Grace and Mercy AG Church

  • Home
  • Grace and Mercy AG Church

Grace and Mercy AG Church Christ’s Ministry

📣**2025-2026 ဓမ္မပညာသင်နှစ်**📣
10/06/2025

📣**2025-2026 ဓမ္မပညာသင်နှစ်**📣

**နာခံလိုက်လျှောက်သောခရစ်ယာန်အသက်တာ**(၁၃) ကြိမ်မြောက်တပည့်တော်ဖြစ်သင်တန်းဆင်းပွဲ။(1,6,2025)
02/06/2025

**နာခံလိုက်လျှောက်သောခရစ်ယာန်အသက်တာ**
(၁၃) ကြိမ်မြောက်တပည့်တော်ဖြစ်သင်တန်းဆင်းပွဲ။
(1,6,2025)

GRACE AND MERCY BIBLE COLLEGE(Pyin Oo Lwin)2nd GRADUATION CEREMONY (21,March,2025)
26/04/2025

GRACE AND MERCY BIBLE COLLEGE(Pyin Oo Lwin)
2nd GRADUATION CEREMONY (21,March,2025)

"နာခံလိုက်လျှောက်သောခရစ်ယာန်အသက်တာ"            နွေရာသီသမ္မာကျမ်းစာသင်တန်း
20/03/2025

"နာခံလိုက်လျှောက်သောခရစ်ယာန်အသက်တာ"
နွေရာသီသမ္မာကျမ်းစာသင်တန်း

ပြင်ဦးလွင်မြို့၌(13,3,2018) တွင် လူ (၅)ဦးနှင့်အစပြုခဲ့သော Grace & Mercy Ministry သည်(13,3,2025) တွင်ကျေးဇူးတော်ကြောင့်(၇...
18/03/2025

ပြင်ဦးလွင်မြို့၌(13,3,2018) တွင် လူ (၅)ဦးနှင့်
အစပြုခဲ့သော Grace & Mercy Ministry သည်
(13,3,2025) တွင်ကျေးဇူးတော်ကြောင့်(၇)နှစ် ပြည့်ခဲ့ပါတယ်။
(၇)နှစ်တာအတွင်း ဘုရားသခင်ရဲ့
မစပို့ဆောင်ခြင်းအားဖြင့်
-တပည့်တော်ဖြစ်သင်တန်းကျောင်း
-လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း
(မူးယစ်ဆေးဝါးကျေးကျွန်လူငယ်များကိုပြုပြင်ခြင်း)
-ကျမ်းစာကျောင်း
(ပြင်ဦးလွင် အေဂျီ သာသနာနယ်ကျောင်း)
-ကလေးဂေဟာ နှင့်
-(2024 မှာ အသင်းတော် အနေနှင့်ရပ်တည်)
"Grace & Mercy AG Church " တို့ ကို
ဘုရားသခင် ရဲ့ ကျေးဇူးတော်ကြောင့်
အစပြု လုပ်ဆောင်ခွင့်များရခဲ့တယ်။
လက်ရှိအသင်းတော်သာသနာ လုပ်ငန်းတွေကို
ပြင်ဦးလွင် အေဂျီ သာသနာနယ် နဲ့
ချိတ်ဆက်ပြီး သာသနာနယ်ရဲ့
လမ်းညွှန်မှုများကိုခံယူပြီး
ဆက်လက်ရွေ့လျားလုပ်ဆောင်လျက်ရှိပါတယ်။
(၇)နှစ် တာ အတွင်း
Grace & Mercyအသင်းတော် နှင့်
သင်တန်းကျောင်းများအနေနှင့်
လူများစွာ အတွက် (အထူးသဖြင့်လူငယ်များ)
အစေခံခွင့်ရခဲ့ပါတယ်။
ကုန်လွန်ခဲ့သော ကျေးဇူးတော် နှစ်ကာလများအတွင်း
အသင်းတော် နှင့် သာသနာလုပ်ငန်းများအတွက်
အဘက်ဘက်မှ နည်းလမ်းအမျိုးမျိုး နဲ့
ပံ့ပိုးထောက်မပေးခဲ့တဲ့သူများအားလုံးကိုလည်း
အထူးပင်ကျေးဇူးတင်ပါတယ်။
ဘုရားသခင်သည် သိမှတ်၍ကောင်းချီးပေးပါစေ။
အသင်းတော်ရဲ့ မှတ်မှတ်ရရ
ချီးမွမ်းစရာအနေနှင့် (29,7,2022) မှာ
ဘုရားကိုချစ်တဲ့ လုပ်ငန်းရှင်မိသားစုတစ်စု
အားဖြင့် ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းပြီး
အထင်ကရဖြစ်တဲ့ နေရာ မှာ
ကျယ်ဝန်းလှသောမြေနေရာကြီးကို
ကျေးဇူးတော်ကြောင့်အသုံးပြုခွင့်ရခဲ့ပြီး
ဗိမာန်တော်အဆောက်အအုံအပါအဝင်
အခြားသောအဆောက်အဦးများကိုလည်း
အံ့ဩဖွယ်ရာရရှိခဲ့ပါတယိ။
အသင်းတော်သာသနာ ရဲ့ (၇) နှစ်ပြည့်
ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကိုလည်း
ထိုနေရာရှိဗိမာန်တော်ထဲ၌ကျင်းပရန်
စီစဉ်ထားသော်လည်း မျှော်လင့်မထားသော
အခြေအနေတစ်ခုကြောင့် ထိုဗိမာန်တော် အပါအဝင်
အဆောက်အအုံ များ ဖျက်သိမ်းလိုက်ရတဲ့အတွက်
ထိုအစီအစဉ် အထမမြောက်ပဲ
အခြားသောနည်းလမ်း နဲ့ အခြားသောနေရာတစ်ခုမှာ
အသင်းတော်မိသားစုဝင်များ နှင့်သာချီးမွမ်းဖြစ်ခဲ့တယ်။
လက်ရှိထိုမြေနေရာတွင် အမှုတော်ဆောင်
မိသားစုဝင် အချို့ နေထိုင်လျက်ရှိပြီး
နှစ်ရှည်သီးပင်များစိုက်ပျိုးခြင်း
(ကော်ဖီ၊မက္ကဒေးမီးယား နှင့် အခြား)
ရာသီပေါ်စားပင်သီးပင်များကိုစိုက်ပျိုးခြင်းအပြင်
အမှုတော် လုပ်ငန်းများအတွက်လည်း
လိုအပ်သလို လုပ်လို့ရတဲ့အနေအထားနဲ့
အသုံးပြုလျက်ရှိပါတယ်။
(အဝေးမှ အသင်းတော်ရဲ့သတင်းကိုကြားပြီး
အခြေအနေ ကို သိချင်နေသူများအတွက်ရည်ရွယ်ပြီး
ဖော်ပြပေးခြင်း)
အသင်းတော်သာသနာ ကို အစပြုစဉ်ကလည်း
ဘာမှမရှိတဲ့အနေအထားနဲ့အစပြုခဲ့ရတဲ့အတွက်
လက်ရှိအခြေအနေအတွက်အသင်းတော်အနေနဲ့
စိတ်နှလုံးညှိုးငယ်ရသော်လည်း သာသနာအစပြုစဉ်က
ယုံကြည်ခြင်းဆိုင်ရာအတွေ့အကြုံကောင်းတွေကြောင့်
ဘုရားသခင်ကိုဆက်လက်မြော်ကြည့်ပြီး
သာသနာဟာ ခရီးဆက်လျက်ရှိပါတယ်။
လာမဲ့ (21,3,2025သောကြာနေ့)မှာ ဆိုရင်
ဒုတိယအကြိမ်မြောက် ကျမ်းစာကျောင်းဆင်းပွဲကိုလည်း
ကျင်းပတော့မှာဖြစ်ပါတယ်။
ကျန်တဲ့ သာသနာလုပ်ငန်းတွေဟာလည်း
သူ့နေရာနဲ့သူခြေသံလုံလုံနဲ့ဆက်ရွေ့လျားနေပါတယ်။

အသင်းတော်သာသနာ အနေနဲ့
ယခုအထူးဆုတောင်းနေသည့်အချက်များမှာ
-ပျောက်ဆုံးသောဝိညာဉ်(လူအမျိုးမျိုး)များစွာရရှိရန်
-ခိုင်မာသောမြေနေရာ ရရှိရန် နှင့်
ဗိမာန်တော်ပြန်လည်တည်ဆောက်နိုင်ရန်တို့ဖြစ်ပြီး
(ဖြိုဖျက်လိုက်ရသောဗိမာန်တော်၏ပုံ comment တွင်ရှိ)
-သာသနာ ရဲ့ လုပ်ငန်းဆောင်တာများအတွက်
(ဘက်စုံသုံး)Light truck ကားအကြီးတစ်စီး
ရရှိရန်တို့သည် များစွာသောဆုတောင်းချက်တွေထဲမှ
အချို့ဖြစ်သည်။(ဝိုင်းဝန်းဆုတောင်းပေးနိုင်စေရန်)

ဤအကြောင်းအရာများကို
(၇)နှစ်ပြည့် နှစ်ပတ်လည်အတွက်
ကျေးဇူးတော်ချီးမွမ်းရင်းမှတ်တမ်းတင်ခြင်းဖြစ်သလို
အဝေး အနီး မှ မိတ်ဆွေများအနေဖြင့်လညိး
အသင်းတော် သာသနာ ရဲ့ အခြေအနေများကို
ကြားသိမြင်တွေ့လျက် နှုတ်၏မစခြင်း(ဆုတောင်း​)
လက်၏အမှုဆောင်ခြင်းတို့ဖြင့်လည်း
ပါဝင်အားဖြည့်နိုင်ကြစေရန်အတွက်
ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

ဓာတ်ပုံများ
----------
Grace & Mercy AG အသင်းတော်သာသနာ ၏
(၇)နှစ်ပြည့် နှစ်ပတ်လည် အတွက်
လက်ရှိအသင်းတော်သာသနာတွင်
အစေခံနေကြသော အချိန်ပြည့်အမှုတော်ဆောင်များ၏
အမှတ်တရပုံများ

Grace & Mercy AG Church (May Myo) ၏သင်းအုပ်ဆရာဖြစ်သော - Sy Phyo Wai Maung သည်မြန်မာနိုင်ငံအေဂျီအထွေထွေသာသနာကောင်စီမှပေးအ...
29/01/2025

Grace & Mercy AG Church (May Myo) ၏
သင်းအုပ်ဆရာဖြစ်သော - Sy Phyo Wai Maung သည်
မြန်မာနိုင်ငံအေဂျီအထွေထွေသာသနာကောင်စီမှ
ပေးအပ်ချီးမြှင့်သော လက်တင်မင်္ဂလာ နှင့်
အသင်းတော်,သာသနာ၏
ဦးဆောင်သူများဖြစ်ကြသော
Syama Esther Mi Mi
Sy Hsang Hsan
Sy Bran Jar တို့သည်
အမှတ်(၁၀)အေဂျီသာသနာခရိုင်ကောင်စီမှ
ပေးအပ်ချီးမြှင့်သော လိုင်စင်ရမင်္ဂလာ များကိုလည်းကောင်း
ရရှိခဲ့ကြသည့်အတွက်
အသင်းတော်အနေဖြင့်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း
မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Grace & Mercy AG Church ရေနှစ်ခြင်းမင်္ဂလာအစီအစဉ်(12,Jan,2025)
17/01/2025

Grace & Mercy AG Church ရေနှစ်ခြင်းမင်္ဂလာအစီအစဉ်
(12,Jan,2025)

🎤Announcement🔔အသင်းတော်၏တနင်္ဂနွေပုံမှန်ဝတ်ပြုခြင်းအစီစဉ်ကိုအခြေအနေအရ အပတ်စဉ် (မွန်းလွဲ ၂ နာရီ မှ ၄ နာရီ ထိ )ဗေသလအေဂျီ(ဧ...
05/01/2025

🎤Announcement🔔
အသင်းတော်၏တနင်္ဂနွေပုံမှန်ဝတ်ပြုခြင်းအစီစဉ်ကို
အခြေအနေအရ အပတ်စဉ် (မွန်းလွဲ ၂ နာရီ မှ ၄ နာရီ ထိ )
ဗေသလအေဂျီ(ဧဝံဂေလိ)အသင်းတော် ၌
ယာယီပြောင်းရွှေ့ပြုလုပ်သွားမည်ဖြစ်ကြောင်း
အသိပေးကြော်ငြာအပ်ပါသည်။

Grace & Mercy  AG Church (Pyin Oo Lwin)Sunday School Children’s Christmas (December 23, 2024)National Kandawgyi Botanica...
24/12/2024

Grace & Mercy AG Church (Pyin Oo Lwin)
Sunday School Children’s Christmas (December 23, 2024)
National Kandawgyi Botanical Gardens

Grace & Mercy AG Church (May Myo)8,December,2024(Worship Service)Sermon -Saya Hsang Hsan (Every Sunday - 8:00 - 10:00 Am...
08/12/2024

Grace & Mercy AG Church (May Myo)
8,December,2024(Worship Service)
Sermon -Saya Hsang Hsan
(Every Sunday - 8:00 - 10:00 Am)

Grace & Mercy AG Church (May Myo)1,December,2024(Worship Service)Sermon -Pastor David Siang(H.O.G)(Every Sunday - 8:00 -...
01/12/2024

Grace & Mercy AG Church (May Myo)
1,December,2024(Worship Service)
Sermon -Pastor David Siang(H.O.G)
(Every Sunday - 8:00 - 10:00 AM)

Grace & Mercy AG Church (May Myo)24,November,2024(Worship Service & Communion)(Every Sunday - 8:00 - 10:00 AM)
24/11/2024

Grace & Mercy AG Church (May Myo)
24,November,2024(Worship Service & Communion)
(Every Sunday - 8:00 - 10:00 AM)

Address


Alerts

Be the first to know and let us send you an email when Grace and Mercy AG Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grace and Mercy AG Church:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share