Diary of L

Diary of L It would be like a Diary 💛
Favourite တွေအကြောင်း ရေးမယ် 🦋
ရေးချင်တာလဲ ရေးမယ် 🌟

Everyday is Chaos !!! Day One 1️⃣နိုင်ငံခြား ထွက်ဖို့ရာ ကြိုးစားနေသော်ငြားတွေးမိနေတာတွေက အများသား !!ဘယ်အချိန် ဘယ်နိုင်ငံ...
06/03/2025

Everyday is Chaos !!! Day One 1️⃣

နိုင်ငံခြား ထွက်ဖို့ရာ ကြိုးစားနေသော်ငြား
တွေးမိနေတာတွေက အများသား !!

ဘယ်အချိန် ဘယ်နိုင်ငံက ဘာထဖြစ်မလဲ ဆိုတာ မသေချာနေတော့တဲ့အချိန်မှာ
"ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာ"
ဖြစ်မှာလဲ စိုးတယ်"

တခါတလေကျလဲ
"တရွာမပြောင်း သူကောင်း မဖြစ်" ဆိုသလို
သူများတွေလို ကျောင်းတက် အလုပ်ရ အောင်မြင်ပြီး brand တွေ ဝယ် လေယာဉ်တွေ တရွှတ်ရွှတ်နဲ့ ခရီးတွေ သွားရလောက်အောင် အောင်မြင်မလား ဆိုပြီးလဲ မျှော်လင့်နေပေမဲ့

"ထိုင်နေတာ အကောင်း ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ကိုယ်အသုံးမကျတာတွေ ဘူးပေါ်သလို ပေါ်ပြီး တောင်းစားနေရမှာလဲ ကြောက်တယ်

🥴🥴🥺🥺

ကိုယ် review တင်ထားတဲ့ အရမ်းကောင်းတယ်ဆိုတဲ့ ဇာတ်ကားရဲ့ လင့်လေး
05/03/2025

ကိုယ် review တင်ထားတဲ့ အရမ်းကောင်းတယ်ဆိုတဲ့ ဇာတ်ကားရဲ့ လင့်လေး

အာဏာရှင် Trend လေးကလဲ အပြိုင်အဆိုင်ပဲ ငါတို့ကတော့ ထားပါတော့သူတို့က မဲပေးပြီးကို အာဏာရှင်ကို တင်မြှောက်ထားတာအံ့ဖွယ် Photo...
05/03/2025

အာဏာရှင် Trend လေးကလဲ အပြိုင်အဆိုင်ပဲ
ငါတို့ကတော့ ထားပါတော့
သူတို့က မဲပေးပြီးကို အာဏာရှင်ကို တင်မြှောက်ထားတာ
အံ့ဖွယ်

Photo - credit

02/03/2025

မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား... အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။

ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်။

လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်းမတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေကအဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီးရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Hack Your Health: The Secrets of Your Gut [2024]
------------------------
ဇာတ်ကားကြည့်ရန်လင့်
👇👇👇
🎬 ကော့မန့်မှာထည့်ပေးထားတယ်နော်..
------------------------
#စာတန်းထိုး #မြန်မာစာတန်းထိုး #တရုတ်ကား #ကိုးရီးယားကား #အက်ရှင်ကား #ထိုင်းကား #ဇာတ်လမ်းတွဲ

၂၀၂၅ အတွက် Trend ဖြစ်နေတဲ့ ဆံပင်စတိုင်လေး
02/03/2025

၂၀၂၅ အတွက် Trend ဖြစ်နေတဲ့ ဆံပင်စတိုင်လေး

အသက်ကြီးလာတာနဲ့အမျှ ဘဝကြီးက မရေရာဘူးဖြစ်ချင်တိုင်း ဖြစ်တယ် ခုနေ ချမ်းသာလဲ တခဏအတွင်း ကံဆိုးပြီး စည်းစိမ်အကုန်ပြုတ်သွားနို...
01/03/2025

အသက်ကြီးလာတာနဲ့အမျှ
ဘဝကြီးက မရေရာဘူး
ဖြစ်ချင်တိုင်း ဖြစ်တယ်
ခုနေ ချမ်းသာလဲ တခဏအတွင်း ကံဆိုးပြီး
စည်းစိမ်အကုန်ပြုတ်သွားနိုင်တယ် ဆိုတာမျိုး
ပိုပိုသိလာတာနဲ့

ဗေဒင်တွေ ပိုပိုယုံလာပြီး ယတြာတွေချည်း လှိမ့်ချေတော့တာပဲ 😅😅

Roan ရဲ့ Pink Pony Club သီချင်းနဲ့ emotion ဖြစ်နေလို့ပါGuess what!! ဒီသီချင်းက ထွက်တာ တကယ်တော့ ၂၀၂၀ ကတည်းကဖြစ်ပြီး နာမည်...
24/02/2025

Roan ရဲ့ Pink Pony Club သီချင်းနဲ့ emotion ဖြစ်နေလို့ပါ

Guess what!!
ဒီသီချင်းက ထွက်တာ တကယ်တော့ ၂၀၂၀ ကတည်းကဖြစ်ပြီး နာမည် မကြီးခဲ့ဘူး
ကံနိမ့်တဲ့အချိန် ကံမြင့်တဲ့အချိန်ဆိုတာ တကယ်နော် ..
Grammy ပွဲမှာ တက်ဖျော်ဖြေတော့မှ Hits ဖြစ်သွားတယ်
သူမက 2025 Grammy Award for Best New Artist ပါ ရရှိခဲ့ပါတယ်

သီချင်းလေးရဲ့ အဓိက အဓိပ္ပါယ်က သူယုံကြည်ရာကို သူ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတယ် ဆိုတဲ့အကြောင်း
လူတွေ ဘာပဲပြောပြော .. (မိဘတွေကပါ ပြောနေပါသော်ငြားလည်း) သူဟာ ဒီလို လူအမျိုးအစား ဖြစ်နေတာကို သူကိုယ်တိုင်လဲ မတတ်နိုင်ကြောင်း self-acceptance လုပ်ပြီး ရှေ့ကိုပဲ ဆက်လျှောက်နေတဲ့အကြောင်း

သီချင်းလေးက တော်တော်များများရင်ထဲကို ထိစေတယ်
LGBT တွေအနေနဲ့လဲ ရင်ထဲထိစေတဲ့အပြင်
ယုံကြည်ရာလျှောက်လှမ်းဖို့ မိသားစုကို အဝေးမှာထားခဲ့ပြီး အလုပ်သွားလုပ်တဲ့သူတွေအနေနဲ့လဲ ဒီသီချင်းလေးက ခံစားရစေတယ်လို့ ပြောကြတယ်

ကိုယ့်အတွက်လဲ လက်ရှိမှာ ဒီသီချင်းလေးက ကိုယ်ယုံကြည်ရာကို ဆက်လျှောက်လှမ်းဖို့ရာ Motivation ရစေလို့ ခဏတိုင်း နားထောင်ဖြစ်နေတယ်

စာရင်းကိုင်နဲ့ ဓာတုဗေဒ ပညာရှင် အတွဲမျိုးက အရမ်း လိုက်ဖက်ညီတယ် ဆိုတာ ခုမှ သိတယ် ကဲ .. စာရင်းကိုင်မမတွေ right person ရှာတဲ...
18/02/2025

စာရင်းကိုင်နဲ့ ဓာတုဗေဒ ပညာရှင် အတွဲမျိုးက အရမ်း လိုက်ဖက်ညီတယ် ဆိုတာ ခုမှ သိတယ်

ကဲ .. စာရင်းကိုင်မမတွေ right person ရှာတဲ့အခါ ဓာတု ကျောင်းဆင်းတွေကိုလဲ ထည့်သွင်း စဉ်းစားသင့်ကြောင်း

17/02/2025

သူများရဲ့ Breaking Bad က ပိုက်ဆံရှာတဲ့ နေရာမှာ ကမ်းကုန်ကို ဆိုးတာ

ငါတို့ရဲ့ Breaking Bad က စားတဲ့နေရာမှာ ..
ဒီစာကို ညသန်းခေါင် ထ ထမင်းစားရင်း ရေးသည် 🥴

Address


Telephone

09969912784

Website

Alerts

Be the first to know and let us send you an email when Diary of L posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share