HZL Gaming

HZL Gaming By hobby,for fun,little skill,training for streamer. also be a fan.

Cyber Law ဥပဒေ သာအတည်ပြုခဲ့ရင် ကျွန်တော်တို့ပြည်သူတွေ မြောက်ကိုရီးယားနိုင်ငံလို ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ခံရပီး အမှောင်ခ...
13/02/2021

Cyber Law ဥပဒေ သာအတည်ပြုခဲ့ရင် ကျွန်တော်တို့ပြည်သူတွေ မြောက်ကိုရီးယားနိုင်ငံလို ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ခံရပီး အမှောင်ချခံရတော့မှာလား ????

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက Game Streamer တွေ‌ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးတော့ နိုင်ငံရဲ့အာဏာကို မတရားသိမ်းယူခြင်းကို ခံထားရပါတယ်။ အဲ့အတွက်ကို ကျွန်တော်တို့ နိုင်ငံက ဝန်ထမ်းတွေဟာ စစ်အာဏာရှင်တွေရဲ့ ယန္တယားထဲ မပါဝင်ဖို့အတွက် Civil Disobedience Movement တွေ ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိပါတယ်။ လမ်းမတွေပေါ်မှာလဲ အကြမ်းမဖက်ပဲ အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ စုပေါင်းပြီးဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လက်ရှိအလုပ်က အင်တာနက်ပေါ်က Facebook platform ကို အသုံးပြုပြီးတော့ ကျွန်တော်တို့ Follower တွေ ကို ‌Livestreaming ပြုလုပ်ပြီး ဖျော်ဖြေပေးပြီးတော့ အသက်မွေး ဝမ်းကြောင်းရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းလမ်းဟာ အသစ်ဖြစ်တဲ့ အတွက် အင်မတန် နုနယ်ပါတယ်။

အခုလို အာဏာကို မတရားအသုံးပြုပြီးတော့ အင်တာနက်ကို ပိတ်၊ Facebook ကို ပိတ် ပြုလုပ်တဲ့ အခါမှာ ကျွန်တော်တို့နေ့မအိပ် ညမအိပ် ကြိုးစားထားသမျှဟာ မိနစ်ပိုင်းအတွင်းမှာပဲ မြူမှုန်လို ပျောက်ကွယ်သွားရပါတယ်။ ကျွန်တော်တို့ ဒီလို ပြောနေရခြင်းဟာ နောက်ထပ် အသစ်ထွက်ပေါ်လာမယ့် လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အသစ်တိုင်းဟာလည်း ခုလိုပဲ အာဏာကို မတရားအသုံးပြုပြီး ပိတ်ဆို့ခံရမယ်ဆိုရင် အနာဂတ်ရဲ့ လူငယ်တွေ ကြိုးစားသမျှဟာလည်း သဲထဲ ရေသွန်သလို ဖြစ်ဖို့ပဲ ဖြစ်လာပါလိမ့်မယ်။

အခုလက်ရှိ Cyber Law မူကြမ်းအရ Digital, Online ပေါ်အသက်မွေးဝမ်းကြောင်း အထူးပြုနေကြတဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားများ

ISP ( Internet Service Provider ) များ
Software Development Company & Developer များ
Development သင်တန်းကျောင်းများ
များစွာသော အွန်လိုင်းရှော့များ
ဆိုရှယ်အင်ဖလူရင်ဇာများ
ဘလောဂါများ
မိုတီဗိတ်တာများ
Digital Marketing သမားများ
Network Tech သမားများ။
Wifi ပစ္စည်းရောင်းချသည့်ဆိုင်များ။
ဖုန်းဆိုင်များ
ဖုန်း Service ဆိုင်များ။
ဖုန်း Service သင်တန်းများ။
လုပ်ငန်းစု အသေးများမှ အကြီးများထိ

အများကြီးမှအများကြီးထိခိုက်ကြမှာပါ

Digital Landscape ဟာအရမ်းကိုမှ ကျယ်ပြန့်ပါတယ်

အောင်မြင်ခေတ်ရှေ့ပြေးတဲ့ နိုင်ငံတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု Investments များစွာရှိကြပါတယ် ပြည်သူတွေချမ်းသာစွာနေနိုင်ကြပါတယ်

Digitally လာရောက် ဆက်သွယ်လို့ Marketing လုပ်လို့ မရ၊ မရှိနိုင်တော့ပဲ နိုင်ငံခြား ဝင်ငွေ Investments များစွာရရှိဖို့မဖြစ်နိုင်သလို Branded Company ကြီးများလဲ Invest မလုပ်တော့ပဲ ထွက်သွားကြမှာပါ

"ဒါတောင် အာဏာသိမ်းတာ ရက်ပိုင်းပဲရှိပါသေးတယ်ဗျာ"

နှစ်ရှည်ဆို ဘာလုပ်စားကြမလဲ ???

ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက်တင်မကပဲ နောင်လူငယ်တွေ ထပ်မွေးလာမဲ့ မျိုးဆက်သစ်တွေ အတွက်ကိုပါ စိုးရိမ်တာကြောင့်မို့ အာဏာရှင် စနစ်ကို လုံးဝ(လုံးဝ) ကို ဆန့်ကျင် ကန့်ကွက်ပါတယ်။ စစ်အာဏာရှင်စနစ် မုချ ကျဆုံးဖို့ လိုအပ်ပါတယ်။
အားလုံး ဒီတိုက်ပွဲမှာ ပူးပေါင်း ပါဝင်ပေးကြပါ။

Main Topic ကို ပြန်ပြန်သွားပါ..

CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..
CDM နဲ့ pressure သေချာပေးရမယ်..




#ပြိုင်တူတွန်းလျင်ရွေ့သည်




Crd

Here I stand strongly condemning Military Coup. I demand an immediate release of our state counsellor Daw Aung San Suu K...
05/02/2021

Here I stand strongly condemning Military Coup. I demand an immediate release of our state counsellor Daw Aung San Suu Kyi and other NLD party members.

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင်၏ အတင်းအဓမ္မ အာဏာသိမ်းယူခြင်းနှင့် လက်ရှိ တည်ဆဲအစိုးရကို ထိန်းချုပ်ပြီး ဥပဒေနည်းလမ်းမကျ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနေခြင်းကို ကန့်ကွက်ကြောင်း ကျွန်တော် Streamer/Video editor တစ်ယောက် အနေနဲ့ဤ Gaming Community မှတစ်ဆင့် ဖော်ပြလိုပါသည်။
ယနေ့မှစ၍ Civil Disobedience Movement တွင် ပြည်သူ့ဝန်ထမ်းများနှင့် အတူ ရပ်တည်သွားပါမည်။ ❤️🕊🇲🇲

We condemn against the military dictators who forcibly seized control of the national power, the civil government and unlawfully forming the State Adminstrative Council.
As of today, we shall stand firmly with the civil servants who are carrying out the Civil Disobedience Movement.❤️🕊🇲🇲

LET’S SPEAK OUT THE TRUTH 👏🏻❤️🇲🇲















Downloding sniper elite4 😉Tomorrow willbe activate.❤
12/12/2020

Downloding
sniper elite4 😉
Tomorrow will
be activate.❤

11/12/2020

No stream today
ဒီနေ့တစ်ရက်နားမယ်နော်
😅😅

06/12/2020

မနက်ဖန်နေ့လည် ၁နာရီbattlefield1 story modဆော့ပြပါမယ်😜 မနေ့က၂ရက်ကအကြောင်းရှိလို့ မင်မင်streamခဏနားထားတာပါ 😅ဒီတော့မနက်ဖန်နေ့လည်ပုံမှန်တိိုင်း၁နာရီ ပြန်streamပါမယ် ❤
Story modဆိုတော့ခွဲပီးstreamသွားမှာပါ.
တစ်ခါထဲပီးအောင်မstreamနိုင်ပါဘူး 🙂
ဒီလိုဆိုရင်မင်မင့်ကိုသတ်တာနဲ့တူတူပဲ 🌚
Ilu 💚💚

ည၆နာရီ Battlefield 1 online play
01/12/2020

ည၆နာရီ Battlefield 1 online play

Address

Mandalay

Telephone

+959401665516

Website

Alerts

Be the first to know and let us send you an email when HZL Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HZL Gaming:

Videos

Share