MyanmaGone,

MyanmaGone, မြန်မာ့ဂုဏ်သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်အသိအမှတ်ပြု သတင်းဌာနတစ်ခုဖြစ်ပါသည်

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်++++++++++++++++++...
05/07/2023

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်
++++++++++++++++++++++++++++++++++++++++++++++++++
5th၊July၊MMG

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) ၏ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောသည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ် စသည့်တပ်မတော်တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

MMG

Meta က Twitter အလားတူ အက်ပ်အသစ် Threads ကို ယခုသီတင်းပတ်တွင် စတင်မည်++++++++++++++++++++++++++++++++++++++++++++++++++4t...
04/07/2023

Meta က Twitter အလားတူ အက်ပ်အသစ် Threads ကို ယခုသီတင်းပတ်တွင် စတင်မည်
++++++++++++++++++++++++++++++++++++++++++++++++++

4th၊July၊MMG

Twitter ကမောက်ကမများ ဖြစ်ပွားနေစဉ် Meta က Twitter အလားတူ အက်ပ်အသစ် Threads ကို ယခုသီတင်းပတ်တွင် စတင်မည်ဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူများသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ပြဿနာများစွာနှင့် ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်တွင် Twitter က တစ်ရက်တာတွင် မြင်နိုင်သော tweets အရေအတွက်ကို ကန့်သတ်လိုက်ခြင်းသည် တွစ်တာအသုံးပြုသူများအတွက် အဆိုးဆုံး အခြေအနေ ဆိုက်ရောက်သွားသည်။ မကျေမနပ် ဖြစ်ကုန်ကြသည်။ထိုအခြေအနေတွင် Twitter အသုံးပြုသူများအတွက် Twitter အလားတူ အက်ပ်အသစ် Threads ကို Meta က စတင်တော့မည် ဖြစ်ပါတယ်။

MMg

မင်္ဂလာဒုံ၊ ဇေကမ္ဘာဝန်းအတွင်းရှိအထည်ချုပ် စက်ရုံမီးလောင်++++++++++++++++++++++++++++++++++4th၊July၊MMG မင်္ဂလာဒုံမြို့နယ...
04/07/2023

မင်္ဂလာဒုံ၊ ဇေကမ္ဘာဝန်းအတွင်းရှိအထည်ချုပ် စက်ရုံမီးလောင်
++++++++++++++++++++++++++++++++++
4th၊July၊MMG

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း၊ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာ (၇) လမ်းရှိအထည်ချုပ်စက်ရုံတွင်ဇူလိုင်လ ၄ ရက် ည ၆း၄၀ နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။

မီးမှာတရုတ်လူမျိုး Mr. Chen Ken Chein Yu ပိုင်သည့် Great Glowing Garment အထည်ချုပ်စက်ရုံတွင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်/ရေသယ်ယာဥ် ၂၀ စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၇း၂၃ နာရီတွင် မီးငြိမ်းသွားကြောင်းနှင့် လူထိခိုက်မှုမရှိဘဲစက်ရုံတွင်းရှိ ပစ္စည်းများမီးလောင် ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။

MMG

'ပဲခူးမြို့နယ်ထဲက ပရဟိတကျောင်းတစ်ကျောင်းမှာ မွေးနေ့အလှူလုပ်တဲ့ ခေါက်ဆွဲကြော်စားမိသူ ကလေးနဲ့ လူကြီး အယောက် ၁၃၀ ခန့်  အစာအ...
04/07/2023

'ပဲခူးမြို့နယ်ထဲက ပရဟိတကျောင်းတစ်ကျောင်းမှာ မွေးနေ့အလှူလုပ်တဲ့ ခေါက်ဆွဲကြော်စားမိသူ ကလေးနဲ့ လူကြီး အယောက် ၁၃၀ ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++++++++++
4th၊July၊MMG

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာရှိ မေတ္တာကမ်းလက်ပရဟိတကျောင်းမှာ ယနေ့ (ဇူလိုင် ၄ ရက်) မနက်ပိုင်းက မွေးနေ့အလှူရှင် ၁ ဦး လာရောက်လှူဒါန်းတဲ့ ခေါက်ဆွဲကြော်စားပြီး ကလေး၊လူကြီး ၁၃၀ ဦးခန့် အစာအဆိပ်သင့်မှုဖြစ်ပွားကာ ဆေးရုံပို့ကုသနေရတယ်လို့ သိရပါတယ်။

အဲဒီကျောင်းမှာရှိတဲ့ ဆရာမတွေအပါအဝင် ကလေးငယ် စုစုပေါင်း ၁၃၀ ခန့်ဟာ ခေါက်ဆွဲကြော်စားပြီးနောက်မှာ အစာအဆိပ်သင့်ကာ မူးဝေတာ၊ အော့အန်တာနဲ့ ရင်ပြည့်ရင်ကယ်စတဲ့ ဝေဒနာတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံလူမှုကူညီရေးအသင်းတွေက ဘုရားကြီးဆေးရုံကို ၅ ဦး၊ ပဲခူးဆေးရုံကို ၁၂၀ ဦးကျော် ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အစာအဆိပ်သင့်သူတွေထဲမှာ အချို့လူနာတွေက အရေးပေါ်သွေးလိုအပ်နေသူတွေလည်းရှိတာကြောင့် သွေးရှာဖွေနေရပြီး အချို့ကလေးတွေကတော့ ပြန်လည်‌သက်သာနေသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

MMG

အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည...
04/07/2023

အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
++++++++++++++++++++++++++++++++++++++++++++++++++++++++
4th၊July၊MMG

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပမည့် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ပြင်ဆင်ထားရှိများအား သွားရောက်ကြည့်ရှုစစ်ဆေးကြပါတယ်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ကြည်နှင့် တာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်ထားရှိမှု၊ မိသားစုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲမှ တွေ့ဆုံမည့်နေရာ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပါတယ်။

ဆက်လက်၍ ဝန်ကြီးချုပ်က အာဇာနည်ဗိမာန်သို့ သွားရာလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဘေး၊ ဝဲယာ သန့်ရှင်းသပ်ရပ်မှုရှိရေးဆောင်ရွက်ရန် မှာကြားကာ ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနားနှင့် နေရာယူမှုပုံစံ ကြိုတင်လေ့ကျင့်နေမှု၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများကို လာရောက်ဂါဝရပြုမည့် ပြည်သူများ ဝင်ထွက်သွားလာမည့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်နှင့် M-3 ရှေ့ဂိတ်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ (၃)ပေခြား၍ လက်ဆေးဘေစင်များနှင့် စစ်ဆေးရေးဂိတ်များ ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးပြီး အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည်ကုန်းအတွင်းရှိ ပတ်ဝန်ကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး တာဝန်ရှိသူများအား မှာကြားပါတယ်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်နောက်ဆုံးစီးခဲ့သည့် မော်တော်ကားပြသထားရှိမှု၊ ပြတိုက်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေး ဆောင်ရွက်ထားရှိမှုများ၊ ရေကန်အတွင်းမှ အမှိုက်များ ဆယ်ယူရှင်းလင်းထားရှိမှု၊ အပေါ်ထပ်ပြတိုက်အတွင်း ငယ်ဘဝမှ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ဘဝအထိ ပြသထားရှိမှု၊ ဆက်လက်၍ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစုဓါတ်ပုံများ၊ ကလေးများအိပ်ခန်းနှင့် ပြတိုက်အတွင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရပါတယ်။

MMG

မူးယစ်ဆေး ထိုးသွင်းနေချိန် ရှော့ခ်ဖြစ်သေဆုံးမှု မန္တလေးတွင် ဖြစ်ပွား++++++++++++++++++++++++++++++++++++++++++++++++++4t...
04/07/2023

မူးယစ်ဆေး ထိုးသွင်းနေချိန် ရှော့ခ်ဖြစ်သေဆုံးမှု မန္တလေးတွင် ဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++++++++++
4th၊July၊MMG

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၃၇လမ်း/ ၈၅-D လမ်းမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မူးယစ်ဆေးထိုးသွင်း အသုံးပြုနေချိန် ဆေးလွန်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဥ် ဇူလိုင် ၃ ရက် ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံ ပရဟိတအသင်းကနေ သိရပါတယ်။

အဆိုပါ အနီးအနားမှာနေထိုင်တဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက တွေ့ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့တာပါ။ တာဝန်ရှိသူတွေက ရုပ်အလောင်းကို သယ်ဆောင်ပေးဖို့ ပရဟိတအသင်းတွေကို ဆက်သွယ်ရာမှာ မဏီစလ လူမှူကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အသင်းမှ တာဝန်ရှိသူက သေတဲ့သူက စျေးကြီးအနောက်က လူပါ။ အခုသူ့အလောင်းကိုတွေ့တဲ့ ၈၅ လမ်းမှာ နေတာမဟုတ်ဘူး။ ရေတွင်းကိုမှီပြီး ဆေးသုံးနေရာကနေ ဆေးလွန်သေတဲ့ပုံပါပဲ။ သူ့ဘေးမှာ ပိုက်တွေရော တွေ့ရတာ။ ကျွန်တော့်အသင်းက နိဗ္ဗာန်ယာဥ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့သိရပါတယ်။

MMG

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမ...
02/07/2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေး
++++++++++++++++++++++++++++++++++++++++++++++++++
2nd၊July၊MMG

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ အား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)ရှိ မင်္ဂလာခန်းမ၌တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပါတယ်။

Myanmagone

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း ...
02/07/2023

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
++++++++++++++++++++++
++++++++++++++++++++++

2nd၊July၊MMG

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်ရှိ တော်ဝင်ခန်းမ၌ ကျင်းပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

Myanmagone

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထော...
02/07/2023

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးသည် အရေးကြီးကြောင်း၊ မဲစာရင်း မှန်ကန်ရေးအတွက် တိကျမှန်ကန်သောလူဦးရေစာရင်းရရှိစေရန် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

MMG

Facebook ကို အသုံးမပြုတော့ကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း Facebook အသုံးပြုမှု ပိတ်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီး...
01/07/2023

Facebook ကို အသုံးမပြုတော့ကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း Facebook အသုံးပြုမှု ပိတ်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
++++++++++++++++++++++++++++++++++++++++++++++++++
1th၊July၊MMG

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့အနေဖြင့် Facebook ကို အသုံးမပြုတော့ကြောင်း ဇွန် ၂၉ ရက် ညပိုင်းက ကြေညာခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံအတွင်း Facebook အသုံးပြုခွင့်အား ယာယီ သို့မဟုတ် ထာဝရပိတ်ပင်မှုကို အချိန်မရွေးပြုလုပ်သွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရပါတယ်။

ဇွန် ၃၀ ရက်က ပါဆက်ပြည်နယ်တွင် အထည်ချုပ်စက်ရုံအလုပ်သမားများကို အမှာစကားပြောကြားခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်ပြေး နိုင်ငံရေးအတိုက်အခံများမှ ပြည်သူများနှင့် ဆက်သွယ်နေမှုကို တားဆီးရန် Facebook အသုံးပြုခွင့်အား ပိတ်ပင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဟွန်ဆန်က ကမ္ဘောဒီယား ပြည်သူများကို Telegram၊ TikTok၊ Line၊ Viber နှင့် Meta ကုမ္ပဏီက ပိုင်ဆိုင်သည့် WhatsApp အပါအဝင် အခြားလူမှုမီဒီယာ ပလက်ဖောင်းများကို အသုံးပြုရန် တိုက်တွန်းခဲ့ပါတယ်။

Facebook ၏ မိခင်ကုမ္ပဏီ Meta မှ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဟွန်ဆန်၏ ဗီဒီယိုတစ်ခုကို ဖယ်ရှားသွားမည်ဟု Facebook က ဇွန် ၂၉ ရက်တွင် ကြေညာခဲ့ပြီး ဟွန်ဆန်၏ အကောင့်ကို ဆိုင်းငံ့ရန်လည်း Meta က အကြံပြုခဲ့ကြောင်း Facebook က ပြောဆိုခဲ့ပြီးနောက်တွင် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သလို ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် ၎င်းအသုံးပြုနေသည့် Facebook အကောင့်ကို ဖျက်ချလိုက်ပုံရသည်ဟု သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

MMG

နေရေးအခက်အခဲရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများတွင် ငှားရမ်းနေထိုင်ခွင့် လျှော...
30/06/2023

နေရေးအခက်အခဲရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများတွင် ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်
++++++++++++++++++++++++++++++++++++++++++++++++++
30th၊June၊MMG

နေရေးအခက်အခဲရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇွန်လ ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ငှားရမ်းနေထိုင်ခွင့်ပြုမည့် အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်ထားသည့် ငှားရမ်းခနှုန်းထားများဖြင့် ငှားရမ်းခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။

Myanmagone

၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်++++++++...
30/06/2023

၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
++++++++++++++++++++++++++++++++++++++++++++++++++++++++
30th၊June၊MMG

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဩဝါဒစကား ပြောကြားခဲ့ပါတယ်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က (၄)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက (၃)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

ယင်းနောက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကိုယ်စား ကဝမြို့နယ်၊ အ.ထ.က(ဖလေး)မှ (၅)ဘာသာဂုဏ်ထူးရှင် မသဲထက်စုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၁)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ကလက်စုံညီရှိဦးချီ”သီချင်းနှင့် “ပြည်မြန်မာ”သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၃၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၈၅၃၁)ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု(၆၈.၈၃) ရာခိုင်နှုန်းရရှိခဲ့ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုအနေဖြင့် (၅)ဘာသာဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၉၃)ဦး ရရှိခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းငွေကျပ် (၈၆၅၀၀၀၀၀)(ကျပ်ရှစ်ရာခြောက်ဆယ့်ငါးသိန်းတိတိ) ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

MMg

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းပြီး လူသေဆုံးမှုရှိကာ ရာနဲ့ချီတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာရွှေ့ပြောင်းရ++++++++++...
30/06/2023

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းပြီး လူသေဆုံးမှုရှိကာ ရာနဲ့ချီတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာရွှေ့ပြောင်းရ
++++++++++++++++
+++++++++++++++++++++++++
ဆိုးလ်၊30th၊June၊MMG

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး လမ်းနဲ့ တံတားတွေ ရေလျှံမှုတွေကြောင့်လည်း ရာနဲ့ချီတဲ့ မိသားစုတွေ ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း အာဏာပိုင်တွေက ဒီကနေ့ ဇွန်လ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်ပိုင်း ယိုးဂျူးမြို့မှာ ညပိုင်းအချိန် မြေပြိုမှုကြောင့် ကလေးငယ်တစ်ဦးမှာ နေအိမ်ပြို ကျမှုနဲ့ အတူ သေဆုံးခဲ့ရာကာ ဒါဟာ မိုးရာသီစတင်ပြီးနောက် ဒုတိယအကြိမ် လူသေဆုံးမှု ဖြစ်ပါ တယ်။

MMG

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ++++++++++++++++++++++++++++++++++++++++++++++++++30th၊June၊...
30/06/2023

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
++++++++++++++++++++++++++++++++++++++++++++++++++

30th၊June၊MMG

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာ‌သော Wuyang Honda(U-GO) အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၉၂) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန် ၃၀ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါတယ်။

MMG

"ချေးငွေလုပ်ငန်းအမည်ခံပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် အန္တရာယ်ရှိ APPS ၃၅ မျိုးကို အသိပေးထုတ်ပြန်ထား"ချေးငွေလုပ်င...
30/06/2023

"ချေးငွေလုပ်ငန်းအမည်ခံပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် အန္တရာယ်ရှိ APPS ၃၅ မျိုးကို အသိပေးထုတ်ပြန်ထား"

ချေးငွေလုပ်ငန်းအမည်ခံပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် အန္တရာယ်ရှိ APPS ၃၅ မျိုးကို စားသုံးသူရေးရာ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လိမ်လည်ခြိမ်းခြောက်နေသည့် Application များမှာ Pegion, Sun Cash, Morning Cash, Happy Cash, Cash Tree, Easy Wallet, Fast Cash, Sky Cash, MM Finance, Money Bag, Cash Woo, U Fi-nance, Lone M, Lxora Cash, Cash Now, Kind Cash, Kyat Wave, Money Bag, Quick Kyat အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ Application များသည် ၂၀၂၂ ခုနှစ် ကတည်းကပင် လိမ်လည်မှုများ‌ကြောင့် နာမည်ပျက်နှင့် ကျော်ကြား‌နေသည်ဟု စားသုံးသူရေးရာ ဦးစီး ဌာနက အသိပေးထားသည်။

ထို့ပြင် အဆိုပါ APPS များကို ဒေါင်းလော့ခ် ပြုလုပ်မိပါက ဖုန်းအတွင်း မှတ်သားထားသည့် contact တွင်ရှိ အဖေ (သို့မဟုတ်) အမေ (သို့ မဟုတ်) မိန်းမထံ sim card မျိုးစုံဖြင့် ဖုန်း ဆက်၍ ပြဿနာရှာခြင်း၊ ညစ်ညမ်းယုတ်ညံ့စွာ ဆဲဆိုခြင်းများ ခံရနိုင်သည့်အပြင် Facebook Account , Telegram Account အစရှိသည် တို့နှင့်လည်း ၎င်းတို့၏ အကောင့်အတုများဖြင့် အသရေဖျက်လာနိုင်ကြောင်း၊ လက်တွေ့ခံရ သူ အများအပြားရှိနေကြောင်း၊ မိသားစု၊ ချစ် သူ၊ သမီးရည်းစား ဓာတ်ပုံ/ဗီဒီယိုများ၏ အချက်အလက်များကိုပါ ရရှိသွားနိုင် သည့်အ ပြင် black mail (ငွေညှစ်ခြင်း) များ ဖြစ်ပေါ် လာနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက လည်း ထုတ်ပြန်ထားသည်။

MMG

ပြင်သစ်မှာ ဆန္ဒပြသူ ၆၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး ရဲ ၂၀၀ ဦးအထိ ဒဏ်ရာရရှိ++++++++++++++++++++++++++++++++++30th၊June၊MMG ပြ...
30/06/2023

ပြင်သစ်မှာ ဆန္ဒပြသူ ၆၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး ရဲ ၂၀၀ ဦးအထိ ဒဏ်ရာရရှိ
++++++++++++++++++++++++++++++++++
30th၊June၊MMG

ပြင်သစ်မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းဖြစ်စဉ်တွေအတွင်း လူပေါင်း ၆၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရကာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ အထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၇နှစ်အရွယ် လူငယ်တဦးကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့လို့ တနိုင်ငံလုံးမှာ တုန်လှုပ်ခဲ့ရပြီးနောက် ဆန္ဒပြမှုတွေ မြင့်တက်လာခဲ့တာပါ။

လက်ရှိမှာ ဆန္ဒပြမှုက ၃ ရက် ကျော်လာပြီဖြစ်ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုကာ မီးသတ်ပိုက်တွေနဲ့ ထိုးခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း အတားအဆီးတွေ လုပ်ပြီး မီးရှို့၊ မီးရှူးမီးပန်းတွေပစ်လွှတ်တာတွေနဲ့ တုံ့ပြန်ခဲ့ပြီး ပါရီအလယ်ပိုင်းက အကြီးမားဆုံးစျေးဝယ်စင်တာက နာမည်ကျော်ဆိုင်ခန်းတချို့လည်း လုယက်ခံခဲ့၇တယ်လို့ သိရပါတယ်။

MMG

လှိုင်သာယာမြို့နယ်တွင် အငှားယာဉ်မောင်းအား ရိုက်နှက်ပြီး ယာဉ်လုယက်မှု ဖြစ်ပွား+++++++++++++++++++++++++++++++++++++++++++...
29/06/2023

လှိုင်သာယာမြို့နယ်တွင် အငှားယာဉ်မောင်းအား ရိုက်နှက်ပြီး ယာဉ်လုယက်မှု ဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++++++++++
29th၊June၊MMG

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လူလေးဦးမှ အငှားယာဉ်မောင်းအား ရိုက်နှက်ပြီး ယာဉ်လုယက်မှု ဇွန် ၂၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၂၈ ရက် ၊ ညနေ ၃ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၊ ဘီအိုစီ မှတ်တိုင်အနီးတွင် အငှားယာဉ်မောင်းအား လူလေးဦးမှ ဓားထောက်ကာ သံတုတ်ဖြင့် ရိုက်နှက်ပြီး ယာဉ်အား လုယူမောင်းနှင်ခဲ့ကြောင်း မိသားစုနှင့်ရင်းနီးသူ တစ်ဦးက ပြောကြားပါတယ်။

"လှိုင်သာယာဘက်ကို လူလေးယောက်က ငှားသွားတာ။ဘီအိုစီ မှတ်တိုင်မှာ ကားသမားကို ဓားနဲ့ထောက် တုတ်နဲ့ ခေါင်းကို ရိုက်တယ်။ကားသမားကို ကားပေါ်က ပစ်ချပြီး ကားကို မောင်းပြေးသွားတယ်"ဟု ယာဉ်လုယက်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

လုယက်ခံရသည့်ယာဉ်မှာ AA - 9433 ပရိုဘောက်ယာဉ် အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ ယာဉ်နှင့်ပတ်သတ်ပြီး အဆက်အသွယ် မရသေးကြောင်း နှင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်တန်း ထားပါတယ်။

#လှိုင်သာယာ
#ပရိုဘောက်ယာဥ်လုယက်

ထိုင်းဘုရင့်သမီးတော်က ချီးမြှင့်သည့် ထူးချွန်ဆရာများဆုကို  အ.ထ.က(၂) လှိုင်သာယာ က အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းရရှိ+++++++...
29/06/2023

ထိုင်းဘုရင့်သမီးတော်က ချီးမြှင့်သည့် ထူးချွန်ဆရာများဆုကို အ.ထ.က(၂) လှိုင်သာယာ က အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းရရှိ
+++++++++++++++++++++++++++++++++++++
29th၊June၊MMG

ထိုင်းဘုရင့်သမီးတော်က ချီးမြှင့်သည့် ထူးချွန်ဆရာများ ဆုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အ.ထ.က(၂) လှိုင်သာယာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းက ရရှိကြောင်း
Princess Maha Chakri Award(PMCA) Foundationက သိရပါတယ်။

ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံ နိုင်ငံများမှ ထူးချွန်ဆရာ၊ ဆရာမ (၁၀)ဦးကို ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံအတွက် လှိုင်သာယာမြို့နယ်ရှိ၊ အထက( ၂) အခြေ ခံပညာအထက်တန်းကျောင်း၌ အထက်တန်းပြရာထူးဖြင့် အင်္ဂလိပ်ဘာသာရပ်သင်ကြားပြသပေးနေသူ ဆရာမဒေါ်အေးစုဝင်းက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

MMG

Breaking News-သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်က ဒုံဝန်းဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနဲ့ ရွှေရောင်ပြ ကျေးရွာကြားဆက...
29/06/2023

Breaking News-

သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်က ဒုံဝန်းဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနဲ့ ရွှေရောင်ပြ ကျေးရွာကြားဆက်သွယ်ထားတဲ့ ရန်ကုန်- မော်လမြိုင်သွားကားလမ်း (မိုင်တိုင်အမှတ် ၁၃၁/၆ - ၁၃၁/၇ ကြား) ကျုံအိပ်တံတားအား KNU/PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာကြောင့် တံတားရဲ့ ယာဘက်ခြမ်းပြိုကျပျက်စီးခဲ့ကာ ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်ငယ်များသွားလာလျှက်ရှိပြီး ယာဉ်ကြီးတွေ ပိတ်ဆို့မှုဖြစ်ပွားနေပါတယ်။

gone

ဓာတ်မြေဩဇာတင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၅၉၀ အထိရှိနေ+++++++++++++++++++++++++++++++++++++++++++++++++...
27/06/2023

ဓာတ်မြေဩဇာတင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၅၉၀ အထိရှိနေ
++++++++++++++++++++++++++++++++++++++++++++++++++
27th၊June၊MMG

ပြည်ပကနေ ဓာတ်မြေဩဇာတင်သွင်းဖို့ လိုင်စင် လျှောက်ထားလာတဲ့ ကုမ္ပဏီပေါင်း ၅၉၀ အထိ ရှိနေပြီး တင်သွင်းမယ့် မြေဩဇာနမူနာကို စိုက်ပျိုးရေးဦးစီးဌာန​၊ မြေအသုံးဌာနခွဲကို ပေးပို့ထားကြတယ်လို့ သိရပါတယ်။

တင်သွင်းမယ့် မြေဩဇာနမူနာတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးတဲ့အခါ ရရှိလာတဲ့အဖြေတွေကို ၃ လတစ်ကြိမ်ပြုလုပ်တဲ့ မြေဩဇာနည်းပညာကော်မတီဆီတင်ပြပြီးမှသာ ဒုဝန်ကြီးဦးဆောင်တဲ့ မြေဩဇာကော်မတီအစည်းအဝေးကနေ ဓာတ်မြေဩဇာလိုင်စင်ကိစ္စ ဆုံးဖြတ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ ဓာတ်မြေဩဇာဈေး ကောင်းနေသလို မိုးစပါးစိုက်ပျိုးရာသီ ရောက်ရှိတော့မှာမို့ တောင်သူတွေရဲ့ မြေသြဇာလိုအပ်ချက် ရှိလာတော့မှာဖြစ်တာကြောင့် ယခုလို ပြည်ပကနေ ဓာတ်မြေဩတင်သွင်းခွင့်လိုင်စင်တွေကို ကုမ္ပဏီကြီးတွေက အလုအယက် လျှောက်ထားနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

MMG

ငွေကျပ်ဘီလီယံ ၉၄၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို နစက မီးရှို့ဖျက်ဆီးနိုင်ခဲ့MMG, 27th JUNEယမန်နေ့ ဇွန် ၂၆ ရက်နေ့မှာ ...
27/06/2023

ငွေကျပ်ဘီလီယံ ၉၄၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို နစက မီးရှို့ဖျက်ဆီးနိုင်ခဲ့

MMG, 27th JUNE

ယမန်နေ့ ဇွန် ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်နေ့ အခမ်းအနားတွေကို နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွေနဲ့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ ပြုလုပ်ကျင်းပပြီး မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ နစက က သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖတ်ရန် >>> https://t.me/myanmahonor/9343

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မ သဘင်ကျင်းပ+++++++++++++++++...
27/06/2023

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မ သဘင်ကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++

27th၊June၊MMG

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော သဲဖြူတောရဓမ္မ ရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင်အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မဟာမြိုင်ဆရာတော်ကြီးထံမှ ပရိတ်တရား တော်များ နာကြားခဲ့ပါတယ်။

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်၊ ဓမ္မ ပူဇာကောက်ခံရရှိမှု (၉၃၁,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းအလှူငွေ (၁,၉၃၁,၀၀၀ိ/-)ကျပ်နှင့် သင်္ကန်းတို့အား ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် မဟာမြိုင်ဆရာတော်ကြီးထံမှ အနု မောဒနာတရားနာကြားကာ ရေစက်သွန်းချ ကုသိုလ်အမျှပေးဝေခဲ့ပါတယ်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင်အခမ်းအနားကို ည ၈ နာရီအချိန်တွင် “ဗုဒ္ဓသာသနံစိရံတိဌတု” ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ပါတယ်။

Myanmagone

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်MMG, 27th JUNEဒေါက်တာ နီကိုလိုင်းလစ်စတိုပါဒေ...
27/06/2023

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်

MMG, 27th JUNE

ဒေါက်တာ နီကိုလိုင်းလစ်စတိုပါဒေါ့ဗ်ဟာ ဗုဒ္ဓစာပေတွေကို ရုရှားဘာသာနဲ့ ရေးသားပြီး ပြန့်ပွားအောင်ဆောင်ရွက်ခဲ့နိုင်တာတွေ၊ နစကလက်ထက်မှာ မြန်မာ-ရုရှား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစတာတွေကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တာတွေကြောင့် အခုလို စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ပေးအပ်ချီးမြင့်လိုက်တာဖြစ်တယ်လို့ နစကက ထုတ်ပြန်ထားပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါ လင့်ခ်တွင်ဝင်ရောက်ဖတ်ရှုရန် >>> https://t.me/myanmahonor/9331

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးMMG, 27th JUNEတိုင်းရင်းသားလက်နက်ကိုင...
27/06/2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

MMG, 27th JUNE

တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့အချို့ဟာ မြန်မာ့တပ်မတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်က NSPNC ခန်းမမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က မြန်မာ့တပ်မတော်ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCA လက်မှတ်ရေးထိုး မထားတဲ့ ရခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ငြိမ်းချမ်းရေးအတွက် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင်ဖတ်ရန် >>> https://t.me/myanmahonor/9329

မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူတွေကို ထောက်ပံ့မယ့် မျိုးစပါးတင်း ၇ သောင်းကျော်အနက် သုံးသောင်းခန့်ကို ပထမအကြိမ် ပို့ဆောင်...
26/06/2023

မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူတွေကို ထောက်ပံ့မယ့် မျိုးစပါးတင်း ၇ သောင်းကျော်အနက် သုံးသောင်းခန့်ကို ပထမအကြိမ် ပို့ဆောင်

MMG, 26th JUNE

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ဒေသက တောင်သူလယ်သမားတွေ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရန်ဖို့အတွက် ထောက်ပံ့ပေးသွားမယ့် မျိုးစပါးတင် ၇ သောင်းကျော်အနက်က သုံးသောင်းခန့်ကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ပထမအကြိမ် သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပေါ်ဆန်းမွှေး၊ နှံကောက်နဲ့ GW 11(ဒေသအခေါ် ကောက်ချေစပါး) စတဲ့ မျိုးစပါးများကို တောင်သူတွေဆီကို စပါးစိုက်ချိန်အမီ ပေးနိုင်ဖို့အတွက် တပ်မတော်မော်တော်ယာဉ်များတွေနဲ့ စစ်တွေမြို့ကို အရောက်ပို့ဆောင်ပေးသွားမှာြဖစ်တယ်လို့ ဇွန် ၂၅ ရက်နေ့ထုတ် “မြန်မာ့အလင်း”သတင်းစာမှာ အသိပေး ရေးသားထားပါတယ်။

“စပါးပေါ်ချိန် ပြန်ဆပ်ရမယ်၊ ဒါမှမဟုတ် သက်သာတဲ့ အကြွေးစနစ်နဲ့ ဝယ်ရမှာလို့ ထင်ထားတာ။ ဒီအတိုင်း အကူအညီပေးမယ်ဆိုလို့ အတိုင်းမသိ ဝမ်းသာရတာပေါ့။ အခုလို အစစအရာရာဈေးကြီးနေတဲ့ အချိန်မှာ ပျက်စီးသွားတဲ့ မျိုးစပါးတွေကို ပြန်ပြီးဝယ်ယူဖို့ဆိုတာ အခြေခံလယ်သမားတွေအတွက် မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို လယ်သမားတွေ ရေနစ်နေချိန် ကောက်ရိုးတစ်ပင် ဆုပ်ကိုင်ခွင့်ပေးလို့ ဝမ်းသာပါတယ်”လို့ စစ်တွေမြို့နယ်က လယ်သမားတစ်ဦးက မြန်မာ့ဂုဏ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မောင်တော စတဲ့မြို့နယ်တွေက လယ်သမားတွေရဲ့ မျိုးစပါးတင်းပေါင်း ၇၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နစကက စာရင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ စီမံလမ်းညွှန်မှုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါး ၇၃,၃၉၇ တင်း ထောက်ပံ့ပေးသွားဖို့ နစကအစိုးရက ကြေညာထားတာဖြစ်ပါတယ်။

အဲဒီမျိုးစပါးတွေအနက်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်က ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်း၊ နေပြည်တော်ကောင်စီနယ်မြေက GW-11 မျိုးစပါး ၉၂၅၃ တင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်က နှံကောက်မျိုးစပါး ၄၃၃၀ တင်း၊ စုစုပေါင်း မျိုးစပါးတင်း ၂၇၅၈၃ တင်းကို တပ်မတော်မော်တော်ယာဉ် ၁၃၀ စီးနဲ့ ဇွန် ၂၄ ရက်နေ့က ပထမအကြိမ် သယ်ယူပို့ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“လယ်သမားတွေအတွက် လိုအပ်တဲ့ မျိုးစပါးတွေဝယ်ယူဖို့ ငွေကြေးအခက်အခဲတွေကြောင့် အလကား(အခမဲ့)ပေးနိုင်ရင် ပိုထိရောက်မှာပါ။ ဒါပေမယ့် အခုပေးမယ့် မျိုးစပါးတွေဟာ တကယ်ကို လိုအပ်နေတဲ့ လယ်သမားတွေလက်ထဲကို အရောက်ပို့ပေးဖို့ အရေးကြီးပါမယ်”လို့ မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးက ဆိုပါတယ်။



#မျိုးစပါးပို့ပေး
#ရခိုင်တောင်သူ
#မိုခါမုန်တိုင်းဒဏ်သင့်
#နစက

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည်ဆိုင်ရာဂုဏ...
26/06/2023

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်အပ်နှင်း

နေပြည်တော် ဇွန် ၂၆
MMG

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်၊   ၃၉   /၂၀၂၃၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း  ...
26/06/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၉ /၂၀၂၃

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၉ ရက်

(၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

ရန်ကုန်တွင် ဖမ်းမိမူးယစ်ဆေးများမီးရှို့ဖျက်ဆီး++++++++++++++++++++++++++++++++++++++++++++++++++26th၊June၊MMG ရန်ကုန်တို...
26/06/2023

ရန်ကုန်တွင် ဖမ်းမိမူးယစ်ဆေးများမီးရှို့ဖျက်ဆီး
++++++++++++++++++++++++++++++++++++++++++++++++++
26th၊June၊MMG

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ ရန်ကုန်အတောက်ပိုင်း ကုန်တင်ယာဥ်ရပ်နားကွင်းတွင် ဖမ်းဆီးရမိ မူးယစ်​ဆေးများမီးရှို့ဖျက်ဆီးသည့် အခမ်းအနားကိုဇွန်လ ၂၆ ရက် နံနက် ၈ နာရီကကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများတက်ရောက်ကာ စက်ခလုပ်နှိပ်မီးရှို့ခဲ့ကြသည်။ ဖမ်းဆီးရမိမူးယစ်ဆေးနှင့် ဓါတုပစ္စည်း ၃၆ မျိုး၊ကာလတန်ဖိုးကျပ် (၄၃၆၄၅၆) သန်းကို မီးရှို့ဖျက်ဆီးပြီး နံနက် ၉ နာရီတွင် ပြီးဆုံးကြောင်းသိရပါတယ်။

MMG

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်းထိုင်းပြည်သ...
24/06/2023

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်းထိုင်းပြည်သူများ တောင်းဆို
++++++++++++++++++++++++++++++++++++++++++++++++++
24th၊June၊MMG

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်း ထိုင်း "Homeland Defense Network" အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အဆိုပါ အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးကိုစာပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲတစ်ဦးဖြစ်တဲ့ ကီဗင်အမ်မက်ဒေါင်းက စာကို လက်ခံရယူခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သံရုံးတာဝန်ရှိသူထံပေးပို့ခဲ့တဲ့စာထဲမှာ ထိုင်းနိုင်ငံဟာ နှစ်ပေါင်းများစွာကြာ ဒီမိုကရေစီနည်းလမ်းနဲ့ ဘုရင့်အုပ်ချုပ်တဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ်ရပ်တည်ခဲ့ကြောင်း၊ ၁၉၃၂ ခုနှစ် နောက်ပိုင်ကတည်းက ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘုရင်ဟာ နိုင်ငံရဲ့အကြီးအကဲခေါင်းဆောင်အဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။

"Homeland Defense Network"အဖွဲ့ဟာ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရှေ့မှာ တောင်းဆိုဆန္ဒပြတာမျိုးတွေလည်းလုပ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံရေးကို ကြားဝင်မစွက်ဖက်ဖို့ဗီနိုင်းများ ကိုင်ဆောင်ကာဆန္ဒပြခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကိစ္စများကို အမေရိကန်အစိုးရကြားဝင်စွက်ဖက်နေခြင်းအား ထိုင်းပြည်သူများမေးခွန်းထုတ်နေကြောင်း "Homeland Defense Network" အဖွဲ့ကပြောပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့မေလက အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ရှေ့သို့ချီပါတီက မဲအများဆုံးနဲ့အနိုင်ရခဲ့ပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ အခြားအနိုင်ရပါတီများနဲ့ ညွန့်ပေါင်းမဟာမိတ်အစိုးရအဖွဲ့ဖွဲ့စည်းဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ဒါပေမယ့် ရှေ့သို့ချီပါတီဟာ ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌနေရာ ရယူနိုင်ရေးအတွက် ဖြူထိုင်းပါတီနဲ့ အငြင်းပွားနေကြောင်းသိရပါတယ်။ ထိုင်းရွေးကောက်ပွဲအပြီး မကြာမီမှာ ထိုင်းပြည်သူတစ်စုဟာ အမေရိကန်သံရုံးရှေ့ကိုသွားရောက်ပြီး ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်မစွက်ဖက်ဖို့ တောင်းဆိုတိုက်တွန်းခဲ့ဖူးကြောင်းသိရပါတယ်။

Myanmagone

အင်ဒိုနီးရှားဂျက်တိုက်လေယာဉ်တွေနဲ့ အမေရိကန်ဗုံးကြဲလေယာဉ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ် +++++++++++++++++++++++++++++...
24/06/2023

အင်ဒိုနီးရှားဂျက်တိုက်လေယာဉ်တွေနဲ့ အမေရိကန်ဗုံးကြဲလေယာဉ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်
++++++++++++++++++
++++++++++++++++++++++++++++

နိုင်ငံတကာ၊ ဇွန် ၂၄

အင်ဒိုနီးရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဗုံးကြဲလေယာဉ်ဆင်းသက်ခြင်းအတွက် ပထမဦးဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပထမဦးဆုံးသမိုင်းဝင်ဖြစ်ရပ်အဖြစ် အမေရိကန် B-52 ဗုံးကြဲလေယာဉ်နှစ်စင်းဟာ အင်ဒိုးနီးရှားလေတပ်က F-16 ဂျက်တိုက်လေယာဉ်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက် ဇွန်လ ၁၉ ရက်နေ့က အင်ဒို နီးရှားနိုင်ငံကို ဆင်းသက်ခဲ့ကြောင်း ဇွန်လ ၂၃ ရက် (သောကြာနေ့) က ဂျကာတာရှိ အမေရိကန်သံရုံးက သ တင်းထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မက်ဒန်မြို့ ကွာလာနမ်မူလေဆိပ်မှာ လေယာဉ်ဆင်းသက်ခြင်းနဲ့ တခြားဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းဟာ အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေ အင်ဒိုနီးရှားမှာ ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့စစ် ရေးလေ့ကျင့်မှုဖြစ်တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

မြောက်ဒါကိုတာပြည်နယ် မီနော့လေတပ်အခြေစိုက်စခန်းမှာ တပ်ဖြန့်ချထားတဲ့ အမှတ် ၂၃ ပြည်ပဗုံးကြဲတိုက် ခိုက်ရေးလေယာဉ်အုပ်က လေယာဉ်တွေဟာ အင်ဒိုနီးရှားလေတပ်နဲ့ အမေရိကန် ပစိဖိတ်ဒေသလေတပ်တို့ပူး တွဲဆောင်ရွက်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ပကန်ဘာရူမြို့ ရိုးစမင်နူဂျာဒင် လေတပ်အခြေ စိုက်စခန်းမှာ ကျင်းပမယ့် Cope West 2023 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှားလေတပ်နဲ့အတူ အမေရိ ကန် အမှတ် ၂၃ ပြည်ပဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်အုပ်က လေသူရဲတွေနဲ့ စက်မှုစစ်သည်တွေ ၆၀ ဝန်း ကျင်ပါဝင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုပါဝင်မယ့် အမေရိကန်နဲ့ အင်ဒိုနီးရှား လေတပ်တပ်ဖွဲ့ဝင်တွေဟာ နည်းဗျူဟာမြောက် တိုက်ခိုက်ရေးစွမ်းရည်တွေလေ့ကျင့်ခြင်း၊ စွမ်းရည်ဆန်းစစ်လေ့လာအကဲဖြတ်ခြင်း၊ အနာဂတ်ကာလလေ့ကျင့် သင်ကြားမှုအခွင့်အလမ်းများဖော်ထုတ်ခြင်း၊ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးတာဝန်ထမ်းဆောင်မှုအတွက် စွမ်းရည် မြှင့်တင်ခြင်း စတာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုနှစ်ထဲမှာ အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံတို့ဟာ ၁၀ ကြိမ်မြောက် Cope West ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့ပါတယ်။ Cope West စစ်ရေးလေ့ကျင့်မှုဟာ ၁၉၈၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ပုံမှပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်။

တခြားမဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပစိဖိတ်လေတပ်ဟာ နိုင်ငံတကာဥပဒေတွေ နဲ့အညီ လိုက်နာဆောင်ရွက်ပြီး အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းဖို့အတွက် တိကျသေချာအောင်ဆောင် ရွက်နိုင်ဖို့ ပိုမိုသာလွန်ကောင်းမွန်တဲ့ လေကြောင်း၊ အာကာသ၊ ဆိုင်ဘာစွမ်းရည်နဲ့အတူ အမေရိကန် အင်ဒို-ပစိ ဖိတ်ဌာနချုပ်ကို ထောက်ပံနေတာဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

Ref: Indonesia, US Air Forces hold first bomber landing joint exercise

Address

Yarzathingaha
Naypyidaw
15011

Website

Alerts

Be the first to know and let us send you an email when MyanmaGone, posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share