ထိုင်း မလေး မြန်မာ ငွေထုပ်ငွေလွှဲဝန်ဆောင်မူ

  • Home
  • ထိုင်း မလေး မြန်မာ ငွေထုပ်ငွေလွှဲဝန်ဆောင်မူ

ထိုင်း မလေး မြန်မာ ငွေထုပ်ငွေလွှဲဝန်ဆောင်မူ Please like and follow my page.

မင်္ဂလာပါခင်ဗျ🙋‍♂️11/9/2022ယနေ့ငွေဈေး🇹🇭🇲🇾🇲🇲မလေးရှား↔️မြန်မာ1RM~715ကျပ်ထိုင်း↔️ မြန်မာ1ဘတ်~85မလေးရှား↔️ထိုင်း1RM~7.6(ဘတ်)
11/09/2022

မင်္ဂလာပါခင်ဗျ🙋‍♂️
11/9/2022ယနေ့ငွေဈေး🇹🇭🇲🇾🇲🇲

မလေးရှား↔️မြန်မာ
1RM~715ကျပ်

ထိုင်း↔️ မြန်မာ
1ဘတ်~85

မလေးရှား↔️ထိုင်း
1RM~7.6(ဘတ်)

10/09/2022

ကုန်စည်စျေးနုန်းများ
အစမတန်တိုးမူကြောင့်
တချို့ကုန်စုံဆိုင်တေပိတ်ထားကြောင်းသိရ

10/09/2022

ကနဦးသတင်သများသိရှိစေရန် ပြင်ဦးလွင် သားများဝန်းရံပေးပါ
Like Follow လေးလုပ်ပေးထား

ရွေးကောက်ပွဲမသမာမှုများအပေါ် မည်သူတွင် တာဝန်ရှိသနည်း???၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံအနှံ့မှာ ရွေးကောက်ပွဲမသမာမှုတွေ ဆူည...
19/11/2020

ရွေးကောက်ပွဲမသမာမှုများအပေါ် မည်သူတွင် တာဝန်ရှိသနည်း???

၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံအနှံ့မှာ ရွေးကောက်ပွဲမသမာမှုတွေ ဆူညံပွက်လောရိုက်နေသလို မဲမသမာမှုများအားလုံးကို UEC မှာ တာဝန်ရှိသလိုပုံစုံနဲ့ UEC ကိုသာ ဦးတည်ဖိအားပေးနေကာ UEC ကို ဦီးတည်ဖြေရှင်းခိုင်းတာ UEC ကို ဆန္ဒပြနေကြတာဟာ ဦီးတည်ချက်လမ်းကြောင်းလွဲနေပြီး မသမာမှု ကျူးလွန်သူများကို စေခိုင်းသူတွေလွတ်မြောက်သွားမယ့်အရေး တွေမြင်နေရပါပြီ။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ ဖောက်ဖျက်ကျူးလွန်မှုမှန်သမျှသည် ရဲအရေးပိုင်မှုပါ။ မဲမသမာမှုများအားလုံးနဲ့ပတ်သက်တဲ့ စေခိုင်းသူကို ဖော်ထုတ်ရမှာက ရဲတပ်ဖွဲ့ရဲ့ တာဝန်ပါ။ စေခိုင်းသူမှာ အနိုင်ရကိုယ်စားလှယ်ဖြစ်နေပါက မတရားပြုကျင့်မှုမြောက်၍ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရမည် သာ စေခိုင်းသူမှာ အခြားမည်သူပင်ဖြစ်နေပါစေ ပါတီတစ်ခုခုက စေခိုင်းကြောင်းပေါ်ပေါက်လျှင် ပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်နေပါလျှင် အဆိုပါ ပါတီကို ဖျက်သိမ်းပြီး ပါတီက တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူမှာပါ။
ရွေးကောက်ပွဲမသမာမှုများကို ဖော်ထုတ်တရားစွဲဆိုရမည့်တာဝန်ဟာ ရဲတပ်ဖွဲ့ရဲ့တာဝန် လုံးလုံးလျားလျားဖြစ်နေပါပြီ။ အမှုနဲ့ နာမည်ဖျက်ခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့နာမည် အဖတ်ဆည်နိုင်အောင် ကြိုးစားရပေတော့မည်။ ရဲတပ်ဖွဲ့ရဲ့အကြီးအကဲက ရဲချုပ်။ ရဲချုပ်အပေါ်မှာ ပြည်ထဲရေးဝန်ကြီး ဆင့်ကဲဆင့်ကဲ တာဝန်ရှိနေသလို အခြေခံဥပဒေပုဒ်မ (၂၀) ပုဒ်မခွဲ(ဂ)ပါ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်” ဆိုတဲ့ ပြဌာန်းချက်အရ ကာချုပ်မှာလည်း ရွေးကောက်ပွဲမသမာမှုများကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ရှိနေတယ်ဆိုတာ သတိပြုကြပါ။ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ စသုံးလုံးဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနရှိနေသလို ကာချုပ်အောက်မှာ စရဖဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့ရှိနေတာ ကာချုပ်ရဲ့ စီမံခန့်ခွဲမှု ပြည်ထဲရေးဝန်ကြီးရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ရဲအရေးပိုင်နေတဲ့ ရွေးကောက်ပွဲမဲမသမာမှုတွေကို ပူးပေါင်းစုံစမ်း စစ်ဆေးဖော်ထုတ်ပေးသင့်နေတာပါ။

အဲ့ဒီလိုသာ ပူးပေါင်းစုံစမ်းစစ်ဆေးမှုများ မလုပ်ပါက မဲမသမာမှုတွေရဲ့ အဓိက စေခိုင်းမှုများက လွတ်မြောက်နေကာ နိုင်ငံတော်လုံခြုံရေးစည်းတွေကို လွှတ်တော်နဲ့ အစိုးရ ဟန်ချက်ညီ ချိုးဖောက်ကြမယ့်အပြင် နိုင်ငံဂုဏ်ဒြပ် စစ်တပ်ဖွဲ့ကိုပါ အင်အားချည့်နဲ့အောင် လုပ်ကြဆိုတာ အမျိုးသားရေးကို နားလည်သူတိုင်း သိမြင်နေကြပါပြီ။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်က အလုပ်ရဲတာမရှိဘူးလို့ဆိုတဲ့ကာချုပ် အနေနဲ့ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေအတွက် ဘာလုပ်ပါမည်လဲ…..?

ရဲချုပ်ဆိုသူရော ဘာလုပ်ပါမည်လဲ…? ပြည်ထဲရေးဝန်ကြီးဆိုသူရော ဘာလုပ်ပါမည်လဲ….? နိုင်ငံတော်အပေါ် သစ္စာမစောင့်တဲ့ အစိုးရအပေါ်မှာ သစ္စာစောင့်နေကြမှာလား….? နိုင်ငံတော်အပေါ်မှာ သစ္စာစောင့်မှာလား….? ဝန်ကြီးဖြစ်နေလို့ စစ်သူကြီးချုပ်ဖြစ်နေလို့ မင်းလိုလိုက်မင်းကြိုက်ဆောင်မယ် ဆိုရင်တော့ “ကျွန်ုပ်အားလှံဖြင့်ထိုး၍ သေရခြင်းကားမြတ်ပါ၏။ နေရာတိုင်းတွင် မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှု ဖြစ်ပွားလာပါက နိုင်ငံတော် ပျက်စီးခြင်းရောက်လေမည် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုးမနပ်…” ဆိုတဲ့ ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ စိတ်ထားနဲ့ ပြောစကားကို အတုယူလိုက်ပါ။
ထိုကဲ့သို့ မဆောင်ရွက်နိုင်ရင်တော့ မသမာမှုစေခိုင်းသူများက လွတ်မြောက်နေရုံမက နိုင်ငံတော် လုံခြုံရေးခြိမ်းခြောက်ခံရမှုတွေအပြင် နိုင်ငံဂုဏ်ဒြပ် စစ်တပ်ဖွဲ့ကိုပါ ဖြိုခွဲခံရမယ့်အရေးပါ ရင်ဆိုင်နေရလိမ့်မယ်ဆိုတာ…..။

Credit Myochit Maung

၂၀၂၀ ရွေးကောက်ပွဲ Results တွေကို တိုက်ရိုက်ကြည့်ရှုရန် နောက်ထပ် Link တစ်ခုပါ ယခု Link မှာတော့ မြေပုံနှင့်တကွ ဖော်‌ပြပေးန...
08/11/2020

၂၀၂၀ ရွေးကောက်ပွဲ Results တွေကို
တိုက်ရိုက်ကြည့်ရှုရန် နောက်ထပ် Link တစ်ခုပါ
ယခု Link မှာတော့ မြေပုံနှင့်တကွ ဖော်‌ပြပေးနေတာဖြစ်ပါတယ်
https://mmelection2020.glitch.me/

05/11/2020

ခေါင်းဆောင်မှုကို နှိုင်းယှဉ်ခြင်း (ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်)

Trends in Myanmar ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလ နောက်ဆုံးတင်ဆက်မှုအဖြစ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုကို ကျွန်တော်တို့ နှိုင်းယှဉ်သွားပါမယ်။

Trends in Myanmar ရဲ့ ရည်ရွယ်ချက်က မတူတဲ့အမြင်တွေကို နားထောင်ဖို့၊ မတူတဲ့ရှု့ထောင်တွေကို လက်ခံဆွေးနွေးဖို့ပါ။ ဒီရည်ရွယ်ချက်နဲ့ အခုအပတ်ခေါင်းစဉ်ကို တင်ဆက်ပါတယ်။

ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့သူတွေက
▪️ ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဟောင်း

▪️ ဦးမျိုးရန်နောင်သိန်း
အမှူဆောင်ဒါရိုက်တာ၊ ဗေဒါအင်စတီကျူ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုသုတေသနမှူးဟောင်း တို့ ဖြစ်ပါတယ်။

Trends in Myanmar သည် ဘက်မလိုက်ဘဲ၊ ဗဟုဝါဒကိုယုံကြည်တဲ့ စကားဝိုင်းဆွေးနွေးပွဲဖြစ်တာကြောင့် panelists နှစ်ဦးစလုံးကို တူညီတဲ့အချိန်နဲ့ တူညီတဲ့မေးခွန်းတွေကို မေးမြန်းသွားပါမယ်။

ဦးရဲထွဋ်နဲ့ ဦးမျိုးရန်နှောင်သိန်းတို့အတွက် မေးခွန်းတွေရှိရင် ကောမန့်မှာ မေးပေးခဲ့ပါ။ ကျွန်တော် အချိန်ရရင်ရသလို မေးပေးပါမယ်။

နေယံဦး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကမာရွတ်မြို့နယ်၊ ပြည်သူ့ပါတီ



ပြင်းပြင်းထန်ထန် အရေးယူပေးပါ=======================ဝိုင်းမော်မြို့၊ အမှတ် (၄)ရပ်ကွက် မဲရုံ ကြိုတင်မဲပုံးကို NLD မဲရုံကို...
03/11/2020

ပြင်းပြင်းထန်ထန် အရေးယူပေးပါ
=======================

ဝိုင်းမော်မြို့၊ အမှတ် (၄)ရပ်ကွက် မဲရုံ ကြိုတင်မဲပုံးကို NLD မဲရုံကိုယ်စားလှယ်က ဖွင့်ဖောက်လိုက်တယ်လို့
ဖတ်လိုက်ရပါတယ်။

ဒီလိုလုပ်ရပ်က မဲလိမ်လည်မှုအပြင်၊ ၅၉(င)နှင့် ငြိစွန်းပြီး ထိထိရောက်ရောက်အရေးယူသင့်တယ်။
ဒီလိုအလားတူ ကိစ္စမျိုးတွေကိုလဲ နေရာတိုင်း ကြိုတင်မဲတွေ ဖွင့်ဖောက်တာ ကြားနေရတယ်။
ဒါကြောင့် စံနမူနာပြ ထိထိရောက်ရောက် အရေးယူပါ။

ဒီလို လုပ်ရပ်မျိုးက ဖွဲ့စည်းပုံပါ
‘အခန်း(၁၃) ပြစ်မှုနဲ့ ပြစ်ဒဏ်အခန်းမှာ ဒါတွေလုပ်ရင် ပြစ်ဒဏ်ကျတယ်လို့ရေးထားတယ်။
ဒါကို သိသိနဲ့ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ယူဆရတယ်။
ဒါကြောင့် ထိထိရောက်ရောက် အရေးယူပေးပါ။ ကလိမ်ကကျစ်လုပ်ရပ်တွေ၊ မဲခိုးတဲ့ လုပ်ရပ်တွေ နောင်မလုပ်ရဲအောင်
နောက်ထပ် နေရာတွေမှာ မဖြစ်အောင် NLD အစိုးရအနေနဲ့ ကိုယ့်လူကိုယ် ညှာတာမှုမရှိဘဲ အရေးယူပါ။
အကယ်၍ မျက်ကွယ်ပြုလိုက်မယ်ဆိုရင် ..
NLD အစိုးရအနေနဲ့ ရွေးကော် အနေနဲ့ ပူးပေါင်းကြံစည်မှု ဖြစ်ပါလိမ့်မယ်။

ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များအရ
ပုဒ်မ ၅၉ (င) တွင် အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲဖွင့်ခြင်း (သို့မဟုတ်)ဆန္ဒမဲလက်မှတ် (သို့မဟုတ်) ကြိုတင်ဆန္ဒမဲလက် မှတ်ကို ဖျက်ဆီးခြင်း လုပ်ဆောင်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပါတယ်။

ဒါကြောင့် ပြင်းပြင်းထန်ထန် အရေးယူပေးပါ။
မဲသူခိုးများ၊ ပူးပေါင်းကြုစည်မှုများကို ဖော်ထုတ်အရေးယူကြပါစို့ ။ ။

" ပြည်သူ "

03/11/2020
 #လျစ်လျူမရှုသင့်တဲ့ ခေါင်းကိုက်ခြင်း (၆) မျိုး=============================အခုဖော်ပြမဲ့ ခေါင်းကိုက်ပုံကိုက်နည်းများဖြစ်...
02/11/2020

#လျစ်လျူမရှုသင့်တဲ့ ခေါင်းကိုက်ခြင်း (၆) မျိုး
=============================
အခုဖော်ပြမဲ့ ခေါင်းကိုက်ပုံကိုက်နည်းများဖြစ်ရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ သေချာပြသကုသလိုက်ပါနော်။
ခါတိုင်း ခေါင်းကိုက်နေကျ ပုံစံမျိုးနှင့် မတူဘဲ ထူးခြားစွာခေါင်းကိုက်ခြင်း (သို့) နာရီပေါင်း၊ ရက်ပေါင်းများစွာ ဆက်တိုက်ခေါင်းကိုက်နေခြင်း။

ရုတ်တရက်ချက်ချင်း ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ခေါင်းကွဲထွက်မတတ် ကိုက်ခြင်း (Thunderclap Headache)

ရုတ်တရက် လည်ချောင်းနာရာမှ ဆက်၍ ခေါင်းကိုက်ခြင်း၊နားပြည်ယိုရာမှခေါင်းကိုက်ခြင်း၊ အဆုတ်ရောင်၊ချောင်းဆိုးဖြစ်ရာမှ ခေါင်းကိုက်ခြင်း၊
(* ဤသို့သော ခေါင်းကိုက်ခြင်းများသည် ဇက်ကျောတောင့်ခြင်းနှင့်လည်းကောင်း၊ ဖျားခြင်း၊ အန်ခြင်းနှင့် လည်းကောင်း အတူဖြစ်တတ်သည်။)

ဦးခေါင်းထိခိုက်မိပြီးနောက် ခေါင်းကိုက်ခြင်း၊
(* ဦးခေါင်းကို ပြင်းထန်စွာထိမှ မဟုတ်ပါ။ သာမန်လိမ့်ကျရုံ၊ လဲကျရုံ၊ ဆောင့်မိရုံမျှဖြင့်ပင် နောက်ဆက်တွဲခေါင်းကိုက်တတ်သည်။)

ကာလကြာ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
(* ချောင်းဆိုးလျှင်၊ ရယ်လျှင်၊ သန်းဝေလျှင်၊ ရုတ်တရက် ခေါင်းလှုပ်ရှားလျှင် ပိုဆိုးတတ်သည်။)

စကားပြောမပီခြင်း၊ မျက်စိကောင်းစွာမမြင်ခြင်း၊ မှုန်ခြင်း၊ အားနည်းခြင်း၊ မှတ်ဉာဏ်မရှိတော့ခြင်း နှင့်အတူ ဖြစ်သောခေါင်းကိုက်ခြင်း။

သတိထားစေလိုပါသည် ။

“တိုင်းပြည်ကျက်သရေနှင့်ပြည့်စုံပါစေ”(29.10.2020 ရက်နေ့ သြဝါဒကထာ) =================================ဒီကနေ့ တပ်မတော် ကာကွယ်...
31/10/2020

“တိုင်းပြည်ကျက်သရေနှင့်ပြည့်စုံပါစေ”
(29.10.2020 ရက်နေ့ သြဝါဒကထာ)
=================================

ဒီကနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ
အမှူးရှိသော တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုဝင်များက သီတင်းကျွတ်
လာရောက်ကန်တော့တဲ့ပွဲမှာ ဘုန်းကြီးအနေနဲ့ စကားနည်းနည်းပြောမယ်။
တိုင်းပြည်နဲ့ တိုင်းပြည်မှာနေကြတဲ့ လူသားတွေ အားလုံးကျက်သရေရှိရှိ
နေကြထိုင်ကြစေချင်တယ်လို့
ဘုန်းကြီးတို့ ဒီစကားတစ်ခွန်းတိုက်တွန်းပါရစေ။
ကျက်သရေဆိုတဲ့ စကားဟာ
သိရီ-ဆိုတဲ့ ပုဒ်ကို သုံးထားတာ။ သိရီ- ပါဠိစကား။
အဲ့ဒါကို ဘာသာပြန်တော့ ဗမာလို
ကျက်သရေ-လို့ ပြောတယ်။ သရေ-ဆိုတဲ့ စကားဟာ
သိရီ-က ပြောင်းလာတာလို့ ဆိုရင် ဒါတော်တော်အဆင်ပြေတယ်။
ရှေ့က ကျက်-က ပါနေတယ်။ ဒကာကြီးတွေ ဘယ်လို စဉ်းစားမိလဲ?

ကျက်က ဘာဖြစ်လို့ ဒီထဲ ပါနေတာလဲ? အဲ့ဒီတော့ ကြက်မှာ
ကျက်သရေရှိတယ်ဆိုတဲ့ အကြောင်းကို သိရီ-ဇာတ်ဆိုပြီးတော့
မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ ဒကာကြီးတို့ နာရခဲတယ်။
ဒါ ဒီ Story လေးကို ဘုန်းကြီးတို့ တိုတိုလေးပြောမယ်။
ထင်းခွေသမားတစ်ယောက်
ထင်းခွေလို့ ပြန်လာ ရာဇဂြိုဟ်မှာ နောက်ကျပြီးမှ
မြို့ပေါက်ရောက်တယ်။ မြို့တံခါးပိတ်သွားတယ်။ အဲ့ဒါနဲ့ မြို့တံခါးပေါက်နားက
နတ်စင်ဘေးနားမှာ အိပ်တယ်။
နတ်စင်နားက သစ်ပင်တွေမှာ ကြက်တွေ အိပ်နေတာ
အများကြီး။
အပေါ်က ကြက်တစ်ကောင်က
ချီးယိုချတယ်။ အောက်က ကြက်အပေါ်ကို ကျတာ။
အောက်က ကြက်က စိတ်ဆိုးသွားတယ်။ မခံနိုင်ကြတာတွေနော်။
ဟိုကောင်ကလည်း တမင်ယိုချတာတော့ မဟုတ်ဘူး။
အစကတည်းကိုက လွတ်ချင်ရင် အထက်အောက်
မအိပ်ပဲနဲ့ ခွဲအိပ်ပေါ့။ ပြောရမယ်ဆိုရင်ပေါ့လေ။
စာထဲတော့ ဒီလောက် မပြောပါဘူး။
အပေါ်ကြက်က ယိုချတဲ့ အီး အောက်ကြက်ပေါ်ကျတယ်။

အောက်က ကြက်က အပေါ်ကြက်ကို လှမ်းပြီး ဟိန်းဟောက်တယ်။
မခံမရပ်နိုင်တွေ အဲ့ဒီတော့ အောက်ကကောင်ကလည်း မာန်ထောင်တယ်။
သူ့ရှိတဲ့ အစွမ်း ဘာပြောလဲဆိုတော့ “ငါ့ကို မင်းတို့ မထီလေးစားမလုပ်နဲ့
ငါဘာကောင်မှတ်လို့လည်း ငါရဲ့အသားကို စားရရင် အဲ့ဒီ ပုဂ္ဂိုလ်ဟာ တစ်နေ့ တစ်နေ့ အသပြာတစ်ထောင်ရမယ်။”
အောက်က ကြက်က ပြောလိုက်တာ။

အပေါ်ကြက်ကလည်း ပြောလိုက်တယ်
“မင်းက ဘုန်းကျက်သရေရှိတယ်လို့
ဘယ်လောက်ပဲပြောနေနေ၊ မင်းက
တစ်ထောင်ပဲ ရမယ်။” အပေါ်ကြက်ပြောတယ်။
“ငါ့အသားကို အတွင်းသားများ စားရရင်
အဲ့ဒီလူ ဘုရင်ဖြစ်မယ်။ အပြင်သားများ စားရရင်
မိန်းမဆိုရင် မိဖုရား၊ ယောကျ်ားဆိုရင်
စစ်သူကြီးဖြစ်မယ်။ အရိုးကပ်နေတဲ့ အသားလေးများ
စားရ ကိုက်ရရင် အဲ့ဒီ ပုဂ္ဂိုလ်ဟာ
မင်း(ဘုရင်)-တို့ရဲ့ ဆရာဖြစ်မယ်။ ” အဲ့ဒါပြောတာ။
အပေါ်ကြက်ကပြောတာ။

အဲ့ဒီ ကြက်နှစ်ကောင်ပြောနေတဲ့
စကားတွေ အကုန်လုံးကို ဘယ်သူကြားလဲ
ဒကာကြီးတွေ ထင်းခွေသမား ကြားတယ်။
လုံခြုံတဲ့နေရာ ဘယ်မှာလဲ? ဒကာကြီးတို့
ကျယ်ပြန့်စွာ စဉ်းစားလို့ရတယ်။
ဒီနှစ်ကောင် အထက်အောက် နေပြီး ဘာဖြစ်လို့
မာန်ထောင်နေကြတာလဲ? မာန်ထောင်ပြီးတော့
တစ်ကောင်က တစ်ကောင်ကို
ကြိမ်းမောင်း၍နေခြင်းဟာ ပြောလို့ မကောင်းဘူး
မတော်ရာ လှန်ပြသလို ဖြစ်နေတယ်။
ဘုန်းကြီးတို့ ဇာတ်တစ်ခုမှာ
မြတ်စွာဘုရားက သာကီဝင်တွေ ရန်ဖြစ်တော့
အဲ့ဒီနေရာမှာ ပြောတယ်။ မင်းတို့တွေ ရန်မဖြစ်ကြနဲ့။
သာကီဝင်တွေကလည်း
ကောလိဝင်တွေ ကို ဆဲတယ်။
ကောလိဝင်တွေကလည်း သာကီဝင်တွေကို ဆဲ။
ရောဟနီမြစ်မှာ ရေလုတဲ့ ကိစ္စမှာလေ။
ဘုန်းကြီးတို့ အသေးစိပ်ဟောထားတယ် နာဖြစ်အောင် နာကြ။

ကောလိယမင်းတွေက သာကီဝင်တွေကို ဘာဆဲလဲ?
“မင်းတို့ကလည်း
မျိုးချစ်စိတ်အကြောင်းပြပြီးတော့ မောင်နှမချင်းတောင်
လက်ထပ်တဲ့အကောင်တွေ
အမျိုးပျက်မှာ ကြောက်လို့။ တိရစ္ဆာန်လိုပဲ။”
သာကီတွေကလည်း ကောလိဝင်တွေကို
ဘာပြန်ပြောလဲ? “မင်းတို့ ကောလိဝင်လူမျိုးတွေ ကောလိယတိုင်းသားက
ကလောတောထဲမှာ နေတဲ့ ကလောသီး
ကလောဆံစားလို့ အနူပျောက်လာတာ
အနူမျိုးတွေ။ ” လွန်လေပြီးသော
မင်းဆက်ပေါင်း ၈-သောင်း ၂-ထောင်တုန်းက၊
အချင်းချင်းအပြန်အလှန် လှည့်ပတ်ပြီးတော့ အိမ်ထောင်ပြုလာကြတာ
ဆွေးရင်းမျိုးရင်းတွေပဲ။ အခုတော့ ရေအကြောင်းပြု ရန်ဖြစ်ပြီးတော့
အပြန်အလှန် ဆဲကြတာ။ ဘုရားက အဲ့ဒီနေရာမှာ ဟောတော်မူတဲ့ဇာတ် ၅-ဇာတ် ရှိတယ်။

တစ်လုံးပဲ ပြောမယ် “သိပ်ဆဲမနေကြနဲ့တဲ့။” ၊
မင်းတို့ အချင်းချင်း ဆဲနေတာဟာ
ဒေါင်း က-သလိုဖြစ်နေပြီ။ ဒေါင်းကရင် ဘယ်လို နေလဲ?
အမြီးတွေထောင်ပြီးတော့ က-တာ။
ရှေ့ကြည့်ရင် သိပ်လှတယ်။
နောက်ကကြည့်ရင် ဘာကြီးပေါ်နေသလဲ?
မဆဲကြနဲ့။
အခုလည်းပဲ ကြက်နှစ်ကောင်
အပြန်အလှန်ဆဲကြတာ။ ရန်ပြုပြီးတော့
အန်တုပြီးတော့ မာန်ထောင်ပြီးတော့
ပြိုင်ကြတာ ထင်းခွေသမားက သတင်းရတယ်။
ထင်းခွေသမားက ကြက်တက်ရိုက်တာပေါ့ဗျ။ ဘယ်ကြက်ရိုက်သလဲ? အောက်ကြက်ကို
ရိုက်ရင် ဘယ်လောက်ပဲ ရမလဲ? တစ်နေ့
တစ်ထောင်ပဲ ရမယ်။ အထက်ကြက် တက်ရိုက်မှာပေါ့။
အဲ့ဒါ အထက်က ကြက်ကို
တက်ရိုက်ပြီးတော့ တိုအောင်ပြော အိမ်ပြန်တယ်။
အဲ့ဒီကြက်သားကို မိန်းမပေးပြီးတော့
ချက်ခိုင်း။ ဒါပေမယ့် အဲ့ဒီ ထင်းခွေသမားက
ရသေ့တစ်ယောက်ကို ကိုးကွယ်ထားတယ်။
ရသေ့က ဒိဗ္ဗစက္ခု အဘိညာဏ်ရတယ်။
Divine Eyes ပေါ့။ အဝေးကို မြင်ချင်သလောက် မြင်လို့ရတယ်။
ထင်းခွေသမားက “မိန်းမရေ အဲ့ဒီကြက်ကို ချက်၊ ဒို့ ဘုရင်ဖြစ်မယ့်
ကိန်းတော့ ရောက်ပြီ”။
ဘာသား စားမလဲ? အတွင်းသား စားရင် ဘုရင် ဖြစ်မယ်။
အပြင်သားစားရင် မိန်းမဆိုရင် မိဖုရား၊
ယောက်ျားဆိုရင် -စစ်သူကြီး၊ အရိုးကပ်နေတဲ့
အသားစားရင် မင်း-ဆရာဖြစ်မယ်။
အဲ့ဒါကို ဒိဗ္ဗစက္ခု ရသေ့က အကုန်ကြားထားတယ်။

ထင်းခွေသမားက မိန်းမကို
ချက်ခိုင်း ချက်လို့လည်း ပြီးရော၊ မနက်ကြတော့
မစားသေးဘူး လုပ်ပုံက။ နည်းနည်း
ဟန်ကြီး ပန်ကြီး လုပ်တာ။ ဒီတိုင်း အိမ်ထဲမှ
ာ တံခါးပိတ် တိုးတိုးတိတ်တိတ်
စားရမယ်ကိစ္စ ဘာသွားလုပ်လဲဆိုတော့ မြစ်ဆိပ်ယူခဲ့တဲ့။
ဒို့နှစ်ယောက် ရေမိုးချိုး နံ့သာလိမ်းပြီးမှ စားမယ်။ ဒါကတော့ ဟန်လုပ်တာ။
အဲ့ဒီမှာ လေမုန်တိုင်းကျတယ်။ ကြက်သားခွက် မျောသွားတယ်။
ထင်းခွေသမား မစားလိုက်ရဘူး။ မြစ်အောက်ဘက်နားမှာ ဆင်ရေချိုးနေတဲ့ လူတစ်ယောက်ရှိတယ်။
မင်းနန်းတော်က ဆင်ဦးစီး စစ်တိုက်တဲ့နေရာမှာ သုံးတဲ့ဆင်၊
ဘုရင်က ရေချိုးခိုင်းလို့ ရေချိုးပေးနေတုန်း မြစ်ထဲမှာ ခွက်ကြီး မျောလာတာ။

ဆင်ရေချိုးပေးတဲ့သူက ကောက်ပြီး
ဖွင့်လိုက်ရော ကြက်သားဟင်းတွေ ပူပူနွေးနွေး
ဖြစ်နေတာ။ ကြက်တကယ် ရိုက်ခဲ့တဲ့သူက ကြက်သား မစားလိုက်ရဘူး။
ဘာဖြစ်လို့လဲ ဟိတ်ဟန်တွေ
လုပ်လွန်းလို့ ရေမိုးချိုး နံ့သာလိမ်းပြီးမှ စားမယ်ကိုးဗျ။
ပြောစရာတွေ အများကြီးပါပဲ။ ဆင်ရေချိုးတဲ့သူ ရသွားတယ်။
ဆင်ရေချိုးတဲ့သူက အဲ့ဒီ
ကြက်သားအုဋ်ကို ယူသွားပြီး အိမ်ပြန်သွားတယ်။
ဒိဗ္ဗစက္ခုရသေ့က ဆင်ထိန်းအိမ်မှာ
စောင့်နေတယ်။ ဆင်ထိန်းက ဟာ ဦးဦးဖြားဖြား
ကြက်သား ရသေ့ကပ်မယ်ဆိုပြီးတော့ ရသေ့က သိနေတယ်။
ရော့ဆင်ဦးစီး မင်းက အတွင်းသား စား။
ရင်ပုံသား ပေါင်သားကို မင်းမိန်းမကျွေး။
ငါ့တော့ အရိုးကပ်နေတဲ့ အသားပေး။
ဒိဗ္ဗစက္ခု ရသေ့က စီမံချက် သေချာ ချတာ။

အဲ့ဒီနောက် ၇-ရက် မကြာဘူး။
စစ်ဖြစ်တယ်။ အိမ်နီးချင်း တိုင်းပြည်တစ်ပြည်က
သူ့တိုင်းပြည် ကို ကျူးကျော်စစ် ဝင်လာတယ်။ ဘုရင်က
မင်းမြောက်တန်ဆာ ငါးပါးဝတ်ပြီးတော့
ဆင်ပေါ်မှာ မထိုင်ဘူး။ ဘုရင်က ဆင်ဦးစီး
အဝတ်ဝတ်ပြီးတော့ ဆင်ကို လည်ပင်းခွစီးပြီး၊ ဆင်ဦးစီးကို
မင်းမြောက်တန်ဆာငါးပါး ဆင်ပေးလိုက်ပြီး ထိုင်ခိုင်းတာ။
ဒါဆိုရင် ဘုရင် ဘာကြံထားလဲ သိလား?
စစ်တိုက်ရင် လေးတွေ မြားတွေ ပစ်မယ်။
ပစ်ရင် ဘုရင်ကိုပဲ ပစ်မှာမို့လား? ဆင်ဦးစီး ပစ်ခံရအောင်လို့ လုပ်တာ။
သူက လွတ်ရာ လွတ်ကြောင်း ကြံလိုက်တာ။
အဲ့ဒီ စစ်ပွဲ ကြတော့မှ ဆင်ဦးစီးကို
ဟိုက ပစ်ချတာ။ ဘုရင်သေရော။ ဆင်ဦးစီး
Automatic မင်းမြောက်တန်ဆာငါးပါး ဆင်ပြီးသားဖြစ်နေတာ။

ဟာ ဘုရင်ကြီးတော့ ကျသွားပြီး ငါ ကြိုတ်မှိတ်တိုက်မှပဲဆိုပြီး ချတာ
တိုက်ပွဲက နိုင်သွားတယ်။ တိုအောင် ချုံးလိုက်တော့ ဆင်ဦးစီး ဘာဖြစ်လဲ?
ဘုရင်ဖြစ်တယ်။ ဆင်ဦးစီးရဲ့ မိန်းမက မိဖုရားခေါင်ကြီးဖြစ်တယ်။
ဒိဗ္ဗစက္ခုရသေ့က ဘာဖြစ်လဲ? မင်း-ဆရာဖြစ်တယ်။ အဲ့ဒီ ဇာတ်တော်က
စပြီးတော့ ကျက်သရေ ကျက်သရေလို့ ပြောကြတာ။
အဲ့ဒီတော့ရင် အားလုံးသော
ဘုန်းကြီးတို့ ကာကွယ်ရေးဦးစီးချုပ်အမှူးရှိတဲ့
ဒကာကြီးတွေ ကျက်သရေ ဒီပါဠိပုဒ်က
ဘာတဲ့ မြန်မာစကား၊ ပါဠိပုဒ်က သိရီ-နော်။
သိရီ-ဆိုတဲ့ ပုဒ်ရဲ့ Research ကို ဘုန်းကြီး မနေ့ကမှ ပြုစုထားတာ။
သိရီ- ဆိုတာ ဘာပြောသလဲဆိုတော့ Splendor- ခန့်ငြားထည်ဝါတယ်။
Beauty- လှပတယ်။ Luck- ကံကောင်းတယ်။ Glory- ကျက်သရေရှိတယ်။
Majesty- သြဇာအာဏာ ကြီးမားတယ်။
Prosperity- ပစ္စည်းဥစ္စာ ကြွယ်ဝတာ။

အဲ့ဒါ သိရီ-ရဲ့ အဓိပ္ပာယ်တွေကို ဘုန်းကြီးတို့ အဘိဓာန်က
အင်္ဂလိပ်လို ပြောတာ အဲ့ဒီ စာလုံးတွေနဲ့ ပြောတာ။ ဒီတော့့ရင်
အားလုံး ကျက်သရေရှိရှိ နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေနဲ့
တိုင်းသူပြည်သားတွေအားလုံး တိုင်းပြည်ကို ကျက်သရေ
ရှိရှိ အုပ်ချုပ်နိုင်ကြပါစေ။
တိုင်းသူပြည်သားတွေလည်း ကျက်သရေရှိရှိနေနိုင်ကြပါစေ
ဆိုတဲ့ ဒီအပိုင်းမှာ- ဘုန်းကြီးတို့
ဘုရားအလောင်းတော် ရသေ့ကြီး သရဘင်္ဂ။
ရှည်လွန်းလို့ တိုတိုပဲ ပြောပါရစေ။

သရင်္ဘဂရသေ့ကြီး တပည့်ရသေ့ကြီ
း ၇- ယောက်နဲ့။ ကောဒဝတီ-မြစ်ကမ်းမှာ နေတယ်။
အိန္ဒိယပြည်ကြီးရဲ့ အရှေ့အလယ်ပိုင်း
သြရိဿပြည်နယ်ထဲမှာ ဘုန်းကြီးတို့ မြေပုံကို
ရှာကြည့်တော့ ကောဒဝတီ-မြစ်ကို တွေ့တယ်။ အဲ့ဒီမှာ နေတာ။ ရသေ့ကြီးရဲ့
တပည့် ၇-ယောက်ထဲက ရသေ့တစ်ယောက်၊
၇ -ယောက်စလုံး မပြောတော့ဘူး တစ်ယောက်ပဲ။
ကိသဝစ္စရသေ့။ ဆရာကြီးက ခေတ်လိုပြောရင် တပည့်ကြီး ၇-ယောက်ကို
ကျောင်းခွဲကြဆိုတဲ့ သဘောမျိုး ဇမ္ဗူဒီပခေါ်တဲ့ အိန္ဒိယပြည်ကြီးကို
ဖြန့်ပြီးတော့ ကျောင်းတွေခွဲပြီးတော့ နေခိုင်းတာ။

ကိသဝစ္စ ရှင်ရသေ့က
ဘယ်မှာ တာဝန်ကျသလဲဆိုတော့ ကာလိင်္ဂ- တိုင်းမှာ
တာဝန်ကျတယ်။ ဒီတော့ သူက ကာလိင်္ဂ-တိုင်းမှာ သွားနေတယ်။
သူက ဆံပင် မုတ်ဆိတ် နှာခမ်းမွေး ရင်ဘတ်မွေး ဘာညာ ဘာမ မရိတ်ပဲ
ဆံကျစ်ကြီးနဲ့ နေတဲ့ ရသေ့။ ကိသ-ဆိုတာက ပိန်ချုံးနေတဲ့ ရသေ့။
ဇာတ်တော်ရဲ့ အကျယ်မှာပြောရင်တော့ သူက အရှင် မောဂ္ဂလာန်အလောင်း။
ကာလိင်္ဂမင်းရဲ့ မင်းဥယျာဉ်ထဲမှ
ာ နေနေတာ။ ကာလိင်္ဂမင်းက ခန့်ထားတဲ့
မင်းမှုထမ်းတွေ အများကြီးထဲက
ရှေးခေတ်က ပြည့်တန်ဆာကိုလည်းပဲ ဘုရင်က
တရားဝင်ခန့်တာကိုး။ ပြည့်တန်ဆာမကို
တစ်ခုသော အပြစ်ရှိလို့ ရာထူးက ဖြုတ်ချပြီးတော့
နန်းတော်ကနေ နှင်ချလိုက်တာ။
အဲ့ဒီ ပြည့်တန်ဆာက စိတ်ညစ်ညစ်နဲ့
ဥယျာဉ်ထဲသွားထိုင် အလွန်ညစ်ပတ်
ပေကျံနေတဲ့ ရသေ့တွေ့တော့ ရသေ့ကို
တံတွေးနဲ့ ထွေးတယ်။ သွားတိုက် တန်ပူတွေနဲ့ ပစ်။
ကိသဝစ္စရသေ့ အဘိညာဏ်ရတယ်။
နောင်တစ်ချိန်ကျတော့ ဘုရင်က ဒီပြည့်တန်ဆာမကို
ပြန်ပြီး အမှတ်ရတယ်။ အမှတ်ရတော့ ဘယ်ရောက်သွားလဲ မေးတော့။
အမှုထမ်းတွေက ဘုရင်ကြီး ဖြုတ်လိုက်လို့ ပြုတ်သွားပြီ။ အဲ့ဒီမှာ ဘုရင်က - ဟာ ပြန်ခန့်။

ဆိုတော့ ပြည့်တန်ဆာမက ရာထူးပြန်ရ။ အဲ့ဒီမှာ ရာထူး ပြုတ်တဲ့
ပြုတ်တဲ့သူတွေက အဲ့ဒီ ပြည့်တန်ဆာမ သွားပြီး ချဉ်းကပ်တာ။ မင်း ဘယ်လို
လုပ်ပြီး ရာထူး ပြန်ရတာလဲ-ဆိုတော့။
ပြည့်တန်ဆာမက ပြောတယ်။ ရသေ့ကို တံတွေးနဲ့ထွေးလို့။
ဟာမကောင်းမှုကြီးကို ကောင်းမှုထင်နေတာ။
အဲ့ဒါနဲ့ ပြုတ်သွားတဲ့ ဝန်ကြီးတစ်ပါးကလည်း သွားထွေး။
ပြုတ်သွားတဲ့ စစ်သူကြီးက သွားထွေး။
ရသေ့ကြီး တစ်ကိုယ်လုံး တံတွေးကြီးပဲ။
ထွေးတိုင်းလည်း ရထူးတွေ ပြန်ပြန်ရကြတယ်။
နောက်ကြတော့ ဘာဖြစ်လဲလို့ဆိုတော့
တိုတိုချုံးတော့ အဲ့ဒီ တိုင်းပြည်မှာ မိုးကြီး ကိုးမျိုးရွာတယ်။

ပကတိမိုးနဲ့ သဲမိုးတို့ ပြာပူမိုးတို့
မီးကျီးခဲမိုးတို့ မိုးကိုးမျိုးရွာပြီးတော့ တိုင်းပြည်ကြီး ပျက်သွားတာ။
အဲ့ဒီ တိုင်းပြည်မပျက်ခင်
မိုးကိုးမျိုး ရွာတော့မယ်ဆိုတာကို ကိသဝစ္စ- ရသေ့က သိတယ်။
အဲ့ဒါနဲ့ သူ့ကို ကြည်ညိုစည်းကပ်တဲ့သူတွေ
ကိုပြောတယ်။ မင်းတို့ တိုင်းပြည်က ထွက်ကြ။
မထွက်ရင် တိုင်းပြည်ပျက်တော့မယ်။ မိုးကိုးမျိုးရွာမယ်။
ဘာဖြစ်လို့လဲ? သူတော်ကောင်းရသေ့ကို
ပြစ်မှားလို့။ အဲ့ဒါနဲ့ တိုအောင် ချုံးလိုက်တော့
ခုနက ပြောထားတဲ့ သရဘင်္ဂ-ရသေ့ကြီးထံ
ကိသဝစ္စရှင်ရသေ့ ပြန်ရောက်သွားတယ်။

တိုင်းပြည်လည်း မိုးကိုးမျိုးရွာတယ်။ နောက်ဆုံး အလွန်ကြီးကျယ်တဲ့
ကျောက်တုံးကြီးတွေ မိုးကဲ့သို့ ရွာချပြီးတော့ မြို့ စိစိညက်ညက်ကြေသွားပြီဆိုမှ
နောက်ဆုံး သဲမိုးရွာ တစ်မြို့လုံး သဲဖုံးပြီး တိုင်းပြည်ပျက်ရော။

ပျက်တော့ ဘာဖြစ်သွားသလဲဆိုတော့ ဒီသတင်းကြားကြတော့ အဲ့ဒီ
ကာလိင်္ဂတိုင်းနားက တိုင်းပြည်တွေက
မင်းက ၄-ပါး၊ သိကြားမင်းအပါ မင်း ၅-ပါး။
ပေါင်းပြီးတော့ သရဘင်္ဂရသေ့ကြီးဆီ
သွားတယ်။ ပြီးတော့မှ အကြောင်းအကျိုး သွားမေးကြတာ။
သွားမေးတဲ့ မေးခွန်းတွေက ဒကာကြီးရေ ၇-ည ဟောလို့ မကုန်ဘူး။

ဘုန်းကြီးက တစ်လုံးပဲ ပြောမယ်။
သိကြားမင်းက သရဘင်္ဂ-ရသေ့ကို ဘာမေးလဲဆိုတော့
တိုင်းပြည် ဒီလောက်တောင် ပျက်စီးရတာ ဘာဖြစ်လို့လဲဆိုတဲ့ ေ
မးခွန်းတွေထဲက မေးခွန်းတစ်ခု - ကထံဝိဓံ သီလဝန္တိ ဝဒန္တိ ။
သိကြားမင်းက ရသေ့သူမြတ် အကျွနု်ပ်မေးပါတယ်။
နံပါတ်(၁)က - ကထံဝိဓံ သီလဝန္တံ
ဝဒန္တိ - ဘယ်ပုဂ္ဂိုလ်ကို သီလရှိတဲ့ပုဂ္ဂိုလ်လို့ ပြောမလဲ?

နံပါတ်(၂)က- ကထံဝိဓံ ပညဝန္တံ ဝဒန္တိ -
ဘယ်ပုဂ္ဂိုလ်ကို ပညာရှိပုဂ္ဂိုလ်လို့ ပြောမလဲ?

နံပါတ်(၃)က- ကထံဝိဓံ သပ္ပုရိသံ ဝဒန္တိ -
ဘယ်လိုလူကို သူတော်ကောင်း ခေါ်မလဲ?
နံပါတ် (၄)က - ကထံဝိဓံ နော သိရိ နှော ဇဟာတီ-
ဘယ်လို ပုဂ္ဂိုလ်ဟာ သိရိ-ကို ရသလဲ?
ရထားတဲ့ သိရိ-ကို ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ မဆုံးရှုံးအောင် နေနိုင်သလဲ?

ဘယ်လိုလူက သီလရှိလဲ? ဘယ်လို လူက ပညာရှိလဲ?
ဘယ်လို လူက သူတော်ကောင်းလဲ? ဘယ်လို ပုဂ္ဂိုလ်ဟာ သိရိ-ကို ရသလဲ?
ရထားတဲ့ သိရိ-ကို ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ မဆုံးရှုံးအောင် နေနိုင်သလဲ?
ဒါမေးတာ။ အရေးကြီးတာက နံပါတ်(၄) ပဲ။

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါတော် ဘာညာ ဟုတ်လား?
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျက်သရေမင်္ဂလာရှိတဲ့ နိုင်ငံတော်ကြီး။
ဘာလဲ ကျက်သရေဆိုတာ။

အဲ့ဒီတော့ ဒီမှာ သရဘင်္ဂ-ရသေ့ရဲ့ အဖြေ (၄) ရပ်က
နံပါတ်(၁) ကထံဝိဓံ သီလဝန္တံ ဝဒန္တိ-
ကထံဝိဓံ -အဘယ်ကဲ့သို့သော် ပုဂ္ဂိုလ်ကို၊
သီလဝန္တိ- သီလရှိတဲ့ ပုဂ္ဂိုလ်ဟူ၍၊
ဝဒန္တိ- ဆိုကြကုန်သနည်း။

သရဘင်္ဂ-ရသေ့ကြီးက ဖြေတယ်။
ကာယေန ဝါစာယ စ ယောဓ သညတော။
မနသာ စ ကိဥ္စိ န ကရောတိ ပါပံ။
န အတ္တဟေတူ အလိကံ ဘဏေတိ။
တထာဝိဓံ သီလဝန္တံ ဝဒန္တိ။

သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ-
ကာယေန သညတော- ကိုယ်မှာလည်းပဲ မကောင်းမှု မပြုမိအောင်၊ စောင့်ရှောက်နေရမယ်။
ဝါစာယ သညတော- နှုတ်ကလည်းပဲ
မကောင်းတဲ့ စကားတွေ မပြောမိအောင် စောင့်ရှောက်နေရမယ်။
မနသာ စ ကိဥ္စိ န ကရောတိ ပါပံ။- စိတ်ကလည်းပဲ မကောင်းတဲ့ အတွေးတွေ
မတွေးမိအောင် စောင့်ထိန်းနေရမယ်။ တိုအောင်ပြော (၃) ချက်။
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး။ မကောင်းမှုကို မပြုမိအောင်၊ မပြောမိအောင်၊
မတွေးမိအောင် ထိန်းနေတဲ့ ပုဂ္ဂိုလ်ကို သီလရှိတဲ့ ပုဂ္ဂိုလ်ပဲ။

ဒါသရဘင်္ဂ- ရသေ့ကြီး ပြောတာ။
ကာလိင်္ဂတိုင်း မိုး(၉)မျိုး ရွာပြီး
ပျက်သွားတာ ကြည့်ပြီးတော့ မေးတာ။
နောက်
န အတ္တဟေတူ အလိကံ ဘဏေတိ။
န အတ္တဟေတူ၊ န အတ္တသုခဟေတ-
ကိုယ်ကျိုး ကိုယ့်စီးပွားတည်းဟူသော
အကြောင်းကြောင့်၊ န အလိကံ ဘဏေတိ-
မဟုတ်တရုတ်တွေ မပြောဘူး။
ငါ့အကျိုးရှိပြီးရော ဆိုပြီး မဟုတ်တာတွေ
လျှောက်ပြောရင် ဒီပုဂ္ဂိုလ်ကို သီလရှိတယ်လို့
မဆိုလို နိုင်ဘူး။ အဲ့ဒါ အားလုံး အရေးကြီးပါတယ်။
ငါ အကျိုးရှိပြီးရော- န အတ္တဟေတူ၊
အလိကံ ဘဏေတိ- ကိုယ်ကျိုး ကိုယ့်စီးပွားကြောင့် မဟုတ်တာတွေ မပြောနဲ့။
အဲ့ဒါမှ သီလရှိတယ် ခေါ်တာ။ ပါဏာတိပါတ ဝေဒါမဏိနဲ့ မလုံလောက်ဘူး။
အဲ့ဒီတော့ တထာဝိဓံ သီလဝန္တံ ဝဒန္တိ။ ဒီလေးချက်နဲ့ သီလရှိတဲ့သူကို ပြောပါတယ်။

နံပါတ်(၁) ကိုယ်နဲ့ မကောင်းမှု မပြဘူး။
နံပါတ်(၂) နှုတ်နဲ့ မကောင်းမှု မပြောဘူး။
နံပါတ်(၃) စိတ်နဲ့ မကောင်းတာ မတွေးဘူး။
နံပါတ်(၄) ငါ့အကျိုးရှိပြီးရောဆိုပြီးတော့
မဟုတ်တာတွေ မပြောဘူး။ အဲ့ဒါ သီလရှိတဲ့ ပုဂ္ဂိုလ်ပဲ။ အဲ့ဒီ ပုဂ္ဂိုလ်တို့ရဲ့
တိုင်းပြည်မျိုးမှာ ဘယ်တော့မှ မဟုတ်တရုတ်မိုးတွေမရွာဘူး။ တိုင်းပြည်မပျက်ဘူး။

နံပါတ်(၂)မေးခွန်းအတွက် အဖြေ။
ကထံဝိဓံ ပညဝန္တံ ဝဒန္တိ - ဘယ်ပုဂ္ဂိုလ်ကို ပညာရှိလို့ ခေါ်မလဲ?
ဂမ္ဘီရပဉှံ မနသာ ဘိစိန္တယံ၊
နာစ္စာဟိတံ ကမ္မ ကရောတိ လုဒ္ဒံ။
ကာလာဂတံ အတ္တပဒံ န ရဥ္ဇတိ။
တထာဝိဓံ ပညဝန္တံ ဝဒန္တိ။

ဂမ္ဘီရပညံ မနသာဘိစိန္တယံ-
ဘယ်လောက် ခက်ခက်၊ ဘယ်လောက်ပဲ နက်နက်၊
ခက်ခဲ နက်နဲတာတွေကို ခက်တယ်ကွာ နက်တယ်ကွာ ဆိုပြီး ပစ်မထားဘူး။
ခက်တာ နက်တာကိုမှ စေ့စေ့စပ်စပ် နက်နက်နဲနဲ စိုက်စိုက်စူးစူး တွေးတဲ့ ပုဂ္ဂိုလ်ဟာ ပညာရှိ။

နာစ္စာဟိတံ ကမ္မ ကရောတိ
လုဒ္ဒံ- ပညာရှိရဲ့ အင်္ဂါဟာ စာတတ်တစ်ခုတည်း မပြီးဘူး။
အကျိုးစီးပွားတွေကို ပျက်စီးမယ့်
ကြမ်းတမ်းတဲ့ အပြုအပြောအတွေး သူ့မှာ ဘယ်တော့မှ
မရှိဘူး။ ဒါ ပညာရှိ။ တတ်တာ တစ်ခုတည်းနဲ့ မပြီးဘူးနော်။

ကာလာဂတံ အတ္တပဒံ န ရဥ္ဇတိ- မျက်မှောင်မှာ ရောက်လာမယ့် အကျိုးဖြစ်မယ့်
လုပ်ငန်းကြီးတွေ ဘယ်တော့မှ သူလက်လွတ်မခံဘူး။ အဲ့ဒါ အရေးကြီးဆုံးပဲ။
မတွေးသင့်တာတွေ တွေး၊ မပြောသင့်တာတွေ ပြောနေတဲ့ အတွက်ကြောင့်၊
လက်တစ်ကမ်းရောက်နေတဲ့ အကျိုးစီးပွား လက်လွတ်သွားတာတွေ
အများကြီး ရှိနိုင်တယ်။ ကာလာဂတံ- အခါအားလျော်စွာ ရောက်လာတဲ့၊
အတ္တပဒံ- အကျိုးရှိတဲ့ လုပ်ငန်းကို၊ န ရဥ္ဇတိ- မချို့ယွင်းစေဘူး။
ဒီလို ပုဂ္ဂိုလ်မျိုးကို ဘာခေါ်လဲ?
တထာဝိဓံ ပညဝန္တံ ဝဒန္တိ- ပညာရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။

နံပါတ်(၃) မေးခွန်းအတွက် အဖြေ။
ကထံဝိဓံ သပ္ပုရိသံ ဝဒန္တိ-
သူတော်ကောင်းဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ခေါ်သလဲ?

ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။

ယော ဝေ ကတညူ ကတဝေဒိ ဓိရော၊
သိပ်အရေးကြီးတယ်။
သူတစ်ပါးက ကိုယ့်ပြုဖူးတဲ့ ကျေးဇူးကို အမြဲသိနေရမယ်။
အဲ့ဒီ ကျေးဇူးတွေကို မေ့ပစ်တဲ့ ပုဂ္ဂိုလ်ကို ဘာလဲ သူတော်ကောင်းမခေါ်ဘူး။
နိုင်ငံတော်မှာ ဒါနဲ့ ပတ်သက်ရင် ဘုန်းကြီးတို့မှာ ပြောစရာ အများကြီးပဲ။
အလွန်ကျယ်ပြန့်တယ်။
သာသနာတော်မှာလည်းပဲ ဒါတွေ ရှိတယ်။ ပြုထားတဲ့
ကျေးဇူးကို မေ့လျော့ပစ်တဲ့ ပုဂ္ဂိုလ်၊ မေ့ပျောက်ပစ်တဲ့ ပုဂ္ဂိုလ်ကို သူတော်ကောင်းမခေါ်ဘူး။
အဲ့ဒါကြောင့် သူတစ်ပါးက
ကျေးဇူးတစ်စုံတစ်ခု ပြုဖူးရင် အဲ့ဒီကျေးဇူးကို အစဉ်မပြတ်၊
Well-regard ပေါ့နော် ကောင်းကောင်းကြီး
အသိအမှတ် ပြုပြီး သိနေတဲ့ ပုဂ္ဂိုလ်မျိုးကို၊
သူတော်ကောင်း ခေါ်တယ်။
ကတဝေဒိ- ကျေးဇူးရှိတဲ့
ပုဂ္ဂိုလ်တို့ရဲ့ ကျေးဇူးစကားကိုလည်း ပြောရဲရမယ်။
ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့ ကျေးဇူးစကားကို ကွယ်ဝှက်ထားရင် ဒါ လူယုတ်။
ကျေးဇူးရှိသူတို့ရဲ့ ကျေးဇူးစကားကို ဘယ်နေရာမျိုးမဆို ပြောရဲရမယ်။ အဲ့ဒါ
သူတော်ကောင်း။ သူတော်ကောင်း အဓိပ္ပာယ်ကို ဒီဇာတ်က ဖွင့်သွားတာ တခြားသုတ္တန်တွေနဲ့ မတူဘူး။

ကလျာဏမိတ္တော ဒဠဘတ္တိ- သူဟာ ကလျာဏမိတ္တဖြစ်ရမယ်။ ကလျာဏမိတ္တရဲ့
အင်္ဂါ(၅)ပါး ကြာမှာစိုးလို့ မပြောတော့ဘူး။ ဒဠဘတိ- ခိုင်မြဲသော၊ စွဲမြဲသော၊
အပေါင်း အသင်း ဖြစ်ရမယ်။ ချမ်းသာတုန်းပေါင်းပြီးတော့ ဆင်းရဲတဲ့အခါ
ရှောင်သွားတာမျိုး မဟုတ်ရဘူး။ သြဇာအာဏာရှိတဲ့အချိန်ပေါင်းပြီးတော့
သြဇာအာဏာမရှိတဲ့အခါ ခွာသွား။
ဒါကို ဒဠဘတ္တိ-မခေါ်ဘူး။ စွဲမြဲတဲ့ မိတ်ဆွေဖြစ်ရမယ်။
ဆင်းရဲလည်း ပေါင်းရမှာပဲ။
ချမ်းသာလည်း ပေါင်းရမှာပဲ။ ချမ်းသာတုန်းပေါင်း
ဆင်းရဲတော့ ခွာသွား ဒါ သူတော်ကောင်း မခေါ်ဘူး။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ- မိမိမျက်မှောက် ဒုက္ခရောက်နေကြတဲ့ သူတွေကို ကရုဏာတရားနဲ့
ကူညီဖေးမတာ ပြုစုစောင့်ရှောက်တာ ဒါသူတော်ကောင်းပဲ။

နံပါတ်(၄) မေးခွန်းအတွက် အဖြေ။
ကထံဝိဓံ နော သိရိ နှော ဇဟာတီ- သိရီ- ဆိုတာ ဘယ်လို ဟာလည်း။
ဧတေဟိ သဗ္ဗေဟိ ဂုဏေဟုပေတော၊
သဒ္ဓေါ မုဒူ သံဝိဘာဂီ ဝဒညူ။
သင်္ဂါဟကံ သခိလံ သဏှဝါစံ၊
တထာဝိဓံ နော သိရိ နော ဇဟာတိ
- သဒ္ဓါတရားရှိခြင်း၊ ချစ်ဘွယ်သောစကားကို ဆိုတတ်ခြင်း၊ နူးညံ့စွာပြောဆိုခြင်း၊
ဒါနသီလ အကျင့်ကို ကောင်းစွာသိခြင်း၊
ကျေးဇူးသိတတ်ခြင်း၊ သူတစ်ပါးတို့အား
ပေးကမ်းစွန့်ကြဲထောက်ပံ့ခြင်း ဒါဆိုရင်
ဒီလို ပုဂ္ဂိုလ်ဟာ သိရီ-ကျက်သရေရှိတယ်။

သိရိ- ဘုန်းကျက်သရေ ဆိုတာ ဘာကို ခေါ်တာလဲ? ဥပမာ
ကြက်သားစားလို့ ဘုရင်ဖြစ်သွားပြီ ဆင်ဦးစီး။
ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ် ဆင်ထိန်း။ ကြက်တက်ရိုက်ပြီးတော့
ကြက်ချက်လာတဲ့ ပုဂ္ဂိုလ်က ရိုက်တာ
ချက်တာ ကြက်တွေ ပြောတဲ့စကားကြားတာ
ဒါတွေ သူကြားရတယ်။ ဒါပေမယ့် သူ
ဘုန်းကံ မရှိဘူး။ ဘုန်းကံ မရှိခြင်းဟာ
အဲ့ဒါ ကျက်သရေ ကင်းမဲ့ခြင်းပဲ။

ဒီတော့ သိရိဆိုတဲ့ ဘုန်းကျက်သရေဆိုတဲ့ ပုဒ်ကို ဘုန်းကြီးတို့
ပါဠိအဋ္ဌကထာကျမ်းတွေမှာ ဖွင့်ပြတာ ကျမ်းတစ်ဆူက ဘာပြောလဲဆိုတော့
သိရီတိ သီလပညာန မေတံ အဓိဝစန- အားလုံးမှတ်ထား သိရီ-ဆိုတာ သီလနဲ့ ပညာ။
သီလရှိရင် ပညာတတ်ရင် သူ ကျက်သရေ ရှိတာပဲ။

နောက်ကျမ်းတစ်ကျမ်းကတော့ ပြောတယ်။
သိရီတိ သီလပုညာန မေတံ အဓိ ဝစန- သီလနဲ့ ကုသိုလ်ကောင်းမှုတဲ့။
အဲ့ဒီတော့ ကျမ်းတစ်ကျမ်းက သီလနဲ့ ကုသိုလ်ကောင်းမှုလို့ ပြောတယ်။
ကောင်းမှုကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ကျက်သရေရှိတယ်။ ဘုန်းကြီးတို့ မင်္ဂလသုတ်ဖတ် ဒကာကြီးတို့
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဆိုပြီး ဘာလဲ?
အနာထပဏ္ဍိကဿ- ဟော အနာထပိဏ်ဆိုရင်လေ အော် ကျက်သရေရှိလိုက်တဲ့
ကျောင်းဒကာကြီး ဘုရား သူ့ကျောင်းမှာ (၂၅) နှစ်တောင် နေသွားတာ။
ပုဗ္ဗာရုံကျောင်းအမကြီး ဘယ်သူလဲ? ဝိသာခ။

ဘုန်းကြီးတို့ နှုတ်စကားတစ်ခု ကြားဖူးတယ်။ ဘယ်လောက် ဟုတ်မလဲတော့့ မသိဘူး။
တကယ်ဟုတ်မယ်လို့တော့ ဘုန်းကြီးက ယုံကြည်တယ်။ မန္တလေးမဟာမုနိဘုရားကြီးရဲ့
မြောက်ဘက်စောင်းတန်း။ အဲ့ဒါ ရှေးခေတ်က လွတ်လပ်ရေးမရသေးဘူး အင်္ဂလိပ်ခေတ်က ချပ်သင်းဦးဘတင်က လှူတာ။
မန္တလေးက လူကြီးတွေ ဘုရားဂေါပကတွေ ကြီးကြပ်ပြီးတော့ ဆောက်တာ။
ပြီးသွားပြီ သူဋ္ဌေးကြီး လာ ရေစက်ချ။
ဒီကတော့ အိုးစည် ဗုံပေါင်းတွေနဲ့ ဆင်တွေနဲ့ ဘာတွေနဲ့
ထီးဖြူတွေပါသေးလားတော့ မသိဘူး။ ဘုရားကြီး မြောက်စောင်းတန်းကနေ ကြိုနေတာ။
အလှူရှင်က ခင်များတို့ လာမခေါ်နဲ့ ကျုပ်ဟာကို လာခဲ့မယ်။ ကောလင်းကနေ
ညထွက်တဲ့ရထား ချပ်သင်းကနေ တက်စီးလာတာ။ မနက် မန္တလေးဘူတာရုံ မိုးလင်းဆိုက်။
လာမကြိုနဲ့ ကျုပ်ဟာကျုပ်လာမယ်။

တဘက်အဟောင်းကြီးခေါင်းပေါင်းပြီးတော့
အထဲက အင်္ကျီမပါဘူး အိုက်လွန်းလို့။
တိုက်ပုံအကျ ႌ ဖျင်ကြမ်း ဟောင်းနွမ်းနေတာ
လည်ပင်းက (ဂျီး)တွေနဲ့။ အောက်က
အင်္ကျ ီမဝတ်ဘူး ရင်ကွဲကြီးနဲ့။ ပုဆိုးဖျင်ကြမ်းကြီးနဲ့ ဆိုက်ကားစီးပြီးတော့
ဆိုက်ကားစီးပြီးတော့ မဟာမြတ်မုနိစောင်းတန်းကို ဝင်လာတာ။
မဟာမုနိစောင်းတန်းမှာ ခေါင်းပေါင်း နံ့သာ တလူလူနဲ့ လူကြီးတွေ စောင့်နေတာ။
ဆိုက်ကားနဲ့ လူကြီး ဝင်လာတာ ချပ်သင်းဦးဘတင်မှန်း ဘယ်သူမှ မသိဘူး။
ဟ ဒီအဘိုကြီး ဘယ်က အဘိုးကြီးလဲ? ကျုပ်ဘတင်လေ။ ဟာ အဲ့ဒီတော့မှ
လက်အုပ်တွေ တချီချီနဲ့ သပြေပန်းတွေနဲ့ စည်တော်တွေတီးပြီး ကြိုကြတာ။
ကျက်သရေရှိလိုက်တာ ကျက်သရေ-ဘာလဲ ကုသိုလ်ကောင်းမှု။
ကုသိုလ်ရှင်တွေ သွားရာလမ်းဟာ အဲ့ဒီအတိုင်းပဲ။ ကုသိုလ်ကောင်းမှုများ မရှိဘူးဆိုလို့ရှိရင် ဘယ်ကမှ
အဲ့ဒီလို ကြိုမှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် အားလုံး နိဂုံချုပ်ရင်
သိရိ ကျက်သရေဆိုသည်ကား
တစ်- ကုသိုလ်ကောင်းမှုများများ ရှိရင် ကျက်သရေရှိတယ်။
နှစ်- သီလရှိရင် ကျက်သရေရှိတယ်။
သုံး- ပညာတတ်ရင် ကျက်သရေရှိတယ်။
ဒီသုံးခုပေါင်းတာကို ဘာခေါ်လဲ ကျက်သရေ-ခေါ်တယ်။

ကြက်တက်ရိုက်တဲ့သူက
ရိုက်တာ ကြက်တက်ရိုက်တာကို ကြည့်လိုက်တော့လေ။
ထင်းခွေးစားရတဲ့ ဘဝကို ကြည့်လိုက်လေ။ ဘုန်းကံ ရှားပါးတော့
အဲ့ဒါ ကြက်သား မစားလိုက်ရဘူး။ ဟိုဆင်ဆရာကတော့
ဆင်ကို စိတ်ပါ လက်ပါ ရေချိုးပေးနေတာ စေတနာတွေ မေတ္တာတွေနဲ့ ဘုရင်ဖြစ်သွားတယ်။
အဲ့ဒီတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစ်ခုလုံးဟာ
ကျက်သရေနဲ့ ပြည့်စုံဖို့ဆိုရင် အားလုံး နိုင်ငံခေါင်းဆောင်တွေရော တိုင်းသူပြည်သားတွေရော
တစ်- ကုသိုလ်ကောင်းမှုတွေ များများရှိရမယ်။
နှစ်- သီလရှိရမယ်။
သုံး- ပညာရှိရမယ်။
ကောင်းမှုရယ် သီလရယ် ပညာရယ် ဤသုံးပါး စွဲစွဲမြဲမြဲ
လက်ကိုင်ထားပြီးတော့ ဘုန်းကြီးတို့ နိုင်ငံတော်ကြီး တစ်ခုလုံး
ကျက်သရေအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဘုန်းကြီးတို့ ဒီကနေ့ ဒကာကြီး
မင်းအောင်လှိုင်အမှူးရှိတဲ့ တပည့် ဒကာ ဒကာမတွေအားလုံးအတွက်
အလေးအနက် ဆုတောင်း မေတ္တာပို့ပါတယ်။ နိုင်ငံတော်အတွက်လည်းပဲ
ဒီဆုပဲ တောင်းပါတယ်။ နိုင်ငံတော် ကျက်သရေရှိပါစေ။

သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေကုန်သတညး်။

သာဓု သာဓု သာဓု

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

၂၉-၁၀-၂၀၂၀ ရက်နေ့၊ နံနက် ၁၁:၀၀
နာရီအချိန် သီတဂူဆရာတော်ကြီး သီတင်းသုံးသည့်
စစ်ကိုင်းတောင်၊ သီတဂူဝိပဿနာတက္ကသိုလ်သို့
မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ
အမှူးရှိသော တပ်မတော် (ကြည်း၊ရေ၊လေ)
မိသားစုဝင်များက သီတင်းကျွတ် လာရောက်ကန်တော့ပန်းဆင်ဂါရဝပြုပွဲ၌ မိန့်ကြားသော သြဝါဒကထာ။

ဤဓမ္မဒါနအား အသံဖိုင်မှကိုယ်တိုင်ရေးသာပူဇော်ရသော
ကုသိုလ်ကြောင့်
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ စတူဟိ ပဋိသမ္ဘိဒါဟိ
ဗောဓိဉာဏဿ ပစ္စယော ဟောတု

Address


Telephone

+959674202027

Website

Alerts

Be the first to know and let us send you an email when ထိုင်း မလေး မြန်မာ ငွေထုပ်ငွေလွှဲဝန်ဆောင်မူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

welcome_to_My_Page

တွေ့ရတာဝမ်းသာပါတယ်။ ရင်းနှီးခင်မင်စွာနဲ့ သတင်းအချက်အလက်လေးတွေ ဖလှယ်လို့ရပါတယ် ခင်ဗျ။