Ayar Myay News

Ayar Myay News News

လားရှိုးရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့်စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကိ...
13/08/2024

လားရှိုးရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့်စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ချိတ်ပိတ်နေပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းစဉ်များတွင် ပြန်လည် အသုံးပြုမည်

■ CDM ဝန်ထမ်းများကို အုပ်ချုပ်ရေးယန္တရားနှင့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြန်လည်ခန့်အပ်ရန်ရှိနေ

ရန်ကုန်၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်မည်ဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ် ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

"အခု ဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန် ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်ကလူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက်ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ" ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင်လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးတွင် စစ်အာဏာရှင် ဆန့် ကျင်ရေး တွင် တက်ကြွစွာပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများအားလုံးကို အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်စေမည်ဖြစ်ပြီး CDM စာရင်းများကိုလည်း ကောက်ယူလျက်ရှိကြောင်း၊ တရားဝင် ဖိတ်ခေါ်မှုများလည်း ဆောင်ရွက်သွားရန် ရှိနေကြောင်း သိရှိရသည်။

"ဒီအုပ်ချုပ်ရေးယန္တရားတွေမှာတော့ CDM တွေ၊ တိုင်းရင်းသား၊ ဒေသပြည်သူတွေက ရွေးကောက်တင်မြှောက်သူတွေ အားလုံးပါပါလိမ့်မယ်။ ပြည်သူကို အခြေခံတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖွဲ့စည်းမှုတွေ ရှိပါလိမ့်မယ်" ဟု MNDAA သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ရှမ်းမြောက်တွင် MNDAA ၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၊ PDF တပ်များက စစ်ကောင်စီတပ်များကို ဆက်လက် ထိုးစစ်ဆင်နေပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Address

Ayarwady
Myanaung

Alerts

Be the first to know and let us send you an email when Ayar Myay News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Media/News Companies in Myanaung

Show All