တွင်းသို့ ထွက်သွားခဲ့ပြီး ည ၇ နာရီခွဲကျော်ခန့်တွင် နေအိမ်သို့ ပြန်လာကာ ဆိုင်ခန်းမီးများအား ဖွင့်ကြည့်စဉ် နေအိမ်၌ တစ်ဦးတည်းကျန်ခဲ့သူ ၎င်း၏ဖခင်ဖြစ်သူ ဦးချိန်တင်ဖ (၇၀)နှစ်သည် ကောင်တာရှေ့၌ ပက်လက်လှန်အနေအထားဖြင့် လည်ပင်းရှေ့ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၈/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

13/03/2023

ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်တွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ ၁ဦး ဖမ်းဆီးရမိ

MNP ၊ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ၁၁-၃-၂၀၂၃ ရက်နေ့က PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ ၁ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ အမှတ်(၃) ရပ်ကွက်တွင် အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူ ၁ ဦး ရောက်ရှိနေကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ အိမ့်မှူးသွယ်(ခ)မွန်မွန်အား တွေ့ရှိ၍ စစ်ဆေးမေးမြန်းခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

13/03/2023

ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားတစ်ဦး ဖမ်းမိ

MNP ၊ မတ်လ ၁၃
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာအနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရေစကြိုမြိုနယ်၊ ဖူလုံကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများအား စစ်ဆေးနေစဉ် မြစ်ကြီးမြို့မှ မကွေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ပေါ်မှ ဝေယံထွန်း ဆိုသူအား စစ်ဆေးခဲ့ရာ ၎င်းသည် PDF အကြမ်းဖက်အဖွဲ့ဝင် ၁ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

13/03/2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာအနီးရှိ ထရန်စဖော်မာ အား PDF အကြမ်းဖက်သမားများက ပစ်ခတ် ဖျက်ဆီး

MNP ၊ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာအနီးရှိ ထရန်စဖော်မာ အား ယမန်နေ့ နံနက်ပိုင်းကPDF အကြမ်းဖက်သမားများက ပစ်ခတ် ဖျက်ဆီးသွားကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာအနီးရှိ မြိုနယ်လျှပ်စစ်ဓာတ်အားခွဲရုံအား PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး ထရန်စဖော်မာ ဆီဖြည့်ပေးသည့်အိုးအား ပစ်ခတ်ဖျက်ဆီးပြီး တည်တောကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက် အဖျက်သမားများ၏ လုပ်ရပ်ကြောင့် ထီးချိုင့်မြိုနယ်များတွင် လျှပ်စစ်မီးပျက်တောက်ခဲ့ပြီး တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေသည့် ကာလတွင် အင်မတန် ယုတ်မာရိုင်းစိုင်းသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ချက်ရှိကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အချင်းပြည့်ဝသော နည်းပညာရှင်များ မွေးထုတ်ပေး MNP ၊ မတ် ၁၃သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ...
13/03/2023

နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အချင်းပြည့်ဝသော နည်းပညာရှင်များ မွေးထုတ်ပေး

MNP ၊ မတ် ၁၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရ နည်းပညာအထက်တန်းကျောင်း (ပုသိမ်)သို့ရောက်ရှိပြီး သင်တန်းသားများကို သတ်မှတ်အရည် အသွေးစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရေးမှသည် လက်တွေ့ကျွမ်းကျင်မှု Hand on ဖြစ်စေရန်နှင့် အမှန်တကယ် တတ်မြောက်မှုစစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ရန်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသဖြင့် ယင်းကိုအထောက်အကူပြုမည့် ကာလတိုသင်တန်းများဖွင့်လှစ်ပေးရန်၊ နည်းပညာများ လွှဲပြောင်းပေးရန်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း မှာကြားကာ ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေး၍ ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ကျောင်းသားများစာမေးပွဲ ဖြေဆိုနေမှုနှင့် အလုပ်ရုံများကို စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ် က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ကာ ရေရှည်တည်တံ့စေရေး ပုံမှန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ လေ့လာဆည်းပူးနိုင်ရေး ဖြည့်ဆည်းပေးရန်၊ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံဖွံ့ဖြိုးရေးပံ့ပိုးပေးနိုင်ရန်အတွက် မဟာဗျူဟာ စီမံကိန်းအတိုင်းအရည်ချင်း ပြည့်ဝသော ICT လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်သွားရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေး၍ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ Lab ခန်းများ၊ တည်ဆောက်ဆဲ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

အမျိုးသမီးငယ်တစ်ဦးအား အရက်တိုက်၍ အလိုမတူဘဲ သားမယားပြုကျင့်စော်ကားသူ (၃)ဦးအား ဖမ်းဆီးအရေးယူMNP ၊ မတ် ၁၃ကချင်ပြည်နယ်၊ လွယ်...
13/03/2023

အမျိုးသမီးငယ်တစ်ဦးအား အရက်တိုက်၍ အလိုမတူဘဲ သားမယားပြုကျင့်စော်ကားသူ (၃)ဦးအား ဖမ်းဆီးအရေးယူ

MNP ၊ မတ် ၁၃
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲ သားမယားပြုကျင့်သူ လူငယ်သုံးဦးအား မတ် ၁၁ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ မ----- (၁၉)နှစ်သည် မတ် ၁၀ ရက် ည ၇ နာရီခွဲခန့်က အခန်းငှားနေထိုင်သည့် နေရာ၌ ရှိနေစဉ် ရင်းနှီးသိကျွမ်းသူ ကျော်ကျော်ဦး ရောက်ရှိလာပြီး လမ်းလျှောက်သွားရန်ခေါ်ဆောင်သဖြင့် ထွက်လာစဉ် လမ်း၌ ကျော်ကျော်ဦး၏ မိတ်ဆွေဖြစ်သူ မင်းခန့်စိုး နှင့် ဇော်လင်းတို့ တွေ့ရှိလိုက်ပါလာခဲ့ပြီး (၃၉)လမ်းထိပ် လေ့ကျင့်ခန်းလုပ်သည့်နေရာတွင် ၎င်းတို့ လေးဦးသည် အရက်ဘီယာ အတူသောက်စားခဲ့ကြပြီး မ-------- သည် အရက်မူးသွားသဖြင့် ကျော်ကျော်ဦး က အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ ကျောပိုးပြီး အထက ကျောင်းရှေ့ ကွင်းပြင်တွင် ရပ်ထားသည့် (၁၂)ဘီးယာဉ်ခေါင်းခန်းပေါ်သို့ ခေါ်ဆောင်ကာ ကျော်ကျော်ဦး ၊ မင်းခန့်စိုးနှင့် ဇော်လင်း တို့က တစ်ကြိမ်စီ သားမယားအဖြစ်ပြုကျင့်စော်ကားခဲ့ကြောင်း သိရသည်။
မ------- ၏ နေအိမ်အိပ်ခန်းသို့ ပြန်လိုက်ပို့ပေးခဲ့ကာ ၎င်းနေရာ၌ ဇော်လင်းက သားမယားအဖြစ်ထပ်မံပြုကျင့်ရာ မ-------- က ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းမည်ပြုစဉ် ဇော်လင်းက ပါးစပ်ပိတ် လည်ပင်းညှစ် ပါးရိုက်ပြီး အခန်းတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သူ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေသူများဖြစ်သည့် ကျော်ကျော်ဦး (၁၅)နှစ်၊ မင်းခန့်စိုး (၁၆)နှစ်နှင့် ဇော်လင်း (၁၉)နှစ်တို့အား လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၇/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကို...
13/03/2023

ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ပြောကြား

MNP ၊ မတ် ၁၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင် ကျင်းပသော ပုဂ္ဂလိကကဏ္ဍသို့ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်သိန်း က ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း ထည့်သွင်းပြောဆိုသွားသည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်မှာ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံ မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ကွန်ဗင်းရှင်းက ချမှတ်ထားသည့် အချက်များ၊ လိုက်နာ ကျင့်သုံးရမည့်ကျင့်ဝတ်များကို သဘောတူ လက်မှတ် ရေးထိုး ထားပြီး အဖွဲ့ဝင်နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အမှာစကားပြောကြားရာအဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေးအတွက် အသိပညာပေးရေး လုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးသည် အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရန် အစိုးရ ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် စာရိတ္တမဏ္ဍိုင် ခိုင်မာစေရေး ပညာပေးအစီအစဉ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် သင်ကြား စေလိုပါကြောင်း၊ အဂတိ လိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနား ဖြစ်မြောက်ရန် UMFCCI အနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးခြင်းသည် တစ်နည်းအားဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် မြှင့်တင်အားပေးဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အဆင့်တွင်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့အစည်းများ သာမက ပုဂ္ဂလိကကဏ္ဍမှလည်း လာဘ်ပေးလာဘ်ယူခြင်းကိစ္စများကို ရှောင်ရှားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်လျက်ရှိပြီး စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းများအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ကျင့်ဝတ်များ၊ နည်းလမ်းများကို နားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန်အတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဖြင့် ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်ကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က ဆက်လက်ဆွေးနွေးရာတွင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွားကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီး ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းနည်းလမ်းများသည် အခြေခံကျသည့် နည်းလမ်းများဖြစ်သည့်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်၊ ဦးကျော်ဒေဝ၊ ဦးဇော်မင်းသန့် ၊ ညီနောင်အသင်းများနှင့် အသင်းဝင် ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ် ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ၎င်းတို့၏ သိရှိလို သည်များကို မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနား ပြီးမြောက်ခဲ့သည်။

Photo - UMFCCI

ဘုန်းကြီး အလုပ် ဘုန်းကြီး လုပ်နေကြပြီနိုင်ငံရေးအစွန်းရောက်တွေ နဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မှိုင်းမိနေတဲ့ လူ့ငနွားတွေ...
13/03/2023

ဘုန်းကြီး အလုပ် ဘုန်းကြီး လုပ်နေကြပြီ

နိုင်ငံရေးအစွန်းရောက်တွေ နဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မှိုင်းမိနေတဲ့ လူ့ငနွားတွေက ဆရာတော်သံဃာတော်တွေကို လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး ဝေဖန်ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။
ပြောရရင်တော့ ဆရာတော်သံဃတော်တွေအပေါ်မှာ အမြင်မကြည်လင်မှုတွေနဲ့ အကုသိုလ်ပွားနေကြတာတွေကို မြင်တွေ့ခဲ့ရတယ်။ သူတို့ရဲ့ အလိုဆန္ဒနဲ့ ကိုက်ညီရင်တော့ ဘုန်းဘုန်း၊ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီရင်တော့ ဒီကတုံးက ရှုပ်ကို ရှုပ်တယ်။ အားမနာပ ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ဖို့လည်း ဝန်မလေးဘူး။ ဒီလို ဖြစ်ပေါ်လာခြင်းရဲ့ နောက်ကွယ်မှာ ဘာသာခြားလူယုတ်မာတွေလည်း ရှိနေနိုင်ပါတယ်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကပါ ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ လိုတော့ ဘုန်းဘုန်း၊ မလိုတော့ ကတုံး ဖြစ်နေကြတဲ့ ပြဿနာနဲ့ ပတ်သက်လို့ အကျဉ်းမျှပဲ ရှင်းလင်းတင်ပြလိုပါတယ်။ ကျွန်တော့်ရဲ့ ဆောင်ပုဒ်မကတော့ "အမြင်မရှင်းတာ အမှန်မသိလို့၊ အမှန် မသိတာက မလေ့လာလို့" ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်နိုင်ဖို့မျှသာ ရေးသားပြဆိုပါမယ်။ ဆရာတော် ဦးဝီရသူ ယနေ့အချိန်မှာ ဘာလုပ်နေလဲ။ နိုင်ငံရေးအစွန်းရောက်တွေနဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မှိုင်းမိနေတဲ့ ပုဂ္ဂိုလ်တွေ သိကြသလားလို့ မေးရင် မသိပါဘူး။ အကျဉ်းထောင်က လွတ်မြောက်လာပြီးကတည်းက ဆရာတော် ကျန်းမာရေးတရားစခန်းတွေ ဖွင့်တယ်။ ကျန်းမာရေးတရားစခန်း ဖွင့်ရခြင်း ရည်ရွယ်ချက်ကတော့ ဆီးချိုဝေဒနာနဲ့ ဆက်စပ်တဲ့ ဝေဒနာသည်တွေ ကျန်းမာပျော်ရွှင်စေဖို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးတရားစခန်း (၇)ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီးပြီ။
ဆီးချိုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့ ရောဂါဝေဒနာတွေ ဆရာတော်ရဲ့ တရားစခန်းကို လာရောက်အားထုတ်ပြီးတဲ့အချိန်မှာ သိသိသာသာ သက်သာပျောက်ကင်းသွားကြတာတွေ ရှိပါတယ်။ ကျန်းမာရေးတရားစခန်းမှာက တရားထိုင်ရတယ်။ အစားအသောက်ကို စနစ်တကျ ကျွေးမွေးတယ်။ (အပြင်က အလှူရှင်ရှိရင်လည်း တရားစခန်းက သတ်မှတ်ထားတဲ့အတိုင်းပဲ ချက်ပြုတ်ကျွေးမွေးလှူဒါန်းရပါတယ်။) လေ့ကျင်ခန်း ပုံမှန်လုပ်ပေးတယ်။ နေ့စဉ် ရောဂါအတက်အကျ မှတ်တမ်းပြုစုပြီး စနစ်တကျ လုပ်ပေးတဲ့အခါမှာ ရောဂါဝေဒနာကို ဆိုးဆိုးရွားရွားခံစားခဲ့ရသူများပင် တရားစခန်းရောက်လာပြီး ၃ရက်လောက်မှာ သိသိသာသာ လျော့ကျပြီး၊ ပေါ့ပါးလန်းဆန်းတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရပါတယ်။
ဒီလို တရားစခန်းတွေ ဖွင့်လှစ်ဆောင်ရွက်ရာမှာ ရောဂါဝေဒနာ ရှိနေရင် လူမျိုးမရွေး၊ ဘာသာမရွေး လက်ခံပေးတယ်။ လာရောက်တရားအားထုတ်သူ (ကုသမှုခံယူသူ)တိုင်း စည်းကမ်းလိုက်နာပြီး အားထုတ်တဲ့အခါ သိသိသာသာ သက်သာပျောက်ကင်းတဲ့ အကျိုးထူးကို ရရှိတဲ့အတွက် ဆရာတော်ကို ကျေးဇူးတင်မဆုံး ရှိနေကြပါတယ်။ ထူးခြားချက်ကတော့ အစ္စလာမ်ဘာသာဝင်တွေလည်း တရားလာထိုင်တယ်။ NLD တွေလည်း တရားလာထိုင်တယ်။ အဲဒီလို ဆရာတော်နဲ့ ထိတွေ့ ဖူးမျှော်ခွင့်ရသူတိုင်း ဆရာတော်ရဲ့ နေထိုင်ပြုမူပြောဆို ဆက်ဆံပုံကအစ လေလှိုင်းပေါ်မှာ နိုင်ငံရေးအစွန်းရောက်တွေနဲ့ ပြည်ဖျက်မီဒီယာတွေ လုပ်ကြံဖန်တီးရေးသားဖော်ပြနေတာတွေဟာ တတ်တတ်စင်အောင် လွဲချော်နေပါလားလို့ သိမြင်သွားကြတယ်။ သူတို့အတွက် နောက်ထပ်၊ နောက်ထပ် အကုသိုလ်မပွားကြတော့ဘူးပေါ့ဗျာ။
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်လို့ ပြောနေတဲ့ ပြည်ဖျက်မိစ္ဆာနိုင်ငံရေးအစွန်းရောက်များ နဲ့ မှိုင်းမိနေတဲ့ လူတစ်စု သိရှိနားလည်စေဖို့ပါ။ ဒါက ဆရာတော်ဦးဝီရသူ လက်ရှိ အများပြည်သူအကျိုး ဆောင်ရွက်ပေးနေတာနဲ့ ပတ်သက်လို့ သာဓကထားပြီး ပြောခြင်းဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ သာသနာအတွက် အလေးထားတဲ့ ပုဂ္ဂိုလ်တိုင်းက တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို စဉ်ဆက်မပြတ် လုပ်နေကြတာပဲ ဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီး၊ ရွာမဆရာတော်ကြီး၊ အမျိုး ဘာသာ သာသနာရေးကို အလေးထားဆောင်ရွက်နေကြတဲ့ ဆရာတော်သံဃာတော်များ အားလုံးဟာ မိမိတို့ ကျွမ်းကျင်တဲ့ကဏ္ဍနယ်ပယ် အသီးသီးမှာ အများပြည်သူ ကောင်းကျိုးရမယ့် အလုပ်တွေ မပြတ်တန်း လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီး ဆောင်ရွက်နေတဲ့ အများပြည်သူ အကျိုးပြု လုပ်ငန်းတွေဆိုရင် ဖွဲ့နွဲ့ပြောဆိုလို့တောင် ကုန်နိုင်ဖွယ် မရှိပါဘူး။ စစ်ကိုင်းတောင်ရိုး ရေပေးဝေးရေး၊ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ စက္ခုဒါနဆေးရုံတွေ လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေတာနဲ့ကိုပဲ သာဓုခေါ်လို့ မဆုံးနိုင်ပါဘူး။ ကမ္ဘာအရပ်ရပ်မှာ သာသနာထွန်းလင်းစေဖို့ ဆောင်ရွက်နေတာတွေလည်း အံ့မခန်းပဲ မဟုတ်ပါလား။ အမေရိကန်မှာ သီတဂူဗုဒ္ဓသာသနာပြုကျောင်း ရှိတယ်။ ရုရှားမှာ ရွှေစည်းခုံဘုရားကို ဖူးမျှော်နိုင်ပြီ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းကပဲ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်က ဆရာတော်သံဃာတော်တွေကို ကူညီပံ့ပိုး လှူဒါန်းထောက်ပံ့ပေးနေတာတွေကို မြင်တွေ့ခဲ့ရပါတယ်။
ဒီကာလမှာ အထူးပြုပြီး ပြောရမယ့် သံဃာတစ်ပါးတော့ ရှိတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးဝါသဝ(ငါးရာငါးဆယ်ဆရာတော်) ဖြစ်ပါတယ်။ ဆရာတော်ဟာ ဒီကာလမှာ အကြမ်းဖက်အန္တရာယ်တွေ ကြုံတွေ့ရတဲ့ ဒေသခံတွေကို ကူညီကယ်တင်စောင့်ရှောက်ခဲ့ရတယ်။ အကြမ်းဖက်အန္တရာယ်တွေကို ခုခံကာကွယ်နိုင်အောင် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေရတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်သူတွေက လုပ်နေတာလဲလို့ မေးရင်တော့ ဘုန်းကြီးအလုပ် ဘုန်းကြီး လုပ်လို့ အားမနာပ ပြစ်တင်ပြောဆိုတတ်ကြတဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မှိုင်းမိနေသူတွေပဲ မဟုတ်ပါလား။
ဆရာတော် ဦးဝါသဝ က ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်အန္တရာယ် ခုခံကာကွယ်နိုင်ရေးအတွက် အလုပ် လုပ်နေပြန်တော့လည်း ဘုန်းကြီး အလုပ် ဘုန်းကြီးလုပ်လို့ ဆိုကြပြန်သေးတယ်။ ဆရာတော်ဦးဝါသဝ ကို အကြမ်းဖက်အုပ်စုကလည်း မလိုလားသလို တချို့သော နိုင်ငံရေးအစွန်းရောက်များကဲ့သို့သော အယူအဆရှိတဲ့ ရာထူးအာဏာနဲ့ ကိုယ်ကျိုးရှာသူများကလည်း မလိုလားကြပါဘူး။ ဘုန်းကြီး က သူတို့လုပ်ရမယ့် အလုပ်ကို ဝင်လုပ်နေတော့ ဘုန်းကြီးရှုပ်လို့တောင် ခေါင်းစဉ်တပ်ချင်နေကြပါသေးတယ်။ တကယ်တော့ တာဝန်ရှိသူတွေက တာဝန်ရှိသည့်အလျှောက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အတိဒုက္ခမရောက်အောင် ကာကွယ်ဆောင်ရွက်ပေးမယ်ဆိုရင် ဘုန်းကြီးက ဒီအလုပ်တွေ ဝင်လုပ်နေဖို့ လိုပါ့မလား။
ဒီနေရာမှာ ပြည်သူအများကို အလေးအနက်ထား ပြောကြားလိုတာက တချိန်က ဆရာတော် ဦးဝီရသူဟာ နိုင်ငံရေးဇာတ်ခုံပေါ်မှာ၊ အမျိုးသားရေးဇာတ်ခုံပေါ်မှာ ပြင်းထန်ထိရှတဲ့ စကားလုံးတွေ ပြောခဲ့ရတယ်။ အဲဒါလည်း အများပြည်သူအတွက် လိုအပ်လို့ ပြောခြင်းဖြစ်တယ်။ အခုအချိန်မှာ အဲဒီလို ပြောဖို့ မလိုအပ်တဲ့အတွက်ကြောင့် ကျန်းမာရေးတရားစခန်းဖွင့်ပြီး ရောဂါဝေဒနာခံစားနေရသူတွေကို ကယ်တင်ပေးနေတယ် မဟုတ်ပါလား။ တချိန်က ဓမ္မစကူးလ်ဖွင့်ပြီး မိမိကျောင်းတိုက်လေး တိုးတက်စည်ပင်သာယာရေး လုပ်ဆောင်နေတဲ့ ဆရာတော်ဦးဝါသဝ ဟာ ယနေ့အချိန်မှာ KIA ကို နှိမ်နင်းပေးဖို့ တောင်းဆိုနေတာ၊ PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ကြဖို့ လုပ်ဆောင်နေရတာလည်း အများပြည်သူအတွက် လိုအပ်နေလို့ပဲ မဟုတ်ပါလား။
ပြည်သူများအနေနဲ့ နားလည်ရမှာက ဘုရားသားတော်တွေမှာ ဘာမှ တွယ်တာစရာ မရှိဘူး။ မြတ်စွာဘုရားရဲ့ လမ်းစဉ်ဖြစ်တဲ့ မိမိဘဝကို ငြမ်းအဖြစ် အသုံးချပြီး အများပြည်သူကောင်းကျိုး ဖြစ်အောင် လုပ်ဆောင်ဖို့ပဲ မဟုတ်ပါလား။ ဆရာတော် ဦးဝီရသူ သည်လည်းကောင်း၊ ဆရာတော် ဦးဝါသဝ သည် လည်းကောင်း သူတို့ရဲ့ ဘဝတွေကို အများပြည်သူကောင်းကျိုးအတွက် ငြမ်းအဖြစ် အသုံးချပြီး ပေးဆပ်နေကြတာပဲ မဟုတ်ပါလား။ ဘုန်းကြီးများဟာ အများပြည်သူ အကျိုးအတွက် လုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တဲ့အလုပ်ကို လုပ်တယ်။ ဘုန်းကြီး အလုပ်၊ ဘုန်းကြီး လုပ်နေကြခြင်း ဖြစ်တာကို နားလည်ကြဖို့ ဖြစ်ပါတယ်။
ရာထူးအာဏာ ရှိသူတွေအနေနဲ့ ပြည်သူ့အကျိုးကို မျက်ကွယ်မပြုခဲ့ဘူးဆိုရင် ဦးဝီရသူ နိုင်ငံရေးဇာတ်ခံပေါ် တက်လာဖို့ မလိုဘူး။ ပြည်ပသြဇာခံ နိုင်ငံရေးအစွန်းရောက်တွေသာ တိုင်းပြည်ကို ရောင်းမစားဘူးဆိုရင် ဦးဝီရသူ အမျိုးသားရေး ဇာတ်ခံပေါ် ရောက်မလာပါဘူး။ ထို့အတူပဲ ပြည်ပသြဇာခံ နိုင်ငံရေးအစွန်းရောက်တွေသာ အကြမ်းဖက်လှုပ်ရှားမှုကို မလုပ်ဘူးဆိုရင် ဆရာတော်ဦးဝါသဝ ဓမ္မစကူးလ်ဖွင့်ပြီး အေးအေးဆေးဆေး နေလို့ရတာပေါ့။ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ပြည်သူတွေ အတိဒုက္ခရောက်အောင် ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းလှတဲ့ အကြမ်းဖက်လုပ်ရပ်တွေ မကျူးလွန်ခဲ့ကြဘူးဆိုရင် ဆရာတော်ဦးဝါသဝ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး လုပ်ဖို့မလိုပါဘူး။
ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ တစ်ဘဝစံတွေ ဖြစ်တဲ့အတွက်ကြောင့် အများပြည်သူအတွက် ကောင်းကျိုးဖြစ်မယ့်ကိစ္စမျိုးကို မလိုလားဘူး။ တိုင်းပြည်ကို အတိဒုက္ခရောက်အောင် ဖန်တီးချင်တယ်။ သံဃာတော်တွေကိုလည်း သူတို့နဲ့ တသားတည်းရပ်တည်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်စေချင်တယ်။ တချို့သော သံဃာတော်တွေ ပြည်ဖျက်မီဒီယာတွေကနေပြီး သီတဂူဆရာတော်ကြီး၊ ရွာမဆရာတော်ကြီးတို့ကိုပါ မချန် အပုပ်ချ စော်ကားပြောဆိုနေကြတာကို တွေ့မြင်ကြဖူးလိမ့်မယ် ထင်ပါတယ်။ အထွေအထူးလည်း မပြောချင်ပါဘူး။ပြောဖို့လည်း လိုမယ် မထင်ပါဘူး။
ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး မှိုင်းတိုက်မှုတွေနောက်ကို လိုက်ပါရင်း ပြည်သူများအနေနဲ့ အကုသိုလ်တွေ များခဲ့ကြပြီ။ အကုသိုလ်တွေ များခဲ့ကြတဲ့အလျှောက် အနိဋ္ဌာရုံတွေလည်း ကြုံခဲ့ကြရပြီးပြီ။ ဘုန်းကြီးတွေ ဘုန်းကြီး အလုပ်၊ ဘုန်းကြီး လုပ်နေတယ်။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ တိုင်းပြည်ကို ဖျက်ဆီးလို့ အားမရနိုင်ကြသေးဘူး။ ပြည်သူအများအနေနဲ့ သိရှိနားလည်ပြီး သူတို့အလိုကျ သူတို့ကြိုးစွဲရ မကကြပါနဲ့တော့ အကုသိုလ်တွေ များလွန်းမက များခဲ့ပြီဖြစ်လို့ မိမိတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ကုသိုလ်မများရင်တောင် အကုသိုလ်တွေမပွားကြပါနဲ့တော့ဗျာ။
ဆရာတော်သံဃာတော်များက အများပြည်သူကောင်းကျိုးဖြစ်စေမယ့် ဘုန်းကြီး အလုပ်၊ ဘုန်းကြီး လုပ်နေကြပြီ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သြဇာခံပြီး မိမိတို့အတွက်လည်း ကောင်းကျိုးမရှိ၊ အများပြည်သူကိုလည်း အတိဒုက္ခရောက်စေမယ့် အလုပ်တွေ လုပ်ရင်း အချိန်ဖြုန်းမနေကြပါနဲ့တော့။ ။

နောင်တော်လေး (ဘိုကလေး)

Address

Zabuthiri
Naypyidaw
11081

Alerts

Be the first to know and let us send you an email when Seven News MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seven News MM:

Share

Category


Other Newspapers in Naypyidaw

Show All