𝓣𝓚𝓡 𝓐𝓷𝓽𝓲 𝓒𝓱𝓮𝓪𝓽

  • Home
  • Myanmar
  • Mandalay
  • 𝓣𝓚𝓡 𝓐𝓷𝓽𝓲 𝓒𝓱𝓮𝓪𝓽

𝓣𝓚𝓡 𝓐𝓷𝓽𝓲 𝓒𝓱𝓮𝓪𝓽 You Welcome

 #လူ့စည်း_ဘီလူးစည်း(သို့မဟုတ်) #အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းသူမှန်သမျှ_ပြတ်ပြတ်သားသားဆန့်ကျင်ကြကျနော်တို့ လူ့အသိုင်းအဝ...
01/03/2022

#လူ့စည်း_ဘီလူးစည်း

(သို့မဟုတ်)

#အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းသူမှန်သမျှ_ပြတ်ပြတ်သားသားဆန့်ကျင်ကြ

ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ "လူ့စည်း ဘီလူးစည်း" ဆိုတာ ရှိပါတယ်။ ကျနော်တို့ ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်အုပ်စုကို ဘာအကြောင်းနဲ့မျှ လူရာမသွင်းမိဖို့ လိုအပ်ပါတယ်။

ကိုယ့်ကြောင့် အကြမ်းဖက်စစ်အုပ်စု လူရာမဝင်စေဖို့ အထူး ဂရုပြုကြရပါမယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ သူ့ရဲ့ အမာခံဒေါက်တိုင်တွေကို "ရန်-ငါ" ပြတ်ကြဖို့ အထူးလိုအပ်ပါတယ်််။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှကိုလည်း ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ပြည်သူ့တော်လှန်ရေးမှာ ခြံစည်းရိုး ခွထိုင်ထားသူတွေ၊ နှစ်ဖက်ချွန်တွေ၊ သာပေါင်းညာစားတွေကိုလည်း လူရာမသွင်းကြဖို့ လိုပါတယ်။

ယနေ့ တိုင်းပြည်မှာ ဖြစ်ပျက်ကြုံတွေ့ခံစားနေကြရတဲ့ လူမှုစီးပွား အထွေထွေ အကြပ်အတည်းတွေ၊ ပြည်သူ့ဒုက္ခသုက္ခ ပြဿနာတွေအားလုံးရဲ့ တစ်ခုတည်းသော လက်သည်တရားခံဟာ အာဏာသိမ်းလုပ်ရပ်၊ ဒီအာဏာသိမ်းမှုကို ကျုးလွန်သူ အကြမ်းဖက်စစ်အုပ်စု၊ ဒီအဓမ္မလုပ်ရပ်ကို ထောက်ခံအားပေးကြသူများပဲ ဖြစ်တယ်။ အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ အထောက်အပံ့ပြုနေတဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောသမားတွေ၊ တဘို့တည်းကြည့်တတ်ကြတဲ့ ငို့ဘသမားတွေ၊ ဘယ်သူဒုက္ခရောက်ရောက် ကိုယ်ဝမ်းဝဖို့သာ ပဓာနဆိုတဲ့ တကိုယ်ကောင်းစိတ်ခံသမားတွေဟာ ဒီအာဏာသိမ်းလုပ်ရပ်ကို သက်ဆိုးရှည်အောင် ထောက်ခံကြသူတွေ၊ အဓမ္မဝါဒီနောက်လိုက်တွေအဖြစ် သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။ ကျနော်တို့ ဓမ္မဘက်တော်သား ပြည်သူတွေအားလုံးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါမယ်။

ကျနော်တို့ပြည်သူတွေကို အထူးနှိုးဆော်တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့တွေ ကိုယ့်အိမ်ထဲမှာကိုယ် အေးအေးသက်သာ နေနေရင်း တော်လှန်ရေးကြီးက သူ့အလိုလို အောင်မြင်သွားမယ်၊ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျသွားမယ်လို့တော့ မထင်သင့်ပါဘူး။ လက်ရှိ ပြည်သူ့တော်လှန်ရေးကြီးကို အလျင်အမြန် အောင်ပွဲဆင်လိုတယ်ဆိုရင် ဒီတော်လှန်ရေးကြီးမှာ ပြည်သူအားလုံးဟာ အနည်းနဲ့ အများဆိုသလို ကိုယ်စီကိုယ်င ထည့်ဝင်မှု (Contribution) နဲ့ အရင်းအနှီး (Cost) များ မလွဲမသွေ ရှိကြရပါလိမ့်မယ်။ ကျနော်တို့ ပြိုင်တူတွန်းမှ အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် အောင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" "လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး"။

ကျနော်တို့ မျှော်ရည်ရာ ခရီးဆုံးပန်းတိုင်ကို မရောက်မချင်း သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေးဗျာ။ အဆုံးထိ အတူချီတက်ကြမယ်။ ဓမ္မသည် အဓမ္မကို မုချ နိုင်ရမယ်။

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၁ မတ် ၂၀၂၂

ရှေးလူကြီးတွေကတော့ စာတစ်လုံး ဘုရားတစ်ဆူလို့ပြောခဲ့ကြတာ...အရင်ကတော့ နားမလည်ခဲ့ဘူး။ဒီ Post လေးတွေ့လိုက်တော့မှ...အော်...ဒါက...
23/02/2022

ရှေးလူကြီးတွေကတော့ စာတစ်လုံး ဘုရားတစ်ဆူလို့
ပြောခဲ့ကြတာ...အရင်ကတော့ နားမလည်ခဲ့ဘူး။
ဒီ Post လေးတွေ့လိုက်တော့မှ...
အော်...
ဒါကိုပြောတာလားဆိုပီး
နားလည်လာတော့တယ်...
ထပ်ဆင့် မျှဝေကုသိုလ်
ပြုလိုက်ပါတယ်...
🙏 နေမာဗုဒၶႆ 🙏
" အက္ခရာဘုရားရှိခိုး "
🙏🙏🙏🙏🙏🙏🙏

🙏 က 🙏
ကကြီးဟူသည်ကား
ကိလေသာ မာန်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ခ 🙏
ခခွေးဟူသည်ကား
ခန္ဓမာန်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဂ 🙏
ဂငယ်ဟူသည်ကား
ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဃ 🙏
ဃကြီးဟူသည်ကား
ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော
ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 င 🙏
ငဟူသည်ကား
မာန်ငါးပါးကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 စ 🙏
စလုံးဟူသည်ကား
စကြ၀ဠာ တစ်သိုက်
တုဖက်ပြိုင်ဖက် ရှိတော်မမူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဆ 🙏
ဆလိမ်ဟူသည်ကား
ဆယ်ပါးသော ဒုစရိုက်ကို
ပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဇ 🙏
ဇကွဲဟူသည်ကား
ဇာတိဿ ရဥာဏ်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဈ 🙏
ဇမျဉ်ဇွဲဟူသည်ကား
စျာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ည 🙏
ညဟူသည်ကား
ဉေယျ ဓံတရား ငါးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဋ 🙏
တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို
ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဋ္ဌ 🙏
ဋ္ဌဝန်ဘဲဟူသည်ကား
ပဋ္ဌာန်းကျမ်းကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဍ 🙏
ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည်
လက်ညိုးတစ်ချောင်းထောင်ပြ၍
ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟု
ပြောဆိုခံရသော မြတ်စွာဘုရား။🙏🙏🙏

🙏 ဎ 🙏
ဓရင်မှုတ် ဟူသည်ကား
ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌
အနိယတ ဗျာဒိတ်ပန်းကို
ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဏ 🙏
ဏကြီးဟူသည်ကား
တဏှာတည်းဟူသော
အမိုက်မှောင်တို့ကိုပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 တ 🙏
တဝမ်းပူဟူသည်ကား
တစ်ထောင်မကသော
ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ထ 🙏
ထဆင်ထူး ဟူသည်ကား
ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဒ 🙏
ဒဒွေးဟူသည်ကား
ဒိပ္ပစက္ခု ရွှေဥာဏ်တော်ကို
ရတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဓ 🙏
ဓအောက်ချိုက်ဟူသည်ကား
ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 န 🙏
နငယ်ဟူသသည်ကား
နိဗ္ဗာန်ခေမာ ပြည့်အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ပ 🙏
ပစောက်ဟူသည်ကား
ပုဗ္ဗနေိဝါသ နုဿ တိဥာဏ်ကိုအောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဖ 🙏
ဖဥထုပ်ဟူသည်ကား
ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဗ 🙏
ဗလချိုက်ဟူသည်ကား
ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဘ 🙏
ဘကုန်းဟူသည်ကား
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 မ 🙏
မဟူသည်ကား
မစ္စု မာန်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ယ 🙏
ယပလက်ဟူသည်ကား
ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ရ 🙏
ရကောက်ဟူသည်ကား
ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 လ 🙏
လဟူသည်ကား
လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်
ကင်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဝ 🙏
ဝဟူသည်ကား
ဝသုနြေ္ဒ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအား
ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 သ 🙏
သဟူသည်ကား
သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဟ 🙏
ဟဟူသည်ကား ဟန်ဒ ဒါနိ ဘိက်ခဝေ
ပါဋ္ဌိတော်လာသည်နှင့်အနိယတ
ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။🙏🙏🙏

🙏 ဠ 🙏
လကြီး ဟူသည်ကား
ဝေဠုဝန်ကျောင်းတော်၌
လပြည့်ဝန်းကဲ့သို့
ပြည့်ထွန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 အ 🙏
အဟူသည်ကား
နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား။🙏🙏🙏

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု
ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။

" သာဓုသာဓုသာဓု "
🙏 🙏 🙏

18 နဲ့ 64/15-29မွေးထိုးပါ မပေါက်မရှိ နော်😌😌စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရေး လေယာဉ် ၁ စီး စစ်ကိုင်းတိုင်း အုန်းတောကျေးရွာအ...
16/02/2022

18 နဲ့ 64/15-29
မွေးထိုးပါ မပေါက်မရှိ နော်😌😌
စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရေး လေယာဉ် ၁ စီး စစ်ကိုင်းတိုင်း အုန်းတောကျေးရွာအနားမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက်က ပျက်ကျသွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်(လေ) တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းနေတဲ့ တိုက်ခိုက်ရေး လေယာဉ် ၁ စီးဟာ ဒီနေ့မနက် ၁၀ နာရီ ၄၃ မိနစ်လောက်က လေ့ကျင့်ရေး ဧရိယာအတွင်း လေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှုပြတ်တောက်သွားတာလို့ ဆိုပါတယ်။ တိုက်လေယာဉ်ကို တခြားလေယာဉ် တစီးနဲ့ လိုက်လံရှာဖွေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး အုန်းတောကျေးရွာ အရှေ့ဘက် ရေမျက်ကြီးအင်းအတွင်း စက်ချို့ယွင်းကာ ပျက်ကျသွားတဲ့တာလို့ MRTV သတင်းမှာ ဖော်ပြပါတယ်။
တစ်ဦးထဲပါသွားတဲ့ လေယာဉ်မှူးကိုတော့ အသက်သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က တရုတ်သတင်းဌာနကို ပြောကြားထားပါတယ်။
Photos - obtained

အချိန်တန်ရင် မေ့သွားမှာပါလို့ ပြောရအောင်...ကျောင်းတုန်းက သင်ခဲ့တဲ့စာတွေမှမဟုတ်တာ.....🙂 #မောင်လှမျိုး  ( ချင်းချောင်းခြံ ...
01/02/2022

အချိန်တန်ရင်
မေ့သွားမှာပါလို့ ပြောရအောင်...

ကျောင်းတုန်းက သင်ခဲ့တဲ့
စာတွေမှမဟုတ်တာ.....🙂

#မောင်လှမျိုး ( ချင်းချောင်းခြံ )


#အရေးတော်ပုံအောင်ရမည်

◾ ပြည်တော်ဝင်ဖို့ ရုန်းကြစို့ …..1 February 2022 - မနက် ၁၀ နာရီမှ ၄ နာရီ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်- ညနေ ၄ နာရီ လက်ခုတ်တ...
01/02/2022

◾ ပြည်တော်ဝင်ဖို့ ရုန်းကြစို့ …..

1 February 2022

- မနက် ၁၀ နာရီမှ ၄ နာရီ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်
- ညနေ ၄ နာရီ လက်ခုတ်တီးသပိတ် (အသံထွက်သပိတ်)

Silent Strike ကိုအားလုံးတူတူ ပါဝင်ကြပါစို့ ….. တို့ပြည်သူတွေ ညီစေနော်!

21/10/2021

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝓣𝓚𝓡 𝓐𝓷𝓽𝓲 𝓒𝓱𝓮𝓪𝓽 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share