မြန်မာပြည်အနှံအပြား မီးသတင်းများ

  • Home
  • Myanmar
  • Myaing
  • မြန်မာပြည်အနှံအပြား မီးသတင်းများ

မြန်မာပြည်အနှံအပြား မီးသတင်းများ 223344556611
(1)

27/10/2021
28/12/2020

၂၈.၁၂.၂၀၂၀ ရက်နေ့၊ (၂၁ ၅၂)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ ဇမ္ဗူရိပ်သာအထပ်မြင့်အဆောက်အဦတွင် မီးလောင်မှုသတင်းရရှိကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

08/12/2020

၈.၁၂.၂၀၂၀ ရက်နေ့၊ ၁၁ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၃x၈၃လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၄၂ အချိန် မီးငြိမ်းပါသည်။

13/10/2020

14-10-2020

မန္တလေး 35လမ်း 86-87 မီးသတင်းရ

23/09/2020

၂၃.၉.၂၀၂၀ ရက်နေ့၊ ၀၈ ၃၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ဖရဲခင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

MFSD

22/09/2020

(22.9.2020)ရက်နေ့ မနက် ၅ နာရီအချိန်ခန့်တွင်
မြစ်သားမြို့နယ် အုတ်စက် စက်ရုံ မီးလောင်နေကြောင်းသတင်းရ၍ မြစ်သားမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး ရေဘောက်ဆာ(၁)စီး/ကူမဲနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး/ဟံမြင့်မိုရ်နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး/ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ ရေဘောက်ဆာ(၁)စီး/မင်းစုနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး/စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး သွားရောက်ငြိမ်းသတ်

🚒ကျောက်ဆည်မီးသတ်ဦးစီးဌာန🚒
☎️066.2050316,191)
066.2050499

21/09/2020

21-9-2020
************

ယနေ့နံက် ၅နာရီခန့်တွင် ဓနုဖြူ မြို့၈ရပ်ကွက် မဟာဗန္ဓုလမ်းရှိ "သင်း" ဆေးခန်း မီးလောင်မှု့ဖြစ်ပွားပါသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့၊မြို့နယ်မီးတားအဖွဲ့နှင့်ပြည်သူများမှဝိုင်း ဝန်းငြိမ်းသတ်မှု့ကြောင့်အဆိုပါ အိမ်(၁)လုံးသာလောင်ကျွမ်းပြီး ဘေးသို့ကူးစက်လောင်ကျွမ်းခြင်းမရှိပါ။

မည်သို့စတင်လောင်ကျွမ်းသည်နှင့် ဆုံးရှူံးမှု့တန်ဘိုးကိုမူ မသိရ
သေးပါ။


# (Danuphyu)

18/09/2020

၁၈.၉.၂၀၂၀ရက်နေ့၊ (၂၀ ၁၀)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဉီးလွင်ကျေးရွာ ကုန်းလမ်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိပါသည်။
Update
၂၀ ၁၇ အချိန် မီးငြိမ်းပါသည်။

18/09/2020

၁၈.၉.၂၀၂၀ရက်နေ့၊ (၁၉ ၄၂)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၆x၃၇) ၇၄လမ်းတွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိပါသည်။

Update
(၁၉ ၅၅)အချိန် မီးငြိမ်းပါသည်။

18/09/2020

(၁၈.၉.၂၀၂၀)
မနက်(၀၆း၁၃)နာရီအချိန်၊ဂျိုးဖြူကျေးရွာအနီး၊မိုင်တိုင်အမှတ်(၅၂)မိုင်၊(၄)ဖာလုံအနီးတွင်
ကား(၁)စီးမီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့်အတူ
မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့်ထွက်ခွာငြိမ်းသတ်ခဲ့ပါသည်။
(၀၆း၂၂)အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး
(၀၆း၂၇)အချိန်တွင်မီးကိုအပြီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ အင်ဂျင်အပူလွန်ကဲပြီး
ဒိုင်နမိုကြိုးကာဘာ ပျော်ကြပြီး ဝါယာကြိုးများမှစတင်လောင်ကျွမ်းပြီး ကားမှန်နှင့်ဆိုဖာထိုင်ခုံများ၊​ရှေ့လေကာမှန်နှင့်ဘေးမှန်များ၊(DashBord)များ
မီးလောင်ခံရပြီးဆုံးရှုံးမှုတန်ဖိုး (၁၈)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။
ကားမှာ ဝမ်ဟီးအထည်ချုပ်စက်ရုံ၏
ဝန်ထမ်းအကြိုအပို့ကားဖြစ်ပြီး
ဥက္ကံဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာစဉ်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍
ယာဉ်မောင်း
ကိုသိန်းဇော်ထက်အား ပ/၁၅၆၃/၂၀၂၀/၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားပါသည်။
အဆိုပါဖြစ်စဉ်သို့မီးငြိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့ဖြင့်ငြိမ်းသတ်ခဲ့ရပြီး၊လူထိခိုက်မှုမရှိပါ။
(FSD)

17/09/2020

၁၇.၉.၂၀၂၀ ရက်နေ့ ၂၂း၅၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ဦးဝိစာရလမ်း ဘေလီတံတားအဆင်း အနီးတွင် မီးသတင်းရရှိ၍ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။

MFSD

14/09/2020

၁၄.၉.၂၀၂၀ ရက်နေ့၊ ၁၃ ၅၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ဘားကရာလမ်းနှင့်ကျွန်းတောလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာလျက်ရှိပါသည်။

Update
၁၄ ၀၃ အချိန် မီးငြိမ်းပါသည်။

12/09/2020

ထားဝယ်မြို့ရှိ ရှမ္မလည်ဆွဲရပ်ကွက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံး

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီခွဲ ဝန်းကျင်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်နေရာမှာ ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းအတွင်းရှိ ခြေတံရှည် နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ပေါ်၌ မီးလောင်ကျွမ်းခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

■ ဖြိုးဇင် (ထားဝယ်)

09/09/2020

အိမ်ပိုင်ရှင်ဖြစ်သူမှ နေအိမ်အားကိုယ်တိုင် မီးပြန်ရှို့မှု့ လားရှိုးမြို့တွင်ဖြစ်ပွား
====================================

စက်တင်ဘာ(၉) ၊ လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၅) ရပ်ကွက် နယ်မြေ(၁၂) တွင် ယနေ့ နံနက်(၄) နာရီခွဲခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု့ ဖြစ်ပွားခဲ့သည်။

လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များပါဝင်လျှက် အခင်းဖြစ်ရာ မီးလောင်သည့်အိမ်သို့ သွားရောက်ကာ မီးငြိမ်းသတ်ရာတွင် မီးညွှန့်ကျိုးသွားပြီး နေအိမ်တစ်လုံးဆုံးရှုံးခဲ့ကာ ဘေးပတ်ဝန်းကျင်အိမ်များကို ကူးစက်မှု့ မရှိခဲ့ဟုသိရသည်။

ပတ်ဝန်းကျင်ပြည်သူလူထု၏ ထွက်ဆိုချက်အရ နေအိမ်ပိုင်ရှင်အမျိုးသားကိုယ်တိုင် မိမိအိမ်မိမိ မီးပြန်ရှို့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် နေအိမ်ပိုင်ရှင်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

သတင်း- သိန်းမင်းထွန်း(လားရှိုး)
Lashio News Agency
ဓါတ်ပုံ -
လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့

06/09/2020

6-9-2020

မန္တလေး အမရပူရမြို့နယ်

ဥယျာဉ်တော် level (1)

မီးသတင်းရ

အောင်သမာဓီ ရွှေသန့်ဇင် စက်ရုံ ဝင်းအတွင်း

မီးသတင်းရ

03/09/2020

ပဲနွယ်ကုန်းမြို့သံမဏိရပ်ကွက်(၅)လမ်းမှာ ယခုည လောင်တဲ့မီး

Kyaw Min San
CMT

02/09/2020

မဟာအောင်မြေမြို့နယ်ဘုရားငါးဆူအနီးယာဉ်တိုက်မူဖြစ်...

01/09/2020

ကျောက်ဆည်မြို့ ညောင်ရွေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
========================================

ကျောက်ဆည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာ၊ ကျောက်ဆည်-တံတားဦး ကားလမ်းဘေးတွင် ကျူးကျော်နေထိုင်သည့် ဒေါ်မာရီ၏ လူနေတဲအိမ်တွင် စက်တင်ဘာ (၁) ရက် နံနက် (၆) နာရီ (၄၅)မိနစ် ခန့်က အိပ်ယာဘေးတွင် ခြင်ဆေးခွေမီး ထွန်းထားရာမှ အနီးရှိခေါင်းအုံးအား မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၁၅)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ DCP 2 kg (၃) ဗူးနှင့် ကျေးရွာပြည်သူများဖြင့် အတူဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့်(၂၀x၁၅)ပေသွပ်မိုး၊ထရံကာ၊မြေစိုက်လူနေတဲအိမ် (၁)လုံး၊ (၁၀x၁၀)သွပ်မိုးထရံကာ၊ပျဉ်ခင်း၊မြေစိုက်လူနေတဲအိမ်(၁)လုံး၊ (၁၀x၁၀)ပေသွပ်မိုး၊ထရံကာ၊ဝါးခင်းမြေစိုက်တဲအိမ် (၁)လုံး၊ (၅x၅)ပေ သွပ်မိုး၊ထရံကာ၊မြေစိုက် လူနေတဲအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကျောက်ဆည်မြို့မရဲစခန်းက အိမ်ရှင်ဒေါ်မာရီ အား အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

30/08/2020

၃၀.၈.၂၀၂၀ ရက်နေ့၊ ၂၂ ၁၃အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘုရားလေးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။

Update
၂၂ ၂၀ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

MFSD

28/08/2020

၂၈.၈.၂၀၂၀ရက်နေ့၊ ၀၇ ၁၅ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ အ.ထ.က စာသင်ကျောင်းတွင် မိုးကြိုးပစ်ခံရ၍မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျိုက်မရောမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မုဒုံနယ်မြေမီးသတ်စခန်းမှ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျွန်းရွာအရန်မီးသတ်စခန်းမှမီးသတ်ယာဉ်(၂)စီး၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၈ ၂၅ အချိန်မီးငြိမ်းပါသည်။

MFSD

27/08/2020

ရေးမြို့နယ် အံဒင်ကျေးရွာမီးငြိမ်းပြီ

မီးသတ်ကား ၆ စီး ရောက် ငြိမ်းသတ်ခဲ့

ကြပ်စင် ၂ လုံး အိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့

Aung Naing Win

27/08/2020

၂၇.၈.၂၀၂၀ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နားခါးရပ်ကွက်၊ စိမ်းရတနာမွန်မြောက်ရပ်ရှိ နေအိမ်တွင် ပဒူကောင်များ အုံဖွဲ့နေကြောင်း သတင်းရရှိသဖြင့် မိုးညှင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

26/08/2020

၂၆.၈.၂၀၂၀ ရက်နေ့၊ ၁၅ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စက်မှုဇုန်(၄)တွင် ဂတ်စ်ပိုက်လိုင်းယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရွှေလင်ဗန်းစက်မှုဇုန်သီးသန့်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။

MFSD

26/08/2020

#ယနေ့ထုတ်သတင်းစာ_သတင်း

◾ ဘိမ်း၌ ရှို့မီးကြောင့် အထက(ခွဲ) မီးလောင်ဆုံးရှုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မီးလောင်မှုကြောင့် ကျောင်းဆောင်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မိုးမိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ဩဂုတ် ၂၅ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က မဘိမ်း မြို့နယ် လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးဦး ဦးစီးသော သနေ ̈မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ လဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၄၀တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အလျား ပေ ၁၄၀၊ အနံ ပေ ၃၀ နှင့် အမြင့် ၂၄ ပေရှိ နံကပ်နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်နှင့် စာသင်ကျောင်းအတွင်းရှိ ကျောင်းသုံးပရိဘောဂပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး
လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ လဝါရွာ အထက်တန်းကျောင်းခွဲရှိ ချယ်ရီဆောင်သည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေသန်း ၆၄ ဒသမ ၈၀ ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မီးလောင် မှုကြောင့် ချယ်ရီဆောင်နှင့် အင်ကြင်းဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ရှို့မီးကြောင့် မီးလောင်တာ။ မနက် ၁ နာရီခွဲဝန်းကျင် မိုးမလင်းခင်မှာ ရှို့တယ်လို့ ယူဆတယ်။ ယူဆတယ်ဆိုတာက ကျောင်းနဲ့ဟိုဘက် ဒီဘက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီနားမှာရှိတဲ့ လူကမြင်လိုက်တဲ့အတွက်ကြောင့် ဘုန်းကြီးကနေပြီးတော့မှ အသံချဲ့စက် နဲ့ အော်ပြီးတော့ ရွာကို သတိပေးတယ်။ အဲဒီမှာ မီးက အရှိန်ရသွားတော့ ဘာမှမရလိုက်ဘူး"ဟု မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောဆိုသည်။

ကျောင်းဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အထက(ခွဲ)ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော GRADE-10 ကျောင်းသား၊ ကျောင်းသူ၁၈ဦးတို့အား ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် လဝါကျေးရွာ ရွာလယ်ရှိ ယခင်အခြေခံပညာ ကျောင်းဆောင်ဟောင်းနေရာတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အထက်တန်းကျောင်း(ခွဲ) မီးလောင်မှုနှင့်ပတ်သက်၍ မဘိမ်းမြို့မရဲ စခန်း တွင် ပြစ်မှုဥပဒေပုဒ်မ-၄၃၆အရ အမှုဖွင့်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ မည်သူမဆို ကိုးကွယ်သော နေရာအဖြစ် ဖြင့်သော်လည်းကောင်း၊ နေအိမ်အဖြစ် ဖြင့်သော်လည်း ကောင်း၊ ပစ္စည်းများ သိုလှောင်ထိန်သိမ်းသော နေရာအဖြစ် ဖြင့်သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ မိမိက ထိုသို့ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ၊ မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲတတ်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကိုတစ်သက်တစ် ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သတင်း - နိုင်ဝင်းစိုး

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျု့ - https://www.youtube.com/c/TheStandardTimeTVFreeToAir......................................................
(Zawgyi Version)

◾ ဘိမ်း၌ ရှို့မီးကြောင့် အထက(ခွဲ) မီးလောင်ဆုံးရှုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မီးလောင်မှုကြောင့် ကျောင်းဆောင်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မိုးမိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ဩဂုတ် ၂၅ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က မဘိမ်း မြို့နယ် လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးဦး ဦးစီးသော သနေ ̈မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ လဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၄၀တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အလျား ပေ ၁၄၀၊ အနံ ပေ ၃၀ နှင့် အမြင့် ၂၄ ပေရှိ နံကပ်နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်နှင့် စာသင်ကျောင်းအတွင်းရှိ ကျောင်းသုံးပရိဘောဂပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး
လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ လဝါရွာ အထက်တန်းကျောင်းခွဲရှိ ချယ်ရီဆောင်သည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေသန်း ၆၄ ဒသမ ၈၀ ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မီးလောင် မှုကြောင့် ချယ်ရီဆောင်နှင့် အင်ကြင်းဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ရှို့မီးကြောင့် မီးလောင်တာ။ မနက် ၁ နာရီခွဲဝန်းကျင် မိုးမလင်းခင်မှာ ရှို့တယ်လို့ ယူဆတယ်။ ယူဆတယ်ဆိုတာက ကျောင်းနဲ့ဟိုဘက် ဒီဘက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီနားမှာရှိတဲ့ လူကမြင်လိုက်တဲ့အတွက်ကြောင့် ဘုန်းကြီးကနေပြီးတော့မှ အသံချဲ့စက် နဲ့ အော်ပြီးတော့ ရွာကို သတိပေးတယ်။ အဲဒီမှာ မီးက အရှိန်ရသွားတော့ ဘာမှမရလိုက်ဘူး"ဟု မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောဆိုသည်။

ကျောင်းဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အထက(ခွဲ)ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော GRADE-10 ကျောင်းသား၊ ကျောင်းသူ၁၈ဦးတို့အား ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် လဝါကျေးရွာ ရွာလယ်ရှိ ယခင်အခြေခံပညာ ကျောင်းဆောင်ဟောင်းနေရာတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အထက်တန်းကျောင်း(ခွဲ) မီးလောင်မှုနှင့်ပတ်သက်၍ မဘိမ်းမြို့မရဲ စခန်း တွင် ပြစ်မှုဥပဒေပုဒ်မ-၄၃၆အရ အမှုဖွင့်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ မည်သူမဆို ကိုးကွယ်သော နေရာအဖြစ် ဖြင့်သော်လည်းကောင်း၊ နေအိမ်အဖြစ် ဖြင့်သော်လည်း ကောင်း၊ ပစ္စည်းများ သိုလှောင်ထိန်သိမ်းသော နေရာအဖြစ် ဖြင့်သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ မိမိက ထိုသို့ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ၊ မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲတတ်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကိုတစ်သက်တစ် ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သတင်း - နိုင်ဝင်းစိုး

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျု့ - https://www.youtube.com/c/TheStandardTimeTVFreeToAir

25/08/2020

၂၅.၈.၂၀၂၀ ရက်နေ့၊ (၁၄ ၅၈)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးကုန်းဆင်း၊ ပြည်ရွှေညောင်လမ်းထိပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။

Level..2 လွှတ်ထားပါသည်

MFSD

Address

Myaing

Website

Alerts

Be the first to know and let us send you an email when မြန်မာပြည်အနှံအပြား မီးသတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies