Jesus Saver

Jesus Saver 🙆သင့်အားဖြင့်သူတစ်ပါးပျော်ရွှင်ပါစေ🙏💯
မိမိကိုကိုယ်ပြုစေချင်သလိုသူတစ်းပါးကို ပြုပါ
🙏ကြည့်ရှုသူတိုင်းအထူးကျေးဇူးပါ🙏

မြန်မာပြည်က စင်ကာပူနိုင်ငံကို ပြန်အတု ယူသင့်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က စင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက အခုတော...
23/06/2024

မြန်မာပြည်က စင်ကာပူနိုင်ငံကို ပြန်အတု ယူသင့်တယ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က စင်္ကာပူဆိုတဲ့
တံငါကျွန်းရွာလေးက အခုတော့
လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။
" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။
၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။
အဲဒီတုန်းက
ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...
မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..
ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...
နှစ် ၆၀ ကြာအပြီး...
ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။

13/06/2024

ကျတော် ရိုက်ထားတဲ့ #သူငယ်ချင်းရဲ့MTVလေးပါ🙏
ကျတော်‌ ရောပါဝင်သရုပ်ဆောင်ထားပါတယ်
✍️တေးရေး/တေးဆို----Ah La-- မူပိုင်ကိုအားပေးကြပါ
ဒါရိုက်တာတော့ ---ကျတော် လတုံဇုန်းယိန်းပေါ့🥰
#အားပေးကြပါအုံး လိုအပ်တာရှိရင် လမ်းညွန်ပေးပါ
#တတ်နိုင်တဲ့ဖုန်းလေးနဲ့MTVလေးရိုက်ထားပါတယ်

08/06/2024

🌱မြေပျော့ရင် “ခြေရာကျန်သလို” 👣
စိတ်ပျော့ရင် “ဒဏ်ရာကျန်မယ်”

💪ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ
လူ​တွေစီက​မျော်လင့်ချက် သိပ်မထားနဲ့

🙍လိုအပ်တယ်ဆိုပြီးပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်
တည်ကြည်ခိုင်မြဲနေပါစေ

🙋မိမိဘ၀ကို ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ🙏

05/06/2024

#သူငယ်ချင်းကောင်း ( ၄ ) မျိုးရှိထားမှသာ...
-----------------မှတ်ချက်------------------
စာဖတ်သူတိုင်း လူကောင်းမဟုတ်ပါ
ပညာရှိတိုင်း လူကောင်းမဟုတ်ပါ။
တရားသူကြီး/ရှေ့နေတိုင်း မတရားပါ။
ငွေရလျှင်အရာရာကို လူတကာထက်ပိုဆိုးသည်

၁ ။ ကူညီတတ်တဲ့ သူငယ်ချင်း

သင် ထိခိုက် ၊ နာကျင် နေချိန်မှာ ကာကွယ်
ပေးတယ် ။ သင် ကြောက်နေချိန်မှာ လုံခြုံ ၊
နွေးထွေးမှု ပေးတယ် ။ သင် ဘယ်လို အခက်
အခဲမျိုး နဲ့ ကြုံနေချိန်ဖြစ်ပါစေ ၊ ငါ ပြန်ရဖို့
မမျှော်ကိုးပဲ အမြဲအကူညီပေး တတ်တယ် ။

၂ ။ မြဲမြံတဲ့သူငယ်ချင်း

သင့် လျှို့ဝှက်ချက်တွေ ကို ၊ သူ့ရဲ့ ကိုယ်ပိုင်
လျို့ဝှက်ချက်တွေ လိုပဲ လုံခြုံအောင် ထိန်းသိမ်း
ပေးတယ် ။ သင် ဆင်းရဲ ၊ ဒုက္ခ နဲ့ ကြုံနေချိန်
မှာလည်း သင့်ကို မနှိမ့်ချဘူး ၊ စွန့်ခွာမသွားဘူး ။

သင့်ဘဝရဲ့ အနိမ့်အမြင့် ၊ အတက်အကျ
တိုင်းကို သင် နဲ့ အတူ ရင်ဆိုင် ၊ ဖြတ်သန်း
ပေးတတ်တယ် ။

၃ ။ အကြံဉာဏ် ပေးတတ်တဲ့ သူငယ်ချင်း

သင် မကောင်းတာတွေလုပ်တဲ့အခါ
တားမြစ်ပြီး ၊ ကောင်းတာတွေလုပ်ဖို့
အကြံဉာဏ်ပေးတတ်တယ် ။

သင် သိသင့်တဲ့အရာတွေကို ပြောပြသလို ၊
သင် သွားသင့်တဲ့နေရာကို လမ်းညွှန်ပြသ
ပေးတယ်။

သင့်အပေါ် ဆရာသမားတစ်ယောက်လို၊
မိဘလိုမျိုး ချစ်ခြင်းမေတ္တာ ၊ ကြင်နာမှု
တွေ နဲ့ စိတ်ရှည်ရှည် သင်ကြားပေးတတ်သူ
ဖြစ်ပါတယ်။

၄ ။ စာနာထောက်ထား ၊
ကြင်နာတတ်တဲ့ သူငယ်ချင်း

သင် ကံဆိုးနေတဲ့အခါ ၊ မပျော်ရွှင်ပဲ ခံစား
ပေးတတ်ပြီး ၊ သင် ကံကောင်းနေတဲ့အခါ
ကျေနပ် ၊ ဝမ်းသာ ပေးတတ်တယ် ။

တခြားသူတွေက သင့် အကြောင်း မကောင်း
ပြောနေတဲ့အခါ ကာကွယ်ပေးပြီး ၊

သင့်ရဲ့ ကောင်းကွက်တွေကို
ပြောပေး တတ်တယ် ။

သင့် အတွက် ချစ်ခြင်းမေတ္တာ ၊
ချီးမွမ်းစကားတွေနဲ့ ပျော်ရွှင်မှုတွေပဲပေးပြီး ၊
သင့်ခက်ခဲတဲ့ အချိန်တိုင်း သင့်လက်ကိုတွဲပြီး
ဖြတ်သန်းတတ်တယ် ။

ဒီလို သူငယ်ချင်း ( ၄ )မျိုးက ဘဝမှာ....
" ပေါင်းသင်းအပ်တယ် "လို့
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား
ထားပါတယ်...
crd...

KHO...

05/06/2024

မြန်မာတွေထိုင်းနိုင်ငံမှာကွန်ဒိုတွေဝယ်တာ
ကမ္ဘာမှာ ဒုတိယအများဆုံးစံချိန်တင် ဝယ်ယူ

01/06/2024

🤦ခရီးသည်များနဲ့ကားဆရာများ အစစ အရာရာ အဆင်ပြေ ကြပါစေ🙏🫡🥰လက်ရှိအခက်ခဲဖြစ်ရပ်
#မြန်မာနိုင်ငံအမြန်ဆုံးငြိမ်းချမ်းပါစေ 🥰🙏🙋
Comment မှာကားဆရာ‌တွေကိုအား‌ပေးစကားပြောသွားပေးပါအုံး✍️👇👌

27/05/2024

အဝေးရောက်ပြည်သူများအတွက် #ယခင်ကဝိုင်းမော်မြို့ရှုခင်းအလှနဲ့ သီချင်းကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါသည်🙏❤️🥰 #အခုတော့ခြောက်သွေ့နေပါပြီလူမရှိ
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်

24/05/2024

အနာဂတ်မှာ ဖွံ့ဖြိုးမယ့် မြို့လေးတော့ သွားရှာပါပြီ လူတွေနည်းပါး ခြောက်သွေ့ သွားခဲ့ပါပြီ💪👇
#သီချင်းကောင်းနဲ့တင်ဆက်ပေးလိုပ်ပါတယ်-🙏😢

20/05/2024

Cupcutနဲ့ Aiကိုအသုံးပြုပြီး မျက်နှာအမျိုးမျိုး အစားထိုးနည်းလေးမျှဝေပါမည်🙏🥰🫰👇👇💯

18/05/2024

#ရိုးရိုးသားသားကူညီရာကနေရရှိလိုက်တဲ့ကျေးဇူးတရား
သူတစ်ပါး ပျော်ရွှင်အောင် လုပ်ပေးတဲ့အရာ တွေက ကြည်နူးစရာ ကောင်းတဲ့ မြင်ကွင်းလေးပါ🙏🥰💪
ရင်ထဲမှာ တစ်ခုခု တော့ message ရသွားမှာပါနော်
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်

17/05/2024

သတိထားကြပါKpayကနေခဏခဏအခိုးခံနေကြရတယ် 🌿🌿💵💵💰💰
ကိုယ်ရဲ့ မှတ်ပုံတင်နံပါတ် ဖုန်းနံပါတ် တွေကို သူငယ်ချင်း ဆွေမျိုး တွေကို မပြနဲ့ မပြောပါနဲ့
ကံယံကံရှင်ပဲလိုတာလား KBZပဲလိုတာလား SIM card တွေပဲ လိုတာလား comment မှာအကြံပေးဖြေပေးပါ
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်

13/05/2024

#ခွန်အားပေးစာတိုလေးပါ
စာပေ အမြင် ဗဟုသုတ ရစေရန် မျော်လင့် လျက်
#ကိုယ်တိုင်ရိုက်ဖန်တီးမှုနဲ့

🧕--------ဆင်‌ခြင်ရန်------🧕-------မှတ်သားဖွယ် စာတို #နေ့ရက်တိုင်းသည်အမေများနေ့ဖြစ်ပါစေ❤❤အမေများနေ့တစ်ရက်တာ ဖုန်းရိုက် လိ...
12/05/2024

🧕--------ဆင်‌ခြင်ရန်------🧕-------မှတ်သားဖွယ် စာတို
#နေ့ရက်တိုင်းသည်အမေများနေ့ဖြစ်ပါစေ❤❤
အမေများနေ့တစ်ရက်တာ ဖုန်းရိုက် လိုင်းပေါတင် မျက်နှာရ အောင်တော့ မလုပ်ပါနဲ့ နေ့တိုင်း ပြုစုပါ

" မိဘတွေ မရှိတော့ဘူးဆိုရင် "-----မှတ်သားဖွယ် စာတို #အမေများနေ့အထိမ်းအမှတ်တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူ...
12/05/2024

" မိဘတွေ မရှိတော့ဘူးဆိုရင် "-----မှတ်သားဖွယ် စာတို
#အမေများနေ့အထိမ်းအမှတ်

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...

မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ...

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....

ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....

ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ....

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ...

ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....

တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့့အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ...

ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါဘဲ

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....

မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...
အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...

မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....

သူငယ်ချင်းဆုံးရှုံးသွားရင်…… ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...

ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး... မိတ်ဆွေ ☺☺

Credit

11/05/2024

☘️မိုးကောင်း မြို့ မြို့ အဝင် ရှုခင်း ☘️ Part 🌻 11

💐ခေတ်စားနေတဲ့ တရုတ်သီချင်းကောင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်🌻
💪အဝေးရောက်သူငယ်ချင်းများအတွက်🥰

🍁အလည်တစ်ခေါက်လာဖို့ ဖိတ်ခေါပါတယ်🍁

#အားပေးကြပါအုံး🙏

10/05/2024

#ကျတော့ရဲ့ Part 🌻 10 🌾ကျေးဇူးပါ🤗🫰🌹
#ကိုယ်တိုင်ရိုက်ဖန်တီးမှုနဲ့ #ခွန်အားပေးစာတိုလေးပါ

#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
#အားပေးကြပါအုံး

10/05/2024

🌹ချစ်တာ နဲ့ သံယောဇဉ်🌺က မတူဘူး ဆိုတာ🌿
🌹ချစ်တာက အခုချစ်ပြီး နောက်နေ့ မချစ်နိုင်တာလည်ဖြစ်နိုင်ပါတယ်
🌺သံယောဇဉ်က ထာဝရချစ်သွားတာ ဘယ်တော့မှ အပြစ်မမြင်တော့တာပေါ့
#အားပေးကြပါအုံး

09/05/2024

ခင်ပွန် များ ကိုယ်ဇနီးကို ရှိတုန်း တန်ဖိုးထားပါ👩‍❤️‍👨👪

ကျေးဇူးတင်စကား များများ ပြောပေးပါ🫰❤️🌹
#အားပေးကြပါအုံး

မိုးတားလေးမှာ မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားလေးကောင် သေဆုံး7 May 2024 - စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးတား...
08/05/2024

မိုးတားလေးမှာ မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားလေးကောင် သေဆုံး

7 May 2024 -

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ တဖက်ကမ်းရှိ ဂျပန်ကျွန်းစုကျေးရွာတွင် မိုးကြိုးပစ်ပြီး နွားလေးကောင်နှင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၅ ရက် ညနေ ၇ နာရီအချိန်ခန့်တွင် လယ်တောထဲမှ လှည်းဖြင့် မြေပဲအိတ်များတင်ဆောင်ကာ ရွာပြန်လာသည့်လမ်းတွင် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"ညနေ ၇ နာရီလောက်မှာဖြစ်တာ၊ ဒီအချိန်က ပဲကောက်ချိန်ဆိုတော့ ကောက်ပြီးသား ပဲအိတ်တွေကို လှည်းနဲ့တိုက်လာတာ၊ နွားနှစ်ကောင်ကို လှည်းနောက်မှာချည်ပြီး ကျန်နှစ်ကောင်ကတော့ လှည်းမှာတပ်လာတာပေါ့။ ပိုင်ရှင်က လှည်းမောင်းလာချိန် မိုးကြိုးစက်ကွင်းထိမှန်ခဲ့တာ"ဟု ပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်း ဆိုသူဖြစ်ပြီး ရှေ့နွားနှစ်ကောင်နှင့် နောက်နွားနှစ်ကောင် စုစုပေါင်း နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း ပြောသည်။

မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာတွင် မိုးကြိုးပစ်ပြီး နွား ၂၄ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

☘️ဘဝ ခွန်အား သုတ စာပေ☘️🙏🌹
08/05/2024

☘️ဘဝ ခွန်အား သုတ စာပေ☘️🙏🌹

07/05/2024

မကြာသေးခင်က တရုတ်ပြည်မှာ ‌21နှစ်ကောင်လေး သနားစရာ အချစ်အတွက်နဲ့ တံတားပေါ်ကနေ ခုန်ချပြီး
သတ်သေသွားရှာပါတယ်
#အတိအကျသိချင်ရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့် #သွားပေးပါဖြစ်ရပ်မှန်စားသားတွေထည့်ထားပေးပါတယ်
😭😭🙏🙏😿😿👇👇👇👇🙆🙍🤦

06/05/2024

ပိုနေသောသူတွေသူတို့ကို‌ ဖေးမကူညီပေးကြပါ

🍁သိပ် ပျော် မနေ နဲ့  💯🍁
05/05/2024

🍁သိပ် ပျော် မနေ နဲ့ 💯🍁

" ခွင့်လွှတ်ဖို့ မထိုက်တန်တဲ့သူကို ခွင့်မလွှတ်ပါနဲ့ "ကိုယ့် ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး ဖောက်ပြန်တဲ့သူတွေက အဆို...
04/05/2024

" ခွင့်လွှတ်ဖို့ မထိုက်တန်တဲ့သူကို ခွင့်မလွှတ်ပါနဲ့ "

ကိုယ့် ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး
ဖောက်ပြန်တဲ့သူတွေက အဆိုးဆုံးပဲ . . .

အဲ့လိုဗီဇရှိတဲ့ သူတွေကို ခွင့်လွှတ်ဖို့
မကြိုးစားခြင်းဟာ ကိုယ့်ကိုယ်ကို ထပ်ပြီး
မနာကျင်စေတာနဲ့ တူတူပဲ . . .

ဖောက်ပြန်တတ်တဲ့ သူမျိုးဟာ
ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်တဲ့ လူမျိုးပါ ။

အဲ့လိုလူမျိုးကို ခွင့်လွှတ်ပြီး ထပ်ချစ်ဖို့
မကြိုးစားပါနဲ့ ဝဋ်လည်ပါစေလို့လည်း
ဆုမတောင်းပါနဲ့ . . .

လောကကြီးက ကိုယ်နဲ့ထိုက်တန်ရာကို
အမြဲ ပြန်ပေးတတ်ပါတယ် . . .

ဥပေက္ခာပြုသင့်တဲ့ သူကို လျစ်လျူရှူပါ
အတိတ်က အတိတ်ပါ ကိုယ့်အနာဂတ်ကို
လှပစေချင်ရင် ကိုယ့်ကိုယ်ကို ပိုချစ်ပါ . . .

ဘဝမှာ ဘယ်သူရှိမှ အသက်ရှင်ရမယ်
မဟုတ်ပါဘူး ဘယ်သူမှမရှိလည်း ရှင်သန်နိုင်ရမယ်

သူမရှိလို့ မဖြစ်ဘူးဆိုတာကို
ကိုယ်ခေါင်းမှာ အစွဲထည့်ထား သ၍တော့
သူ့ကြောင့် ကိုယ်နာကျင်ရတာကို သိမြင်မှာ
မဟုတ်ဘူး. . .။

03/05/2024

လူတိုင်း🌹Respect 🌹လေးရှိသင့်ပါတယ်
☘️Video လေးကြည့်ပြီး အတုယူစရာကောင်းပြီး မျက်ရည်တောင်ကျသွားတယ်🙏🙏🥰

#အားပေးကြပါအုံး

01/05/2024

🏃🏃🌹🌹🪴ပန်းရောင်းသူ🪴🌾🌾☘️☘️
#မိသားစုကိုပန်းရောင်းပြီးအလုပ်ကျွေးပြုစုပေးနေသူ

ကြိုးစားတဲ့သူတိုင်းအတွက် အောင်မြင်မှူဆိုတာရှိနေမြဲပါ

လူငယ်များအတုယူသင့်ပါတယ်
#အားပေးကြပါအုံး

01/05/2024

🤱အမေသီချင်း နာဆင်ကြည့်ပါ🤱🙏🌹
အကောင်းဆုံးတော့ဖန်တီးတည်းဖြတ်ထားပါတယ်🥰

🫰🥰မူရင်း-တေးရေး တေးဆို သရုပ်ဆောင် အစဉ်လေးစားလျက်ပါ🫰🥰

🍀ခံစားချက်နဲ့ဆိုထားလို့ မျက်ရည်တောင်ဝဲမိတယ်☘️
#အားပေးကြပါအုံး

Address

Myitkyina

Telephone

+959400072779

Website

Alerts

Be the first to know and let us send you an email when Jesus Saver posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jesus Saver:

Videos

Share

Category



You may also like