Studio Shadow Gaming

Marci ( Lore) - Dota 2Ficition storyတောင်တန်း​တွေမှာ အသံ​တွေရှိတယ် ​ပင်လယ်မှာလဲအသံ​တွေရှိတယ် ​ကောင်းကင်မှာလဲအသံ​တွေရှိတယ...
09/06/2022

Marci ( Lore) - Dota 2

Ficition story

တောင်တန်း​တွေမှာ အသံ​တွေရှိတယ် ​ပင်လယ်မှာလဲအသံ​တွေရှိတယ် ​ကောင်းကင်မှာလဲအသံ​တွေရှိတယ်

​တောင်ကြား​လေးထဲမှာ မိန်းမပျိုနှစ်ဦး တစ်ဦးက​ ​လေးနဲ့မြှားကိုကိုင်ထားတယ် တစ်ဦးက​တော့ ကျားဖြူကြီးတစ်​​ကောင်ကိုကြိုးနဲ့ဆွဲလာတယ်။

မင်းသိလား Marci အသံ​တွေကိုကြားနိုင်တာ မင်းအတွက်ဆုလာဒ်ပဲ မင်းစကားမ​ပြောရ​တော့ ငါ့လို​အာမ​ညောင်း​တော့ဘူး​​ပေါ့

Mirana က ကျားကြီးကိုဆွဲလာတဲ့ Marci ​လေးကို​ပြောလိုက်တယ် Marci က စကားမ​ပြောနိုင်​တော့တာ ဖြစ်ရပ်ဆိုးကြီးတစ်ခု​ကြောင့်ဆိုပါ​တော့ Maci က Barrowhavenဆိုတဲ့​နေရာ​လေးက​နေ ​သာမန်လူတစ်​ယောက်အ​နေနဲ့​မွေးလာခဲ့တယ် သူတို့ရဲ့​ရွာ​သေး​သေး​လေးဟာ Dire နဲ့ Radiant ကိုခြား​နေတဲ့ မြစ်ကမ်းနားမှာရှိ​နေတာ​ကြောင့် အန္တရာယ်အများဆုံးလို့​တောင်​ပြောလို့ရတဲ့​ ​နေရာ​ပေါ့ ဒါ​ပေမဲ့ သူတို့ဟာ အန္တရာယ်​တွေကိုခုခံနိုင်စွမ်းအားအနည်းဆုံးဖြစ်တဲ့ လူသားမျိုးနွယ်​တွေဖြစ်​နေ​တော့ သူတို့မှာ အားကိုးရာမရှိဖြစ်​နေခဲ့တယ် ဒါ​ပေမဲ့ တစ်ဖက်မှာလည်း တံငါလုပ်ငန်းနဲ့အသက်​မွေး​နေရတာမို့ မြစ်ထဲကအန္တရာယ်​တွေကို ဥာဏ်ရှိသမျှအတက်နိုင်ဆုံးကာကွယ်ပီး တိတ်ဆိတ်စွာ​နေခဲ့ကြတယ်

Marciတို့ရဲ့ရွာ​လေးက အားနည်း​ပေမဲ့ တစ်ရက်မှာ အားကိုးရမယ့်သူတစ်ဦး​ရောက်လာခဲ့တယ် သူက Moon Rider လို့​ခေါ်တဲ့ Luna God ရဲ့ သစ္စာခံ Selemene တစ်ဦးပဲဖြစ်တယ် Marci တို့ရဲ့ရွာက သူတို့ရဲ့ပိုင်နက်ဖြစ်တဲ့ Nightsilver wood နဲ့ကပ်လျက်ဖြစ်​နေတာ​ကြောင့် သူတို့အပိုင်အဖြစ်သတ်မှတ်ပီး ​စောင့်​ရှောက်​ပေးမည်ဖြစ်​ကြောင်းနဲ့ သစ္စာခံဖို့အ​ကြောင်းရွာလူကြီးကို​ပြောပြတယ်

မိမိကုိယ်သာ အားကိုးရာဖြစ်​နေတဲ့ ရွာ​လေးအတွက် ရွာလူကြီးဟာအုပ်ခိုပ်ခွင့်​ပေးလိုက်တယ် တံငါလိုက်ရင်း ​သေဆုံးသူ​တွေ ထင်းခုတ်သွားရင်း ​သေဆုံးသူ​တွေများပြားလာတဲ့အ​ပေါ် စိတ်မချမ်းမသာဖြစ်​နေခဲ့​တော့လည်း အားလုံးကသ​ဘောတူခဲ့ကြတယ်

တစ်ရက်မှာ​တော့ အဲ့ရွာ​လေးကို အ​စောင့်အကြပ်​တွေအများကြီး​ရောက်လာပီးရွာကို​စောင့်​ရှောက်ဖို့စည်းကမ်းချက်​တွေနဲ့ Luna God ရှိတဲ့ Temple of Mene မှာ အမှု့ထမ်းဖို့ကျားမမ​ရွေး ​ခေါ်​ဆောင်သွားခဲ့တယ် အဲ့ထဲမှာ Marci ​လေးလဲအပါအ၀င်ပဲ​ပေါ့ Marci ​လေးက ရွာမှာ အ​ချောဆုံးလို့​တောင်​ပြောလို့ရပီး သူ့မှာအရမ်းချစ်ရတဲ့ မိဘနဲ့ ရည်းစား​လေးတစ်​ယောက်လည်းရှိတယ်

မိဘ​တွေက တံငါလုပ်ငန်းနဲ့အသက်​မွေး​တော့ Marci ကို အချိန်ပြည့်မကြည့်ရှု့​စောင့်​ရှောက်နိုင်တဲ့အချိန်မှာ သူ့ရဲ့ငယ်သူငယ်ချင်းလဲဖြစ် အချစ်ရဆုံးလဲဖြစ်တဲ့ Phillip ကပဲ အစစအရာရာ ​စောင့်​ရှောက်​ပေးခဲ့တယ်။ အဲ့အချိန်ထိ Marci ​လေးကနူးညံ့ပီး အ​ပြောချိုတဲ့မိန်းက​လေးတစ်​ယောက်ပါပဲ။ အခု​တော့ အမိန့်တစ်ခု​ကြောင့်ခွဲရ​တော့မှာမို့ မိန်းက​လေး​တွေခိည်းအမှု့ထမ်းရတဲ့ Temple of Mene ကိုမသွားခင် ပြန်လာခဲ့မယ်လို့ Marci ကမျက်ရည်​တွေနဲ့နှုတ်ဆက်ခဲ့တယ်။ သူတို့​ကျောခိုင်းသွားကြတယ်။ဘယ်​တော့ဆုံနိုင်မယ်မသိ​ပေမဲ့ Marciကို Phillipကလည်းကတိတစ်ခု​နဲ့ အနမ်းတစ်စုံ​ပေးလိုက်တယ် အချိန်တစ်ခု​ရောက်ရင်မင်းဆီကို​ရောက်​အောင် လာခဲ့မယ် ကိုယ်မင်းကိုပဲလက်ထပ်မှာပါ ဆိုပီး​တော့​ပေါ့...

Marci ဟာ Temple ကြီးထဲကကြာပန်း​တွေကို​စောင့်​ရှောက်​ပေးရတဲ့သူတစ်​ယောက်ဖြစ်လာခဲ့တယ်။ Marci က ဘာကိုယ်ခံပညာမှမတက်​တော့ တစ်ခြားသူ​တွေနဲ့အတူတူ ​လေ့ကျင့်​ရေး​တွေဆင်းခဲ့ရတယ် သူတို့ဟာ တာဝန်ပီးဆုံးတဲ့အခါကျမှသာအိမ်ပြန်ရမည်ဖြစ်​ကြောင်းနဲ့ တာဝန်​တွေကိုမလိုက်နာရင် ပြစ်ဒဏ်အ​နေနဲ့ ထပ်ပီး သက်တမ်းကြာသွားမယ်ဆိုတာသိ​တော့ ချစ်ရတဲ့သူတဲ့အမြန်ဆုံးပြန်ဆုံချင်တဲ့ Marciဟာ ​လေ့ကျင့်​ရေးမှာ​ရော အလုပ်တာ၀န်​တွေ​ရော အများကြီးစနစ်တကျ ဂရုစိုက်ပီးကြိုးစားခဲ့တယ် သူ့ကို သတိထားမိ​နေတာက​တော့ ကျားဖြူကြီးအမြဲစီးတဲ့ Mirana ပါပဲ

အလုပ်ကြိုးစားတာနဲ့အမျှသူဟာ ကိုယ်ခံပညာ​တွေကို မြန်မြန်တက်​မြောက်ခဲ့တယ်

ညဘက်​တွေဆိုရင် လမင်းကြီးကိုကြည့်ပီး သီချင်း​လေးညဥ်းတဲ့ Marci ရဲ့အသံကို ကြားရသူအားလုံး သ​ဘောကျနှစ်သက်ကြတယ်။

လသာတဲ့ညတစ်ညမှာ တာဝန်ချိန်ပီး​တော့Marci တစ်​ယောက်ထုံးစံအတိုင်းသီချင်း​လေးငြီး​နေတုန်း Mirana ရ​ဘေူနားမှာလာထိုင်တယ်။

Mirana ကို​တွေ့​တော့ Marci လည်းချက်ချင်းသီချင်းဆိုတာရပ်လိုက်ပီး မက်တပ်ထရပ်ဖို့လုပ်​တော့

ရပါတယ် အ​နှောက်အယှက်​ပေးသလိုဖြစ်သွားရင်ဆောရီးပါ အိပ်မရတာနဲ့ မင်းသီချင်းသံ​လေးကြားလို့ထွက်လာတာ မင်းသီချင်းဆိုတာတကယ်​ကောင်းတာပဲ

Marci က ပြုံးလိုက်ပီး

​ကျေးဇူးတင်ပါတယ် မအိပ်​သေးဘူးလား မိုးချုပ်​နေပီ အမ​ လေး

ညဘက်​တွေအိပ်တာရှားတယ် Slark ​တွေကအချိန်မ​ရွေး ဒုက္ခလာ​ပေးနိုင်တယ် မင်းတို့ရွာ​လေးကအင်အားနည်း​တော့ အချိန်မ​ရွေး အချိန်တိုတွင်း ကျသွားနိုင်တယ် မင်း​ရော အိမ်ကိုလွမ်း​နေပီလား

Marci က​ခေါင်းညိမ့်ပြတယ် အဲ့ရွာ​လေးမှာရှိတဲ့အ​မေတို့အ​ဖေတို့ကိုလည်းသတိရတယ် အ​ပေါင်းအသင်း​တွေလည်းသတိရတယ် ပြီး​တော့...

ပြီး​တော့ဘာဖြစ်လဲ ​ကောင်​လေးကိုလည်းလွမ်း​နေပီလား

Marci ကရှက်ပြုံး​လေးပြုံးလိုက်ပီး

သူ့ကိုပြန်လာပါ့မယ်လို့ကတိ​ပေးထားတယ် သူ့ကိုလွမ်းတိုင်း လမင်းကြီးကိုပဲကြည့်ပီးရင်ဖွင့်​နေရတာပါအချိန်မှာပဲ NightSilver wood ထဲက​နေ ဒဏ်ရာရ​နေတဲ့ လူတစ်​ယောက်ထွက်လာတယ် ​သွေး​တွေတစ်ကုိယ်လုံးရွှဲ​နေပီးဒဏ်ရာဒဏ်ချက်​တွေနဲ့ သူတို့​ရောက်​နေကြပီဆိုပီး လဲကျသွားတယ် Mirana လည်း ချက်ချင်းလူစုပီး Borrowhaven ဆီကိုချီတက်လာခဲ့ကြတယ်

​ရွာကို​ရောက်တဲ့အချိန်မှာ ရွာတစ်ခုလုံးမီး​လောင်ပီးပျက်ဆီး​နေခဲ့တယ် အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ Marci တစ်​ယောက် ​ဒေါ​သေ​တွေ​ရော ဝမ်းနည်းမှု့​တွေ​ရော ​ရော​ထွေးပီး Mirana တို့နဲ့အတူတူ Slark ​တွေကိုတိုက်ခိုက်ရင်း သူ့ရဲ့မိဘ​တွေအသက်ရှင်​သေးလားဆိုတာကိုလည်း အပူတပြင်းလိုက်ရှာ​နေခဲ့တယ် ကံဆိုးစွာနဲ့ပဲ သူတို့အိမ်​လေးတစ်ခုလုံးတစ်စစီပျက်ဆီးသွားတယ်ဆိုတာကိုမြင်လိုက်ရတယ်။ သူရဲ့မိဘ​တွေဆုံးပါးသွားပီ သူမြတ်နိုးတန်ဖိုးထားတဲ့ရွာ​လေးကိုကယ်တင်နိုင်ပါလျက်နဲ့ ​နောက်ကျသွားခဲ့တယ်။ အကုန်လုံး​သေသွားတာမဟုတ်​တော့ Marci လဲ အသက်ရှင်ကျန်​နေတဲ့သူ​တွေကိုလိုက်ကယ်​နေရင်း မထင်မှတ်ပဲသူ့လိုမျိုး ဒုက္ခ​ရောက်​နေတဲ့သူ​တွေကို ​ဘေးကင်းရာကိုပို့​နေတဲ့သူကို​တွေ့လိုက်ရတယ်။အဲ့တာက​တော့ သူ့ရဲ့ ချစ်သူ Phillip ပဲ​ပေါ့ Phillip ကလည်း Marci ကို​တွေ့​တော့ လက်​​လေးလှမ်းပြလိုက်တယ်။ Marci ကလည်း ၀မ်းသာပီးမျက်ရည်​တွေဝဲတက်လာတယ်။

Marci ကို ဒီဘက်မှာ...

စကားမဆုံး​သေးခင်မှာပဲ Slark တစ​်​ကောင်ဟာ ​ပြေးလာပီး Phillip ကို Marciရဲ့အ​ရှေ့မှာတင်ရက်ရက်စက်စက်သတ်ဖြတ်လိုက်တယ်

အဲ့မြင်ကွင်းကို​တွေ့လိုက်ရတဲ့ Marci လည်း ဘယ်လိုမှထိန်းမနိုင်​တော့ပဲ ငယ်သံပါ​အောင် Phillip ရဲ့နာမည်ကိုကျယ်​လောင်စွာ​အောင်​ခေါ်လိုက်တာ အသံအိုးပါပျက်ဆီးသွားတဲ့အထိ​ပါပဲ သူ့ရဲ့​ဒေါသ​တွေဟာဒီမှာတင်ပီးမသွားပဲ ရွာထဲမီာရှိသမျှ Slark မျိုးနွယ်​တွေကို ​မြေလှန်ရှာပီးရက်ရက်စက်စက်ကို ပြန်သတ်ဖြတ်​တော့တယ် သူ့ရဲ့ ဓါးကြိုးသွားသည့်တိုင်​အောင် ​သွေးစွန်း​နေတဲ့ လက်သီးချက်​တွေဟာ ရက်စက်မှု့​တွေပြည့်နှက်​နေခဲ့တယ်။

​နောက်ဆုံးမှာ​တော့ Slarkတွေအထိနာပီး တပ်ပြန်ဆုတ်သွားကြ​တော့ အသံ​တောင်မထွက်နိုင်​တော့တဲ့ Marci​လေးဟာ သူ့ရဲ့ချစ်သူ​Phillip​လေးရဲ့​​ဘေးမှာပဲဒူး​ထောက်ငို​​​ကြွေး​တော့တယ်

သူတို့ရဲ့ကတိ​တွေဟာ အချိန်မတန်ခင်မှာပဲ ပျက်ဆီးသွားခဲ့တယ်။ Marci လည်း ဒဏ်ရာ​တွေရထားတာမို့ သတိလစ်​မေ့​မြောသွားခဲ့တယ်

ပြန်နိုးလာတဲ့အချိန်မှာသူဟာ ​တောင်စွန်းတစ်ခုမှာ​ရောက်​နေတယ် ​တောင်စွန်း​လေးမှာ သူ့ရဲ့ချစ်သူ Phillip ရဲ့ အုတ်ဂူ​လေးကို​တွေ့လိုက်တယ်

မင်းသတိရလာပီလား Marci

အသံလာရာကိုကြည့်လိုက်​တော့ Mirana ကို​တွေ့လိုက်တယ်။

လက်ကသက်သာရဲ့လား...မင်းရဲ့ဆုံးရှုံးမှု့​တွေကို ငါကိုယ်ချင်းစာပါတယ်။အခု​လော​လောဆယ်​တော့ မင်းအရမ်းခံစား​နေရလိမ့်မယ်။ မင်းအခုဘာဆက်လုပ်မှာလဲ

Marci က Mirana ကို​မော့ကြည့်လိုက်ပီး မျက်နှာငယ်​လေးနဲ့​ခေါင်းခါပြလိုက်တယ်။

Marci မင်းငါနဲ့လိုက်ခဲ့ ငါမင်းကို ညီမ​လေးတစ်​ယောက်လို​မွေးစားမယ် ဒါ​ပေမဲ့မင်းငါ့စကားကို​တော့နား​ထောင်ရမယ်​နော်

Marci ကအခုဘယ်သွားမလို့လဲဆိုပီး လက်ဟန်​ခြေဟန်နဲ့ပြလ်ုက်တယ်

ငါတို့အခုသွားမယ့်​နေရာက အ​ရေးကြီးတဲ့​နေရာတစ်ခုလို့​ပြောလို့ရတယ် မင်းအတွက်လဲဒီထက်ပိုပီး​တော်တဲ့တိုက်ခိုက်​ရေးသမားဖြစ်လာ​အောင် ကူညီ​ပေးမယ့်သူ​​လည်းရှိတယ် ဒါ​ပေမဲ့​အဲ့​နေရာကို​ပြေလို့မရဘူး မင်း​တွေ့ပါလိမ့်မယ်။ မင်း​ပျော့ညံ့​နေမယ့်အစားလက်တုံ့ပြန်နိုင်​အောင်ကြိုးစားရမယ်။

Marci လည်း သူ့ချစ်သူ​မြေပုံ​လေးကို နှုတ်ဆက်ပီး Mirana နဲ့အတူခရီးထွက်လာခဲ့တယ်

အဲ့ဒီ​နေရာက Hidden Temple ဆိုတဲ့​နေရာ​ပေါ့....

-Reference from dota2wiki



09/06/2022

STUDIO SHADOW GAMING

 # #
07/10/2021

# #

1.1.1.1 VPN GB တိုးပေးပါမယ် Comment မှာ ID ချန်ထားပေးခဲ့ပါဗျ Edit:မတိုးဘူးဆိုရင်appကိုဖျက်ပီးပြန်Down ပေးကြပါဗျ
22/02/2021

1.1.1.1 VPN GB တိုးပေးပါမယ်
Comment မှာ ID ချန်ထားပေးခဲ့ပါဗျ



Edit:မတိုးဘူးဆိုရင်appကိုဖျက်ပီးပြန်Down ပေးကြပါဗျ

26/10/2020
Groundedလေးဝယ်ppဆိုဆော့ညနေ Grounded လေးSteam မယ်ဗျာ🥰🥰
19/08/2020

Groundedလေးဝယ်ppဆိုဆော့ညနေ
Grounded လေးSteam မယ်ဗျာ🥰🥰

09/07/2020

Funny GTAV

09/07/2020

T H A N K S A L L F O L L O W E R S

F O R 1.1 K FOLLOWING ME

06/07/2020
03/07/2020

🥰🥰🥰🥰🥰
source:wy

ခနနေ  GTAV Story mode play Mae
01/07/2020

ခနနေ GTAV Story mode play Mae

လုပ်ပါအုံးဘာgame ဆော့ရမှာလဲ😌😌😌ဘာဆော့ရမလဲမသိတဲ့ဘ၀
30/06/2020

လုပ်ပါအုံးဘာgame ဆော့ရမှာလဲ😌😌😌
ဘာဆော့ရမလဲမသိတဲ့ဘ၀

Rest in peace, you will not be missed.
29/06/2020

Rest in peace, you will not be missed.

-ဒီနေ့weekend saleလေးလာပါပီ-ဈေးကတော့ မနှစ်ကအတိုင်း $29.99ဖြစ်ပြီး lvl120, Ix9, IIx6နဲ့ IIIx3ခုရမှာပါ။-ဒီနှစ်မှာတော့ စထွက...
24/06/2020

-ဒီနေ့weekend saleလေးလာပါပီ
-ဈေးကတော့ မနှစ်ကအတိုင်း $29.99ဖြစ်ပြီး lvl120, Ix9, IIx6နဲ့ IIIx3ခုရမှာပါ။
-ဒီနှစ်မှာတော့ စထွက်ကတည်းက တစ်ယောက်ကို နှစ်ခု officialပေးဝယ်ပြီး မနှစ်ကလို ကြိုက်သလောက် ဝယ်လို့ရမရတော့ မသိသေးပါဘူး။

Rap အဆိုတော်နဲ့ကုလားလေသည်အချဉ်မဟုတ်😈
21/06/2020

Rap အဆိုတော်နဲ့ကုလားလေသည်အချဉ်မဟုတ်😈

Injustice: Gods Among Us Ultimate Edition ကို Steam မှာ အခမဲ့ရယူနိုင်ပါပြီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄DC Comics အခြေခံ Versus ...
19/06/2020

Injustice: Gods Among Us Ultimate Edition ကို Steam မှာ အခမဲ့ရယူနိုင်ပါပြီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

DC Comics အခြေခံ Versus Fighting ဂိမ်းဖြစ်တဲ့ Injustice God Among Us Ultimate Editionကို Steam မှာအခမဲ့‌ပေးနေပါပြီ။ ဒါပေမဲ့ Total War: Sh**un 2 giveaway တုန်းကလိုပဲ Free ရဖို့ အနည်းငယ်စောင့်လိုက်ရပါတယ် အခုယူနိုင်ပါပြီ။ ဒီဂိမ်းဟာ ၂၀၁၃ခုနှစ်ကထွက်ရှိခဲ့ပြီး NetherRealm Studioနဲ့ High Voltage Software ကရေးဆွဲကာ Warner Bros. Interactive Entertainment ကဖြန့်ချီပါတယ်။

https://store.steampowered.com/app/242700/Injustice_Gods_Among_Us_Ultimate_Edition/
source:En Thue Tech

Cyberpunk 2077ထဲကဘုန်းကြီး
18/06/2020

Cyberpunk 2077ထဲကဘုန်းကြီး

Ureal engine 5 😱😱PS5 Graphic ကြီး😍ဖြစ်နိုင်လား 😥မဖြစ်နိုင်ဘူးလာ
17/06/2020

Ureal engine 5 😱😱PS5 Graphic ကြီး😍
ဖြစ်နိုင်လား 😥မဖြစ်နိုင်ဘူးလာ

17/06/2020

Turbo Mode Updates:

- Couriers are invulnerable

- MVP Enabled

Dota Patch 7.27 Dota 2 Patch 7.27 လာတော့မယ် ဆိုတဲ့ အကြောင်းကို ကျနော်တို့ရဲ့ ဆရာကြီး Wykrhm Reddy က Facebook နဲ့ Twitter...
16/06/2020

Dota Patch 7.27

Dota 2 Patch 7.27 လာတော့မယ် ဆိုတဲ့ အကြောင်းကို ကျနော်တို့ရဲ့ ဆရာကြီး Wykrhm Reddy က Facebook နဲ့ Twitter တို့မှာ တင်ခဲ့ပါတယ်။
Valve ဟာ 7.25 နဲ့ 7.26 ကို ထုတ်ပေးခဲ့တာ 3 လကျော်ကြာပြီဖြစ်ပြီး ပြိုင်ပွဲတွေ ကို 7.26 C မြေပုံမှာဆော့နေတာဖြစ်ပါတယ်။Valve အနေနဲ့ လက်ရှိ Meta ကို ပြောင်းပစ်တော့မယ့် သဘောပါ။
Wyk တင်ခဲ့တဲ့ Post အရဆိုရင်တော့ လာမယ့် အပတ်အနည်းငယ်မှာ 7.27 ထွက်ရှိလာမှာပါ။ Items အပြောင်းအလဲတွေ ၊ Economy အပြောင်းအလဲတွေနဲ့ တခြားအပြောင်းအလဲတွေကို အရင် ထုတ်ပေးမှာဖြစ်ပြီး ပြီးရင် Heros အပြောင်းအလဲတွေပါ လာမှာပါ။
Wyk ဟာ သူရဲ့ ကြေငြာချက်ထဲမှာ မူရင်း Forum ထဲ က Link ကိုပါပေးခဲ့ပါတယ်။ အဲ့ဒီ Link ကို ဒီ post ရဲ့ အောက်ဆုံးမှာ ပေးထားပါ့မယ်။ ဒါဟာ Dota 2 ရဲ့ Lead developer ဖြစ်တဲ့ Icefrog ရဲ့ post ကို ရှားရှားပါးပါးမြင်ရတာပါ။ Icefrog ဟာ ရိုင်းစိုင်းတဲ့ Comments တွေ မလေးစားတဲ့ အပြုအမူတွေကြောင့် Dota dev forum မှာ ဘာမှမတင်တော့တာကြာပါပြီ။ သူရဲ့ Twitter မှာလည်း Ti winners တွေ Congratulation လုပ်တာတွေလောက်ပဲ တင်တော့တာပါ။
Icefrog ဟာ ကြေငြာစရာ ရှိတာကို သူကိုယ်တိုင်မကြေငြာခဲ့တာ ကြာပါပြီ။ အခုလို အမုန်း Comments တွေ Toxic comments တွေကြောင့် Icefrog ကို တော်တော်နဲ့ပြန်မြင်ရအုန်းမှာ မဟုတ်ပဲ အဓိကအပြောင်းအလဲတွေ လာမှပဲ ပြန်လည်ထွက်ပေါ်လာဖို့ရှိပါတယ်။
https://twitter.com/IceFrog/status/1033554893552812037?s=20
ဒါက Icefrog ရဲ့ Twitter ပါ။
https://dev.dota2.com/showthread.php?t=291213
ဒါက Icefrog ရဲ့ မူရင်း post link ပါ။
ဘရိုတို့ကော ဘယ်လိုထင်လဲခင်ဗျ အပြောင်းအလဲတွေက ဘာတွေဖြစ်လာမလဲ၊ အားလုံးပဲဆွေးနွေးကြည့်ကြရအောင်ပါ။
#လက်ဆေးပါ
#အိမ်မှာနေပါ
Source:Awajen Gaming

14/06/2020

Pgae မှာ PC အကြောင်းနည်းနည်းလေးပြောပြပေးမယ်ဗျ
Gameဆော့ဖို့ဘာတွေလိုအပ်လဲအရေးကြီးလဲ
ပီးတော့ဘယ်လိုPCဆင်ရမလဲ
​ဘာရွေးရမလဲဆိုတာတွေပေါ့ နည်းနည်းရှင်းပြပေးသွားမယ်ဗျ
PCဆင်တာအရမ်းခက်တယ်လို့တစ်ချို့တွေကထင်ကြတယ်ကျွန်တော်နည်းနည်းလေးရှင်းပြပီးရင်အရမ်းက်ိုလွယ်ကူကြောင်းသိလာလိမ့်မယ်ဗျကျွန်တော်လဲအရမ်းသိလို့တတ်လို့တော့မဟုတ်ဘူးပေါ့ဗျာအကုန်လုံးက်ုတတ်စေချင်တဲ့စေတနာနဲ့ပါ

Google Map? 🗺️
14/06/2020

Google Map? 🗺️

အမျှော်လင့်ကြီးမျှော်နေခဲ့ကြတဲ့ PS5 ရဲ့ စက်အသွင်အပြင်နဲ့အတူ first-party/third-party ဂိမ်းတွေကို ယနေ့မနက်အစောပိုင်းမှာပဲ ...
14/06/2020

အမျှော်လင့်ကြီးမျှော်နေခဲ့ကြတဲ့ PS5 ရဲ့ စက်အသွင်အပြင်နဲ့အတူ first-party/third-party ဂိမ်းတွေကို ယနေ့မနက်အစောပိုင်းမှာပဲ Sony ကနေ သူ့ရဲ့ The Future of Gaming ပြပွဲမှာ မိတ်ဆက်ပြသခဲ့တယ်။

Specs နဲ့ Controller ကတော့ ရှေ့မှာကတည်းက ပြသပြီးဖြစ်တဲ့အတွက် အထွေအထူးမပြောတော့ပါဘူး၊
AMD ရဲ့ Custom 8 core Zen 2 စီပီယူနဲ့ Ray Tracing ကိုင်တွယ်နိုင်မဲ့ RDNA2 ဂျီပီယူ
16GB GDDR6 System Memory
4K UHD Blu-ray (ဒီအချက်က အရေးကြီးပါတယ်၊ နောက်မှာဆက်ပြောထားပါတယ်)
Custom 825GB SSD တွေက PS5 ကို မောင်းနှင်ပေးမှာဖြစ်တယ်။
ပြိုင်ဖက် Microsoft ရဲ့ Xbox Series X သည်လည်းပဲ architecture အရ PS5 နှင့် အတူတူပင်ဖြစ်သော်ငြား PS5 ထက်တော့ raw power မှာ ပိုမိုကောင်းမွန်ပါတယ်။

There are two types of PlayStation 5, PS5 & PS5 Digital Edition

ဟုတ်ပါတယ်၊
Sony က PS5 ကို ဗားရှင်း ၂ မျိုးနဲ့ပွဲထွက်လာခဲ့တာပါ။
PS5 နဲ့ PS5 Digital Edition မှာ ကွဲပြားသွားတာက 4K UHD Blu-ray ပါခြင်း/မပါခြင်း ဆိုတာပါပဲ။

အရှင်းဆုံး အပြည့်စုံဆုံးပြောရရင် PS5 မှာ 4K UHD Blu-ray Drive ပါမယ်၊
ဒီတော့ အခွေထည့်ပီးဆော့လို့ရသလို ဂိမ်းတွေကို PSN ကနေဝယ်ပီး စက်ရဲ့ SSD ထဲထည့်ကာဆော့လို့လည်းရမယ်၊
4K UHD Blu-ray ဇာတ်ကားခွေတွေလည်း ထည့်ကြည့်လို့ရမယ်။

PS5 Digital Edition ကတော့ နာမည်အတိုင်းပဲ digital ပဲသုံးလို့ရမယ်။
သူ့မှာ အခွေထည့်ဖို့ရာ Drive မပါတော့ဘူး၊
Drive မပါတော့ ဂိမ်းခွေနဲ့ဆော့လို့မရတော့သလို ဇာတ်ကား Blu-ray ခွေတွေထည့်ကြည့်လို့လည်းမရတော့ဘူးဖြစ်သွားတယ်၊
ဂိမ်းတွေကို PSN ကနေဝယ်ယူ ဒေါင်းလုဒ်ဆွဲရမှာဖြစ်တော့ မြန်နှုန်းမြင့်အင်တာနက်ရှိရန်လည်းလိုအပ်မှာဖြစ်တယ်။
အားသာတဲ့အချက်က . .
အားသာတာကတော့ Blu-ray Drive ဖြုတ်လိုက်တော့ ဈေးလည်း သက်သာသွားမှာပါ။

လက်တလောအနေနဲ့ Sony က စက်ရဲ့ဈေးနှုန်းတွေကိုပြောမထားသေးပါဘူး။
ဒါပေမဲ့ ကောက်ချက်ချရရင် PS5 Digital Edition က PS5 ထက် အနည်းဆုံး $50 ကနေ အများဆုံး $150 အထိ သက်သာနိုင်ပါတယ်။
ကျနော့်အနေနဲ့
PS5 = $549 or up
PS5 Digital Edition = $499 or lower
လို့ခန့်မှန်းပါတယ်။
ဒါက MSRP အရပါ။

မြန်မာပြည်တွင်းဈေးကွက်မှာ စက်ထွက်ပီး ပထမခြောက်လအတွင်းတော့ PS5 က ကိုးသိန်းခွဲ တစ်ဆယ်ပတ်လည်၊
Digital Edition က ရှစ်သိန်း ရှစ်သိန်းခွဲဝန်းကျင်လောက်အထိရှိလာပါလိမ့်မယ်။
အနီးစပ်ဆုံး ခန့်မှန်းချေပေါ့။

စက်ထွက်ရှိမည့်က လောလောဆယ်အထိတော့ PS5 ကော XSX ကော Holiday 2020 လို့ပြောထားစဲပါပဲ။
စက်တင်ဘာ ကနေ ဒီဇင်ဘာအတွင်းပါ။

First-party Exclusive ဂိမ်းများ

1) Gran Turismo 7 / TBA
2) Horizon Forbidden West / Holiday 2020
3) Marvel's Spider-Man: Miles Morales / Holiday 2020
4) Sackboy A Big Adventure / TBA
5) Ratchet & Clank: Rift Apart / TBA
6) Demon's Souls / TBA
7) Returnal / TBA
😎 Destriction AllStars / TBA

Third-party ဂိမ်းများ (also coming to PC/Xbox)

1) Grand Theft Auto V / 2021
2) Resident Evil 8 Village / 2021
3) Hitman 3 / January 2021
4) Project Athia / TBA
5) Godfall / TBA
6) Ghostwire: Tokyo / 2021
7) NBA 2K21 / Holiday 2020
😎 Deathloop / TBA
9) Pragmata / 2022

ဖော်ပြပါ First-party/Third-party ဂိမ်းများနှင့်အတူ indie small ဂိမ်း ၉ ခုကိုလည်း Sony မှ မိတ်ဆက်ပေးခဲ့ပါတယ်။

သင်တို့ရော Sony ရဲ့ PS5 ကို ကျေနပ်အားရမှုရှိရဲ့လား၊
Xbox Series X နဲ့ယှဉ်ရင် ဘယ်လိုမြင်လည်း၊
ဘယ်သူ့ကသင့်ရဲ့ ဦးစားပေးနေရာမှာရှိလည်း ...
Source:SJH

The patch earlier in the day was rolled back because it was buggy. But the new "Text Filtering" feature is now available...
13/06/2020

The patch earlier in the day was rolled back because it was buggy. But the new "Text Filtering" feature is now available. You can find it in the new Settings Tab for Social Features. wy

3သိန်းတန် လက်ဆောင်==================အားလုံးဘဲ မင်္ဂလာပါဒီနေ့မှာတော့ ကျွန်တော် BattlePassနဲ့ ပတ်သက်ပြီး စိတ်ထဲ မတင်မကျ ဖြ...
13/06/2020

3သိန်းတန် လက်ဆောင်
==================
အားလုံးဘဲ မင်္ဂလာပါ

ဒီနေ့မှာတော့ ကျွန်တော် BattlePassနဲ့ ပတ်သက်ပြီး စိတ်ထဲ မတင်မကျ ဖြစ်နေသေးတဲ့သူတွေ နောက်မှ ၀ယ်တင်မဲ့သူတွေ အတွက် လွယ်လွယ်တွက်နည်းတစ်ခု တွက်ပြပါမယ်

အခုတွက်ထားတာက လုံး၀ ဂိမ်းမဆော့ဘူး ၊Weekend Sale ယောင်လို့ဝောာင်လှည့်မကြည့်ဘူး (မမှီလိုက်တာ) ဆိုတဲ့သူတွေအတွက် သီးသန့်ပါ

အရင်ဆုံး Lvl 575 Windrunner အထိ ရောက်ဖို့ဆိုရင် $250 ကွက်တိလိုပါမယ်

BattlePass = 10$
24 Lvl = 10$ x 24 = 240$

တွက်ပြထားတဲ့အတိုင်း၀ယ်လိုက်မယ်ဆိုရင် Lvl 577 အထိ တန်းရောက်သွားပါမယ်

ဘာဆိုဘာမှ မလုပ်လိုက်ရဘဲ Exclusive အကုန် ရလိုက်မှာပါ

လက်ရှိ Cheap Wallet တွေကို 1200 Rateလောက်နဲ့ ၀ယ်လို့ရနေတာကြောင့် 3သိန်းအတိဘဲ ကျပါတယ်

BattlePass က တန်သလား?
-------------------------------------------
ဒါကိုလည်း ခပ်မြန်မြန်လေး တွက်ပြပါမယ်(ပုံမှာလည်း တွက်ပြထားပါတယ်)

Arcana/Persona တစ်ကောင်ကို Dota 2 Store ဈေး $35 ကျပ်နဲ့တွက်ရင် 5ကောင်လုံးမှ $175 ကျပ်ပါ

Terrainက $10တန်တယ် ၊ Custom Tower ကတော့ တစ်ဖက်ကို 2ကျပ်ခွဲနဲ့ နှစ်ဖက်ပေါင်း 5$ ကျပ်တန်တယ်ထားလိုက်

ပြီးရင် ဘာမှန်းမသိသေးတဲ့ Summer Event က $10 တန် ဂိမ်းတစ်ခုလောက် တန်ဖိုးရှိတယ်ဆိုပါတော့

စုစုပေါင်း $200အတိ ရှိသွားပါပြီ

ကျန်တဲ့ $50 ဖိုးက Immortal Box တွေ၊ CM Wheel တွေ၊ Taunt & Courier တွေနဲ့ မျှတွက်လိုက်တဲ့အခါ အကုန်လုံးက တော်တော်လေးကို တန်နေတယ်ဗျ

ဒါဝောာင် ကြားထဲက Chat wheel တွေ ဘုစုဂရုတွေ ထည့်တွက်မထားသေးဘူး

အကယ်၍များ Summer Event လေးက ကောင်းခဲ့မယ်ဆိုရင် ပိုလို့ဝောာင် ပျော်ဖို့ကောင်းသေး ၊လုံး၀ မဆော့နိုင်ဖူးဆိုရင်တောင် တစ်ပွဲတော့ အပြေးလေး ဆော့လိုက်ပါ

ပေးရတဲ့ $10 နဲ့တန်သွားပါပြီ

Arcana တွေကိုကြည့်ရင်လည်း Exclusive Item တွေကို ပုံမှန်ရောင်းနေကျ ဈေးနဲ့ရတယ်၊ ပိုလည်းလှတယ်၊ ပြန်မရနိုင်တော့တဲ့ Arcana အမျိုးအစားတွေ

ထပ်ထွက်မဲ့ WR or AMထဲက တစ်ခု လှခဲ့ရင်ဝောာင် ‌ကျေနပ်ပါပြီ

အဲ့တော့ တန်တယ်ဆိုတာထက်ကို ပိုနေတဲ့ BattlePassပါ

ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ကြည့်ပါ

အများကြီးပိုသာပါတယ်

ဟာ ဘာလို့ 3သိန်းတန် လက်ဆောင်လို့ ရေးထားရတာလဲမေးရင် ?

Corona ကာလအတွင်း မွေးနေ့တွေ့ရှိမယ်၊ Anniversary တွေရှိမယ်၊ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တဲ့အခါ တစ်ခြား ဘာမှစဉ်းစား မနေပါနဲ့

အခု လက်ဆောင်လေးသာ ၀ယ်ပေးလိုက်ပါ

သင့်ရဲ့ ထာ၀ရ အချစ်ဆုံးနဲ့ အမှတ်တရ အရှိဆုံးသူ ဖြစ်သွားပါလိမ့်မယ် 😊

အချစ်ဆုံးတွေကို စတင် Mentionခေါ်နိုင်ပါပြီ

P.S. ဒါနဲ့ Admin လည်း BattlePass Date လေးလုပ်ချင်နေပါတယ်နော်
Source: Tsunami

Sideshop ခေါ်နည်း ✌️✌️✌️Dota2 ကို ဖွင့်ထားရင် အရင်ဆုံး ပိတ်လိုက်ပါ။၁. Steam app ထဲက Library ထဲကို သွားပါ။၂. Dota 2 icon ...
07/06/2020

Sideshop ခေါ်နည်း ✌️✌️✌️

Dota2 ကို ဖွင့်ထားရင် အရင်ဆုံး ပိတ်လိုက်ပါ။
၁. Steam app ထဲက Library ထဲကို သွားပါ။
၂. Dota 2 icon ကို right click နှိပ်ပါ။
၃. Properties ကို နှိပ်ပါ။
၄. Set Lunch Options... ကို နှိပ်ပါ။
၅. ပေါ်လာတဲ့ textbox ထဲမှာ -console လို့ ရိုက်ပါ။
၆. Dota2 ကို ပြန်ဖွင့်ပါ။
၇. "\" ကီးကို နှိပ်ပါ။ console ပွင့်လာပါလိမ့်မယ်
၈. console ထဲမှာ dota_show_sideshop ကို ရိုက်လိုက်ပါ။
၉. Sideshop ပြန်ပွင့်လာပါလိမ့်မယ်ခင်ဗျ။

source: Min Thu Aung (Dodozz)

Burnout Paradise Remastered (Switch) – June 19Criterion Games က ဖန်တီးထားပြီး Electronic Arts က PS3, Xbox 360 နှင့် PC အ...
07/06/2020

Burnout Paradise Remastered (Switch) – June 19

Criterion Games က ဖန်တီးထားပြီး Electronic Arts က PS3, Xbox 360 နှင့် PC အတွက် ဖြန့်ချီပေးထားတဲ့ ၂၀၀၈ ခုနှစ်ထွက် open world ကားမောင်းပြိုင်ဂိမ်းတစ်ခုကို remaster ပြန်လုပ်ထားတာ ဖြစ်ပါတယ် ။ Remaster ဆိုတဲ့အတိုင်း ရုပ်ထွက်မှာ အခုခေတ်နည်းပညာဖြင့် ပြု ပြင်ထားပြီး ထွက်ပြီးသမျှ DLC အကုန်ပြန်ပါလာတဲ့အပြင် အပိုဆာဒါး အနည်းငယ်ထပ်ဖြည့်ထည့်ထားပါတယ် ။

https://www.origin.com/sgp/en-us/store/burnout/burnout-paradise-remastered

Source:SJH

Best Friend Forever [PC, Switch] - June 18ခွေးမွေးတာနှင့် ဒိတ်လုပ်တာနဲ့ ပေါင်းစပ်ထားတဲ့ Simulation ဂိမ်းတစ်ခုဖြစ်ပါတယ် ။...
07/06/2020

Best Friend Forever [PC, Switch] - June 18

ခွေးမွေးတာနှင့် ဒိတ်လုပ်တာနဲ့ ပေါင်းစပ်ထားတဲ့ Simulation ဂိမ်းတစ်ခုဖြစ်ပါတယ် ။ ချစ်ဖို့ကောင်းတဲ့ ခွေးလေးကို ကျွေးမွေး လေ့ကျင့်ပေးပြီး ခွေးနှင့် သံယောဇဉ်တွယ်အောင် စောင့်ရှောက်ပေးရမှာပါ ။ ခွေးလေး ဗိုက်ဆာနေရင် ထမင်းကျွေးတာ ၊ ခွေးလေး အချစ်ခံချင် ဂရုစိုက်ခံချင်နေတဲ့အခါ ပွတ်သပ်ပေးတာ ထွေးပိုက်ပေးတာက အစ ခွေးချေးကျုံးတာ အဆုံး ခွေးတစ်ကောင်ရဲ့ တောင်းဆိုမှုတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ် ။

https://www.nintendo.com/games/detail/best-friend-forever-switch/
https://store.steampowered.com/app/1034850/Best_Friend_Forever/

Source:SJH

07/06/2020

Admin တင်ထားတဲ့Intro Video လိုမျိုးကို့နာမည်နဲ့လိုချင်တယ်ဆိုရင်adminအလကားလုပ်ပေးမယ်နော်😊
ဒီရက်ပိုင်းအားနေလို့

game အကြောင်းတွေအဆက်မပြတ်တင်သွားပေးမယ်ဗျ

07/06/2020
07/06/2020

Bladezzzzz

Gamer တွေအားလုံးသရေကျပီးစောင့်ဆိုင်းနေရတဲ့Cyberpunk2077ကိုp4မှာpre orderတွေစနေကြပီဗျ😍😍😍😍😍😍😍😍😍😍😍😍😍😍😍
05/06/2020

Gamer တွေအားလုံးသရေကျပီးစောင့်ဆိုင်းနေရတဲ့
Cyberpunk2077ကိုp4မှာpre orderတွေစနေကြပီဗျ
😍😍😍😍😍😍😍😍😍😍😍😍😍😍😍

Address

Mandalay
95

Telephone

+959966076607

Website

Alerts

Be the first to know and let us send you an email when Studio Shadow Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share