Wanna listen old song?

Wanna listen old song? let taste heartbreak disease OK

15/08/2024

သံယောဇဥ် - လေးဖြူ

ဖြစ်တည်ချက် သံယောဇဥ်
ရစ်ပတ်ချည် နှောင်ဖွဲ့ ပြီးကာမှ
တစ်ရစ်ခြင်းဖြည် တစ်ဆစ်ခြင်းဖြုတ်
ငါဟာ သက်မဲ့ သစ်ငုတ်မှာ
တွယ်ငင် နေတဲ့ နွယ်ပင်မှ မဟုတ်တာပဲ။
ခံစားမှု သောက တွေ
ရင်ထဲမှာ ထွေးလိုက်ကြီးနဲ့
တစ်ပွေ့တစ်ပိုက်ခံစားပြီးမှ
ချစ်ခဲ့တာဟာ .မင်းကို မေ့ပစ်ဖို့မှ
မဟုတ်တာပဲ။
အတွေးနု စိတ်ကူးယဥ်ဆန်နေပေမဲ့
ဘယ် ဖက် အညှာ ရင် ညွန့်မှာတော့
ရင်နဲ့ အမျှနာကျင် စွာခံစားပြီးမှ
ပြန် အစားထိုးမရတဲ့
သံယောဇဥ်တွေ က အခုထိ လတ်ဆတ်ဆဲပါ အသက်။
- #ပရော်ဖက်ဆာငှက်ရိုး

15/01/2024

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း - ထူးအိမ်သင်
𝚅𝚒𝚗𝚌𝚎𝚗𝚝 (𝙳𝚘𝚗 𝙼𝚌𝙻𝚎𝚊𝚗 -1971) - 𝙲𝚘𝚟𝚎𝚛𝚎𝚍 𝚋𝚢 𝙼𝚒𝚔𝚎 𝙼𝚊𝚜𝚜𝚎
ဗင်းဆင့်ဗန်ဂိုး(၁၈၅၃-၁၈၉၀) သည်ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ဖြစ်သည်။ သူသည်မိမိကိုယ်ကိုယ်သတ်သေပြီးခါမှ နာမည်ကျ်ောကြားခဲ့သူဖြစ်သည်။

အသက်ရှင်စဥ်အခါတွင် ပန်းချီကား တစ်ကားတစ်လေမျှပင်မရောင်းခဲ့ရသော်လည်း ယခု အခါ သူ၏ပန်းချီကားများသည် အဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးမားနေခဲ့ပြီ
ဖြစ်သည်။

မိမိချစ်မြတ်နိုးသူအတွက် မိမိနားရွက်ကိုပင်ဖြတ်ကာ လက်ဆောင်ပေးခဲ့သူဖြစ်သည်။ သူ၏ပန်းချီကားများတွင်သုံးထားသော
အရောင်အသွေးသီအိုရီများသည် နက်နဲလွန်းသဖြင့် ယနေ့ပန်းချီဆရာများသည်ပင်လျှင်လေ့လာ၍ မကုန်နိုင်သေးဖြစ်နေရတုန်းရှိသေးသည်။

ဤသီချင်းကိုရေးသားသီဆိုခဲ့သော Don McLean သည် ဗင်းဆင့်၏အတ္ထုပ္ပတ္တိကိုဖတ်ရင်း ဤသီချင်းကိုရေးရန် စိတ်ကူးပေါ်ခဲ့ သည်ဟုဆိုသည်။ယခုအခါဤသီချင်းသည် ဗင်းဆင့်ဗန်ဂိုး၏ပုံရိပ်တစ်ခုပင်ဖြစ်နေပြီဖြစ်သည်။

မြန်မာ ဗားရှင်းပြောင်းရာတွင် ဆရာဝင်းမင်းထွေးက စကားလုံးစီပြီး ထူးအိမ်သင်က ပြန်ဆိုခဲ့ရာ လူတိုင်းကြိုက်နှစ်ခဲ့ကြသောသီချင်းလည်းဖြစ်သည်။

Address

Maubin

Website

Alerts

Be the first to know and let us send you an email when Wanna listen old song? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wanna listen old song?:

Videos

Share

Nearby media companies