ကိုယ်တော်စေရာ
တေးရေး- J Catherine
တေးဆို- J Catherine + Dannie
Mandalay Medical Mission Team ရဲ့
၂၀၁၄ ဧပြီလ ရှမ်းတောင်/ ပင်လောင်းခရီးစဉ်
သပိတ်ကျင်းဆရာတော် ဒေါက်တာဘိုဘိုထွန်း
သတိရပြီးလွမ်းနေတဲ့
၂၀၁၄ ဧပြီခရီးစဉ်က ရှမ်းပြည်တောင်ပိုင်း
ပင်လောင်းမြို့ နယ် ဖက်ပါ။
အမှတ်အရဆုံးကတော့ ဂျပိုးတိုင်းပြည်ပါ။
နှစ်အတန်ကြာ အနားယူခဲ့တဲ့
Mandalay HCF
အထူးလှုပ်ရှားလာဘို့
ယနေ့ (၁၀-၇-၂၀၁၇)တနင်္လာနေ ညနေ၅နာရီကနေ
စပြီးအရှိန်စယူပါပြီ။
သခင်စေရာ
တေးရေး/ဆို-စောအယ်ဒိုစိုး
လှုပ်ရှားမှုပုံရိပ်
မန္တလေးဆေးဘက်ဆိုင်ရာ
ဧဝံဂေလိခရီးစဉ်
မွန်နှင့် ကရင်ပြည်နယ်
(၁၁-၄-၂၀၁၇ မှ ၂၂-၄-၂၀၁၇)
ဘုရားသခင်စေလွှတ်တဲ့နေရာတိုင်းမှာ ဘုရားသခင်ရဲ့နာမတော် အစဉ်ဘုန်းကြီးပါစေ။ အာမင်။
#ComingSoon
#MissionTripLogo
“သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန်၌ လူသား (သခင်ယေရူ) သည် ကြွလာလိမ့်မည်။” - လုကာ ၁၂:၄၀
“You also must be ready, because the Son of Man will come at an hour when you do not expect him.’” - Luke 12:40
ခရစ်တော်အတွက်သာသနာခရီးဟာ
အမြဲတမ်းချောမွေ့နေတာတော့မရှိတတ်ပါဘူး။
တခါတလေအခက်အခဲတွေရှိတတ်ပါတယ်။
ဒီလိုအခါမျိုးမှာ သင့်ခွန်အားနဲ့ရင်မဆိုင်ဘဲ
သင့်အထဲမှာအသက်ရှင်နေတဲ့
ခရစ်တော်ဆီကခွန်အားနဲ့ဘဲ ရင်ဆိုင်လိုက်ပါ။
ဖိလိပ္ပိဩဝါဒစာ ၄:၁၃-၁၄
၁၃ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
၁၄ သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။
ဘုရားသခင်စေလွှတ်တဲ့နေရာတိုင်းမှာ
ဘုရားသခင်ရဲ့နာမတော်အစဉ်ဘုန်းကြီးပါစေ။
အာမင်။
ကေအဲန်ယူတပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေတွင်း
ဧဝံဂေလိခရီးစဉ် (၁၆-၄-၂၀၁၇)
မန္တလေးဆေးဘက်ဆိုင်ရာဧဝံဂေလိခရီးစဉ်
ကေအဲန်ယူတပ်မဟာ(၁)
အုပ်ချုပ်မှုနယ်မြေအတွင်း
လယ်ကတယ်ကျေးရွာကနေနို့ကနဲကျေးရွာအသွား တွေ့ကြုံခဲ့ရတဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးအမှတ်တရ ခွန်အားပေးစကားဆိုချင်ပါတယ်။
အချိန်တွေပေးလိုက်ရတယ်။ ပင်ပန်းတယ်။ ကြမ်းတမ်းတယ်။ ဆင်းရဲတယ်။ ဒုက္ခများတယ်။ ငွေကုန်လူပန်းတယ်။ အအိပ်ပျက်တယ်။ အစားပျက်တယ်။ (အစားပျက်တဲ့သူတော့မရှိလောက်ဘူးထင်ပါတယ်)
တော်တော်ဆက်ကပ်လိုက်ရပြီလို့ထင်နေကြပြီလား။ ငါတော့အကြီးအကျယ်ပေးဆပ်လိုက်ရတယ်လို့စိတ်ထဲမှာမထားလိုက်ကြပါနဲ့။ ကိုယ့်အတွက်ကယ်တင်ခြင်းကိုလက်ဝါးကပ်တိုင်ပေါ်မှာ ကြီးမားတဲ့အမှုကိုပြုခဲ့တဲ့ယေရှုခရစ်တော် အလိုရှိတဲ့ဘုရားသခင်နိုင်ငံတော်အတွက်နဲ့သာသနာတော် အတွက်ပါဝင်ခဲ့ရတာ၊ ဒါအသေးဆုံးကိစ္စဘဲဖြစ်တယ်ဆိုတာသတိရလိုက်ပါ။
ဘာကြောင့်လဲဆိုရင်သင်ပေးဆပ်ခဲ့တာထက် သင့်ရှေ့မှာသာ၍ပေးဆပ်ခဲ့တဲ့သူတွေမြောက်များစွာရှိနေတယ်။
ဘုရားသခင်ရဲ့သာသနာတော်မှာ သင့်ထက်သာ၍အပင်ပန်းအဆင်းရဲခံခဲ့တဲ့ ဘိုးဘေးတွေအများကြီရှိခဲ့တယ်ဆိုတာနမူနာယူလိုက်ကြရအောင်။
ရှေးဦးခရစ်ယာန်တွေကိုပြန်ကြည့်ပါ။ သတေဖန်ကစပြီး ပေတရု၊ ယာကုပ်၊ ယောဟန်၊ ပေါလု တို့ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် အသက်သွေးချွေး မြောက်များစွာပေးဆပ်ခဲ့ရတယ်။
ကမ္ဘာပေါ်မှာ လူတွေရဲ့ အထဲမှာဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်နိုင်ထောင်နိုင်ဘို့အတွက်
သာသနာပြုခဲ့ကြတဲ့ဆရာကြီးတွေဖြစ်တဲ့ William Carey, Hudson Taylor, Cameron Townsend, Donald MC Garavan နဲ့ မြန်မာပြည်အတွက်ဆရာကြီး ယုဒသန် စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဆက်ကပ်ခဲ့မှုတွေ၊
အသက်သွေးချွေးပေးဆပ်ခဲ့တာတွေ အစေခံခဲ့အချိန်ပေးဆပ်ခဲ့တာတွေ၊ ထောင်တွင်းအကျဉ်းချခံရ၊ ညင်းပန်းနှိပ်စာခံရတာတွေနဲ့နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့တွေ့ကြုံခဲ့ရတာတွေကတကယ့်သေးသေးလေးပါ။ ဒါကြောင့်ဘိုးဘေးတို့ရဲ့ဆက်ကပ်မှုကို အမှီလိုက်ကြရအောင်။
မိုးထဲလေထဲခရီးသွားရတာတွေ၊ မိုးရွာပြီးသစ်ပင်လဲတဲ့အခါ တွေကြုံရပေမဲ့လဲ
ဒီခရီးစဉ်အတွင်းမှာဘုရားသခင်အတူပါရှိနေတယ်ဆိုတာကိုခံစားရပြီးဝမ်းမြောက်ခြင်းနဲ့ ခွန်အားမလျော့ဘဲရှေ့ဆက်တိုးပြီးဆက်ကပ်ကြရအောင်။
တပွဲပြီးသွားပြီ။
နောက်ပွဲများမျှော်။