28/07/2022
ဟုတ်လားဗျာ
1985-1995 လူလတ်ပိုင်းတွေဆိုတာ စွရမ်းကံဆိုးကြတာ အဘအဆက်ဆက်မှီတယ် 🥴
80%လောက်က
ဆယ်တန်းအောင်/ကျ နဲ့ ဘွဲ့ရကြားမှာ
ရရစားစား လစာ၃/၄သိန်းလောက်နဲ့
ဘဝကြီး သာယာနေကြတဲ့လူတွေများတယ်😑
ရှေ့က generation တွေလို
E-Skill, Political Skill ဘာမှသိပ်မရ🤐
ယောက်ျားတွေဆိုတာလည်း
အဖေတွေ အဖိုးတွေလို ရာထူးကြီးကြီး
ဘယ်ကုန်တိုက်ပိုင်ရှင် ဘယ်သူဌေးကြီး
ဘာမြေကွက်တွေအများကြီးပိုင်တဲ့သူ
စတဲ့ လူတွေနဲ့ ဝေလာဝေး ...🙅
ကုမ္ပဏီဝန်ထမ်းလုပ်မလား
Taxi ဆွဲမလား နဲ့ကြားမှာ
မရေမရာ အလုပ်တွေနဲ့ ၃၀ ဝန်းကျင်သာသာမှာ ရုပ်ပိုင်းဆိုင်ရာတွေကျဆင်း🌚
တချို့လည်း မူးယစ်ဆေးရဲ့
ကျေးကျွန်တွေဖြစ်သွားပြီး😢
မိန်းကလေးတွေငယ်ဘဝအတွက်
အလှပြင်မယ်ဆိုလည်း
အာချီနဲ့ ပရိုမီနာကြားတိုင်ပတ်ခဲ့ရပြီး
Fair & Lovely လောက်ကို ဘဝမှတ်ပြီးသုံးလာရတယ်(ဒါတောင် ကိုရာတို့ဘာတို့မမှတ်မိတော့လို့)🙄
ဟော ပညာရေးကျတော့လည်း
ဟိုမရောက်ဒီမရောက်
ဘဘ ဗိုလ်ချုပ်ကြီး မင်္ဂလာပါလည်း
လက်အုပ်ချီပြီး သူတို့ပြောတတ်တယ်😂
မအလတွေသေပါစေဆိုလည်း သူတို့ပါတယ်✊
ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းကို
၈ မှတ်တန် တစ်ပုဒ်စီရရင် အောင်လာတဲ့
ကြက်တူရွေးနှုတ်တိုက်ခေတ်🤷
လူကြီးတွေရဲ့ ဆရာလုပ်တာလည်းခံရ
အငယ်တွေ မိုက်ရိုင်းတာလည်း ခံရ
ဟိုလူလုပ်သမျှခံရ ဒီလူလုပ်သမျှခံရနဲ့
တော်တော်ကျက်သရေတုံးတဲ့ ဘဝ🥺
လူငယ်ဘဝကိုလည်း
ယောက်ျားလေးမိန်းကလေး
၂ယောက် ၃ယောက်လောက်
ပြင်ပြင်ဆင်ဆင်သွားလာရင်ကို
ဖာသာသာ အပြောခံရတဲ့ ဘဝ🙂
လွတ်လပ်မှုဆိုတာ ဘယ်တုန်းကမှမရခဲ့ဘူး
ကျောင်းတွေလည်းပြီး ပိုက်ဆံတွေရှာရတော့မယ့်အရွယ်
ကျေးဇူးတော်ကြောင့် ဒီမိုကရေစီလေးရလို့
ကြိုးစားမယ်ဟေ့ဆိုတော့ ကိုဗစ်ထဖြစ်တယ်🤒
ကိုဗစ်ပြီးခါနီး ခေတ်ကောင်းတော့မယ်လည်းဆိုရော .. မသေမချင်းဆိုးတွေ ဒုက္ခပေးတယ်👿
အဲ့ မသေမချင်းဆိုးတွေက
1985-1995တွေကို ကျောင်းနေရွယ်ကတည်းက ပေးလာတဲ့ဒုက္ခတွေဆိုတာ
အခုထက်ထိကို မကုန်နိုင်တော့ဘူး😩
ငါတို့ဘဝ မှ ငါတို့ဘဝ စစ်စစ်😒copy