14/06/2023
ဂန္ဓမာနှင့်နှင်းဆီ
BL (Shot Fic)
အခန်းပြတင်းပေါက်ကိုဖောက်ပြီး အခန်းထဲသို့ဖြန့်ကျက်နေသော နေအလင်းတန်းနုနုရဲ့အောက်မှာ ထွဋ်ခေါင်နိုးထ,လာသည်။
"8နာရီတောင်ထိုးနေပြီပဲ"
ထွဋ်ခေါင် ညီးတွားရင်း အိပ်ယာပေါ်မှထ,လိုက်သည်။မျက်နှာသစ်ရန် အောက်ဆင်းလာချိန် ခြံချင်းကပ်လျက် တစ်ဖက်ခြံမှာ လူများရုပ်စိ၊ရုပ်စိဖြစ်နေတာကို မြင်လိုက်ရသည်။
စပ်စုချင်တဲ့ ထွဋ်ခေါင်မျက်နှာမသစ်ပဲ ခြံစည်းရိုးနာကပ်သွားပြီး တစ်ဖက်ခြံထဲသို့သူခိုးချောင်း၊ချောင်းကြည့်နေသည်။
"ထွဋ်ခေါင် နင်ဘာတွေချောင်းနေတာလဲ"
အနောက်မှအမေရဲ့အသံကြောင့် ထွဋ်ခေါင်လန့်သွားရသည်။
"လန့်သွားတာပဲ အမေရယ်...တိုးတိုးပြောပါ။ဟိုဘက်ခြံကကြားသွားအုံးမယ်"
"နင်ဘာတွေချောင်းနေတာလည်းလို့ ငါမေးနေတယ်လေ"
"ဟိုဘက်ခြံမှာ လူတွေရုပ်စိ၊ရုပ်စိတွေ့လို့...ချောင်နေတာ...အမေ သူတို့က အဲ့ခြံကိုအသစ်ပြောင်းလာတဲ့ လူသစ်တွေလား"
"ဟုတ်တယ်...သူတို့ကို သွားချောင်းမနေနဲ့။သမီးမရှိဘူး။သားပဲရှိတယ်"
"သားကိုပဲကြွေနေတာ"
"ဘယ်လို!!"
"တိုးတိုးလေ အမေရယ်...အမေလုပ်ပုံနဲ့ဟိုဘက်က ကြားသွားတော့မယ်"
"နင်ပြောပုံကိုကြည့်အုံးလေ။သားကိုကြွေးတယ်ဆိုတော့...."
"ဘာဖြစ်လို့လဲအမေရဲ့...တော်တော်ချောတာလေ သူ့တို့သားက...မကြွေပဲနေမလား"
"တော်တော်!ထွဋ်ခေါင်...ပေါက်ကရမပြောနဲ့။သွား မျက်နှာသစ်တော့"
"အတည်ပြောတာ အမေရဲ့...အမေသူ့ကိုသားလိုချင်တယ်။တောင်းပေးပါ့လား"
"ပြောလေဆိုးလေ...ဒီကောင်လေးက"
ဒေါ်ရင်နွယ် တွေ့ရာတုတ်ကိုကောက်ပြီး ရိုက်ဖို့ရန်ပြင်မှ ထွဋ်ခေါင်ထွက်ပြေးသွားသည်။
တကယ်ပါ။ဒီကောင်လေးကမနိုင်စိန်ပဲ။အမေကိုလည်း တစ်စက်မကြောက်ဘူး။အမေကို သူ့သူငယ်ချင်းများထင်နေလားမသိဘူး။
** ** **
"ညီလေးရေ...ညီမလေးရေ..."
"ကိုကိုရေ ကိုကြီးပြန်လာပြီ"
အကိုကြီးလင်းမြတ်နောင်ပြန်လာတာကိုမြင်တဲ့ ဇွန်ဧပရာယ် အိမ်ရှေ့မှာတံမြတ်လှဲနေတာကိုရပ်လိုက်သည်။တံမြက်စည်းကိုမြေပြင်ပေါ်ပစ်ချပြီး နောက်ဖေးမှာထမင်းချက်နေတဲ့ ကိုကိုပိုင်သူခန့်ကို ကိုကြီးပြန်လာပြီဟုအော်ပြောကာ ကိုကြီးအနားသို့ပြေးသွားခဲ့သည်။
နောက်ဖေးက ပိုင်လေးလည်းပြေးထွက်လာသည်။
"ဒီမှာ ညီလေးနဲ့ညီမလေးအတွက် ကိုကြီး မုန့်ဟင်းခါးဝယ်လာတယ်။ပူပူနွေးနွေးစားလိုက်ကြဦး။ကိုကြီးနောက်ဖေးမှာ ထမင်းအိုးဆက်ကြည့်လိုက်မယ်"
"ကိုကြီးလည်းစားလေ...ကိုကြီးမစားရင် ဇွန်လေးတို့လည်းမစားဘူး"
"ကိုကြီးကဘာလို့ မုန့်ကိုနှစ်ပွဲပဲဝယ်တာလဲ။မောင်နှမသုံးယောက်ရှိတာ သုံးပွဲဝယ်ရမှာလေ"
"ကိုကြီးက ဗိုက်မစာလို့ပါ"
"မရပါဘူး။ကိုကြီးမစားရင် ပိုင်လေးတို့လည်းမစားဘူး"
"ကိုကိုပြောတာဟုတ်တယ်။ကိုကြီးမစားရင် ဇွန်လေးလည်းမစားဘူး"
နှုတ်ခမ်းလေးတွေကို စူပြီးပြောနေတဲ့ ညီလေးနဲ့ညီမလေးကြောင့် သူပြုံးမိသွားသည်။
"တကယ်အဆိုးလေတွေပဲ...နှုတ်ခမ်းတွေစူကောက်မနေနဲ့တော့...ခင်ဗျားလေးတို့စိတ်တိုင်းကြ ကျွန်တော်မျိုးစားပါ့မယ်ဗျာ"
"ဒီလိုမှပေါ့...ပိုင်လေးသွားပြီးမုန့်ပွဲပြင်လိုက်မယ်နော်။ကိုကြီးနဲ့ညီမလေး သရက်ပင်အောက်က ကွပ်ပြစ်မှာထိုင်စောင့်နေ"
"ကိုကို တစ်ပန်းကန်ထဲပြင်နော်။ဇွန်လေးတို့အတူဝိုင်းစားကြမယ်"
"အမိန့်တော်အတိုင်းပါဗျ"
မြတ်နောင်တို့မောင်နှမလေးတွေက ပိုက်ဆံတော့မချမ်းသားရှားပါ။ဒါပေမဲ့ စိတ်တော့ချမ်းသားရတယ်။
မိဘတွေမရှိထဲက မြတ်နောင်ကပဲ ညီနဲ့ညီမအပေါ် မိဘလိုတစ်မျိုး၊အစ်ကိုလိုတစ်မျိုးဖြင့် အုပ်ချုပ်နေထိုင်ခဲ့သည်။
ဇွန်လေးနဲ့ပိုင်လေးတို့ကလည်း အစ်ကိုကြီးအပေါ်ချစ်ခင်လေးစားသည်။မေမေနဲ့ဖေဖေမရှိတော့တဲ့နောက်မှာ ကိုကြီးကဂန္ဓမာပန်းများကိုစိုက်ပျိုးရောင်းချပြီး စားဝတ်နေရေးအဆင်ပြေဖို့ရန်နှင့်သူတို့မောင်နှမနှစ်ယောက် ပညာသင်နိုင်ရေးကို ကြိုးစားခဲ့သည်။
အခုဆို ပိုင်းလေးက Grade - 8စာမေးပွဲကိုဖြေဆိုထားပြီဖြစ်သည်။ဇွန်လေးကတော့ Grade - 5စာမေးပွဲကိုဖြေဆိုထားသည်။
"ကဲ...ဒီမှာရပါပြီဗျာ"
"ကိုကြီးကို ဇွန်လေးအရင်ခွံပေးမယ်နော်"
"ကိုကို ကိုတော့ခွံမပေးဘူးပေါ့"
"ခွံပေးမှာပေါ့"
သူတို့မောင်နှမသုံးယောက် မုန့်ပန်းကန်ကိုအလယ်မှာချပြီး တစ်ယောက်ကိုတစ်ယောက်ခွံကျွေးကာ ရယ်မောပျော်ရွှင်စွာ စားသောက်နေပုံလေးတွေက မြင်ရသူအဖို့ကြည်နူးခြင်းတွေ ကူးစက်သွားရသည်ကအမှန်ပင်ဖြစ်သည်။
** ** **
"ကောင်လေး မင်းက အခုမှရွာကိုပြောင်းလာတဲ့တစ်ယောက်ထင်းတယ်"
သွန်းခ အိမ်ထဲမှာနေတာပြင်လာတာကြောင့် မုန့်ဝယ်ထွက်ရင်း အပြင်သို့လမ်လျှောက်ထွက်စဥ် အရက်ကိုအလွန်အကျွံသောက်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တိုးလေသည်။
ထိုလူစုက သူ့ကိုရိသဲ့သဲ့စကားလာပြောတာကြောင့် သူမျက်နှာကိုတင်းထားလိုက်သည်။
"ခင်ဗျားတို့ ကိုယ့်လမ်းကိုသွားပါ"
"အိုး...အစွာလေးပဲကွ"
"အဲ့လိုအစွာလေးကိုမှပိုချစ်တာ"
"လာ...အစွာလေး..အစ်ကိုတို့နဲ့လိုက်ခဲ့"
လူစုထဲက ခေါင်းဆောင်ဟုထင်ရသည့် လူက သူ့ကိုအတင်းဆွဲခေါ်နေတာကြောင့် သူရုန်းလိုက်သည်။
"ခင်ဗျာတို့ ကျွန်တော်လက်ကိုလွှတ်နော်"
"အစ်ကိုတို့က အစွာလေးကိုချစ်လို့ပါကွာ"
"လွှတ်လို့ပြောနေတယ်လေ"
"မလွှတ်နိုင်ဘူးကွာ"
ဆံပင်ကုပ်ထောက်ခန့်ရှိပြီး ပိန်းပိန်းရှည်ရှည်နဲ့ဘိန်းစားရုပ်လူက အတင်းရုန်းနေတဲ့သွန်းခကို ကြမ်းတမ်းစွာဖြင့် ဆွဲပြီးသူ့ရင်ခွင်ထဲထည့်လိုက်သည်။
"ဟေ့လူတွေ...ကောင်လေးကိုအခုလွှတ်ပေးလိုက်စမ်း"
သြဇာသံအပြည့်နဲ့အမိန့်ပေးသည့်အသံကိုကြားတဲ့အခါ သွန်းခရဲ့မျက်နှာဝင်းလက်သွားသည်။
သွန်းခကိုဖက်ထားတဲ့လူကတော့ မျက်နှာရှုံ့မဲ့ပြီး အသံလာရာအနောက်ဘက်သို့လှည့်ကြည့်လေသည်။
"ဟေ့ကောင်ပန်းသည်...မင်းအကြောင်းမဟုတ်ဘူး။ကိုယ့်လမ်းကိုယ်သွား"
"ကိုယ့်ရွာကိုအခုမှပြောင်းလာတဲ့သူကို ဒီလိုနှောက်ယှက်နေတဲ့မြင်ကွင်း ငါကမမြင်ခြင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားပေးရမှာလား"
မြတ်နောင် ဒီကောင်လေးကိုတစ်ခါမှမမြင်ဖူးပါ။မနေ့က ယွန်းတို့အိမ်လည်လာရင်နဲ့ရွာကို မိသားစုတစ်စုပြောင်းလာကြသည်ဆိုတာသိထားသည်။
ဒါကြောင့် အခုကောင်လေးကရွာကိုပြောင်းလာတဲ့လူသစ်ပဲဆိုတာ သူခန့်မှန်းမိခြင်းဖြစ်သည်။
"မြတ်နောင် ကိုယ့်လမ်းကိုလျှောက်လို့ငါတို့ပြောနေတယ်နော်"
"မလျှောက်နိုင်ဘူးဆိုတော့ မင်းတို့ကဘာလုပ်ချင်လဲ"
"အဟက်!ဘာလဲ...မင်းကဒီကောင့်ကို ဒီလောက်ကာကွယ်ပေးချင်နေတယ်ဆိုတော့ မင်းကဒီကောင်နဲ့မင်းညီမလေးကို...."
"ဘာကွ!!တောက်(စ်)!ကျော်မင်း..."
ညီမကိုထိလာတာကြောင့် မြတ်နောင်သည်းမခံနိုင်ပဲ အရှိန်ပြင်းသောလက်သီးချက်ဖြင့် ကျော်မင်းရဲ့မျက်နှာကိုထိုးလိုက်သည်။
"မင်းက ငါ့ကိုထိုးတယ်။အေး...ငါကလည်း..."
"မြတ်နောင် ဘာတွေဖြစ်နေတာလဲ။ကျော်မင်း မင်းငါ့သူငယ်ချင်းကိုဘာလုပ်မလို့လဲ"
ကျော်မင်းရဲ့စကားမဆုံးခင်မှာ မြတ်နောင် သူငယ်ချင်းများရောက်လာတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအတိုင်ခံရမှာဆိုး၍ ဘာစကားမှဆက်မပြောတော့ပဲ ကျော်မင်းတို့အုပ်စု ရှောင်ထွက်သွားသည်။
"မြတ်နောင် ဘာဖြစ်နေကြတာလဲ"
"ဒီမှာလေ အခုမှရောက်လာတဲ့ဧည့်သည်ကို ကျော်မင်းတို့အဖွဲ့နှောက်ယှက်နေလို့"
"အဲ့ကောင်တွေကတော့မပြောချင်ဘူးကွာ။အချိန်ပြည့်မူးပြီး ပြဿနာပဲလိုက်ရှာနေကြတယ်"
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်းပါတယ်ဗျ"
"မလိုပါဘူး။ကျွန်တော်က ကျေးဇူးတင်ခံချင်လို့ကူညီတာမဟုတ်ပါဘူး"
"ရှင့်နာမည်ကဘယ်လိုခေါ်လဲ"
စပ်စုရတာကိုဝါသနာပါတဲ့ ယွန်းစ,တင်စပ်စုခန်းဖွင့်ပါပြီ။
"ကျွန်တော့်နာမည် ကာရံသွန်းခပါ"
"လှလိုက်တာ...လူလေးရော...နာမည်လေးရော"
"ကျေးဇူးပါ"
"နင့်မှာ သူငယ်ချင်မရှိဘူးမို့လား။ယွန်းတို့နဲ့သူငယ်ချင်းလုပ်မလား"
"ယွန်း!"
"ဘာဖြစ်လို့လဲ မြတ်နောင်ရာ...သူငယ်ချင်းများတော့ပိုပျော်ဖို့ကောင်းတာပေါ့။ပြီးတော့သူ့မှာလည်း သူငယ်ချင်းရသွားတာပေါ့"
"သွန်းခကိုခင်ပေးတဲ့အတွက် ကျေးဇူးပါ မယွန်း..."
"ယွန်းနာမည်က ယွန်းနန္ဒာ၊သူ့နာမည်ကလင်းမြတ်နောင်။သူ့နာမည်ကတော့ မင်းထိုက်သူ"
"အခုကစပြီး ငါတို့သူငယ်ချင်းတွေဖြစ်သွားပြီနော်"
"ယွန်းနဲ့ထိုက်သူ မင်းတို့သူ့ကိုအိမ်ပြန်လိုက်ပို့ပေးနော်"
"မင်းကဘယ်သွားမလို့လဲ"
"ငါ ပန်းခင်းပေါင်းရှင်းရအုံးမယ်"
"အခင်းထဲသိပ်ဆင်းမနေနဲ့အုံး။နေတွေအရမ်းပူတယ်"
"စိတ်ပူပေးတာကျေးဇူးပဲ ထိုက်သူ"
မြတ်နောင် အားလုံးကိုပြုံးပြနှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
ထွက်သွားတဲ့မြတ်နောင်ရဲ့ကျောပြင်ကိုကြည့်ပြီး သွန်းခ ဘေးမှသူငယ်ချင်းအသစ်များမမြင်အောင်ပြုံးလိုက်သည်။
"သွန်းခ ယွန်းတို့အိမ်ပြန်ပို့ပေးမယ်နော်"
"အင်း...ဒါနဲ့မြတ်နောင်ကဘာလုပ်တာလဲဟင်"
"သူက ဂန္ဓမာပန်းစိုက်တာလေ။မနက်ဆို ပန်းတွေခူးပြီးဖောက်သည်တွေဆီလိုက်ပို့ပေးရတယ်။နေ့လယ်ဆိုပေါင်းရှင်း။မြေဆွလုပ်ပေါ့။ညနေကြ ရေးလောင်းရတယ်လေ"
"နောက်နေ့ကြ သူတို့အိမ်ကိုသွားလည်ရအောင်လေ။သွန်းခလည်း သူ့အိမ်ရောက်ဖူးတာပေါ့"
"ဒါဆို မနက်ဖြန်မနက် ယွန်းတို့ သွန်းခကိုလာခေါ်မယ်လေ"
သူတို့စကားပြောရင်လမ်းလျှောက်လာကြရာ သွန်းခအိမ်ရှေ့သို့ရောက်လာခဲ့သည်။
သွန်းခ ထိုက်သူနဲ့ယွန်းကိုနှုတ်ဆက်ပြီးအိမ်ထဲသို့ဝင်ခဲ့လေသည်။
** ** **
"မွှေးလိုက်တာ...အမေဘာတွေချက်နေတာလဲ"
"ကိုတော်ချောနိုးလာသေးတယ်နော်"
"အမေကလည်း"
"အမေကလည်းလုပ်မနေနဲ့...သွား မျက်နှာသစ်...ပြီးရင် အုန်းနို့ခေါက်ဆွဲချက်ထားတယ်။စားလိုက်"
"အုန်းနို့ခေါက်ဆွဲချက်တာလား...အမေများတယ်မို့လား"
"ဘာလုပ်မလို့လဲ"
"အချောလေးတို့အိမ်ကိုသွားပို့မလို့လေဗျာ"
"ဒီကောင်လေး"
"မျက်နှာသွားသစ်ပြီးအမေရေ"
လက်ထဲမှာကိုင်ထားတဲ့ယောင်းမနဲ့ရိုက်ဖို့ရန်ပြင်လိုက်တဲ့အမေကြောင့် ထွဋ်ခေါင် ပြောင်ဆပ်ဆပ်လုပ်ပြပြီး ရှောင်ပြေးထွက်ခဲ့သည်။
မျက်နှာသစ်ပြီးသည်နှင့်ကိုယ်တိုင်တောင်မနက်စာအရင်မစားနိုင်ပဲ ချိုင့်ထဲသို့အုန်းနို့ခေါက်ဆွဲများကို စိတ်တိုင်းကျထည့်လိုက်သည်။
ပြီးမှ ချိုင့်ကိုဆွဲပြီးတစ်ဖက်ခြံသို့ထွက်လာခဲ့သည်။
"အိမ်ရှင်တို့...အိမ်ရှင်တို့..."
သူရဲ့ခေါ်သံကိုကြားတဲ့အခါမှာ အိမ်ထဲမှ ဖြူဖွေးသောအသားအရေနဲ့လိုက်ဖက်အောင်အဖြူရောင်T Shartလက်တိုနဲ့ဘောင်းဘီဒူးကျ အပြာနုနုကိုဝတ်ထားပြီး ရယ်လိုက်တိုင်းပါးချိုင့်လေးနှစ်ဖက်ကခွပ်ဝင်သွားပြီး၊ဖြူဖွေးသောသွားတက်လေးပေါ်လာတဲ့ ကောင်ချောလေးတစ်ယောက်ထွက်လာသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"
"ကျွန်တော်က ဟိုဘက်ခြံကပါ။ဒီနေ့ အိမ်မှာအုန်းနို့ခေါက်ဆွဲလုပ်စားတာလေ။အဲ့တာ အမေက သွန်းခတို့ကိုလာပို့ပေးခိုင်လို့လာပို့တာ"
"သွန်းခ နာမည်ကိုသိတယ်"
"သိတာပေါ့...ကိုယ့်နာမည်ကိုတော့ သွန်းခမသိသေးဘူးထင်တယ်။ကိုယ့်နာမည်ကိုမှတ်ထားနော်။သူရထွဋ်ခေါင်တဲ့"
"သားရေအိမ်ရှေ့ဘယ်သူလဲကွဲ့"
"ဟိုဘက်ခြံကမေမေ...သားတို့စားဖို့ အုန်းနို့ခေါက်ဆွဲလာပို့ပေးတာ"
"ဟုတ်လား"
သွန်းခမေမေအိမ်နောက်ဖေးမှအပြင်သို့ထွက်လာသည်။
"ကျေးဇူးနော်သားလေး"
ထွဋ်ခေါင် သွန်းခမေမေလက်ထဲသို့ အုန်းနို့ခေါက်ဆွဲချိုင့်ကိုထည့်ပေးလိုက်သည်။
"သားလေး ဧည့်ခန်းမှာလာထိုင်အုံးလေ"
"ဟုတ်ကဲ့ အန်တီ"
သွန်းခမေမေ ချိုင့်ကိုယူပြီး အတွင်းဘက်သို့ဝင်သွားခဲ့သည်။ဧည့်ခန်းမှာတော့ ထွဋ်ခေါင်နဲ့အတူ သွန်းခကအတူထိုင်၍ကျန်ခဲ့လေသည်။
"သွန်းခနဲ့ခင်ချင်လို့"
"ရပါတယ်ဗျ"
"ဒါဆို အခုကစပြီးသူငယ်ချင်းတွေဖြစ်သွားပြီနော်"
"ဟုတ်..."
"သွန်းခရေ...သွန်းခ"
ထွဋ်ခေါင်နဲ့စကားပြောနေခိုက်မှာ အိမ်ရှေ့မှခေါ်သံကြားတာကြောင့် သွန်းခပြေးထွက်သွားခဲ့သည်။
"ယွန်းတို့ပါ့လား"
"မြတ်နောင်တို့အိမ်သွားဖို့လာခေါ်တာလေ"
"ခနစောင့်နော်။အဝတ်သွားလဲအုံးမယ်"
"အင်းပါ"
"အိမ်ထဲမှာဝင်စောင့်ပါ့လား"
"ရပါတယ်။သွန်းခသိပ်မကြာဘူးမို့လား"
"မကြားပါဘူး။ပုဆိုးဝတ်ရုံပဲ"
သွန်းခအိမ်ထဲပြန်ဝင်လာခဲ့သည်။ထွဋ်ခေါင်နဲ့မေမေကစကားပြောနေတာကြောင့် သူအိမ်ခန်းထဲဝင်သွားခဲ့သည်။
ယွန်းရော၊ထိုက်သူကပါ ကျေးလက်သဘာဝဆန်သော မြန်မာဆန်ဆန်ထည်ဘီနဲ့ပုဆိုးလေးတွေကိုဝတ်ဆင်ထားတာကြောင့် သူ့လည်း ယောပုဆိုးနက်ပြာကိုဝတ်လိုက်သည်။
သူ အခန်းထဲကပြန်ထွက်လာခဲ့ပြီး စကားပြောနေတဲ့မေမေဆီကို သူခွင့်တောင်းလိုက်သည်။
"မေမေ သားညကပြောပြထားတဲ့သူငယ်ချင်းတွေနဲ့ပန်းခင်းကိုသွားအုံးမယ်နော်"
"အေးအေးသား။သိပ်လည်းမကြာနဲ့အုံးနော်"
သူအိမ်အပြင်သို့ထွက်လာခဲ့သည်။ထို့နောက်မှာတော့ ယွန်းရယ်၊ထိုက်သူရယ်၊သူရယ် သုံးယောက် ရွာတောင်ပိုင်းကမြတ်နောင်ရဲ့ပန်းခင်းဆီသို့ထွက်လာခဲ့သည်။
သူ့ရဲ့အိမ်နဲ့မြတ်နောင်ရဲ့ပန်းခင်းကအတော်ဝေးသည်။သို့သော်လည်း စကားတပြောပြောနဲ့လျှောက်လာရသောကြောင့် ဝေးလို့ဝေးမှန်းမသိ၊ပင်ပန်းလို့ပင်ပန်းမှန်းကိုပင်မသိခဲ့ချေ။
"ရောက်ပြီ"
ထိုက်သူက "ရောက်ပြီ"ဟုပြောလိုက်တာကြောင့် သူ့မျက်လုံးရှေ့မှာမြင်နေရတဲ့ အိမ်လေးကိုအသေခြာကြည့်မိလိုက်သည်။
အိမ်လေးကဘေးတွေလုံးခြုံအောင်အကာများကို ထရံများဖြင်အသေအခြာကာထားပေမဲ့ထရံများဟာဟောင်းလို့နေလေသည်။အမိုးများဟာလည်း သက္ကယ်များကိုမလုံမလဲမိုးလို့ထားသည်။အိမ်လေးကလည်း အလွန်းကျဥ်းသည်။
သူတစ်ဖက်သတ်စွဲလန်းနေရတဲ့ ဒီကောင်လေးကဒီရွာထဲမှာ အဆင်းရဲဆုံးသူတစ်ယောက်များဖြစ်နေတာလား။
ဒါပေမဲ့လည်း သူဆင်းရဲတာ၊ချမ်းသာတာကိုစိတ်မဝင်စားပါ။သူချစ်တဲ့သူက သူ့ကိုပြန်ချစ်ပြီး၊သူ့ကိုတန်းဖိုးထားဖို့ပဲလိုသည်။
"မြတ်နောင်"
ထိုက်သူရဲ့ခေါ်သံအဆုံမှာ အိမ်ထဲမှ ၁၀နှစ်ဝန်းကျင်ခန့်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ပြေးထွက်လာသည်။
"ကိုကြီးထိုက်သူနဲ့မကြီးယွန်းတို့ပါ့လား"
"ကိုကြီးနဲ့ကိုကိုဘယ်သွားလဲ ဇွန်လေး"
"ကိုကြီးက အိမ်တွေကမှာထားတဲ့ပန်းတွေကိုလိုက်ခူးနေတယ်။ကိုကိုကတော့ နောက်ဖေးမှာထမင်း၊ဟင်းချက်နေတယ်"
"ဒါဆိုကိုကြီးတို့ပန်းခင်ထဲလိုက်သွားအုံးမယ်နော်"
"ဇွန်လေးလိုက်ပို့ပေးရမလား"
"ရတယ်။ဇွန်လေးလုပ်စရာရှိတာသွားလုပ်"
"ဒါဆို ဇွန်လေး ကိုကို့ကိုထမင်း၊ဟင်း သွားကူချက်လိုက်အုံးမယ်နော်"
ဇွန်းလေးပြေးထွက်သွားမှသူတို့လည်း အိမ်ဘေးဘက်မှစ,၍စိုက်ပျိုးထားသော ဂန္ဓမာပန်းခင်းကျယ်ကြီးထဲသို့ဝင်လာခဲ့သည်။
ပန်းခင်းထဲမှာ ပန်းတွေကအရောင်စုံပဲဖြစ်သည်။အဖြူ၊အနီ၊ပန်းရောင်၊အရောင်စပ်၊အဝါ၊ခရမ်းပြာရောင်တို့ဖြစ်သည်။ပန်းခင်းထဲမှာအများဆုံးအရောင်ကတော့ အနီရောင်များပင်ဖြစ်သည်။
အရောင်၊အသွေးစုံလင်တဲ့ဂန္ဓမာပန်းရနံ့သင်းသင်းလေးကလည်းမွှေးပျံ့လို့နေသည်။
သွန်းခ လှပသော ဂန္ဓမာပန်းရောင်စုံများကိုငေးမျှော်ကြည့်ရင်း သိချင်သည့်အကြောင်းများကို ထိုက်သူနဲ့ယွန်းတို့ကိုမေးလိုက်သည်။
"ခုနကမိန်းကလေးက မြတ်နောင်ရဲ့ညီမလေးလား"
"အင်း...ဟုတ်တယ်။သူတို့မှာမိဘမရှိတော့ဘူးလေ။မောင်နှမလေးသုံးယောက်ပဲရှိတာ"
"ဟုတ်လား။စိတ်မကောင်းလိုက်တာဗျာ။ဒါဖြစ်ရင် မြတ်နောင်ကပဲ မိဘလိုတစ်မျိုး၊အစ်ကိုလိုတစ်မျိုးနေ နေရတာပေါ့"
"ဟုတ်တာပေါ့"
သူတို့စကားပြောသံကိုကြားလို့ထင်ပါရဲ့။
မြတ်နောင်ဂန္ဓမာပန်းအဖြူရောင်များကိုခူးနေရာမှသူ့တို့ရှိရာသို့လှည့်ကြည့်လေသည်။
တကယ်ကိုချောမောခန့်ငြားသူတစ်ယောက်ပါပဲ။သဘာဝရဲ့အပူဒဏ်ကိုနေ့စဥ်ခံနေရလို့ထင်ပါရဲ့။အသားအရေတွေဟာ ညိုလို့နေသည်။
အပေါ်သို့လှန်ဖီးထားသောဆံပင်များဟာ ဘေးနှစ်ဖက်၌ အောက်သို့ပြန်ကျနေသည်။တကယ်ကိုသူ့နှလုံးသားကိုဖမ်းစားနိုင်တဲ့ညိုချောလေးပါပဲ။
"ထိုက်သူတို့ပါလား...ဧည့်သည်လည်းပါလာတာပဲ"
သူအနည်းငယ်စိတ်ထဲခုသွားသည်။မြတ်နောင်ကသူ့အပေါ်အရမ်းသူစိမ်းဆန်တာပဲ။မနေ့ကသူငယ်ချင်းတွေဖြစ်နေပြီလို့ပြောထားတာ အခုပြောလိုက်ပုံက သူ့ကိုဧည့်သည်တဲ့လေ။
"မင်းကလည်းဧည့်သည်မဟုတ်ပါဘူး။မင်တို့၊ငါတို့ရဲ့သူငယ်ချင်းအသစ်ပါ"
"ငါမေ့သွားလို့ပါ။ဒါနဲ့သွန်းခကဘာကိစ္စရှိလို့လာတာလဲ"
"သူငယ်ချင်းအိမ်ကိုကိစ္စရှိမှလာရမှာလား"
"ကျွန်တော်အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး"
"သွန်းခက စတာပါ..ပန်းလာဝယ်တာ"
"ပန်းကဝယ်စရာမလိုပါဘူး။ကျွန်တော်ပေးပါ့မယ်"
"မဟုတ်တာ...သွန်းခဝယ်ပါ့မယ်"
"ကျွန်တော်ကုသိုလ်လိုချင်လို့ပါ"
"ကျေးဇူးပါမြတ်နောင်"
မြတ်နောင်အခင်းထဲကဂန္ဓမာပန်းအရောင်စုံများကိုခူးလိုက်သည်။
ထို့နောက်အရောင်စုံများဖြင့်လှနေသောဂန္ဓမာရောင်စုံများကို သွန်းခလက်ထဲထည့်ပေးလိုက်သည်။
"နောက်အခါတွေကြမပေးရဘူးနော်။ဝယ်မှာ"
"ဟုတ်ကဲ့ပါ"
"ဒါဆိုသွန်းခတို့ပြန်တော့မယ်နော်"
"အလည်လာတာမို့လား။အိမ်မှာဝင်ထိုင်အုံးလေ"
"မထိုင်တော့ပါဘူး။နောက်အခါကြမှလာလည်အုံးမယ်နော်"
"မြတ်နောင် ငါတို့ပြန်တော့မယ်။နောက်နေ့မှထပ်လာခဲ့မယ်"
သွန်းခလှပသောဂန္ဓမာပန်းများကိုပွေ့ပိုက်ပြီး ထိုက်သူတို့နှင့်အတူလှည့်ပြန်ခဲ့သည်။
သွန်းခတို့လှည့်ပြန်သွားတာကြောင့် မြတ်နောင်ခူးထားသည့်ပန်းများကိုယူပြီးအိမ်သို့ပြန်ရန်ခြေလှမ်းတို့ပြင်ဆင်ချိန် မြေပြင်ပေါ်မှာစာခေါက်လေးတစ်ခုကိုတွေ့လိုက်ရသည်။
သူ ခန္ဓာကိုယ်ကိုကွေးညွှတ်ပြီး စာခေါက်အဖြူလေးကိုကောက်ယူလိုက်သည်။ထို့နောက် စာခေါက်လေးကိုဖွင့်ကြည့်လိုက်သည့်အခါ တွေ့မြင်ရသည့်စာကြောင်းတိုလေးထဲကစာတွေကတော့...။
❤️ငါ့ရဲ့ရင်ခုန်သံကိုနိုးထလာအောင် လုပ်နိုင်ခဲ့တဲ့လင်းမြတ်နောင်ဆိုတဲ့မင်းကို ချစ်နေမိပြီ❤️
//ကာရံသွန်းခ❤️❤️
"မဖြစ်နိုင်ပါဘူး သွန်းခရယ်...အချစ်အတွက်နဲ့မရူးမိုက်ချင်ပါနဲ့"
သူခေါင်းခါပြီး စာရွက်လေးကိုအသေခြာပြန်ခေါက်ပြီး အင်္ကျီအိတ်ထဲသို့ထည့်ကာ ပန်းများကိုပွေ့ပိုက်ပြီး အိမ်ဘက်သို့လျှောက်လာခဲ့သည်။
** ** **
"အိမ်ရှင်တို့..."
အိမ်သိနေပြီဖြစ်တဲ့ သွန်းခတစ်ယောက် ထိုက်သူတို့ကိုမခေါ်တော့ပဲ မြတ်နောင်တို့အိမ်သို့လာခဲ့သည်။
သူ့ရဲ့ခေါ်သံကြောင့် အိမ်ရှေ့သရက်ပင်အောက်ကကွပ်ပြစ်မှာဟင်းရွက်ထိုင်ချွေနေတဲ့ ဇွန်းလေးနဲ့ပိုင်လေးတို့ပြေးလာကြသည်။
သူ့အနားသို့ရောက်တဲ့အခါ ဇွန်လေးက သူ့ကိုမြင်ဖူးနေတာကြောင့် အပြုံးချိုချိုလေးကိုပြုံးရင်စကားဆိုလာသည်။
"ဟိုနေ့ကအစ်ကိုပါ့လား"
"ညီမလေးက အစ်ကို့ကိုမှတ်မိသားပဲ"
"ရယ်လိုက်တိုင်ပါးချိုင့်လေနဲ့သွားတက်လေးရှိတဲ့ အစ်ကိုချောချောလေးကို မှတ်မိတာပေါ့"
အရွယ်နဲ့မလိုက်အောင်စကားတက်ပြီး၊တစ်ဖက်သားကို မြှောက်ပင့်ပြောတက်တဲ့ မြတ်နောင်ရဲ့ညီမလေးကိုကြည့်ပြီး သူပြုံးလိုက်မိသည်။
တကယ် စကားတက်လေးပဲ။
"အစ်ကို့နာမည်က ကာရံသွန်းခ"
"လူလေရော၊နာမည်လေးရောလှလိုက်တာ။ဇွန်လေးနာမည် ဇွန်ဧပရာယ်။ဒါက ဇွန်လေးရဲ့ကိုကို။နာမည်ကပိုင်သူခန့်"
"အစ်ကိုကကိုကြီးနဲ့တွေ့ခြင်လို့လား"
"ဟုတ်တယ်..ညီလေး"
"ကိုကြီးကစျေးသွားပြီး ပန်းတွေကိုဖောက်သည်တွေဆီသွားပို့တယ်။သားတို့နဲ့အတူကွပ်ပြစ်မှာထိုင်စောင့်အုံးလေ"
သွန်းခ ပိုင်လေးတို့နှင့်အတူကွပ်ပြစ်ပေါ်လေးမှာ မြတ်နောင်ပြန်အလာကိုထိုင်စောင့်ရင်း စကားတွေပြောဖြစ်ကြသည်။
မြတ်နောင်ရဲ့ညီမလေးနဲ့ညီလေးက စကားလည်းတက်ကြသည်။သူတို့ရဲ့အစ်ကိုပြန်မရောက်ခင်အချိန်မှာ သူမပျင်းရလေအောင် သူ့ရဲ့အကြောင်းတစ်ချို့ကိုစပ်စုလိုက်၊ဟာသတွေပြောလိုက်ဖြင့် စောင့်ဆိုင်းရသည့်အချိန်တွေကို ကြာမှန်းမသိရလောက်အောင်ပင်ဖြစ်ခဲ့ရသည်။
"ညီလေးနဲ့ညီမလေးရေ..."
လူကိုမမြင်တွေ့ရခင်မှာ အသံကိုဦးစွားကြားလိုက်ရသည်။
"ကိုကြီးပြန်လာပြီ"
ဇွန်လေးကကွပ်ပြစ်ပေါ်မှဆင်း၍ အစ်ကိုဖြစ်သူအနားသို့ပြေးသွားသည်။
"ကိုကြီး...ကိုကြီး သူငယ်ချင်းအသစ်ရောက်နေတယ်"
"ဟုတ်လား"
သူရဲ့ရှေ့ရောက်လာတဲ့ မြတ်နောင်ကိုသူပြုံးပြလိုက်သည်။
"ကိုကြီးတို့စကားပြောအုံးနော်။ပိုင်လေးတို့ချဥ်ပေါင်ရွက်ဟင်းရည်သွားချက်လိုက်အုံးမယ်"
ပိုင်လေးတို့အဆင့်နိမ့်ဝါးအိမ်အိုလေးပေါ်တက်သွားတဲ့အခါ မြတ်နောင် သူ့ဘေးမှာဝင်ထိုင်လေသည်။
"သွန်းခ ပန်းလာဝယ်တာလား"
"မဟုတ်ဘူး။မြတ်နောင်ကိုသတိရလို့လာခဲ့တာ"
"ဗျာ!"
"ရော့...ဒီစာလေးကိုဖတ်ကြည့်"
သွန်းခ ကမ်းပေးသည့်စားရွက်လေးအား မြတ်နောင်ယူပြီးဖတ်ကြည့်လိုက်သည်။
💝သွန်းခ ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်မိသူရေ သွန်းခအပေါ်ဘယ်လို သဘောရှိလဲဟင်💝
မျက်နှာခြင်းဆိုင်ရှိနေတာတောင် စကားနဲ့မပြောပဲ စားနဲ့ပဲပြောတဲ့ သွန်းခရင်ထဲကခံစားချက်ကို သူ အနည်းငယ်ရိပ်မိသည်။စကားနဲ့ပြောရမှာကို သွန်ခအနည်းငယ်ရှက်ရွံ့နေခြင်ဖြစ်လိမ့်မည်။
မြတ်နောင်စာရွက်လေးကိုအသေခြာပြန်ခေါက်လိုက်သည်။
"မရူးမိုက်ချင်ပါနဲ့ သွန်းခ"
သွန်းခ သူ့ရဲ့နားကိုပင်မယုံကြည်နိုင်တော့ပါ။သူ လိုချင်၊ကြားချင်တဲ့အဖြေက ဒီလိုမဟုတ်ဘူးလေ။သူကြားချင်တဲ့အဖြေက "ကိုယ်လည်းမင်းကိုချစ်ပါတယ်" ဆိုသည့်အဖြေပင်ဖြစ်သည်။
"သွန်းခ ကျွန်တော့်ကိုချစ်ရင်စိတ်ညစ်ရလိမ့်မယ်။ပြီးတော့ သွန်းခမိဘတွေလို ကျွန်တော် သွန်းခကို အိမ်ကောင်း၊အစားကောင်းတွေနဲ့မကျွေးနိုင်၊မထားပေးနိုင်ဘူး"
"မြတ်နောင်...သွန်းခ မြတ်နောင်ပြောတဲ့ အိမ်ကောင်း၊အစားကောင်းတွေကိုမမက်မောဘူး။သွန်းခ မက်မောတာ ချစ်ချင်မေတ္တာတွေလွှမ်းခြုံထားတဲ့ ပျော်စရာမိသားစု"
"ပျော်စရာမိသားစုဆိုတာ ပိုက်ဆံရှိမှဖြစ်မှာလေ"
"မြတ်နောင်!ဘာလို့ပိုက်ဆံစကားကိုပဲပြောနေရတာလား"
"ကျွန်တော်ရှင်းရှင်းပဲပြောမယ်။ကျွန်တော် သွန်းခကိုမချစ်ဘူး"
"ရင်ထဲကဖြစ်ပေါ်နေတဲ့ခံစားချက်အစစ်အမှန်တွေကို မလိမ်ညာခြင်ပါနဲ့။မြတ်နောင်လည်း သွန်းခကိုချစ်နေတယ်ဆိုတာ သွန်းခသိတယ်"
မြတ်နောင်ဘာမှဆက်မပြောနိုင်တော့ပဲ နှုတ်စိပ်လို့သွားသည်။
"မြတ်နောင်...မနက်ဖြန် ပန်းတစ်ပွင့်နဲ့အတူ ခံစားချက်အစစ်အမှန်ကိုမလိမ်ညာပဲ မှန်ကန်တဲ့စကားကို သွန်းခကြားချင်ပါတယ်"
သွန်းခ သူ့ရဲ့စကားတို့ပြီးဆုံးသည်နှင့်ကွပ်ပြစ်ပေါ်မှအောက်သို့ဆင်းလိုက်သည်။
ခြံအပြင်သို့လှည့်ထွက်ဖို့ရန်ပြင်ဆင်ပြီးမှ သူ့ကိုကြည့်နေတဲ့မြတ်နောင်ကိုစကားတစ်ခွန်းထပ်မံ၍လှည့်ပြောလိုက်သည်။
"စစ်မှန်တဲ့စကားတစ်ခွန်းကိုကြားသိဖို့အတွက် သွန်းခ မနက်ဖြန်အိမ်ရှေ့ကအုတ်ခုံမှာထိုင်စောင့်နေမယ်နော်"
သွန်းခ အပြုံးချိုချိုလေးဖြင့်ပြုံးပြနှုတ်ဆက်ကာ လှည့်ပြန်လာခဲ့သည်။
ကွပ်ပြစ်ပေါ်က မြတ်နောင်ကတော့ စဥ်းစားရခက်သည့်အဖြေများကို စဥ်းစားတွေးတောရင်းကျန်ခဲ့လေသည်။
မြတ်နောင်ကွပ်ပြစ်ပေါ်မှာ သက်ပြင်ရှည်များကိုထပ်တလဲလဲချရင် မနက်ဖြန်ဘယ်လိုအဖြေပြန်ရမည်ဆိုတာကိုစဥ်းစားနေခိုက် ဇွန်လေးတို့မောင်နှမနှစ်ယောက်အနားသို့ရောက်လာသည်။
"ကိုကြီး အစ်ကိုသွန်းခကိုတကယ်ချစ်တယ်မို့လား"
မထင်မှတ်ထားသည့်စကားတစ်ခွန်းကို ညီငယ်ရဲ့နှုတ်မှထွက်လာတာကြောင့် မြတ်နောင်အလန့်တကြားဖြင့် ညီငယ်ကိုကြည့်လိုက်မိသည်။
"ပိုင်လေး ဘယ်လိုလုပ်သိနေတာလဲ"
"ခုဏက ကိုကြီနဲ့အစ်ကိုသွန်းခစကားပြောနေတာကို ပိုင်းလေးတို့ခိုးနားထောင်နေတာလေ"
"အစ်ကိုကြီးသွန်းခက ကိုကြီးကိုတကယ်ချစ်တဲ့ပုံပါ"
"ကိုကြီးလည်းချစ်နေတာပဲ အစ်ကိုသွန်းခရဲ့အချစ်ကိုလက်ခံပေးလိုက်ပါနော်"
အခုမှမြင်ဖူးတဲ့ ညီငယ်နဲ့ညီမငယ်ကလည်း သွန်းခရဲ့ဘက်မှာပါနေကြသည်။ဒါပေမဲ့မဖြစ်နိုင်ဘူးလေ။အခြေအနေဘဝခြင်းကမှမတူတာ။ဒါတွေကို ညီငယ်နဲ့ညီမငယ်တို့ဘယ်လိုသိမှာလဲ။
"ညီလေးနဲ့ညီမလေးသဘောတူတဲ့အစ်ကိုသွန်းခနဲ့ကိုကြီးတို့နဲ့က အခြေအနေခြင်းမတူဘူးလေ။အခြေအနေကမိုးနဲ့မြေလိုကွာတယ် ညီလေးနဲ့ညီမလေးရဲ့"
"အချစ်စစ်မှာ ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာမရှိပါဘူး။အဓိကချစ်နေဖို့ပဲလေ"
"အဲ့တာတွေက ရုပ်ရှင်တွေထဲ၊ဝတ္ထုတွေထဲမှာပဲရှိတာ ညီလေးရဲ့...တကယ်အပြင်မှာလူအများပြောကြတဲ့စကားက ရွှေ ရွှေခြင်းထပ်မှမြတ်တာတဲ့"
"ရွှေ ရွှေခြင်းထပ်မှမြတ်တယ်ဆိုတဲ့စကားကပကာသနကိုမက်မောတဲ့လူတွေပြောကြတာပါ။ကိုကြီးရင်ထဲမှာအားလုံးမသိအောင်တိတိတခိုးချစ်နေတဲ့သူက ပကာသနာမက်မောတဲ့အထဲမှာပါမယ်မထင်ပါဘူး။မမက်မောလို့လဲ ကိုကြီးဆင်းရဲတာကိုသိသိကြီးနဲ့ဇွတ်ချစ်ခဲ့တာလေ။ပိုင်းလေး နောက်ဆုံးအနေနဲ့ကိုကြီးကိုတစ်ခုပဲပြောချင်တယ်။ရင်ခုန်သံကိုညာခဲ့မိလို့ နောင်တစ်ချိန်မှာမခံစားရပါစေနဲ့..."
ပိုင်လေး ညီမလေးရဲ့လက်ကိုဆွဲပြီး အိမ်ပေါ်သို့တက်သွားခဲ့သည်။
မြတ်နောင်ကတော့ အရွယ်နဲ့မလိုက်အောင်အချစ်ကြောင်းကို ပြောတက်နေသည့်ညီငယ်ရဲ့နောက်ဆုံးပြောခဲ့သော "ရင်ခုန်သံကိုညာခဲ့မိလို့ နောင်တစ်ချိန်မှာမခံစားရပါစေနဲ့" ဟူသောစကားကိုပြန်ကြားယောင်ရင် စိတ်များရှုပ်လာတာကြောင့် နက်မှောင်နေသောဆံပင်များကို လက်ချောင်းရှည်များဖြင့်ထိုးဖွနေမိသည်။
ထိုနေ့အဖို့ သူဘာပဲလုပ်လုပ်စိတ်မပါပေ။စိတ်ထဲမှာမနက်ဖြန်သွန်းခကိုဘယ်လိုအဖြေပြန်ရမလဲဆိုတာကိုပဲတွေးနေမိသည်။
ညရောက်သည့်အခါမှာလည်း အိပ်ယာစောစောဝင်ခဲ့ပေမဲ့တစ်ညတာလုံးအိပ်မပျော်ခဲ့။သန်ခေါင်ကျော်လို့နောက်ရက်သို့ကူးပြောင်းသွားချိန် နံနက်2နာရီလောက်မှခဏအိပ်ပျော်သွားခဲ့သည်။
မနက်ခင်း ပန်းများကိုခူးပြီးဖောက်သည်တွေကိုပို့ရအုံးမည်ဖြစ်တာကြောင့် သူ နံနက်4နာရီထိုးတဲ့အခါ အိပ်ယာမှနိုးလာခဲ့သည်။
သူပန်းများကိုခူးရင် အဖြေမထွက်သေးတဲ့အချစ်ပုစ္ဆာတစ်ခုကိုတွေးနေခိုက် နီရဲနေသော ဂန္ဓမာပန်းပွင့်လေးကိုကြည့်ပြီး အဖြေတစ်ခုထွက်လာခဲ့သည်။
သူ ဒီအဖြေအတိုင်း သွန်းခကိုတုံ့ပြန်ရလိမ့်မည်။
သူ စျေးသို့ပန်းပို့ကပြန်လာတဲ့အခါ ပန်းခင်းထဲသို့သွားပြီး အလှဆုံးဂန္ဓာပန်းအနီရောင်တစ်ပွင့်ကိုခူးပြီး သွန်းခအိမ်ဘက်သို့ထွက်လာခဲ့သည်။
သူ သွန်းခတို့အိမ်ရှေ့ရောက်သည်ဆိုရင်ဖြင့်သူ့စိတ်ထဲကအပျော်တွေအားလုံးပျောက်ကွယ်သွားခဲ့သည်။
သူ မြင်တွေ့လိုက်ရသည်က သူ့တို့ရွာထဲက ပြောင်စပ်စပ်နေတက်တာကြောင့် သူနဲ့မျက်နှာကြောမတည့်သည့် သူရထွဋ်ခေါင်ဆိုသူက သွန်းခကို လှပလွန်းတဲ့နှင်းဆီပန်းနီတစ်ပွင့်ကိုကမ်းပေးနေခြင်းကြောင့်ဖြစ်သည်။
"သွန်းခ..."
သူ နှုတ်ခမ်းဖျားမှ သွန်းခရဲ့နာမည်ကိုခပ်တိုးတိုးလေးခေါ်ရင် နောက်ပြန်လှည့်ရန်ပြင်လိုက်သည်။
သွန်းခ သူ့ရဲ့နာမည်ကိုညင်းသာသောအသံလေးနဲ့ခပ်တိုးတိုးခေါ်လိုက်သံကိုကြားတဲ့အခါ နောက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။
သူ တွေ့ရသည်က အနီရောင်ဂန္ဓာမာပန်းပွင့်လေးကိုကိုင်ကာ နောက်ပြန်လှည့်ထွက်သွားသော မြတ်နောင်ကိုမြင်လိုက်ရသည်။
ထို့ကြောင့် သွန်းခ သူထွက်သွားမှာဆိုးရိမ်၍သူ့ရဲ့လက်ကိုဆွဲကိုင်ထားတဲ့ ထွဋ်ခေါင်ရဲ့လက်ကို ခါးထုတ်ပြီး မြတ်နောင်ရဲ့နောက်သို့ပြေးလိုက်သွားသည်။
"မြတ်နောင်"
သူ့ရဲ့ခေါ်သံကိုကြားတဲ့အခါ မြတ်နောင်ခြေလှမ်းကိုရပ်တန့်ပြီး နောက်ဘက်သို့ပြန်လှည့်ကြည့်လာသည်။
"ဂန္ဓမာနဲ့နှင်းဆီယှဥ်လိုက်တဲ့အခါ ဂန္ဓမာက နှင်းဆီလောက်တန်းဖိုးမရှိဘူးဆိုပေမဲ့ တန်ဖိုးထားသူတွေအတွက်ကတော့ ဂန္ဓမာပန်းက ဘယ်ပန်းနဲ့မှယှဥ်လို့မရအောင်ကိုပဲ တန်ဖိုးကြီးပါတယ်"
"သွန်းခပြောချင်တာက သွန်းခအတွက် ကျွန်တော့်ရဲ့နှင်းဆီပန်းကဘာတန်းဖိုးမှမရှိဘူးဆိုတဲ့သဘောလာဟင်"
သွန်းခနောက်မှလိုက်လာသည့် ထွဋ်ခေါင်က မေးလိုက်ခြင်းဖြစ်သည်။
"စိတ်မကောင်းပါဘူးထွဋ်ခေါင်...သွန်းခချစ်တာက မြတ်နောင်ပါ"
ထွဋ်ခေါင်ရဲ့မျော်လင့်ချက်အပြည့်ရှိနေတဲ့မျက်နှာဟာ ချက်ချင်းပြိုးတော့မည်းမိုးအတိုင်းဖြစ်လို့သွားသည်။
ထို့နောက် မြတ်နောင်ကိုမျက်စောင့်ထိုးကြည့်ပြီး အနီရောင်နှင်းဆီပန်းကို မြေပြင်သို့ပစ်ချကာ အိမ်ထဲပြန်ဝင်သွားသည်။
ဘာကြောင့်မို့ သူကြိုက်သည့်လူတိုင်းက သူများနောက်ပါနေရတာလဲ။သူ သွန်းခနဲ့မတွေ့ခင် ကောင်မလေးသုံးယောက်ကိုကြိုက်ဖူးသည်။သူ့ကြိုက်သည့်ကောင်မလေးတွေကလည်း သူချစ်ခွင့်ပန်မည့်နေမှာပဲ သူမဟုတ်သည့်အခြားသူများနဲ့ညာသွားကြသည်။
အခုလည်း ကောင်လေးတစ်ယောက်ကိုချစ်မိလို့ဖွင့်ပြောမိပါတယ်။ဖွင့်ပြောတဲ့နေမှာပဲ တစ်ခြားသူနောက်ပါသွားပြန်ပြီ။
နောက်ထပ်လူတွေကိုထပ်ကြိုက်လည်း ဒီတိုင်းပဲဖြစ်မှာသေခြာသည်။နောက် ဒီလိုမငိုရတော့အောင် ဘယ်သူ့ကိုမှမကြိုက်တော့ဘူး။လူပျိုကြီးပဲလုပ်တော့မယ်။
ထွဋ်ခေါင် ရင်နာနာနဲ့အိမ်ခန်းထဲမှာကြိတ်ငိုနေရပေမဲ့ မြတ်နောင်အဖို့ကတော့ အတိုင်းမသိအောင်ပျော်ရွှင်လို့နေရသည်။
"ဂန္ဓမာပန်းနီလေးရဲ့အဓိပ္ပာယ်အတိုင်း ကိုယ်တော့မင်းကိုချစ်နေမိပြီ ဆိုတာတကယ်လား မြတ်နောင်"
"ကိုယ့်ကိုချစ်ရင် သွန်းခ ဆင်းဆင်းရဲရဲနေရမှာနော်"
"သွန်းခအတွက်လူဆင်းရဲတာကိစ္စမရှိပါဘူး။စိတ်ချမ်းသာဖို့သာအဓိကပါ"
"အဲ့တာကတော့စိတ်ချ..ကိုယ့်ကိုချစ်တဲ့အတွက် သွန်းခဘယ်တော့မှစိတ်မဆင်းရဲစေရဘူးနော်"
"သွန်းခ မြတ်နောင်ကိုယုံပါတယ်...အခက်အခဲမှန်သမျှ အတူကျော်ဖြတ်ကြမယ်နော်"
"သိပ်ချစ်တယ်သွန်းခ...ဂန္ဓမာနဲ့နှင်းဆီမှာ တန်ဖိုးသိပ်မရှိဂန္ဓမာကိုရွေးချယ်ခဲ့တဲ့အတွက်...."
ပြီးပါပြီ။
Author : Saung Hnin Se