ST14

ST14 For business inquiries: [email protected]

28/11/2023
MPL Indonesia S12 Grandfinal Day Match preview by Nara July 13 ရက်နေ့ထဲက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ MPL Indo ဟာ ဒီနေ့မှာတော...
18/11/2023

MPL Indonesia S12 Grandfinal Day
Match preview by Nara
July 13 ရက်နေ့ထဲက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ MPL Indo ဟာ ဒီနေ့မှာတော့ နောက်ဆုံးနေ့ Grandfinal Day ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့သော ရာသီတွေထက် ပိုမို ကောင်းမွန်တိုးတက်လာနဲ့အသင်းတွေနဲ့အတူ ဒီကာလတစ်လျှောက်လုံးမှာ အကောင်းဆုံးသော ပွဲစဉ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ M5 ဝင်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက်မှာ GFID နဲ့ Onic ဟာ S12 Champion Trophy အတွက် BO7 ပွဲစဉ်ကို ထပ်မံယှဉ်ပြိုင်ရပါဦးမယ်။
Onic Esports Vs Geek Fam ID
နောက်ဆုံးပွဲစဉ်ကတော့ Philippines သားတွေပါဝင်တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ပဲဖြစ်ပါတယ်။ MPL Indo မှာ Ph တွေရဲ့ လွှမ်းမိုးနိုင်မှုကတော့ မသေးပါဘူး။ Regular Season နောက်ပိုင်းကစပြီး တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ GFID ဟာ Grandfinal ကိုတောင်ရောက်ရှိခဲ့ပါပြီ။ Upper bracket final မှာ Onic နဲ့တွေ့ဆုံစဉ်က Onic ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အသင်း တစ်သင်းလည်းဖြစ်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှခဲ့လို့ 3-2 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ရပြီး Lower Bracket ဆင်းခဲ့ရပေမယ့် ခုတော့ Onic နဲ့နောက်တစ်ဖန် ထပ်မံတွေ့ဆုံပြီး ဒီပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။ Individual အရ Onic က အနည်းငယ်သာလောက်ပေမယ့် အသင်းလိုက်စုဖွဲ့မှုမှာတော့ ဒီနှစ်သင်းဟာ တော်တော်လေး မျှခြေညီပါတယ်။ Nnael နဲ့ Kairi ရဲ့ retri skill ယှဉ်ပြိုင်မှုတွေကိုလည်း ကြည့်ရပါဦးမယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် Coach အနေနဲ့လည်း ဘယ်လို pocket draft တွေကို ထုတ်သုံးလာမလဲဆိုတာ စောင့်ကြည့်ရမယ်။ BO7 Grandfinal ဖြစ်နေတဲ့အတွက် ပြီးခဲ့တဲ့ရာသီကလို 4-0 နဲ့မပြတ်စေချင်သလို ပြတ်ဖို့မဖြစ်နိုင်ဘူးလို့လည်း မြင်မိပါတယ်။ Onic ကတော့ သူတို့ရဲ့ တည်ငြိမ်နေတဲ့ form တစ်ခုနဲ့ပွဲထွက်လာနိုင်ပြီး GFIF ဟာ Markyy နဲ့ပဲဆက်လက်ပွဲထွက်လာမယ်လို့ ထင်ရပါတယ်။ Onic သာ အနိုင်ရခဲ့ရင်တော့ ဒါဟာ သူတို့ရဲ့ ငါးကြိမ်မြောက် MPL ဆုဖြစ်ပြီး MPL 5 ကြိမ်ရရှိတဲ့ တစ်သင်းထဲသော အသင်းဖြစ်လာမှာပါ။ GFID သာအနိုင်ရရင်တော့ ဒါဟာသူတို့ရဲ့ ပထမဆုံး MPL champion ဆုဖြစ်ပါတယ်။

Esports ရပ်ဝန်းကို နောက်တစ်ကြိမ်ခြေချလာခဲ့သူ Legendary Player တစ်ယောက်အကြောင်း (သို့မဟုတ်) ACEလွန်ခဲ့တဲ့ 6 နှစ် 2017 ဝန်...
16/10/2023

Esports ရပ်ဝန်းကို နောက်တစ်ကြိမ်ခြေချလာခဲ့သူ Legendary Player တစ်ယောက်အကြောင်း (သို့မဟုတ်) ACE

လွန်ခဲ့တဲ့ 6 နှစ် 2017 ဝန်းကျင်လောက်က Huawei Esports Gaming Challenge ရဲ့ MLBB ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ TA2 ဆိုတဲ့အသင်းလေးတစ်သင်းက 18 နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ခုချိန်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ 2017 ခုနှစ်က သင်ဟာ ထင်မိမှာမဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ကောင်လေးဟာ 2017 ကနေ 2023 ဆိုတဲ့ ခြောက်နှစ်တာအချိန်ကာလအတွင်းမှာ မြန်မာ MLBB ရပ်ဝန်းမှာ လူချစ်လူခင်အများဆုံး fandom အတောင့်ဆုံး အအောင်မြင်ဆုံး Legendary Player တစ်ယောက်ဖြစ်နေပါတယ်။ ကျွန်တော်ပြောနေတဲ့ ထိုလူငယ်လေးဆိုတာကတော့ ACE ပါပဲ။ မြန်မာနိုင်ငံရဲ့ အစောဆုံး MLBB Tournament တွေလို့ပြောလို့ရတဲ့ Huawei Esports Gaming Challenge နဲ့ Zurich ပြိုင်ပွဲတွေမှာ Champion ဖြစ်ခဲ့တဲ့ ACE ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Legendary Player တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ACE ဆိုတဲ့ နာမည်ကို သိရင် Thief ဆိုတဲ့ အမည်နာမကိုလည်း သိကြမှာပါ။ ACE ဟာ 2018 မှာ MSC 2018 Myanmar MPT Qualifier ပြိုင်ပွဲမှာ အနိုင်ရရှိပြီးနောက် MSC 2018 ကို Thief ‌ဆိုတဲ့ နာမည်နဲ့ မြန်မာကိုယ်စားပြုအဖြစ် ဝင်ပြိုင်ခဲ့ပါတယ်။ ထိုအချိန်က ကြမ်းပါတယ်ဆိုတဲ့ MSC 2018 မှာ ပါဝင်တဲ့ IDNS , Aether Main , Evos , RRQ O2 စတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်ခဲ့တာ ACE ပါပဲ။ ဒါမှမဟုတ် Jess No Limit , LJ , Ribo , SaSa , Emperor တို့ခေတ်က လက်ကျန်လူသားလို့ ပြောမလား။ သေချာတာကတော့ ACE ဟာ ထိုလူတွေနဲ့ခေတ်ပြိုင်ကစားသမားတစ်ယောက်ပါပဲ။

MSC 2018 အပြီး မြန်မာနိုင်ငံကို MPL MM စတင်ရောက်ရှိလာတဲ့အချိန်မှာတော့ S1 ရဲ့ Champion ဆုကို Burmese Ghouls အသင်းနဲ့အတူ ACE ဟာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့အချိန်မှာ ACE ရယ်လို့ ‌တစ်စတစ်စ လူသိများလာခဲ့တာပါပဲ။ S2 မှာ First Runner up သာ ရရှိခဲ့ပေမယ့် MSC 2019 ကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အရမ်းတော့အဆင်ချောလှခြင်းမရှိခဲ့သေးပါဘူး။ ရှုံးနိမ့်မှု ဒဏ်တွေကို အံ့တုရင်း ကြိုးစားခဲ့သမျှဟာ တော်တော်လေးအရာထင်ခဲ့တယ်ပြောရပါလိမ့်မယ်။ MPL MM S3 မှာ ACE အနေနဲ့ နောက်တစ်ကြိမ် Champion ဆုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ အဲ့နောက်တော့ အားလုံးသိကြတဲ့အတိုင်း M1 World Championship ပြိုင်ပွဲမှာ 4th place ထိ ရောက်ရှိခဲ့တယ်ပေါ့။ ဒီအခိုက်အတန့်တွေဆိုတာ လူတိုင်းမှတ်မိနေကြမယ့် အခိုက်အတန့်တွေပါပဲ။ အခက်အခဲတွေကြားထဲကနေ 4th place ထိတက်လှမ်းနိုင်ခဲ့တဲ့ BG နဲ့ အဲ့အသင်းက ကစားသမားတစ်ယောက်ဖြစ်တဲ့ ACE ပါ။

M1 Champion ဖြစ်ခဲ့တဲ့ Evos က တစ်ချို့သော လူတစ်စုဟာ အနားယူသွားခဲ့ပါပြီ။ ဒါပေမယ့် ACE ကတော့ သူ့ရဲ့အိပ်မက်တွေနောက်ဆက်လက်လိုက်နေဆဲဖြစ်ခဲ့ပါတယ်။ MPL MM S 4&5 champion ဖြစ်ပြီးနောက်မှာတော့ MPL season 3 ခုဆက် Champion ဒါမှမဟုတ် MPL Champion 4 ကြိမ်ရရှိခဲ့သူ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်တော့ MPLI မှာ 3-4 place ရရှိခဲ့ပြီး အားလုံးသိကြတဲ့အတိုင်း M2 World Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ M2 မှာ Burmese Ghouls နဲ့အတူ ACE ဟာ မထင်မှတ်ထားလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ACE ရဲ့ Hayabusa , ACE ရဲ့ Claude ဆိုတာ ထိုအချိန်က လူတိုင်းရဲ့ပါးစပ်ဖျားမှာ စွဲခဲ့ရလောက်တဲ့အထိ performance ထွက်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှခဲ့လို့ 1st runner up နဲ့သာ ကျေနပ်ခဲ့ရပေမယ့် အဲ့ကာလဟာ ACE ရဲ့ Prime Time လို့တောင် ပြောလို့ရပါတယ်။ ACE အတွက် မိုးထိညံတဲ့ လက်ခုပ်သံတွေ ဆူညံခဲ့တဲ့ ကာလတွေပါပဲ။

M2 ကပြန်လာပြီးနောက်မှာတော့ အခြေအနေအပိုင်းအခြားတွေအရ ACE အနေနဲ့ BG ကနေ ထွက်ခွာလာခဲ့ပြီး AI Esports ကိုရောက်ရှိခဲ့ပါတယ်။ BG ACE ကနေ AI ACE ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ LOD S1 မှာလည်း Champion ဖြစ်ခဲ့ပါသေးတယ်။ AI Esports နဲ့အတူ လူငယ် Player တွေကိုတွဲခေါ်ခဲ့ပြီးနောက်မှာတော့ ACE ဟာ Team StarBoyz ကို ရောက်ရှိခဲ့ပါတယ်။ Team StarBoyz နဲ့အတူ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ IESF Qualifier ပွဲစဉ်အပြီးမှာတော့ Pro Player Life ကနေ အနားယူပြီဖြစ်ကြောင်း ACE ဟာ သူကိုယ်တိုင်ပဲကြေညာခဲ့ပါတယ်။ မြန်မာ MLBB လောကက လူတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။

2017 ကနေ စတွက်ရင်တောင် 6 နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ACE ကိုတော့ သူဝါသနာပါတဲ့ MLBB ပြိုင်ပွဲတွေမှာ မြင်တွေ့နေရပါသေးတယ်။ ယခုလက်ရှိ GG Fest ပြိုင်ပွဲမှာလည်း Team StarBoyz နဲ့အတူ ACE ကို မြင်နိုင်ပြီး နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း တွေ့နိုင်ပါဦးမယ်။ ခေတ်အဆက်ဆက်က သူနဲ့ ခေတ်ပြိုင် player တွေ အနားယူသွားခဲ့ပြီဆိုပေမယ့် ACE ကတော့ လူ‌ငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် တည်ရှိနေပါသေးတယ်။ MPL 4 time champion တစ်ဖြစ်လဲ Legendary ACE ရဲ့ ခရီလမ်းတစ်လျှောက်လုံးက သာယာချောမွေ့ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ အနိမ့်အမြင့်အတက်အကျ ကာလ တွေကို ကျော်ဖြတ်ရင်း စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ပြနိုင်ခဲ့တဲ့ ACE , အနေအေးပြီး စိတ်သဘောထားပြည့်ဝလှတဲ့ ACE , ဆယ်ကျော်သက် လူငယ်ဘဝကနေ ယနေ့တိုင် အိပ်မက်တစ်ခုနောက်လိုက်ရင်း ကိုယ့်ရည်းမှန်းချက်ပန်းတိုင်တွေကို ပြည့်ပြည့်ဝဝ ဖော်ဆောင်နေတဲ့ ACE ကတော့ တကယ့်ကို ရှားမှရှား မြန်မာနိုင်ငံက Legendary Player တစ်ယောက်ပါပဲ။

Congratulations Onic EsportsOnic Esports ကတော့ Geek Fam ကို 4-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရပြီး MPL Indo S12 ရဲ့ Champion ဖြစ်သ...
15/10/2023

Congratulations Onic Esports

Onic Esports ကတော့ Geek Fam ကို 4-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရပြီး MPL Indo S12 ရဲ့ Champion ဖြစ်သွားခဲ့ပြီး MPL Champion 5 ကြိမ်ရတဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့ပါပြီ။

Photo crd to Onic Esports ig

15/10/2023

Onic champion ဖြစ်ဖို့တပဲွအလို

15/10/2023

MPL ID S12 Grandfinal Day
Onic VS Geek Fam

15/10/2023

Eng casting here

MPL Indonesia S12 Grandfinal Day Match preview by Nara July 13 ရက်နေ့ထဲက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ MPL Indo ဟာ ဒီနေ့မှာတော...
15/10/2023

MPL Indonesia S12 Grandfinal Day

Match preview by Nara

July 13 ရက်နေ့ထဲက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ MPL Indo ဟာ ဒီနေ့မှာတော့ နောက်ဆုံးနေ့ Grandfinal Day ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့သော ရာသီတွေထက် ပိုမို ကောင်းမွန်တိုးတက်လာနဲ့အသင်းတွေနဲ့အတူ ဒီကာလတစ်လျှောက်လုံးမှာ အကောင်းဆုံးသော ပွဲစဉ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ M5 ဝင်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက်မှာ GFID နဲ့ Onic ဟာ S12 Champion Trophy အတွက် BO7 ပွဲစဉ်ကို ထပ်မံယှဉ်ပြိုင်ရပါဦးမယ်။

Onic Esports Vs Geek Fam ID

နောက်ဆုံးပွဲစဉ်ကတော့ Philippines သားတွေပါဝင်တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ပဲဖြစ်ပါတယ်။ MPL Indo မှာ Ph တွေရဲ့ လွှမ်းမိုးနိုင်မှုကတော့ မသေးပါဘူး။ Regular Season နောက်ပိုင်းကစပြီး တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ GFID ဟာ Grandfinal ကိုတောင်ရောက်ရှိခဲ့ပါပြီ။ Upper bracket final မှာ Onic နဲ့တွေ့ဆုံစဉ်က Onic ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အသင်း တစ်သင်းလည်းဖြစ်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှခဲ့လို့ 3-2 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ရပြီး Lower Bracket ဆင်းခဲ့ရပေမယ့် ခုတော့ Onic နဲ့နောက်တစ်ဖန် ထပ်မံတွေ့ဆုံပြီး ဒီပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။ Individual အရ Onic က အနည်းငယ်သာလောက်ပေမယ့် အသင်းလိုက်စုဖွဲ့မှုမှာတော့ ဒီနှစ်သင်းဟာ တော်တော်လေး မျှခြေညီပါတယ်။ Nnael နဲ့ Kairi ရဲ့ retri skill ယှဉ်ပြိုင်မှုတွေကိုလည်း ကြည့်ရပါဦးမယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် Coach အနေနဲ့လည်း ဘယ်လို pocket draft တွေကို ထုတ်သုံးလာမလဲဆိုတာ စောင့်ကြည့်ရမယ်။ BO7 Grandfinal ဖြစ်နေတဲ့အတွက် ပြီးခဲ့တဲ့ရာသီကလို 4-0 နဲ့မပြတ်စေချင်သလို ပြတ်ဖို့မဖြစ်နိုင်ဘူးလို့လည်း မြင်မိပါတယ်။ Onic ကတော့ သူတို့ရဲ့ တည်ငြိမ်နေတဲ့ form တစ်ခုနဲ့ပွဲထွက်လာနိုင်ပြီး GFIF ဟာ Markyy နဲ့ပဲဆက်လက်ပွဲထွက်လာမယ်လို့ ထင်ရပါတယ်။ Onic သာ အနိုင်ရခဲ့ရင်တော့ ဒါဟာ သူတို့ရဲ့ ငါးကြိမ်မြောက် MPL ဆုဖြစ်ပြီး MPL 5 ကြိမ်ရရှိတဲ့ တစ်သင်းထဲသော အသင်းဖြစ်လာမှာပါ။ GFID သာအနိုင်ရရင်တော့ ဒါဟာသူတို့ရဲ့ ပထမဆုံး MPL champion ဆုဖြစ်ပါတယ်။

14/10/2023

What A Play Lukeee 🔥
ကျွတ်ဆင်ကြီး

M series 5 ကြိမ်ဆက် တက်ရောက်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ Vyn နဲ့ သူ၏အသင်းဟောင်း RRQMoonton အနေနဲ့ M series ကိုကျင်း...
14/10/2023

M series 5 ကြိမ်ဆက် တက်ရောက်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ Vyn နဲ့ သူ၏အသင်းဟောင်း RRQ

Moonton အနေနဲ့ M series ကိုကျင်းပပြုလုပ်လာတာ ငါးကြိမ်ရှိသွားခဲ့ပါပြီ။ ကျင်းပပြုလုပ်ခဲ့ပြီးသည်ဖြစ်တဲ့ လေးကြိမ်လုံးကိုတော့ ယခုလက်ရှိ BTR မှာကစားနေတဲ့ Vyn နဲ့အတူ သူ့ရဲ့ အသင်းဟောင်း RRQ ဟာ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီ M5 မှာတော့ Vyn ရော RRQ ပါ ပါဝင်နိုင်ခြင်းမရှိတော့ဘူး။ တိုက်ဆိုင်တယ်လို့ ပြောရမလား Vyn တစ်ယောက် RRQ မှာ ရှိနေစဉ်အတွင်း RRQ အနေနဲ့ M series လေးကြိမ်လုံးကို ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် Vyn မရှိတဲ့ RRQ ကတော့ M5 ဝင်ခွင့်ကိုလက်လွှတ်လိုက်ရပါပြီ။ RRQ မှာ မရှိတော့တာကြောင့် Vyn က M5 ဝင်ခွင့်ကို လက်လွှတ်လိုက်ရတာလား ဒါမှမဟုတ် Vyn မရှိတော့လို့များ RRQ က M5 ဝင်ခွင့်ကို လက်လွှတ်လိုက်ရတာများလား??

14/10/2023

Geek Fam Vs BTR Game 3

14/10/2023

MPL ID Lower Bracket Final
BTR VS GEEK FAM

14/10/2023

We’re here

MPL Indonesia S12 Playoff Day 4Match preview by NaraGeek Fam ID Vs BTR AlphaGFID နဲ့ BTR Alpha lower bracket final မှာ တ...
14/10/2023

MPL Indonesia S12 Playoff Day 4

Match preview by Nara

Geek Fam ID Vs BTR Alpha

GFID နဲ့ BTR Alpha lower bracket final မှာ တွေ့မယ်။ ရှုံးရင် ထွက်ရမယ်။ နိုင်ရင် M5 slot ရမယ်။ Grandfinal မှာ Onic နဲ့ champion လုရမယ်။

Rrq fan content writer ကြေကွဲနေလို့ ဒီလောက်ပဲ။

Onic Esports အနေနဲ့ M5 ကို သွားဖို့ လက်မှတ်ရသွားပါပြီဗျာ။
13/10/2023

Onic Esports အနေနဲ့ M5 ကို သွားဖို့ လက်မှတ်ရသွားပါပြီဗျာ။

13/10/2023

ဒီကောင် လူမဟုတ်ဘူး 🙂

13/10/2023

ပွဲကြီးပွဲကောင်း Smart Omega Vs AP Bren
[Restreaming] MPL-PH S12 Week 6 Day 1:Smart Omega vs AP Bren

Ferxiic Out ......
13/10/2023

Ferxiic Out ......

13/10/2023

အာအာကျူ ဖန်များ မုရိုက်နောင်း 🥲

MPL Indonesia S12 Playoff Day 3 Match preview by Nara -----------------------------M5 သွားရမယ့် အသင်းတစ်သင်းဟာ ဒီနေ့မှာ ...
13/10/2023

MPL Indonesia S12 Playoff Day 3

Match preview by Nara
-----------------------------
M5 သွားရမယ့် အသင်းတစ်သင်းဟာ ဒီနေ့မှာ ထွက်ပေါ်လာတော့မှာပါ။ အသင်းတိုင်းဟာ ကောင်းမွန်လွန်းနေတာကြောင့် ဘယ်အသင်းနိုင်မလဲ ခန့်မှန်းရခက်နေပြီး တစ်နေ့ထက်တစ်နေ့ ပိုမို မြိုင်ဆိုင်တဲ့ပွဲတွေကို ကြည့်ရှုရပါတယ်။

RRQ Vs BTR Alpha ( 11:30 PM )
--------------------------------------
GFID နဲ့ Onic ကို 3-2 ဆိုတဲ့ရလဒ်နဲ့ အသီးသီးရှုံးနိမ့်ပြီးနောက် Lower Bracket ကိုဆင်းလာကြတဲ့နှစ်သင်းဖြစ်ပါတယ်။ ဒီနေ့မှာ ဒီနှစ်သင်းထဲက တစ်သင်းဟာ ထွက်ခွာရပါလိမ့်မယ်။ Game 5 ထိရောက်အောင် သူတစ်ပြန်ကိုယ်တစ်ပြန်သွားနိုင်ခဲ့ကြတဲ့ အသင်းချင်းတူပေမယ့် RRQ Jungler Ferxiic ရဲ့ retri မတိကျမှုတွေက အသင်းကို အခက်တွေ့စေနိုင်ပါတယ်။ Super Kenn ကတော့ ပြောစရာမလိုအောင် အသင်းကို carry နိုင်တာ တွေ့ရပါလိမ့်မယ်။ RRQ အနေနဲ့ မနေ့ကပွဲမှာ Lemon Dryennn တွဲလုံးနဲ့ ထွက်လာခဲ့ပြီး အဆင်ပြေတယ်လို့ဆိုနိုင်သော်လည်း ရှုံးနိမ့်ခဲ့တာကြောင့် ဒီနေ့မှာ ဘယ် line up နဲ့ထွက်လာမလဲ စောင့်ကြည့်ရပါမယ်။ Dryenn အနေနဲ့ lane မသာခဲ့တာတော့ ပွဲတိုင်းနီးပါးလို့တောင်ပြောလို့ရတာကြောင့် ဒီနေ့မှာ Banana နဲ့ပွဲပြန်ထွက်လာမလား မသိပါဘူး။ BTR ကတော့ Vyn နဲ့ Saken မပါတဲ့ line up တစ်ခုနဲ့ Rebellion ကိုလည်း အပြတ်နိုင်ပွဲယူနိုင်ခဲ့သလို Onic ကိုလည်း ယှဉ်ချနိုင်ခဲ့တာကြောင့် အဲ့အတိုင်းပဲပွဲထွက်လာဖို့များပါတယ်။ အဲ့အတိုင်းသာဆို BTR ကတောင်အနည်းငယ်ပိုသာနေသလိုပါပဲ။ ဒီပွဲစဉ်သာလည်း BO5 အပြည့်ကြည့်ရပါလိမ့်မယ်။

Onic Esports Vs Geek Fam ID ( 5:30 PM )
------------------------------------------------
Upper bracket ကပွဲတစ်ပွဲဖြစ်သလို M5 slot 1 နေရာကို အဆုံးအဖြတ်ပေးမယ့် ပွဲပဲဖြစ်ပါတယ်။ နှစ်သင်းလုံးက မနေ့က ကစားခဲ့တဲ့ပွဲတွေကိုပဲပြန်ကြည့်မယ်ဆိုရင်တောင် တော်တော်လေးလက်ရည်ညီတယ်လို့ တွေးယူလို့ရပါတယ်။ GFID ဘက်က Gold Laner အပြောင်းအလဲလုပ်တတ်တာကြောင့် Onic အနေနဲ့ ကြိုပြင်ဆင်ထားဖို့တော့လိုပါလိမ့်မယ်။ ဒီရာသီအတွင်းမှာပဲ တစ်ဟုန်ထိုး တိုးတက်လာတဲ့ GFID ဟာ လက်ရှိမှာ Upper Bracket Final ကိုပါ ရောက်ရှိနေတာတွေ့ရပါလိမ့်မယ်။ ပုံမှန်အတိုင်းဆို Onic ပဲနိုင်မှာပါလို့ တွေးလို့ရတဲ့အခြေအနေကနေ Onic လည်းရှုံးနိုင်တယ်ဆိုတဲ့ အခြေအနေကိုရောက်ရှိနေတာကြောင့် ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် ဒီပွဲကလည်း BO5 အပြည့် ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ နိုင်တဲ့အသင်းဟာ M5 slot 1 နေရာကို ရရှိမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ Lower Bracket က RRQ Vs BTR ကနိုင်တဲ့အသင်းနဲ့ Lower Bracket Final ကိုဆော့ကစားပြီး M5 slot 1 နေရာစာအတွက် ယှဉ်ပြိုင်ရပါလိမ့်မယ်။

12/10/2023

3 - 2 ဆိုတဲ့ရလဒ်တစ်ခုနဲ့ BTR ကိုအနိုင်ယူပြီး Onic

Esports အနေနဲ့တော့ Upper Bracket Final ကိုတက်.

လှမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Onic Esports ကတော့

Upper Bracket Final မှာ GeekFam နဲ့ Bo5 Series

ယှဥ်ပြိုင်ဆော့ကစားရမှာဖြစ်ပြီး ဘယ်အသင်းက Upper

Bracket GRANDFINAL ကိုတက်လှမ်သွားနိုင်မလဲဆို

တာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

12/10/2023

ဘယ်အသင်းက Lower Bracket ကိုသွားရောက်ဆော့

ကစားရမလဲ ဘယ်အသင်းက Upper Bracket Final ကို

တက်ရောက်သွားမလဲ နှစ်သင်းစလုံး အတွက်အရေးကြီး

တဲ့ပွဲ ဖြစ်တာမို့ ကြည့်လို့ကောင်းမှာ အမှန်ပါပဲ လက်ရှိမှာ

တော့ Onic 2 - 2 BTR ပါခင်ဗျာ 🔥

Game 5 ကိုသွားကြတာပေါ့...

12/10/2023

Onic Vs BTR game 4

12/10/2023

ချန်ပျံ အိမ်မက်နဲ့ရှေ့ဆက်မယ် 😾

Upper Bracket Final မှာ GeekFam နဲ့

ရင်ဆိုင်ဖို့ အတွက် လက်တစ်ကမ်းအလို

12/10/2023

Game 2 မှာတော့ Kairi ကို F***y

ပေးပြီး ရိုက်ခွဲခဲ့တဲ့ BTR

12/10/2023

Network အသာစီး Hero Kill အသာစီးနဲ့အတူ

Game 1 ရဲ့အနိုင်ရလဒ်ကို သိမ်းပိုက်ပြီး

Super Sq ကိုရိုက်ခွဲခဲ့တဲ့ Onic Esports 🔥

12/10/2023

MPL ID Playoff day 2
Onic Vs BTR Bo5

12/10/2023

Ruby DD > Dyrennn

12/10/2023

တကယ်ကို မြိုင်ဆိုင်လွန်းတဲ့ BO5 Series ပွဲစဥ်အပြီးမှာ

တော့ GeekFam အနေနဲ့ Upper Bracket Final ကိုတက်

ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ RRQ HOSHI အနေနဲ့

တော့ Lower Bracket မှာဆော့ကစားရမှာဖြစ်ပြီး ညနေ

5:30 PM မှာယှဥ်ပြိုင်မဲ့ Onic Vs BTR နှစ်သင်းထဲက ရှုံး

တဲ့အသင်းနဲ့ Lower Bracket မှာ သွားရောက်ဆော့

ကစားရတော့မှာပဲ ဖြစ်ပါတယ်။

12/10/2023

Upper Bracket Final ကိုဘယ်အသင်းက

တက်ရောက်သွားမှာလဲ RRQ လား Geek Fam လား

Game 5 ကိုဆက်လက် စောင့်ကြည့်သွားရပါမယ်

ဟုတ်ကဲ့ RRQ 2 - 2 Geek Fam ပါခင်ဗျ

12/10/2023

Markyy ပြန်လည်ဝင်ရောက်လာမှုနဲ့အတူ Game 3 ရဲ့

အနိုင်ရလဒ်ကို ပြန်လည်ရယူနိုင်ခဲ့တဲ့ Geek Fam

12/10/2023

Upper Bracket Final ကိုတက်ရောက်ဖို့

လက်တစ်ကမ်းအလို 🔥

ဟုတ်ကဲ့ RRQ 2 - 0 GEEK FAM ပါခင်ဗျာ

12/10/2023

Second Lord နဲ့အတူ Mega 3 Lane ပါအရယူပြီး

Team Wipe out Battle တစ်ခုကိုဖန်တီးနိုင်ခဲ့ကာ

Game 1 ရဲ့ အနိုင်ရလဒ်ကို ယူဆောင်နိုင်ခဲ့တဲ့ RRQ

MPL Indonesia S12 Playoff Day 2 🔥Match preview by Nara ----------------------------တစ်ရက်ပြီးတစ်ရက်ပြီးသွားတဲ့နောက်မှာ ပ...
12/10/2023

MPL Indonesia S12 Playoff Day 2 🔥

Match preview by Nara
----------------------------
တစ်ရက်ပြီးတစ်ရက်ပြီးသွားတဲ့နောက်မှာ ပွဲစဉ်တွေဟာလည်း တစ်ပွဲထက်တစ်ပွဲပိုမို မြိုင်ဆိုင်လို့လာပါပြီ။ M5 ဝင်ခွင့်အတွက် အသင်းတိုင်းဟာ တစ်ရက်ထက်တစ်ရက် ပိုပြီး ကြိုးစားလာကြပါပြီ။ BO5 series ရဲ့အနှစ်သာရကို အပြည့်အဝ ပေးစွမ်းနိုင်လောက်မယ့် ပွဲစဉ်တစ်ပွဲဟာ ဒီနေ့မှာ စောင့်ကြိုနေပါတယ်။

RRQ Vs Geek Fam ID ( 11:30 PM )
-----------------------------------------
DEWA ကို အနိုင်ယူပြီး တက်ရောက်လာတဲ့ GFID ဟာ ဘုရင်ကြီး RRQ နဲ့ယှဉ်ပြိုင်ရပါတော့မယ်။ ဒီပွဲစဉ်ကတော့ ဒီနေ့အတွက် အကောင်းဆုံးပွဲစဉ်ပါပဲ။ Playoff Day 2 ရဲ့ ပထမဆုံး ပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်မှာဆိုရင်တော့ GFID ဘက်ကကြည့်ရင် GFID ဟာ group stage မှာထဲက upper bracket slot ကို ခြိမ်းခြောက်နိုင်ခဲ့သလို RRQ ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ အပြောင်းအလဲတွေကြားမှာ ဒီရာသီအတွင်း တစ်ဟုန်ထိုး တိုးတက်လာတဲ့ GFID ဟာ ခု patch ကို အသုံးချနိုင်ဆုံး အသင်းတစ်သင်းလည်းဖြစ်နေပါတယ်။ RRQ အနေနဲ့ကတော့ Ferxiic ဟာ အရမ်းအားရဖွယ်ရှိမနေသလို တစ်ချို့သောအခြေအနေတွေမှာ အသင်းကို carry ပေးရမယ့် Skylar အနေနဲ့ လုပ်ကွက်ပျောက်နေတတ်ပါတယ်။ ဒီနှစ်သင်းဟာ တော်တော်လေး လက်ရည်ညီတယ်လို့ပြောယူလို့ရပြီး BO5 series ကို အနှစ်သာရအပြည့်ယှဉ်ပြိုင် ဆော့ကစားနိုင်ပါလိမ့်မယ်။ ခုလက်ရှိမှာ လက်စွာနေတဲ့ GFID ကပဲအနိုင်ရမလား ဘုရင်တွေရဲ့ဘုရင် RRQ ကပဲ အနိုင်ရမလား ခန့်မှန်းရခက်ပေမယ့် personal အမြင်အရတော့ RRQ ပါပဲ။

Onic Esports Vs BTR Alpha ( 5:30PM )
----------------------------------------------
VYN မပါဝင်တဲ့ BTR ဟာ Rebellion ကို 3-0 နဲ့အပြတ်အသတ်အနိုင်ယူပြီးနောက် Onic နဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။ BTR အတွက် Vyn ကပဲ ပြဿနာဖြစ်နေသလား မေးရလောက်အောင် VYN မပါဝင်တဲ့ line up တစ်ခုနဲ့ BTR ဘက်က ပွဲထွက်လာချိန်မှာ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ အဲ့တာကြောင့် အဲ့အတိုင်းသာဆက်လက်ပွဲထွက်ခဲ့မယ်ဆိုရင် Onic ကို ယှဉ်ချနိုင်လိမ့်မယ်လို့ မျှော်မှန်းလို့ရပါတယ်။ Onic ကတော့ ထွေထွေထူးထူး ပြောစရာမလိုအောင် MPL Indo ရဲ့အကြမ်းဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။ သူတို့ရဲ့ Main line up နဲ့ပွဲထွက်လာချိန်မှာ ဘယ်သူမှ ရပ်တန့်လို့မရအောင် team chemistry ကောင်းမွန်လွန်းလှတာကိုလည်း မြင်တွေ့ရပါတယ်။ BTR အတွက်ကတော့ တကယ် ခက်ခဲမယ့် ခရီးလမ်းပါပဲ။ အနည်းဆုံးတော့ Game 4 ထိရောက်ရှိနိုင်ပြီး Onic ကပဲအနိုင်ရရှိပါလိမ့်မယ်။

11/10/2023

Quick Analysis By EdwardMM✌️

Address

Mandalay
05011

Telephone

+959259108035

Website

Alerts

Be the first to know and let us send you an email when ST14 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ST14:

Videos

Share