24/09/2025
ကျနော့်ဆိုင်လေး ပြန်ဖွင့်နိုင်တော့ပါမယ် ခင်ဗျာ
ဒီလိုပြန်ဖွင့်နိုင်ဖို့ တည်ဆောက်ခဲ့ရပုံလေးတွေ ကို
“အမှတ်တရ”အဖြစ် တင်ခြင်းဖြစ်ပါတယ်… 😍
ဘဝမှာ
ကြားဖူးနေကြစကား “လဲကျရင် ပြန်ထ”ရမယ်တဲ့..
ပြောတော့တာ လွယ်တာနော်.. တကယ် ပြန်ထရတာ ခက်တယ်။
ဒီငလျင်ကြောင့် ပြန်ထရတာ ပိုတောင်ခက်ပါသေးတယ်..
ငလျင်ကြီးပြီးတော့..
ကျနော့ဆိုင်လေးကို ပြင်လို့ ရသေးလား၊ မရတော့ဘူးလားဆိုတဲ့
စစ်ဆေးရေးအဖွဲ့တွေ လာစစ်ဆေးခြင်းက အစ..
ပြန်တည်ဆောက်ဖို့ အတွက်
အင်ဂျင်နီယာအဖွဲ့၊ ဘိလပ်မြေ၊ foundation အလယ်..
ပန်းရံ၊ ရေ၊ မီး၊ ဆေး၊ လုပ်သားဝန်ထမ်း အဆုံး..
ကျော်ဖြတ်ခဲ့ရတာတွေ တကယ်အများကြီးပါ။
အဲ့ဒီ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တိုင်းကို
💁♂️ တာဝန်ယူ လုပ်ဆောင်ပေးသော …
https://www.facebook.com/share/19rqyuDCt2/?mibextid=wwXIfr
💁♂️ လူအား၊ငွေအား ကူညီပေးသော … Lynn Lynn Xtun
💁♂️ ဆုတောင်းမေတ္တာပို့သပေးသော …
ကျနော့မေမေ အပါအဝင်၊ ဒီ Facebook က သူငယ်ချင်းများနှင့်
💁♂️ ကျနော်ရောင်းတဲ့ ပစ္စည်းများကို အမြဲလိုလိုဝယ်ယူအားပေးကြတဲ့ ဝယ်သူတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် 🙏
အရင်ဆိုင်ပုံစံလေးထက်…
ပိုခမ်းနားပြီး ပိုလှပတဲ့ အဆင့်အတန်းတခုကို
ကျနော့်ကို ထပ်ပြီးပေးတဲ့အတွက် ဘုရားသခင်ကိုလည်း အရမ်းကျေးဇူးပါတယ် 🤲
နေ့ရက်တိုင်းရဲ့..
စိတ်ခံစားမှု အတက်အကျ
မျှော်လင့်ချက် အတက်အကျ
ရင်ဆိုင်ရတဲ့ အမျိုးစုံနေသော အခက်အခဲတွေရဲ့ အပျော့/အပြင်းတွေအတိုင်းဆက်လျှောက်လာပြီး အခု ( 6 months- 6 လ) အကြာမှာ ဆိုင်လေးပြန်ဖြစ်တည်လာပါတယ် 😍
“ငလျင်”ဟာ ဘယ်လောက်တောင် ဖျက်ဆီးဆိုးဝါးတဲ့ ဘေးအန္တရာယ်လည်းဆိုတာ တချို့သူငယ်ချင်းတွေ သိမှာမဟုတ်ပါဘူး…
ဒါကြောင့်
ရည်ချွန့်ရဲ့ ဆိုင်ပုံလေးတွေကို
Before နဲ့ After တွဲပြီးတင်ထားလိုက်ပါတယ်..။
ပုံတွေကြည့်လိုက်ရင် သိမှာပါ….
ဆိုင်လေးက…
95% နီးပါး အသစ်ပြန်တည်ဆောက်လိုက်ရတယ်…
ကိုယ် စုထားလေးတွေ ကုန်သွားတယ်။
ကိုယ့်ကို စိုက်ပေးထားတဲ့ အကြွေးလေးတွေလည်း.. အမြန်ကျေဖို့ အလုပ်တွေပိုကြိုးစားပါမယ်..။
ဪ… ဒါနဲ့ တစ်ခု သတိရပေးပါ။
သူငယ်ချင်းတို့ လိုအပ်တာရှိရင် ကျနော့ဆီမှာအားပေးပါ…။
ဆိုင်ပြန်ဖွင့်မယ့်နေ့လေး သိရရင် postတင်ပြီး လာပြောထားပါမယ်ခင်ဗျာ… 😍