SHADE

SHADE Quarter 225, ChanAyeTharZan Township,Mandalay,Myanmar.
(2)

2022
02/01/2022

2022

ဂိတ်မှာရပ်နားထားတဲ့ YBS ၈၉ ကားတွေမီးလောင်ဧပြီ ၁၂ ၊ ရန်ကုန်ဒီကနေ့မနက် ၅နာရီ‌ခန့်က ရန်ကုန်မြို့ ကြည့်မြင်တိုင်ပန်းပင်ကြီးလ...
12/04/2021

ဂိတ်မှာရပ်နားထားတဲ့ YBS ၈၉ ကားတွေမီးလောင်

ဧပြီ ၁၂ ၊ ရန်ကုန်

ဒီကနေ့မနက် ၅နာရီ‌ခန့်က ရန်ကုန်မြို့ ကြည့်မြင်တိုင်
ပန်းပင်ကြီးလမ်းမှာရှိတဲ့ YBS 89 ယာဉ်လိုင်းဂိတ်မှာ
ရပ်နားထားတဲ့ ကားတွေ မီးလောင်ခဲ့တယ်လို့သိရပါတယ်။
YBS ကား (၅)စီး မီးလောင်ခဲ့တယ်လို့ သိရပြီးမီးလောင်တဲ့အနီးအနားမှာရှိတဲ့ မျက်မမြင်ကျောင်းမှာ စစ်တပ်က
ပြီးခဲ့တဲ့ရက်တွေကတည်းက တပ်စွဲထားတာဖြစ်ပါတယ်။

Photo - CJ

12-4-2021ရန်ကုန်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသင်္ကြန်အကြိုလှုပ်ရှားမှုကို ယနေ့ ဧပြီ ၁၂ ရက်နံနက်မှာပြုလုပ်ခဲ့တာပါ။✊✊✊
12/04/2021

12-4-2021
ရန်ကုန်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး
သင်္ကြန်အကြိုလှုပ်ရှားမှုကို ယနေ့ ဧပြီ ၁၂ ရက်နံနက်မှာ
ပြုလုပ်ခဲ့တာပါ။✊✊✊

12-4-2021မန္တလေးတိုင်းမြင်းခြံမြို့မှာ ယနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်းက စစ်အာဏာရှင် ကျဆုံးရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
12/04/2021

12-4-2021
မန္တလေးတိုင်းမြင်းခြံမြို့မှာ ယနေ့ ဧပြီ ၁၂ ရက်
မနက်ပိုင်းက စစ်အာဏာရှင် ကျဆုံးရေး
ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

12-4-2021စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့ပြည်သူလူထုကအာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ကန့်ကွက်မှုကိုယနေ့မနက်ပိုင်းက စစ်ကြောင်းသု...
12/04/2021

12-4-2021
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့ပြည်သူလူထုက
အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ကန့်ကွက်မှုကို
ယနေ့မနက်ပိုင်းက စစ်ကြောင်းသုံးကြောင်းနဲ့
ဆက်လက်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ကြပါတယ်။

12-4-2021ယနေ့မန္တလေး အောင်မြေသာဇံမြို့နယ်ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းဆက်လက်ချီတက်ခဲ့ကြပါတယ်✊✊
12/04/2021

12-4-2021
ယနေ့မန္တလေး အောင်မြေသာဇံမြို့နယ်
ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း
ဆက်လက်ချီတက်ခဲ့ကြပါတယ်✊✊

မန္တလေးကျန်းမာရေးမိသားစုရဲ့ Green Day Strike  လှုပ်ရှားမှုနဲ့ ဧပြီ ၁၁ ရက်နေ့မှာစစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြပါတယ်။
11/04/2021

မန္တလေးကျန်းမာရေးမိသားစုရဲ့
Green Day Strike လှုပ်ရှားမှုနဲ့ ဧပြီ ၁၁ ရက်နေ့မှာ
စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြပါတယ်။


သွေးမအေးတဲ့ ရွှေမန္တလေးက"ဘာမထီတဲ့ပုဝါနီဆည်းဆာ ဆိုင်ကယ်သပိတ်စစ်ကြောင်း"ဧပြီ ၁၁ ၊ မန္တလေးမန္တလေးမြို့ ချမ်းမြသာစည်လူငယ်မျာ...
11/04/2021

သွေးမအေးတဲ့ ရွှေမန္တလေးက
"ဘာမထီတဲ့ပုဝါနီဆည်းဆာ ဆိုင်ကယ်သပိတ်စစ်ကြောင်း"

ဧပြီ ၁၁ ၊ မန္တလေး

မန္တလေးမြို့ ချမ်းမြသာစည်လူငယ်များရဲ့
"ဘာမထီတဲ့ပုဝါနီဆည်းဆာ ဆိုင်ကယ်သပိတ်စစ်ကြောင်း"ကို ဧပြီ ၁၁ ရက် ညနေဆည်းဆာချိန်မှာ မန္တလေးမြို့လမ်းမ
တွေထက် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။


#အရေးတော်ပုံ_အောင်ရမည်

နောင်မွန်ရဲကင်းမှ ရဲသားတွေကို ဒီနေ့မှာ မီးသဂြိုဟ်ဧပြီ ၁၁ ရက်၊ လာရှိုးမနေ့က မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တိုက်ခိုက်လို့သေဆု...
11/04/2021

နောင်မွန်ရဲကင်းမှ ရဲသားတွေကို ဒီနေ့မှာ မီးသဂြိုဟ်

ဧပြီ ၁၁ ရက်၊ လာရှိုး

မနေ့က မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တိုက်ခိုက်လို့
သေဆုံးသွားခဲ့တဲ့ လားရှိုးမြို့ ​နောင်မွန်ရဲကင်းမှ
ရဲသားတွေကို ဒီနေ့မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

📸 - CJ

အခက်အခဲတွေကြားထဲကမုံရွာလူထုသပိတ်စစ်ကြောင်းစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြထွက်ခဲ့ကြဧပြီ ၁၁ ရက်၊ မုံရွာအခက်အခဲတွေကြားထဲကမုံရွ...
11/04/2021

အခက်အခဲတွေကြားထဲကမုံရွာလူထုသပိတ်စစ်ကြောင်း
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြထွက်ခဲ့ကြ

ဧပြီ ၁၁ ရက်၊ မုံရွာ

အခက်အခဲတွေကြားထဲကမုံရွာလူထုသပိတ်စစ်ကြောင်းကို
ဧပြီ ၁၁ ရက်နေ့၊ ဒီကနေ့မှာလည်း စစ်အာဏာရှင်
ဆန့်ကျင်ရေးဆန္ဒပြထွက်ခဲ့ကြပါတယ်။
‌မနက်ပိုင်းမှာ ကျေးရွာများရဲ့ စုပေါင်း ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ညနေပိုင်းမှာ သပိတ်ကော်မတီရဲ့
ဆိုင်ကယ်စစ်ကြောင်းတို့နဲ့ တော်လှန်ရေးဆင်နွှဲခဲ့ကြတာ
ဖြစ်ပါတယ်။

တိုကျိုမြို့မှထောင်ချီသည့် မြန်မာနိုင်ငံသားများက အကြမ်းဖက်စစ်တပ်ကို ဆန္ဒပြဧပြီ ၁၁ ၊ တိုကျိုဂျပန်နိုင်ငံတိုကျိုမြို့မှ မြ...
11/04/2021

တိုကျိုမြို့မှထောင်ချီသည့် မြန်မာနိုင်ငံသားများက
အကြမ်းဖက်စစ်တပ်ကို ဆန္ဒပြ

ဧပြီ ၁၁ ၊ တိုကျို

ဂျပန်နိုင်ငံတိုကျိုမြို့မှ မြန်မာနိုင်ငံသားများက ဧပြီလ
၁၁ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁နာရီခွဲအချိန်မှစတင်ပြီး သပိတ်စစ်ကြောင်း သုံးကြောင်းဖြစ် လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။

လမ်းလျှောက်ချီတတ်ဆန္ဒပြကြရာတွင် အကြမ်းဖက်စစ်တပ်အလိုမရှိ၊ အာဏာရှင်မှန်သမျှတော်လှန်ကြ ၊ စစ်မှန်သော်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ခဲ့ကြသည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မြန်မာနိုင်ငံသားများက Gotanda Minamiပန်းခြံမှာ စတင်စုဝေးကြပြီး သပိတ်စစ်ကြောင်း၃ကြောင်းဖြင့် မြန်မာသံရုံးရှေ့ကိုလမ်းလျှောက်ချီတတ်ကြပြီးတဲ့နောက် Gongen Yamaပန်းခြံမှာ လူစုခွဲခဲ့ကြတာပါ။

ဒီကနေ့ ဧပြီ ၁၁ရက်နေ့ နံနက်ပိုင်းမှာစိန်ပန်းသပိတ်စစ်ကြောင်းက မန္တလေးမြို့လမ်းတွေပေါ်စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်...
11/04/2021

ဒီကနေ့ ဧပြီ ၁၁ရက်နေ့ နံနက်ပိုင်းမှာ
စိန်ပန်းသပိတ်စစ်ကြောင်းက မန္တလေးမြို့လမ်းတွေပေါ်
စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု
စနစ်ထူထောင်ရေး၊ အမေစုနဲ့ဖမ်းဆီးခံများအမြန်ဆုံး
လွတ်မြောက်ရေးတို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

#စိန်ပန်းသားတွေ_ညီရဲ့လားဟေ့
#အရေးတော်ပုံ_အောင်ရမည်
#ကြောက်ခေတ်ကို_မှောက်ပစ်မယ်

11-4-2021မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်လူငယ်တွေရဲ့စစ်အာဏာရှင်ပြုတ်ကျရေးဆိုင်ကယ်သပိတ်နဲ့မန္တလေးမြို့တွင်းလှည့်လည်ဆန္ဒဖော...
11/04/2021

11-4-2021
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်လူငယ်တွေရဲ့
စစ်အာဏာရှင်ပြုတ်ကျရေးဆိုင်ကယ်သပိတ်နဲ့
မန္တလေးမြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်...

#အရေးတော်ပုံ_အောင်ရမည်

11-4-2021မန္တလေး (မနက်ပိုင်း)ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားများကစစ်အာဏာရှင်အလိုမရှိကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။Ph...
11/04/2021

11-4-2021
မန္တလေး (မနက်ပိုင်း)
ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားများက
စစ်အာဏာရှင်အလိုမရှိကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Photo-CJ
#ရတနာပုံတက္ကသိုလ်
#ကျောင်းသားသပိတ်

11-4-2021 မန္တလေးမြို့ (မနက်ပိုင်း)သပိတ်တပ်ပေါင်းစုချီတက်ဆန္ဒပြခဲ့ကြပါတယ်...♦️ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊♦️ဗ...
11/04/2021

11-4-2021 မန္တလေးမြို့ (မနက်ပိုင်း)
သပိတ်တပ်ပေါင်းစုချီတက်ဆန္ဒပြခဲ့ကြပါတယ်...

♦️ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊
♦️ဗမာနိုင်ငံလုံးဆိုင်းရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊
♦️မန္တလေးမြို့ပေါ်တက္ကသိုလ်၊ကောလိပ်များမှ
ဆရာ၊ဆရာမများ ဝန်ထမ်းများသပိတ်စစ်ကြောင်း၊
♦️အ.ထ.က(၇)ကျောင်းသား/သူဟောင်းများစစ်ကြောင်း၊
♦️တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊

Photo-CJ

မနေ့က သပိတ်စစ်ကြောင်းဖြိုခွဲခံရပေမယ့်ဘယ်တော့မှသွေးမအေးတဲ့မြတောင်သပိတ်စစ်ကြောင်းကဧပြီ၁၁ ရက်နေ့ မနက်ပိုင်းမှာမန္တလေးမြို့ပ...
11/04/2021

မနေ့က သပိတ်စစ်ကြောင်းဖြိုခွဲခံရပေမယ့်
ဘယ်တော့မှသွေးမအေးတဲ့
မြတောင်သပိတ်စစ်ကြောင်းက
ဧပြီ၁၁ ရက်နေ့ မနက်ပိုင်းမှာ
မန္တလေးမြို့ပေါ်ကလမ်းတွေပေါ်
စစ်အာဏာရှင်ပြုတ်ကျရေး
ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
11-4-2021, Photo-MCJ
#အရေးတော်ပုံ_မုချအောင်ရမည်

11/04/2021

မန္တလေးသတင်း

ဧပြီလ ၁၁ ရက် မနက်ပိုင်း ၉ နာရီ ဝန်းကျင်က
မန္တလေးမြို့ ၈၁ လမ်း၊၂၆လမ်းနှင့်၂၇လမ်းကြားရှိ
မြဝတီဘဏ် ရှေ့မှာ ဗုံးပေါက်ပြီး လုံခြုံရေးတယောက်
သေဆုံးတယ်လို့ ကနဦးသတင်းသိရှိရပေမယ့်
သတင်းအတည်ပြုလို့မရသေးပါဘူး။
သတင်း Update ထပ်တင်ပေးသွားပါ့မယ်။

ဧပြီ ၁၁ ရက် ဒီကနေ့မနက်မှာမန္တလေးမြို့ ချမ်းမြသာစည်အောင်သပြေသပိတ်စစ်ကြောင်းနဲ့အတူ လူငယ်တွေကစစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြချီ...
11/04/2021

ဧပြီ ၁၁ ရက် ဒီကနေ့မနက်မှာ
မန္တလေးမြို့ ချမ်းမြသာစည်အောင်သပြေ
သပိတ်စစ်ကြောင်းနဲ့အတူ လူငယ်တွေက
စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြချီတက်ခဲ့
ကြပါတယ်။

ကျန်းမာရေးမိသားစု-မန္တလေးရဲ့ ဆည်းဆာသပိတ်Sunset Peaceful Strike(10-4-2021)ကျန်းမာရေးမိသားစု - မန္တလေးသပိတ်စစ်ကြောင်းကဒီကန...
10/04/2021

ကျန်းမာရေးမိသားစု-မန္တလေးရဲ့ ဆည်းဆာသပိတ်
Sunset Peaceful Strike
(10-4-2021)

ကျန်းမာရေးမိသားစု - မန္တလေးသပိတ်စစ်ကြောင်းက
ဒီကနေ့ ဧပြီ ၁၀ ရက်ညနေပိုင်းမှာ
အကြမ်းဖက်စစ်အုပ်စု နေဝင်ချုပ်ငြိမ်းရေးအတွက်
နေဝင်ချိန် ညနေဆည်းဆာသပိတ်နဲ့
ငြိမ်းချမ်းစွာ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

"စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်
အရေးတော်ပုံ အောင်ရမည်"



10/04/2021

နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင် (၁၄)ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး

ဧပြီ၁၀ရက်၊ လားရှိုး

ဧပြီလ ၁၀ရက်နေ့ နံနက်၅ နာရီကနေ ၇ နာရီခွဲအထိ
ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့ နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှုမှာ အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၁၄)ဦး သေဆုံး၊ မိသားစုဝင် ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ရဲ ၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲကင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်း(TNLA)၊ ရခိုင်(AA)နဲ့ ကိုးကန့်(MNDAA)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနက် ၅ နာရီကနေ ၇ နာရီခွဲအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ပိုင် ရဟတ်ယာဉ်တွေ လားရှိုးမြို့ကနေ နောင်မွန်ဘက် ၃ ကြိမ်ထက်မနည်း သွားရောက်ခဲ့တယ်လို့ နောင်မွန်ကျေးရွာအနီးရှိ ခေးနင်းရွာခံတစ်ဦးက ဒီမနက်အစောပိုင်းက ပြောပါတယ်။

လားရှိုးမြို့ အဝိုင်းပတ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံများက ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး အမှတ် ၁ ရဲစခန်းရှေ့က အသွားအပြန် လမ်းကြီးကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

Source ရွှေဖီမြေ
#လားရှိုး
#နောင်မွန်ရဲကင်း

နေ့စဉ် မပြတ် အကြမ်းဖက် စစ်ကောင်စီအားဆန့်ကျင် ဆန္ဒပြနေသည့် မြတောင်သပိတ်စစ်ကြောင်းPhoto-MPA,ဧပြီ ၁၀၊ မန္တလေးနေ့စဉ်မပြတ် အက...
10/04/2021

နေ့စဉ် မပြတ် အကြမ်းဖက် စစ်ကောင်စီအား
ဆန့်ကျင် ဆန္ဒပြနေသည့် မြတောင်သပိတ်စစ်ကြောင်း

Photo-MPA,ဧပြီ ၁၀၊ မန္တလေး

နေ့စဉ်မပြတ် အကြမ်းဖက်စစ်ကောင်စီအား
ဆန့်ကျင်ဆန္ဒပြနေသည့် မြတောင် သပိတ်စစ်ကြောင်းသည် ယနေ့ ဧပရယ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်
စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒပြခဲ့ပါသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံတွင်စက်မှုစုပေါင်းသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်အလိုမရှိကြောင်းကို ဧပြီ ၁၀ရက်မနက်...
10/04/2021

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံတွင်
စက်မှုစုပေါင်းသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်
အလိုမရှိကြောင်းကို ဧပြီ ၁၀ရက်မနက်ပိုင်းက
လမ်းမတွေပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
📸IDM
10.4.2021(10:30)

ရန်ကုန်မြို့ မြေနီကုန်း ရန်ကင်းလမ်းမှာရှိတဲ့ရပ်ကွက်ရုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်ဧပြီ ၁၀ ရက်၊ ရန်ကုန်ရန်ကုန်တိုင်း စမ်း...
10/04/2021

ရန်ကုန်မြို့ မြေနီကုန်း ရန်ကင်းလမ်းမှာရှိတဲ့
ရပ်ကွက်ရုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်

ဧပြီ ၁၀ ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်ရပ်ကွက်)ရန်ကင်းလမ်းမပေါ်မှာရှိတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဒီကနေ့မနက်ပိုင်း ၂:၃၀ဝန်းကျင်လောက်ကမီးလောင်သွားခဲ့ပြီးအလည်ထုတ်တန်းအချို့ကလွဲရင် ပြာပုံနီးနီးသာကျန်တော့တယ်လို့ ဒေသခံမျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရသိရပါတယ်။

"လောင်တာကပြည်သူတွေကိုညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ကြီးလောင်တောထွက်တာနဲ့ဖမ်းဟယ်ဆီးဟယ် ပစ်ဟယ်ခတ်ဟယ်လုပ်နေတော့ကျတော်တို့ကမီးငြှိမ်းပေးခြင်ပေမယ့် ငြှိမ်းမရတော့အဲ့လိုဖြစ်သွားတာပဲ" လို့ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးတွေ တော်တော်များများ ပြည်သူတွေကိုညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အချိန်တွေမှာမီးလောင်မှု့တွေ ဖြစ်ပွားလျှက်ရှိတာကို အတည်ပြုထားတဲ့သတင်းတွေအရသိရပါတယ်။

10.4.2021 (မနက်ပိုင်း)မှာမန္တ‌လေးတက္ကသိုလ်ကျောင်းသားကျောင်းသူများရဲ့သပိတ်စစ်ကြောင်းက မန္တလေးမြို့ကလမ်းမတွေပေါ်မှာစစ်အာဏာ...
10/04/2021

10.4.2021 (မနက်ပိုင်း)မှာ
မန္တ‌လေးတက္ကသိုလ်ကျောင်းသားကျောင်းသူများရဲ့
သပိတ်စစ်ကြောင်းက မန္တလေးမြို့ကလမ်းမတွေပေါ်မှာ
စစ်အာဏာရှင်ပြုတ်ကျရေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

10/04/2021



လားရှိုးမြို့ နောင်မွန်ရဲကင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့
ဝင်ရောက်တိုက်ခိုက်

ဧပြီ၁၀ ရက်၊ လားရှိုး

ရှမ်းပြည်နယ်​မြောက်ပိုင်း လားရှိုးမြို့ လားရှိုး-မန္တလေးအထွက် ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်မွန်ရဲကင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်(AA)၊ တအာင်း(TNLA)နဲ့ ကိုးကန့်(MNDAA) တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၅ နာရီကနေ ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရဟတ်ယာဥ်တွေလည်း လားရှိုးမြို့ကနေ နောင်မွန်ဘက် ၃ ကြိမ်ထက်မနည်း သွားရောက်ခဲ့တယ်လို့ နောင်မွန်ရွာအနီးမှ ခေးနင်းရွာခံတစ်ဦးက ပြောပါတယ်။

“ဒီမနက်အစောကြီး လူတွေမနိုးခင် နောင်မွန်ရဲကင်းကို တိုက်ကြတာ။ ထိခိုက်သေဆုံးတာတော့ မသိရသေးဘူး။ ဒီရွာထဲမှာလည်း စစ်ကောင်စီတပ်က ရှိနေတာ။ သူတို့က နောင်မွန်ဘက် လက်နက်ကြီးနဲ့ ထုနေတာ”

ပစ်ခတ်မှု​ကြောင့် နောင်မွန်ရဲကင်း ၈ နာရီ ၄၅ မိနစ်အထိ မီးလောင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ရှိပေမဲ့ အရေအတွက်ကိုတော့ မသိရသေးကြောင်း သွားရောက်ကူညီနေတဲ့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ခေးနင်းကျေးရွာထဲ လက်နက်ကြီး ၅ လုံး ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ နေအိမ်ထိခိုက်ပျက်စီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ရဲကင်း တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “မြေပြင်တိုက်ပွဲ သတင်းအချက်အလက် ပို့ပေးလာတာတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။

Shwe Phee Myay News Agency
#ရဲကင်း #တိုက်ခိုက်ခံရ #နောင်မွန်ရွာ #လားရှိုး

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကိုယနေ့ညနေက  ဗဟန်းမြို့နယ်ရှိနေအိမ်၌ဖမ်းဆီးလိုက်ကြောင်းစစ်ကောင်စီ၏ည၈ နာရီရုပ်သံသတင်းတွင်ကြ...
09/04/2021

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကို
ယနေ့ညနေက ဗဟန်းမြို့နယ်ရှိနေအိမ်၌
ဖမ်းဆီးလိုက်ကြောင်းစစ်ကောင်စီ၏
ည၈ နာရီရုပ်သံသတင်းတွင်ကြေညာသွားခဲ့သည်။
9-4-2021

9-4-2021ကျန်းမာရေးမိသားစု-မန္တလေး ကဆည်းဆာသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအားမန္တလေးမြို့ကလမ်းတွေပေါ် ဒီကနေ့ညနေ ၅နာရီခွဲမှ...
09/04/2021

9-4-2021
ကျန်းမာရေးမိသားစု-မန္တလေး က
ဆည်းဆာသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအား
မန္တလေးမြို့ကလမ်းတွေပေါ် ဒီကနေ့ညနေ ၅နာရီခွဲမှာ
ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ ၉ ရက်၊ ၂၀၂၁သွေးမအေးတဲ့ ရွှေမန္တလေး(မနက်ပိုင်း)♦️မြတောင်သပိတ်စစ်ကြောင်း♦️အင်ဂျင်နီယာမိသားစုသပိတ်စစ်ကြောင်းနဲ့♦️ကွန်ပ...
09/04/2021

ဧပြီ ၉ ရက်၊ ၂၀၂၁
သွေးမအေးတဲ့ ရွှေမန္တလေး(မနက်ပိုင်း)

♦️မြတောင်သပိတ်စစ်ကြောင်း
♦️အင်ဂျင်နီယာမိသားစုသပိတ်စစ်ကြောင်းနဲ့
♦️ကွန်ပျူတာတက္ကသိုလ်ကျောင်းသား/သူများစစ်ကြောင်း၊
♦️ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊
♦️ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊
♦️တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊
♦️အ.ထ.က(၇) ကျောင်းသား/သူဟောင်းများစစ်ကြောင်း၊
♦️မြို့သစ်ပြည်သူများနှင့်ကျူရှင်ဆရာမျာစစ်ကြောင်း၊
♦️အမရပူရလူငယ်များ၏ပြောက်ကျားသပိတ်
♦️ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများစစ်ကြောင်း၊
♦️စိန်ပန်းသပိတ်စစ်ကြောင်း

မူရင်း 📸 ရိုက်ပေးသူများကိုလေးစားလျက်👍
#အရေးတော်ပုံ_မုချအောင်ရမည်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံတွင်စက်မှုစုပေါင်းသပိတ်နဲ့ ဗကသတို့ အတူပူးပေါင်း၍စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒထု...
08/04/2021

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံတွင်
စက်မှုစုပေါင်းသပိတ်နဲ့ ဗကသတို့ အတူပူးပေါင်း၍
စစ်အာဏာရှင်အလိုမရှိကြောင်း
ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

IDM
8.4.2021(10:30)

အာဏာသိမ်းစစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြားထဲကဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့လမ်းမတွ...
08/04/2021

အာဏာသိမ်းစစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြားထဲက
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့လမ်းမတွေပေါ်မှာ
စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဒီကနေ့မနက်ပိုင်းမှာ
လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
8-4-2021

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီထိန်းသိမ်းခံရဧပြီ ၈ ၊ ရန်ကုန်ယနေ့ နံနက် ၅ နာရီခန့်မှာ ပုဒ်မ ၅၀၅ က ထုတ်ခြင်းခံထားရ...
08/04/2021

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီထိန်းသိမ်းခံရ

ဧပြီ ၈ ၊ ရန်ကုန်

ယနေ့ နံနက် ၅ နာရီခန့်မှာ ပုဒ်မ ၅၀၅ က ထုတ်ခြင်း
ခံထားရတဲ့ မော်ဒယ်လ် သရုပ်ဆောင်ပိုင်တံခွန်ကို
မြောက်ဒဂုံအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့
ကြားသိရပါတယ်။

ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူကရေးသားထားတာကတော့
"ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား ၈ စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ။ Speak Out များများလေး လုပ်ပေးကြပါ။ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ။
Edit.. နေမကောင်းအရမ်းဖြစ်နေလို့ အမေတို့ဆီ ခဏ လာနေနေတာပါ"လို့ ရေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ဆက်တိုက်တရားစွဲဆိုနေပြီး လိုက်လံဖမ်းဆီးနေပါတယ်။တရားစွဲခံရသူ အယောက် ၁၂၀ ကျော် ရှိပြီး၊ ဖမ်းဆီးခံရသူက ၁ဝ ဦးခန့်ရှိပါပြီ။


ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ အမေရိကန် စင်တာ အား မတ်လ(၂၇)ရက် မနက်(၇)နာရီတွင် CO2 Gas သေနတ်ဖြင့် ပစ်ခတ်ခဲ့သ...
07/04/2021

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ အမေရိကန် စင်တာ အား မတ်လ(၂၇)ရက် မနက်(၇)နာရီတွင် CO2 Gas သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တရားခံ အေးသော်ကောင်း(NLD ပါတီ ထောက်ခံသူ) အား ဖမ်းဆီးရမိ ကြောင်း MRTV ကနေကြေညာ၊

ဧပြီ ၇ ၊ ၂၀၂၁

ဖားကန့်တွင် ညဆီးမီးသပိတ်ပြုလုပ်ရန် ပြင်ဆင်နေသည့် အမျိုးသားငါးဦး၊အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ။ဧပြီ  ၇  ၊ ဖားကန့်ဖားကန့်မြိ...
07/04/2021

ဖားကန့်တွင် ညဆီးမီးသပိတ်ပြုလုပ်ရန် ပြင်ဆင်နေသည့် အမျိုးသားငါးဦး၊အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ။

ဧပြီ ၇ ၊ ဖားကန့်

ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်တွင် ညဆီမီးသပိတ်ပြုလုပ်ရန် ပြင်ဆင်နေသည့် အမျိုးသားငါးဦး၊အမျိုးသမီးတဦး
အဖမ်းဆီးခံရကြောင်း သိရသည်။

"ညနေပိုင်းက အဖမ်းခံရတာပါ၊အခု အာမခံရဖို့လုပ်နေပါတယ်။ဖားကန့်ရဲစခန်းမှာပါ"ဟု မော်ဝမ်းရပ်ကွက်ဒေသခံ
တဦးကပြောသည်။

ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းသည် နေ့စဥ်ဆန္ဓဖော်ထုတ်နေပြီး၊ညအချိန်များ၌ ဆီးမီးသပိတ်ပြုလုပ်၍
ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

Photo-နောင်ရိုး
Source- KNG

ကျန်းမာရေးလောကမှ ရာထူးကြီးပုဂ္ဂိုလ်များကိုSocial Punishment ပြုလုပ်ထားတဲ့စတစ်ကာတွေ မန္တလေးမြို့မှာ ကြေညာကပ်ထားဧပြီ ၇ ၊ မ...
07/04/2021

ကျန်းမာရေးလောကမှ ရာထူးကြီးပုဂ္ဂိုလ်များကို
Social Punishment ပြုလုပ်ထားတဲ့
စတစ်ကာတွေ မန္တလေးမြို့မှာ ကြေညာကပ်ထား

ဧပြီ ၇ ၊ မန္တလေး

ကျန်းမာရေးလောကမှ ရာထူးကြီး ပုဂ္ဂိုလ်များကို Social Punishment ပြုလုပ်ထားသော စတစ်ကာတွေကို
မန္တလေးမြို့က နေရာများမှာ ဧပြီ ၇ ရက်နေ့ကကြေညာ
ကပ်ထားတာကိုတွေ့ရပါတယ်။

မန္တလေးမှ ဆေးဝါးတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်နဲ့
သူနာပြုတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ သူနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ခုတင် ၅၅၀ ကလေးအထူးကုဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး တို့ကို Social Punishment ပြုလုပ်ထားတာဖြစ်ကြောင်းသိရပါတယ်။


တန်ဆည်မြို့က လူထုဆန္ဒထုတ်ဖော်ပွဲကိုအာဏာသိမ်းစစ်ကောင်စီက အင်အားသုံးလာရောက်ဖြိုခွဲဧပြီ ၇ ၊ တန့်ဆည်စစ်ကိုင်းတိုင်း တန့်ဆည်မ...
07/04/2021

တန်ဆည်မြို့က လူထုဆန္ဒထုတ်ဖော်ပွဲကို
အာဏာသိမ်းစစ်ကောင်စီက အင်အားသုံးလာရောက်ဖြိုခွဲ

ဧပြီ ၇ ၊ တန့်ဆည်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ ဧပြီ ၇ ရက် ဒီကနေ့မှာ
အာဏာသိမ်းစစ်ကောင်စီက စစ်ကား ၁၁ စီး၊
စစ်သားအင်အား အယောက် ၁၀၀ နဲ့ ဝင်ရောက်
ပစ်ခတ်နေကြောင်း ကနဦးသိရပါတယ်။

တန့်ဆည်မြို့ဟာ စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြပွဲကို
တန့်ဆည်မြို့လမ်းဆုံမှာနေ့စဥ်ရက်ဆက်လူအင်အားအပြည့်နဲ့
ဆန္ဒထုတ်ဖော်နေတဲ့မြို့တမြို့ဖြစ်ပါတယ်။ အာဏာသိမ်း
စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး ပြည်သူ ၅ ဦးခန့်
ကျည်ဆံထိမှန်ထားတယ်လို့ ကနဦးသတင်းရရှိပါတယ်။

Update ⤵️
6:15 PM
တန်ဆည်အဝင် ကျွဲတဲမှာ ယခုညနေပစ်ခတ်မှုကြောင့်
(၁)ဦးကျဆုံးခဲ့ရပါတယ်။ (၁၁) ဦးဒဏ်ရာရှိခဲ့တဲ့အထဲက
ပြင်းထန်ဒဏ်ရာရသူစာရင်းထဲမှာ သံဃာတော်တပါးလည်း ပါဝင်တယ်လို့သတင်းရရှိထားပါတယ်။

7-4-2021ဒီပဲယင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူဦးရေသိန်းချီပါဝင်ခဲ့ကြပါတယ်။
07/04/2021

7-4-2021
ဒီပဲယင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး
လူဦးရေသိန်းချီပါဝင်ခဲ့ကြပါတယ်။

ယနေ့ ဧပြီလ ၇ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်မှာ လူထုအင်အားသိန်းချီပါဝင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့နယ်အ...
07/04/2021

ယနေ့ ဧပြီလ ၇ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊
တန့်ဆည်မြို့နယ်မှာ လူထုအင်အားသိန်းချီပါဝင်ပြီး
ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့နယ်အတွင်းကျေးရွာတွေက
CDM ဝန်ထမ်းတွေနဲ့အလုပ်သမား၊ လယ်သမားတွေ
ပါဝင်ခဲ့ကြပါတယ်။

📸Sat Wai Hlan Tun




စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်များမှ တာဟန်းခံတပ်အား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၁ ဦး ခန့် ရှိသွာ...
07/04/2021

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်များမှ တာဟန်းခံတပ်အား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၁ ဦး ခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်း ၂နာရီကျော်ထိ မွန်းလိုင်ဘက်တွင် စစ်ကောင်စီ တပ်သားများမှ တိုက်ပေါ်တက်ကာ လမ်းသွားလမ်းလာများအား ကြိုကြားကြိုကြား ပစ်ခတ်မှုများ ဆက်ရှိနေပြီး အဖမ်းအဆီးခံရသူများနှင့် ဒဏ်ရာရရှိသူများ လက်ရှိအချိန်ထိ စာရင်းမသိရှိနိုင်သေးကြောင်း သိရသည်။


7-4-2021/2 PM

မြောက်ဒဂုံ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ကျွမ်းမှုဖြစ် ပွားဧပြီ ၇ ၊ ရန်ကုန်ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ...
07/04/2021

မြောက်ဒဂုံ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
မီးလောင်ကျွမ်းမှုဖြစ် ပွား

ဧပြီ ၇ ၊ ရန်ကုန်

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ၃၀ ရပ်ကွက်တွင်ရှိသော
အုပ်ချုပ်ရေးမှူးရူံးမှာ ယနေ့ ဧပြီ ၇ ရက်မနက် ၅ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

📸Cj

ရန်ကုန် ဆိပ်ကမ်းရုံးရှေ့တွင်ပေါက်ကွဲမှုထပ်မံဖြစ်ကာတနေ့ထဲမှာပင် ပေါက်ကွဲမှု ၅ ကြိမ်ခန့်ဖြစ်ဧပြီ ၇ ၊ ရန်ကုန်ရန်ကုန် ဆိပ်ကမ...
07/04/2021

ရန်ကုန် ဆိပ်ကမ်းရုံးရှေ့တွင်ပေါက်ကွဲမှုထပ်မံဖြစ်ကာ
တနေ့ထဲမှာပင် ပေါက်ကွဲမှု ၅ ကြိမ်ခန့်ဖြစ်

ဧပြီ ၇ ၊ ရန်ကုန်

ရန်ကုန် ဆိပ်ကမ်းရုံးရှေ့တွင် ယနေ့နေ့လယ်က
ပေါက်ကွဲမှုထပ်မံဖြစ်ပွားကာ တနေ့ထဲမှာပင် ပေါက်ကွဲမှု
၅ ကြိမ်ခန့်ဖြစ်တယ်လိုဘသိရပါတယ်။

စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊မြေနီကုန်းရှိ ဒဂုံစင်တာ(၂)၊ ကမ်းနားလမ်း ဆိပ်ကမ်းရုံးရှေ့၊ အလုံ အဏ္ဏဝါရိပ်သာနှင့် တပ်မတော်ကုတင်(၅၀၀)ဆေးရုံအနီးတို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်
လာခဲ့တာဖြစ်ပါတယ်။ လတ်တလောညအသေးစိတ်
ဖြစ်စဉ်များကိုအတည်မပြုရသေးပေမယ့် သတင်းဌာန
တွေမှာလည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းတွေ
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

📸Cj

Address

Mandalay

Alerts

Be the first to know and let us send you an email when SHADE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHADE:

Videos

Share