
10/09/2021
Thimmarusu (2021)“လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့အချိန်တွေအများကြီး ယူရပေမယ့်
သူမကောင်းဘူးဆိုတာကိုတော့ စက္ကန့်ပိုင်းလေးအတွင်း လူတွေလက်ခံနိုင်ကြတယ်။မင်းနာမည်ဘေးမှာ တွဲလျက်ရှိနေတဲ့လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်က သေတဲ့ထိပါသွားမှာကွဒါကြောင့် ဒီအမှုကို မင်းရင်ဆိုင်ရမှာ”လွန်ခဲ့တဲ့ ၈ နှစ်က လူသတ်မှုနဲ့ စွပ်စွဲခံရပြီးထောင်ကျခဲ့ရတဲ့ ကောင်လေးကိုအမှုပြန်ဖွင့်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့ရှေ့နေက ပြောတဲ့စကားတရားဥပဒေဆိုတာ လက်တစ်လုံးခြားပဲတဲ့မတရားမှုမှန်သမျှ ဖော်ထုတ်မယ်ဆိုတဲ့လူငယ်ရှေ့နေလေးကတော့ ဒီစကားကိုလက်မခံပါဘူးတုံးဆိုတိုက် ကျားဆိုကိုက်ပြီးအမှန်တရားသာဖော်ထုတ်မယ့် ရှေ့နေပေါ့ဒီလိုရှေ့နေတစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်ကအမှုဟောင်းကို စုံစမ်းရရောဗျာသာမာန်လျော်ကြေးငွေကိစ္စနဲ့ အမှုဆိုပြီးလိုက်ရာကနေတရားအစွဲခံခဲ့ရတဲ့သူဟာ တရားခံအစစ်မဟုတ်ဘဲထောင်ကျခဲ့တယ်ဆိုတာ သိသွားတဲ့အချိန်မှာတော့ရအောင်ဖော်ထုတ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်လှည့်ကွက်တွေ အများကြီးရှိနေတဲ့အပြင်မထင်မှတ်ထားတဲ့ လူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုကြီးကိုဆက်ပြီးဖော်ထုတ်လေ သူ့အတွက်အန္တရာယ်များလာလေဖြစ်လာခဲ့တဲ့အခါ…အန္တရာယ်ကြားကနေ အမှန်တရားဘက်တော်သားတစ်ယောက်ဒီအမှုကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုအိန္ဒိယဇာတ်ကားတို့ ထုံးစံအတိုင်း Dialog အလန်းတွေနဲ့ ရိုက်ပြထားပါတယ်ကြည့်ရှုလိုက်ကြပါဦး
https://t.me/EnglishMovieMM/3