Author : Saung Hnin Se

Author : Saung Hnin Se BL Author : Saung Hnin Se

"မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ" Ficလေးနဲ့ပတ်သက်ပြီး အခုလိုထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ဒီ Ficလေးကို ကျနော်က One Short အ...
23/12/2023

"မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ" Ficလေးနဲ့ပတ်သက်ပြီး အခုလိုထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ဒီ Ficလေးကို ကျနော်က One Short အနေနဲ့ရေးခဲ့တာပါ။ဒါပေမဲ့ စာဖတ်သူများက ဆက်ရေးပေးစေချင်တယ်ဆိုရင်တော့ Ficကိုအနည်းငယ်ပြန်ပြီး အရှည်ပြန်ရေးပေးနိုင်အောင်ကြိုးစားပါ့မယ်။ဒါမဲ့ ပြောချင်တာက အခုချက်ချင်းတော့ပြန်မရေးနိုင်သေးပါဘူး။အခုအချိန်မှာက ကျနော်က ကျောင်းတစ်ဖက်နဲ့မို့စာရေးတာကို ရပ်ထားတာကြောင့်ပါ။နောက်ကြရင်တော့ ပြန်ရေးပေးဖြစ်အောင်လုပ်ပါ့မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျနော်ပျောက်နေတာကြာပြီနော်။မှတ်မိကြသေးရဲ့လား။

Author : Saung Hnin Se

ဂန္ဓမာနှင့်နှင်းဆီBL  (Shot  Fic) အခန်းပြတင်းပေါက်ကိုဖောက်ပြီး အခန်းထဲသို့ဖြန့်ကျက်နေသော နေအလင်းတန်းနုနုရဲ့အောက်မှာ ထွဋ်...
14/06/2023

ဂန္ဓမာနှင့်နှင်းဆီ
BL (Shot Fic)

အခန်းပြတင်းပေါက်ကိုဖောက်ပြီး အခန်းထဲသို့ဖြန့်ကျက်နေသော နေအလင်းတန်းနုနုရဲ့အောက်မှာ ထွဋ်ခေါင်နိုးထ,လာသည်။

"8နာရီတောင်ထိုးနေပြီပဲ"

ထွဋ်ခေါင် ညီးတွားရင်း အိပ်ယာပေါ်မှထ,လိုက်သည်။မျက်နှာသစ်ရန် အောက်ဆင်းလာချိန် ခြံချင်းကပ်လျက် တစ်ဖက်ခြံမှာ လူများရုပ်စိ၊ရုပ်စိဖြစ်နေတာ​ကို မြင်လိုက်ရသည်။

စပ်စုချင်တဲ့ ထွဋ်ခေါင်မျက်နှာမသစ်ပဲ ခြံစည်းရိုးနာကပ်သွားပြီး တစ်ဖက်ခြံထဲသို့သူခိုးချောင်း၊ချောင်းကြည့်နေသည်။

"ထွဋ်ခေါင် နင်ဘာတွေချောင်းနေတာလဲ"

အနောက်မှအမေရဲ့အသံကြောင့် ထွဋ်ခေါင်လန့်သွားရသည်။

"လန့်သွားတာပဲ အမေရယ်...တိုးတိုးပြောပါ။ဟိုဘက်ခြံကကြားသွားအုံးမယ်"

"နင်ဘာတွေချောင်းနေတာလည်းလို့ ငါမေးနေတယ်လေ"

"ဟိုဘက်ခြံမှာ လူတွေရုပ်စိ၊ရုပ်စိတွေ့လို့...ချောင်နေတာ...အမေ သူတို့က အဲ့ခြံကိုအသစ်ပြောင်းလာတဲ့ လူသစ်တွေလား"

"ဟုတ်တယ်...သူတို့ကို သွားချောင်းမနေနဲ့။သမီးမရှိဘူး။သားပဲရှိတယ်"

"သားကိုပဲကြွေနေတာ"

"ဘယ်လို!!"

"တိုးတိုးလေ အမေရယ်...အမေလုပ်ပုံနဲ့ဟိုဘက်က ကြားသွားတော့မယ်"

"နင်ပြောပုံကိုကြည့်အုံးလေ။သားကိုကြွေးတယ်ဆိုတော့...."

"ဘာဖြစ်လို့လဲအမေရဲ့...တော်တော်ချောတာလေ သူ့တို့သားက...မကြွေပဲနေမလား"

"တော်တော်!ထွဋ်ခေါင်...ပေါက်ကရမပြောနဲ့။သွား မျက်နှာသစ်တော့"

"အတည်ပြောတာ အမေရဲ့...အမေသူ့ကိုသားလိုချင်တယ်။တောင်းပေးပါ့လား"

"ပြောလေဆိုးလေ...ဒီကောင်လေးက"

ဒေါ်ရင်နွယ် တွေ့ရာတုတ်ကိုကောက်ပြီး ရိုက်ဖို့ရန်ပြင်မှ ထွဋ်ခေါင်ထွက်ပြေးသွားသည်။

တကယ်ပါ။ဒီကောင်လေးကမနိုင်စိန်ပဲ။အမေကိုလည်း တစ်စက်မကြောက်ဘူး။အမေကို သူ့သူငယ်ချင်းများထင်နေလားမသိဘူး။

** ** **

"ညီလေးရေ...ညီမလေးရေ..."

"ကိုကိုရေ ကိုကြီးပြန်လာပြီ"

အကိုကြီးလင်းမြတ်နောင်ပြန်လာတာကိုမြင်တဲ့ ဇွန်ဧပရာယ် အိမ်ရှေ့မှာတံမြတ်လှဲနေတာကိုရပ်လိုက်သည်။တံမြက်စည်းကိုမြေပြင်​ပေါ်ပစ်ချပြီး နောက်ဖေးမှာထမင်းချက်နေတဲ့ ကိုကိုပိုင်သူခန့်ကို ကိုကြီးပြန်လာပြီဟုအော်ပြောကာ ကိုကြီးအနားသို့ပြေးသွားခဲ့သည်။

နောက်ဖေးက ပိုင်လေးလည်းပြေးထွက်လာသည်။

"ဒီမှာ ညီလေးနဲ့ညီမလေးအတွက် ကိုကြီး မုန့်ဟင်းခါးဝယ်လာတယ်။ပူပူနွေးနွေးစားလိုက်ကြဦး။ကိုကြီးနောက်ဖေးမှာ ထမင်းအိုးဆက်ကြည့်လိုက်မယ်"

"ကိုကြီးလည်းစားလေ...ကိုကြီးမစားရင် ဇွန်လေးတို့လည်းမစားဘူး"

"ကိုကြီးကဘာလို့ မုန့်ကိုနှစ်ပွဲပဲဝယ်တာလဲ။မောင်နှမသုံးယောက်ရှိတာ သုံးပွဲဝယ်ရမှာလေ"

"ကိုကြီးက ဗိုက်မစာလို့ပါ"

"မရပါဘူး။ကိုကြီးမစားရင် ပိုင်လေးတို့လည်းမစားဘူး"

"ကိုကိုပြောတာဟုတ်တယ်။ကိုကြီးမစားရင် ဇွန်လေးလည်းမစားဘူး"

နှုတ်ခမ်းလေးတွေကို စူပြီးပြောနေတဲ့ ညီလေးနဲ့ညီမလေးကြောင့် သူပြုံးမိသွားသည်။

"တကယ်အဆိုးလေတွေပဲ...နှုတ်ခမ်းတွေစူကောက်မနေနဲ့တော့...ခင်ဗျားလေးတို့စိတ်တိုင်းကြ ကျွန်တော်မျိုးစားပါ့မယ်ဗျာ"

"ဒီလိုမှပေါ့...ပိုင်လေးသွားပြီးမုန့်ပွဲပြင်လိုက်မယ်နော်။ကိုကြီးနဲ့ညီမလေး သရက်ပင်အောက်က ကွပ်ပြစ်မှာထိုင်စောင့်နေ"

"ကိုကို တစ်ပန်းကန်ထဲပြင်နော်။ဇွန်လေးတို့အတူဝိုင်းစားကြမယ်"

"အမိန့်တော်အတိုင်းပါဗျ"

မြတ်နောင်တို့မောင်နှမလေးတွေက ပိုက်ဆံတော့မချမ်းသားရှားပါ။ဒါပေမဲ့ စိတ်တော့ချမ်းသားရတယ်။

မိဘတွေမရှိထဲက မြတ်နောင်ကပဲ ညီနဲ့ညီမအပေါ် မိဘလိုတစ်မျိုး၊အစ်ကိုလိုတစ်မျိုးဖြင့် အုပ်ချုပ်နေထိုင်ခဲ့သည်။

ဇွန်လေးနဲ့ပိုင်လေးတို့ကလည်း အစ်ကိုကြီးအပေါ်ချစ်ခင်လေးစားသည်။မေမေနဲ့ဖေဖေမရှိတော့တဲ့နောက်မှာ ကိုကြီးကဂန္ဓမာပန်းများကိုစိုက်ပျိုးရောင်းချပြီး စားဝတ်နေရေးအဆင်ပြေဖို့ရန်နှင့်သူတို့မောင်နှမနှစ်ယောက် ပညာသင်နိုင်ရေးကို ကြိုးစားခဲ့သည်။

အခုဆို ပိုင်းလေးက Grade - 8စာမေးပွဲကိုဖြေဆိုထားပြီဖြစ်သည်။ဇွန်လေးကတော့ Grade - 5စာမေးပွဲကိုဖြေဆိုထားသည်။

"ကဲ...ဒီမှာရပါပြီဗျာ"

"ကိုကြီးကို ဇွန်လေးအရင်ခွံပေးမယ်နော်"

"ကိုကို ကိုတော့ခွံမပေးဘူးပေါ့"

"ခွံပေးမှာပေါ့"

သူတို့မောင်နှမသုံးယောက် မုန့်ပန်းကန်ကိုအလယ်မှာချပြီး တစ်ယောက်ကိုတစ်ယောက်ခွံကျွေးကာ ရယ်မောပျော်ရွှင်စွာ စားသောက်နေပုံလေးတွေက မြင်ရသူအဖို့ကြည်နူးခြင်းတွေ ကူးစက်သွားရသည်ကအမှန်ပင်ဖြစ်သည်။

** ** **

"ကောင်လေး မင်းက အခုမှရွာကိုပြောင်းလာတဲ့တစ်ယောက်ထင်းတယ်"

သွန်းခ အိမ်ထဲမှာနေတာပြင်လာတာကြောင့် မုန့်ဝယ်ထွက်ရင်း အပြင်သို့လမ်လျှောက်ထွက်စဥ် အရက်ကိုအလွန်အကျွံသောက်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တိုးလေသည်။

ထိုလူစုက သူ့ကိုရိသဲ့သဲ့စကားလာပြောတာကြောင့် သူမျက်နှာကိုတင်းထားလိုက်သည်။

"ခင်ဗျားတို့ ကိုယ့်လမ်းကိုသွားပါ"

"အိုး...အစွာလေးပဲကွ"

"အဲ့လိုအစွာလေးကိုမှပိုချစ်တာ"

"လာ...အစွာလေး..အစ်ကိုတို့နဲ့လိုက်ခဲ့"

လူစုထဲက ခေါင်းဆောင်ဟုထင်ရသည့် လူက သူ့ကိုအတင်းဆွဲခေါ်နေတာကြောင့် သူရုန်းလိုက်သည်။

"ခင်ဗျာတို့ ကျွန်တော်လက်ကိုလွှတ်နော်"

"အစ်ကိုတို့က အစွာလေးကိုချစ်လို့ပါကွာ"

"လွှတ်လို့ပြောနေတယ်လေ"

"မလွှတ်နိုင်ဘူးကွာ"

ဆံပင်ကုပ်ထောက်ခန့်ရှိပြီး ပိန်းပိန်းရှည်ရှည်နဲ့ဘိန်းစားရုပ်လူက အတင်းရုန်းနေတဲ့သွန်းခကို ကြမ်းတမ်းစွာဖြင့် ဆွဲပြီးသူ့ရင်ခွင်ထဲထည့်လိုက်သည်။

"ဟေ့လူတွေ...ကောင်လေးကိုအခုလွှတ်ပေးလိုက်စမ်း"

သြဇာသံအပြည့်နဲ့အမိန့်ပေးသည့်အသံကိုကြားတဲ့အခါ သွန်းခရဲ့မျက်နှာဝင်းလက်သွားသည်။

သွန်းခကိုဖက်ထားတဲ့လူကတော့ မျက်နှာရှုံ့မဲ့ပြီး အသံလာရာအနောက်ဘက်သို့လှည့်ကြည့်လေသည်။

"ဟေ့ကောင်ပန်းသည်...မင်းအကြောင်းမဟုတ်ဘူး။ကိုယ့်လမ်းကိုယ်သွား"

"ကိုယ့်ရွာကိုအခုမှပြောင်းလာတဲ့သူကို ဒီလိုနှောက်ယှက်နေတဲ့မြင်ကွင်း ငါကမမြင်ခြင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားပေးရမှာလား"

မြတ်နောင် ဒီကောင်လေးကိုတစ်ခါမှမမြင်ဖူးပါ။မနေ့က ယွန်းတို့အိမ်လည်လာရင်နဲ့ရွာကို မိသားစုတစ်စုပြောင်းလာကြသည်ဆိုတာသိထားသည်။

ဒါကြောင့် အခုကောင်လေးကရွာကိုပြောင်းလာတဲ့လူသစ်ပဲဆိုတာ သူခန့်မှန်းမိခြင်းဖြစ်သည်။

"မြတ်နောင် ကိုယ့်လမ်းကိုလျှောက်လို့ငါတို့ပြောနေတယ်နော်"

"မလျှောက်နိုင်ဘူးဆိုတော့ မင်းတို့ကဘာလုပ်ချင်လဲ"

"အဟက်!ဘာလဲ...မင်းကဒီကောင့်ကို ဒီလောက်ကာကွယ်ပေးချင်နေတယ်ဆိုတော့ မင်းကဒီကောင်နဲ့မင်းညီမလေးကို...."

"ဘာကွ!!တောက်(စ်)!ကျော်မင်း..."

ညီမကိုထိလာတာကြောင့် မြတ်နောင်သည်းမခံနိုင်ပဲ အရှိန်ပြင်းသောလက်သီးချက်ဖြင့် ကျော်မင်းရဲ့မျက်နှာကိုထိုးလိုက်သည်။

"မင်းက ငါ့ကိုထိုးတယ်။အေး...ငါကလည်း..."

"မြတ်နောင် ဘာတွေဖြစ်နေတာလဲ။ကျော်မင်း မင်းငါ့သူငယ်ချင်းကိုဘာလုပ်မလို့လဲ"

ကျော်မင်းရဲ့စကားမဆုံးခင်မှာ မြတ်နောင် သူငယ်ချင်းများရောက်လာတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအတိုင်ခံရမှာဆိုး၍ ဘာစကားမှဆက်မပြောတော့ပဲ ကျော်မင်းတို့အုပ်စု ရှောင်ထွက်သွားသည်။

"မြတ်နောင် ဘာဖြစ်နေကြတာလဲ"

"ဒီမှာလေ အခုမှရောက်လာတဲ့ဧည့်သည်ကို ကျော်မင်းတို့အဖွဲ့နှောက်ယှက်နေလို့"

"အဲ့ကောင်တွေကတော့မပြောချင်ဘူးကွာ။အချိန်ပြည့်မူးပြီး ပြဿနာပဲလိုက်ရှာနေကြတယ်"

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်းပါတယ်ဗျ"

"မလိုပါဘူး။ကျွန်တော်က ကျေးဇူးတင်ခံချင်လို့ကူညီတာမဟုတ်ပါဘူး"

"ရှင့်နာမည်ကဘယ်လိုခေါ်လဲ"

စပ်စုရတာကိုဝါသနာပါတဲ့ ယွန်းစ,တင်စပ်စုခန်းဖွင့်ပါပြီ။

"ကျွန်တော့်နာမည် ကာရံသွန်းခပါ"

"လှလိုက်တာ...လူလေးရော...နာမည်လေးရော"

"ကျေးဇူးပါ"

"နင့်မှာ သူငယ်ချင်မရှိဘူးမို့လား။ယွန်းတို့နဲ့သူငယ်ချင်းလုပ်မလား"

"ယွန်း!"

"ဘာဖြစ်လို့လဲ မြတ်နောင်ရာ...သူငယ်ချင်းများတော့ပိုပျော်ဖို့ကောင်းတာပေါ့။ပြီးတော့သူ့မှာလည်း သူငယ်ချင်းရသွားတာပေါ့"

"သွန်းခကိုခင်ပေးတဲ့အတွက် ကျေးဇူးပါ မယွန်း..."

"ယွန်းနာမည်က ယွန်းနန္ဒာ၊သူ့နာမည်ကလင်းမြတ်နောင်။သူ့နာမည်ကတော့ မင်းထိုက်သူ"

"အခုကစပြီး ငါတို့သူငယ်ချင်းတွေဖြစ်သွားပြီနော်"

"ယွန်းနဲ့ထိုက်သူ မင်းတို့သူ့ကိုအိမ်ပြန်လိုက်ပို့ပေးနော်"

"မင်းကဘယ်သွားမလို့လဲ"

"ငါ ပန်းခင်းပေါင်းရှင်းရအုံးမယ်"

"အခင်းထဲသိပ်ဆင်းမနေနဲ့အုံး။နေတွေအရမ်းပူတယ်"

"စိတ်ပူပေးတာကျေးဇူးပဲ ထိုက်သူ"

မြတ်နောင် အားလုံးကိုပြုံးပြနှုတ်ဆက်ကာ ထွက်သွားခဲ့သည်။

ထွက်သွားတဲ့မြတ်နောင်ရဲ့ကျောပြင်ကိုကြည့်ပြီး သွန်းခ ဘေးမှသူငယ်ချင်းအသစ်များမမြင်အောင်ပြုံးလိုက်သည်။

"သွန်းခ ယွန်းတို့အိမ်ပြန်ပို့ပေးမယ်နော်"

"အင်း...ဒါနဲ့မြတ်နောင်ကဘာလုပ်တာလဲဟင်"

"သူက ဂန္ဓမာပန်းစိုက်တာလေ။မနက်ဆို ပန်းတွေခူးပြီးဖောက်သည်တွေဆီလိုက်ပို့ပေးရတယ်။နေ့လယ်ဆိုပေါင်းရှင်း။မြေဆွလုပ်ပေါ့။ညနေကြ ရေးလောင်းရတယ်လေ"

"နောက်နေ့ကြ သူတို့အိမ်ကိုသွားလည်ရအောင်လေ။သွန်းခလည်း သူ့အိမ်ရောက်ဖူးတာပေါ့"

"ဒါဆို မနက်ဖြန်မနက် ယွန်းတို့ သွန်းခကိုလာခေါ်မယ်လေ"

သူတို့စကားပြောရင်လမ်းလျှောက်လာကြရာ သွန်းခအိမ်ရှေ့သို့ရောက်လာခဲ့သည်။

သွန်းခ ထိုက်သူနဲ့ယွန်းကိုနှုတ်ဆက်ပြီးအိမ်ထဲသို့ဝင်ခဲ့လေသည်။

** ** **

"မွှေးလိုက်တာ...အမေဘာတွေချက်နေတာလဲ"

"ကိုတော်ချောနိုးလာသေးတယ်နော်"

"အမေကလည်း"

"အမေကလည်းလုပ်မနေနဲ့...သွား မျက်နှာသစ်...ပြီးရင် အုန်းနို့ခေါက်ဆွဲချက်ထားတယ်။စားလိုက်"

"အုန်းနို့ခေါက်ဆွဲချက်တာလား...အမေများတယ်မို့လား"

"ဘာလုပ်မလို့လဲ"

"အချောလေးတို့အိမ်ကိုသွားပို့မလို့လေဗျာ"

"ဒီကောင်လေး"

"မျက်နှာသွားသစ်ပြီးအမေရေ"

လက်ထဲမှာကိုင်ထားတဲ့ယောင်းမနဲ့ရိုက်ဖို့ရန်ပြင်လိုက်တဲ့အမေကြောင့် ထွဋ်ခေါင် ပြောင်ဆပ်ဆပ်လုပ်ပြပြီး ရှောင်ပြေးထွက်ခဲ့သည်။

မျက်နှာသစ်ပြီးသည်နှင့်ကိုယ်တိုင်တောင်မနက်စာအရင်မစားနိုင်ပဲ ချိုင့်ထဲသို့အုန်းနို့ခေါက်ဆွဲများကို စိတ်တိုင်းကျထည့်လိုက်သည်။

ပြီးမှ ချိုင့်ကိုဆွဲပြီးတစ်ဖက်ခြံသို့ထွက်လာခဲ့သည်။

"အိမ်ရှင်တို့...အိမ်ရှင်တို့..."

သူရဲ့ခေါ်သံကိုကြားတဲ့အခါမှာ အိမ်ထဲမှ ဖြူဖွေးသောအသားအရေနဲ့လိုက်ဖက်အောင်အဖြူရောင်T Shartလက်တိုနဲ့ဘောင်းဘီဒူးကျ အပြာနုနုကိုဝတ်ထားပြီး ရယ်လိုက်တိုင်းပါးချိုင့်လေးနှစ်ဖက်ကခွပ်ဝင်သွား​ပြီး၊ဖြူဖွေးသောသွားတက်လေးပေါ်လာတဲ့ ကောင်ချောလေးတစ်ယောက်ထွက်လာသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"

"ကျွန်တော်က ဟိုဘက်ခြံကပါ။ဒီနေ့ အိမ်မှာအုန်းနို့ခေါက်ဆွဲလုပ်စားတာလေ။အဲ့တာ အမေက သွန်းခတို့ကိုလာပို့ပေးခိုင်လို့လာပို့တာ"

"သွန်းခ နာမည်ကိုသိတယ်"

"သိတာပေါ့...ကိုယ့်နာမည်ကိုတော့ သွန်းခမသိသေးဘူးထင်တယ်။ကိုယ့်နာမည်ကိုမှတ်ထားနော်။သူရထွဋ်ခေါင်တဲ့"

"သားရေအိမ်ရှေ့ဘယ်သူလဲကွဲ့"

"ဟိုဘက်ခြံကမေမေ...သားတို့စားဖို့ အုန်းနို့ခေါက်ဆွဲလာပို့ပေးတာ"

"ဟုတ်လား"

သွန်းခမေမေအိမ်နောက်ဖေးမှအပြင်သို့ထွက်လာသည်။

"ကျေးဇူးနော်သားလေး"

ထွဋ်ခေါင် သွန်းခမေမေလက်ထဲသို့ အုန်းနို့ခေါက်ဆွဲချိုင့်ကိုထည့်ပေးလိုက်သည်။

"သားလေး ဧည့်ခန်းမှာလာထိုင်အုံးလေ"

"ဟုတ်ကဲ့ အန်တီ"

သွန်းခမေမေ ချိုင့်ကိုယူပြီး အတွင်းဘက်သို့ဝင်သွားခဲ့သည်။ဧည့်ခန်းမှာတော့ ထွဋ်ခေါင်နဲ့အတူ သွန်းခကအတူထိုင်၍ကျန်ခဲ့လေသည်။

"သွန်းခနဲ့ခင်ချင်လို့"

"ရပါတယ်ဗျ"

"ဒါဆို အခုကစပြီးသူငယ်ချင်းတွေဖြစ်သွားပြီနော်"

"ဟုတ်..."

"သွန်းခရေ...သွန်းခ"

ထွဋ်ခေါင်နဲ့စကားပြောနေခိုက်မှာ အိမ်ရှေ့မှခေါ်သံကြားတာကြောင့် သွန်းခပြေးထွက်သွားခဲ့သည်။

"ယွန်းတို့ပါ့လား"

"မြတ်နောင်တို့အိမ်သွားဖို့လာခေါ်တာလေ"

"ခနစောင့်နော်။အဝတ်သွားလဲအုံးမယ်"

"အင်းပါ"

"အိမ်ထဲမှာဝင်စောင့်ပါ့လား"

"ရပါတယ်။သွန်းခသိပ်မကြာဘူးမို့လား"

"မကြားပါဘူး။ပုဆိုးဝတ်ရုံပဲ"

သွန်းခအိမ်ထဲပြန်ဝင်လာခဲ့သည်။ထွဋ်ခေါင်နဲ့မေမေကစကားပြောနေတာကြောင့် သူအိမ်ခန်းထဲဝင်သွားခဲ့သည်။

ယွန်းရော၊ထိုက်သူကပါ ကျေးလက်သဘာဝဆန်သော မြန်မာဆန်ဆန်ထည်ဘီနဲ့ပုဆိုးလေးတွေကိုဝတ်ဆင်ထားတာကြောင့် သူ့လည်း ယောပုဆိုးနက်ပြာကိုဝတ်လိုက်သည်။

သူ အခန်းထဲကပြန်ထွက်လာခဲ့ပြီး စကားပြောနေတဲ့မေမေဆီကို သူခွင့်တောင်းလိုက်သည်။

"မေမေ သားညကပြောပြထားတဲ့သူငယ်ချင်းတွေနဲ့ပန်းခင်းကိုသွားအုံးမယ်နော်"

"အေးအေးသား။သိပ်လည်းမကြာနဲ့အုံးနော်"

သူအိမ်အပြင်သို့ထွက်လာခဲ့သည်။ထို့နောက်မှာတော့ ယွန်းရယ်၊ထိုက်သူရယ်၊သူရယ် သုံးယောက် ရွာ​တောင်ပိုင်းကမြတ်နောင်ရဲ့ပန်းခင်းဆီသို့ထွက်လာခဲ့သည်။

သူ့ရဲ့အိမ်နဲ့မြတ်နောင်ရဲ့ပန်းခင်းကအတော်ဝေးသည်။သို့သော်လည်း စကားတပြောပြောနဲ့လျှောက်လာရသောကြောင့် ဝေးလို့ဝေးမှန်းမသိ၊ပင်ပန်းလို့ပင်ပန်းမှန်းကိုပင်မသိခဲ့ချေ။

"ရောက်ပြီ"

ထိုက်သူက "ရောက်ပြီ"ဟုပြောလိုက်တာကြောင့် သူ့မျက်လုံးရှေ့မှာမြင်နေရတဲ့ အိမ်လေးကိုအသေခြာကြည့်မိလိုက်သည်။

အိမ်လေးကဘေးတွေလုံးခြုံအောင်အကာများကို ထရံများဖြင်အသေအခြာကာထားပေမဲ့ထရံများဟာဟောင်းလို့နေလေသည်။အမိုးများဟာလည်း သက္ကယ်များကိုမလုံမလဲမိုးလို့ထားသည်။အိမ်လေးကလည်း အလွန်းကျဥ်းသည်။

သူတစ်ဖက်သတ်စွဲလန်းနေရတဲ့ ဒီကောင်လေးကဒီရွာထဲမှာ အဆင်းရဲဆုံးသူတစ်ယောက်များဖြစ်နေတာလား။

ဒါပေမဲ့လည်း သူဆင်းရဲတာ၊ချမ်းသာတာကိုစိတ်မဝင်စားပါ။သူချစ်တဲ့သူက သူ့ကိုပြန်ချစ်ပြီး၊သူ့ကိုတန်းဖိုးထားဖို့ပဲလိုသည်။

"မြတ်နောင်"

ထိုက်သူရဲ့ခေါ်သံအဆုံမှာ အိမ်ထဲမှ ၁၀နှစ်ဝန်းကျင်ခန့်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ပြေးထွက်လာသည်။

"ကိုကြီးထိုက်သူနဲ့မကြီးယွန်းတို့ပါ့လား"

"ကိုကြီးနဲ့ကိုကိုဘယ်သွားလဲ ဇွန်လေး"

"ကိုကြီးက အိမ်တွေကမှာထားတဲ့ပန်းတွေကိုလိုက်ခူးနေတယ်။ကိုကိုကတော့ နောက်ဖေးမှာထမင်း၊ဟင်းချက်နေတယ်"

"ဒါဆိုကိုကြီးတို့ပန်းခင်ထဲလိုက်သွားအုံးမယ်နော်"

"ဇွန်လေးလိုက်ပို့ပေးရမလား"

"ရတယ်။ဇွန်လေးလုပ်စရာရှိတာသွားလုပ်"

"ဒါဆို ဇွန်လေး ကိုကို့ကိုထမင်း၊ဟင်း သွားကူချက်လိုက်အုံးမယ်နော်"

ဇွန်းလေးပြေးထွက်သွားမှသူတို့လည်း အိမ်ဘေးဘက်မှစ,၍စိုက်ပျိုးထားသော ဂန္ဓမာပန်းခင်းကျယ်ကြီးထဲသို့ဝင်လာခဲ့သည်။

ပန်းခင်းထဲမှာ ပန်းတွေကအရောင်စုံပဲဖြစ်သည်။အဖြူ၊အနီ၊ပန်းရောင်၊အရောင်စပ်၊အဝါ၊ခရမ်းပြာရောင်တို့ဖြစ်သည်။ပန်းခင်းထဲမှာအများဆုံးအရောင်ကတော့ အနီရောင်များပင်ဖြစ်သည်။

အရောင်၊အသွေးစုံလင်တဲ့ဂန္ဓမာပန်းရနံ့သင်းသင်းလေးကလည်းမွှေးပျံ့လို့နေသည်။

သွန်းခ လှပသော ဂန္ဓမာပန်းရောင်စုံများကိုငေးမျှော်ကြည့်ရင်း သိချင်သည့်အကြောင်းများကို ထိုက်သူနဲ့ယွန်းတို့ကိုမေးလိုက်သည်။

"ခုနကမိန်းကလေးက မြတ်နောင်ရဲ့ညီမလေးလား"

"အင်း...ဟုတ်တယ်။သူတို့မှာမိဘမရှိတော့ဘူးလေ။မောင်နှမလေးသုံးယောက်ပဲရှိတာ"

"ဟုတ်လား။စိတ်မကောင်းလိုက်တာဗျာ။ဒါဖြစ်ရင် မြတ်နောင်ကပဲ မိဘလိုတစ်မျိုး၊အစ်ကိုလိုတစ်မျိုးနေ နေရတာပေါ့"

"ဟုတ်တာပေါ့"

သူတို့စကားပြောသံကိုကြားလို့ထင်ပါရဲ့။
မြတ်နောင်ဂန္ဓမာပန်းအဖြူရောင်များကိုခူးနေရာမှသူ့တို့ရှိရာသို့လှည့်ကြည့်လေသည်။

တကယ်ကိုချောမောခန့်ငြားသူတစ်ယောက်ပါပဲ။သဘာဝရဲ့အပူဒဏ်ကိုနေ့စဥ်ခံနေရလို့ထင်ပါရဲ့။အသားအရေတွေဟာ ညိုလို့နေသည်။

အပေါ်သို့လှန်ဖီးထားသောဆံပင်များဟာ ဘေးနှစ်ဖက်၌ အောက်သို့ပြန်ကျနေသည်။တကယ်ကိုသူ့နှလုံးသားကိုဖမ်းစားနိုင်တဲ့ညိုချောလေးပါပဲ။

"ထိုက်သူတို့ပါလား...ဧည့်သည်လည်းပါလာတာပဲ"

သူအနည်းငယ်စိတ်ထဲခုသွားသည်။မြတ်နောင်ကသူ့အပေါ်အရမ်းသူစိမ်းဆန်တာပဲ။မနေ့ကသူငယ်ချင်းတွေဖြစ်နေပြီလို့ပြောထားတာ အခုပြောလိုက်ပုံက သူ့ကိုဧည့်သည်တဲ့လေ။

"မင်းကလည်းဧည့်သည်မဟုတ်ပါဘူး။မင်တို့၊ငါတို့ရဲ့သူငယ်ချင်းအသစ်ပါ"

"ငါမေ့သွားလို့ပါ။ဒါနဲ့သွန်းခကဘာကိစ္စရှိလို့လာတာလဲ"

"သူငယ်ချင်းအိမ်ကိုကိစ္စရှိမှလာရမှာလား"

"ကျွန်တော်အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး"

"သွန်းခက စတာပါ..ပန်းလာဝယ်တာ"

"ပန်းကဝယ်စရာမလိုပါဘူး။ကျွန်တော်ပေးပါ့မယ်"

"မဟုတ်တာ...သွန်းခဝယ်ပါ့မယ်"

"ကျွန်တော်ကုသိုလ်လိုချင်လို့ပါ"

"ကျေးဇူးပါမြတ်နောင်"

မြတ်နောင်အခင်းထဲကဂန္ဓမာပန်းအရောင်စုံများကိုခူးလိုက်သည်။

ထို့နောက်အရောင်စုံများဖြင့်လှနေသောဂန္ဓမာရောင်စုံများကို သွန်းခလက်ထဲထည့်ပေးလိုက်သည်။

"နောက်အခါတွေကြမပေးရဘူးနော်။ဝယ်မှာ"

"ဟုတ်ကဲ့ပါ"

"ဒါဆိုသွန်းခတို့ပြန်တော့မယ်နော်"

"အလည်လာတာမို့လား။အိမ်မှာဝင်ထိုင်အုံးလေ"

"မထိုင်တော့ပါဘူး။နောက်အခါကြမှလာလည်အုံးမယ်နော်"

"မြတ်နောင် ငါတို့ပြန်တော့မယ်။နောက်နေ့မှထပ်လာခဲ့မယ်"

သွန်းခလှပသောဂန္ဓမာပန်းများကိုပွေ့ပိုက်ပြီး ထိုက်သူတို့နှင့်အတူလှည့်ပြန်ခဲ့သည်။

သွန်းခတို့လှည့်ပြန်သွားတာကြောင့် မြတ်နောင်ခူးထားသည့်ပန်းများကိုယူပြီးအိမ်သို့ပြန်ရန်ခြေလှမ်းတို့ပြင်ဆင်ချိန် မြေပြင်ပေါ်မှာစာခေါက်လေးတစ်ခုကိုတွေ့လိုက်ရသည်။

သူ ခန္ဓာကိုယ်ကိုကွေးညွှတ်ပြီး စာခေါက်အဖြူလေးကိုကောက်ယူလိုက်သည်။ထို့နောက် စာခေါက်လေးကိုဖွင့်ကြည့်လိုက်သည့်အခါ တွေ့မြင်ရသည့်စာကြောင်းတိုလေးထဲကစာတွေကတော့...။

❤️ငါ့ရဲ့ရင်ခုန်သံကိုနိုးထလာအောင် လုပ်နိုင်ခဲ့တဲ့လင်းမြတ်နောင်ဆိုတဲ့မင်းကို ချစ်နေမိပြီ❤️

//ကာရံသွန်းခ❤️❤️

"မဖြစ်နိုင်ပါဘူး သွန်းခရယ်...အချစ်အတွက်နဲ့မရူးမိုက်ချင်ပါနဲ့"

သူခေါင်းခါပြီး စာရွက်လေးကိုအသေခြာပြန်ခေါက်ပြီး အင်္ကျီအိတ်ထဲသို့ထည့်ကာ ပန်းများကိုပွေ့ပိုက်ပြီး အိမ်ဘက်သို့လျှောက်လာခဲ့သည်။

** ** **

"အိမ်ရှင်တို့..."

အိမ်သိနေပြီဖြစ်တဲ့ သွန်းခတစ်ယောက် ထိုက်သူတို့ကိုမခေါ်တော့ပဲ မြတ်နောင်တို့အိမ်သို့လာခဲ့သည်။

သူ့ရဲ့ခေါ်သံကြောင့် အိမ်ရှေ့သရက်ပင်အောက်ကကွပ်ပြစ်မှာဟင်းရွက်ထိုင်ချွေနေတဲ့ ဇွန်းလေးနဲ့ပိုင်လေးတို့ပြေးလာကြသည်။

သူ့အနားသို့ရောက်တဲ့အခါ ဇွန်လေးက သူ့ကိုမြင်ဖူးနေတာကြောင့် အပြုံးချိုချိုလေးကိုပြုံးရင်စကားဆိုလာသည်။

"ဟိုနေ့ကအစ်ကိုပါ့လား"

"ညီမလေးက အစ်ကို့ကိုမှတ်မိသားပဲ"

"ရယ်လိုက်တိုင်ပါးချိုင့်လေနဲ့သွားတက်လေးရှိတဲ့ အစ်ကိုချောချောလေးကို မှတ်မိတာပေါ့"

အရွယ်နဲ့မလိုက်အောင်စကားတက်ပြီး၊တစ်ဖက်သားကို မြှောက်ပင့်ပြောတက်တဲ့ မြတ်နောင်ရဲ့ညီမလေးကိုကြည့်ပြီး သူပြုံးလိုက်မိသည်။

တကယ် စကားတက်လေးပဲ။

"အစ်ကို့နာမည်က ကာရံသွန်းခ"

"လူလေရော၊နာမည်လေးရောလှလိုက်တာ။ဇွန်လေးနာမည် ဇွန်ဧပရာယ်။ဒါက ဇွန်လေးရဲ့ကိုကို။နာမည်ကပိုင်သူခန့်"

"အစ်ကိုကကိုကြီးနဲ့တွေ့ခြင်လို့လား"

"ဟုတ်တယ်..ညီလေး"

"ကိုကြီးကစျေးသွားပြီး ပန်းတွေကိုဖောက်သည်တွေဆီသွားပို့တယ်။သားတို့နဲ့အတူကွပ်ပြစ်မှာထိုင်စောင့်အုံးလေ"

သွန်းခ ပိုင်လေးတို့နှင့်အတူကွပ်ပြစ်ပေါ်လေးမှာ မြတ်နောင်ပြန်အလာကိုထိုင်စောင့်ရင်း စကားတွေပြောဖြစ်ကြသည်။

မြတ်နောင်ရဲ့ညီမလေးနဲ့ညီလေးက စကားလည်းတက်ကြသည်။သူတို့ရဲ့အစ်ကိုပြန်မရောက်ခင်အချိန်မှာ သူမပျင်းရလေအောင် သူ့ရဲ့အကြောင်းတစ်ချို့ကိုစပ်စုလိုက်၊ဟာသတွေပြောလိုက်ဖြင့် စောင့်ဆိုင်းရသည့်အချိန်တွေကို ကြာမှန်းမသိရလောက်အောင်ပင်ဖြစ်ခဲ့ရသည်။

"ညီလေးနဲ့ညီမလေးရေ..."

လူကိုမမြင်တွေ့ရခင်မှာ အသံကိုဦးစွားကြားလိုက်ရသည်။

"ကိုကြီးပြန်လာပြီ"

ဇွန်လေးကကွပ်ပြစ်ပေါ်မှ​ဆင်း၍ အစ်ကိုဖြစ်သူအနားသို့ပြေးသွားသည်။

"ကိုကြီး...ကိုကြီး သူငယ်ချင်းအသစ်ရောက်နေတယ်"

"ဟုတ်လား"

သူရဲ့ရှေ့ရောက်လာတဲ့ မြတ်နောင်ကိုသူပြုံးပြလိုက်သည်။

"ကိုကြီးတို့စကားပြောအုံးနော်။ပိုင်လေးတို့ချဥ်ပေါင်ရွက်ဟင်းရည်သွားချက်လိုက်အုံးမယ်"

ပိုင်လေးတို့အဆင့်နိမ့်ဝါးအိမ်အိုလေးပေါ်တက်သွားတဲ့အခါ မြတ်နောင် သူ့ဘေးမှာဝင်ထိုင်လေသည်။

"သွန်းခ ပန်းလာဝယ်တာလား"

"မဟုတ်ဘူး။မြတ်နောင်ကိုသတိရလို့လာခဲ့တာ"

"ဗျာ!"

"ရော့...ဒီစာလေးကိုဖတ်ကြည့်"

သွန်းခ ကမ်းပေးသည့်စားရွက်လေးအား မြတ်နောင်ယူပြီးဖတ်ကြည့်လိုက်သည်။

💝သွန်းခ ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်မိသူရေ သွန်းခအပေါ်ဘယ်လို သဘောရှိလဲဟင်💝

မျက်နှာခြင်းဆိုင်ရှိနေတာတောင် စကားနဲ့မပြောပဲ စားနဲ့ပဲပြောတဲ့ သွန်းခရင်ထဲကခံစားချက်ကို သူ အနည်းငယ်ရိပ်မိသည်။စကားနဲ့ပြောရမှာကို သွန်ခအနည်းငယ်ရှက်ရွံ့နေခြင်ဖြစ်လိမ့်မည်။

မြတ်နောင်စာရွက်လေးကိုအသေခြာပြန်ခေါက်လိုက်သည်။

"မရူးမိုက်ချင်ပါနဲ့ သွန်းခ"

သွန်းခ သူ့ရဲ့နားကိုပင်မယုံကြည်နိုင်တော့ပါ။သူ လိုချင်၊ကြားချင်တဲ့အဖြေက ဒီလိုမဟုတ်ဘူးလေ။သူကြားချင်တဲ့အဖြေက "ကိုယ်လည်းမင်းကိုချစ်ပါတယ်" ဆိုသည့်အဖြေပင်ဖြစ်သည်။

"သွန်းခ ကျွန်တော့်ကိုချစ်ရင်စိတ်ညစ်ရလိမ့်မယ်။ပြီးတော့ သွန်းခမိဘတွေလို ကျွန်တော် သွန်းခကို အိမ်ကောင်း၊အစားကောင်းတွေနဲ့မကျွေးနိုင်၊မထားပေးနိုင်ဘူး"

"မြတ်နောင်...သွန်းခ မြတ်နောင်ပြောတဲ့ အိမ်ကောင်း၊အစားကောင်းတွေကိုမမက်မောဘူး။သွန်းခ မက်မောတာ ချစ်ချင်မေတ္တာတွေလွှမ်းခြုံထားတဲ့ ပျော်စရာမိသားစု"

"ပျော်စရာမိသားစုဆိုတာ ပိုက်ဆံရှိမှဖြစ်မှာလေ"

"မြတ်နောင်!ဘာလို့ပိုက်ဆံစကားကိုပဲပြောနေရတာလား"

"ကျွန်တော်ရှင်းရှင်းပဲပြောမယ်။ကျွန်တော် သွန်းခကိုမချစ်ဘူး"

"ရင်ထဲကဖြစ်ပေါ်နေတဲ့ခံစားချက်အစစ်အမှန်တွေကို မလိမ်ညာခြင်ပါနဲ့။မြတ်နောင်လည်း သွန်းခကိုချစ်နေတယ်ဆိုတာ သွန်းခသိတယ်"

မြတ်နောင်ဘာမှဆက်မပြောနိုင်တော့ပဲ နှုတ်စိပ်လို့သွားသည်။

"မြတ်နောင်...မနက်ဖြန် ပန်းတစ်ပွင့်နဲ့အတူ ခံစားချက်အစစ်အမှန်ကိုမလိမ်ညာပဲ မှန်ကန်တဲ့စကားကို သွန်းခကြားချင်ပါတယ်"

သွန်းခ သူ့ရဲ့စကားတို့ပြီးဆုံးသည်နှင့်ကွပ်ပြစ်ပေါ်မှအောက်သို့ဆင်းလိုက်သည်။

ခြံအပြင်သို့လှည့်ထွက်ဖို့ရန်ပြင်ဆင်ပြီးမှ သူ့ကိုကြည့်နေတဲ့မြတ်နောင်ကိုစကားတစ်ခွန်းထပ်မံ၍လှည့်ပြောလိုက်သည်။

"စစ်မှန်တဲ့စကားတစ်ခွန်းကိုကြားသိဖို့အတွက် သွန်းခ မနက်ဖြန်အိမ်ရှေ့ကအုတ်ခုံမှာထိုင်စောင့်နေမယ်နော်"

သွန်းခ အပြုံးချိုချိုလေးဖြင့်ပြုံးပြနှုတ်ဆက်ကာ လှည့်ပြန်လာခဲ့သည်။

ကွပ်ပြစ်ပေါ်က မြတ်နောင်ကတော့ စဥ်းစားရခက်သည့်အဖြေများကို စဥ်းစားတွေးတောရင်းကျန်ခဲ့လေသည်။

မြတ်နောင်ကွပ်ပြစ်ပေါ်မှာ သက်ပြင်ရှည်များကိုထပ်တလဲလဲချရင် မနက်ဖြန်ဘယ်လိုအဖြေပြန်ရမည်ဆိုတာကိုစဥ်းစားနေခိုက် ဇွန်လေးတို့မောင်နှမနှစ်ယောက်အနားသို့ရောက်လာသည်။

"ကိုကြီး အစ်ကိုသွန်းခကိုတကယ်ချစ်တယ်မို့လား"

မထင်မှတ်ထားသည့်စကားတစ်ခွန်းကို ညီငယ်ရဲ့နှုတ်မှထွက်လာတာကြောင့် မြတ်နောင်အလန့်တကြားဖြင့် ညီငယ်ကိုကြည့်လိုက်မိသည်။

"ပိုင်လေး ဘယ်လိုလုပ်သိနေတာလဲ"

"ခုဏက ကိုကြီနဲ့အစ်ကိုသွန်းခစကားပြောနေတာကို ပိုင်းလေးတို့ခိုးနားထောင်နေတာလေ"

"အစ်ကိုကြီးသွန်းခက ကိုကြီးကိုတကယ်ချစ်တဲ့ပုံပါ"

"ကိုကြီးလည်းချစ်နေတာပဲ အစ်ကိုသွန်းခရဲ့အချစ်ကိုလက်ခံပေးလိုက်ပါနော်"

အခုမှမြင်ဖူးတဲ့ ညီငယ်နဲ့ညီမငယ်ကလည်း သွန်းခရဲ့ဘက်မှာပါနေကြသည်။ဒါပေမဲ့မဖြစ်နိုင်ဘူးလေ။အခြေအနေဘဝခြင်းကမှမတူတာ။ဒါတွေကို ညီငယ်နဲ့ညီမငယ်တို့ဘယ်လိုသိမှာလဲ။

"ညီလေးနဲ့ညီမလေးသဘောတူတဲ့အစ်ကိုသွန်းခနဲ့ကိုကြီးတို့နဲ့က အခြေအနေခြင်းမတူဘူးလေ။အခြေအနေကမိုးနဲ့မြေလိုကွာတယ် ညီလေးနဲ့ညီမလေးရဲ့"

"အချစ်စစ်မှာ ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာမရှိပါဘူး။အဓိကချစ်နေဖို့ပဲလေ"

"အဲ့တာတွေက ရုပ်ရှင်တွေထဲ၊ဝတ္ထုတွေထဲမှာပဲရှိတာ ညီလေးရဲ့...တကယ်အပြင်မှာလူအများပြောကြတဲ့စကားက ရွှေ ရွှေခြင်းထပ်မှမြတ်တာတဲ့"

"ရွှေ ရွှေခြင်းထပ်မှမြတ်တယ်ဆိုတဲ့စကားကပကာသနကိုမက်မောတဲ့လူတွေပြောကြတာပါ။ကိုကြီးရင်ထဲမှာအားလုံးမသိအောင်တိတိတခိုးချစ်နေတဲ့သူက ပကာသနာမက်မောတဲ့အထဲမှာပါမယ်မထင်ပါဘူး။မမက်မောလို့လဲ ကိုကြီးဆင်းရဲတာကိုသိသိကြီးနဲ့ဇွတ်ချစ်ခဲ့တာလေ။ပိုင်းလေး နောက်ဆုံးအနေနဲ့ကိုကြီးကိုတစ်ခုပဲပြောချင်တယ်။ရင်ခုန်သံကိုညာခဲ့မိလို့ နောင်တစ်ချိန်မှာမခံစားရပါစေနဲ့..."

ပိုင်လေး ညီမလေးရဲ့လက်ကိုဆွဲပြီး အိမ်ပေါ်သို့တက်သွားခဲ့သည်။

မြတ်နောင်ကတော့ အရွယ်နဲ့မလိုက်အောင်အချစ်ကြောင်းကို ပြောတက်နေသည့်ညီငယ်ရဲ့နောက်ဆုံးပြောခဲ့သော "ရင်ခုန်သံကိုညာခဲ့မိလို့ နောင်တစ်ချိန်မှာမခံစားရပါစေနဲ့" ဟူသောစကားကိုပြန်ကြားယောင်ရင် စိတ်များရှုပ်လာတာကြောင့် နက်မှောင်နေသောဆံပင်များကို လက်ချောင်းရှည်များဖြင့်ထိုးဖွနေမိသည်။

ထိုနေ့အဖို့ သူဘာပဲလုပ်လုပ်စိတ်မပါပေ။စိတ်ထဲမှာမနက်ဖြန်သွန်းခကိုဘယ်လိုအဖြေပြန်ရမလဲဆိုတာကိုပဲတွေးနေမိသည်။

ညရောက်သည့်အခါမှာလည်း အိပ်ယာစောစောဝင်ခဲ့ပေမဲ့တစ်ညတာလုံးအိပ်မပျော်ခဲ့။သန်ခေါင်ကျော်လို့နောက်ရက်သို့ကူးပြောင်းသွားချိန် နံနက်2နာရီလောက်မှခဏအိပ်ပျော်သွားခဲ့သည်။

မနက်ခင်း ပန်းများကိုခူးပြီးဖောက်သည်တွေကိုပို့ရအုံးမည်ဖြစ်တာကြောင့် သူ နံနက်4နာရီထိုးတဲ့အခါ အိပ်ယာမှနိုးလာခဲ့သည်။

သူပန်းများကိုခူးရင် အဖြေမထွက်သေးတဲ့အချစ်ပုစ္ဆာတစ်ခုကိုတွေးနေခိုက် နီရဲနေသော ဂန္ဓမာပန်းပွင့်လေးကိုကြည့်ပြီး အဖြေတစ်ခုထွက်လာခဲ့သည်။

သူ ဒီအဖြေအတိုင်း သွန်းခကိုတုံ့ပြန်ရလိမ့်မည်။

သူ စျေးသို့ပန်းပို့ကပြန်လာတဲ့အခါ ပန်းခင်းထဲသို့သွားပြီး အလှဆုံးဂန္ဓာပန်းအနီရောင်တစ်ပွင့်ကိုခူးပြီး သွန်းခအိမ်ဘက်သို့ထွက်လာခဲ့သည်။

သူ သွန်းခတို့အိမ်ရှေ့ရောက်သည်ဆိုရင်ဖြင့်သူ့စိတ်ထဲကအပျော်တွေအားလုံးပျောက်ကွယ်သွားခဲ့သည်။

သူ မြင်တွေ့လိုက်ရသည်က သူ့တို့ရွာထဲက ပြောင်စပ်စပ်နေတက်တာကြောင့် သူနဲ့မျက်နှာကြောမတည့်သည့် သူရထွဋ်ခေါင်ဆိုသူက သွန်းခကို လှပလွန်းတဲ့နှင်းဆီပန်းနီတစ်ပွင့်ကိုကမ်းပေးနေခြင်းကြောင့်ဖြစ်သည်။

"သွန်းခ..."

သူ နှုတ်ခမ်းဖျားမှ သွန်းခရဲ့နာမည်ကိုခပ်တိုးတိုးလေးခေါ်ရင် နောက်ပြန်လှည့်ရန်ပြင်လိုက်သည်။

သွန်းခ သူ့ရဲ့နာမည်ကိုညင်းသာသောအသံလေးနဲ့ခပ်တိုးတိုးခေါ်လိုက်သံကိုကြားတဲ့အခါ နောက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။

သူ တွေ့ရသည်က အနီရောင်ဂန္ဓာမာပန်းပွင့်လေးကိုကိုင်ကာ နောက်ပြန်လှည့်ထွက်သွားသော မြတ်နောင်ကိုမြင်လိုက်ရသည်။

ထို့ကြောင့် သွန်းခ သူထွက်သွားမှာဆိုးရိမ်၍သူ့ရဲ့လက်ကိုဆွဲကိုင်ထားတဲ့ ထွဋ်ခေါင်ရဲ့လက်ကို ခါးထုတ်ပြီး မြတ်နောင်ရဲ့နောက်သို့ပြေးလိုက်သွားသည်။

"မြတ်နောင်"

သူ့ရဲ့ခေါ်သံကိုကြားတဲ့အခါ မြတ်နောင်ခြေလှမ်းကိုရပ်တန့်ပြီး နောက်ဘက်သို့ပြန်လှည့်ကြည့်လာသည်။

"ဂန္ဓမာနဲ့နှင်းဆီယှဥ်လိုက်တဲ့အခါ ဂန္ဓမာက နှင်းဆီလောက်တန်းဖိုးမရှိဘူးဆိုပေမဲ့ တန်ဖိုးထားသူတွေအတွက်ကတော့ ဂန္ဓမာပန်းက ဘယ်ပန်းနဲ့မှယှဥ်လို့မရအောင်ကိုပဲ တန်ဖိုးကြီးပါတယ်"

"သွန်းခပြောချင်တာက သွန်းခအတွက် ကျွန်တော့်ရဲ့နှင်းဆီပန်းကဘာတန်းဖိုးမှမရှိဘူးဆိုတဲ့သဘောလာဟင်"

သွန်းခနောက်မှလိုက်လာသည့် ထွဋ်ခေါင်က မေးလိုက်ခြင်းဖြစ်သည်။

"စိတ်မကောင်းပါဘူးထွဋ်ခေါင်...သွန်းခချစ်တာက မြတ်နောင်ပါ"

ထွဋ်ခေါင်ရဲ့မျော်လင့်ချက်အပြည့်ရှိနေတဲ့မျက်နှာဟာ ချက်ချင်းပြိုးတော့မည်းမိုးအတိုင်းဖြစ်လို့သွားသည်။

ထို့နောက် မြတ်နောင်ကိုမျက်စောင့်ထိုးကြည့်ပြီး အနီရောင်နှင်းဆီပန်းကို မြေပြင်သို့ပစ်ချကာ အိမ်ထဲပြန်ဝင်သွားသည်။

ဘာကြောင့်မို့ သူကြိုက်သည့်လူတိုင်းက သူများနောက်ပါနေရတာလဲ။သူ သွန်းခနဲ့မတွေ့ခင် ​ကောင်မလေးသုံးယောက်ကိုကြိုက်ဖူးသည်။သူ့ကြိုက်သည့်ကောင်မလေးတွေကလည်း သူချစ်ခွင့်ပန်မည့်နေမှာပဲ သူမဟုတ်သည့်အခြားသူများနဲ့ညာသွားကြသည်။

အခုလည်း ကောင်လေးတစ်ယောက်ကိုချစ်မိလို့ဖွင့်ပြောမိပါတယ်။ဖွင့်ပြောတဲ့နေမှာပဲ တစ်ခြားသူနောက်ပါသွားပြန်ပြီ။

နောက်ထပ်လူတွေကိုထပ်ကြိုက်လည်း ဒီတိုင်းပဲဖြစ်မှာသေခြာသည်။နောက် ဒီလိုမငိုရတော့အောင် ဘယ်သူ့ကိုမှမကြိုက်တော့ဘူး။လူပျိုကြီးပဲလုပ်တော့မယ်။

ထွဋ်ခေါင် ရင်နာနာနဲ့အိမ်ခန်းထဲမှာကြိတ်ငိုနေရပေမဲ့ မြတ်နောင်အဖို့ကတော့ အတိုင်းမသိအောင်ပျော်ရွှင်လို့နေရသည်။

"ဂန္ဓမာပန်းနီလေးရဲ့အဓိပ္ပာယ်အတိုင်း ကိုယ်တော့မင်းကိုချစ်နေမိပြီ ဆိုတာတကယ်လား မြတ်နောင်"

"ကိုယ့်ကိုချစ်ရင် သွန်းခ ဆင်းဆင်းရဲရဲနေရမှာနော်"

"သွန်းခအတွက်လူဆင်းရဲတာကိစ္စမရှိပါဘူး။စိတ်ချမ်းသာဖို့သာအဓိကပါ"

"အဲ့တာကတော့စိတ်ချ..ကိုယ့်ကိုချစ်တဲ့အတွက် သွန်းခဘယ်တော့မှစိတ်မဆင်းရဲစေရဘူးနော်"

"သွန်းခ မြတ်နောင်ကိုယုံပါတယ်...အခက်အခဲမှန်သမျှ အတူကျော်ဖြတ်ကြမယ်နော်"

"သိပ်ချစ်တယ်သွန်းခ...ဂန္ဓမာနဲ့နှင်းဆီမှာ တန်ဖိုးသိပ်မရှိဂန္ဓမာကိုရွေးချယ်ခဲ့တဲ့အတွက်...."

ပြီးပါပြီ။

Author : Saung Hnin Se

မှန်ကန်သောသစ္စာ       Part- 10 ရိပေါ်မှာ မင်္ဂလာပွဲကိစ္စအတွက် အလုပ်ရှုပ်နေတာကြောင့် Company ကိုတောင်မသွားဖြစ်တော့ချေ။မင်...
11/06/2023

မှန်ကန်သောသစ္စာ

Part- 10

ရိပေါ်မှာ မင်္ဂလာပွဲကိစ္စအတွက် အလုပ်ရှုပ်နေတာကြောင့် Company ကိုတောင်မသွားဖြစ်တော့ချေ။မင်္ဂလာဆောင်ဖို့ကြားမှာ တစ်ရက်ပဲအချိန်ရတာကြောင့် ထိုတစ်ရက်ထဲနဲ့ မင်္ဂလာဆောင်မှာကျွေးဖို့ရေခဲမှုန့်မှာရ၊မင်္ဂလာခန်းဝင်ပစ္စည်းဝယ်ရ၊ဖိတ်စာလုပ်ရ၊မင်္ဂလာဝတ်စုံရွေးရ၊မင်္ဂလာဆောင်ဖို့ရန် HotelမှာBookingလုပ်ရ စတာတွေနဲ့အလုပ်ရှုပ်လို့နေသည်။

ရိပေါ်အလုပ်ရှုပ်နေသလိုပဲ အိမ်ရှိအလုပ်သမားများအားလုံးမှာလည်း အလုပ်ရှုပ်လို့နေရသည်။တစ်နေ့လုံး ထိုင်ရသည်မရှိပဲ ပြေးလွှာပြီး လုပ်စရာရှိတာ လုပ်လို့ကြရသည်။ရှောင်ကျန့်မှာလည်း တစ်နေ့လုံးရိပေါ်သွားရာနောက်သို့ တကောက်ကောက်လိုက်လို့နေရသည်။

ထိုသို့နဲ့ပဲ အလုပ်ရှုပ်နေခဲ့တဲ့ တစ်ရက်တာကုန်ဆုံးသွားပြီး မင်္ဂလာဧည့်ခံပွဲနေ့သို့ ရောက်ရှိလာခဲ့လေသည်။

မင်္ဂလာခန်းမထဲ၌ သတိုးသားနှစ်ယောက်ရဲ့အပြုံးတွေဟာလည်းဝေဆာလို့နေသည်။

ဒီလိုနဲ့ပဲ သတိုးသားနှစ်ယောက်လည်း Fr.ရဲ့ လက်ထပ်ပေးခြင်းကိုခံယူပြီး ကြွရောက်လာသည့်
ဧည့်သည်တော်များကို လိုက်၍ဧည့်ခံခဲ့ကြလေသည်။

ဧည့်ခံရင်ပင် မင်္ဂလာပွဲက ပြီးဆုံးသွားသည့်အတွက် သတိုးသားနှစ်ယောက်လည်းအိမ်သို့ပြန်လာကြလေသည်။

ရှောင်ကျန့်အိမ်ပြန်ရောက်သည်နှင့် သူနဲ့အစ်ကို အတွက်ပြင်ဆင်ပေးထားတဲ့ မင်္ဂလာအိပ်ခန်းဆီသို့တန်းသွားပြီး မင်္ဂလာကုတင်ပေါ်မှာပုံရက်သား လှဲချလိုက်၏။ရိပေါ်ကတော့ ရှောင်ကျန့်ဘေးမှာဝင်ထိုင်လိုက်ပြီး.....

"ကျန့်လေး အရမ်းပင်ပန်းသွားပြီလား"

"ဟူး...ပင်ပန်းတာပေါ့အစ်ကိုရယ်။မင်္ဂလာပွဲလာသမျှလူတွေအားလုံးကို လိုက်ပြီးပြုံးပြနေရတာလည်း ပါးတွေပါညောင်းနေပြီ"

"ကဲ...ဟုတ်ပါပြီ ကိုယ့်ရဲ့အချစ်ဆုံးလေးရယ်။ပင်ပန်းနေပြီဆိုတော့ နားလိုက်အုံးနော်။အစ်ကိုရေချိုးအုံးမယ်"

"ဟုတ်"

ရိပေါ်က မင်္ဂလာဝတ်စုံကိုချွတ်ပြီး ရေချိုးဖို့ရန် အတွက် ရေချိုးခန်းထဲဝင်သွားပေမဲ့ ရှောင်ကျန့်ကတော့ ရေမချိုးနိုင်သည့်အပြင် မင်္ဂလာဝတ်စုံတောင် မချွတ်နိုင်ပဲ ပင်ပန်းလွန်း၍ ကုတင်ပေါ်မှာခြေပစ်လက်ပြစ်လှဲနေရင်းကပင် အိပ်ပျော်သွားသည်။

ရိပေါ်ရေးချိုးပြီးပြန်ထွက်လာတော့ ကုတင်ပေါ်မှာခြေပစ်လက်ပစ် အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကို
ကြည့်ကာပြုံးလိုက်ပြီး အဝတ်စားလဲလိုက်လေသည်။

ထို့နောက်ကုတင်ဘေးမှာထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့ချစ်ရသူလေးရဲ့မျက်နှာကို တစ်ဝကြီးကြည့်လိုက်ပြီးနောက် နှုတ်ခမ်းလေးကိုဖိကာအနမ်းပေးလိုက်၏။အိပ်နေသူကိုပေးသည့်အနမ်းဖြစ်
သည့်အတွက်ကြောင့် တုန့်ပြန်အနမ်းကိုတော့မရရှိချေ။

ရိပေါ်လည်းရှောင်ကျန့်နည်းတူပင် ပင်ပန်းနေသည့်အတွက်ကြောင့် ကုတင်ဘေးမှာ ဝင်လှဲလိုက်၏။ထို့နောက်မှာတော့ ရှောင်ကျန့်ကိုတင်းနေအောင်ဖတ်ထားရင်းပင် သူလည်းအိပ်ပျော်သွားခဲ့လေသည်။

သူတို့နှစ်ယောက်ဘယ်လောက်ထိကြာအောင်
အိပ်လိုက်သည်မသိ။ရိပေါ်နိုးလားတော့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ လင်းထိန်လို့နေသည်။ဒါနဲ့ရိပေါ်လည်း ကျန့်လေးကိုကြည့်လိုက်တော့ ကျန့်လေးက သူ့ရဲ့ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်လို့နေတုန်းပင်။

ရိပေါ်လည်းအိပ်ပျော်နေတဲ့ကျန့်လေးကို ဖတ်ထားရင်း ကုတင်ဘေးကစာပွဲပေါ်မှာတင်ထားတဲ့နာရီကို လှမ်းကြည့်လိုက်တော့ မျက်လုံးပြူးကျယ်လို့သွား၏။

"ဟင်!!မနက်၉နာရီတောင်ထိုးပြီ။ဟာ...ဒါဆိုညတုန်းက ငါနဲ့ကျန့်လေး မင်္ဂလာမဦးရဘူးပေါ့။"

ရိပေါ်ငိုရမလို၊ရယ်ရမလို ဖြစ်နေစဥ်မှာပဲ
ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးလှုပ်ရှားလာပြီး အိပ်ယာမှနိုးလာသည်။

"ကျန့်လေးနိုးလာပြီလား"

"ဟုတ်။အစ်ကို ဘယ်နှစ်နာရီထိုးပြီလဲဟင်"

"မနက်၉နာရီထိုးပြီ"

"ဟုတ်လား။ဒါဆိုကျွန်တော် ရေသွားချိုးလိုက်အုံးမယ်။ပြီးမှ မနက်စာစားကြရအောင်။ကျွန်တော်ဗိုက်စာနေပြီ"

ဟု အိပ်ခြင်မူးထူးအသံလေးနဲ့ပြောပြီး ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်ပြုံးရင်းနှင့်ပင် ကုတင်ပေါ်မှာစောင်များခေါက်ရင်းနဲ့ပင်ကျန်ခဲ့လေသည်။

* * *

မီးဖိုခန်းထဲမှာလည်း ယွဲ့စန်တစ်ယောက် ကြက်စွပ်ပြုတ်လုပ်ရန်အတွက် ကြက်သားတွေကိုင်တွယ်ရင်း လုပ်ရှုပ်လို့နေ၏။ရှင်လန့်ကတော့ အမြဲတမ်းမနက်စာကို ကော်ဖီနဲ့မုန့်ပဲလုပ်ပေးရတာကိုအခုမှယွဲ့စန်က ထူးဆန်းစွာကြက်စွပ်ပြုတ်လုနေတာကိုနားမလည်အံ့သြစွာနဲ့ ဘေးမှရပ်ကြည့်နေပြီးမေးလိုက်သည်။

"ယွဲ့စန် နင်ဘာတွေလုပ်နေတာလဲ။မနက်စာကအမြဲတမ်းကော်ဖီနဲ့မုန့်ပဲပြင်ပေးရတာလေ"

"ဒီနေ့က ခါတိုင်းနဲ့မတူဘူးလေ။ဖယ်စမ်းပါရှင်လန့်ရာ...။နင်ဘာမှမသိပါဘူး။ဒီမှာအလုပ်ရှုပ်နေရတဲ့ကြားထဲ"

ဟုပြောပြောဆိုဆိုနဲ့ ယွဲ့စန်ကြက်သားတွေကိုကိုင်တွယ်ပြီး ကြက်စွပ်ပြုတ် ပြုတ်လိုက်သည်။မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကြက်စွပ်ပြုတ်ခြင်းပြီးဆုံးလို့သွား၏။

ကြက်စွပ်ပြုတ်ခြင်းပြီးသည်နှင့် ဂွမ်းအဝတ်စတစ်ခုကိုယူကာထိုင်ခုံတစ်ခုမှာခင်းလိုက်၏။ယွဲ့စန်ရဲ့လုပ်ရပ်ကိုရှင်လန့်ကတော့ နားမလည်စွာနဲ့ပဲ လိုက်ကြည့်ရှုနေသည်။ထိုစဥ်မှာပဲအပေါ်ထပ်မှ ရိပေါ်နဲ့ရှောင်ကျန့်တို့နှစ်ယောက် အောက်သို့ဆင်းလို့လာကြသည်။

"ဟာ!အစ်ကိုလေးတို့ ဆင်းလာကြပြီလား။လာလာ...အကိုကျန့်ဒီမှာထိုင်"

ယွဲ့စန်က ရှောင်ကျန့်ကို ဂွမ်းအဝတ်ခင်ထားတဲ့ ထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်။ရှောင်ကျန့်လည်းမထိုင်ခင်မှာ ထိုင်ခုံးကိုကြည့်လိုက်တော့ အဝတ်စခင်းထားတာကိုတွေ့ပြီး နားမလည်စွာနဲ့အဝတ်စကိုလက်ညိုးထိုးပြကာ....

"ဒီအဝတ်စက ဘာလုပ်တာလဲ"

"သြော်...အဲ့တာက အစ်ကိုကျန့် ရိုးရိုးသစ်သားပေါ်ထိုင်ချရင် နာနေမှာဆိုးလို့ ဂွမ်းအဝတ်စလေးခင်းပေထားတာ။ထိုင်လိုက်လေ အစ်ကိုကျန့်"

ယွဲ့စန်စကားကိုနားထောင်ပြီး ရှောင်ကျန့်နားမလည်စွာနဲ့ပဲထိုင်ခုံပေါ်ထိုင်ချလိုက်၏။ရိပေါ်ကတော့ ယွဲ့စန်ပြောတဲ့စကားရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်နေသည့်အတွက် ပြုံး၍သာနေလေသည်။

ရှောင်ကျန့်ကတော့ ထိုင်ခုံမှာထိုင်ပြီးသည်နှင့် စားပွဲပေါ်မှာတင်ထားတဲ့ ကိတ်မုန့်တစ်ခုကိုယူစားဖို့ပြင်လိုက်ချိန်မှာပဲ ယွဲ့စန်ကပြာပြာသလဲဖြင့်.....

"အစ်ကိုကျန့်!!အစ်ကိုကျန့် အဲ့ဒီကော်ဖီနဲ့မုန့်တွေကိုမစားနဲ့။အဲ့တာတွေကို အစ်ကိုလေးစားလိမ့်မယ်။အစ်ကိုကျန့်က ဒီမှာယွဲ့စန်ကိုယ်တိုင်လုပ်ပေးထားတဲ့ ကြက်စွပ်ပြုတ်လေးကိုသောက်လိုက်"

"ဗျာ!!ကျွန်တော်ကကြက်စွပ်ပြုတ်သောက်ရမယ်"

"ဟုတ်"

"ကျွန်တော်က ဘာလို့ကြက်စွပ်ပြုတ်သောက်ရမှာလဲ။ကြက်စွပ်ပြုတ်သောက်ရအောင်လည်း ကျွန်တော်ကနေမကောင်းဖြစ်နေတာမှမဟုတ်တာ"

"သြော်...အစ်ကိုကျန့်ရယ်။အစ်ကိုကျန့်ကနေမကောင်းမဖြစ်ပေမဲ့လည်း အားနည်းနေရောပေါ့"

"ကျွန်တော်ကဘာဖြစ်လို့အားနည်းရမှာလဲ"

"သြော်...ညတုန်းကအစ်ကိုကျန့်တို့ရဲ့မင်္ဂလာဦးညဆိုတော့ အစ်ကိုကျန့်နဲ့အစ်ကိုလေးက...."

"ဟာ...ယွဲ့စန် ဘာတွေရှောက်ပြောနေတာလဲ"

ယွဲ့စန်ရဲ့စကားမဆုံးခင်မှာ ရှောင်ကျန့်ယွဲ့စန်ကိုအော်လိုက်ပြီး ကိတ်မုန့်အချိုးကိုပန်းကန်ထဲမှနှိုက်ယူကာ အပေါ်ထပ်သို့ပြေးတက်သွားလေ၏။

ရိပေါ်ကတော့ ရှက်ပြီးအပေါ်သို့ပြေးတက်သွားတဲ့ကျန့်လေးရဲ့ကျောပြင်လေးကိုလှမ်းကြည့်ပြီး ပြုံးကာမနက်စာစားရင်ကျန်ခဲ့လေသည်။

မနက်စာစားပြီးတဲ့အခါမှာတော့ Company သွားဖို့ရန်အတွက် အဝတ်စားလဲဖို့ရာ အပေါ်သို့ပြန်တက်လာပြီး အခန်းတံခါးကိုဖွင့်တဲ့အခါမှာတော့ တံခါးကဖွင့်ရပေ။ဒါနဲ့သူလည်းတံခါးခေါက်လိုက်၏။

"ဒေါက်!!!ဒေါက်!!!ဒေါက်!!!"

တံခါးခေါက်သံကြားတဲ့အခါမှာတော့ အခန်းထဲကရှောင်ကျန့်တစ်ယောက်မုန့်စားနေတာကိုရပ်ပြီး တံခါးအပြင်ကတံခါးခေါက်သူကိုဘုဆတ်ဆတ်နဲ့လှမ်းမေးလိုက်၏။

"ဘယ်သူလဲ!!!"

"အစ်ကိုပါ။ကျန့်လေး တံခါးလော့ချထားတာလား"

"ဟုတ်တယ်"

"အဲ့တာဆိုလည်း အစ်ကို့ကိုတံခါးလာဖွင့်ပေးပါအုံး။အစ်ကို Company သွားဖို့ အဝတ်စားလဲခြင်လို့"

"မဖွင့်ပေးနိုင်ဘူး။Companyကိုလည်း အခုဝတ်ထားတဲ့အတိုင်းပဲသွား"

"ဟာ...ဘယ်ဖြစ်မလဲ။Wang Ceoတစ်ယောက်ကအခုလိုဝတ်စားထားတာတွေ့တော့ ဘယ်ဝန်ထမ်းကလေးစားတော့မလဲ"

"အဲ့တာတွေကိုကျွန်တော်မသိဘူး"

"ကျန့်လေးအစ်ကိုချိုချိုသာသာပြောနေတယ်နော်။တကယ်လို့ပြောမရဘူးဆိုရင်တော့ အစ်ကိုသော့ပိုတစ်ချောင်းယူပြီးဖွင့်ဝင်လာမှာနော်။ဟွန်း...ဟွန်း...အဲ့ကျရင်တော့ Company မသွားတော့ပဲ အခန်းထဲမှာပဲကျန့်လေးနဲ့အတူတစ်နေကုန်အလုပ်လုပ်လိုက်တော့မှာနော်"

ရိပေါ်ရဲ့လူယုတ်မာသံကြီးနဲ့ပြောသောစကားကိုကြားပြီး ရှောင်ကျန့်မျက်လုံးပြူးသွားကာ ချက်ချင်းပဲ ကုတင်ပေါ်မှာထိုင်ပြီးမုန့်စားနေရာကနေထကာ အခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

"မြန်မြန်အဝတ်လဲပြီးသွားတော့"

"ဟုတ်ကဲ့ပါဗျာ။အစ်ကိုရဲ့ကျန့်လေးက ရှက်နေတာမျက်နှာလေးကိုနီရဲနေတာပဲ။အသဲယားစရာလေး။အူမွ..."

"အစ်ကို ကျွန်တော့်ဆီကခွင့်မတောင်ပဲနဲ့နမ်းတယ်"

"ဘာလို့ခွင့်တောင်းနေမှာလဲ။ကျန့်လေးကအစ်ကိုခင်မွန်းလေ။ကျန့်လေးကိုအစ်ကိုပိုင်တယ်။ကဲ...ကျန့်လေးရေ အစ်ကို Company သွားဖို့နောက်ကြနေလို့သွားလိုက်အုံးမယ်။ပြန်လာမှအဝနမ်းမယ်"

ဟုပြောပြီးရိပေါ်အခန်းထဲမှထွက်သွားလေ၏။ရှောင်ကျန့်ကတော့ ရိပေါ်ရဲ့ပြန်လာမှအဝနမ်းမယ်ဟူသောစကားကြောင့်ရှက်ကာ မျက်နှာတစ်ခုလုံးနီရဲပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

ရိပေါ်တစ်ယောက်ကတော့ Company ရောက်တဲ့အခါမှာတော့ ပြစ်ထားတာကြာပြီဖြစ်တဲ့ အလုပ်စာရင်း၊ဇယားတွေကိုကြည့်ရှုလုပ်ကိုင်ရင်းပင် တစ်နေ့တာကိုဖြတ်သန်းလို့နေတော့သည်။

Author : Saung Hnin Se

Wp Link

https://www.wattpad.com/story/340912120?utm_source=android&utm_medium=link&utm_content=share_reading&wp_page=reading&wp_uname=SaungHninSe&wp_originator=cOupZ4PAifI67OX9ZTCTEcTxKU0R4gvO%2BEDJ2GGGp4k2DM9W9w6MZlJ4w68W8E1ocl9xJ3l3ye1fQOOnZT5t9UkRsgg0Vaq1lRY67RZzLSWq6MmiNAH2Le2AVanHNOFy

မှန်ကန်သောသစ္စာ         Part - 9 ညနေခင်းလေးမှာ ရှောင်ကျန့် ခြံထဲကဒန်းပေါ်လေးမှာထိုင်ပြီး ပန်းသီးစားရင်း Ear Phoneလေးနားမ...
06/06/2023

မှန်ကန်သောသစ္စာ

Part - 9

ညနေခင်းလေးမှာ ရှောင်ကျန့် ခြံထဲကဒန်းပေါ်လေးမှာထိုင်ပြီး ပန်းသီးစားရင်း Ear Phoneလေးနားမှာတပ်ကာ သီချင်းနားထောင်လို့နေသည်။ထိုစဥ် ရိပေါ် Companyကပြန်ရောက်လာပြီး ကားကိုပေါ်တီကိုမှာ ရပ်လိုက်ကာ ရှောင်ကျန့်ထိုင်နေသော နေရာသို့ပြေးလာလေသည်။

"ဟာ!!!အကို။ဒီနေ့ပြန်လာတာ စောတယ်နော်"

"ကျန့်လေးကို အကိုခေါ်သွားစရာရှိလို့ စောစောပြန်လာတာ"

"ကျွန်တော့်ကို"

"အွန်း...လာ...သွားရအောင်"

ဟုပြောပြီး ရိပေါ်က အတင်းဆွဲခေါ်သည့်အခါမှာတော့ ရှောင်ကျန့်လည်း ဘေးမှာချထားတဲ့ ဖုန်းကိုအမြန်ကောက်ယူပြီး လိုက်ပါသွားလေသည်။

"အကို ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့လဲ"

"ရောက်ရင်သိမှာပေါ့"

"ဟင့်...အင်...အခုသိချင်တာ။အခုပြောပြ။အခုပြောမပြရင် ချက်ချင်းကားရပ်လိုက်တော့"

"မဆိုပါနဲ့ကျန့်လေးရယ်။ရောက်ရင်သိမှာပဲကို"

"အခုသိချင်လို့ပါဆို"

ရှောင်ကျန့်က ကားပေါ်မှာ ရှေ့လှည့်ထိုင်နေရာကနေ ရိပေါ်ဘက်လှည့်ကာ ကလေးတစ်ယောက်ပမာ နုတ်ခမ်းကိုစူပြီး ကြည့်နေသည်။

ရိပေါ်ကတော့ သူ့ကို ကျန့်လေး အလိုမကြစွာနဲ့နုတ်ခမ်းစူပြီး ကြည့်နေတာကို သိပေမဲ့လည်း အရေးတယူ လှည့်မကြည့်ချေ။လှည့်မကြည့်ရခြင်း အကြောင်းကတော့ သူလှည့်ကြည့်မိရင် ကျန့်လေးရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုကြည့်ပြီး သူနမ်းမိမှာ ဆိုး၍ဖြစ်သည်။

ရှောင်ကျန့် စိတ်ကောက်တော်မူနေစဥ်မှာပဲ ရိပေါ် လိုရာခရီးရောက်ရှိသွားကာ ကားကိုရပ်လိုက်သည်။ရှောင်ကျန့်လည်း ရိပေါ်ကို အလိုမကျစွာကြည့်နေရာကနေပင် ကားရပ်လိုက်တဲ့အခါ ဘယ်နေရာလဲဆိုတာ သိအောင် အရှေ့သို့လှည့်ကြည့်လိုက်သည်။

ရှေ့မှမြင်တွေ့လိုက်ရသော အဆောက်အဦးကြောင့် ရှောင်ကျန့်မျက်လုံးတို့ပင်ပြူးကျယ်လို့သွားသည်။

ဟင်!! Hotelကြီးပါ့လား။အကိုက ငါ့ကိုHotelဘာလုပ်ကအောင် ခေါ်လာတာလဲ။မဟုတ်မှလွဲရော....အာ...ငါဘာတွေတွေးနေတာလဲ။

"ကျန့်လေး ဘာတွေတွေးနေတာလဲ။ရောက်ပြီ ဆင်တော့လေ"

"သြော်...ဟုတ်ကဲ့ အကို။ဒါနဲ့လေ ကျွန်တော့်ကိုဘာလို့ Hotelကိုခေါ်လာတာလဲဟင်"

"မကြာခင်သိလိမ့်မယ်။လာ...သွားရအောင်"

ရိပေါ် ရှောင်ကျန့်ကို ကားပေါ်ကဆွဲချပြီး Hotelထဲသို့ ခေါ်သွားလေသည်။ရှောင်ကျန့်မှာတော့ မလိုက်ခြင်လိုက်ချင်နဲ့ နောက်ကနေပါသွားလေသည်။

အခန်းတစ်ခန်းရှေ့ရောက်တဲ့အခါမှာတော့ ရိပေါ်အသင့်ပါလာတဲ့ ပုဝါအဖြူရောင်လေးနဲ့ရှောင်ကျန့်ရဲ့ မျက်လုံးတွေကိုစီးလိုက်လေသည်။

"အကို ကျွန်တော့်ရဲ့မျက်လုံးတွေကို ဘာလို့ ပုဝါနဲ့စည်းလိုက်တာလဲ"

"အခန်းထဲရောက်ရင်သိမယ်"

ဟုပြောပြီး အခန်းတံခါးကိုဆွဲဖွင့်ကာ ရှောင်ကျန့်ကိုအတွင်းထဲထည့်ကာ သူပါနောက်မှဝင်လိုက်သည်။ထို့နောက်မှာတော့ အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး ရှောင်ကျန့်မျက်လုံးကို စည်းထားတဲ့ပုဝါကို ဖြည်ပေးလိုက်သည်။

ပုဝါဖြေပေးတဲ့အခါ ရှောင်ကျန့်မျက်လုံးကို ဖြေးဖြေးခြင်းဖွင့်လိုက်တော့ ဘာကိုမှမတွေ့ရပဲ တစ်ခန်းလုံးမှောင်လို့နေသည့်အတွက် အမှောင်ကြောက်တက်တဲ့သူ့မှာ ရင်ထဲထိတ်လန့်လို့သွား၏။ဒါနဲ့ပဲ သူလည်းသူ့ဘေးမှာရှိနေတဲ့ အကို့ကိုလိုက်စမ်းလိုက်သည်။လိုက်စမ်းတဲ့အခါမှာလည်း မတွေ့သည့်အတွက် ခေါ်လိုက်ရတော့သည်။

"အကို...အကို...အကိုဘယ်မှာလဲ။အကို ကျွန်တော်ကြောက်တယ်"

ရှောင်ကျန့်ထို့သို့ပြောလိုက်သည်ဆိုရင်ပဲ တစ်ခန်းလုံး အရောင်စုံလင်လှတဲ့ ရောင်စုံမီးလုံးအသေးလေးများ လင်းလက်လို့လာသည်။

ရောင်စုံမီးလုံးအသေးလေးများရဲ့အလင်းရောင်နဲ့ ရှောင်ကျန့်မြင်တွေ့လိုက်ရတာတွေကတော့ တစ်ခန်းလုံးမှာပြည့်နေအောင်အလှဆင်ပုံဖော်ထားတဲ့ အရောင်စုံနှင်းဆီပန်းလေးတွေရယ်နဲ့ရောင်စုံဘောလုံးလေတွေရယ်ပဲဖြစ်၏။

ရှောင်ကျန့်အံသြစွာနဲ့ ဝေ့ဝဲကြည့်ပြီး အနောက်ကိုလှည့်လိုက်သည်ဆိုရင်ပဲ မလှုပ်မယှက်နဲ့တည်တည်ကြီး မတ်တပ်ရပ်နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတော့ ရှောင်ကျန့်အနည်းငယ်လန့်သွားရသည်။

ရိပေါ် သူ့ကိုတွေ့ပြီးလန့်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ကာ မသိမသာပြုံးလိုက်ပြီး ဘောင်းဘီအိပ်ထဲမှာ အသင့်ပါလာတဲ့ အနီရောင်ကတ္တီပါဘူးလေးကိုထုပ်လိုက်ကာ......

"ကျန့်လေး အကို့ ကိုလက်ထပ်ခွင့်ပြုပါနော်"

ရှောင်ကျန့်အံသြစွာနဲ့ ပြုံးရင် ဒူးတစ်ဖက်ထောက်ချထားတဲ့ရိပေါ်ကိုဆွဲထူလိုက်သည်။

"ကျန့်လေး အကို့ ကိုလက်ထပ်မယ်မို့လာဟင်"

ရိပေါ်ရဲ့အမေးကို ရှောင်ကျန့်ရှက်ပြုံးလေးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဝမ်းသာလိုက်တာကျန့်လေးရာ"

ဟုပြောပြီး ရိပေါ် ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးကို သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲသို့ဆွဲပွေ့ထည့်လိုက်သည်။အတန်ကြာမှ သူ့ရဲ့ရင်ခွင်ထဲကနေဆွဲထုပ်ပြီး မြတ်နိုးသူလေးရဲ့နုတ်ခမ်းဖူးဖူးလေးကို တယုတယနမ်းရှိုက်လိုက်သည်။မြတ်နိုးသူလေးရှောင်ကျန့်ကလည်း ရိပေါ်ရဲ့ချိုမြိန်သောအနမ်းများကိုပြန်လည်တုန့်ပြန်လိုက်လေသည်။

ထို့နောက်မှာတော့ ရိပေါ်ရဲ့အနမ်းတွေဟာကြမ်းတမ်းလာပြီး ရှောင်ကျန့်ကိုယ်လေးကိုကုတင်းပေါ်သို့အသာလေးလှဲချလိုက်သည်။

ထို့နေညအဖို့ကတော့ ရိပေါ်ရော ရှောင်ကျန့်ပါ အိမ်မပြန်တော့ပဲ Hotel နှစ်ယောက်အိပ်ခန်းထဲမှာပဲ သွေးသားရဲ့အလိုဆန္ဒကိုဖြည့်ဆီးရင်း တစ်ညတာကုန်ဆုံခဲ့လေသည်။

မနက်မိုးလင်းလို့ ရိပေါ်တို့ Hotel ကနေ အိမ်ပြန်လာတဲ့အခါမှာတော့ အိမ်ရှိအလုပ်သမားအားလုံး သူတို့နှစ်ယောက်ဆီသို့ စုရုံရောက်ရှိလို့လာကြသည်။

"အကိုလေးရိပေါ်နဲ့အကိုကျန့်တို့ ညတုန်းက ဘယ်သွားနေကြတာလဲဟင်"

"အကိုကျန့်....အကို့ရဲ့လည်ပင်းကဘာဖြစ်တာလဲ။နီနေတာပဲ"

"အောက်နုတ်ခမ်းမှာရောပဲ ပေါက်နေတယ် ဘာဖြစ်တာလဲဟင်"

သူ့ကိုအသေခြာလိုက်ကြည့်ပြီး​မေးနေတဲ့ အလုပ်သမားတွေကြောင့် ရှောင်ကျန့်ရှက်ပြီး မျက်နှာတစ်ခုလုံး နီရဲလို့လာသည်။

ဘေးနာကရိပေါ်ကတော့ သူရဲ့မကြာခင်ဖြစ်လာတော့မဲ့ ခင်မွန်းလောင်းလေး ရှက်နေတာကိုသိတဲ့အတွက်ကြောင့် အလိုက်မသိမေးနေတဲ့ အလုပ်သမားများကို ဟောက်လိုက်သည်။

"သူဘာနေ ဘာဖြစ်ဖြစ် မင်းတို့နဲ့ဆိုင်လို့လား!!။သွား!!ကိုယ်လုပ်စရာရှိတာသွားလုပ်ကြ"

ရိပေါ် အော်ဟောက်လိုက်မှ အလုပ်သမားတွေလည်း ဇာက်ကလေးတွေပုကာ လုပ်စရာရှိတာသွားလုပ်ကြလေသည်။ထိုအခါမှ ရိပေါ်လည်း ရှောင်ကျန့်ကိုပွေ့ချီပြီး အပေါ်သို့တက်သွားလေသည်။ဒါကို မြင်ဖြစ်အောင်မြင်သွားတဲ့ ထမင်းချက်ကောင်မလေးတစ်ယောက်က ထမင်းချက်ရင်းနဲ့ ဟင်းရွက်တွေကိုကိုင်ပေးနေတဲ့ သူငယ်ချင်း အလုပ်သမားမလေးကိုပြောပြလို့နေသည်။

"ရှင်လန့်"

"ဘာလဲ"

"ငါလေ အကိုလေးရိပေါ်က အကိုကျန့်ကို ပွေ့ချီပြီး အပေါ်တက်သွားတာတွေ့လိုက်တယ်"

"အေးလေ...သူတို့က ချစ်သူတွေပဲ တစ်ယောက်ကိုတစ်ယောက်ချစ်လို့ ပွေ့ချီတာပဲ။ဘာထူးဆန်းလို့လဲ"

"မဟုတ်ဘူး။ထူးဆန်းတယ်တယ်။အကိုကျန့် ကြည့်ရတာ လမ်းမလျှောက်နိုင်သလိုပဲ"

"အကိုကျန့်ကျန့်က ဘာဖြစ်လို့လမ်းမလျှောက်နိုင်ရမှာလဲ"

"ဟာ နင်ကလည်း...မနေ့က ညနေ အကိုလေးရိပေါ် Company ကနေ အပြေးပြန်လာပြီး အကိုကျန့်ကို ကားနဲ့အတင်းခေါ်သွားတယ်လေ။ပြီးတော့ ညရောက်တော့လည်း ပြန်မလာဘူလေ။အခုမနက်မှပြန်ရောက်လာတော့လည်း အကိုကျန့်မှာက နုတ်ခမ်းတွေ ပေါက်နေတာနဲ့လည်ပင်းမှာလည်း အနီးကွပ်တွေနဲ့ဆိုတော့ ညတုန်းက အကိုလေးရိပေါ်နဲ့အကိုကျန့်တို့ Hotelမှာ....."

"ဟဲ့ ယွဲ့စန် နင်ဘာတွေလျှောက်ပြောနေတာလဲ။တော်ကြာနင်ပြောနေတဲ့ စကားတွေကို အကိုလေးရိပေါ်ကြားပြီး နင်အလုပ်ထုပ်ခံနေရအုံးမယ်။ပါးစပ်ပိတ်ပြီး ကိုယ်လုပ်စရာရှိတာလုပ်တော့"

ရှင်လန့်က ယွဲ့စန်ရဲ့စကားမဆုံးခင်မှာပဲဖြတ်ပြီး ဟောက်လိုက်သည့်အတွက် ယွဲ့စန်လည်းစကားကိုရှေ့မဆက်တော့ပဲ ရှင်လန့်ကိုမျက်စောင်းထိုးကာ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေတော့သည်။

ရိပေါ်ကတော့ ရှောင်ကျန့်ကို ပွေ့ချီပြီး သူ့အခန်းထဲခေါ်သွားကာ ကုတင်ပေါ်မှာ ညင်သာစွာချပေးလိုက်သည်။

"ကျန့်လေး အရမ်းနာနေသေးလား။အကို ဆေးလူးပေးရမလား"

"သွားပါ။လုပ်တုန်းကလုပ်ထားပြီးတော့ အခုမှဆေးလူးပေးမယ် ဘာညာ လာပြောမနေနဲ့။ကိုယ့်ဘာသာနေ လူးမယ်"

"ကျန့်လေးကလည်းကွာ..အကိုကချစ်လို့ လုပ်မိတာပါ"

"ဘာ!!!ချစ်လို့လုပ်တာ"

"အွန်း"

"အကိုချစ်လို့လုပ်တာကလည်း ကျွန်နော့်ကို ဘဝအဆက်ဆက်အငြိုးတွေကြောင့်လုပ်နေတာကြနေတာပဲ"

"ကျန့်လေးကလည်း......"

ရှောင်ကျန့် ရိပေါ်ကို ဘာမှဆက်မပြောတော့ပဲ မျက်စောင်းထိုး၍သာ တစ်ဖက်သို့လှည့်သွားလေသည်။

"ကျန့်လေး အကို့ ကိုစိတ်ဆိုးနေတာလား"

"........."

"စိတ်ဆိုးနေတဲ့အကို့ရဲ့ခင်မွန်းလောင်းလေးကိုစိတ်ဆိုးပြေသွားအောင် ညတုန်ကထက် ပိုကြမ်းပြီးချော့ရမလား"

"အကိုနော်...ပိုစိတ်ဆိုးလိုက်မှာ"

"အဟား....အကိုကစတာပါ။ကျန့်လေး"

"ပြော"

"အကိုတို့ အမြန်လက်ထပ်ကြရအောင်နော်"

"သဘော"

"Ok။ဒါဆို အကို တပက်ခါပဲ မင်္ဂလာပွဲကို စီစဥ်လိုက်တော့မယ်နော်"

"အွန်း"

ရိပေါ် ဝမ်းသာပြောရွှင်စွာနဲ့ ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးကိုတင်းနေအောင် ဖက်ထားလိုက်တော့သည်။ရှောင်ကျန့်လည်း အစောပိုင်းကဆိုးနေတဲ့ စိတ်ပြေသွားပြီး ရိပေါ်ကိုပြန်ဖက်လိုက်သည်။

Author : Saung Hnin Se

ရိုင်းတဲ့ စကားလုံးတွေပါသွားရင် တောင်းပန်ပါတယ်🙏🙏

Address

Myanaung

Website

Alerts

Be the first to know and let us send you an email when Author : Saung Hnin Se posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Digital creator in Myanaung

Show All