Aung Lwin Myint - Forex & Gold Trading Business Consultant

Aung Lwin Myint - Forex & Gold Trading Business Consultant Forex & Gold Trading Business Consultant

🗓️ 16 May, 2023 - XAUUSD/ Gold Vs Dollar (1 - OZ)_________________________________________________ #ယ‌နေ့_ကမ္ဘာ့ရွှေ (၁ ...
16/05/2023

🗓️ 16 May, 2023 - XAUUSD/ Gold Vs Dollar (1 - OZ)
_________________________________________________
#ယ‌နေ့_ကမ္ဘာ့ရွှေ (၁ - အောင်စ)

📊 အဖွင့်ဈေး = $2016

📈 အမြင့်ဆုံးဈေး = $2017

📉 အနိမ့်ဆုံးဈေး = $2013

📊 လက်ရှိဈေး = $2015



💱 Forex Market ဆိုတာ ဘာလဲ။❓➖➖➖➖➖➖➖➖➖➖➖➖💱 Forex ဆိုတာ “ Forex ” သို့မဟုတ် “ FX ” ဟု အများအားဖြင့် သိကြသည့် နိုင်ငံခြားငွေ...
15/05/2023

💱 Forex Market ဆိုတာ ဘာလဲ။❓
➖➖➖➖➖➖➖➖➖➖➖➖

💱 Forex ဆိုတာ “ Forex ” သို့မဟုတ် “ FX ” ဟု အများအားဖြင့် သိကြသည့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော ငွေကြေးဈေးကွက်လည်းဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် Forex ဆိုတာ ငွေကြေးတွေကို ရောင်းဝယ်ဖောက်ကားဖို့ ခွင့်ပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက်ပါပဲ။ ငွေကြေးတစ်ခုသည် အခြားတစ်ခုနှင့် ယှဉ်လျှင် ပိုအားကောင်းမည်ဟု သင်ထင်ပြီး မှန်ကန်စွာ အဆုံးသတ်ပါက အမြတ်အစွန်းရနိုင်တဲ့ ဈေးကွက်လည်းဖြစ်ပါတယ်။ ဒါကြောင့် FX စျေးကွက်သည် ကမ္ဘာ့ငွေကြေးများကို အရောင်းအဝယ်လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော စျေးကွက်ဖြစ်ပါတယ်။

📊 Forex Market ဆိုတာ

🇺🇸 Foreign = နိုင်ငံခြား
💱 Exchange= လဲလှယ်ခြင်း
💹 Market = ဈေးကွက်

📊 Foreign Exchange Market နိုင်ငံခြားငွေလဲလှယ်‌ရေးစျေးကွက်ကို Forex Market (သို့) FX Market ဟု အတိုကောက်ခေါ်ကြသလို နိုင်ငံတကာငွေကြေးများကိုရောင်းဝယ်ဈေးကစားကြသည့် Online ဈေးကွက်ကြီးလည်းဖြစ်ပါတယ်။

💸 ငွေကြေးလဲလှယ်ခြင်းဆိုသည်မှာ ငွေကြေးတစ်ခုမှ မတူညီတဲ့ အခြားငွေကြေးတစ်ခုကို လဲလှယ်လိုက်ခြင်းဖြစ်သလို ငွေလဲနှုန်းဆိုသည်မှာ မတူညီသောနိုင်ငံနှစ်ခုမှ ငွေကြေးနှစ်ခု၏ နှိုင်းယှဉ်စျေးနှုန်းလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ငွေကြေးလဲလှယ်မှုနှုန်းတွေကလည်း အမြဲတမ်းပုံသေဖြစ်မနေပဲ အချိန်နဲ့အမျှ အပြောင်းအလဲ အတက်အကျဖြစ်နေပါတယ်။ အဲဒီလို ငွေကြေးလဲလှယ်နှုန်းပြောင်းလဲခြင်းသည် မိတ်ဆွေတို့ကို ငွေကြေးလဲလှယ်ခြင်းဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်နေပါတယ်။

📊 ဒီဈေးကွက်ကြီးတွင် ဘဏ်များ၊ စီးပွားရေးလုပ်ငန်းကြီးများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက သူတို့၏ အကျိုးစီးပွားအတွက် ငွေကြေးများကို လဲလှယ်ကြပြီး နိုင်ငံတကာသုံးငွေကြေးလဲလှယ်နှုန်းများကို ဈေးကစားကြပါတယ်။ ထို့ပြင် ငွေကြေးလဲလှယ်ခြင်းကို ယခင်က အစိုးရဘဏ်၊ ကုန်သွယ်မှုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုဘဏ်များကသာ ဝင်ရောက်လုပ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကွန်ပျူတာအင်တာနက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် အသေးစားရင်းနှီးမြှုပ်နှံသူ၊ ဈေးကစားသူတွေအထိပါ Forex Market မှာ ပါဝင်လာခွင့်ရလာခဲ့ပါတယ်။

⏰ Forex Market မှာ ဖွင့်ချိန် ပိတ်ချိန်မရှိပဲ တစ်ပတ်မှာ ၅ရက်၊ တစ်ရက်မှာ ၂၄နာရီ လည်ပတ်လျက်ရှိပါတယ်။ ဒီဈေးကွက်မှာ သင်ကရောင်းလိုလျှင် အခြားတစ်ဖတ်မှာဝယ်သူအဆင်သင့်ရှိနေပြီး သင်ကဝယ်လိုလျှင် အခြားတစ်ဖတ်မှာ ရောင်းသူအဆင်သင့်ရှိနေအောင် တပြိုင်နက်ထဲချိတ်ဆက်ထားတာဖြစ်လို့ ရောင်းသူဝယ်သူစောင့်ဆိုင်းနေစရာမလိုပဲ စက္ကန့်ပိုင်းအတွင်း ကြိုက်တဲ့အချိန်မှာ အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။

📊 Forex Market သည် ကမ္ဘာတစ်ဝန်းငွေကြေးများ လဲလှယ်အရောင်းဝယ်လုပ်ကြသောစျေးကွက်ကြီးဖြစ်ပြီး နေ့စဉ် စျေးကွက်အတွင်း လှည့်လည်စီးဆင်းဝင်ထွက်နေသော ငွေပမာဏ (Daily turnover) အမေရိကန်ဒေါ်လာ (8.8) ထရီလီယံ ဝန်းကျင်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးစျေးကွက်ကြီးဖြစ်တာကြောင့် ငွေဖြစ်လွယ်မှု (Liquidity) မြင့်မားပါတယ်။ ထို့နောက် ဆတိုးရောင်းဝယ်ခွင့် (Leverage) ပေးထားဖြစ်လို့ ငွေပမာဏနည်းနည်းကနေ အရောင်းအဝယ်လုပ်လို့ရမှာလည်းဖြစ်ပါတယ်။

📊 Forex Market သည် ပြင်ပဈေးကွက်တွေနှင့်မတူညီတဲ့အချက်ကတော့ နှစ်လမ်းသွားဈေးကွက် (Two Way Market) ဖြစ်လို့ပါပဲ။ နှစ်လမ်းသွားဈေးကွက်ဆိုတာ ဈေးကျနေတဲ့အချိန်မှာ ဝယ်ပြီး ဈေးတက်လာတဲ့အချိန်မှာ အကျိုးအမြတ်ရှာနိုင်သလို၊ ဈေးတက်နေတဲ့အချိန်မှာလည်း ရောင်းပြီး ဈေးကျလာတဲ့အချိန်မှာ အကျိုးအမြတ်တွေ ရှာလို့ရပါတယ်။

📊 Forex Market မှာ အဓိကအားဖြင့်

✅ Currency Pairs (နိုင်ငံတကာငွေကြေးအတွဲများ)
✅ Metal (ရွှေ၊ ငွေ၊ ပလက်တီနမ်)
✅ Stock Shares (ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများ၏ အစုရှယ်ယာများ)
✅ Indexs (အညွှန်းကိန်းများ)
✅ Commodities (ရေနံ၊ ရေနံစိမ်း၊ သာဝဓာတ်ငွေ့၊ ကမ္ဘာ့ကုန်စည်များ)
✅ Cryptocurrency (Digital ငွေကြေးများ) စသည့်ကမ္ဘာ့ဈေးကွက်တွေမှာလည်း အရောင်းအဝယ်ပြုလုပ်နိုင်‌ပါသေးတယ်။

💸 ငွေကြေးအရောင်းအဝယ်လုပ်ငန်းကို မိတ်ဆွေအမှန်တကယ်တက်ကျွမ်းသွားပြီဆိုရင်တော့ မိတ်ဆွေရဲ့ဘဝမှာ Financial Freedom အဖြစ်ရပ်တည်နိုင်သလို၊ Professional Traderတစ်ယောက်ဖြစ်ပါက Millioner တစ်ဦးအဖြစ်ရပ်တည်နိုင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။

📊 Forex Market မှာ နိုင်ငံတစ်ခုရဲ့ ငွေကြေးကို ဝယ်ယူလိုက်တယ်ဆိုတာ အလားအလာရှိသော နိုင်ငံတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံနှစ်ခုရဲ့ ငွေကြေးလဲလှယ်မှုနှုန်းတွေဟာ ၎င်းနိုင်ငံနှစ်ခုလုံးရဲ့ စီးပွားရေးအခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။

💸 ငွေကြေးအရောင်းအဝယ်လုပ်ရာမှာလည်း မိမိရဲ့ အိမ်ကနေပဲ Smart Phone, Tablet or Computerဖြင့် Internet ကိုသုံးပြီးတော့ Online ကနေ သက်သောင့်သက်သာအရောင်းအဝယ် လုပ်ရမှာဖြစ်ပါတယ်။

📊 Forex Market ရဲ့အားသာချက်ကတော့

- ၂၄ နာရီဈေးကွက်ဖြစ်ခြင်း။
- ဗဟိုထိန်းချုပ်မှုကင်းလွတ်ခြင်း။
- မည်သူမဆိုပါဝင် ရောင်းဝယ်နိုင်ခြင်း။
- ငွေဖြစ်လွယ်မှု မြန်ဆန်ခြင်း။
- ငွေပမာဏနည်းနည်းကနေ ဆတိုးရောင်းဝယ်ခွင့်ရှိခြင်း။
- အရင်းနည်းနည်း အမြတ်များများရခြင်း။
- အချိန်/ နေရာ မရွေး အရောင်းအဝယ်လုပ်နိုင်ခြင်း။
- အကန့်အသတ်မရှိ အကျိုးအမြတ်ရှာနိုင်ခြင်း။
- စီးပွားပျက်ကပ် မရှိခြင်း။
- Phone / laptop နှင့် Internet ရှိရုံဖြင့် သက်ဆိုင်ရာ Server နှင့်ချိတ်ဆက်ပြီး Forex Market မှာ အရောင်းအဝယ် လုပ်လို့ရခြင်း။
- Two Way Market ဖြစ်တဲ့အတွက် အဝယ်ရော အရောင်းရော ၂ မျိုးစလုံးမှာပါ အကျိုးအမြတ်ရှာနိုင်ခြင်း။
- Main Business ရော ၊ Secondary Business အဖြစ်ပါ လုပ်ကိုင်နိုင်ခြင်း။
- ကိုယ်ပိုင် Business အနေဖြင့် ဆိုင်ခန်းခ၊ ဝန်ထမ်းခနှင့် တခြား Charges ကုန်စရာမလိုပဲ ကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း။
- Trading Account ဖွင့်သည့် Deposit အပြင် တခြားမည်သည့် Charges၊ Commission မှ ပေးစရာမလိုခြင်းစသည့်အချက်တွေကြောင့် Forex Market သည် အခုလိုနည်းပညာမြင့်မားလာတဲ့ခေတ်မှာ အထူးလုပ်ကိုင်သင့်တဲ့ Online စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။




15 May, 2023

🗓️ 15 May, 2023 ယနေ့တစ်‌နေ့တာ ကမ္ဘာ့ရွှေစျေးကွက်အ‌နေအထားအရ အဟန့်အတား‌ဈေးတန်းများကို နည်းပညာပိုင်းအရ ခန့်မှန်းသုံးသပ်‌ချက...
15/05/2023

🗓️ 15 May, 2023 ယနေ့တစ်‌နေ့တာ ကမ္ဘာ့ရွှေစျေးကွက်အ‌နေအထားအရ အဟန့်အတား‌ဈေးတန်းများကို နည်းပညာပိုင်းအရ ခန့်မှန်းသုံးသပ်‌ချက်🧑‍💻

📈 Resistance Zone -
_____________________
1️⃣ 2018
2️⃣ 2027
3️⃣ 2038

🎯 Buy Order - 2019
================
✅ TP - 2027 အမြတ်ဖြင့် ပိုင်းပါ။
⛔️ SL - 2015 အရှုံးဖြင့် ထွက်ပါ။

📉 Support Zone -
____________________
1️⃣ 2012
2️⃣ 2003
3️⃣ 1993

🎯 Sell Order- 2011
===============
✅ TP - 2003 အမြတ်ဖြင့် ပိုင်းပါ။
⛔️ SL - 2015 အရှံးဖြင့် ထွက်ပါ။

📌 Resistance & Support ကျိုးမကျိုးကို H4 Time
Frame ဖြင့် သုံးသပ်လို့ရပါတယ်။

📌 Resistance & Support တစ်ဖက်တစ်ချက်စီ
နောက်ထပ် Candlestick တစ်ခုဖောက်တက်လာပါက
အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။

📌 လူကြီးမင်းတို့ရဲ့အရောင်းအဝယ်လုပ်တဲ့ Account ရဲ့
Amount ပေါ်မူတည်ပြီး Lot size ချိန်ပါ Risk
Management သုံးပါ။



🗓️ 15 May, 2023 - XAUUSD/ Gold Vs Dollar (1 - OZ)_________________________________________________ #ယ‌နေ့_ကမ္ဘာ့ရွှေ (၁ ...
15/05/2023

🗓️ 15 May, 2023 - XAUUSD/ Gold Vs Dollar (1 - OZ)
_________________________________________________
#ယ‌နေ့_ကမ္ဘာ့ရွှေ (၁ - အောင်စ)

📊 အဖွင့်ဈေး = $2007

📈 အမြင့်ဆုံးဈေး = $2016

📉 အနိမ့်ဆုံးဈေး = $2007

📊 လက်ရှိဈေး = $2015



🪙 ဘယ်လိုရွှေမျိုးကို ရင်းနှီးမြှုပ်နှံကြမလဲ။❓=================================   ယနေ့ခေတ်မှီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှ...
14/05/2023

🪙 ဘယ်လိုရွှေမျိုးကို ရင်းနှီးမြှုပ်နှံကြမလဲ။❓
=================================

ယနေ့ခေတ်မှီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှုများသည် ရင်းနှီးမြှုပ်နှံသူများအား ရွှေထွက်ကုန်များအား ရိုးရိုးဝယ်ယူခြင်းမှ ရွှေလဲလှယ်စာချုပ်များဝယ်ယူနိုင်ခြင်းအထိ ရင်းနှီးမြှုပ်နှံမှုအသွင်ဖြင့် နည်းလမ်း များစွာကို ပေးဆောင်လာနေပါသည်။ ထိုပုံစံတစ်ခုချင်းစီကို အနီးကပ်လေ့လာကြည့်ပြီး မိမိနှင့်သင့်တော်မည့်ပုံစံကို စဉ်းစားလာနေသည့် အသိုက်အဝန်းကလည်း ရှိလာနေပြီဖြစ်ပါသည်။

✅ Physical Gold (ရွှေတုံး ရွှေသားအတိ)
===============================

ငွေလဲလှယ်ရောင်းဝယ်ရေး ရင်းနှီးမြုပ်နှံမှုကိရိယာများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း၊ လူအများသည် ယေဘူယျအားဖြင့် ၎င်းတို့ထိတွေ့ခံစားနိုင်သော အရာတစ်ခုခုတွင် ၎င်းတို့၏ငွေကို သိမ်းဆည်းထားလိုကြမြဲသာဖြစ်ပါသည်။ ထို့ကြောင့် ရွှေချောင်းများ၊ ရွှေဒင်္ဂါးများနှင့် ရွှေလက်ဝတ်ရတနာများသည် အဖိုးတန်သတ္တုများတွင် ရင်းနှီးမြှုပ်နှံရန် ရေပန်းအစားဆုံးနည်းလမ်းများအဖြစ် ဆက်လက်တည်ရှိနေသည့် အကြောင်းရင်းဖြစ်ပါသည်။ ဒါလည်းသဘာဝကျပါသည်။

✅ Gold Bars (ရွှေချောင်းများ)
=======================

ဤရင်းနှီးမြှုပ်နှံမှုအမျိုးအစားသည် ချမ်းသာကြွယ်ဝသူများလုပ်ဆောင်လေ့ရှိပြီး အခက်အခဲများစွာကို ရည်ညွှန်းသောကြောင့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ သို့မဟုတ် ဘဏ်များအတွက် ပိုမိုသင့်လျော်ပါသည်။ ဥပမာအားဖြင့် ထိုသို့သောရင်းနှီးမြုပ်နှံမှုတွင် အဓိကပြဿနာမှာ သတ္တုသိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးဖြစ်သည်။ ရွှေသည် အလွန်လေးလံသော အဝါရောင်သတ္ထုဖြစ်ပြီး ၎င်းကို အလုံအလောက်ဝယ်ပါက အပိုကုန်ကျစရိတ်များ ကုန်ကျမည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်မှုအကြောင်း စဉ်းစားရန် လိုအပ်သည်။ ထို့အပြင် ရွှေချောင်းများကို သင်ဝယ်ယူသည့် ဘဏ်ခန်းတွင် သိမ်းဆည်းပါက အခွန်အခများကို ပေးဆောင်ရမည်လည်းဖြစ်ပါသည်။

✅ Articles of Gold (ရွှေ လက်ဝတ်တန်ဆာများ)
====================================

အချို့နိုင်ငံများတွင် ဤကဲ့သို့ ရွှေရင်းနှီးမြုပ်နှံမှုသည် အမျိုးသားရေး အစဉ်အလာတစ်ခုနီးပါးဖြစ်သည်။ သို့သော် ရွှေချောင်းများကဲ့သို့ပင် ရွှေလက်ဝတ်ရတနာများတွင် အားနည်းချက်များစွာရှိသည်။ ပထမဆုံးအနေနဲ့၊ ဝယ်တဲ့ဈေးနဲ့ ဒီပစ္စည်းကို ပြန်ရောင်းချဖို့ မဖြစ်နိုင်ပါဘူး။ ဝယ်သောအခါ၊ ကျောက်မျက် ရတနာ လက်ရာ၏ ကုန်ကျစရိတ်ကို ၎င်းတွင် ထည့်သွင်းတွက်ချက်ထားပြီး ၎င်းကို ပြန်လည်ရောင်းချသောအခါတွင် အများအားဖြင့် ရွှေ၏တန်ဖိုးရှိသော အစိတ်အပိုင်း၏ အလေးချိန်မျှသာ ပြန်လည်ပေးချေလေ့ရှိကြသည်။

✅ Gold Coins (ရွှေဒင်္ဂါးပြားများ)
=========================

ရွှေဒင်္ဂါးပြားများ ဝယ်ယူရင်းနှီးမြုပ်နှံမှုနည်းလမ်းသည် မကြာသေးမီနှစ်များအတွင်း အလွန်ရေပန်းစားခဲ့သည်။ 2022 ခုနှစ်အစပိုင်းကတည်းက United States Mint သည် ၎င်း၏လစဉ်စာရင်းဇယားများတွင် ထင်ရှားကျော်ကြားသော ရွှေဒင်္ဂါးများရောင်းချမှု သိသိသာသာတိုးလာခဲ့သည်ဟု ဖော််ပြခဲ့ကြသည် ရင်းနှီးမြှုပ်နှံမှုဒင်္ဂါးများသည် Bullion (ရွှေအတုံးအခဲ) နှင့်မတူဘဲ ရောင်းသည့်အခါတွင် အခွန်မဆောင်ရဘဲ ဆွဲဆောင်မှုအရှိဆုံးနည်းလမ်းဖြစ်လာစေသည်။ ဒါပေမယ့်လည်း အားနည်းချက်တွေ ရှိနေပါတယ်၊ အဓိကကတော့ ရောင်းတဲ့အခါ ဒင်္ဂါးပြားရဲ့ အခြေအနေကို အကဲဖြတ်ခြင်းပါပဲ။ အနည်းငယ်သော ခြစ်ရာသည်ပင် ဒင်္ဂါးပြား၏တန်ဖိုးကို ဆုံးရှုံးသွားစေနိုင်ပြီး ပြန်လည်ရောင်းချခြင်းမှအမြတ်အစွန်းတန်ဖိုးကို လျှော့ချပေးချေနေခြင်းပင်ဖြစ်ပါသည်။

✅ World Gold Market (ကမ္ဘာ့ရွှေဈေးကွက်)
=================================

ကမ္ဘာ့ရွှေဈေးကွက်မှာ တကယ့်ရွှေတုံးအစစ်တွေ၊ တကယ့်ငွေစက္ကူအစစ်တွေကို အပြင်ကဆိုင်တွေမှာ သွားရောင်း/သွားဝယ်တာမျိုးမဟုတ်ဘဲ ကြိုရောင်းကြိုဝယ်စာချုပ် (Forward and Future Contracts)တွေကို နိုင်ငံတကာငွေကြေးရောင်းဝယ်မှုအိတ်ချိန်း(ဥပမာ- New York Forex Exchange)နဲ့ ကမ္ဘာ့ကုန်စည်ရောင်းဝယ်မှုအိတ်ချိန်း (ဥပမာ-COMEX)တွေက တစ်ဆင့် အရောင်းအဝယ်လုပ်ကြပါသည်။

အလွယ်ကူဆုံးပြောရရင်တော့ ကမ္ဘာ့ရွှေမှာ စျေးကတက်မယ်လို့တွက်ချက်မိရင် လက်ရှိစျေးကနေ ကြိုဝယ်ထားကာ တကယ်စျေးတက်သွားတဲ့အချိန်မှာ တက်သွားတဲ့ပမာဏအလိုက် အမြတ်ရမှာ​ဖြစ်ပြီး စျေးကျမယ်လို့တွက်ချက်မိရင် လက်ရှိစျေးကနေ ကြိုရောင်းကာ တကယ်စျေးကျသွားတဲ့အချိန်မှာ ကျသွားတဲ့ပမာဏအလိုက် အမြတ်ပြန်ရတာ ဖြစ်ပါသည်။

ကမ္ဘာ့ရွှေမှာ စျေးတန်းတွေက စက္ကန့်ပိုင်း၊မိနစ်ပိုင်းအတွင်း အတက်အကျ၊အပြောင်းအလဲဖြစ်နေတဲ့အတွက် အကျစျေးတန်းတစ်ခုမှာဝယ်ထားပြီး အတက်စျေးတန်းတစ်ခုရောက်ဖို့အထိ စောင့်နေစရာမလိုပဲ စက္ကန့်ပိုင်း၊မိနစ်ပိုင်း၊နာရီပိုင်းအတွင်းမှာပဲ အရောင်းအဝယ်လုပ်၍ အကျိုးအမြတ်ရှာနိုင်သလို ရောင်းသူနဲ့ဝယ်သူကိုလည်း စောင့်ဆိုင်းနေစရာမလိုပါဘူး။

ကမ္ဘာ့ရွှေဈေးကွက်ရဲ့ အားနည်းချက်ကတော့ မကျွမ်းကျင်ပဲ အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ ဆုံးရှုံးမှုအရမ်းကြီးမားပါသည်။

ကမ္ဘာ့ရွှေကို အရောင်း၊အဝယ်ပြုလုပ်လိုရင်တော့ Trading Account တစ်ခု ရှိဖို့လိုပါသည်။ ပြီးရင်တော့ ရင်းနှီးငွေ(Deposit) ထည့်ပြီး မိမိစိတ်ကြိုက် အရောင်းအဝယ်ပြုလုပ်လို့ရပါသည်။

မိတ်ဆွေအနေဖြင့် မိမိ၏အတိုင်းအတာနှင့် ရွှေဈေးကွက်တွင်ရင်းနှီးမြှုပ်နှံရန်ရှိလာပါက အဆိုပါအချက်များအပေါ်တွင်ပြန်လည်စိစစ်တွက် ချက်နိုင်စေရန် ရည်ရွယ်တင်ပြပေးခြင်းဖြစ်ပါသည်။




14 May, 2023

⚜️ Forex Market စတင်ပေါ်ပေါက်လာပုံ ⚜️➖➖➖➖➖➖➖➖➖➖➖➖➖➖➖           ဒုတိယကမ္ဘာစစ်ကြီး၏ ဒဏ်ကို မခံစားရသော နိုင်ငံများထဲတွင် အမ...
13/05/2023

⚜️ Forex Market စတင်ပေါ်ပေါက်လာပုံ ⚜️
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒုတိယကမ္ဘာစစ်ကြီး၏ ဒဏ်ကို မခံစားရသော နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ ဒဏ်ကို မခံစားရယုံမျှမက ကြီးမားသော အကျိုးကျေးဇူးများပင် ရခဲ့သည်။ စစ်ကြီးဖြစ်နေသော ကာလအတွင်း ဆိုဗီယက်အပါအဝင် ၎င်း၏ မဟာမိတ်နိုင်ငံများသို့ စစ်လက်နက် ပစ္စည်းများ၊ အစားအသောက်များ တင်ပို့ရောင်းချခဲ့ရပြီး များစွာကြွယ်ဝချမ်းသာသွးခဲ့သည်။ စစ်ကြီးပြီးဆုံး သွားသောအခါ ချွတ်ခြုံကျသွားသော အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့အင်အားအကြီးဆုံး Super Power ကို အမေရိကန်နိုင်ငံအား အလိုအလျောက် လွှဲပြောင်းပေးလိုက်ရပေတော့သည်။

✅ Bretton Woods System ပေါ်ပေါက်လာခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
၁၉၄၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံ အပါအဝင်နိုင်ငံပေါင်း ၄၂ နိုင်ငံ သည် အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားပြည်နယ်ရှိ အပမ်းဖြေမြို့ကလေးဖြစ်သော ဘရက်တန်ဝုဒ်တွင် တွေ့ဆုံခဲ့ကြသည်။ “ ညီညွတ်ပြီး ချစ်ကြည်ပေါင်းသင်းသော နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေး ဘဏ္ဍာရေး ညီလာခံ ” ဟု တရားဝင်ခေါ်ဆိုသည်။ အဆိုပါ အစည်းအဝေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟယ်ရီဝှိုက်နှင့် ဗြိတိန်အဖွဲ့ခေါင်းဆောင် (ကမ္ဘာကျော်စီးပွားရေးပညာရှင်) ဂျွန်မေးနာ့ဒ်ကိန်း တို့က ဦးဆောင် ကျင်းပကြသည်။

အဆိုပါ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်များထဲတွင် ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ငွေ ကြေးအရ ဆက်ဆံရေးဆိုင်ရာများကို စီမံအုပ်ချုပ်မည့် စည်းစနစ်ကျသော အဖွဲ့အစည်းများတည်ထောင်ရန် လည်း ပါဝင်သည်။ ထို့ကြောင့် အစည်းအဝေးကြီးပြီးသောအခါ ကမ္ဘာ့ဘဏ်ဟု သိကြသည့် ပြန်လည်တည် ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာဘဏ်(အိုင်ဘီအာဒီ)၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အဖ်)နှင့် နောင်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟု ဖြစ်လာမည့် စည်းကြပ်ခွန်နှင့်ကုန်သွယ်မှုဆိုင်ရာ အထွေထွေ သဘောတူညီချက် (GATT) တို့ အသီးသီးပေါ်ထွန်းလာကြသည်။

ဤအစည်းအဝေးကြီး၏ ရလာဒ်အဖြစ် ကမ္ဘာပေါ်ရှိ ငွေကြေးအားလုံးကို အမေရိကန်ဒေါ်လာအားဖြင့် ပုံသေတန်ဖိုးသတ်မှတ်လိုက်သည်။ အမေရိကန်ဒေါ်လာကိုမူ (၎င်းတို့ပိုင်သော) ရွှေဖြင့် တန်ဖိုးသတ်မှတ်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်သည် တကမ္ဘာလုံးရှိ အရန်ရွှေစုစုပေါင်း ၇၅ ရာခိုင်နှုန်း(ခန့်မှန်းခြေ ဒေါ်လာ ၂၅ ဘီလျံ)ကို ပိုင်ဆိုင်ထားသည်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာပုံသေ သတ်မှတ်ထားသည်။ အမေရိကန်ဒေါ်လာနှင့် ရွှေကို (လွတ်လပ်စွာ) လဲလှယ်နိုင်ရန် အမေရိကန်က ကတိပြုသည်။

စစ်ဘေးစစ်ဒါဏ်သင့်ခဲ့သော နိုင်ငံများအနေဖြင့် ပြည်လည်ထူထောင်ရာတွင် ဘရက်တန်ဝုဒ်စနစ် သည် များစွာအောင်မြင်ခဲ့သည်။ ကမ္ဘာငွေကြေးစနစ်သည်လည်း တည်ငြိမ်ခဲ့သည်။ သို့သော် နှစ် ၃ဝ ပင်မကြာခဲ့ပဲ ဘရက်တန်ဝုဒ်စနစ် ပျက်သုန်းသွားခဲ့သည်။ ပျက်သုဉ်းသွားရခြင်း အဓိကအကြောင်းအချက်ကြီး (၂)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

1️⃣ ပထမအကြောင်းအချက်
➖➖➖➖➖➖➖➖➖➖
၁၈၈၇ ခုနှစ်တွင် ပြင်သစ်က ဗိယက်နမ်နိုင်ငံကို ၎င်းတို့၏ ကိုလိုနီနယ်မြေအဖြစ် သတ်မှတ်သွတ်သွင်း လိုက်သည်။ ၁၈၉၃ ခုနှစ်တွင် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကိုပါ ကိုလိုနီနယ်မြေအတွင်း ထပ်မံသွတ်သွင်း လိုက်ပြန်သည်။ ၎င်းဒေသကို French Indochina ဒေသဟု ခေါင်တွင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နာမည်ကျော် ဒိန်ဗင်ဖူးတိုက်ပွဲကြီးအတွင်း၌ ပြင်သစ်တပ်များသည် ကွန်မြူနစ် ဗီယက်ကောင်းတပ်များကို ရှုံးနိမ့်သွားပြီးနောက် ပြင်သစ်တပ်များ ဗီယက်နမ်မြေပေါ်မှ အပြီးတိုင် ထွက်ခွာသွား ရတော့သည်။ ထိုအချိန်က ကမ္ဘာပေါ်တွင် အရင်းရှင်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ အားပြိုင်နေကြသော Cold War ကြီး အရှိန်မြင့်နေသည့်ကာလဖြစ်ပေရာ ပြင်သစ်တို့နေရာတွင် အမေရိကန်တို့ပါဝင်လာပြီးနောက် အမေရိကန် ဗီယက်နမ် စစ်ပွဲကြီးလည်း မီးကုန်ယမ်းကုန် ဆင်နွှဲခဲ့ကြပေသည်။

၁၉၆၅ ခုနှစ်သို့ ရောက်ရှိသောအခါ စစ်ပွဲများ လွန်စွာအရှိန်မြင့်လာပြီး စစ်ပွဲအသုံးစရိတ်မှာ ဒေါ်လာဘီလျံ ၅ဝဝ အထိ ရောက်လာသည်။ ငွေကြေး၏တန်ဖိုးကို ရွှေဖြင့် ကျောထောက်နောက်ခံ ပေးထားရ ခြင်းဖြစ်ရာ လိုအပ်နေသော စစ်အသုံးစရိတ်အတွက် ငွေစက္ကူတို့ကို ထပ်မံပုံနှိပ်ခြင်းလည်း မပြုနိုင်၊ အစိုးရက အခွန်တိုးမြှင့်ကောက်ခံရန်လည်း ငြင်းဆိုနေသဖြင့် ကြီးစွာသော အကြပ်အတည်းကြီး ပေါ်ပေါက်နေခဲ့သည်။

2️⃣ ဒုတိယအကြောင်းအချက်
➖➖➖➖➖➖➖➖➖➖
ဒုတိယ ကမ္ဘာစစ်ကြီးပြီးသောအခါ ဂျပန်နိုင်ငံအပါအဝင် ထွန်းသစ်စနိုင်ငံများက ကုန်ပစ္စည်းများ အားကြိုးမာန်တက် ထုတ်လုပ်ကြပြီးနောက် အမေရိကန်နိုင်ငံသို့ တင်ပို့ကြသည်။ အမေရိကန်နိုင်ငံ၏ ဝယ်လိုအားကလည်း ကြီးမားနေခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံမှ ဒေါ်လာငွေများလည်း ပြင်ပနိုင်ငံများသို့ စီးထွက်ကုန် သည်။ အမေရိကန်သည် ကုန်သွယ်ရေးလိုငွေပြလာခဲ့သည်။ ပြင်ပနိုင်ငံများမှ ဗဟိုဘဏ်တို့က အမေရိကန်နိုင်ငံ မှ ရွှေကို ဒေါ်လာဖြင့် ပြန်လည်လဲလှယ်လာသည်။ (နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်တစ်ခုသည် ၎င်းနိုင်ငံအတွင်း သုံးစွဲငွေအပြင် နိုင်ငံခြားသုံးငွေအမျိုးမျိုးတို့ကိုလည်းကောင်း၊ အမေရိကန်ငွေတိုက် စာချုပ်များကိုလည်းကောင်း ရွှေကဲ့သို့ အဖိုးတန်သတ္ထုများကိုလည်းကောင်း အဆင်ပြေသည့်အချိုးတစ်ခုဖြင့် ထား၍ သိုမှီးထားတတ်ကြသည်။)
အမေရိကန်တို့၏ နိုင်ငံပိုင်ရွှေများကို နော့ဖို့ဒ်ခံတပ်ထဲတွင် သိမ်းဆည်းထားသည်။ ပြည်ပနိုင်ငံများမှ ဝယ်ယူသောရွှေများကို ထိုခံတပ်ထဲမှ ထုတ်ပေးရခြင်းဖြစ်သည်။

နောက်ပိုင်းတွင် အမေရိကန်၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် တို့ပါဝင်ပြီး ရွှေရောင်းချမှု စုပေါင်းအသင်းကို တည်ထောင်ကြသည်။ ရွှေဈေး ၁အောင်စ ၃၅ ဒေါ်လာတွင် ဈေးတန်းတည်ငြိမ်နေအောင် ထိန်းထားနိုင်ဖို့ဖြစ်သည်။ ၎င်းကို London Gold Pool ဟု လူသိများသည်။ အဖွဲ့ဝင်ဘဏ်များက London Gold Pool ကို ရွှေအချိုးကျကိုယ်တာတစ်ခု ထည့်ဝင်ရသည်။ အမေရိကန် ဗဟိုဘဏ်နှင့်လည်း ချိတ်ဆက်ထားသည်။
နောက်ပိုင်းတွင် ရွှေဝယ်အားမှာ တစ်နေ့ထက်တစ်နေ့ ပို၍ မြင့်တက်လာသည်။ နေ့စဉ် ရွှေတန်ချိန် ရာနှင့်ချီ၍ ရောင်းပေးနေရသည်။ တောင့်မခံနိုင်တော့သည့်အဆုံး ၁၉၆၈ ခုနှစ် မတ်လတွင် London Gold Pool ပြိုလဲ သွားတော့သည်။

✅ Bretton Woods System ပျက်သုန်းခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
၁၉၄၅ ခုနှစ်က အမေရိကန်တို့၏ ရွှေသိုလှောင်မှုပမာဏမှာ (ခန့်မှန်းခြေဒေါ်လာ ၂၅ ဘီလျံ) ရှိခဲ့သော် လည်း ၁၉၇ဝ ခုနှစ်သို့ ရောက်သောအခါ ၁ဝ ဘီလျံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ ဘရက်တန်ဝုဒ်သည် ကမ္ဘာ့ ရွှေဝယ်လိုအား မြင့်တက်နေမှုကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် ရွှေပမာဏကို ထပ်ဖြည့်မပေးနိုင်တော့ ပေ။ ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သမ္မတနစ်ဆင်သည် ရွှေနှင့်ဒေါ်လာ ဖလှယ်နိုင်သော ပြောင်းလဲမှု ကို အဆုံးသတ်လိုက်သည်။ ရွှေနှင့်ဒေါ်လာကို ဈေးနှုန်းပုံသေချိတ်ဆက်ထားခြင်းအားဖြင့် ၎င်းတို့၏ အရန်ရွှေ များ လျော့နည်းလာမှုကို ကာကွယ်ရန် အဆိုပါ Bretton Woods System ကို ရုပ်သိမ်းလိုက်ရသည်။ ဤသို့ဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါး ကမ္ဘာတွင် ကျင့်သုံးခဲ့သော Bretton Woods System သည်လည်း နိဂုံးချုပ်သွားခဲ့ပေ တော့သည်။

✅ Forex Market ပေါ်ပေါက်လာခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖
Bretton Woods System စနစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေးတို့သည် အမေရိကန်ဒေါ်လာနှင့် နှုန်းတစ်ခု အသေသတ်မှတ်ထားကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ယခု ဘရက်တန်ဝုဒ်စနစ် ပျက်သုဉ်းသွားသော အခါ ကမ္ဘာ့ငွေကြေးအသီးသီးတို့သည် နှုန်းရှင်လဲလှယ်နှုန်းဖြင့် လဲလှယ်လာကြသည်။ အရောင်းအဝယ်ပြုလာ ကြသည်။ အစောပိုင်းကာလများတွင် ငွေကြေးရောင်းဝယ်မှုများသည် များစွာမတွင်ကျယ်လှခဲ့ပါ။ ယခု FX Trader များ အသုံးပြုနေကြသည့် ငွေကြေး တက်ကျ လှုပ်ရှားမှုပြ Chart များကိုပင်လျှင် လူတိုင်းသုံးစွဲခွင့် မရကြပါ။အဆိုပါ Char များကို ငွေကြေးအရောင်းအဝယ် ပြုလုပ်ကြသည့် ဘဏ်ကြီးများသာ သုံးစွဲနိုင်ကြသည်။ ၂ဝ ရာစုကုန်ကာနီး နှစ်များကျမှသာ တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်သည်။ ကမ္ဘာ့ငွေကြေးအရပ်ရပ်တို့၏ တစ်နေ့တာ အရောင်းအဝယ် Volume မှာ၂ဝ၁၂ ခုနှစ်လောက်က အမေရိကန်ဒေါ်လာ ၂ ထရီလီယံမှ ၃ ထရီလီယံအကြား ရှိခဲ့သည်။ ယနေ့အချိန်အခါတွင် တစ်နေ့တာ အရောင်းအဝယ် Volume မှာ ၈.၈ ထရီလီယံ အထိ တိုးတက်များပြားလာခဲ့ပြီး ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးပင်ဖြစ်သည်။ ဆက်လက်၍လည်း တိုးတက်လာ နေဦးမှာလည်းဖြစ်သည်ဟု ပညာရှင်တို့က သုံးသပ်ထားကြပါသည်။




းခိုင်ဇင်ဝင်း

Address

Mandalay
Mandalay

Alerts

Be the first to know and let us send you an email when Aung Lwin Myint - Forex & Gold Trading Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share