07/10/2023
MBTI ဆိုတာဘာလဲ?
Korea drama ,idolတွေကြားခဏခဏ အပြောများတာကြားဖူးကြမှာပါ🤔ကိုယ်ကဘယ်typeမှာပါလဲကြည့်ကြရအောင်
MBTI(Myers Briggs Type indicator)
MBTI ဆိုတာ အကျင့်စရိုက်လက္ခဏာပုံစံစစ်ဆေးခြင်းဖြစ်ပါတယ်
- အုပ်စု(၄)ခုရှိပါတယ်
1.Extrovertနဲ့Introvert
2.Intuitionနဲ့Sensing
3.Thinkingနဲ့Feeling
4.Percivingနဲ့Judging
ဆိုပြီးဆန့်ကျင်ဘက်အတွဲလေးတွေရှိပါတယ်။ အားလုံး(၁၆)ခုအကျင့်စရိုက်လက္ခဏာပုံစံရှိပါတယ်။
ISTJ,ISFJ,INFJ,INTJ,ISTP,ISFP,INFP,INTP,ESTP,ESFP,ENFP,ENTP,ESTJ,ESFJ,ENFJ,ENTJ....
1. E- Extrovertအပြုသဘောဆောင်တဲ့စိတ် ခံစားနဲ့ပေါင်းသင်းဆက်ဆံတတ် ခြင်း၊ တက်ကြွခြင်း ၊လူစုလူဝေး၊ပွဲတွေကိုကြိုက်နှစ်သက်တဲ့ သူတွေပါ။
I- Introvertတစ်ယောက်ထဲရှိချိန်ပိုပြီးသက်တောင့်သက်သာဖြစ်ပြီး လူစုလူဝေးတွေကို ရှောင်တတ်ကြပါတယ်၊စိတ်ရှည်ပြီး ပြင်ပအရာတွေနဲ့မဟုတ်ဘဲ ကိုယ်ပိုင်အတွေးနဲ့နေတတ်ပြီး ခံစားချက်တွေကို အလေးအနက်ထားတဲ့သူတွေဖြစ်ပါတယ်။
2.Intuitionနဲ့Sensing
N- Intuition အသိစိတ်နဲ့စဥ်းစားဆင်ခြင်ပုံမလိုအပ်ဘဲတစ်စုံတစ်ရာကို အလိုအလျောက်နားလည်နိုင်စွမ်းရှိ၊ကြိုးကြောင်းစီလျော်စွာတွေးခေါ်နိုင်ပြီအသိပညာကြွယ်ဝတဲ့သူတွေဖြစ်တယ်၊ရှုပ်ထွေးပြီး နက်နဲတဲ့တွေးခေါ်ရတဲ့ပြသာနာတွေကိုလည်း နှစ်သက်ကြတယ်
S-Sensingအာရုံငါးပါးနဲ့ခံစားရတာတွေကို အာရုံစိုက်ပြီး တစ်ခြားသူတွေဘာပြောပြောကိုယ်တိုင်ကြုံတွေ့နေရတဲ့အခြေအနေကိုပဲအာရုံစိုက်တတ်ပြီး ယုံကြည်မှုရှိတဲ့သူတွေပဲဖြစ်ပါတယ်။
3.Thinking နဲ့ Feeling
T- Thinking တစ်စုံတစ်ခုကို မဆုံးဖြတ်ခင်ကြိုးကြောင်းစီလျော်စွာ သုံးသပ်ဆင် ခြင်ပြီးတော့ လုပ်ဆောင်၊ခံစားချက်ထက် အချက်အလက်ကိုအခြေခံ၊သဘောမတူတဲ့အယူအဆကို တော်ရုံနဲ့ လက်ခံလေ့မရှိဘူး။
F-Feeling ဦးနှောက်ထက်ခံစားချက်ကို ပိုပြီးဦးစားပေး၊ကိုယ်ချင်းစာစိတ်ရှိ၊တစ်ဖက်လူရဲ့ရှုတောင့်ကနေအရာတွေကို ကြည့်တတ်အောင်ကြိုးစားလေ့ရှိတယ်။
4-Percivingနဲ့Judging
P-Percivingပြသာနာကိုလျော့နိုင်အောင်လုပ်နိုင်စွမ်းနဲ့လိုက်လျေညီထွေစွာလုပ်ဆောင်တယ်၊ပိုမိုကောင်းမွန်တဲ့အစီအစဥ်တွေကိုစီစဉ်တတ်တယ်။
J-Judging မှန်ကန်ပြီးတရားဝင်တဲ့နည်းတွေနဲ့ဆုံးဖြတ်ချက်ချတယ်၊သတ်ရပ်ပြီးစည်းစနစ်ကျ တည်ကြည်မှုရှိသူတစ်ဦးဖြစ်ပါတယ်။
ဘယ်typeမှာပါလဲကြည့်ကြပါ✌️