Aungmyatthu

16/02/2022
ဝမ်းသာယုံ ကလွဲ ဘာမှမတက်နိုင် 🤣🤣🤣
30/12/2021

ဝမ်းသာယုံ ကလွဲ ဘာမှမတက်နိုင် 🤣🤣🤣

18/12/2021
17/12/2021

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြားတိုက်ပွဲ ၁၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ ၅၄ ဦးသေဆုံး၊ ၃၉ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဖာပွန် (မူတြော်)ခရိုင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၊ ၎င်းတို့၏ ခါးပိုက်ဆောင် BGF တပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များကြား ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၄ ဦးသေဆုံးကာ ၃၉ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က အတည်ပြု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ဖာပွန်-ကမမောင်းလမ်းပေါ် ၂၁ မိုင်နှင့် ခွေးသေအကြား အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ၏ နေအိမ်ယာခင်းများအတွင်းသို့ လက်နက်ကြီးဖြင့် ၁၀၈ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဓါတ်ပုံ - KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

17/12/2021

■ စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်း ထုတ်ရောင်း
အမေရိကန်ဒေါ်လာ ၁၅ သန်းကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ် ရောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုသည် ဒီဇင်ဘာလအတွင်း တတိယအကြိမ်မြောက် ရောင်းချခြင်း ဖြစ်ပြီးနိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလတွင် ၄၃ သန်း၊ နိုဝင်ဘာလတွင် ၃၁ သန်း၊ အောက်တိုဘာလတွင် သန်း ၁၁၀၊ စက်တင်ဘာလတွင် ၆၃ သန်း၊ ဩဂုတ်လတွင် ၂၈ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဧပြီလတွင် ၁၂ သန်းနှင့် ဖေဖော်ဝါရီလတွင် ၆ ဒသမ ၈ သန်း စီဖြင့် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ စုစုပေါင်း ၃၆၈ ဒသမ ၈ သန်းကို စစ်အာဏာသိမ်းပြီးနောက် ၁၁ လအတွင်း ထုတ်ရောင်းခဲ့ပြီး ဖြစ်သည်။
News Link - http://bit.ly/3pZaqSC

▬▬▬▬▬▬
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai

17/12/2021

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာမျိုး ရှိခဲ့ပြီး သတင်းထုတ်ပြန်တာမျိုး...

17/12/2021
16/12/2021
16/12/2021

ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်း မီးလောင်
=============================

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် ယနေ့ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"အပြင်ကနေ မီးတုတ်ပစ်ခံရလို့လောင်သလိုလို ၊သူတို့ဖာသာ ဖုန်းအားသွင်းရင်းကနေ ရှော့ဖြစ်ပြီးလောင်သလိုလို တော့ သတင်းတွေမျိုးစုံထွက်နေတယ်။ အပြင်လူတွေကိုတော့ လုံးဝ ဝင်ခွင့်မပေးဘူး။ စကြားကြားခြင်းတော့ သေနတ်သံ ထင်နေတာ၊ နောက်မှ ရဲစခန်းမီးလောင်နေမှန်း သိတာ။ ဝန်ထမ်းတန်းလျားတွေ ပါသွားတယ်လို့ ကြားရတယ်"ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

မီးလောင်ပြီးနောက် တစ်နာရီခန့်အကြာတွင် ကုန်းပြင်ကျေးရွာရှိ မီးသတ်များ၏ မီးဝိုင်းဝန် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားပြီဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

လက်ရှိအချိန်တွင် ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် စစ်ကားများဖြင့် စစ်သားများလည်း ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

09/12/2021
09/12/2021
08/12/2021
08/12/2021
02/12/2021

တပ်နဲ့ရဲ CDM တွေကို မေးခွန်းမေးရင်း ကူညီထည့်ဝင်နိုင်မယ့် "ဖရဲသီးဘူဖေး အစီအစဉ်"
◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️
"ပြည်သူ့ရင်ခွင် - People's Embrace" ရဲ့ ရန်ပုံငွေဟာ ဖရဲသီးဘူဖေး အစီအစဉ်ပေါ် အဓိကတည်မီနေတာဖြစ်ပြီး တခြားက ရန်ပုံငွေတွေအပါအဝင် အခုအချိန်ထိ တပ်နဲ့ရဲ CDMတွေကို သိန်း၁၀၀၀ကျပ်ဝန်းကျင် အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်။ အခုအခါမှာ ရန်ပုံငွေလည်း နည်းနည်းလျော့နည်းလာတာကြောင့် ဒီအစီအစဉ်လေးမှာ လက်မှတ်ဝယ်ယူရင်း တပ်နဲ့ရဲ CDM တွေအတွက်
◼️ ထွက်လာတဲ့အခါ လုံခြုံစွာ သွားလာရေးစရိတ်
◼️ နေထိုင်စားသောက်ရေးစရိတ်
◼️ ကျန်းမာရေးစောင့်ရှောက်မှု / ပညာရေး စရိတ်တွေမှာ ပါဝင်နိုင်ပါတယ်

၁လစာလက်မှတ် USD 5ဒေါ်လာထက် ပိုတဲ့နှုန်းထားကိုလည်း အလှူအနေနဲ့ ထည့်ဝင်နိုင်ပါတယ်၊ နိုင်ငံတစ်ဝန်းလုံးမှာ ပိုအရေးကြီးတဲ့နေရာတွေ အများကြီးက လိုအပ်နေတာကြောင့် အများကြီးတော့လည်း မထည့်ပါနဲ့ဦးရှင့်။

ဒီတစ်ပတ်အတွက် ဖရဲသီးဘူဖေးက ဒုရဲအုပ်ရာထူးကနေ CDM ဝင်ရောက်လာခဲ့တဲ့ SIP Eagle နဲ့ပါ။ SIP Eagleက အခုလက်ရှိ ပြည်သူ့ရင်ခွင် - People's Embrace အဖွဲ့မှာလည်း အကြမ်းဖက်ရဲတပ်ဖွဲ့ကို စွန့်ခွာလာတဲ့ CDM ရဲတွေအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။

အချိန်က လာမယ့် တနင်္ဂနွေ (ဒီဇင်ဘာ ၅) ည ၇နာရီပါ၊ Moderator အဖြစ် ကို Linn Htet Aung က ဆောင်ရွက်ပေးသွားမှာပါ။ ဘာလို့ရဲထဲဝင်ခဲ့လဲကနေ အခုလက်ရှိတော်လှန်ရေးမှာ CDMရဲတွေရဲ့ ပါဝင်မှုအခြေအနေအထိ မေးလိုရာရာကို မေးလို့ရပါတယ်။

"ဖရဲသီးဘူဖေး"လက်မှတ်ဖိုးတွေကို Paypal နဲ့ Crypto Currency wallet (USDT & BUSD only)တွေနဲ့လက်ခံပါတယ်။ Paypal နဲ့ Crypto wallet addressတွေကို "ပြည်သူ့ရင်ခွင် - People's Embrace" page ကိုဖြစ်ဖြစ်၊ [email protected] ကိုဖြစ်ဖြစ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လုံခြုံရေးအခက်အခဲတွေကြောင့် ပြည်တွင်းအကောင့်တွေနဲ့ အလှူငွေလက်မခံနိုင်သေးတာကိုလည်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်ရှင့်။ Paypal / Crypto wallet ရှိတဲ့ အသိမိတ်ဆွေတစ်ဦးဦးကို အကူအညီတောင်းပြီး ပါဝင်လို့လည်း ရပါတယ်။ တခြားသူတွေကိုလည်း ဖရဲသီးဘူဖေးသုံးဆောင်နိုင်ကြဖို့ ဒီပို့စ်ကို shareရင်း လက်တို့ပေးကြပါဦး။
◼️
("ပြည်သူ့ရင်ခွင် - People's Embrace" သည် ပြည်သူ့မှ ပြည်သူသို့မူဝါဒဖြင့် ပြည်သူများနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နှင့်ရဲ CDM တို့၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသော အဖွဲ့ဖြစ်ပါသည်။ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ရင်ခွင်အဖွဲ့ကို http://t.me/MyanmarPeople ( Telegram) မှ ဆက်သွယ်နိုင်ပါသည်။)

02/12/2021

သိန္နီ PDF ၏ တပ်စခန်းနေရာအချို့ ဝင်ရောက်စီးနင်းခံရ၍ သိန္နီ PDF တပ်ဖွဲ့ဝင် (၇) ဦးဒဏ်ရာရ၊ စကစတပ်သား (၃) ဦးသေဆုံး

ဒီဇင်ဘာ ၂၊ PDF Newsflash

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးဆိုင်ရာလေ့ကျင်ရေးနေရာအား ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး ပစ္စည်းများကို ယူဆောင်သွားကာ တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်မှုအတွင်း သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)၏ ပြောက်ကျားစစ်သည်တော်များက ပြန်လည်ခုခံပစ်ခတ်ရာ စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အားများသည့်အတွက် PDF ၏ ပြောက်ကျားစစ်သည်တော်များမှာ စခန်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်းနှင့် သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)ဘက်ကလည်း ပြောက်ကျားစစ်သည်တော် (၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

02/12/2021

■ တောင်ကြီးမြို့၌ ပေါက်ကွဲမှု ဖြစ်၍ ဒဏ်ရာ ရသူများ ရှိ
တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Asia Light အနီး၌ ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၂ နာရီခွဲကျော်ခန့်က မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း သိရသည်။
“ ပေါက်ကွဲတာက တော်တော်လေး ပြင်းတယ်။ ထိခိုက်တဲ့သူက ၂ ယောက်လို့ သိရတယ်၊ ဒဏ်ရာက မပြင်းဘူးတဲ့။ မိုင်းက ၂ လုံးလို့လည်း ပြောတယ်၊ ကြားတာလည်း ၂ ချက် ကြားတာ။" ဟု အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။
ထိခိုက် ဒဏ်ရာ ရသူများမှာ အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ သားဖြစ်သူတို့ ဖြစ်ကြောင်းနှင့် ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ‌ဒေသခံများက ပြောဆိုနေကြသည်။
[ Photo - SHAN News ]
News Link - http://bit.ly/3phsZkF

▬▬▬▬▬▬
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
Kanbawza Tai News
Kanbawza Tai Broadcasting

01/12/2021
01/12/2021
01/12/2021

ကျွန်တော်တို့ SSPDF အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ pdf/Lpdfများသည် CRC မဟာမိတ်တပ်ပေါင်းစုအဖြစ်ပေါင်းစုဖွဲ့စည်းလိုက်ပြီဖြစ်ပါသည်။

အရေးတော်ပုံအောင်ရမည်။

SSPDF

30/11/2021

EP နဲ့ ကျောင်းပြီး ထားတဲ့ PĐF လေးတွေ တောထဲမှာ ရေအားလျှပ်စစ် ထုတ်ပြီး power bank တွေ အားသွင်းနေ( ရုပ်သံ ) အောက်ဆုံးတွင် ရု...

30/11/2021
ဘပု မင်း သိသင့်နေပြီ ခေါင်းသုံး
30/11/2021

ဘပု မင်း သိသင့်နေပြီ ခေါင်းသုံး

ငွေတိုက်စာချုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၉ ရက်ကစပြီး ခေတ္တရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေး...

30/11/2021

နိုင်ငံတော်အကြည်ငြိုပျက်ရအောင်ကလည်း မင်းအောင်လှိုင်နဲ့အပေါင်းပါ တစ်စုသည် နိုင်ငံတော်မဟုတ်။

အဂတိလိုက်စားတယ်ပြောရအောင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့သားများ ကုမ္မဏီတို့ ၊ဦးဝင်းမြင့် မိသားစုလီမိတက် တို့တစ်ခုမှမရှိ ။လခနဲ့မမျှတဲ့ပိုင်ဆိုင်မှု တွေဘာမှမရှိ။

ကိုဗစ်သဘာဝကပ်ဘေး ကို​ ပြန့်ပွားစေတယ်ပြောရအောင်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်လောက် ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကို ဦးဆောင်ကာကွယ်ခဲ့သူမရှိ။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားရအောင်လည်း သူကိုယ်တိုင်ကနိုင်ငံအကြီးအကဲ ။ စစ်ရေးလျှို့ဝှက်ချက်လည်းသမ္မတနဲ့အတိုင်ပင်ခံကသိရတာမဟုတ် ။

လမ်းလျှောက်စကားပြောစက် သွင်းကုန် လိုင်စင်ဥပဒေနဲ့ငြိတယ်ပြောရအောင် အဲဒါ စစ်တပ်လက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာနက ပိုင်တဲ့ဟာတွေ ။

အဲဒိတော့ဘာဥပဒေနဲ့မှမငြိဘူး ။ စစ်သားပီပီ ယောက်ျားတွေဆို တည့်တည့်ဝန်ခံလိုက် ။ ကျွန်တော် တို့ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်ဘက်ကမှမယှဉ်နိုင်လို့ ရန်ငြိုးနဲ့ အကွက်ဆင်ပြီး ယုတ်မာနေတာပါလို့

သရဝဏ်.ပြည်

credit

29/11/2021

ကိုယ်စားခဲ့သည့် ထမင်းပန်ကန် ဆေးဖို့မေ့နေသဖြင့် ဥပဒေ
စည်းကမ်းချက်အရ နာရီပိုင်း ဒဏ်ခတ်ခြင်းခံရသည့် PDF
ပြည်သူ့ကာကွယ်ရေး ဖယ်ဒရယ် မြန်မာ့တပ်မတော် တပ်သား
တစ်ဦး...

Credit

25/11/2021
🥰🥰🥰🥰
20/11/2021

🥰🥰🥰🥰

20/11/2021
20/11/2021
20/11/2021
အဲ့ဒါမှငါတို့ ပြည်သူတွေ
18/11/2021

အဲ့ဒါမှငါတို့ ပြည်သူတွေ

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း အမှုထမ်း၊ အရာထမ်းတွေအားလုံ....

18/11/2021

ထားဝယ်မှာ အမျိုးသား ၂ ဦးဆိုင်ကယ်အတူစီးလို့ ငွေတစ်သိန်း ဒဏ်ရိုက်ခံရ

ထားဝယ်၊ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ် အတူ စီးမိလို့ ဖမ်းဆီးခံရပြီး ဒဏ်ရိုက်ခံရသူတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထားဝယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးခွင့်၊ အမျိုးသမီးက ရှေ့ကမောင်းနှင်ပြီး အမျိုးသားမှ နောက်ကနေလိုက်ပါစီးနင်းခွင့်ကို ပိတ်ပင်ကန့်သတ်ခံထားရတာ ဖြစ်ပါတယ်။

ကန့်သတ်ချက်ထုတ်ပြန်ပြီးနောက်ပိုင်း ထားဝယ်မှာ ဖမ်းဆီးခံရသူ ၃ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ငွေ တစ်သိန်းစီ ပေးဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ သိရသလောက်က ၃ စီးအဖမ်းခံရတယ်။ နောက်ထပ်ဖမ်းခံရသူတွေလဲ ရှိသေးတယ်။ ကျွန်တော်တို့ သိရတဲ့ ဖမ်းခံရသူတွေက ငွေ တစ်သိန်းစီ ဒဏ်ကြေးပေးဆောင်လိုက်ရတယ်လို့ သိရတယ်။ ရဲစခန်းမသွားချင်လို့ လမ်းမှာဘဲ ပေးလိုက်ရတယ်။ ဖမ်းခံထိတဲ့သူတွေက အလုပ်သွားဖို့ မနက် ၇ နာရီလောက် မဖမ်းလောက်သေးဘူးထင်ပြီး သွားကြတာ မိသွားတယ်။ နောက်ဆိုသူတို့ထုတ်ထားတဲ့အမိန့်ကို လိုက်နာဖို့ မလိုက်နာရင် ထပ်အဖမ်းခံရမယ်လို့ သတိပေးခံလိုက်ရသေးတယ်လို့ သိရတယ်''ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနှင်းမှု ကန့်သတ်ချက်တွေကြောင့် ဒေသခံတွေမှာ စားဝတ်နေရေးအတွက် ဆိုင်ကယ်အသုံးပြု သွားလာနေသူတွေကို အခက်အခဲ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကန့်သတ်ချက်ကို နိုဝင်ဘာလ ၁၇ ရက်နေ့အထိသာ ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ မှ စတင်ကာ ကန့်သတ်ချက်ကို မလိုက်နာပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

17/11/2021

မဟာမိတ်ကြေညာခြင်း
▪️▪️▪️▪️▪️▪️▪️
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် People Soldiers' Defense Force နှင့် ညီနောင်မဟာမိတ်အဖြစ် လက်တွဲကာ အချင်းချင်း ပံ့ပိုးကူညီပြီး စစ်အာဏာရှင် စနစ် ကျဆုံးသွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

- CHUPDF
- PSDF

Address

Muse
Muse

Telephone

+959970149070

Website

Alerts

Be the first to know and let us send you an email when Aungmyatthu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aungmyatthu:

Share