DN DASHI

အတိတ်ကို နားခည်ပေးပါ -----------
23/02/2024

အတိတ်ကို နားခည်ပေးပါ
-----------

16/02/2024

အာဖဂန် နစ္စကန် နိုင်ငံ သားတွေ လေယာဉ်ဘီး ဖက်ပြီး နိုင်ငံက ထွက်ဖို့ ကြံတုန်းက အဲလောက် မဆိုးလောက်ဘူး လို့ တွေးခဲ့ဘူးတယ်

😀✍️ဒါရှီ

15/02/2024

ဒီခေတ် အခြေအနေမှာ

လူတိုင်းက ကိုယ့်အပူနှင့် ကိုယ်မို့
ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် ဒုက္ခရောက်အောင် မလုပ်ပါနဲ့
သူတို့မှာ ဒုက္ခ‌ ရောက်နေရတဲ့ အကြောင်း အရာတွေ အများကြီးပါ။
ချစ်ခြင်းမေတ္တာများစွာဖြင့်

ဒါရှီ


DN DASHI

ဒီည ပွဲကောင်း ရှိသည်
29/09/2023

ဒီည ပွဲကောင်း ရှိသည်

🚨 BREAKING 🚨
Stamp Fairtex and Ham Seo Hee (ဂျပန် fighter) တို့က Atomweight World Title အတွက် September 1 နေ့တွင် One Fight Night14မှာ main even အနေဖြင့် ထိုးသတ်သွား မှာဖြစ်ပါတယ်
ပရိသတ်တွေ အနေနှင့် Atomweight world title ကို ဘယ်သူ ရရှိသွယးမယ် လို့ ထငိပါသလဲ

DN DASHI
ONE Championship


ရှီုးပတီးရှာတဲ့ ပိုက်ဆံနှင့် ရည်စားကို ဆာဖျယ် ၀ယ်ကျွေးနိုင်ပြီးလို့ တွေးမိသွားလို့ပါ 😁😁
28/07/2023

ရှီုးပတီးရှာတဲ့ ပိုက်ဆံနှင့် ရည်စားကို ဆာဖျယ် ၀ယ်ကျွေးနိုင်ပြီးလို့ တွေးမိသွားလို့ပါ
😁😁

20/07/2023

စပွန်ဆာ ငွေအမ်းန်ိုင်အောင် ရေသရာချေနည်း 😅😅😅

06/07/2023

One Friday night မွေထိုင်းပွဲတွေထဲမှာ တံတောင်သုံးပြီး အကြမ်းပတမ်း ထိုးပြသွားတဲ့ ပွဲ
ပွဲတွင်း စွမ်းဆောင်ရည်ကြောင့် နှစ်ဦးစလုံး Bonus ရသွားတဲ့ ပွဲ

DN DASHI
ONE Championship

24/06/2023

Rank အဆင့် 5 လောက်ရှိ Thai Fighter ကို Knock out နှင့် အနိုင်ရရှိခဲ့တဲ့ Fighter
ဆုကြေး350,000 bath အပြင် One နှင့် $ 3.5 တန် စာချုပ်ချုပ်ဆိုခွင့်ပါ ရလိုက်တဲ့ Nico Carrillo

DN DASHI
ONE Championship
ONE Championship


23/06/2023

လေကျယ်လွန်တဲ့ ဘူလာကို TKOနှင့် ပွဲသိမ်းပြီး ခါးပတ် ၂ ခု 🏆ဖြစ်သွားသော မာလိခင်
$50,000 ကိုလည်း bonus ရရှိသွားပါတယ်
ဘူလာရဲ့ defence skill ကောင်းမွန်မှုနှင့် လိုက်ပြေးနေမှုကြောင့် အဝါကဒ် မျသွားသေးတယ်

DN DASHI
ONE Championship


🚨 BREAKING 🚨 Stamp Fairtex and Ham Seo Hee (ဂျပန် fighter) တို့က Atomweight World Title အတွက် September 1 နေ့တွင် One Fi...
23/06/2023

🚨 BREAKING 🚨
Stamp Fairtex and Ham Seo Hee (ဂျပန် fighter) တို့က Atomweight World Title အတွက် September 1 နေ့တွင် One Fight Night14မှာ main even အနေဖြင့် ထိုးသတ်သွား မှာဖြစ်ပါတယ်
ပရိသတ်တွေ အနေနှင့် Atomweight world title ကို ဘယ်သူ ရရှိသွယးမယ် လို့ ထငိပါသလဲ

DN DASHI
ONE Championship


23/06/2023

Bonus 350,000 bath ရသွားသော One ရဲ့ ပွဲ
ထိုးချက် power အရမ်းကောင်းတဲ့ သူကို ဘယ်လို game plan နှင့် အနိုင်ခဲ့သလဲဆိုဒါ ...........

DN DASHI
ONE Championship

23/06/2023

ဒုတိယ အချီမှာဘဲ ပြိုင်ဘက်ကို အရှုံးပေးခဲ့ရသော
Fen Rong
ပြိင်ဘက်ရဲ့ ကစားပုံကလည်း ကောင်းလွန်းလှပါတယ်


23/06/2023

KTV ရောက်ဖူးချင်သော အဖေ နှင့် သီချင်းဆိုနည်းပါ သင်ပေးလိုက်သော သမီး 😅😅

23/06/2023

တိုင်တန်းနစ် သ‌‌‌ဘေင်္ာ နှင့် ပက်သက်ပြီး ဒီနေ့ လူ ပြောများဆုံး ဖြစ်နေတဲ့ သတင်းရှိပါတယ်
အဖြစ်က........... တိုင်တန်းနစ် သ‌‌‌ဘေင်္ာပျက်ဆီကို အပျော်သွားကြည့်တဲ့ မီလီယံနာ (၅) ယောက်က တိုင်တန် ရေငုပ် သဘော်လေးနှင့် လိုက်သွားရင် မတောတဆ မှုတစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်။
ဒီ ဖြစ်ရပ်ကိုကြည့်ရင် အဲဒီလိုသမုဒ္ဒရာကြမ်းပြင်ဆီသွားတဲ့ ခရီးက ဘယ်လောက်အန္တရာယ်များသလဲ၊ ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနေနိုင်သလဲဆိုတာ အောက်က videos မှာ ကြည့်လိုက်ပါ။


#တိုင်းတန်းနစ်

21/06/2023

UFC fighter ကော်နာ နှင့် Thor မင်သားတို့ ကြိုးဝိုင်း အတွင်း တွေ့ကြသော အခါ

18/06/2023

၂၀၂၃ မှာ နောက်ဆုံးပွဲလို့ ပြောလို့ ရတဲ့ ကိုအောင်လရဲ့ ပွဲစဉ်

Aung La Nsang Vs Fen Rong

ငယ်ငယ်တုန်းက ဈေးနှုန်း 3500ကျပ် တန် all star ဖိနပ်ကို  အရမ်းရချင်ခဲ့တယ် 😔😔ကြီးလာရင် ပိုက်ဆံ များများ ရှာပြီး ၀ယ်စီးမယ် လ...
13/06/2023

ငယ်ငယ်တုန်းက ဈေးနှုန်း 3500ကျပ် တန် all star ဖိနပ်ကို အရမ်းရချင်ခဲ့တယ် 😔😔
ကြီးလာရင် ပိုက်ဆံ များများ ရှာပြီး ၀ယ်စီးမယ် လို့ စိတ်ကူးခဲ့ဒါ
အသက်ကြီးလာတဲ့ အထိလည်း ၀ယ်မစီးနိုင်သေးပါဘူး 😅

28/05/2023

လူတွေက သူတို့အတွက်
ကောင်းတာ လုပ်ပေးရင်
ကျေးဇူးတင်ဖို့ မေ့တက်ကြပေမဲ့
သူတို့ အပေါ် အမှား လုပ်မိရင်
အပြစ်တင်ဖို့တော့ မမေ့တက်ကြပါဘူး ။

#ဦးဘုန်း

14/05/2023

ပထမ အချီ တစ်မိနစ် အတွင်းမှာ ပြိုင်ဘက် ကို အလှဲထိုး နှင့် အနိုင်ယူသွားတော့ Aung La ရဲ့ သူငယ်ချင်း Tial Tang ( ချင်းဖိုက်တာ)

ပွဲသိမ်း လက်သီးက ပြင်းသလားတော့ မပြော နဲ့ ကြည့်လိုက် ✌️✌️
One မှာ ရုန်းကန် သမျှ ဒီမှာ အတိုးချ နေသလိုပါဘဲ

13/05/2023

ဒုတိယ အချီမှာ ပြိုင်ဘက်ကို အနိုင်ရရှိခဲ့တဲ့ ထွန်းမင်းနိုင် ( ဆူးလိုင်မန်) ရဲ့ ပွဲကြမ်း တစ်ပွဲ

06/05/2023

One Championship ရဲ့ မိန်းကလေး ပွဲစဉ်
လက်သီးအားပြင်ချက်တော့ တစ်ချက်မိဒါနဲ့ ထတောင် မထနိုင်တော့ဘူး


Genius idea 😄😄
05/05/2023

Genius idea 😄😄

03/05/2023

Stamp လို့ fighter ကောင်း ဖြစ်လာ ဖို့ ဖြတ်ကျော်ခဲ့မှုတွေ အနစ်နာမှုတွေက အရမ်းများတယ် ✌️✌️

အခန်း ၁၄သက်တမ်းတိုခဲ့တဲ့အချစ် လွန်ခဲ့တဲ့ရက်ပိုင်းလောက်က မိတ်ဆွေတစ်ယောက်နဲ့ ညစာ စားဖြစ်တယ်။ အဲဒီမိတ်ဆွေက သူ့မှာ Hasselbla...
15/04/2023

အခန်း ၁၄
သက်တမ်းတိုခဲ့တဲ့အချစ်

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က မိတ်ဆွေတစ်ယောက်နဲ့ ညစာ စားဖြစ်တယ်။ အဲဒီမိတ်ဆွေက သူ့မှာ Hasselblad ကင်မရာရှိတယ်လို့ ဂုဏ်ယူကျေနပ်စွာကြွားတယ်။ သူ့စကားကိုကြားတဲ့ခဏမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကညနေခင်းတစ်ခုဆီ ကျွန်တော့်စိတ်ကပြန်ရောက်သွားတယ်။ ထိုင်ဝမ်အဆိုတော် ထရီဆာတန့် နဲ့ ကျွန်တော် လော့စ်အိန်ဂျလိစ်ကမ်းခြေမှာအတူရပ်ရင်း မိုးကုတ်စက်ဝိုင်းအောက်ကို နေလုံးကြီးတဖြည်းဖြည်း ဝင်သွားတာကို ကြည့်ခဲ့ကြတဲ့ညနေခင်းပေါ့။ "
(ထိုင်ဝမ်အဆိုတော် Teresa Teng ခေါ် တိန့်လိကျွင်းဟာ
ဟာ အာရှရဲ့ပေါ့ပ်ဘုရင်မလို့ ကျော်ကြားခဲ့သူပါ။ သူ့ရဲ့ The Moon that Represent My Heart, Sweet as Honey, I Only Care About You သီချင်းတွေက ကမ္ဘာကျော်ခဲ့ပါတယ်။)
ရှုခင်းကလှလိုက်တာ ဓာတ်ပုံရိုက်ထားသင့်တယ်" လို့ သူကပြော တယ်။ ကျွန်တော်တို့တွေ Hasselblad ကင်မရာပြေးဝယ်တယ်။ ဘူးထဲကအမြန်ဖောက်ပြီး ဖလင်ထည့်တယ်။ ကင်မရာကိုဆင်ရတာခက်တဲ့အတွက် ရိုက်လို့ရအောင်ပြင်ဆင်ပြီးချိန်မှာနေကဝင်ပြီးသွားပြီ။ ကျွန်တော်တို့ နှစ်ယောက် ကမ်းခြေမှာအတူရပ်ရင်း ရယ်ဖြစ်ခဲ့ကြတယ်။
ကျွန်တော်တစ်ခါတရံသူ့ကိုသတိရမိရင်း တကယ်လို့ ကျွန်တော်တို့နှစ်ယောက်သာ မကွဲကွာခဲ့ကြရင်၊ ကျွန်တော်တို့ရဲ့ချစ်ခြင်းသာအပြောင်းအလဲတွေမဖြစ်ခဲ့ရင် ဘယ်လိုဖြစ်ခဲ့ကြမလဲ လို့တွေးမိတယ်။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုလုပ်လို့မရဘူးလေ။ အသစ်တဖန်ပြန်ကြိုးစားလို့မရတော့သလို အတိတ်ကိုပြန်သွားပြီး ဘ၀ လမ်းကြောင်းကို ပြောင်းလို့လည်းမရတော့ပါဘူး။ ပစ္စုပ္ပန်မှာကိုယ်လုပ်လိုက်တဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့စရိုက် အပေါ်မူတည်ပြီး ဘဝကပြောင်းလဲသွားတတ်တာပါ။
---------------------------------------------------------------------------
ကျွန်တော် The Big Brawl ရုပ်ရှင်ကို ရိုက်နေစဉ်အတွင်းမှာ ထရီဆာနဲ့ ကျွန်တော် မမျှော်လင့်ဘဲဆုံခဲ့ကြတာပါ။ အမေရိကကိုပထမဆုံးသွားခဲ့စဉ်က ဘဝကခက်ခဲခဲ့တယ်။ နေ့ပိုင်းဆိုရင် ကျွန်တော်အင်္ဂလိပ်စာသင်ရပြီး ညဘက်ဆိုရင်ဟိုတယ်ခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေရတယ်။ ရုပ်ရှင်အတွက် ရိုလာစကိတ်စီးတာကိုလည်း မကြာခဏလေ့ကျင့်ရသေးတယ်။ တစ်ကြိမ်မှာတော့ ဟောင်ကောင်ကမိတ်ဆွေ တွေနဲ့အတူ ဒစ္စနေးကမ္ဘာကို သွားဖြစ်ခဲ့တယ်။ ကျွန်တော်တို့အတူလမ်းလျှောက်ရင်း ပျော်ပျော်ရွှင်ရွှင်စကားတွေ ပြောနေတုန်းမှာ မိန်းက လေးတစ်ယောက် မန်ဒရင်းလိုပြောလိုက်သံ၊ သူ့သူငယ်ချင်းတွေနဲ့အတူ ခိုးခိုးခစ်ခစ် ရယ်လိုက်သံကို ကျွန်တော်ကြားလိုက်မိတယ်။ ကျွန်တော့်ဘက်ကိုလျှောက်လာတဲ့မိန်းကလေးကို မြင်ရအောင် လှမ်းကြည့်လိုက်တဲ့အခါ နာမည်ကျော်ထရီဆာတိန့်ကို မိန်းကလေး၊ယောက်ျားလေး သူငယ်ချင်းတွေအများကြီး ခြံရံပြီး တွေ့လိုက်ရတယ်။ ဒီလိုတွေ့ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။
"မင်းဒီကိုဘာလာလုပ်တာလဲ" လို့ ကျွန်တော်မေးလိုက်တယ်။
သူကလည်း ကျွန်တော့်ကိုမြင်ရလို့ အံ့သြသွားတယ်။ ဟောင်ကောင်မှာ တစ်ကြိမ် နှစ်ကြိမ်လောက် ဆုံခဲ့ဖူးပေမယ့် သူနဲ့ကျွန်တော်က သိပ်မရင်းနှီးတဲ့အပြင် နှစ်ဖက်လုံးမှာမိတ်ဆွေတွေလည်းပါနေတဲ့အတွက် "တွေ့ရတာဝမ်းသာပါတယ်" "သွားပြီနော်" ဆိုတာလောက်ပဲ ပြောဖြစ်ခဲ့ကြပြီး ဖုန်းနံပါတ်ချင်းမလဲဖြစ်ဘဲ လမ်းခွဲခဲ့ကြတယ်။
ရက်ပိုင်းလောက်ကြာပြီးနောက်မှာတော့ ရုပ်ရှင်ကြည့်ဖို့အတွက် ဝက်စ်ဝုဒ်ကို ကျွန်တော်သွားတဲ့အခါ မမျှော်လင့်ဘဲသူနဲ့ထပ်ဆုံရပြန်တယ်။ ကျွန်တော်ကရုပ်ရှင်ရုံထဲကိုအဝင် သူကရုပ်ရှင်ရုံထဲကအထွက် ဆုံမိတာပါ။ တိုက်ဆိုင်ပုံကို ကျွန်တော်တို့ရယ်ဖြစ်ကြတယ်။ ရုံအဝမှာရပ်ပြီး စကားပြောခဲ့ကြပါတယ်။ သူကလည်း သူ့ကိစ္စနဲ့ သူလာတာ ကျွန်တော်ကလည်းကျွန်တော့်ကိစ္စနဲ့ကျွန်တော်ပါ။ ကျွန်တော်က အင်္ဂလိပ်စာတိုးတက်ချင်လို့ ဒီရုပ်ရှင်ကိုလာကြည့်တာ။ သူကလည်းဒီလိုရည်ရွယ်ချက်နဲ့ဖြစ်ပုံရတယ်။ စကားပြောကြရင်းနဲ့ ကျွန်တော်တို့နေ တဲ့နေရာချင်းကလည်း ၃ ဘလောက်ပဲ ဝေးတယ်ဆိုတာ သိသွားကြတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့တွေ ဖုန်းနံပါတ်ချင်းလဲဖြစ်သွားကြပါတယ်။

အဲဒါဟာရေစက်လို့ပဲ ပြောရမှာပါ။ ဟောင်ကောင်မှာတုန်းက အခုလိုမျိုးတစ်ခါမှ မဆုံခဲ့ရပေမယ့် အမေရိကမှာတော့ ၂ ကြိမ်တောင်တွေ့ခဲ့ရတယ်လေ။ ကျွန်တော်သူ့ကို ထွက်လည်ဖို့ခေါ်ပြီး ကျွန်တော်တို့ အတူအချိန်ဖြုန်းဖြစ်ခဲ့ကြတယ်။ အဲဒီတုန်းက သူ့အမေလည်းသူ့ဆီ အလည်ရောက်နေတယ်။ တစ်ခါတလေ ကျွန်တော့်ကိုသူ့အမေက စွပ်ပြုတ်ပြုတ်ကျွေးတယ်။ ကျွန်တော်က ရိုလာစကိတ်ကိုကျွမ်းကျင်အောင်ကြိုးစားနေ တယ်ဆိုတာ ထရီဆာက သိတဲ့အတွက် သူလည်းသင်ချင်တယ်လို့ပြောလာတဲ့အခါ ကျွန်တော်ဝမ်းပန်းတသာပဲ သင်ပေးခဲ့ပါတယ်။

တစ်ခါတရံ သူ့ဆီ ကျွန်တော်စကိတ်စီးပြီး သွားတတ်တယ်။ ထရီဆာက အခုမှအစီးသင်စဆိုတော့ သူ့လက်မောင်းကိုကျွန်တော်ကိုင်ပေးထားရတယ်။ စိတ်ကူးကြည့်လိုက်စမ်းပါ ဂျက်ကီချန်းနဲ့ ထရီဆာတိန့် လော့စ်အိန်ဂျလိစ်က ပလက် ဖောင်းပေါ်မှာ အတူစကိတ်စီးနေကြတာလေ။ အဲဒီမှာတော့ ကျွန်တော်တို့ကို နာမည်ကျော်တွေမှန်းဘယ်သိကြပါ့မလဲ၊ ( ဟောင်ကောင်မှာဆိုရင်တော့ ခေါင်းစီးသတင်းကြီးဖြစ်သွားမှာပေါ့)

ကျွန်တော့်ရုပ်ရှင်က အောင်မြင်ပါ့မလားဆိုတာကို သိပ်ပြီးစိတ်မလှုပ်ရှားလှပေမယ့် သူ့အနားမှာ နေရတာကို ကျွန်တော်ပျော်တယ်။ ကျွန်တော်တို့တွေ အတူအင်္ဂလိပ်စကားလေ့ကျင့်ကြရင်း၊ ကမ်းခြေမှာ အတူ လမ်းလျှောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြ၊ ဂဏန်းကင်စားရင်စား ဒါမှမဟုတ်တရုတ်တန်းမှာ ညစာစားတဲ့ အခါစားပြီး မမေ့နိုင်စရာအချိန်တွေရခဲ့ကြတယ်။ ကျွန်တော့်ကားနဲ့ သူ့ကိုသွားခေါ်ပြီး လော့စ်အိန်ဂျလိစ်အနှံ့ လျှောက်မောင်းကြ လျှောက်ကြည့်ကြတယ်။ ကျွန်တော်တို့တွေ တွဲနေတယ်လို့တော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ သူ့နားနေရတဲ့အချိန်မှာပဲ ကျွန်တော်ပျော်တယ်။သူလည်း ကျွန်တော့်လိုခံစားခဲ့ရပုံပဲ။

ကံမကောင်းချင်တော့ ကျွန်တော်ကရိုက်ကွင်းကို ဆန်အန်တိုနီယိုမှာပြောင်းရိုက်ရပြီး သူကလည်း ထိုင်ဝမ်ကိုပြန်ရတော့မယ်။ ကျွန်တော့်ရိုက်ကွင်းကိစ္စတွေပြီးရင် သူ့ကိုလာရှာမယ်လို့ ကျွန်တော်သူ့ကိုပြောခဲ့ တယ်။
The Big Brawl က ကျွန်တော်ပြောခဲ့သလိုပဲ မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်စိတ်ပျက်လက်ပျက်နဲ့ ဟောင်ကောင်ကိုပြန်လာတဲ့အခါ ကိုယ့်စိတ်ကိုပြန်စုစည်းချင်တဲ့အပြင် ကိုယ့်ပုံရိပ်ကိုအဖတ်ဆယ်ဖို့ နောက်ထပ် ရုပ်ရှင်တစ်ကားရိုက်ချင်လာတယ်။ ရုပ်ရှင်သစ်ဖန်တီးရေးအဖွဲ့တစ်ခုချက်ချင်းဖွဲ့ပြီး ကျွန်တော်တို့ ကိုရီးယားကို သွားကြတယ်။အဲဒီမှာ ၃ လကြာအောင် ဇာတ်ညွှန်းကိုပြင်ဆင်ညှိနှိုင်းခဲ့ကြတယ်။ အဲဒီတုန်းက ဟောင်ကောင်နဲ့ ကိုရီးယားရုပ်ရှင်ကုမ္ပဏီတွေပူးပေါင်းပြီးထုတ်လုပ်မှုတွေအများကြီးရှိခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က ကိုရီးယားကို ပူးပေါင်းရိုက်ကူးဖို့လာတဲ့ အကြီးဆုံးအဖွဲ့ပါပဲ။ မီးသမားချည်းပဲ ၁၂ ယောက်၊ လက်သမားက ၁၆ ယောက် ပါလာတယ်။ ရုပ်ရှင်သစ်အတွက်ပြင်ဆင်မှုက စုစုပေါင်း ၄-၅ လ လောက်ကြာခဲ့ပေမယ့် ရိုက်ကူးရေးစပြီး ၂ ရက် မှာတင် အစီအစဉ်ဖျက်လိုက်ရတာဝမ်းနည်းစရာပါပဲ။ ဇာတ်ညွှန်းကနွေရာသီမှာ အခြေတည်ထားပေမယ့် ကျွန်တော်တို့ရောက်နေတာက ဆောင်းရာသီကြီး။ ရေခဲမတတ် အအေးဒဏ်ကို ဘယ်သူမှတောင့်မခံနိုင်ကြဘူး။ ၃ ရက်မြောက်နေ့မှာတင် အားလုံးအသားတွေ ပြာနှမ်းလာတဲ့အတွက် "ဆက်မရိုက်တော့ဘူး။ ဟိုတယ်ကို ပြန်ကြမယ်" လို့ ကျွန်တော်ပြောလိုက်ရတယ်။ နှင်းတောထဲမှာဟိုတယ်ကိုတရွတ်ဆွဲပြန်ပြီး အပူပေးစက်နားမှာ စုထိုင်နေကြရတယ်။ ရိုက်ကွင်းအတွက် ဒေါ်လာ ၂ သန်းလောက်သုံးပြီးနေပြီ။ အဲဒီတုန်းကအတော်များတဲ့ ငွေပမာဏပါ။
ထုတ်လုပ်သူလီယိုနက်ဒ်ဟိုကို ဖုန်းဆက်ပြီး အခြေအနေကိုကျွန်တော်ပြောပြလိုက်တယ်။ နှင်းကိုက် ဒဏ်ရာရတဲ့သူရှိလားလို့သူကမေးပြီး ထုံးစံအတိုင်းပဲ ဆက်မရိုက်နဲ့တော့ လို့ သူကပြောတယ်။ ဒီလိုနားလည် ပေးမှုမျိုးက တကယ်ရင်ကိုနွေးစေပါတယ်။ တစ်ဖွဲ့လုံးဟောင်ကောင်ကိုပြန်ကြတယ်။ ကျွန်တော်ဇာတ်ညွှန်းကို ပြန်ပြင်ရင်း ရိုက်ကွင်းပြောင်းရမယ့်နေရာကိုစဉ်းစားတဲ့အခါ "ထိုင်ဝမ်မှာရိုက်ရင်မကောင်းဘူးလား" ဆိုတဲ့ တိုက်တွန်းသံက နားထဲမှာအလိုလို ပေါ်လာတယ်။
ထိုင်ဝမ်ကိုသွားချင်တာရုပ်ရှင်ကောင်းဖို့အတွက်ပါ၊ ထိုင်ဝမ်ကရုပ်ရှင်အတွက်လိုအပ်တဲ့ မြေအနေ အထားတွေရှိတယ်၊ ရိုက်ကွင်းတည်ဖို့ လိုအပ်ချက်အားလုံးပြည့်စုံတယ်လို့ ကိုယ့်ကိုယ်ကိုယ်ဆင်ခြေတွေပေးခဲ့မိ တယ်။ အခုပြန်စဉ်းစားကြည့်လိုက်တော့ ထရီဆာကို ကျွန်တော့်မသိစိတ်က ကျိတ်ပြီးတွေ့ချင်နေလို့ဆိုတာ သိလိုက်ရတယ်။

ထိုင်ဝမ်မှာ ရိုက်ကွင်းရှာနေစဉ်ကာလမှာ ထရီဆာနဲ့ကျွန်တော် အတူထမင်းစားဖြစ်ကြတယ်။ သူ့ဖျော်ဖြေပွဲတစ်ပွဲကို ကျွန်တော်သွားခဲ့တယ်။ ကျွန်တော်ဒုတိယထပ်ပွဲကြည့်စင်ရဲ့ အထူးတန်းမှာ ထိုင်နေတဲ့ အခါ သူကကျွန်တော့်ဆီလှမ်းကြည့်ပြီး အကြာကြီးငေးကြည့်နေတာကိုလည်း သတိထားမိခဲ့တယ်။ ပရိသတ်က လက်ခုပ်တွေတီးပြီး သူ့နာမည်ကို အသံကုန်ဟစ်အော်အားပေးကြတဲ့အခါ "အဲဒါငါ့ချစ်သူလေး" လို့ စိတ်ထဲက တွေးနေမိတယ်။ ကျွန်တော်တို့တွဲနေကြပြီဆိုတာကို ဘယ်သူမှမသိပါဘူး။ ပွဲမပြီးခင်မှာဘဲ ကျွန်တော် လူမသိအောင် ပြန်ခဲ့တယ်။ ဓာတ်ပုံထဲမှာအတူတွဲလျက်သားပါသွားရင် ထိုင်ဝမ်တစ်ခုလုံး တုန်ဟီးသွားမယ့် သတင်းတွေဖြစ်ကုန်မှာလေ။
သူ့အနားမှာနေရတာကို သဘောကျပြီး သူ့အရည်အချင်းကို လေးစားရိုကျိုးမိပေမယ့် ကျွန်တော်တို့မှာ ပြဿနာလေးတွေရှိနေမှန်း ကျွန်တော်သိတယ်။ အစကတည်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ စရိုက်တွေ အမူအကျင့်တွေကမတူကြဘူး။ ကျွန်တော်တို့ကြားမှာ စေ့စပ်ညှိနှိုင်းလို့မရဘူး။ နောက်တစ်မျိုးပြောရရင်တော့ ထရီဆာဟာကျွန်တော့်ချစ်သူဖြစ်ဖို့ သိပ်အဆင့်မြင့်လွန်းနေတယ်။
သူကအမြဲယဉ်ကျေးပြီး စကားကိုညင်ညင်သာသာပြောတတ်တဲ့သူ။ ကျွန်တော်ကတော့ကချော်ကချွတ် နိုင်တဲ့ တုံးအအလူ။ သူကအဝတ်အစားကို သပ်ရပ်ကျော့ရှင်းအောင်ဝတ်တတ်ပေမယ့် ကျွန်တော်ကတော့ လက်ပြတ်အင်္ကျီနဲ့ လည်ပင်းမှာရွှေဆွဲကြိုးတွေတသီကြီးဆွဲထားတတ်တဲ့သူ။ သူကတစ်ကိုယ်တည်း နေရတာကို ကြိုက်ပေမယ့် ကျွန်တော်ကတော့အနားမှာအဖော်တွေအများကြီးနဲ့ ပျော်ပျော်ပါးပါးနေရတာကို ကြိုက်တဲ့သူ။ ကျွန်တော်ကဘယ်ကိုသွားသွား ကုတ်အင်္ကျီချွတ်ပေးမယ့်သူ၊ ထိုင်ဖို့နေရာပြင်ပေးမယ့်သူပါမှ ကျေနပ်ချိန်မှာ သူကတော့ခပ်လျှိုလျှိုပဲနေရတာကြိုက်တဲ့သူ။

တစ်နေ့မှာ သူကကျွန်တော့်ဆီဖုန်းဆက်ပြီး ညစာအတူစားရအောင်လို့ပြောတယ်။ "ငါတို့နေ့တိုင်းအတူ စားနေကြတာပဲလေ" လို့ ကျွန်တော်ပြန်ပြောမိတယ်။
သူက "နှစ်ယောက်တည်းစားချင်တာ" တဲ့။

ကျွန်တော်တို့တွေ ပြင်သစ်စားသောက်ဆိုင်တစ်ဆိုင်ကိုသွားကြတယ်။ အဲဒီမှာသူက သီးသန့်ခန်းကြိုမှာ ထားတယ်။ အဲဒီတုန်းက ကျွန်တော် Menu မကြည့်တတ်သေးသလို ဝိုင်လည်းမမှာတတ်သေးဘူး။ စားပွဲထိုးက Menu တွေလာပြချိန်မှာ ကျွန်တော်ကဒီအတိုင်းကြောင်ကြည့်နေမိတာ။ ထရီဆာက Menu ကို ယူပြီး ကိုယ်စား မှာပေးတယ်။ အင်္ဂလိပ်စကားတွေ၊ ပြင်သစ်စကားတွေရောပြောပြီး မှာလိုက်တာပါ။

ဒီလိုရှက်စရာဖြစ်သွားတာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ပညာမတတ်တဲ့လူပေါတစ်ယောက်လို ခံစားလိုက်ရပြီး နည်းနည်းကလန်ကဆန်လုပ်မိခဲ့တယ်။ ထရီဆာက အမဲ သားကိုမကျက်တကျက်မှာဖို့ အကြံပြု တဲ့အခါ ကျွန်တော်က "ဟင့်အင်း နူးအောင်ချက်ထားတာပဲမှာမယ်" လို့ ကန့်လန့် တိုက် တယ်။ သူကဝိုင်နီမှာရင် ကျွန်တော်ကဘီယာမှာတယ်။ သူကဝိုင်ခွင်ကိုမပြီး သိမ်သိမ်မွေ့မွေ့စုပ်သောက်နေတဲ့အချိန် ကျွန်တော်ကတော့ ဘီယာကိုပုလင်းလိုက်မော့တယ်။ စားကောင်းရဲ့လား လို့သူကမေးတဲ့အခါ "မကောင်းဘူး"လို့ ကျွန်တော်ဖြေ တယ်။ စွပ်ပြုတ်လာချတဲ့အခါ သူကဇွန်းနဲ့အသာအယာခပ်သောက်ပေမယ့် ကျွန်တော်ကတော့ ပန်းကန် လုံး လိုက်မပြီး မော့သောက်ပစ်တယ်။ အမဲသားလာချတဲ့အခါလည်း သူကတစ်ကိုက်တောင် မကုန်သေးချိန်မှာ ကျွန်တော်က စားလို့ကုန်နေပြီ။ ဒီလိုစားသောက်ဆိုင်မျိုးက ဟင်းပွဲတစ်ပွဲကုန်မှ တစ်ပွဲလာချတဲ့အတွက် ကျွန်တော်စောင့်မနေရအောင် အမဲသားကိုဝအောင်မစားဘဲ သူပြန်သိမ်းခိုင်းလိုက်ရတယ်။ ဟင်းပွဲတွေအားလုံး စားပြီးချိန်မှာတော့ ကျွန်တော်ကဗိုက်အင့်နေပြီး သူကတော့အဆာမပြေသေးဘဲ ကျန်ခဲ့တယ်။

ပြင်သစ်ညစာဆိုတာ ပြီးအောင်စားဖို့ ၂ နာရီ ၃ နာရီကြာတတ်ပေမယ့် ကျွန်တော်တို့က နာရီဝက်နဲ့ ပြီးသွားခဲ့ပါတယ်။ ဆိုင်ထဲကပြန်ထွက်လာတဲ့အခါ "ငါ့ကို ဒီလိုစားသောက်ဆိုင်မျိုးဆီ ဘယ်တော့မှထပ်မခေါ်နဲ့။ ငါချိန်းထားတာရှိသေးတယ်" လို့ပြောပြီးကျွန်တော်လှည့်မကြည့်ဘဲ ထွက်လာခဲ့တယ်။

ကျွန်တော့်ဘာသာ အတွင်းစိတ်ကလိပ်ပြာမလုံတာကြောင့် ဒီလိုဆိုးဆိုးရွားရွားတွေပြုမိခဲ့တာပါ။ ကျွန်တော်ကလေးဘဝကတည်းက လူချမ်းသာသားသမီးတွေရဲ့ အထင်အမြင်သေးမှုကိုခံခဲ့ရတယ်။ အဲဒီ နောက်မှာတော့ CDA မှာ ၁၀ နှစ်လုံးလုံး ပင်ပင်ပန်းပန်း ပညာသင်ခဲ့ရပြီး ရုပ်ရှင်လောကမှာအနိမ့်ဆုံးနေရာက စအလုပ်လုပ်ခဲ့ရတယ်။ လူကုံထံတွေက ဘဝနိမ့်ပါးသူတွေကိုအထင်အမြင်သေးကြတာကို ကျွန်တော် အမုန်း ဆုံးပဲ။ ဇီဇာကြောင်တဲ့အရိပ်အငွေ့သို့မဟုတ် ဘဝင်မြင်တဲ့အငွေ့ အသက်လေးနည်းနည်းလောက် တွေ့လိုက်ရ ရင်ပဲ ကျွန်တော်သည်းမခံနိုင်ဖြစ်တတ်တယ်။ အဲဒီလိုသဘောထားမျိုးကြောင့် ထရီဆာနဲ့ကျွန်တော့် ချစ်သူဘ၀ ပျက်စီးခဲ့ရတယ်။ ဒါပေမဲ့ အဲဒါသူ့အပြစ်မဟုတ်ပါဘူး။ သူ့ဘက်ကဘာမှမမှားပါဘူး ကျွန်တော်ကသာ သူ့အပေါ် မတရား အထင်အမြင်လွဲခဲ့တာ။

တစ်နေ့မှာ ကျွန်တော်ဇာတ်ညွှန်းအစည်းအဝေးထိုင်နေတုန်း ထရီဆာက သူထိုင်ဝမ်ကိုခဏပြန်ဦးမယ်၊ မပြန်မီကျွန်တော်နဲ့တွေ့ချင်တယ်လို့ ဖုန်းဆက်တယ်။ သူ့ကိုစတူဒီယိုကိုလာဖို့ ကျွန်တော်ဖိတ်လိုက်တယ်။ သူကပွဲတက်ဝတ်စုံနဲ့ ဒေါက်ဖိနပ်စီးပြီး ရောက်ချလာတယ်။ ဖျော်ဖြေပွဲပြီးပြီးချင်း တန်းလာခဲ့ပုံရတယ်။ သူက သိပ်လှတာပဲ လို့ကျွန်တော်တွေးမိတယ်။ ကျွန်တော့်အဖွဲ့သားတွေကတော့ ပါးစပ်အဟောင်း သား ဖြစ်နေကြ တာပေါ့လေ။

ကျွန်တော့်ကို ဘယ်လိုစိတ်ရူးမျိုးကအုပ်စိုးသွားသလဲမသိဘူး။ လူတွေရှေ့မှာ အာဏာပြချင်တဲ့စိတ်မျိုး ဝင်သွားခဲ့ပုံရတယ်။
ကျွန်တော်သူ့ကို "ထိုင်" လို့ တစ်ခွန်းပဲပြောတယ်။
သူကအခန်းထောင့်လေးမှာထိုင်နေတယ်။ ကျွန်တော်ကတော့အစည်းအဝေးကိုဆက်လုပ်တယ်။ ၁နာရီ ကျော်ကြာသွားတဲ့အထိ သူ့ကိုကျွန်တော်စကားတစ်ခွန်းမှ မပြောဘူး။ အဲဒီနောက်မှာ ထရီဆာကထိုင်ရာက ထပြီး "ဂျက်ကီ..ကျွန်မပြန်တော့မယ်" လို့ပြောတယ်။
ကျွန်တော်က "ပြန်" လို့ပဲ ပြောလိုက်တယ်။
ထရီဆာက အခန်းထဲကထွက်သွားတယ်။ ကျွန်တော့်နားမှာထိုင်နေတဲ့ ဖုန်းခေါ့အန်းက "ဂျက်ကီ.. သူ့နောက်ကိုလိုက်သွားသင့်တယ်ထင်တယ်" လို့ ပြောတယ်။
"အင်း.. ငါသိတယ်" လို့ပြောလိုက်ပေမယ့် ကျွန်တော်ကဟန်ကြီးတစ်ခွဲသားလုပ်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်ဓာတ်လှေကားဆီအမြန်ပြေးတယ်။ ကျွန်တော်ရောက်တော့ ဓာတ်လှေကားကအောက်ထပ်ဆင်း သွားပြီ။ ကျွန်တော်အခန်းထဲပြန်ဝင်ပြီး ပြတင်းပေါက်ကလှမ်းကြည့်တယ်။ သူကားဒီးလက်ကားပေါ်တက်ပြီး မောင်းထွက်သွားတာကို တိုက်အမြင့် ၈ ထပ်လောက်က လှမ်းမြင်လိုက်ရတယ်။
ဘာမှမဖြစ်ခဲ့သလိုနဲ့ ကျွန်တော်ဇာတ်ညွှန်းအစည်းအဝေးဆက်လုပ်တယ်။ ခဏလောက်အကြာမှာ ဖုန်းဝင်လာလို့ ကျွန်တော်ကိုင်လိုက်တဲ့အခါ ထရီဆာရဲ့အသံကိုကြားလိုက်ရတယ်။
"ဂျက်ကီ..ရှင်ကျွန်မကိုမလိုအပ်တော့ဘူးထင်တယ်။ ရှင့်မိတ်ဆွေတွေနဲ့ပဲ ပျော်ပျော်ပါးပါးဆက်နေပါ" လို့ ပြောပြီးသူဖုန်းချသွားတယ်။
နောက်တစ်နေ့မှာ သူကဖုန်းထပ်ဆက်ပြီး ဟိုတယ်ရဲ့ဧည့်ကြိုကောင်တာမှာ ကျွန်တော့်အတွက် ပစ္စည်း တစ်ခုအပ်ခဲ့တယ် လို့ အသိပေးတယ်။ ကျွန်တော်အလုပ်ကအပြန်မှာ ဟိုတယ်တံခါးစောင့်ကတစ်ဆင့် အဲဒီ ပစ္စည်းကိုသွားယူတယ်။ သူကျွန်တော့်အတွက်ချန်ခဲ့တာကသူ့ရဲ့ ကိုယ်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ သီချင်းကို အသံသွင်းထားတဲ့တိပ်ခွေလေးပါ။ အဲဒီထဲကစာသားတချို့က "မင်းရဲ့နှလုံးသားမှာ ကိုယ့်ကိုဘယ်တော့မှနေရာ မပေးခဲ့ပါ။ ကိုယ်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ" တဲ့။
(Return my love to me- Ni ZenMi Shou ကို စိုင်းဆိုင်မောက မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ လို့ ပြန်ဆိုထားပညတယ်။ တကယ်တော့ ထရီဆာက ဂျက်ကီကိုဆိုခဲ့တဲ့သီချင်းပါ။)

ထိုင်ဝမ်မှာ ကျွန်တော်သွားရိုက်ခဲ့တဲ့ရုပ်ရှင်က Dragon Lord ပါ။ ရိုက်ရတာသိပ်ပင်ပန်းပြီး အဖွဲ့သား တွေအများကြီးဒဏ်ရာရခဲ့ပါတယ်။ ဆေးရုံတစ်ရုံလုံး ကျွန်တော့်အဖွဲ့သားတွေချည်းပဲ။ တစ်နေ့တစ်နေ့ ဘယ်လို ပြီးအောင်ရိုက်ရမလဲဆိုတာကိုပဲ တွေးနေမိပြီး ဖိအားတွေကြောင့် ခေါင်းပေါက်မတတ်ခံစားခဲ့ရတယ်။ အချစ်ကို နေရာပေးဖို့ အချိန်မရှိခဲ့ဘူး။ သူကျွန်တော့်ကိုပေးခဲ့တဲ့တိပ်ခွေက ကျွန်တော်တို့အချစ်ကိုအချိန်ပေးဖို့ သတိပေး တာပါ။ ကျွန်တော်ကရှေ့မဆက်ခဲ့လို့ သူလည်းလက်လျှော့သွားခဲ့ပါတယ်။

လပိုင်းလောက်ကြာအပြီးမှာ ထရီဆာကဟောင်ကောင်မှာ ဖျော်ဖြေပွဲတစ်ခုကျင်းပပါတယ်။ ပွဲအပြီးမှာ ကျွန်တော့်အေးဂျင့်က ထရီဆာနဲ့အတူသောက်ကြတဲ့အခါ "ကျွန်မသူ့ကိုမုန်းတယ်" လို့ ထရီဆာကပြောခဲ့ပါ သတဲ့။
ဒီစကားကို ကျွန်တော့်အေးဂျင့်က ပြန်ပြောပြတဲ့အခါ ကျွန်တော့်အပြုအမူတွေသိပ်မှားခဲ့တယ်ဆိုတာကို သတိထားမိသွားတယ်။ ကျွန်တော်သူ့ကိုအလေးမထား၊ မစာမနာနဲ့ စိတ်ဒဏ်ရာပေးခဲ့မိတယ်။

ကျွန်တော့်သူ့ကိုနောက်တစ်ကြိမ်တွေ့ခဲ့ရတာကတော့ စီးပွားရေးလုပ်ငန်းရှင် ပီတာလမ်ကျင်းပတဲ့ ဆုချီးမြှင့်ပွဲတစ်ခုမှာပါ။ ထရီဆာတန့်ကို ဆုချီးမြှင့်ပေးပါလားလို့ သူကကျွန်တော့်ကို တောင်းဆိုတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ မလုပ်သင့်ဘူးဆိုတာအလိုလိုသိနေတယ်။ သူကျွန်တော့်ကို အခုထိမုန်းစိတ်မပြေ သေးတာဖြစ်နိုင်တယ်လေ။ "ဆုပေးမယ့်သူကကျွန်တော်ဆိုတာ သူသိလား" လို့ မေးလိုက်ပါသေးတယ်။
"သူသိပါတယ်" လို့ ပီတာကဖြေတယ်။
"တကယ်လား။ ဒါဆိုရင်ဒီတာဝန်ကို ကျွန်တော်သိပ်ယူချင်တာပေါ့ဗျာ" လို့ပြောလိုက်မိတယ်။ ဒါဟာ ကျွန်တော်သူ့ကိုတောင်းပန်ဖို့အခွင့်အရေးလည်းဖြစ်သလို ဂရုမစိုက်ဘဲပစ်ထားခဲ့မိတာကိုလည်း ဖြေသိမ့်ပေးရာ ရောက်တယ်လေ။
အဲဒီညက ဆုချီးမြှင့်ပွဲမတိုင်မီ သူအရင်ဖျော်ဖြေရမှာပါ။ ကျွန်တော်စင်နောက်မှာပုန်းနေရင်း ပွဲခဏနားချိန်မှာ ဆုကိုယူပြီးကျွန်တော်သူ့ဆီလျှောက်သွားတယ်။ သူလှည့်ကြည့်လိုက်ပြီး ကျွန်တော့်ကို မြင်တဲ့ အခါ ဟယ် ခနဲအသံထွက်အောင် ဝမ်းမသာသွားပါဘူး။ သူလုံး၀ ဝမ်းမသာသွားဘူး။ သူစင်ပေါ်ကဆင်းပြေးပြီး ကျွန်တော်လည်းသူ့နောက်ကပြေးလိုက်မိတယ်။ သူကကျွန်တော့်ကိုလည်းအတွေ့မခံသလို ဆုကိုလည်း မယူဘူး။ နောက်ဆုံးတော့ ကျွန်တော်သူ့ကိုလိုက်မီသွားတဲ့အခါ ဆုကိုမယူမဖြစ်ယူလိုက်ရပေမယ့် သူကျွန်တော့် ကို လက်ဆွဲမနှုတ်ဆက်သလို ကျေးဇူးတင်စကားလည်းမပြောဘူး။ စင်ပေါ်ကဒေါသတကြီး ဆင်းသွားတယ်။

ဆုပေးမယ့်သူကကျွန်တော်ဆိုတာကို ထရီဆာသိအောင်ကြိုမပြောခဲ့မိဘူးလို့ ပီတာလမ်က နောင်မှ ဝန်ခံတယ်။ ကျွန်တော်တို့ရင်းနှီးခဲ့ဖူးတာကို ပီတာကသိတဲ့အတွက် ရုတ်တရက်တွေ့ကြရင် ဝမ်းသာသွားမယ်လို့ သူထင်ခဲ့တာ။
ကျွန်တော်တို့ကြားမှာသံယောဇဉ်လက်ကျန်လေး ရှိသေးရင်တောင် အခုတော့ ပျက်စီးသွားခဲ့ရပါပြီ။
နောင်နှစ်အနည်းငယ်ကြာတဲ့အခါ ရှန်ဂရီလာဟိုတယ်ဝင်ပေါက်မှာ သူနဲ့ကျွန်တော်ပြန်ဆုံပါသေးတယ်။ သူက ဓာတ်လှေကားထဲကိုအဝင်၊ ကျွန်တော်က ဓာတ်လှေကားထဲကအထွက်။ နောက်ထပ်တိုက်ဆိုင်မှု တစ်ခု ပေါ့။ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြရင်း သူကောကျွန်တော်ပါပြုံးပြမိကြတယ်။ သူ့မှာ လည်းမိတ်ဆွေတွေပါသလို ကျွန်တော့်မှာလည်း မိတ်ဆွေတွေပါတဲ့အတွက် စကားမပြောဖြစ်ခဲ့ကြဘူး။ ဓာတ်လှေကားတံခါးပိတ်ပြီး သူမြင်ကွင်းကပျောက်သွားတဲ့အထိ ကျွန်တော်ပြုံးကြည့်မိနေတုန်းပဲ။ အချိန်က ခဏလေးပါပဲ။ သူကျွန်တော့်ကို နည်းနည်းခွင့်လွှတ်နိုင်ပြီထင်ပါရဲ့။

၁၉၉၅ ခုနှစ် မေလထဲမှာ ကျွန်တော့်ဆီ အမေရိကကဖုန်းဝင်လာတယ်လို့ အတွင်းရေးမှူး ဒေါ်ရသီက အသိပေးတယ်။ ဖုန်းခေါ်တဲ့သူက "ကျွန်မက မစ္စတိန့်ပါ။ ဂျက်ကီနဲ့ စကားပြောချင်တယ်" လို့ ဆိုပါတယ်။
"ဂျက်ကီအခုဒီမှာမရှိပါဘူး။ ရက်ပိုင်းလောက်ကြာမှ ပြန်ရောက်မှာပါ" လို့ ဒေါ်ရသီကပြန်ဖြေခဲ့တယ်။ အဲဒီအကြောင်း ဒေါ်ရသီကသတင်းပို့လို့ ထရီဆာ့ကိုဖုန်းပြန်ဆက်ဖို့ ကျွန်တော်စိတ်ကူးရှိခဲ့ပေမယ့် အာရုံတွေ များပြီး ကျွန်တော်မေ့သွားခဲ့တယ်။
ရက်ပိုင်းလောက်အကြာမှာ ထရီဆာဆုံးပြီ ဆိုတဲ့ သတင်း ကြားလိုက်ရတဲ့အခါ ကျွန်တော်တုန်လှုပ် သွားခဲ့တယ်။
(၁၉၉၅ မေလ ၈ ရက်မှာ ထရီဆာဟာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်) ပြင်းထန်တဲ့ဓာတ်မတည့်မှုတစ်ခုကြောင့် ထိုင်းကဟိုတယ်တစ်ခုမှာသူဆုံးသွားခဲ့တာပါ။ သူ့အသက် က ၄၂ နှစ်ပဲရှိပါသေးတယ်။ ဒီသတင်းကြောင့် ကျွန်တော်ငိုင်တွေပြီး ကျန်ခဲ့တယ်။ သူနဲ့ရှိခဲ့ဖူးတဲ့ အမှတ်တရတွေအားလုံး စိတ်ထဲမှာ ချက်ချင်းပြန်ပေါ်လာပြီး မျက်ရည်မစဲအောင် ကျွန်တော်ငိုမိတယ်။ အဲဒီ အချိန်ကတည်းက ကျွန်တော့်ဆီဖုန်းဆက်ဖို့ အမှာပါးတဲ့သူရှိရင် ချက်ချင်းဖုန်းပြန်ခေါ်တတ်သွားပါတယ်။

ကျွန်တော့်ရိုက်ကွင်းအချိန်ဇယားတွေကြောင့် သူ့ဈာပနကို ကျွန်တော်မသွားနိုင်ခဲ့ပါဘူး။

၂၀၀၂ ခုနှစ်က တရုတ်နိုင်ငံမှာ ကျွန်တော်သီချင်းခွေ တစ်ခုဖြန့်ချိခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်မှာ ထရီဆာရဲ့ ကိုယ်ချစ်တာမင်းတစ်ယောက်တည်းပါ (I Only Care About You)
သီချင်းကို သူ့အသံနဲ့ကျွန်တော့်အသံတွဲဖက်သီဆို ထားတာလေး ထည့်သွင်းထားပါတယ်။ ကျွန်တော်ပြောချင်တဲ့စကားတွေက တစ်နည်းနည်းနဲ့အတိတ်ကို ပြန်လည်ရောက်ရှိပြီး ကျွန်တော့်ရဲ့ထာဝရတောင်းပန်မှုတွေကို သူသိနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

(ဒီအတ္ထုပ္ပတိမှာသဘောကျမိတာက သူ့အမှားတွေ အများကြီးကို ဝန်ခံထားတာပဲ။ ဒါဟာသူလုပ်ခဲ့တဲ့ အမှားများစွာတွေထဲက တစ်ခုပေါ့)
Never Grow Up by Jackie Chan with Zhu Mo

Man U Vs Newcastle ရဲ့ lineup
02/04/2023

Man U Vs Newcastle ရဲ့ lineup

26/03/2023

TikTok နှင့် ပက်သက်ပြီး အမေရိကန် လွတ်တော်မှာ Tittok CEO Mr Chew ကို မေးမြန်း ထားတဲ့ ‌အပေါ် ဟာသ ပြန် လုပ်ထားသည့် အရီရဆုံး videos များ

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when DN DASHI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share