စာပေဟောပြောပွဲ

စာပေဟောပြောပွဲ စာပေဟောပြောပွဲများကို စုစည်းပေးထားပါသည်။

09/12/2024

ဆရာသုမောင် "အော်...ဒါနဲ့ သကားမစပ်" မှ
လူငယ်တွေကို အထင်မသေးနဲ့

#စာပေဟောပြောပွဲ

#သုမောင်
#လူငယ်

ဘဝဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍နှိုင်းစတမ်းပါဆိုလျှင်...တစ်ရိုးတံအလွှာငယ် တစ်ဆယ်မကနှင့်ကြွယ်လှသော စိန်ပန်းရွက်နှယ်...
09/12/2024

ဘဝဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍
နှိုင်းစတမ်းပါဆိုလျှင်...
တစ်ရိုးတံအလွှာငယ် တစ်ဆယ်မကနှင့်
ကြွယ်လှသော စိန်ပန်းရွက်နှယ် ဘဝမျိုးလည်းရှိသည်
တစ်ညှာတွင် တစ်လွှာရှိ၍ ဤတစ်လွှာပင် တစ်ရွက်မည်သော
ညောင်ရွက်ကဲ့သို ဘဝမျိုးလည်းရှိပါ၏
ခိုင်နှင့်ကျွန်တော့် ဘဝမှာမူ...
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့်
စွယ်တော်ရွက် ပမာသာ ဖြစ်ခဲ့ရသည်
တစ်လွှာကြွေခဲ့လေပြီမင့် တစ်ရွက်မမည်တော့သော
အထီးကျန် ဤဘဝဝယ်....

#စာပေဟောပြောပွဲ
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
#တက္ကသိုလ်ဘုန်းနိုင်

22/09/2024

ဘဝအမောပြေ

#နေဝင်းမြင့်
#စာပေဟောပြောပွဲ

22/09/2024

အမျိုးသမီးများအိမ်ထောင်ဖက်အဖြစ်
ဘယ်လိုလူကိုရွှေးချယ်သင့်သလဲ

#ဆရာအောင်သင်း
#စာပေဟောပြောပွဲ

#မိန်းကလေး #အမျိုးသမီး

ဒီလို ခက်ခဲတဲ့ ကာလကြီးမှာ မင်ရဲ့ Page လေးကို အားပေးကြတဲ့ တစ်ယောက်ချင်းဆီကို ကျေးဇူးအရမ်းတင်ပါတယ်၊ ပြီးတော့ စာချစ်သူအတော်...
21/07/2024

ဒီလို ခက်ခဲတဲ့ ကာလကြီးမှာ မင်ရဲ့ Page လေးကို အားပေးကြတဲ့ တစ်ယောက်ချင်းဆီကို ကျေးဇူးအရမ်းတင်ပါတယ်၊ ပြီးတော့ စာချစ်သူအတော်များများ ဖတ်ဖူးတဲ့ စာအုပ်လေးတစ်အုပ်ကို ညွှန်းဆိုပေးပါရစေ၊

ဆရာမောင်ဆုရှင်ဘာသာပြန်ထားတဲ့
ပင်လယ်ပြာနှင့်တံငါအိုဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်၊ စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို
အထူးတလည် ညွှန်းဆိုတာမျိုးမလုပ်တော့ပါဘူး၊
ဖတ်တဲ့အခါ အရသာပေါ့သွားမှာစိုးရိမ်လို့ပါ။

ကျွန်တော်တို့ လူ့လောကမှာ ကြုံရဆုံရတဲ့
အခက်အခဲတွေ၊ စိတ်ဓာတ်ကျဖွယ်ရာတွေ၊
ငါမဖြစ်နိုင်တော့ပါဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက် ခွန်းအားတွေ
ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ချစ်ခြင်းများစွာဖြင့်... #စာပေဟောပြောပွဲ

18/06/2024

နားထောင်ကြည့်ပါ မရိုးနိုင်အောင် စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ရလိမ့်မယ်...❤❤

16/06/2024

စာဖတ်ပါ မှတ်သားပါ တွေးခေါ်ပါ

အဆုံးအဖြတ်ဟူသမျှက
အတွေးအခေါ်ရင့်သန်မူ့အပေါ်မူတည်ပြီး
သင့်ဘဝကို ပြောင်းလဲစေပါလိမ့်မည်။

#စာပေဟောပြောပွဲ

❝  ဘာစာအုပ်ဖတ်ရင်ကောင်းမလဲ  ❞  ❝ ဘာစာအုပ်ဖတ်ရင်ကောင်းမလဲ  ❞  လို့ လူငယ်တွေက မကြာခဏမေးလေ့ရှိပါတယ် ။ ကိုယ်ကလည်းဖတ်ဖူးတဲ့ထဲ...
07/01/2024

❝ ဘာစာအုပ်ဖတ်ရင်ကောင်းမလဲ ❞
❝ ဘာစာအုပ်ဖတ်ရင်ကောင်းမလဲ ❞ လို့ လူငယ်တွေက မကြာခဏမေးလေ့ရှိပါတယ် ။ ကိုယ်ကလည်းဖတ်ဖူးတဲ့ထဲက သင့်တော်တာလေးတွေညွှန်းတတ်ပါတယ်။နောက်တော့မဂ္ဂဇင်းစာမျက်နှာပေါ်ကပါ ဖော်ပြပေးမယ်ဆိုရင် လူငယ်စာဖတ်ပရိသတ်အတွက်လည်း အကျိုးရှိနိုင်မယ်ထင်တယ်ဆိုတဲ့ စိတ်ကူးလေး ပေါ်လာပါတယ်။
teen magazine အယ်ဒီတာအဖွဲ့ကိုတင်ပြကြည့်တော့
❝ ဒါမျိုးလုပ်ချင်နေတာကြာပြီ၊ရေးမယ့်လူမတွေ့သေးလို့❞ ဆိုပြီး ဝမ်းမြောက်စွာခွင့်ပြုလို့ ဒီကဏ္ဍလေးဖြစ်ပေါ်လာခဲ့တာပါ။

စာအုပ်တွေရွေးချယ်ရာမှာစာပေပညာရှင်တစ်ယောက်ကညွှန်းသလိုမျိုးမဟုတ်ဘဲ စာကြမ်းပိုးအချင်းချင်းလက်တို့သတင်းပေးတာမျိုးသာဖြစ်ကြောင်းကြိုတင်အသိပေးထားချင်ပါတယ်။ စာအုပ်ကောင်းတွေကတော့ အများကြီးရှိပါတယ်။ဒါပေမယ့် တချို့စာအုပ်တွေကလေးနက်လွန်းအားကြီးလို့ဖတ်ရတာပျင်းဖို့ကောင်းတယ်။ ကျောင်းသင်ခန်းစာတွေလိုပဲ တာဝန်အရဖတ်ရသလိုဖြစ်တတ်တယ်။ဒါမျိုးတွေကိုတော့ခဏဘေးဖယ်ထားပါတယ်။လောလောဆယ်မှာတော့အကြောင်းအရာကလည်းကောင်း ၊ အရေးအသားကလည်းကောင်းတဲ့စာအုပ်မျိုးတွေကိုဦးစားပေးဖော်ပြချင်ပါတယ်။ဖတ်လို့ကောင်းမှစွဲမက်ဖွယ်ကောင်းမယ်။စိတ်ဝင်စားမှုပိုရှိမယ်။ဒါမှလည်းဖတ်ဖြစ်သွားမယ်ယူဆလို့ပါပဲ။ပြီးတော့ဖတ်ရတာငြီးငွေ့မှုမဖြစ်စေဖို့အတွက် သုတ ၊ ရသ ၊ အတွေးအမြင် စုံလင်အောင်စီစဉ်ဖော်ပြပေးထားပါတယ်။

ဖတ်ကြည့်ပါ။

(၁) တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
(ရွှေဥဒေါင်း)

(၂) လေရူးသုန်သုန် ( မြသန်းတင့်)

(၃) ပျောက်သောလမ်းမှာစမ်းတဝါး (မိုးမိုး(အင်းလျား))

(၄) အလွမ်းတက္ကသိုလ်ပန်းတက္ကသိုလ်
(စာရေးဆရာများ)

(၅) နှစ်ငါးဆယ်စာပေခရီး ( ရန်အောင် )

(၆) ကျားကုတ်ကျားခဲ ( မောင်မိုးသူ )

(၇) အိပ်ဇိုးဒပ် ( နိုင်ငံတစ်ခုမွေးဖွားခြင်း )

(၈) အချစ်၏နောက်ဆက်တွဲစာမျက်နှာ (၀င်း၀င်းလတ်)

(၉) သမိုင်းမတွင်ပေမယ့် သမိုင်း၀င်နေတဲ့ စကားများ
( ချစ်ဦးညို )

*** သီးခြားညွှန်းဆိုခြင်း

(၁၀) • ရယ်ရွှင်စရာ အင်္ဂလိပ် ဟာသသဒ္ဒါ
( ဦးအေးချစ် (EEAC) )

(၁၁) ကိုင်း ••• ပြောလိုက်စမ်းမယ် သောင်းပြောင်း
ထွေလာ ( ခင်မျိုးချစ် )

(၁၂) စည်းအပြင်ကလူ ( ထင်လင်း )

(၁၃) ပလိပ် ( ထင်လင်း )

(၁၄) မြစ်ဧရာပေါ်၀ယ် ( ဗန်းမော်တင်အောင် )

(၁၅) ကာလယန္တရားနှင့် အခြား၀တ္ထုတိုများ
( သက်ထွန်း (ဆေးသိပ္ပံ) )

** သီးခြားညွှန်းဆိုချက်

(၁၆) နာမ် ( သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊
လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင် )

(၁၇) စစ်ကိုင်းသမီးဒိုင်ယာရီ ( ခင်ဆွေဦး )

(၁၈) ပျိုတို့အချစ်တော် ( တင့်တယ် )

(၁၉) ဂျာမန်ဘာသာပြန် မြန်မာ၀တ္ထုတို ၂၅ ပုဒ်
( ဇော်ဇော်အောင်၊ သစ္စာနီ၊ မစန္ဒာ၊ ဂျူး •••)

(၂၀) နေရစ်တော့ မြသီလာ ( အောင်ပြည့် )

** သီးခြား ညွှန်းဆိုခြင်း

(၂၁) လွယ်ကူလေ့လာကွန်ပျူတာ
( ဖိုးနိုင်၀င်း ( MASTERPIECE ) )

(၂၂) လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ၊
ထောင်နှင့်လူသား ( လူထုဦးလှ )

(၂၃) မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုအခင်းများ
( လူထုဒေါ်အမာ )

(၂၄) ဒါး ( ဓား ) - မင်းဆွေ

(၂၅) နန်းဓလေ့မှတ်တမ်းများ ( မြကေတု )

** သီးခြား ညွှန်းဆိုခြင်း

(၂၆) အတွေးအမြင် မဂ္ဂဇင်း

(၂၇) ဦးဖိုးကျားနှင့်ပီမိုးနင်း ( တိုက်စိုး )

(၂၈) သမိုင်းထဲက မန္တလေး မန္တလေးထဲကသမိုး
( မြသန်းတင့် )

(၂၉) သိပ်ချစ်တယ် မဟုတ်လား
ချစ် ချစ် ချစ် ၁-၂-၃ ( သုမောင် )

(၃၀) ဖြာမင်္ဂလာ ( ကာတွန်းပဒေသာ )
( ကာတွန်းဖေသိန်း )

** သီးခြားညွှန်းဆိုခြင်း

(၃၁) ချင်းတွင်းမဂ္ဂဇင်း၊ Global English မဂ္ဂဇင်း

(၃၂) အနှစ်နှစ်ဆယ် ( ဗိုလ်မှူးချစ်ကောင်း )

(၃၃) သမိုင်းဇာတ်ဆောင် ၊ လူ့ဘောင်ဇာတ်လမ်း
( စိုးမြင့်လတ် )

(၃၄) နွေတစ်ည ( နိုင်၀င်းဆွေ )

(၃၅) နာဂစ်မုန်တိုင်းခံစားမှုစာစုများ ( မုန်တိုင်းနှင့်လူ )

(၃၆) မိနစ် ၉၀ တစ်ရာသီ ဘောလုံးရသ ၀တ္ထုတိုများ

** သီးခြားညွှန်းဆိုခြင်း - ပိတောက်ပွင့်သစ်မဂ္ဂဇင်း

(၃၇) ပြည်သူ့အတွက် မြန်မာစကားပြေ
( မောင်ခင်မင် ( ဓနုဖြူ ) )

(၃၈) သူလိုကိုယ်လို မောင်၀ဏ္ဏ

(၃၉) သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ
( ဒေါက်တာအောင်ကြီး )

(၄၀) လက်ရွေးစင်ဟာသပဒေသာ
( မောင်ကောင်းထိုက် ( နှီးပဒေါ ))

(၄၁) ခေတ်သစ်ကဗျာမိတ်ဖွဲ့ ( တက္ကသိုလ်၀င်းမွန် )

** သီးခြားညွှန်းဆိုခြင်း - ယောင်တောင်တောင် တစ်ရာ့ကိုးဇင်၏ ကြောင်တောင်တောင်ဖွင့်ဟ၀န်ခံချက်များ
( ခင်မြဇင် )

(၄၂) တိုက်ရေယာဉ် - ၁၀၃ ( မောင်သော်က )

(၄၃) ကမ္ဘာ့ဆိုးပေကြီးများ ( တက်တိုး )

(၄၄) ပန်းများကို ပွင့်စေသူ၊ အောင်မြင်သောနေ့
( ခင်နှင်းယု )

(၄၅) မြေချစ်သူကဗျာများ ( မြေချစ်သူ )

** သီးခြားညွှန်းဆိုခြင်း - မြန်မာစာပေစာစု စာရင်း
( ဦးသန်းထွတ် (တိုက်စိုး) ၊ ဦးသော်ကောင်း၊
ဒေါ်စမ်းစမ်းမေ )

(၄၆) သူလိုလူ ( ဂျာနယ်ကျော်မမလေး )

(၄၇) ၀တ္ထုရေးရာဆောင်းပါးများ ( အောင်သင်း )

(၄၈) ကျိုက်ဝိုင်းစစ်တမ်း ( ဇော်ဇော်အောင် )

(၄၉) ကြည်အေး၏ ကဗျာများ

(၅၀) ထောင်တစ်သက်အတွေ့အကြုံ
( ရန်အောင်မောင်မောင် )

(၅၁) မြို့အုပ်ပုံပြင် ( မောင်ထင် )

(၅၂) ချစ်သူများကို အဆုံးစီရင်ခြင်း
( မောင်ခင်မင် ( ဓနုဖြူ ))

** သီးခြားညွှန်းဆိုခြင်း - မြန်မာ့ပထမဆုံးများ ( မိုးမြင့်မောင် )

(၅၃) ဗမာ့ခေတ်မှ ကြေးမုံသို့
( ကြေးမုံဦးသောင်း ( အောင်ဗလ ) )

(၅၄) သတင်းဂျာနယ်နှင့် ကျွန်တော်
( အထောက်တော်လှအောင် )

(၅၅) အပြာရောင်သစ်ခွပွင့်ရဲ့သမိုင်းအစ ( ငြိမ်းကျော် )

(၅၆) ကိုတံငါ ( ကြယ်နီ )

(၅၇) ဟိုက္ကူကဗျာ မြည်းစရာ ( မင်းသု၀ဏ် )

(၅၈) ၀င်းငြိမ်းနှင့် စာရေးဆရာများ ၁၊ ၂၊ ၃

(၅၉) နှင်းဆီ ( မစန္ဒာ )

(၆၀) တစ်ကောင်တည်းပဲ ••• ဒါပေမဲ့ ခြင်္သေ့
( စမ်းစမ်းနွဲ့ ( သာယာ၀တီ ) )

(၆၁) သာဓု လူပါး၀တယ်

** အထူးညွှန်းဆိုခြင်း - စာရေးဆရာ ကိုအောင်ဆန်း ( နိုင်ငံရေး အထူးဆောင်းပါးပေါင်းချုပ် )

(၆၂) မင်းကျော်၏ ကျော်ဆွေ ၊ ‌ခွေးညို

(၆၃) သပိတ်မှောက်ကျောင်းသား၊ အရှေ့ကနေ၀န်းထွက်
သည့်ပမာ ( သိန်းဖေမြင့် )

(၆၄) ရောင်စဉ်များရဲ့ဘအ‌ဇ္ဈတ္တနဲ့ ရသနယ်ခြားအတွင်းရေး ( လေးနက် )

(၆၅) စာပဒေသာ ( ကာတွန်းဦးဖေသိန်း )

(၆၆) အသည်းပန်းမှာဆူးတွေနဲ့ရယ် ( မြနှောင်းညို )

(၆၇) ကျွန်မချစ်သော ကမ္ဘာမြေ ( ဂျူး )

(၆၈) သေရွာပြန်စာရင်း ( လင်းယုန်မောင်မောင် )

(၆၉) ဗိုလ်ချုပ်အောင်ဆန်းစာစုစာရင်း
( ဦးမောင်မောင် (စိုးရှိန်) )

(၇၀) အဂ္ဂကောင်းကင်ဘုံတရားရုံးချုပ်နှင့် မဟူရာမာရ်
(ခ) ဆေတန် ( မောင်၀ဏ္ဏ )

(၇၁) မိုးထိအောင် လှေကားထောင်နည်း ( အတ္တကျော် )

(၇၂) မြန်မာ အက်ဆေး - ၁၀၀

(၇၃) လူနာဆောင်အမှတ်ခြောက် ( ဖေမြင့် )

(၇၄) တို့ဗမာအစည်းရုံးသမိုင်း

(၇၅) ဆရာ့ ဇာတ်လမ်းစုံ ( မောင်သင် )

(၇၆) ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ
( ဒေါက်တာစိုးလွင် )

(၇၇) ဘ၀နေ၀င်ချိန် ( မြလှိုင် )

(၇၈) ဗိုလ်ချုပ်အောင်‌ဆန်း၏ဘ၀ဖြစ်စဉ်ရက်စွဲများ
( မင်းအောင်နိုင် )

(၇၉) မြန်မာ့သူရဲကောင်း ဗိုလ်မှူးကြီးဗထူး
တိုက်စိုး (ဗိုလ်တိုက်စိုး )

(၈၀) စာ၀င်္ကပါ ပေါင်းချုပ် ( ငွေဥဒေါင်း )

(၈၁) တာတေစနေသား ( ဦးနု )

(၈၂) ဆည်းဆာချိန် တိမ်နီများ ( ခင်မြဇင် )

▪️မင်းလူ ( စာဖတ်တဲ့ မင်းလူ ၊
မင်းလူဖတ်တဲ့စာမှ )

#မင်းလူ



#စာပေဟောပြောပွဲ

29/11/2023

ဆရာအော်ပီကျယ် - တကယ်ချစ်ပါ စာ​ေပဟောပြောပွဲ
#စာပေဟောပြောပွဲ #အော်ပီကျယ်

သိမှတ်ဖွယ်ရာ တန်ဆောင်းမုန်းလပြည့်နေ့--------------------------------------တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ...
27/11/2023

သိမှတ်ဖွယ်ရာ တန်ဆောင်းမုန်းလပြည့်နေ့
--------------------------------------
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သာမညဖလ အခါတော်နေ့

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုသည်။

အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။

သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။

ရဟန်းပြုခြင်းဖြင့်-

မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
ဈာန်တရား ရနိုင်ခြင်း။
ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

Ref-Wikipedia
#စာပေဟောပြောပွဲ #တန်ဆောင်တိုင် #တန်ဆောင်မုန်းလပြည့်

30/10/2023

ရင့်ကျက်တယ်ဆိုတာ
-------------------
"လူတစ်ယောက် ရင့်ကျက်တယ်
မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ"

ဆရာကြီးအောင်သင်းရဲ့စကားလေး

ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေးလည်းရှိပါသေးတယ်

"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ ။

#စာပေဟောပြောပွဲ #အောင်သင်း #လင်္ကာရည်ကျော်

ဒီမယ်  မင်းတို့ မှတ်ထားအရက်တစ်ခွက်သောက်လို့  မူးပြီးရမ်းရင်အဲဒီကောင်ဟာ အဲဒီ အရက်နဲ့ မတန်တဲ့ကောင်ကွငွေတစ်သိန်းရှိလို့ မော...
29/10/2023

ဒီမယ် မင်းတို့ မှတ်ထား
အရက်တစ်ခွက်သောက်လို့
မူးပြီးရမ်းရင်
အဲဒီကောင်ဟာ အဲဒီ အရက်နဲ့ မတန်တဲ့ကောင်ကွ

ငွေတစ်သိန်းရှိလို့
မောက်မာလာရင်
အဲဒီကောင်ဟာ
အဲဒီ ငွေတစ်သိန်းနဲ့
မတန်တဲ့ ကောင်ကွ

အေး..... အဲဒီလိုပဲ

ပညာလေးတစ်ခုလောက်
တတ်ပြီး
စောက်ဖင်ခေါင်းကျယ်နေရင်
အဲဒီကောင်ဟာ အဲဒီပညာနဲ့
တစ်ပြားသားမှ မတန်တဲ့ ကောင်လို့မှတ်။

ဆရာအောင်သင်း

#စာပေဟောပြောပွဲ
#အောင်သင်း

လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကိုကိုယ်ဆက်မမှားအောင...
23/10/2023

လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ
ဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို

ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်..!!

ဆရာဦးအောင်သင်း

#စာပေဟောပြောပွဲ
#အောင်သင်း

15/10/2023

ဦးဇော်ဇော် - ဘဝမှာကြိုးစားနေတဲ့သူတွေအတွက်

#စာပေဟောပြောပွဲ #ဦးဇော်ဇော်

14/10/2023

ဦးအောင်-စိတ်ဓာတ်ကျရင် ဘယ်လိုပြုပြင်ရမလဲ

#စာပေဟောပြောပွဲ
#ဦးအောင် #အောင်သမာဓိ

14/10/2023

လူငယ်လူရွယ်မောင်မယ်တို့ ရှောင်ရှားကြဖို့ ❤
စာပေဟောပြောပွဲဆိုပြီး ဘာလို့တရားတော်တွေ
တင်ပေးနေလဲ မအောင့်မေ့ပါနဲ့ခင်ဗျာ
အသိပညာ၊ ဗဟုသုတရစေတဲ့ Post လေးကို မျှဝေပေးပါရစေ၊

#စာပေဟောပြောပွဲ

13/10/2023

လူငယ်လူရွယ် ညီလေးညီမလေးတို့ သတိထားမိဖို့ ။

#စာပေဟောပြောပွဲ

ဘာမှ လုပ်စရာ မရှိရင် စာဖတ်ခြင်းဟာ အကောင်းဆုံးအလုပ်ပဲ(ဆရာဦးအောင်သင်း)ပျင်းနေမယ့်အတူ စာဖတ်ပါ......စာမဖတ်ရင် အကန်းဘဝရောက်သ...
11/10/2023

ဘာမှ လုပ်စရာ မရှိရင် စာဖတ်ခြင်းဟာ အကောင်းဆုံးအလုပ်ပဲ
(ဆရာဦးအောင်သင်း)

ပျင်းနေမယ့်အတူ စာဖတ်ပါ......

စာမဖတ်ရင် အကန်းဘဝရောက်သလို၊ စာမဖတ်ရင်
လူစင်မမှီတဲ့ ဘဝ ရောက်တတ်တယ်။

ဘယ်လောက် အဆင့်မြင့် ဘွဲ့ ဒီဂရီ တွေ ရရ၊
ဘယ်လို အဆင့်မြင့် ရာထူး ကိုင်ထား ကိုင်ထား၊
ဘယ်လောက်ပဲ ကျိကျိတတ် ချမ်းသာ ချမ်းသာ၊
စာပေအဟာရ လုံလောက်စွာ ဖြည့်မထားလျှင်.....
အတွေးအခေါ် အယူအဆတွေ အဆင့်မမှီပဲ၊
အများနဲ့စကားပြောတဲ့အခါကျရင် အကျိုးအကြောင်း မဆီလျော် ဆုံးဖြတ်ချက်တွေချဖို့ တွေဝေနေလိမ့်မယ်။

လူတစ်ယောက်ရဲ့ ဘဝတိုးတက်ရေး မှာ စာဖတ်ခြင်းက "ခွန်အား" ဖြစ်ပါတယ်။

ဒါကြောင့်...
မိမိရောက်တဲ့ နေရာတိုင်းမှာ လူငယ်ရော လူကြီးတွေပါ
စာဖတ်ဖို့ တိုက်တွန်းပါ။ ခေတ်ဟာ အမြဲ တိုးတတ်ပြောင်းလဲနေတယ်။ ဒါကြောင့်... လူဟာလည်း တိုးတတ်ပြောင်းလဲနေဖို့ လိုပါတယ်။

အနားယူတာနဲ့ ပျင်းတာ ကွဲပြားဖို့လိုပါတယ်။
မလုပ်နိုင်တာနဲ့ မလုပ်ချင်တာ ကွဲပြားဖို့လိုပါတယ်။
ဝေဖန်တာနဲ့ အပြစ်ရှာတာ ကွဲပြားဖို့လိုပါတယ်။
သုံးတာနဲ့ ဖြုန်းတာ ကွဲပြားဖို့လိုပါတယ်။
သတင်းနဲ့ အတင်း ကွဲပြားဖို့လိုပါတယ်။
တာဝန်နဲ့ အာဏာ ကွဲပြားဖို့လိုပါတယ်။
လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားဖို့လိုပါတယ်။
ဘာပဲလုပ်လုပ် အမြဲ သတိနဲ့အသိ ရှိပါ။
ကောင်းတဲ့အရာတွေကိုသာ ပိုကောင်းပါစေ။
ဆိုးတဲ့အရာတွေကိုတော့ ပိုဆိုးမလာပါစေနဲ့။

သိချင်ရင်၊အမြင်ကျယ်ချင်ရင် စာဖတ်ပါ။
တော်ချင်ရင်၊ တတ်ချင်ရင် စာဖတ်ပါ။
လိမ္မာချင်ရင်၊ယဉ်ကျေး ချင်ရင် စာဖတ်ပါ။
ငွေမရှိလည်း၊ လူ့အောက်မကျချင်ရင် စာဖတ်ပါ။
ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းချင်ရင် စာဖတ်ပါ။
ဘဝ အဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ။
မအချင်ရင်၊ အညာမခံချင်ရင် စာဖတ်ပါ။
အနိုင်ကျင့် အစော်ကားမခံချင်ရင် စာဖတ်ပါ။
အဆင့်ရှိရှိ စကားပြောတတ်ချင်ရင် စာဖတ်ပါ။
ဟန်မဆောင်ပဲ ပြုံးတတ်ချင်ရင် စာဖတ်ပါ။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ဘဝမရောက်ချင်ရင် စာဖတ်ပါ။

ကြားသမျှ လိုက်ပြောတဲ့ သာလိကာ လို အာမညောင်းရအောင် စာဖတ်ကြပါ။

မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်လို ဦးနှောက်မမဲ့အောင် စာဖတ်ကြပါ။

ဆီဆုံမှာ တပ်ထားတဲ့ နွားတို့လို အလှည့်အပတ်မခံရအောင် စာဖတ်ကြပါ။

မျက်မမြင် ပုဏ္ဏားတွေလို အမြင်မရှိပဲ ရမ်းမတုတ်ရအောင် စာဖတ်ကြပါ။

လေယူရာ ယိမ်းတဲ့ ကောက်ပင်လို သူများဆွယ်တိုင်းမပါရအောင် စာဖတ်ကြပါ။

စာဖတ်ပါ.. အတွေးတွေ လေးနက်လာလိမ့်မယ်။

စာဖတ်ပါ...စကားလုံးတွေ ကျစ်လစ်လာလိမ့်မယ်။

စာဖတ်ပါ..အရာရာကို တိုးတတ်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

ဒါကြောင့်.....
"စာဖတ်ဖို့" အချိန်ပေးပါ။
စာဖတ်ပါ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာတစ်ခုရှိတယ်။
အဲ့ဒါကို "အချိန်" လို့ ခေါ်ပါတယ်။ ဘက်မလိုက်သလိုပဲ ဆုံးရှုံးသွားပြီးရင်လည်း ပြန်မရနိုင်ဘူး။
ဘယ်တော့မှ ရပ်တန့်မနေအောင်လူကို တွန်းအားပေးပြီး
တိုးတတ်ပြောင်းလဲစေတဲ့ အရာတစ်ခုရှိတယ်။
အဲ့ဒါကို "စာဖတ်ခြင်း" လို့ခေါ်ပါတယ်။
ရှင်သန်နေသမျှ မိတ်ဆွေနဲ့အနီးဆုံးမှာ ရှိပေးနိုင်တာ
ခွန်အားပေးနိုင်တာဆိုလို "စာအုပ်စာပေ" တွေပါပဲ။

မူရင်းစာရေးဆရာအားလေးစားလျက်
#စာပေဟောပြောပွဲ #အောင်သင်း

Address

Mandalay
05041

Alerts

Be the first to know and let us send you an email when စာပေဟောပြောပွဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စာပေဟောပြောပွဲ:

Videos

Share

Category