Nika Sharing

Nika Sharing Let taste value content 🔥

လူတွေဘာလို့ဝလာကြတာလဲ ❓ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ငယ်ငယ်ကတည်းက ဝလာတဲ့သူတွေ အရွယ်ရောက်လာပြီးမှတဖြည်းဖြည်းဝလာတဲ့သူတွေကိုမြ...
09/08/2024

လူတွေဘာလို့ဝလာကြတာလဲ ❓

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ငယ်ငယ်ကတည်းက ဝလာတဲ့သူတွေ အရွယ်ရောက်လာပြီးမှတဖြည်းဖြည်းဝလာတဲ့သူတွေကိုမြင်ဖူးကြမှာပါ။

ဒီနေ့တော့ ကျွန်တော်တို့ လူသားတွေဘာလို့ အဆီတွေများပြီးဝလာကြလဲဆိုတာကို ပြောပြသွားမှာဘဲဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့

လူသားတွေမှာ အသက်ရှင်သန်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ တစ်နေ့တာCaloriesပမာဏဆိုတာရှိပါတယ်။

Calorieဆိုတာ ကျွန်တော်တို့စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အာဟာရပမာဏကို‌ဖော်ပြတဲ့ unit တစ်ခုဖြစ်ပါတယ်။‌

ကျွန်‌တော်တို့ရဲ့ခန္ဓာကိုယ်ကြီးထဲ ဝင်လာတဲ့ မဖြစ်မနေလိုအပ်တဲ့ တစ်နေ့တာCaloria ပမာဏဟာ လမ်း‌‌လျောက်၍ဖြစ်စေ အသက်ရှု၍ဖြစ်စေ‌ နောက်ဆုံးအိပ်စက်နေချိန်အတွင်း ကိုယ်တွင်းကလီစာတွေက သူတို့သက်ဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်၍ဖြစ်စေ စွမ်းအင်အဖြစ်လောင်ကျွမ်းသွားပါတယ်။

အကယ်၍ သင်သာ တစ်နေ့တာလိုအပ်တဲ့Caloriaပမာဏထက် ပိုစားမယ် နောက်ပြီး‌ ကိုယ်ခန္ဓာလှုပ်ရှားမှုက နည်းနေမယ်ဆိုရင် ပိုလျှံနေတဲ့ calories ပမာဏ က လောင်ကျွမ်းခွင့်မရဘဲ အဆီအဖြစ် ခန္ဓာကိုယ်ကသိမ်းဆည်းသွားမှာဘဲဖြစ်ပါတယ်။‼️

ဒါကြောင့်လူသားတွေရဲ့ ဝခြင်းဖြစ်စဉ်က ဖြစ်ပေါ်လာရခြင်းဘဲဖြစ်ပါတယ်။

***🎉နောက်နေ့တွေမှာ တစ်နေ့တာလိုအပ်တဲ့ Calories ကိုတွက်ချက်နည်း နဲ့ အစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေ အကြောင်းကို sharingလေး လုပ်ပေးသွားပါမယ်။🎉

Address

Mawlamyine
12014

Website

Alerts

Be the first to know and let us send you an email when Nika Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share